ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
ယေတေသတ္တာ၊ အကြင်သတ္တဝါတို့သည်။
မရန္တိ၊ သေကုန်၏။
တေသဗ္ဗေ၊ ထိုအလုံးစုံသော သတ္တဝါတို့သည်။
ကာလေယေဝ၊ အခါ၌သာလျှင်။
မရန္တိ၊ သေပါကုန်သလော။
ဥဒါဟု၊ ထိုသို့မဟုတ်မူ။
အကာလေပိ၊ အခါမရောက်မီလည်း။
မရန္တိ၊ ပါကုန်နသေးသလော။
ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ကာလေပိ၊ အခါ၌လည်း။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
အကာလေပိ၊ အခါမရောက်မီလည်း။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
ကေ၊ အဘယ်သူတို့သည်။
ကာလေ၊ အခါ၌။
မရန္တိ၊ သေကုန်သနည်း။
ကေ၊ အဘယ်သူတို့သည်။
အကာလေ၊ အခါမရောက်မီ၌။
မရန္တိ၊ သေကုန်သနည််း။
ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အမ္ဗရုက္ခာဝါ၊ သရက်ပင်မှလည်းကောင်း။
ဇမ္ဗုရုက္ခာဝါ၊ သပြေပင်မှလည်းကောင်း။
ပန၊ ထို့ပြင်။
အညသ္မာဝါဖလရုက္ခာ၊ တပါးသော အသီးရှိသော သစ်ပင်မှလည်းကောင်း။
ပတန္တာ၊ ကြွေကျကုန်သော။
အာမာနိစ၊ စိမ်းသည်လည်းဖြစ်ကုန်သော။
ပက္ကာနိစ၊ မှည့်သည်လည်းဖြစ်ကုန်သော။
ဖလာနိ၊ အသီးတို့ကို။
တယာ၊ သင်မင်းကြီး။
ဒိဋ္ဌပုဗ္ဗာပန၊ မြင်ဖူးပါ၏လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာမဒိဋ္ဌပုဗ္ဗာ၊ ဪမြင်ဖူး၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယာနိတာနိဖလာနိ၊ အကြင်အသီးတို့သည်။
ရုက္ခတော၊ သစ်ပင်မှ။
ပတန္တိ၊ ကျကုန်၏။
တာနိသဗ္ဗာနိ၊ ထိုအလုံးစုံသောအသီးတို့သည်။
ကာလေယေဝ၊ ကြွေချိန်အခါ၌သာလျှင်။
ပတန္တိ၊ ကျကုန်သလော။
ဥဒါဟု၊ ထိုသို့မဟုတ်မ။
အကာလေပိ၊ ကြွေချိန်အခါမရောက်မှီ၌လည်း။
ပတန္တိ၊ ကျကုန်သလော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
ပရိပက္ကာနိ၊ မှည့်ကုန်၍။
ဝိလိနာနီ၊ ကြွေကုန်၍။
ယာနိတာနီဖလာနီ၊ အကြင်အသီးတို့သည်။
ပတန္တိ၊ ကျကုန်၏။
တာနိသဗ္ဗာနိ၊ ထိုအလုံးစုံသောအသီးတို့သည်။
ကာလေ၊ အခါ၌။
ပတန္တိ၊ ကျကုန်၏။
ပန၊ ထိုမှတပါး။
အဝသေသာနိ၊ မှည့်သောအသီးမှ ကြွင်းကုန်သော။
ယာနိဟာနိဖလာနိ၊ အကြင်အသီးတို့သည်။
သန္တိ၊ ရှိကုန်၏။
တေသု၊ ထိုအသီးတို့တွင်။
ကာနိစိ၊ အချို့တို့သည်။
လဂုဋဟတာနိ၊ ဒုတ်ဆောက်ပုတ်တို့ဖြင့် ပုတ်ခတ်မိကုန်၍။
ပတန္တိ၊ ကျကုန်၏။
ကာနိစိ၊ အချို့တို့သည်။
ဝါတပဟတာနိ၊ လေခတ်ကုန်၍။
ပတန္တိ၊ ကျကုန်၏။
ကာနိစိ၊ အချို့တို့သည်။
အန္တောပူတိကာနိ၊ အတွင်းပုပ်ကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ပတန္တိ၊ ကျကုန်၏။
တာနိသဗ္ဗာနိ၊ ထိုအလုံးစုံသော အသီးတို့သည်။
အကာလေ၊ အခါမဲ့၌။
ပတန္တိ၊ ကျကုန်၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယေတေသတ္တာ၊ အကြင်သတ္တဝါတို့သည်။
ဇရာ ဝေဂဟတာ၊ ဇရာအဟုန်ပုတ်ခတ်ကုန်၍။
မရန္တိ၊ သေကုန်၏။
တေယေဝ၊ ထိုသူတို့သည်သာလျှင်။
ကာလေ၊ အခါ၌။
မရန္တိ၊ သေကုန်၏။
အဝသေသာ၊ ကြွင်းကုန်သော သူတို့သည်။
ကေစိ၊ အချို့တို့ကား။
ကမ္မပ္ပဋိဗာဠှာ၊ ကံနှိပ်စက်ကုန်၍။
မရန္တိ၊ သေကုန်၏။
ကေစိ၊ အချို့တို့ကား။
ဂတိပ္ပဋိဗာဠာ၊ ဂတိနှိပ်စက်ကုန်၍။
မရန္တိ၊ သေကုန်၏။
ကေစိ၊ အချို့တို့ကား။
ကိရိယပ္ပဋိဗာဠာ၊ အပြုအမူနှိပ်စက်ကုန်၍။
မရန္တိ၊ သေကုန်၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
ယေတေ၊ အကြင်သူတို့သည်။
ကမ္မပဋိဗာဠှာ၊ ကံနှိပ်စက်ကုန်၍။
မရန္တိ၊ သေကုန်၏။
ယေပိတေ၊ အကြင်သူတို့သည်လည်း။
ဂတိပ္ပဋိဗာဠာ၊ ဂတိနှိပ်စက်ကုန်၍။
မရန္တိ၊ သေကုန်၏။
ယေပိတေ၊ အကြင်သူတို့သည်လည်း။
ကိရိယပ္ပဋိဗာဠာ၊ အပြုအမူနှိပ်စက်ကုန်၍။
မရန္တိ၊ သေကုန်၏။
ယေပိတေ၊ အကြင်သူတို့သည်လည်း။
ဇရာဝေဂပ္ပဋိဗာဠာ၊ ဇရာအဟုန်ပုတ်ခတ်ကုန်၍။
မရန္တိ၊ သေကုန်၏။
တေသဗ္ဗေ၊ ထိုအလုံးစုံသောသူတို့သည်။
ကာလေယေဝ၊ အခါ၌သာလျှင်။
မရန္တိ၊ သေကုန်၏။
ယောပိ၊ အကြင်သူသည်လည်း။
မာတုကုစ္ဆိဂတော၊ အမိဝမ်းသို့ကပ်ရောက်စဉ်။
မရတိ၊ သေ၏။
သော၊ ထိုအခါသည်။
တဿ၊ ထိုသူ၏။
ကာသော၊ အခါပင်တည်း။
ကာလေယေဝ၊ အခါ၌သာလျှင်။
သော၊ ထိုသူသည်။
မရတိ၊ သေ၏။
ယောပိ၊ အကြင်သူသည်လည်း။
ဝိဇာဘဃရေ၊ သားဖွားအိမ်၌။
မရတိ၊ သေ၏။
သော၊ ထိုအခါသည်။
တသာ၊ ထိုသူ၏။
ကာလော၊ အခါပင်တည်း။
သောပိ၊ ထိုသူသည်လည်း။
ကာလေယေဝ၊ အခါ၌သာလျှင်။
မရတိ၊ သေ၏။
ယောပိ၊ အကြင်သူသည်လည်း။
မာသိတော၊ ဖွား၍တစ်လရှိသည်ဖြစ်၍။
မရတိ၊ သေ၏။
(ပ)၊ယောပိ၊ အကြင်သူသည်လည်း။
ဝဿသတိကော၊ ဖွား၍အနှစ်တစ်ရာရှိသည်ဖြစ်၍။
မရတိ၊ သေ၏။
သော၊ ထိုအခါသည်။
တဿ၊ ထိုသူ၏။
ကာလော၊ အခါပင်တည်း။
ကာလေယေဝ၊ အခါ၌သာလျှင်။
သော၊ ထိုသူသည်။
မရတိ၊ သေ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
တေနသိ၊ ထိုသို့ဖြစ်ပါမူကား။
အကာလေ၊ အခါမဲ့၌။
မရဏံနာမ၊ သေခြင်းမည်သည်။
နဟောတိ၊ မဖြစ်။
ယေကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။
မရန္တိ၊ သေကုန်၏။
တေသဗ္ဗေ၊ ထိုအလုံးစုံသောသူတို့သည်။
ကာလေယေဝ၊ အခါ၌သာလျှင်။
မရန္တိ၊ သေကုန်၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သတ္တ၊ ခုနစ်ဦးကုန်သော။
ဣမေ၊ ဤသူတို့သည်။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရန္တိ၊ သေကုန်၏။
ကတမေသတ္တ၊ အဘယ်ခုနစ်ဦးတို့နည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဇိဃစ္ဆိတော၊ ငတ်မွတ်ဆာလောင်သောသူသည်။
ဘောဇနံ၊ အစာကို။
အလဘမာနော၊ မရလေမူ။
ဥပဟဘဗ္ဘန္တရော၊ နှိပ်စက်ပူလောင်သော ဝမ်းတွင်းရှိ၍။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပိပါသိတော၊ ရေငတ်လှသောသူသည်။
ပါနီယံ၊ သောက်ရေကို။
အလဘမာနော၊ မရလေမူ။
ပရိသုက္ခဟဒယော၊ ခြောက်ခန်းသောနှလုံးရှိ၍။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အဟိနာဒဋ္ဌော၊ မြွေကိုက်ခံရသူသည်။
ဝိသဝေဂေါသိ ဟတော၊ အဆိပ်ဟုန်သည် နှိပ်စက်အပ်သည်ဖြစ်၍။
တိကိစ္ဆကံ၊ ဆေးကုဆရာကို။
အလဘမာနော၊ မရလေမူ။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဝိသမာသိတော၊ အဆိပ်ကိုစားမိသူသည်။
အင်္ဂပစ္စင်္ဂေသု၊ အင်္ဂါကြီးငယ်တို့သည်။
ဍယှန္တေသု၊ ပူလောင်ကုန်သည်ရှိသော်။
အဂဒံ၊ ဆေးကို။
အလဘမာနော၊ မရလေမူ။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အဂ္ဂိဂတော၊ မီး၌ရောက်သည်ဖြစ်၍။
ဈာယမာနော၊ လောင်မြိုက်သူသည်။
နိဗ္ဗာပနံ၊ အေးငြိမ်းကြောင်းကို။
အလဘမာနေ၊ မရလေမူ။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဥဒကဂတော၊ ရေ၌နစ်မြုပ်သူသည်။
စတိဋ္ဌံ၊ ဆောက်တည်ရာကို။
အလဘမာနော၊ မရလေမူ။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သတ္တိဟတော၊ လက်နက်ပုတ်ခတ်မိ၍။
အာဗာဓိကော၊ အနာရှိသူသည်။
တိသက္ကံ၊ ဆေးဆရာကို။
အလဘမာနော၊ မရလေမူ။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သတ္တ၊ ခုနစ်ဦးကုန်သော။
ဣမေခေါ၊ ဤသူတို့သည်။
အာယုသ္မိံ၊ အသက်သည်။
ဥတ္တရိ၊ အလွန်။
ဝိဇ္ဇမာနေပိ၊ နေရရန်ရှိသေးသော်လည်း။
အကာလေ၊ အခါမဲ့၌။
မရန္တိ၊ သေကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
တတြာပိ၊ ထိုခုန်စ်မျိုးတို့၌လည်း။
အဟံ၊ ငါသ်ည။
ဧကံသေ၊ ဧကန်ဖြစ်သောသေကြောင်းတို့ကို။
နဝဒါမိ၊ မဆို။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အဋ္ဌဝိဓေန၊ ရှစ်ပါးသောအကြောင်းအားဖြင့်။
သတ္တာနံ၊ သတ္တဝါတို့၏။
ကာလင်္ကိရိယာ၊ သေရခြင်းသည်၊။
ဟောတိ၊ ဖြစ်၏။
ဝါတသမုဋ္ဌာနေန၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
ပိတ္တသမုဋ္ဌာနေန၊ သည်းခြေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်ကောင်း။
သေမှသမုဋ္ဌာနေန၊ သလိပ်လျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သန္နိပါတေန၊ သန္နိပါတ်ကြောင့်လည်းကောင်း။
ဥတုပိပရိဏာမေန၊ ဥတုပျက်ပြားသဖြင့်လည်းကောင်း။
ဝိသမာဟာရေန၊ မညီညွတ်သော အစာကြောင့်လည်းကောင်း။
ဩပက္ကမိကေန၊ သူတပါးလုံ့လကြောင့်လည်းကောင်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ကမ္မဝိပါကေန၊ ကံ၏အကျိုးကြောင့်၎င်း။
သတ္တာနံ၊ သတ္တဝါတို့၏။
ကာလံကိရိယာ၊ သေရခြင်းသည်။
ဟောတိ၊ ဖြစ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
တတြ၊ ထိုရှစ်မျိုးတို့တွင်။
ကမ္မဝိပါကေန၊ ကံ၏အကျိုးကြောင့်။
ယဒိဒံ ကာလင်္ကိရိယာ၊ အကြင်သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
သာယေဝ၊ ထိုသေခြင်းသည်သာလျှင်။
တတ္ထ၊ ထိုသေခြင်းတို့တွင်။
သာမာယိကာ၊ အခါကာလနှင့်ယှဉ်သော။
ကာလံကိရိယာ၊ သေခြင်းမည်၏။
အဝသေသာ၊ ထိုမှကြွင်းကုန်သောသေခြင်းတို့သည်။
အသာမာတိယာ၊ အခါကာလနှင့် မယှဉ်ကုန်သော။
ကာလင်္ကိရိယာ၊ သေရခြင်းမည်ကုန်၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဣတိ၊ ဤအရာ၌။
ဘဝတိ၊ ရှေးဆရာတို့ သင်္ဂဟဂါထာဖြစ်၏။
ဇိဃစ္ဆာယ၊ ထမင်းငတ်ခြင်းကြောင့်လည်းကောင်း။
ပိပါသာယ၊ ရေငတ်သောကြောင့်လည်းကောင်း။
အဟိဒဋ္ဌာ၊ မြွေကိုက်သောကြောင့်လည်းကောင်း။
ဝိသေနစ၊ အဆိပ်ကို စားမိသောကြောင့်လည်းကောင်း။
အဂ္ဂိဥဒက သတ္တီဟိ၊ မီးလောင်ခြင်း ရေနစ်ခြင်း လက်နက်ထိရှခြင်းတို့ကြောင့်လည်ကောင်း။
တတ္ထ၊ ထိုကာလအကာလသေခြင်းနှစ်ဝတို့တွင်။
အကာလေ၊ အခါမဲ့၌။
မီယတိ၊ သေ၏။
ဝါတပိတ္တေနစ၊ လေသည်းခြေကြောင့်လည်းကောင်း။
သေမှေနစ၊ သလိပ်ကြောင့်လည်းကောင်း။
သန္နိပါတေနစ၊ သန္နိပါတ်ကြောင့်လည်ကောင်း။
နုတူဟိစ၊ ဥတုမညီညွတ်ခြင်းတို့ကြောင့်လည်းကောင်း။
ဝိသမော ပက္ကမကမ္မေဟိစ၊ မညီညွတ်သောအာဟာရလုံ့လက္မဝိပါတ်တို့ကြောင့်လည်ကောင်း။
တတ္ထ၊ ထိုကာလအကာလသေခြင်းနှစ်ဝတို့တွင်။
အကာလေ၊ အခါမဲ့၌။
မီယတိ၊ သေ၏။
ဣတိ၊ ဤသို့ရှေးဆရာတို့သင်္ဂဟဂါထာသည်။
ဘဝတိ၊ ဖြစ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ကေစိ၊ အချို့ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
ပုဗ္ဗေ၊ ရှေး၌။
ကတေန၊ ပြုခဲ့ဖူးသော။
တေနတေန ၊အကုသလကမ္မဝိပါကေန၊ ထိုထိုအကုသိုလ်ကံ၏ အကျိုးဖြင့်။
မရန္တိ၊ သေကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဣဓ၊ ဤလောက၌။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
ဇိဃစ္ဆာယ၊ အစာပြတ်လတ်ငတ်မွတ်စေခြင်းဖြင့်။
မာရေတိ၊ သတ်ခဲ့၏။
သော၊ ထိုသူသည်။
ဗဟူနိဝဿသတသဟဿာနိ၊ သိန်းပေါင်းများစွာသောနှစ်တို့ပတ်လုံး။
ဇိဃစ္ဆာယ၊ အစာပြတ်လတ် ငတ်မွတ်စေခြင်းဖြင့်။
ပရိပိဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဆာတော၊ ငတ်မွတ်ဆာလောင်လျက်။
ပရိကိလန္တော၊ ပင်ပန်း၍။
သုက္ခမိလာတဟယော၊ ခြောက်ခန်းညှိုးနွမ်သော နှလုံးရှိရလျက်။
ဗုဘုက္ခိတော၊ လွန်မင်းစွာ ဆာလောင်လျက်။
ပိသုက္ခိတော၊ ကိုယ်လုံးချောက်တတ်၍။
ဈာယန္တော၊ လောင်ကျွမ်းလျက်။
အဗ္ဘန္တရံ၊ ရင်တွင်း၌။
ပရိဍယှန္တော၊ ပူလောင်လျက်။
ဇိဃစ္ဆာယယေဝ၊ မွတ်သိပ်ဆာလောင်ခြင်းဖြင့်သာလျှင်။
ဒဟရောပိ၊ ငယ်စဉ်ပင်ဖြစ်စေ။
မဇ္ဈိမောပိ၊ မဇ္ဈိမဖြစ်သော အလတ်အရွယ်ဖြစ်စေ။
မဟလ္လကောပိ၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေ၏။
ဣဒမ္ပိ၊ ဤသို့သော သေခြင်းသည်လည်း။
တဿ၊ ထိုသူ၏။
သာမယိကမရဏံ၊ သေရန်အချိန်၌ဖြစ်သောသေရခြင်းပင်မည်၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
ပိပါသာယ၊ ရေငတ်စေခြင်းဖြင့်။
မာရေတိ၊ သတ်ခဲ့၏။
သော၊ ထိုသူသည်။
ဗဟူနိဝဿသတသဟဿာနိ၊ သိန်းပေါင်းများစွာသောနှစ်တို့ပတ်လုံး။
နိဇ္ဈာမတဏှိကော၊ နိဇ္ဈာမတဏှိကမည်သော။
ပေတော၊ ပြိတ္တာသည်။
သမာနော၊ ဖြစ်လျက်။
လူခေါ၊ အစာခေါင်းပါးလျက်။
ကိသော၊ ပိန်ကြုံလျက်။
ပရိသုက္ခိတဟဒယော၊ ခြောက်ခန်းသော နှလုံးရှိရလျက်။
ပိပါသောယေဝ၊ ရေငတ်၍သာလျှင်။
ဒဟရောပိ၊ ငယ်စဉ်ပင်ဖြစ်စေ။
မဇ္ဈိမောပိ၊ မဇ္ဈိမဖြစ်သော အလတ်အရွယ်ဖြစ်စေ။
မဟလ္လကော၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေရ၏။
ဣဒမ္ပိ၊ ဤသို့သောသေခြင်းသည်လည်း။
တဿ၊ ထိုသူ၏။
သာမာယိကမရဏံ၊ သေရန် အချိန်၌ဖြစ်သောသေရခြင်းပင်မည်၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
အဟိနာဋံ သာပေတွာ၊ မြွေကိုက်စေ၍။
မာရေတိ၊ သတ်ခဲ့၏။
သော၊ ထိုသူသည်။
ဗဟူနိဝဿသတသဟဿာနိ၊ သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး။
အဇဂရမုခေနဝ၊ စပါးကြီးမြွေခံတွင်းတစ်ခုမှသာလျှင်။
အဇဂရမုခံ၊ စပါးကြီးတခုခံတွင်းသို့။
ကဏှသပ္ပမုခေနေဝ၊ မြွေဟောက်ခံတွင်းတစ်ခုမှသာလျှင်။
ကဏှသပ္ပမုခံ၊ မြွေဟောက်ခံတွင်းတစ်ခုသို့။
ပရိပတ္တိတွာ၊ ပြောင်းလဲ၍။
တေဟိ၊ ထိုမြွေတို့သည်။
ခါယိတခါယတော၊ ကိုက်အပ်ခဲအပ်သည်ဖြစ်၍.
အဟီဟိ၊ မြွေတို့သည်။
ဒဋ္ဌောယေဝ၊ ကိုက်အပ်သည်ဖြစ်၍သာလျှင်။
ဒဟရောပိ၊ ငယ်စဉ်ပင်ဖြစ်စေ။
မဇ္ဈိမောပိ၊ မဇ္ဈိမဖြစ်သော အလတ်အရွယ်ဖြစ်စေ။
မဟလ္လကောပိ၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေရ၏။
ဣဒမ္ပိ၊ ဤသိုသောသေခြင်းသည်လည်း။
တဿ၊ ထိုသူ၏။
သာမယိကမရဏံ၊ သေရန်အချိန်၌ဖြစ်သောသေရခြင်းပင်မည်၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
ဝိသံ၊ အဆိပ်ကို။
ဒတွာ၊ ပေး၍။
မာရေတိ၊ သတ်ခဲ့၏။
ယော၊ ထိုသူသည်။
ဗဟူနိဝဿသတသဟဿာနိ၊ သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး။
ဍယှန္တေဟိ၊ ပူလောင်ကုန်သော။
အင်္ဂပစ္စင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့ဖြင့်။
ဘိဇ္ဇမာနေန၊ ကွဲပျက်သော။
သရိရေန၊ ကိုယ်ဖြင့်။
ကုဏပဂန္ဓံ၊ အပုပ်အနံ့ကို။
ဝါယန္တော၊ ပျံ့လှိုင်လျက်။
ဝိသေနေဝ၊ အဆိပ်ဖြင့်သာလျှင်။
ဒဟရောပိ၊ ငယ်စဉ်ပင်ဖြစ်စေ။
မဇ္ဈိမောပိ၊ မဇ္ဈိမဖြစ်သော အလတ်အရွယ်ဖြစ်စေ။
မဟလ္လကောပိ၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေရ၏။
ဣဒမ္ပိ၊ ဤသို့သော သေခြင်းသည်လည်း။
တဿ၊ ထိုသူ၏။
သာမာယိကမရဏံ၊ သေရန်အချိန်၌ဖြစ်သော သေရခြင်းပင်မည်၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
အဂ္ဂိနာ၊ မီးဖြင့်။
မာရေတိ၊ သတ်ခဲ့၏။
သော၊ ထိုသူသည်။
ဗဟူနိဝဿ သတသဟဿာနိ၊ သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး။
အင်္ဂါရပဗ္ဗတေနေဝ၊ မီးတောင်တစ်ခုမှသာလျှင်။
အင်္ဂါရပဗ္ဗတံ၊ မီးတောင်တစ်ခုသို့။
ယမဝိသယေနေဝ၊ သမပိုင်စံဝရဲနိုင်ငံတစ်ခုမှသာလျှင်။
ယမဝိသယံ၊ ယမပိုင်စံ ငရဲနိုင်ငံတစ်ခုသို့။
ပရိဝတ္တိလွှာ၊ ပြောင်းလည်း၍။
ဒဍ္ဎဝိဒဍ္ဎဂတ္တော၊ ပူလောင်ကျွမ်းကျက်သော ကိုယ်ရှိ၍။
အဂ္ဂိနာယေဝ၊ မီးဖြင့်သာလျှင်။
ဒဟရောပိ၊ ငယ်စဉ််ပင်ဖြစ်စေ။
မဇ္ဈမောဝိ၊ မဇ္ဈိမဖြစ်သော အလတ်အရွယ်ဖြစ်စေ။
မဟလ္လကောပီ၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေရ၏။
ဣဒမ္ပိ၊ ဤသိုသော သေခြင်းသည်လည်း။
တဿ၊ ထိုသူ၏။
သာမာယိကမရဏံ၊ သေရန်အချိန်၌ဖြစ်သော သေရခြင်းပင်မည်၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
ဥဒကန၊ ရေဖြင့်။
မာရေတိ၊ သတ်ခဲ့၏။
သော၊ ထိုသူသည်။
ဗဟူနိဝဿ သတသဟဿာနိ၊ သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး။
ဟတဝိလုတ္တဘဂ္ဂဒုဗ္ဗလဂတ္တော၊ တိုက်ခတ်ပျက်ယွင်းကျိုးပဲ့အားမဲ့သောကိုယ်ရှိရ၍။
ခုဗ္ဘိတစိတ္တော၊ ချောက်ချာသော စိတ်ရှိလျက်။
ဥဒကေနေဝ၊ ရေဖြင့်သာလျှင်။
ဒဟရောပိ၊ ငယ်စဉ်ပင်ဖြစ်စေ။
မဇ္ဈိမောပိ၊ မဇ္ဈိမဖြစ်သောအလတ်အရွယ်ဖြစ်စေ။
မဟလ္လကောပိ၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေရ၏။
ဣဒမ္ပိ၊ ဤသို့သော သေခြင်းသည်လည်း။
တဿ၊ ထိုသူ၏။
သာမာယိကမရဏံ၊ သေရန်အချိန်၌ဖြစ်စော သေရခြင်းပင်မည်၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး၌။
ပရေ၊ သူတပါးတို့ကို။
သတ္တိယာ၊ လှံဖြင့်။
မာရေတိ၊ သတ်ခဲ့၏။
သော၊ ထိုသူသည်။
ဗဟူနိဝဿသတသဟဿာနိ၊ သိန်းပေါင်းများစွာသောနှစ်တို့ပတ်လုံး။
ဆိန္နဘိန္နကောဋ္ဋိတဝိကော၊ စုတ်ပြတ်ကွဲလှကြေမွထုနှက် မှုန့်မှုန့်ညက်သော ကိုယ်ရှိ၍။
သတ္တိမုခသမာတတော၊ လှံသွားဖြင့် ပုတ်ခတ်အပ်လျက်။
သတ္တိသာယေဝ၊ လှံဖြင့်သာလျှင်။
ဒဟရောပိ၊ ငယ်စဉ်ပင်ဖြစ်စေ။
မဇ္ဈိမောပိ၊ မဇ္ဈိမဖြစ်သော အလတ်အရွယ်ဖြစ်စေ။
မဟလ္လကောပိ၊ ကြီးရင့်အိုမင်းစဉ်ဖြစ်စေ။
မရတိ၊ သေရ၏။
ဣဒမ္ပိ၊ ဤသို့သောသေခြင်းသည်လည်း။
တသာ၊ ထိုသူ၏။
သာမာယိကမရဏံ၊ သေရန်အချိန်၌ဖြစ်သောသေရခြင်းပင်မည်၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။
ယံ၊ အကြင်စကားကို။
ဝဒေသိ၊ ဆိုတော်မူ၏။
တတ္ထ၊ ထိုစကား၌။
ဣင်္ဃ၊ တောင်းပန်ပါ၏။
တွံ၊ အရှင်ဘုရားသည်။
မေ၊ အကျွန်ုပ်အား။
ကာရဏံ၊ အကြောင်းကို။
အတိဒိသ၊ ညွန်ပြတော်မူပါလော။
ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာ၊ ဥပမာအားဖြင့်။
မဟိယာ၊ မြေ၌။
မဟတိ၊ လွန်မင်းလှစွာ။
မဟာအဂ္ဂိက္ခန္ဓော၊ မီးပုံကြီးသည်။
အာဒိန္နတိဏကဋ္ဌသာခါပလာသော၊ စွဲလောင်အပ်သော မြက်ထင်းသစ်ခက်သစ်ရွက်ရှိ၍။
ပရိယာဒီန္နောဘက္ခော၊ လောင်ကျွမ်းပြီသော မီးစာရှိ၍။
ဥပါဒါနသင်္ခယာ၊ မီးလောင်စာကုန်သောကြောင့်။
နိဗ္ဗာယတိ၊ ငြိမ်းလေ၏။
သောအဂ္ဂိ၊ ထိုမီးကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
သမယေ၊ ငြိမ်းချိန်တန်သော အခါ၌။
နိဗ္ဗုတောနာမာတိ၊ ငြိမ်းသော မီးမည်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူသာလျှင်။
ယောကောစိ၊ အမှတ်မရှိ တစုံတယောက်သောသူသည်။
ဗဟူနိဒိဝသသဟဿာနိ၊ နေ့ရက်ထောင်ပေါင်းများစွာတို့ပတ်လုံး။
ဇီဝိတွာ၊ အသက်ရှည်၍။
ဇရာဇိဏ္ဏော၊ အိုမင်းရင့်ရော်၍။
အာယုက္ခယာ၊ အသက်ကုန်ခြင်းကြောင့်။
အနိတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
မရတိ၊ သေရ၏။
သော၊ ထိုသူကို။
သမယေ၊ သေချိန်တန်သောအခါ၌။
မရဏံ၊ သေခြင်းသို့။
ဥပဂတောတိ၊ ရောက်သောသူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
မဟိယာ၊ မြေ၌။
မဟတိမဟာအဂ္ဂိခန္ဓော၊ လွန်စွာသော မီးပုံကြီးသည်။
အာဒိန္နတိဏကဋ္ဌသာခါပလာသော၊ စွဲလောင်အပ်သောမြက်ထင်းသစ်ခက် သစ်ရွက်ရှိသည်။
အဿ၊ ဖြစ်ရာ၏။
တံ၊ ထိုမီးပုံကြီးသည်။
တိဏကဋ္ဌသာခါပလာသေ၊ မြက်ထင်းသစ်ခက် သစ်ရွက်သည်။
အာရိယာဒိဏ္ဏေယေဝ၊ လောင်၍မကုန်မီသာလျှင်။
မဟတိမဟာမေဃော၊ လွန်စွာသော မိုးကြီးသည်။
အဘိပ္ပဝဿိတွာ၊ ရွာလတ်၍။
နိဗ္ဗာပေယျ၊ ငြိမ်းစေရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အဂ္ဂိခန္ဓေ၊ မီးပုံကြီးသည်။
သမယေ၊ ငြိမ်းချိန်တန်သောအခါ၌။
နိဗ္ဗုတောနာမ၊ ငြိမ်းသောမီးမည်သည်။
အပိနုခေါဟောတိ၊ ဖြစ်လေကောင်းအံ့သော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
နဟိဟောတိ၊ မဖြစ်ပေ။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပစ္ဆိမော၊ နောက်ဖြစ်သော။
သောအဂ္ဂိခန္ဓော၊ ထိုမီးပုံသည်။
ပုရိမကေ၊ ရှေးဖြစ်သော။
အဂ္ဂိခန္ဓေန၊ မီးပုံနှင့်။
သမသမဂတိကော၊ တူညီမျှတသော သဘောရှိသည်။
ကိဿပနနာဟောသိ၊ အဘယ်ကြောင့် မဖြစ်ရပေသနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
မေဃေန၊ မိုးသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
သောအဂ္ဂိခန္ဓော၊ ထိုမီးပုံသည်။
အသမယေ၊ အခါမဟုတ်သည်၌။
နိဗ္ဗုတော၊ ငြိမ်းအေးလေ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါကသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
ပိတ္တသမုဋ္ဌာနေနဝါ၊ သည်းခြေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်ကောင်း။
သေမှသရဋ္ဌာနေနဝါ၊ သလိပ်လျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သန္နိပါတေနပါ၊ သန္နိပါတ်ကြောင့်လည်ကောင်း။
ဥတုပရိဏာမဇေနဝါ၊ ဥတုပျက်ပြားသဖြင့်လည်ကောင်း။
ဝိသမာဟာရဇေနဝါ၊ မညီညွတ်သော အစာကြောင့်လည်းကောင်း။
ဩပက္ကမိကေနဝါ၊ သူတပါးလုံ့လကြောင့်လည်ကောင်း။
ဇိဃစ္ဆာယဝါ၊ ထမင်းငတ်ခြင်းကြောင့်လည်းကောင်း။
ပိပါသာယဝါ၊ ရေငတ်သောကြောင့်လည်းကောင်း။
သပ္ပဒဋ္ဌေနဝါ၊ မြွေကိုက်သောကြောင့်လည်းကောင်း။
ဝိသမာသိတေနဝါ၊ အဆိပ်ကိုစားမိသောကြောင့်လည်းကောင်း။
အဂ္ဂိနာဝါ၊ မီးလောင်ခြင်းကြောင့်လည်းကောင်း။
ဥဒကေနဝါ၊ ရေနစ်ခြင်းကြောင့်လည်ကောင်း။
သတ္တိဝေဂပ္ပဋိပီဠိတောဝါ၊ လက်နက်အဟုန် နှိပ်စက်သောကြောင့်လည်ကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ဂဂတေ၊ ကောင်းကင်၌။
မဟတိမဟာဝလာဟကော၊ အလွန်ကြီးကျယ်သော မိုးသည်။
ဥဋ္ဌဟိတွာ၊ တက်လတ်၍။
နိန္နဉ္စ၊ ချိုင့်ဝှမ်းရာကိုလည်းကောင်း။
ထလဉ္စ၊ ကြည်းကုန်းကိုလည်းကောင်း။
ပရိပူရယန္တော၊ ပြည့်လျမ်းစေလျက်။
အဘိဝဿတိ၊ ရွာ၏။
သောမေဃော၊ ထိုမိုးကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
ဝဿတီတိ၊ ရွာ၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
စိရံ၊ မြင့်ရှည်စွာ။
ဇီဝိတွာ၊ အသက်ရှည်၍။
ဇရာဇိဏ္ဏော၊ အိုမင်းရင့်ရော်၍။
အာယုက္ခယာ၊ အသက်ကုန်ခြင်းကြောင့်။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
မရတိ၊ ၏။
သော၊ ထိုသူကို။
သမယေ၊ သေချိန်တန်သောအခါ၌။
မရဏံ၊ သေခြင်းသို့။
ဥပဂတောတိ၊ ရောက်သောသူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ဂဂဏေ၊ ကောင်းကင်၌။
မဟတိမဟာဝလာဟကော၊ အလွန်ကြီးကျယ်သောမိုးသည်။
ဥဋ္ဌဟိတွာ၊ တက်လတ်၍။
အန္တရယေဝ၊ အကြား၌သာလျှင်။
မဟတာ၊ ကြီးစွာသော။
ဝါတေန၊ လေကြောင့်။
အဗ္ဘတ္ထံ၊ ပြတ်ကင်းပျက်စီးခြင်းသို့။
ဂစ္ဆေယျ၊ ရောက်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သောမဟာဝလာတကော၊ ထိုကြီးကျယ်သောမိုးသည်။
သမယေ၊ ပြတ်ကင်းပျက်စီးချိန်တန်သောအခါ၌။
ဝိဂတောနာမ၊ ကင်းပြတ်သောမည်သည်။
အပိနုခေါဟောတိ၊ ဖြစ်ပါမည်လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
နဟိဟောတိ၊ မဖြစ်ပေ။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပစ္ဆိမော၊ နောက်ဖြစ်သော။
သောဝလာဟကော၊ ထိုမိုးသည်။
ပုရိမေန၊ ရှေးဖြစ်သော။
ဝလာဟကေန၊ မိုးနှင့်။
သမသမဂတိကော၊ တူညီမျှတသောဘောရှိသည်။
ကိဿပနုနာဟောသိ၊ အဘယ်ကြောင့်မဖြစ်ရပေသနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လောသော။
ဝါကေန၊ လေသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
သောဝလာဟကော၊ ထိုမိုးသည်။
အသမယပ္ပတ္တောယေဝ၊ အခါသို့မရောက်ဘဲသာလျှင်။
ဝိဂတော၊ ကင်းပြတ်၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်ကောင်း။
သတ္တိဝေဂပ္ပဋိပီဠိတောဝါ၊ လက်နက်အဟုန်နှိပ်စက်သောကြောင့်လည်းကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ဗလဝါ၊ အားရှိသော။
အာသီဝိသော၊ မြွေသည်။
ကုပိတော၊ အမျက်ထွက်၍။
ကိဉ္စိဒေဝ၊ တစ်စုံတယောက်သာလျှင်ဖြစ်သော။
ပုရိသံ၊ ယောကျာ်းကို။
ဍံသေယျ၊ ကိုက်ရာ၏။
တံဝိသံ၊ ထိုအဆိပ်သည်။
တဿ၊ ထိုယောက်ျား၏။
အနီတိကံ၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝံ၊ ဥပါဒ်မရှိဘဲ။
မရဏံ၊ သေခြင်းသို့။
ပါပေယျ၊ ရောက်ရာ၏။
တံဝိသံ၊ ထိုအဆိပ်ကို။
အနီတိကန္တိ၊ ဘေးရန်မရှိဟူ၍။
အနုပဒ္ဒဝန္တိ၊ ဥပါဒ်မရှိဟူ၍။
ကောဋိဂတန္တိ၊ အဆုံးသို့ယောက်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံယောကသောသူသည်။
စိရံ၊ ရှည်မြင့်စွာ။
ဇီဝိတွာ၊ အသက်ရှည်၍။
ဇရာဇိဏ္ဏော၊ အိုမင်းရင့်ရော်၍။
အာယူက္ခယာ၊ အသက်ကုန်ခြင်းကြောင့်။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
မရတိ၊ သေ၏။
သော၊ ထိုသူကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
ဇီဝိတကောဋိဂတော၊ အသက်၏အဆုံးသိုရောက်လျက်။
သာမာယိကံ၊ သေရန်အချိန်၌ဖြစ်သော။
မရဏံ၊ သေခြင်းသို့။
ဥပဂတောတိ၊ ရောက်သောသူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်။
ဗလဝတာ၊ အားရှိသော။
အာသီဝိသေန၊ မြွေသည်။
ဒဋ္ဌဿ၊ ကိုက်အပ်သောသူအား။
အန္တရာယေဝ၊ အကြား၌သာလျှင်။
အဟိတုဏ္ဍိကော၊ မြွေသမားသည်။
အဂဒံ၊ မြွေဆေးကို။
ဒတွာ၊ ပေး၍။
အဝိသံ၊ အဆိပ်မရှိသည်ကို။
ကရေယျ၊ ပြုငြားအံ့။
မဟာရာဇ၊ မြတ်သောမင်းကြီး။
တံဝိသံ၊ ထိုအဆိပ်ကို။
သမယေ၊ ကင်းပြတ်ချိန်တန်သောအခါ၌။
ဝိဂတံနာမ၊ ကင်းပြတ်သောမည်သည်။
အပိနုခေါဟောတိ၊ ဖြစ်မည်လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
နဟိဟောတိ၊ မဖြစ်ပေ။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပစ္ဆိမံ၊ နောက်ဖြစ်သော။
တံဝိသံ၊ ထိုအဆိပ်သည်။
ပုရိမကေန၊ ရှေးဖြစ်သော။
ဝိသေန၊ အဆိပ်နှင့်။
သမသမဂတိကံ၊ တူညီမျှတသော သဘောရှိသည်။
ကိဿပနနာဟောသိ၊ အဘယ်ကြောင့်မဖြစ်သနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
အာဂဒေန၊ မြွေဆေးသည်။
ပဋိပီဠတံ၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝိသံ၊ အဆိပ်သည်။
အကောဋိဂတံယေဝ၊ အဆုံးသို့မရောက်ဘဲသာလျှင်။
ဝိဂတံ၊ ကင်းပြတ်လေ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်ကောင်း။
သတ္တိဝေ ဂပ္ပဋိပီဠိတောဝါ၊ လက်နက်အဟုန်နှိပ်စက်သောကြောင့်လည်ကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ဣဿာသော၊ လေးသမားသည်။
သရံ၊ မြှားကို။
ပါတေယျ၊ ပစ်လွှတ်ငြားအံ့။
သောသရော၊ ထိုမြှားသည်။
ယထာဂတိဂမနပထ မတ္ထကံ၊ သွားမြဲတိုင်းသောခရီးလမ်း၏အဆုံးသို့။
သစေဂစ္ဆတိ၊ အကယ်၍ရောက်ငြားအံ့။
သောသရော၊ ထိုမြှားကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
ယထာဂတိဂမနပထမတ္ထကံ၊ သွားမြဲတိုင်းသော ခရီးလမ်း၏အဆုံးသို့။
ဂတောနာမာတိ၊ ရောက်သည်မည်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
စိရံ၊ ရှည်မြင့်စွာ။
ဇိဝိတွာ၊ အသက်ရှည်၍။
ဇရာဇိဏ္ဏော၊ အိုမင်းရင့်ရော်၍။
အာယုက္ခယာ၊ အသက်ကုန်ခြင်းကြောင့်။
အနီတိကော၊ ဘေးရရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
သမယေ၊ သေချိန်တန်သောအခါ၌။
မရဏံ၊ သေခြင်းသို့။
ဥပဂတော၊ ရောက်၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ဣဿာသော၊ လေးသမားသည်။
သရံ၊ မြှားကို။
ပါတေယျ၊ ပစ်လွှတ်ငြားအံ့။
တဿ၊ ထိုလေးသမား၏။
တံသရံ၊ ထိုမြှားကို။
ကသ္မိံယေဝခဏေ၊ ထိုပစ်လွှတ်သောခဏ၌သာလျှင်။
ကောစိ၊ တစုံတယောက်သောသူသည်။
ဂဏှေယျ၊ ယူငြားအံ့။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သောသရော၊ ထိုမြှားသည်။
ယထာဂတိဂမနပထမတ္ထကံ၊ သွားမြဲတိုင်းသောခရီးလမ်း၏အဆုံးသို့။
ဂတောနာမ၊ ရောက်သောမည်သည်။
အပီနုခေါ ဟောတိ၊ ဖြစ်ပါအံ့လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
နဟိဟောတိ၊ မဖြစ်ပေ။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပစ္ဆိမော၊ နောက်ဖြစ်သော။
သောသရော၊ ထိုမြှားသည်။
ပုရိမကေန၊ ရှေး၌ဖြစ်သော။
သရေန၊ မြှားနှင့်။
သမသမဂတိကော၊ တူညီမျှတသောသဘောရှိသည်။
ကိဿပနနာဟောသိ၊ အဘယ်ကြောင့်မဖြစ်ရပေသနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ဂဟဏေန၊ မြှားကိုယူသောသူသည်။
တဿသရဿ၊ ထိုမြှား၏။
ဂမနံ၊ သွားခြင်းကို။
ဥပစ္ဆိန္နံ၊ ဖြတ်အပ်၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူသာလျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သတ္တိဝေဂပ္ပဋိပိဠိတောဝါ၊ လက်နက်အဟုန်နှိပ်စက်သောကြောင့်လည်းကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
လောဟမယံ၊ သံဖြင့်ပြီးသော။
ဘာဇနံ၊ ခွက်ကို။
အာကောဋေယျ၊ ခေါက်တီးငြားအံ့။
တဿ၊ ထိုသံခွက်၏။
အာကောဋနေန၊ ခေါက်တီးသောကြောင့်။
သဒ္ဒေါ၊ အသံသည်။
နိဗ္ဗတ္တိတွာ၊ ဖြစ်၍။
ယထာဂတိဂမနပယမတ္ထကံ၊ သွားမြဲတိုင်းသောခရီးလမ်း၏အဆုံးသို့။
ဂစ္ဆတိ၊ ရောက်၏။
သောသဒ္ဒေါ၊ ထိုအသံကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
ယထာဂတိဂမနပထမတ္ထကံ၊ သွားမြဲတိုင်းသော ခရီးလမ်း၏အဆုံးသို့။
ဂတောနာမာတိ၊ ရောက်သည်မည်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
ဗဟူနိဒိဝသသဟဿာနိ၊ နေ့ရက်ထောင်ပေါင်းများစွာတို့ပတ်လုံး။
ဇီဝိတွာ၊ အသက်ရှည်၍။
ဇရာဇိဏ္ဏော၊ အိုမင်းရင့်ရော်၍။
အာယုက္ခယာ၊ အသက်ကုန်ခြင်းကြောင့်။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
မရတိ၊ သေ၏။
သော၊ ထိုသူကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
သမပေ၊ သေချိန်တန်သောအခါ၌။
မရဏံ၊ သေခြင်းသို့။
ဥပဂတောတိ၊ ရောက်သောသူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
လောဟမယံ၊ သံဖြင့်ပြီးသော။
ဘာဇနံ၊ ခွက်ကို။
အာကေဋေယျ၊ ခေါက်တီးငြားအံ့။
တဿ၊ ထိုသံခွက်၏။
အာကောဋနေန၊ ခေါက်တီးသောကြောင့်။
သဒ္ဒေါ၊ အသံသည်။
နိဗ္ဗတ္တေယျ၊ ဖြစ်ငြားအံ့။
နိဗ္ဗတ္တေ၊ ဖြစ်သော။
သဒ္ဒေ၊ အသံသည်။
အဒူရဂတေ၊ အဝေးသို့မရောက်မှီ။
ကောစိ၊ တစုံတယောက်သောသူသည်။
အာမသေယျ၊ ကိုင်တွယ်ငြားအံ့။
အာမသနေန၊ ကိုင်သည်နှင့်။
သဟ၊ တပြိုင်နက်။
သဒ္ဒေါ၊ အသံသည်။
နိရုဇ္ဈေယျ၊ ချုပ်ပျယ်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သဒ္ဒေါ၊ အသံသည်။
ယထာဂတိဂမနပထမတ္ထကံ၊ သွားမြဲတိုင်းသော ခရီးလမ်း၏အဆုံးသို့။
ဂတောနာမ၊ ရောက်သောမည်သည်။
အပိနုခေါဟောတိ၊ ဖြစ်ပါမည်လော။
ဣတိ၊ ဤသို့မေး၏။
ဘန္တေ၊ အရှင်ဘုရား။
နဟိဟောတိ၊ မဖြစ်ပေ။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပစ္ဆိမော၊ နောက်ဖြစ်သော။
သဒ္ဒေါ၊ အသံသည်။
ပုရိမကေန၊ ရှေးဖြစ်သော။
သဒ္ဒေန၊ အသံနှင့်။
သမသမဂတိကော၊ တူညီမျှတသောသဘောရှိသည်။
ကိဿပန နာဟောသိ၊ အဘယ်ကြောင့်မဖြစ်ပေသနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
အာမသနေန၊ ကိုင်တွယ်ခြင်းဖြင့်။
သောသဒ္ဒေါ၊ ထိုအသံသည်။
ဥပရတော၊ ကင်းပြတ်၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သတ္တိဝေဂပ္ပဋိပီဠိတောဝါ၊ လက်နက်အဟုန်နှိပ်စက်သောကြောင့်လည်းကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ခေတ္တေ၊ လယ်၌။
သုဝိရူဠံ၊ ကောင်းကောင်းစည်ပင်သော။
ဓညဗီဇံ၊ စပါးမျိုးသည်။
သမ္မာ၊ ကောင်းစွာ။
ပဝတ္တမာနေန၊ ရွာသော။
ဝါ၊ ဖြစ်စေသော။
ဝဿေန၊ မိုးဖြင့်။
ဩတတဝိတကအာကိဏ္ဏဗဟုဖလံ၊ အောက်သို့ပွားသောပြန့်သော ပြွမ်းသောများသော အသီးရှိသည်။
ဟုတွာ၊ ဖြစ်၍။
သဿုဋ္ဌာနသမယံ၊ ကောက်ဖြစ်ပေါ်သောအခါသို့။
ပါပုဏာတိ၊ ရောက်၏။
တံဓညံ၊ ထိုစပါးကို။
အနီတိကံ၊ ဘေးရန်မရှိဘဲ။
မနုပဒ္ဒဝံ၊ ဥပါဒ်မရှိဘဲ။
သမယသမ္ပတ္တံနာမ၊ အခါသို့ကောင်းမွန်စွာရောက်သောမည်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိ တစုံတယောက်သောသူသည်။
ဗဟူနိဒိဝသသဟဿာနိ၊ နေ့ရက်ထောင်ပေါင်းများစွာတို့ပတ်လုံး။
ဇီဝိတွာ၊ အသက်ရှည်၍။
ဇရာဇိဏ္ဏော၊ အိုမင်းရင့်ရော်၍။
အာယုက္ခယာ၊ အသက်ကုန်ခြင်းကြောင့်။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
မရတိ၊ သေ၏။
သော၊ ထိုသူကို။
အနီတိကော၊ ဘေးရန်မရှိဘဲ။
အနုပဒ္ဒဝေါ၊ ဥပါဒ်မရှိဘဲ။
သမယေ၊ သေချိန်တန်သောအခါ၌။
မရဏံ၊ သေခြင်းသို့။
ဥပဂတောတိ၊ ရောက်သောသူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ယထာဝါပန၊ ဥပမာတနည်းအားဖြင့်ကား။
ခေတ္တေ၊ လယ်၌။
သုဝိရူဠံ၊ ကောင်းကောင်းစည်ပင်သော။
ဓညဗီဇံ၊ စပါးမျိုးသည်။
ဥဒကေန၊ ရေဖြင့်။
ဝိကာလံ၊ ချို့တဲ့သည်။
ဟုတွာ၊ ဖြစ်၍။
မရေယျ၊ သေရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
တံဓညံ၊ ထိုစပါးသည်။
သမယသမ္ပတ္တံနာမ၊ အခါသို့ကောင်းစွာရောက်သောမည်သည်။
အပိနုခေါဟောတိ၊ ဖြစ်ပါမည်လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
နဟိဟောတိ၊ မဖြစ်ပါ။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ပစ္ဆိမံ၊ နောက်ဖြစ်သော။
တံဓညံ၊ ထိုစပါးသည်။
ပုရိမကေန၊ ရှေးဖြစ်သော။
ပုရိမကေန၊ ရှေးဖြစ်သော။
တေနဓညေန၊ ထိုစပါးနှင့်။
သမသမဂတိကံ၊ တူညီမျှတသောသဘောရှိသည်။
ကိဿပနနာဟောသိ၊ အဘယ်ကြောင့် မဖြစ်ရပေသနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ဥဏှေန၊ အပူသည်။
ပဋိပီဠိတံ၊ နှိပ်စက်အပ်သည်ဖြစ်၍။
တံဓညံ၊ ထိုစပါးသည်။
မတံ၊ သေ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠီတော၊ နှိပ်စက်အပ်၏။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သတ္တိဝေဂပ္ပဋိပီဠိတောဝါ၊ လက်အနက်အဟုန်နှိပ်စက်သောကြောင့်လည်ကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်ကား။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သမ္ပန္နတရုဏသဿံ၊ ကောင်းစွာပြည့်စုံသော ကောက်နူကို။
ကိမယော၊ ပိုးတို့သည်။
ဥဋ္ဌဟိတွာ၊ ဖြစ်လတ်၍။
သမူလံ၊ အမြစ်အရင်းနှင့်တကွ။
နာသေန္တိ၊ ဖျက်ဆီးကုန်၏။
ဣတိ၊ ဤသို့။
တယာ၊ သင်မင်းကြီးသည်။
သုတပုဗ္ဗံပန၊ ကြားဖူး၏လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
ဧတံ၊ ထိုကောက်ကို။
အမှေဟိ၊ အကျွန်ုပ်တို့သည်။
သုတပုဗ္ဗဉ္စေဝ၊ ကြားလည်း ကြားရဖူးပါ၏။
ဒိဋ္ဌပုဗ္ဗဉ္စ၊ မြင်လည်းမြင်ဖူးပါ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ကိံ၊ အသို့ပေနည်း။
တံသဿံ၊ ထိုပိုးစားသောကောက်သည်။
ကာလေ၊ အခါ၌။
နဋ္ဌံနုခေါ၊ ပျက်စီးပါသလော။
ဥဒါဟု၊ ထိုသို့မဟုတ်မူ။
အကာလေ၊ အခါမရောက်မီ၌။
နဋ္ဌံနုခေါ၊ ပျက်စီးပါသလော။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အကာလေ၊ အခါမရောက်မီ၌။
နဋ္ဌံ၊ ပျက်စီးပါ၏။
ဘန္တေ၊ အရှင်ဘုရား။
တံသဿံ၊ ထိုကောက်ကို။
ကီမိယော၊ ပိုးတို့သည်။
ယဒိခေါနခါဒေယျုံ၊ အကယ်၍မခဲကုန်ငြားအံ့။
သဿုဒ္ဓရဏသမယံ၊ ကောက်ထုတ်ယူသောအခါသို့။
ပါပုဏေယျ၊ ရောက်ရာ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ဥပဃာတေန၊ ညှဉ်းဆဲဖျက်ဆီးတတ်သောပိုးကြောင့်။
သဿံ၊ ကောက်သည်။
ဝိနဿတိ၊ ပျက်စီး၏။
နိရုပဃာတံ၊ ဘေးရန်အဖျက်အဆီးကင်းသော။
သဿံ၊ ကောက်သည်။
သဿုဒ္ဓရဏသမယံ၊ ကောက်ထုတ်ယူသောအခါသို့။
ပါပုဏာတိကိံ၊ ရောက်အံ့လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာမပါပုဏာတိ၊ ဪရောက်ပါ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
(ပ)၊ သတ္တိဝေဂပ္ပဋိပီဠိတောဝါ၊ လက်နက်အဟုန် နှိပ်စက်သောကြောင့်လည်းကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်ကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
သဿေ၊ ကောက်စပါးသည်။
သမ္ပန္နေ၊ ပြည့်စုံလျက်။
ဖလဘာရနမိတေ၊ အသီးဝန်ဖြင့် ညွတ်ကိုင်းသော။
မဉ္စရိတပတ္တေ၊ ကောက်တံကောက်ရွက်ရှိလတ်သော်။
ကရကဝဿံနာမ၊ မိုးသီးမိုးမည်သော။
ဝဿဇာတိ၊ မိုးမျိုးသည်။
နိပတိတွာ၊ ယူ၍။
ဝိနာသေတိ၊ ဖျက်ဆီး၏။
အဖလံ၊ အသီးမရှိသည်ကို။
ကရောတိ၊ ပြု၏။
ဣတိ၊ ဤသို့။
တယာ၊ သင်မင်းကြီးသည်။
သုတပုဗ္ဗဉ္စေဝန၊ ကြားဖူး၏လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
တံ၊ ထိုကောက်ကို။
အမှေဟိ၊ အကျွန်ုပ်တို့သည်။
သုတပုဗ္ဗဉ္စေဝ၊ ကြားလည်းကြားရဖူးပါ၏။
ဒိပဝုဗ္ဗဉ္စ၊ မြင်လည်းမြင်ရဖူးပါ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အပိ၊ အကယ်မလွှဲသဖြင့်။
တံသဿံ၊ ထိုကောက်သည်။
ကာလေ၊ အခါ၌။
နဋ္ဌံနုခေါ၊ ပျက်စီးသလော။
ဥဒါဟု၊ ထိုသို့မဟုတ်မူ။
အကာလေ၊ အခါမရောက်မီ၌။
နဋ္ဌံနုခေါ၊ ပျက်စီးပါသလော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အကာလေ၊ အခါမရောက်မီ၌။
နဋ္ဌံ၊ ပျက်စီးပါ၏။
ဘန္တေ၊ အရှင်ဘုရား။
တံသဿံ၊ ထိုကောက်သည်။
ကရကဝဿံ၊ မိုးသီးမိုးသည်။
ယဒိခေါနဝဿေယျ၊ အကယ်၍မရွာငြားအံ့။
သဿုဒ္ဓရဏသမယံ၊ ကောက်ထုတ်ယူသောအခါသို့။
ပါပုဏေယျ၊ ရောက်ရာ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ဥပဃာတေန၊ ဖျက်ဆီးတတ်သော မိုးသီးမိုးကြောင့်။
သဿံ၊ ကောက်သည်။
ဝိနဿတိ၊ ပျက်စီး၏။
နိရူပဃာတံ၊ ဘေးရန်အဖျက်အဆီးကင်းသော။
သဿံ၊ ကောက်သည်။
သဿုဒ္ဓရဏသမယံ၊ ကောက်ထုတ်ယူသောအခါသို့။
ပါပုဏာတိကိံ၊ ရောက်ပါမည်လော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။
အာမပါပုဏာတိ၊ ဪရောက်ပါ၏။
ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧဝမေဝခေါ၊ ဤအတူပင်လျှင်။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
သော၊ ထိုသူသည်။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဝါတသမုဋ္ဌာနေနဝါ၊ လေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
ပိတ္တသမုဋ္ဌာနေနဝါ၊ သည်းခြေလျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သေမှသမုဋ္ဌာနေနဝါ၊ သလိပ်လျှင်ဖြစ်ကြောင်းရှိသဖြင့်လည်းကောင်း။
သန္နိပါတိကေနဝါ၊ သန္နိပါတ်ကြောင့်လည်ကောင်း။
ဥတုပရိဏာမဇေနဝါ၊ ဥတုပျက်ပြားသဖြင့်လည်းကောင်း။
ဝိသမပရိဟာရဇေနဝါ၊ မညီညွတ်သောအစာကြောင့်လည်ကောင်း။
ဩပက္ကမိကေနဝါ၊ သူတပါးလုံ့လကြောင့်လည်ကောင်း။
ဇိဃစ္ဆာယဝါ၊ ထမင်းငတ်သောကြောင့်လည်းကောင်း။
ပိပါသာယဝါ၊ ရေငတ်သောကြောင့်လည်းကောင်း။
သပ္ပဒဋ္ဌေနဝါ၊ မြွေကိုက်သောကြောင့်လည်းကောင်း။
ဝိသမာသိတေနဝါ၊ အဆိပ်ကိုစားမိသောကြောင့်လည်းကောင်း။
အဂ္ဂိနာဝါ၊ မီးလောင်ခြင်းကြောင့်လည်းကောင်း။
ဥဒကေနဝါ၊ ရေနစ်ခြင်းကြောင့်လည်ကောင်း။
သတ္တိဝေဂပ္ပဋိပီဠိတောဝါ၊ လက်နက်အဟုန်နှိပ်စက်သောကြောင့်လည်းကောင်း။
အကာလေ၊ အခါမရောက်မီ၌။
မရတိ၊ သေ၏။
အာဂန္တုကေန၊ ရှေးရှုကပ်ရောက်လာသော။
ရောဂေန၊ ရောဂါသည်။
ပဋိပီဠိတော၊ နှိပ်စက်အပ်သည်။
ယဒိပနနဘဝေယျ၊ အကယ်၍မဖြစ်ငြားအံ့။
သမယေဝ၊ သေချိန်တန်သောအခါ၌သာလျှင်။
မရဏံ၊ သေခြင်းသို့။
ပါပုဏေယျ၊ ရောက်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။
ဧတ္ထ၊ ဤအရာ၌။
ဣဒံ၊ ဤသည်ကား။
ကာရဏံ၊ အကြောင်းတည်း။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
အစ္ဆရိယံ၊ အံ့ဖွယ်ရှိစွတကား။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
အဗ္ဘူတံ၊ မဖြစ်ဖူးမြဲဖြစ်စွတကား။
အကာလေ၊ အခါမရောက်မီ၌။
မရဏဿ၊ သေခြင်းကို။
ပရိဒီပနာယ၊ ပြခြင်းငှာ။
ကာရဏံ၊ အကြောင်းကို။
သုဒဿိတံ၊ ကောင်းစွာပြအပ်ပေပြီ။
ဩပမ္မံ၊ ဥပမာကို။
သုဒဿိတံ၊ ကောင်းစွာပြအပ်ပေပြီ။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။
ဥတ္တာနီကတံ၊ ပေါ်လွင်စွာပြုအပ်ပေပြီ။
ပါကဋံ၊ ထင်ထင်ရှားရှား။
ကတံ၊ ပြုအပ်ပြီ။
ဝိဘူတ၊ ထင်စွာဖြစ်အောင်။
ကတံ၊ ပြုအပ်ပြီ။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။
အစိတ္တဝိက္ခိတ္တကောပိ၊ စိတ်မပျံ့လွင့်သည်လည်းဖြစ်သော။
မနုဇော၊ လူသည်။
ဧကမေကေနပိဩပမ္မေန၊ တခုတခုမျှဥပမာဖြင့်လည်း။
အကလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္ထီတိ၊ ရှိ၏ဟူ၍။
နဋ္ဌံ၊ ဆုံးဖြတ်နိုင်ခြင်းသို့။
ဘဝဂစ္ဆေယျ၊ ရောက်ဖွယ်ရာသာတည်း။
သစေတနော၊ စိတ်ရှိသော။
မနုဇော၊ လူသည်။
ကိံပန၊ အဘယ်သို့ဖွယ်ရှိအံ့နည်း။
ဘန္တေ၊ အရှင်ဘုရား။
အဟံ၊ အကျွန်ုပ်ကား။
ပဌမောပမေနေဝ၊ ပဌမဥပမာဖြင့်ပင်လျှင်။
အကာလေ၊ အခါမရောက်မီ၌။
မရဏံ၊ သေခြင်းသည်။
အတ္တီတိ၊ ရှိ၏ဟူ၍။
သညတ္တော၊ သိမှတ်ပါပြီ။
အပိစ၊ ဤသို့ဖြစ်သော်လည်း။
အပရာပရံ၊ အထပ်ထပ်။
နိဗ္ဗာဟုနံ၊ ငြိမ်းအေးခြင်းအကြောင်းကို။
သောတုကာမော၊ နာကြားလို၍။
နသမ္ပဋိစ္ဆိ၊ ဝန်မခံပါ။
ဣတိ၊ ဤသို့လျှောက်၏။
ဆဋ္ဌီ၊ ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။
အကာလမရဏပဉှော၊ အခါမရောက်မီ၌သေခြင်းကိုမေးသော ပြဿနာသည်။
နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။