ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
ဟေမန္တေ၊ ဆောင်းတွင်း၌။
သူရိယော၊ နေသည်။
ကဋ္ဌိနံ၊ ပြင်းထန်စွာ။
ကိဿတပတိ၊ အဘယ်ကြောင့်ပူသနည်း။
ဂိမှေ၊ နွေ၌။
တထာ၊ ထိုဆောင်းတွင်းအတူ။
ကိဿနောတပတိ၊ အဘယ်ကြောင့်မပူပါသနည်း။
ဂိမှေ၊ နွေ၌။
ရဇောဇလ္လံ၊ မြူမှုန်သည်။
အနုပဟတံ၊ အစဉ်ကပ်ငြိစုဝေးသည်။
ဟောတိ၊ ဖြစ်၏။
ဝါတက္ခုဘိတာ၊ လေကြောင့် ခြောက်ခြားထကြွကုန်သော။
ရေဏု၊ မြူတို့သည်။
ဂဂနာနုဂတာ၊ ကောင်းကင်သို့အစဉ်တက်ရောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အာကာသေပိ၊ ကောင်းကင်၌ပင်လည်း။
အဗ္ဘာ၊ တိမ်တို့သည်။
သုဗဟလာ၊ အလွန်ထူထပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မဟာဝါတောစ၊ ကြီးစွာသောလေသည်လည်း။
အဓိမတ္တံ၊ လွန်စွာ။
ဝါယတိ၊ တိုက်လာ၏။
တေသဗ္ဗေ၊ ထိုအလုံးစုံတို့သည်။
နာနာကုလာ၊ အထူးထူးအားဖြင့် ရောပြွမ်းရှုပ်ယှက်ကုန်၍။
သမာယုကာ၊ အညီအမျှစပ်ကုန်လျက်။
သူရိယရံသိယော၊ နေရောင်တို့ကို။
ပိဒဟန္တိ၊ ဆို့ပိတ်ကုန်၏။
တေန၊ ထိုကြောင့်။
ဂိမှေ၊ နွေ၌။
သူရိယော၊ နေသည်။
မန္ဒံ၊ အေးအေးညှင်းညှင်း။
တပတိ၊ ပူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပန၊ ထို့အပြင်။
ဟေမန္တေ၊ ဆောင်းတွင်း၌။
ဟေဋ္ဌာ၊ အောက်၌။
ပထဝီ၊ မြေသည်။
နိဗ္ဗုတာ၊ အေးမြသည်။
ဟောတိ၊ ဖြစ်၏
ဥပရိ၊ အထက်ကောင်းကင်၌။
မဟောမေဃော၊ ကြီးစွာသောမိုးတိမ်သည်။
ဥပဋ္ဌိတော၊ လွှမ်းမိုး၍တည်သည်။
ဟောတိ၊ ဖြစ်၏။
ရဇောဇလ္လံ၊ မြူမှုန်သည်။
ဥပသန္တံ၊ ငြိမ်သက်သည်။
ဟောတိ၊ ဖြစ်၏။
ရေဏုစ၊ ရှိသမျှသောမြူမှုန်သည်လည်း။
သန္တသန္တံ၊ ငြိမ့်ငြိမ့်။
ဂဂနေ၊ ကောင်းကင်၌။
စရတိ၊ ရွေ့လျား၏။
အာကာသေ၊ ကောင်းကင်၌။
ဝိဂတဝလာဟကောစ၊ တိမ်ကင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဝါတောစ၊ လေသည်လည်း။
မန္ဒမန္ဒံ၊ အေးအေးညှင်းညှင်း။
ဝါယတိ၊ တိုက်လာ၏။
ဧတေသံ၊ ထိုတိမ်စသည်တို့၏။
ဥပရတိယာ၊ ကင်းငြိမ်းခြင်းကြောင့်။
သူရိယရံသိယော၊ နေရောင်တို့သည်။
ဝိသဒါ၊ သန့်ရှင်းကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဥပဃာတဝိမုတ္တဿ၊ ကပ်၍ ပိတ်ပင်တတ်သော ဘေးရန်မှလွတ်ကင်းသော။
သူရိယဿ၊ နေ၏။
တာပေါ၊ အပူသည်။
အတိဝိယ၊ လွန်မင်းလှစွာ။
တပတိ၊ ပူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယေနကာရဏေန၊ အကြင်အကြောင်းကြောင့်။
သူရိယော၊ နေသည်။
ဟေမန္တေ၊ ဆောင်းတွင်း၌။
ကဋ္ဌိနံ၊ ပြင်းထန်စွာ။
တပတိ၊ ပူ၏။
ဂိမှေ၊ နွေ၌။
တထာ၊ ထိုဆောင်းတွင်းအတူ။
နောတပတိ၊ မပူ။။
ဣဒံ၊ ဤသည်လျှင်။
ဧတ္ထ၊ ဤအရာ၌။
ကာရဏံ၊ အကြောင်းတည်း။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
သဗ္ဗီထိမုတ္တော၊ အလုံးစုံသောဘေးမှလွတ်သော။
သူရိယော၊ နေသည်။
ကဋ္ဌိနံ၊ ပြင်းထန်စွာ။
တပတိ၊ ပူ၏။
မေဃာဒိသဟဂတော၊ မိုးစသောဘေးရန်နှင့်တကွဖြစ်သောနေသည်။
ကဋ္ဌိနံ၊ ပြင်းထန်စွာ။
နတပတိ၊ မပူချေတကား။
ဣတိ၊ ဤသို့။
အာဟ၊ လျှောက်၏။
ဒသမီ၊ ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။
ကဋ္ဌိနတယုပဉှာ၊ ပြင်းထန်စွာပူခြင်းကို မေးသောပြဿနာသည်။
နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။
ဒုတိယော၊ နှစ်ခုမြောက်သော။
နိပ္ပပဉ္စဝဂ္ဂေါ၊ နိပ္ပပဉ္စဝဂ်တည်း။