Issues
Select Version
နိဿယ
မြန်မာဘာသာ
Milindapañhapāḷi
Milindapañhapāḷi

5. Dīpikaṅgapañho

Author: နိဿယ @ IAPT

ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဒိပိကဿဒွေအင်္ဂါနိဂဟေတဗ္ဗာနီတိ၊ ဒီပိကဿဒွေအင်္ဂါနိ ဂဟေတဗ္ဗာနိဟူ၍။ ယံ၊ အကြင်စကားကို။ ဝဒေသိ၊ ဆိုတော်မူ၏။ ကတမာနိ၊ အဘယ်မည်ကုန်သော။ တာနိဒွေအင်္ဂါနိ၊ ထိုအင်္ဂါနှစ်ပါးတို့ကို။ ဂဟေဗ္ဗာနိ၊ ယူအပ်ကုန်သနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ဒီပိကော၊ သစ်သည်။ အရညေ၊ တော၌။ တိဏာဂဟဏံဝါ၊ မြက်ရှုပ်တောသို့လည်းကောင်း။ ပဗ္ဗတဂဟဏံဝါ၊ တောင်၌ရှပ်ရှက်သောနေရာသို့လည်းကောင်း။ နိဿာယ၊ မှီ၍။ နီလီယိတွာ၊ ပုန်းလျှိုး၍။ မိဂေ၊ သားတို့ကို။ ဂဏှာတိ၊ ယူ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယောဂိနာ၊ လုံ့လရှိသော။ ယောဂါဝစရေန၊ ကမ္မဋ္ဌာန်းကို စီးဖြန်းကျက်စားသောပုဂ္ဂိုလ်မည်သည်။ ဝိဝေကံ၊ ဆိတ်ငြိမ်ရာအရပ်ကို။ သေဝိတဗ္ဗံ၊ မှီဝဲအပ်၏။ အရညံ၊ တောကိုလည်းကောင်း။ ရုက္ခမူလံ၊ သစ်ပင်ရင်းကိုလည်းကောင်း။ ပဗ္ဗတံ၊ တောင်ကိုလည်းကောင်း။ ကန္ဒရံ၊ ချောက်ကြားကို လည်းကောင်း။ ဂိရိဂုဟံ၊ တောင်ခေါင်းကိုလည်းကောင်း။ သုသာနံ၊ သုသာန်ကိုလည်းကောင်း။ ဝနပတ္ထံ၊ လူနှင့်ဝေးသော နေရာကိုလည်းကောင်း။ အဗ္ဗောကာသံ၊ အမိုးကင်းသောလွင်ပြင်ကိုလည်းကောင်း။ ပလာလပုဉ္ဇံ၊ ကောက်ရိုးပုံကိုလည်းကောင်း။ အပ္ပသဒ္ဒံ၊ နည်းသောအသံရှိရာ အရပ်ကိုလည်းကောင်း။ အပ္ပနိဂ္ဃေါသံ၊ မြို့ရွာတွန်သံမှကင်းသောနေရာကိုလည်းကောင်း။ ဝိဇနဝါတံ၊ သွားလာသောသူ၏လေမှကင်းသောနေရာကိုလည်းကောင်း။ မနုဿရာဟသေယျကံ၊ လူတို့သည်လျှို့ဝှက်သော အမှုကိုပြုခြင်းငှါခံ့သောနေရာကိုလည်းကောင်း။ ပဋိသလ္လာဏသာရုပ္ပံ၊ တယောက်တည်း ကိန်းခြင်းငှါလျောက်ပတ်သောနေရာကိုလည်းကောင်း။ သေဝိတဗ္ဗံ၊ မှီဝဲအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟိ၊ ဟုတ်မှန်စွာ။ ဝိဝေကံ၊ ဆိတ်ငြိမ်ရာအရပ်ကို။ သေဝမာနော၊ မှီဝဲသော။ ယောဂီ၊ လုံ့လရှိသော။ ယောဂါဝစရော၊ ကမ္မဋ္ဌာန်းကိုစီးဖြန်းကျက်စားသောပုဂ္ဂိုလ်သည်။ နစိရဿေဝ၊ မကြာမြင့်မှီသာလျှင်။ ဆဠဘိညာသုစ၊ ခြောက်ပါးသော အဘိညာဉ်တို့၌လည်း။ ဝသိဘာဝံ၊ ဝသီဘော်သို့။ ပါပုဏာတိ၊ ရောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒီပိကဿ၊ သစ်၏။ ပဌမံ၊ ရှေးဦးစွာသော။ ဣဒံအင်္ဂံ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မသင်္ဂါဟကေဟိဧထရေဟိ၊ ပိဋကတ်သင်္ဂါယနာတင် မထေရ်မြတ်တို့သည်။
ဒီပိကောနာမ၊ သစ်သတ္တဝါမည်သည်။ နိလီယိတွာ၊ တောတောင်၌ပုန်းအောင်း၍။ မိဂေ သားသမင်တို့ကို။ ဂဏှာတိယထာပိ၊ ဖမ်းယူသကဲ့သို့။
တထေဝ၊ ထိုအတူပင်လျှင်။ ယုတ္တယောဂေါ၊ အမြဲယှဉ်သောလုံ့လရှိသော။ ဝိပဿကော၊ ဝိပဿနာပွားထုံသော။ အယံဗုဒ္ဓပုတ္တော၊ ဤဘုရားရှင်၏သားတော်သည်။
အရညံ၊ တောသို့။ ပဝိသိတွာန၊ ဝင်၍။ ဥတ္တမံ၊ မြတ်သော။ ဖလံ၊ အရဟတ္တဖိုလ်ကို။ ဂဏှာတိ၊ ယူ၏။ ဣတိ၊ ဤသို့သော စကားကို။ ဘာသိတမ္ပိ၊ ဟောလည်းဟောအပ်ပေပြီ။
မဟာရာဇာ၊ မြတ်သောမင်းကြီး။ ပုနစပရံ၊ တဖန်တပါးလည်း။ ဒီပိကော၊ သစ်သည်။ ယံကိဉ္စိ၊ အလုံးစုံသော။ ပသုံ၊ ကျွဲနွား‌စသောသတ္တဝါကို။ ဝမိတွာ၊ သတ်ပုတ်၍။ ဝါမေနပဿေန၊ လက်ဝဲနံဘေးဘက်ဖြင့်။ ပတိတံ၊ ကျသောအစာကို။ နဘက္ခေတိ၊ မစား။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယောဂိနာ၊ လုံ့လရှိသော။ ယောဂါဝစရေန၊ ကမဋ္ဌာန်းကို စီးဖြန်းကျက်စားသော ပုဂ္ဂိုလ်မည်သည်။ ဝေဠုဒါနေနဝါ၊ သစ်သီးပေးခြင်းဖြင့်လည်းကောင်း။ သိနာနဒါနေနဝါ၊ ရေချိုးဆပ်ပြာပေးသဖြင့် လည်းကောင်း။ မတ္တိကာဒါနေနဝါ၊ မြေညက်ပေးခြင်းဖြင့်လည်းကောင်း။ စုဏ္ဏဒါနေနဝါ၊ ရေချိုး ကသယ်မှုန့်ပေးသဖြင့် လည်းကောင်း။ ဒန္တကဋ္ဌဒါနေနဝါ၊ ဒန်ပူပေးသဖြင့်လည်းကောင်း။ မုခေါဒကဒါနေနဝါ၊ မျက်နှာသစ်ရေပေးသဖြင့်လည်းကောင်း။ စာဋုကမျတာယဝါ၊ သူ့ကိုချီမကိုယ်ကိုချ၍ ပိယဝါစာဆိုခြင်းဖြင့်လည်းကောင်း။ မုဂ္ဂသုပျတာယဝါ၊ ပဲပြုတ်အလားစံကားမမှန်တခွန်းမှန် တခွန်းဆိုခြင်းဖြင့်လည်းကောင်း။ ပါရိဘဋတာယဝါ၊ အထိန်းအဟသဘွယ် သူငယ်ကိုပြုပြင်၍ ဆင်ယင်ထိန်းယခြင်းဖြင့်လည်းကောင်း။ ဇင်္ဃပေသနီယေနဝါ၊ ရပ်ရွာတပါးဒါယကာတို့စေပါးသည်ကို သွားလာခြင်း‌ဖြင့် လည်းကောင်း။ ဝေဇ္ဇကမ္မေနဝါ၊ ဆေးဝါးကုသခြင်းဖြင့်လည်းကောင်း။ ဓုတကမ္မေနဝါ၊ တမန်အမှုဖြင့်လည်းကောင်း။ ပဟိဏဂမနေနနဝါ၊ စေခိုင်းသည်ကို သွားလာခြင်းဖြင့် လည်းကောင်း။ ပိဏ္ဍပ္ပဋိပိဏ္ဍေဝါ၊ ဆွမ်းကိုဆွမ်းတုံ့ပေးသဖြင့် လည်းကောင်း။ ဒါနာနုပ္ပဒါနေနဝါ၊ လှူတုံ့လှူသဖြင့်လည်းကောင်း။ ဝတ္ထုဝိဇ္ဇာယဝါ၊ အိမ်ရာမြေစသည်ကိုစီရင်သဖြင့် လည်းကောင်း။ နက္ခတ္တဝိဇ္ဇာယဝါ၊ နက္ခတ်ဆိုးကောင်းအကျိုး အကြောင်းဟောခြင်းဖြင့် လည်းကောင်း။ နဂဝိဇ္ဇာယဝါ၊ ဘောင်သစ်ပင် စသည်ကိုစွဲ၍ အဆိုးအကောင်းကို ဟောခြင်းဖြင့် လည်းကောင်း။ အညတရညတရေန၊ ဤဆိုခဲ့ပြီးသည်မှ တခြားတပါးပါးသော။ ဗုဒ္ဓပ္ပဋိကုဋ္ဌေန၊ ဘုရားရှင်သည် ကဲ့ရဲ့တားမြစ်အပ်သော။ မိစ္ဆာဇီဝေနဝါ၊ မှားသောအသက်မွေးခြင်းဖြင့် လည်းကောင်း။ နိပ္ဖါဒိတံ၊ ဖြစ်စေအပ်သော။ ဘောဇနံ၊ ဘောဇဉ်ကို။ ဝါမေနပဿေန၊ လက်ဝဲနံဘေးဖြင့်။ ပတိတံ၊ ကျသော။ ပသုံ၊ သားကို။ ဒီပိတော၊ သစ်သည်။ နဘုဉ္ဇတိဝိယ၊ မစားသကဲ့သို့။ နဘုဉ္ဇိတဗ္ဗံ၊ မစားအပ်ပေ။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒီပိကဿ၊ သစ်၏။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ဣဒံအင်္ဂံ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မသေနာပတိနာ၊ တရားစစ်သူကြီးဖြစ်တော်မူသော။ သာရိပုတ္တေန၊ အရှင်သာရိပုတ္တရာမထေရ်သည်။
ဝစီဝိညတ္ထိဝိပ္ဖာရာ၊ ဝစီဝိညက်လှစ်မြွက်သောကြောင့်။ ဥပ္ပန္နံ၊ ဖြစ်ပေါ်သော။ မဓုပါယာသံ၊ ပျားအချိုသွင်းနို့ထမင်းကို။
အဟံ၊ ငါသည်။ ဘုတ္တော၊ စားလိုက်မိသည်။ သစေဘဝေယျံ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ မမ၊ ငါ့အား။ ဂရဟိတော၊ ကဲ့ရဲ့အပ်သော။ အာဇီဝေါ၊ အသက်မွေးခြင်းသည်။ အဿ၊ ဖြစ်လေရာ၏။
မေ၊ ငါ၏။ အန္တဂုဏံ၊ အူသိမ်သည်။ နိက္ခမိတွာ၊ ဝမ်းမှထွက်၍။ ဗဟိ၊ အပ၌။ ယဒိပိစရေ၊ အကယ်၍ သွားစေကာမူ။
ဇီဝိတံ၊ အသက်ကို။ စဇမာနောပိ၊ စွန့်ရစေကာမူ။ အာဇီဝံ၊ သမ္မာအာဇီဝကို။ နေဝဘိန္ဒေယျံ၊ မဖျက်ဆီးအံ့သာတည်း။ ဣတိ၊ ဤသို့စကားကို။ ဘာသိတမ္ပိ၊ ဟောလည်းဟောအပ်ပေပြီ။
ပဉ္စမီ၊ ငါးခုမြောက်သော။ ဒီပိကင်္ဂပဉှာ၊ သစ်ဖို၏ အင်္ဂါကို မေးသော ပြဿနာသည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။