ပတိဋ္ဌာနာယူဟနာ၊ ပတိဋ္ဌာန, အာယူဟနတို့ကို။
(ဝေဒိတဗ္ဗာ၌ စပ်)။
ဩဃတရဏသုတ္တဝဏ္ဏနာယံ၊ ဩဃတရဏသုတ်အဖွင့်၌။
[သဂါထာဝဂ္ဂ သံယုတ္တပါဠိ အစဆုံးသုတ် အဖွင့်၌။]
"ကိလေသဝသေန၊ ကိလေသာ၏ အစွမ်းဖြင့်။
ပတိဋ္ဌာနံ၊ ရပ်တည်ခြင်း၎င်း။
(ဣတိ ၌စပ်)။
အဘိသင်္ခါရဝသေန၊ ပြုစီမံခြင်း၏ အစွမ်းဖြင့်။
အာယူဟနာ၊ အားထုတ်ခြင်း၎င်း။
တထာ၊ ထိုမှတပါး။
တဏှာဒိဋ္ဌီတိ၊ တို့ဖြင့်။
ပတိဋ္ဌာနံ၊ ၎င်း။
အဝသေသကိလေသာဘိသင်္ခါရေဟိ၊ တဏှာ ဒိဋ္ဌိတို့မှ ကြွင်းသော ကိလေသာ, ပုညာဘိသင်္ခါရ အစရှိသော အဘိသင်္ခါရတို့ဖြင့်။
အာယူဟနာ၊ ၎င်း။
တဏှာဝသေန၊ ဖြင့်။
ပတိဋ္ဌာနံ၊ ၎င်း။
ဒိဋ္ဌိဝသေန၊ ဖြင့်။
အာယူဟနာ၊ ၎င်း။
သဿတဒိဋ္ဌိယာ၊ ဖြင့်။
ပတိဋ္ဌာနံ၊ ၎င်း။
ဥစ္ဆေဒ ဒိဋ္ဌိယာ၊ ဖြင့်။
အာယူဟနာ၊ ဖြင့်။
လီနဝသေန၊ တွန့်ဆုတ်ခြင်း၏ အစွမ်းဖြင့်။
ပတိဋ္ဌာနံ၊ ၎င်း။
ဥဒ္ဓစ္စဝသေန၊ ပျံ့လွင့်ခြင်း၏ အစွမ်းဖြင့်။
အာယူဟနာ၊ ၎င်း။
ကာမသုခါနုယောဂဝသေန၊ ကာမချမ်းသာကို အဖန်ဖန်အားထုတ်ခြင်း၏ အစွမ်းဖြင့်။
ပတိဋ္ဌာနံ၊ ၎င်း။
အတ္တကိလမထာနုယောဂဝသေန၊ အတ္တကိလမထကို အဖန်ဖန် အားထုတ်ခြင်း၏ အစွမ်းဖြင့်။
အာယူဟနာ၊ ၎င်း။
သဗ္ဗာကုသလာ ဘိသင်္ခါရဝသေန၊ အလုံးစုံသော အကုသိုလ်ဟူသော အဘိသင်္ခါရတို့၏ အစွမ်းဖြင့်။
ပတိဋ္ဌာနံ၊ ရပ်တည်ခြင်း၎င်း။
သဗ္ဗလောကိယကုသလာဘိသင်္ခါရဝသေန၊ ပြုစီမံ တတ်သော အလုံးစုံသော လောကီကုသိုလ်ဟူသော အဘိသင်္ခါရ၏ အစွမ်းဖြင့်။
အာယူဟနာ၊ ၎င်း။
ဣတိ၊ သို့။
သမပ္ပဝတ္တေ၊ အညီအမျှဖြစ်ကုန်သော။
ဓမ္မေ၊ သမ္ပယုတ်တရားတို့ကို။
[သမပ္ပဝတ္တေ ဓမ္မေတိ လီနုဒ္ဓစ္စ ဝိရဟေန သမပ္ပဝတ္တေ သမ္ပယုတ္တေဓမ္မေ။ အနု။]
ပဋိသဉ္စိက္ခတိ၊ လျောက်ပတ်စွာ ရေတွက်တတ်၏။
ဥပပတ္တိတော၊ အသင့်အားဖြင့်။
ဣက္ခတိ၊ ရှုတတ်၏။
ဝါ၊ ရေတွက်တတ်၏။
တဒါကာရော၊ ထို အသင့်အားဖြင့် ရှုခြင်းအခြင်းအရာရှိသည်။
ဝါ၊ အသင့်အားဖြင် ရေတွက်ခြင်း အခြင်းအရာရှိသည်။
ဟုတွာ၊ ၍။
ပဝတ္တတိ၊ ဖြစ်တတ်၏။
ဣတိ၊ ကြောင့်။
အဝုတ္တာနံ ဝသေန။ ။ ကိလေသဝသေန ပတိဋ္ဌာနံ, အဘိသင်္ခါရဝသေန အာယူဟနာ စသော အဖွင့်တို့သည် သံယုတ်အဋ္ဌကထာ၌သာ ပါ၍ ဤအဋ္ဌကထာ၌ မပါ၊ ထိုအဋ္ဌကထာ ၌လည်း လီနဥဒ္ဒစ္စ စသည်တို့ကို ပတိဋ္ဌာနနှင့် အာယူဟနတို့၏ သရုပ်အဖြစ်ဖြင့် ဆို၏။ ဤ၌ကား လီနဥဒ္ဓစ္စ စသည်တို့ကို ပတိဋ္ဌာန အာယူဟနာတို့မှ သီးအခြားအဖြစ်ဖြင့် ဆိုထား၏။ ထို့ကြောင့် ဤ၌ မဆိုအပ်သော ထို အဋ္ဌကထာ၌သာ ဆိုအပ်သော ကိလေသ အဘိသင်္ခါရ တဏှာ ဒိဋ္ဌိ, သေသကိလေသ အဘိသင််ခါရ, တဏှာ- ဒိဋ္ဌိံ, သဗ္ဗာကုသလ အဘိသင်္ခါရ သဗ္ဗလောကိယ ကုသလာဘိသင်္ခါရတို့ကို ပတိဋ္ဌာန အာယူဟန အရ ယူပါ။
ပဋိသဉ္စိက္ခတိ။ ။ [ပဋိသဉ္စိက္ခတီတိ- ပတိရူပံ (လျောက်ပတ်စွာ) သံကလေတိ ဂဟေတိ (ရေတွက်တတ်၏)။ တုလေတိ၊ နှိုင်းချိန်တတ်၏။ အနု။] ပတိ(ပဋိ) ကို ပတိရူပံဟု ဖွင့်၍ သံ+ ဣက္ခဓာတ်ကို သံကလေတိဟု ဖွင့်၊ ကလဓာတ်၏ ဂဏနအနက်ကို ယူ၍ "ဂဏေတိ" ဟု၎င်း ,ချိန်ခွင်ဖြင့် ချိန်သကဲ့သို့ မှန်ကန်စွာ ရေတွက်သောကြောင့် "တုလေတိ" ဟု၎င်း ဖွင့်သည်။ ဣက္ခတိ၌ ဣက္ခဓာတ်၏ ဒဿန အကံ ၂ နက်တို့တွင် အင်္ကအနက်သည် အမှတ်တံဆိပ် ခပ်နိပ်ခြင်းသာ မက, ဂဏနာအနက်ကိုလည်း ကဝိကပ္ပဒုမ၌ဆိုသတတ်။
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ၊
သည်။
ပဋိသင်္ခါရလက္ခဏော၊
လျောက်ပတ်စွာ ရေတွက်ခြင်း လက္ခဏာ ရှိ၏။ဧဝဉ္စ ကတွာ၊ ဤအကြောင်းကြောင့်။
ပဋိသင်္ခါ၊ လျောက်ပတ်စွာရေတွက်ခြင်း။
သန္တိဋ္ဌနာ၊ ကောင်းစွာ တည်တံ့ခြင်း။
ဂဟဏေ၊ ယူခြင်း၌။
မဇ္ဈတ္တတာ၊ လျစ်လျူရှုသည်၏ အဖြစ်။
ဣတိ၊ ဤသို့။
ဥပေက္ခာကိစ္စာ ဓိမတ္တတာယ၊ ဥပေက္ခာ ကိစ္စ၏ လွန်ကဲသော အတိုင်းအရှည်ရှိသည်၏ အဖြစ်ဖြင့်။
သင်္ခါရုပေက္ခာ၊ သင်္ခါရုပေက္ခာကို။
(ဘဂဝတာ) ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
အနုက္ကမနိက္ခေပေ၊ ဗောဇ္ဈင်တို့ကို အစဉ်အတိုင်း ချထားခြင်း၌။
ပယောဇနံ၊ အကျိုးဟူသည်။
ပုရိမဿ ပုရိမဿ၊ ရှေးရှေးဖစ်သော ဗောဇ္ဈင်၏။
ပစ္ဆိမ ပစ္ဆိမ ကာရဏဘာဝေါ၊ နောက်၌ဖြစ်, နောက်၌ဖြစ်သော ဗောဇ္ဈင်၏ အကြောင်း၏ အဖြစ်တည်း။
ဗလဝတီဧဝ၊ အားရှိသည်သာလျှင်ဖြစ်သော။
သတိ၊ သည်။
သတိသမ္ဗောဇ္ဈင်္ဂေါ၊ မည်၏။
[အားမရှိသော သတိသည် သတိသမ္ဗောဇ္ဈင် မမည် ဟူလို။]
ဣတိ ကတွာ၊ ဤအကြောင်းကြောင့်။
ဗလဝဘာဝဒီပနတ္ထံ၊ အားရှိသည်၏ အဖြစ်ကို ပြခြင်းအကျိုးငှာ။
ပညာ၊ ကို။
(ဘဂဝတာ) ဂဟိတာ၊ ယူတော်မူအပ်ပြီ။
["သတိ နေပက္ကေန" ဟု နေပက္က အမည်ဖြင့် ပညာကို ယူတော်မူအပ်ပြီ။]
ယဿ ကဿစိ၊ အမှတ် မထား တပါးပါးသော အာရုံကို။
သမ္ပဓာရဏသတိ၊ မပျောက်မပျက်အောင် ကောင်းစွာ ဆောင်တတ်သော သတိသည်။
(သတိ၊ ဤနေရာ၌ အလိုရှိအပ်သော သတိသည်)။
န၊ မဟုတ်။
ပန၊ အဟုတ်ကား။
ကုသ လုပ္ပတ္တိကာရဏဿ၊ ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းကို။
သရဏံ၊ အမှတ်ရတတ်သော သဘောသည်။
ဣတိ၊ သတိမည်၏။
ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။
ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
ဝတ္တံ ဝါတိ အာဒိံ၊ ကို။
အာဟ၊
ဝတ္တသီသေ ဌတွာတိ၊ ကား။
မေ၊ ၏။
ဓမ္မံ၊ ကို။
သုဏေယျုံ၊ နာကြပါမူကား။
အဟောဝတ၊ ဩ ကောင်းလေစွာ။
သုတွာ စ၊ နာပြီး၍လည်း။
ဓမ္မံ၊ ကို။
ပသီဒေယျုံ၊ ကြည်ညိုကြပါမူကား။
အဟောဝတ၊ စွာ။
ပသန္နာ၊ ကြည်ညိုကြကုန်သည်။
(ဟုတွာ ) စ၊ ဖြစ်၍လည်း။
မေ၊ ငါ၏အပေါ်၌။
ပသန္နာကာရံ၊ ကြည်ညိုသူတို့ ပြုထိုက်သော ပူဇော်မှုကို။
ကရေယျုံ၊ ပြုကြပါမူကား။
အဟောဝတ၊ စွာ့။
ဣတိ ဧဝံ စိတ္တော၊ ဤလာဘ် ပူဇော်သက္ကာရ ကျော်စောခြင်း ၌မှီသော စိတ်ရှိသည်။
အဟုတွာ၊ မဖြစ်မူ၍။
ဘဂဝတာ၊ သည်။
ဓမ္မော၊ ကို။
သွာက္ခာတော၊ ကောင်းစွာ ဟောတော်မူအပ်ပြီ။
။ပေ။ ဝိညူဟိ၊ အရိယာ ပညာရှိတို့သည်။
ပစ္စတ္တံ၊ အသီးအသီး။
ဝါ၊ ကိုယ်စီကိုယ်င။
ဝေဒိတဗ္ဗော၊ ၏။
မေ၊ ၏။
ဓမ္မံ၊ ကို။
သုဏေယျုံ၊ နာကြပါမူကား။
အဟောဝတ၊
သုတွာဝ၊ ကြားနာရ၍လည်း။
ဓမ္မံ၊ ကို။
အာဇာနေယျုံ၊ သိကြပါမူကား။
အဟောဝတ၊
အာဇာနိတွာစ၊ သိပြီး၍လည်း။
တထတ္ထာယ၊ ထို မှန်ကန်သော နိဗ္ဗာန်အကျိုးငှာ။
ပဋိပဇ္ဇေယျုံ၊ ကျင့်ကြပါမူကား။
အဟောဝတ၊ စွာ့။
ဣတိ၊ သို့။
ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို။
ပဋိစ္စ၊ စွဲ၍။
ကာရုညံ၊ သနားစောင့်ရှောက်တတ်သော ကရုဏာကို။
အနုဒ္ဒယံ၊ အဖန်ဖန် စောင့်ရှေက်တတ်သာ ကရုဏာကို။
အနုကမ္ပံ၊ လျော်စွာ တုန်လှုပ်တတ်သော ကရုဏာကို။
ဥပါဒါယ၊ စွဲ၍။
မဟာကဿပတ္ထေရေန ဝိယ၊ သည်ကဲ့သို့။
ဘာသိတံ၊ ဓမ္မကထိက ပုဂ္ဂိုလ်တို့သည် ဟောအပ်သော။
(ဓမ္မကထံ၊ တရားစကား၌ ၌စပ်)။
ဣတိ အတ္ထော၊ နက်။
ဝိမုတ္တာယတနသီသေတိ၊ ကား။
သတ္ထာ၊ ဆရာသည်။
(ဟုတွာ၊ ဖြစ်၍)။
(တနည်း) သတ္ထာ ဟုတွာ၊ ဆရာ ဖြစ်လို၍။
န ဒေသေတိ၊ ဟောသည်မဟုတ်။
အပိစခေါ၊ စင်စစ်ကား။
ယထာသုတံ၊ အကြင်အကြင် ကြားနာအပ်ပြီးသော။
ယထာပရိယတ္တံ၊ အကြင်အကြင် သင်ယူအပ်ပြီးသော။
ဓမ္မံ၊ ကို။
ဝိတ္ထာရေန၊ အားဖြင့်။
ပရေသံ၊ တို့အား။
ဒေသေဿာမိ၊ ဟောအံ့။
ဣတိ ဧဝံ၊ သို့။
ဝိမုတ္တိ ကာရဏပဓာနဘာဝေ၊ ကိလေသာတို့မှ လွတ်ခြင်း၏ အကြောင်းဟူသော ပဓာန၏ အဖြစ်၌ ။
ဌတွာ၊ တည်၍။
(ဓမ္မကထမေဝ၊ တရားဟောခြင်းကိုသာ ၌စပ်။)
စိရကတဝတ္တာဒိဝသေန၊ ကြာမြင်စွာသော ကာလ၌ ပြုအပ်ခဲ့သော ဝတ်အစရှိသည်ကို အဦးပြုခြင်း၏ အစွမ်းဖြင့်။
တံ သမုဋ္ဌာပကော၊ ထို ဝတ် အစရှိသည်ကို ဖြစ်စေတတ်သော။
အရူပကောဋ္ဌာသော၊ နာမ်အစုကို။
(သင်္ဂဟကာရေန) ဝုတ္တော၊
ဝါ၊ တနည်း။
ဘာဝတ္ထတ္တာ ဧဝ၊ ဘာဝသဒ္ဒါ၏ အနက်၏ အဖြစ်ကြောင့်ပင်။
ကတ ဘာသိတသဒ္ဒါ၊ ကတသဒ္ဒါ, ဘာသိတသဒ္ဒါတို့သည်။
ကိရိယာဘူတဿ၊ ပြုခြင်းကြိယာ, ပြောခြင်းကြိယာ ဖြစ်၍ဖြစ်သော။
အရူပကောဋ္ဌာသဿ၊ နာမ်အစုကို။
ဝါစကာ၊ ဟောတတ်ကုန်၏။
ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။
ကာယဝိညတ္တိံ ။ပေ။ ကောဋ္ဌာသန္တိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
ပုရိမာနံ၊ ဥပေက္ခာ သမ္ဗောဇ္ဈင်မှ ရှေးဖြစ်ကုန်သော။
ဆန္နံ၊ ၆ ပါးကုန်သော ဗောဇ္ဈင်တို့၏။
အတ္တနော အတ္တနော၊ မိမိ မိမိ၏။
အနန္တရိကဿ၊ အခြားမဲ့ဖြစ်သော ဗောဇ္ဈင်ကို။
သမုဋ္ဌာပနဝသေန၊ ဖြစ်စေခြင်း၏ အစွမ်းဖြင့်။
ဗောဇ္ဈင်္ဂသမုဋ္ဌာပကတာ၊ ဗောဇ္ဈင်ကို ဖြစ်စေနိုင်သည်၏ အဖြစ်ကို။
(ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်၏)။
**ဘာဝတ္တတ္တာ ဧဝ**။ ။ ကတတ္တာ၌ ဘာဝအနက်သည် ပြုခြင်းကြိယာတည်း။ ဘာသိတတ္တာ၌ ဘာဝအနက်သည် ပြောခြင်းကြိယာတည်း။ ထိုကြိယာတို့၏ တရားကိုယ်မှာ နာမ်တရားအစုတည်း။ ထို့ကြောင့် ကတ, ဘာသိတသဒ္ဒါတို့လည်း နာမ်တရားအစုကို ဟောနိုင်ကြသည်။ ဥပမာ "ပါစကော၊ ချက်တတ်သူ" ဟူရာ၌ ချက်တတ်သူ ဒြဗ်သည် မုချတ္ထ၊ ထို ချက်တတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ချက်ခြင်းကြိယာ ဟူသော ဘာဝတ္ထသည် သဒ္ဒပဝတ္တိနိမိတ်၌ ဖြစ်၍ ဖလူပစာရတ္ထ ဖြစ်ရကား ပါစကသဒ္ဒါသည် ချက်တတ်သူဒြဗ်ကို၎င်း, သဒ္ဒပဝတ္တိနိမိတ်ဖြစ်သော ဘာဝတ္ထကို၎င်း ဟောနိုင်သကဲ့သို့တည်း။
ဝါ၊ တနည်း။
ပရေသံ၊ မိမိမှတပါးကုန်သော။
အဗ္ဗေသံ၊ အလုံးစုံသော ဗောဇ္ဈင် ၆ ပါးတို့ကို။
[မိမိ၏ အခြားမဲ့သာမက အလုံးစုံသော ဗောဇ္ဈင် ၆ ပါးတို့ကို။]
တံတံ ပရိယာယေန၊ ထို ထို ပရိယာယ်အားဖြင့်။
သမုဋ္ဌာပနဝသေန၊ ဖြစ်စေခြင်း၏ အစွမ်းဖြင့်။
ဗောဇ္ဈင်္ဂသမုဋ္ဌာပကတာ၊ ဗောဇ္ဈင်တို့ကို ဖြစ်စေနိုင်သည်၏ အဖြစ်ကို။
ယောဇေတဗ္ဗာ၊ ၏။
ကာမလောက ဝဋ္ဋာမိဿာတိ၊ ကား။
တဏှာ၊ သည်၎င်း။
တဒါရမ္မဏာ၊ ထို တဏှာ၏ အာရုံဖြစ်ကုန်သော။
ခန္ဓာ၊ တို့သည်၎င်း။
(ကာမာမိသံ၊ မည်၏)။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ကုန်၏။
ပဉ္စကာမဂုဏိကော၊ ၅ ပါးသော ကာမဂုဏ်၌ ဖြစ်သော ။
ရာဂေါစ၊ သည်၎င်း။
တဒါရမ္မဏံ၊ ထိုရာဂ၏ အာရုံဖြစ်သော ရူပါရုံ အစရှိသည်၎င်း။
ကာမာမိသံ၊ မည်၏။
သဿတော အတ္ထာစ လောကော စာတိ အာဒိနာ၊ အစရှိသည်ဖြင့်။
လောကဂ္ဂဟဏဝသေန၊ လောကဟု ယူခြင်း၏ အစွမ်းဖြင့်။
ပဝတ္တော၊ သော။
သဿတုစ္ဆေဒသဟဂတော၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့နှင့် တကွဖြစ်သော။
ရာဂေါ၊ ရာဂသည်၎င်း။
တဒါရမ္မဏဉ္စ၊ ထို ဒိဋ္ဌိဂတ သဟဂုတ်ရာဂ၏ အာရုံဖြစ်သော ခန္ဓာ ၅ ပါးသည်၎င်း။
လောကာမိသံ၊ မည်၏။
ဝါ၊ တနည်း။
လောကဓမ္မာ၊ လာဘ, အလာဘစသော လောကဓမ်တရား ၈ ပါးတို့သည်။
လောကာမိသံ၊ မည်၏။
ကာမာမိသ။ ။ "ကာမေတီတိ ကာမော" ဟု ကတ္တုသာဓ် ဝစနတ်ပြုလျှင်, တဏှာ သို့မဟုတ် ပဉ္စကာမဂုဏိကရာဂ ရ၏။ "ကာမီယတီတိ ကာမော" ဟု ကမ္မသာဓ်, ဝစနတ်ပြုလျှင် ဝဒန္တိ ဝါဒအလို ထိုတဏှာ၏ အာရုံဖြစ်သော ခန္ဓာငါးပါးရ၏။ ဤဋီကာဆရာအလို ထိုရာဂ၏ အာရုံဖြစ်သော ရူပါရုံစသော ကာမဂုဏ်အာရုံ ရ၏။ ကိလေသာကာမသည် "အာမသတီတိ" ဟု ကတ္တုသာဓ်ပြု၍ သာယာသောအားဖြင့် သုံးသပ်တတ်သောကြောင့် အာမိသ မည်၏။ ဝတ္ထု ကာမသည် "အာမသီယတေ" ဟု ကမ္မသာဓ်ပြု၍ သာယာသော အားဖြင့် သုံးသပ်အပ်သောကြောင့် အာမိသမည်၏။ ထို့နောက် "ကာမောယေဝ အာမိသံ ကာမာမိသံ" ဟု တွဲပါ။
လောကာမိသ။ ။ "သဿတော အတ္တာ စ လောကော စ" ဟု စွဲယူတတ်သောကြောင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂသည်၎င်း, ထိုရာဂ၏ အာရုံဖြစ်သော ခန္ဓာငါးပါးသည်၎င်း လောကမည်၏။ ထိုလောကသည်ပင် သာယာသော အားဖြင့် သုံးသပ်တတ်, သုံးသပ်အပ်သောကြောင့် အာမိသလည်း မည်၏။ တနည်း လောကဓမ်တရားတို့သည် လောကာမိသ မည်၏။
အနုဋီကာ။ ။ အနုဋီကာ၌ကား "လောကီယန္တိ ဧတ္ထ သုခဝိသေသာတိ လောကော- သုခဝိသေသတို့ကို မြင်အပ်ရာ၏အဖြစ်ကြောင့် နတ်ပြည် ဗြဟ္မာပြည်၌ ဖြစ်ရခြင်းဟူသော ဥပပတ္တိဝိသေသသည် လောမည်၏။ ထို လောကသည်ပင် ဘဝအထူးကို တောင့်တခြင်း၏ အစွမ်းဖြင့် သုံးသပ်အပ် သောကြောင့် အာမိသလည်း မည်၏" ဟု တနည်းဖွင့်ထားသည်။
ဝဋ္ဋဿာဒဝသေန၊
ဝဋ်ကို သာယာခြင်း၏ အစွမ်းဖြင့်။
ဥပ္ပန္နော၊
သော။
သံသာရဇနဧကာ၊
သံသရာ ဝဋ်ကို ဖြစ်စေတတ်သော။
ရာဂေါ၊
သည်၎င်း။
တဒါ ရမ္မဏဉ္စ၊
ထိုရာဂ၏ အာရုံဖြစ်သော ဝဋ်တရားသည်၎င်း။
ဝဋ္ဋာမိသံ၊
မည်၏။မဂ္ဂဿ၊ ၏။
ပုဗ္ဗဘာဂတ္တာ၊ ရှေးအဘို့၌ဖြစ်သည်၏ အဖြစ်ကြောင့်။
ပုဗ္ဗဘာဂါ၊ ရှေးအဘို့၌ဖြစ်သော။
[ဝိပဿနာ၌စပ်။ ပုဗ္ဗဘာဂဝိပဿနာပုဒ်မှ ပုဗ္ဗဘာဂကို ခွဲဖွင့်သည်။]