Issues
Select Version
နိဿယ
မြန်မာဘာသာ
Milindapañhapāḷi
Milindapañhapāḷi

5. Supinapañho

Author: နိဿယ @ IAPT

ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဣမသ္မိံလောကေ၊ ဤလောက၌။ နရနာရိယော၊ ယောက်ျားမိန်းမတို့သည်။ ကလျာဏမ္ပိ၊ ကောင်းသည်လည်း ဖြစ်သော။ ပါပကမ္ပိ၊ မကောင်းသည်လည်းဖြစ်သော။ ဒိဋ္ဌပုဗ္ဗမ္ပိ၊ မြင်ဖူးသည်လည်းဖြစ်သော။ အဒိဋ္ဌပုဗ္ဗမ္ပိ၊ မမြင်ဖူးသည်လည်းဖြစ်သော။ ကတပုဗ္ဗမ္ပိ၊ ပြုလုပ်ဖူးသည်လည်းဖြစ်သော။ အကတပုဗ္ဗမ္ပိ၊ မပြုလုပ်ဖူးသည်လည်းဖြစ်သော။ ခေမမ္ပိ၊ ဘေးကင်းသည်လည်းဖြစ်သော။ သထသမ္ပိ၊ ဘေးနှင့်တကွလည်းဖြစ်သော။ သုပိနံ၊ အိပ်မက်ကို။ ပဿန္တိ၊ မြင်မက်ကုန်၏။ ဒူရေပိ၊ အဝေး၌လည်းကောင်း။ သန္တိကေပိ၊ အနီး၌လည်းကောင်း။ ဗဟုဝိဓာနိ၊ များသောအပြားရှိကုန်သော။ အနေကပဏ္ဏသဟဿာနိပိ၊ အထောင်မက များလှသော အကြောင်းအရာတို့ကိုလည်း။ ဒိဿန္တိ၊ မြင်အပ်ကုန်၏။ ဧတံသုဝိနံနာမ၊ ဤအိပ်မက်သည်ကား။ ကိဉ္စ၊ အဘယ်ပါနည်း။ ဧတံ၊ ဤအိပ်မက်ကို။ ကောစ၊ အဘယ်သူသည်မူလည်း။ ပဿတိ၊ မြင်မက်ပါသနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ စိတ္တဿ၊ စိတ်အား။ ယံ၊ အကြင်အာရုံသည်။ အာပါထံ၊ ရှေးရှုသက်ရောက်ခြင်းသို့။ ဥပဂစ္ဆတိ၊ ကပ်ရောက်လာ၏။ ဧတံနိမိတ္တံ၊ ဤအာရုံသည်။ သုပိနံနာမ၊ အိပ်မက်မည်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဆ၊ ခြောက်ဦးကုန်သော။ ဣမေ၊ ဤသူတို့သည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်ကုန်၏။ ဝါတိကော၊ လေနာရှိသူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ ပိတ္တိကော၊ သည်းခြေနာရှိသူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ သေမှိကော၊ သလိပ်နာရှိသူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ ဒေဝတူပသံ ဟာရတော၊ နတ်တို့ဆောင်ပြသောကြောင့်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ သမုဒါစိဏ္ဏတော၊ လေ့ကျင့်ဖူးသောကြောင့်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ ပုဗ္ဗနိမိတ္တတော၊ ရှေးဦးနိမိတ်ကြောင့်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတြ၊ ထိုခြောက်ပါးတို့တွင်။ ပုဗ္ဗနိမိတ္တတော၊ ရှေးဦးနိမိတ်ကြောင့်။ ယံသုပိနံ၊ အကြင်အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတြ၊ ထိုခြောက်ပါးတို့တွင်။ ပုဗ္ဗနိမိတ္တတော၊ ရှေးဦးနိမိတ်ကြောင့်။ ယံသုပိနံ၊ အကြင်အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ တံယေဝ၊ ထိုအိပ်မက်သည်သာလျှင်။ သစ္စံ၊ မှန်ကန်၏။ အဝသေသံ၊ အကြွင်းငါးမျိုးကြောင့်မက်သောအိပ်မက်သည်။ မိစ္ဆာ၊ မှားယွင်း၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ယော၊ အကြင်သူသည်။ ပုဗ္ဗနိမိတ္တတော၊ ရှေးဦးနိမိတ်ကြောင့်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ တဿ၊ ထိုသူ၏။ စိတ္တံ၊ စိတ်သည်။ သယံ၊ မိမိသည်။ ဂန္တွာ၊ သွားရောက်၍။ တံနိမိတ္တံ၊ ထိုအာရုံကို။ ဝိစိနာတိကိံ၊ စူးစမ်းရှာဖွေသလော။ တံဝါနိမိတ္တံ၊ ထိုအာရုံသည်မူလည်း။ စိတ္တဿ၊ စိတ်အား။ အာပါထံ၊ ရှေးရှုသက်ရောက်ခြင်းသို့။ ဥပဂစ္ဆတိကိံ၊ ကပ်ရောက်သလော။ အညောဝါ၊ သူတပါးသည်မူလည်း။ တဿ၊ ထိုသူအား။ အာဂန္တွာ၊ လာ၍။ အာရောစေတိကိံ၊ ပြောကြားပါသလော။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ တဿ၊ ထိုသူ၏။ စိတ္တံ၊ စိတ်သည်။ သယံ၊ မိမိသည်။ ဂန္တွာ၊ သွားရောက်၍။ တံနိမိတ္တံ၊ ထိုအာရုံကို။ နဝိစိနာတိ၊ စူးစမ်းမရှာဖွေ။ အညော၊ တပါးသော။ ကောစိဝါ၊ တစုံတယောက်သောသူသည်မူလည်း။ တဿ၊ ထိုသူအား။ အာဂန္တွာ၊ လာ၍။ နာပိအာရောစေတိ၊ ပြောလည်းမပြောကြား။ အထခေါ၊ စင်စစ်ကား။ တံယေဝနမိတ္တံ၊ ထိုအာရုံသည်သာ။ စိတ္တဿ၊ စိတ်အား။ အာပါထံ၊ ရှေးရှုသက်ရောက်ခြင်းသို့။ ဥပဂစ္ဆတိ၊ ကပ်ရောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ အာဒါသော၊ ကြေးရသည်။ သယံ၊ မိမိသည်။ ကုဟိဉ္စိ၊ တစုံတခုသော အရပ်သို့။ ဂန္တွာ၊ သွားရောက်၍။ ဆာယံ၊ အရိပ်ကို။ နဝိစိနာတိ၊ မရှာဖွေ။ အညော၊ တပါးသော။ ကောစိ၊ တစုံတယောက်သောသူသည်။ ဆာယံ၊ အရိပ်ကို။ အာနေတွာ၊ ဆောင်၍။ အာဒါသံ၊ ကြေးမုံကို။ နာပိအာရောစေတိ၊ ပြောလည်းမပြောကြား။ အထခေါ၊ စင်စစ်သော်ကား။ ယတောကုတောစိ၊ အမှတ်မရှိတစ်ခုသောအရပ်မှ။ ဆာယာ၊ အရိပ်သည်။ အာဂန္တွာ၊ လာ၍။ အာဒါသဿ၊ ကြေးမုံအား။ အာပါထံ၊ ရှေးရှုသက်ရောက်ခြင်းသို့။ ဥပဂစ္ဆတိ၊ ကပ်ရောက်လာ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေခေါ၊ ဤအတူပင်။ တဿ၊ ထိုသူ၏။ စိတ္တံ၊ စိတ်သည်။ သယံ၊ မိမိသည်။ ဂန္တွာ၊ သွားရောက်၍။ တံနိမိတ္တံ၊ ထိုအာရုံကို။ နဝိစိနာတိ၊ မရှာဖွေ။ အညော၊ တပါးသော။ ကောစိ၊ တစုံတယောက်သော သူသည်။ အာဂန္တွာ၊ လာ၍။ နာပိအာရောစေတိ၊ ပြောလည်းမပြောကြား။ အထခေါ၊ စင်စစ်ကား။ ယတောကုတောစိ၊ အမှတ်မရှိတခုခုသော အရပ်မှ။ နိမိတ္တံ၊ အာရုံသည်။ အာဂန္တွာ၊ လာ၍။ စိတ္တဿ၊ စိတ်အား။ အာပါထံ၊ ရှေးရှုသက်ရောက်ခြင်းသို့။ ဥပဂစ္ဆတိ၊ ကပ်ရောက်၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ယံတံစိတ္တံ၊ အကြင်စိတ်သည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ တံစိတ္တံ၊ ထိုစိတ်သည်။ ဧဝံနာမဝိပါကော၊ ဤမည်သောအကျိုးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ခေမံဝါ၊ ကောင်းသည်မူလည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဘယံဝါ၊ ဘေးရှိသည်မူလည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ အဝိနုဇာနာတိ၊ သိနိုင်ပါသလော။
မဟာရာဇ၊ မြတ်သောမင်းကြီး။ တံစိတ္တံ၊ ထိုစိတ်သည်။ ဧဝံဝိပါကော၊ ဤမည်သောအကျိုးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ခေမံဝါ၊ ကောင်းသည်မူလည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဘယံဝါ၊ ဘေးရှိသည်မူလည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ နဟိဇာနာတိ၊ မသိနိုင်။ ပန၊ ဧကန်သော်ကား။ နိမိတ္တေ၊ အာရုံသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သော်။ အညေသံ၊ သူတပါးတို့အား။ ကထေသိ၊ ပြောဆို၏။ တတော၊ ထိုနောင်မှ။ တေ၊ ထိုသူတပါးတို့သည်။ အတ္ထံ၊ အကျိုးအပြစ်ကို။ ကထေန္တိ၊ ပြောဆိုကုန်၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဣင်္ဃ၊ တောင်းပန်ပါ၏။ ကာရဏံ၊ အကြောင်းကို။ မေ၊ အကျွန်ုပ်အား။ ဒဿေတိ၊ ပြပါလော။ ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ သရိရေ၊ ကိုယ်၌။ တိလကာ၊ မှည့်တို့သည်လည်းကောင်း။ ပီဠကာ၊ မြင်းဖုတို့သည်လည်းကောင်း။ ဒဒ္ဓူနိ၊ ပွေးတို့သည်လည်းကောင်း။ လာဘာယဝါ၊ လာဘ်ရခြင်းငှာလည်းကောင်း။ အလာဘာယဝါ၊ လာဘ်မရခြင်းငှာလည်းကောင်း။ ယဿယဝါ၊ အခြံအရံများခြင်းငှာလည်းကောင်း။ အယသာယဝါ၊ အခြံအရံနည်းခြင်းငှာလည်းကောင်း။ နိန္ဒာယဝါ၊ ကဲ့ရဲ့ခြင်းငှာလည်းကောင်း။ ပသသာယဝါ၊ ချီးမွမ်းခြင်းငှာလည်းကောင်း။ သုခါယဝါ၊ ချမ်းသာခြင်းငှာလည်ကောင်း။ ဒုက္ခာယဝါ၊ ဆင်းရဲခြင်းငှာလည်း‌ကောင်း။ ဥဋ္ဌဟန္တိ၊ ပေါ်ပေါက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာပီဠကာ၊ ထိုမြင်းဖုတို့သည်။ ဣမံနာမအတ္ထံ၊ ဤမည်‌သော အကျိုးအပြစ်ကို။ မယံ၊ ငါတို့သည်။ နိပ္ဖါဒေဿာမ၊ ပြီးစေကုန်အံ့။ ဣတိ၊ ဤသို့။ ဇာနိတွာ၊ သိကုန်၍။ အပိနုဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သလော။
ဘန္တေ၊ အရှင်ဘုရား။ ယာဒိသေ၊ အကြင်သို့သဘောရှိသော။ ဩကာသေ၊ အရပ်၌။ တာပီဠကာ၊ ထိုမြင်းဖုတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္တဩကာသေ၊ ထိုအရပ်၌။ တာပီဠကာ၊ ထိုမြင်းဖုတို့ကို။ ဒိသွာ၊ မြင်ကုန်၍။ နေမိတ္တကာ၊ နိမိတ်ဖတ်တတ်ကုန်သောဆရာတို့သည်။ ဧဝံနာမဝိပါကော၊ ဤမည်သောအကျိုးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ နဟိဗျာကရောန္တိ၊ မပြောကြားကုန်။ ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူသာလျှင်။ ယံတံစိတ္တံ၊ အကြင်စိတ်သည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ တံစိတ္တံ၊ ထိုစိတ်သည်။ ဧဝံနာမဝိပါကော၊ ဤမည်သော အကျိုးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ခေမံဝါ၊ ကောင်းသည်မူလည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဘယံဝါ၊ ဘေးရှိသည်မူလည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ နဇာနာတိ၊ မသိ။ ပန၊ ဧကန်သော်ကား။ နိမိတ္တေ၊ အာရုံသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သော်။ အညေသံ၊ သူတပါးတို့အား။ ကထေတိ၊ ပြောဆို၏။ တတော၊ ထိုနောင်မှ။ တေ၊ ထိုသူတပါးတို့သည်။ အတ္ထံ၊ အကျိုးအပြစ်ကို။ ကထေန္တိ၊ ပြောဆိုကုန်၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ယော၊ အကြင်သူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ သော၊ ထိုသူသည်။ နိဒ္ဒါယန္တော၊ အိပ်ပျော်စဉ်။ ပဿတိ၊ မြင်မက်ပါသလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူ။ ဇာဂရမာနော၊ နိုးစဉ်။ ပဿသိ၊ မြင်မက်ပါသလော။ ဣတိ၊ ဤသို့မေးလျှောက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယောသော၊ အကြင်သူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။
သော၊ ထိုသူသည်။ နိဒ္ဒါယန္တော၊ အိပ်ပျော်စဉ်။ နပဿတိ၊ မမြင်မက်။ ဇာဂဓန္တေ၊ နိုးစဉ်။ နာပိပဿတိ၊ မြင်လည်းမမြင်မက်။
အပိစ၊ စင်စစ်ကား။ မိဒ္ဓေ၊ ငိုက်မြည်းခြင်းသို့‌။ ဩက္ကန္တေ၊ သက်ရောက်သော်။ ဘဝင်္ဂေ၊ ဘဝင်အယဉ်သို့။ အသမ္ပတ္တေ၊ မရောက်မှီ။ ဧတ္ထန္တရေ၊ ဤအတွင်း၌။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ မိဒ္ဓသမာရူဠဿ၊ အိပ်ပျော်ခြင်းသို့ကောင်းကောင်းတက်ရောက်သောသူ၏။ စိတ္တံ၊ စိတ်သည်။ ဘဝင်္ဂဂတံ၊ ဘဝင်အယဉ်သို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။ ဘဝင်္ဂဂတံ၊ ဘဝင်အယဉ်သို့ရောက်သော။ စိတ္တံ၊ စိတ်သည်။ နပဝတ္တတိ၊ မလည်နိုင်။ အပဝတ္တံ၊ မလည်နိုင်သော။ စိတ္တံ၊ စိတ်သည်။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ နပ္ပဇာနာတိ၊ မသိ။ အပ္ပဋိဝိဇာနန္တဿ၊ မသိသူအား။ သုပိနော၊ အိပ်မက်မက်ခြင်းသည်။ နဟောတိ၊ မဖြစ်ပေ။ စိတ္တေ၊ စိတ်သည်။ ပဝတ္တမာနေ၊ လည်သည်ရှိသော်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ တိမိရေ၊ မှောင်မိုက်သော။ အပ္ပဘာသေ၊ အရောင်အလင်းမရှိသော။ အန္ဓကာရေ၊ အမိုက်တိုက်၌။ သုပရိသုဒ္ဓေ၊ အလွန်စင်ကြယ်လှသော။ အာဒါသေပိ၊ မှန်၌လည်း။ ဆာယာ၊ အရိပ်သည်။ နဒိဿတိ၊ မထင်။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူသာလျှင်။ မိဒ္ဓသမာရူဠေ၊ အိပ်ပျော်ခြင်းသို့ကောင်းကောင်းတက်ရောက်သော။ စိတ္တေ၊ စိတ်သည်။ အပ္ပဝတ္တံ၊ မလည်သည်။ ဟောတိ၊ ဖြစ်၏။ စိတ္တေ၊ စိတ်သည်။ အပ္ပဝတ္တေ၊ မလည်သည်ရှိသော်။ သုပိနံ၊ အိပ်မက်ကို။ နပဿတိ၊ မမြင်မက်။
မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဒါယောယထာ၊ မှန်ကဲ့သို့။ ဧဝံ၊ ဤအတူ။ သရိရံ၊ ကိုယ်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
အန္ဓကာရောယထာ၊ အမိုက်တိုက်ကဲ့သို့။ ဧဝံ၊ ဤအတူ။ မိဒ္ဓံ၊ အိပ်ပျော်ခြင်းသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။ အာလောကောယထာ၊ အလင်းကဲ့သို့။။ ဧဝံ၊ ဤအတူ။ စိတ္တံ၊ စိတ်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ယထာဝါပန၊ အလင်းကဲ့သို့။ ဧဝံ၊ ဤအတူ။ စိတ္တံ၊ စိတ်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ယထာဝါပန၊ ဥပမာတနည်းကား။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟိမကောတ္ထဋဿ၊ ဆီးနှင်းလွှမ်းမိုး ပိတ်ဖုံးသော။ သူရိယဿ၊ နေ၏။ ပတာ၊ အရောင်သည်။ နဒိဿတိ၊ မထင်။ သန္တာယေဝ၊ ထင်ရှားရှိလျက်သာ။ သူရိယရသ္မိယာ၊ နေရောင်သည်။ အပ္ပဝတ္တာယ၊ မဖြစ်ပေါ်သည်ရှိသော်။ အာလောကော၊ အလင်းသည်။ နဟောတိ၊ မဖြစ်။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ မိဒ္ဓသမာရုဠှဿ၊ အိပ်ပျော်ခြင်းသို့ကောင်းကောင်းတက်ရောက်သောသူ၏။ စိတ္တံ၊ စိတ်သည်။ ဘဝင်္ဂဂတံ၊ ဘဝင်အယဉ်သို့ရောက်သည်။ ဟောတိ၊ ဖြစ််၏။ ဘဝင်္ဂဂတံ၊ ဘဝင်အယဉ်သို့ ရောက်သော။ စိတ္တံ၊ စိတ်သည်။ နပ္ပဝတ္တတိ၊ မလည်နိုင်။ စိတ္တေ၊ စိတ်သည် အပ္ပဝတ္တေ၊ မလည်သည်ရှိသော်။ သုပိနံ၊ အိပ်မက်ကို။ နပဿတိ၊ မမြင်မက်။
မဟာရာဇ၊ မြတ်သောမင်းကြီး။ သူရိယောယထာ၊ နေကဲ့သို့။ ဧဝံ၊ ဤအတူ။ သရိရံ၊ ကိုယ်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဟိမကောယထာ၊ ဆီးနှင်းလွှမ်းမိုးပိတ်ဖုံးသကဲ့သို့။ ဧဝံ၊ ဤအတူ။ မိဒ္ဓံ၊ အိပ်ပျော်ခြင်းကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။ သူရိယရသ္မိယထာ၊ နေရောင်ကဲ့သို့။ ဧဝံ၊ ဤအတူ။ စိတ္တံ၊ စိတ်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒွိန္နံ၊ သူနှစ်ဦးတို့၏။ သရိရေ၊ ကိုယ်သည်။ သန္တေပိ၊ ထင်စွာရှိသော်လည်း။ စိတ္တံ၊ စိတ်သည်။ အပ္ပဝတ္တံ၊ မဖြစ်ပေါ်သည်။ ဟောတိ၊ ဖြစ်၏။ မိဒ္ဓသမာရူဠဿ၊ အိပ်ခြင်းသို့ကောင်းစွာ တက်ရောက်သည်ဖြစ်၍။ ဘဝင်္ဂဂတဿ၊ ဘဝင်အယဉ်သို့ ရောက်သောသူ၏။ သရိရေ၊ ကိုယ်သည်။ သန္တေပိ၊ ထင်စွာရှိသော်လည်း။ စိတ္တံ၊ စိတ်သည်။ အပ္ပဝတ္တံ၊ မဖြစ်ပေါ်သည်။ ဟောတိ၊ ဖြစ်၏။ နိရောဓသမာပန္နဿ၊ နိရောဓသမာပတ်ဝင်စားသူ၏။ သရိရေ၊ ကိုယ်သည်။ သန္တေပိ၊ ထင်စွာရှိသော်လည်း။ စိတ္တံ၊ စိတ်သည်။ အပ္ပဝတ္တံ၊ မဖြစ်ပေါ်သည်။ ‌ဟောတိ၊ ဖြစ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇာဂရန္တဿ၊ နိုးသောသူ၏။ စိတ္တံ၊ စိတ်သည်။ လောလံ၊ လှုပ်သည်။ ဝိဝဋံ၊ ပွင့်သည်။ ပါကဋံ၊ ပေါ်သည်။ အနိဗဒ္ဓံ၊ မဖွဲ့ချည်သည်။ ဟောတိ၊ ဖြစ်၏။ ဧဝရူပဿ၊ ဤသို့သောသူ၏။ စိတ္တေ၊ စိတ်၌။ နိမိတ္တံ၊ အာရုံသည်။ အာပါထံ၊ ထင်ခြင်းသို့။ နဥပေတိ၊ မရောက်။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝိဝဋံ၊ ဟင်းလင်းပွင့်တတ်သော။ ပါကဋံ၊ ပေါ်လွင်သော။ အကိရိယံ၊ ကောင်းသောအမူအရာမရှိသော။ အရဟဿံ၊ မလျို့ဝှက်သူတို့သည်။ ပရိဝေဇ္ဇန္တိယထာ၊ ကြဉ်ရှောင်ကုန်၏တို့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ဇာဂရန္တဿ၊ နိုးသောသူအား။ ဒိဗ္ဗော၊ နတ်၌ဖြစ်သော။ အတ္ထော၊ အကြောင်းနိမိတ်သည်။ အာပါထံ၊ ထင်ခြင်းသို့။ နဥပဂစ္ဆတိ၊ မရောက်။ တသ္မာ၊ ထိုကြောင့်။ ဇာဂရန္တေ၊ နိုးသောသူသည်။ သုပိနံ၊ အိပ်မက်ကို။ နပဿတိ၊ မမြင်မက်။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာဝါပန၊ ဥပမာတနည်းကား။ ဘိန္နာဇီဝံ၊ အာဇီဝပျက်သော။ အနစာရံ၊ အကျင့်မရှိသော။ ပါပမိတ္တံ၊ ယုတ်သောခင်ပွန်းရှိသော။ ဒုဿီလံ၊ သီလကင်းသော။ ကုသီတံ၊ ပျင်းရိသော။ ဟီနဝိရိယံ၊ လျော့သော လုံ့လရှိသော။ ဘိက္ခုံ၊ ရဟန်းသို့။ ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော။ ဗောဓိပက္ခိယဓမ္မာ၊ ဗောဓိပက္ခိယတရားတို့သည်။ အာပါထံ၊ ထင်ခြင်းသို့။ နဥပေန္တိ၊ မရောက်ကုန။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ဇာဂရန္တဿ၊ နိုးသောသူအား။ ဒိ‌ဗ္ဗော၊ နတ်၌ဖြစ်သော။ အတ္ထော၊ အကြောင်းသည်။ အာပါထံ၊ ထင်ခြင်းသို့။ နဥပေတိ၊ မရောက်။ တသ္မာ၊ ထိုကြောင့်။ ဇာဂရန္တော၊ နိုးသောသူသည်။ သုပိနံ၊ အိပ်မက်ကို။ နပဿတိ၊ မမြင်မက်။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ မိဒ္ဓဿ၊ အိပ်ခြင်း၏။ အာဒိမဇ္ဈပရိယောသာနံ၊ အစအလယ်အဆုံးသည်။ အတ္ထိ၊ ရှိပါ၏လော။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ မိဒ္ဓဿ၊ အိပ်ခြင်း၏။ အာဒိမဇ္ဈပရိယောသာနံ၊ အစအလယ်အဆုံးသည်။ အာမအတ္ထိ၊ ဪရှိ၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
အာဒိ၊ အစသည်။ ကတမံ၊ အဘယ်နည်း။ မဇ္ဈံ၊ အလယ်သည်။ ကတမံ၊ အဘယ်နည်း။ ပရိယောသာနံ၊ အဆုံးသည်။ ကတမံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ကာယဿ၊ ကိုယ်၏။ ယောဩနာဟော၊ အကြင်လေးလံ ထိုင်းမှိုင်းခြင်းသည်။ ယောပရိယောနာဟော၊ အကြင်အလွန်လေးလံ ထိုင်းမှိုင်းခြင်းသည်။ ယံဒုဗ္ဗလျံ၊ အကြင်အားနည်းခြင်းသည်။ ယာမန္ဒတာ၊ အကြင်နုံ့နှေးခြင်းသည်။ ကာယဿ၊ ကိုယ်၏။ ယာအကမ္မညတာ၊ အကြင်မခန့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ မိဒ္ဓဿ၊ အိပ်ခြင်း၏။ အာဒိ၊ အစမည်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ကပိနိဒ္ဒါပရေတော၊ မျောက်၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းနှင့်ယှဉ်သည်ဖြစ်၍။ ဝေါကိဏ္ဏကံ၊ စိတ်အစဉ်နှင့် ဘဝင်ရောပြွမ်းခြင်းသို့။ ဇဂ္ဂတိ၊ ရောက်၏။ ဣဒံ၊ ဤသည်ကား။ မိဒ္ဓဿ၊ အိပ်ခြင်း၏။ မဇ္ဈံ၊ အလယ်မည်၏။
ဘဝင်္ဂဝတိ၊ ဘုဝင်အယဉ်သို့ရောက်ခြင်းသည်။ ပရိယောသာနံ၊ အဆုံးမည်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ မဇ္ဈူပဂတော၊ အိပ်ခြင်း၏အလယ်၌ရောက်လျက်။ ကပိနိဒ္ဒါပရေတော၊ မျောက်၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းနှင့်ယှဉ်သောသူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ယတစာရီ၊ လုံ့လအကျင့်ရှိသော။ ကောစိ၊ တစုံတယောက်သော ယောဂီပုဂ္ဂိုလ်သည်။ သမာဟိတစိတ္တော၊ တည်ကြည်သော စိတ်ရှိလျက်။ ဌိဘဓမ္မော၊ တရား၌ တည်၍။ အစလဗုဒ္ဓိ၊ မတုန်လှုပ်သော ဉာဏ်အမြင်ရှိလျက်။ ပဟီနကော တူဟလသဒ္ဒံ၊ ပယ်အပ်သောအုတ်အုတ်ကျက်ကျက်သံရှိသော။ ဝနံ၊ တောသို့။ အဇ္ဈောဂါဟိတွာ၊ သက်ဝင်၍။ သုခုမံ၊ သိမ်မွေ့သော။ အတ္ထံ၊ အကြောင်းအကျိုးကို။ စိန္တယတိ၊ ကြံစည်၏။ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုတော၌။ မိဒ္ဓံ၊ ငိုက်မြည်းခြင်းသို့။ နစဩက္ကမတိ၊ မသက်ရောက်။ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုတော၌။ သမာဟိတော၊ တည်ကြည်သောပုဂ္ဂိုလ်အား။ ဧကဂ္ဂစိတ္တော၊ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍။ သုခုမံ၊ သိမ်မွေ့သော။ အတ္ထံ၊ အကြောင်းအကျိုးကို။ ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍သိ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ဇာဂရော၊ နိုးသော။ နမိဒ္ဒသမာပန္နော၊ အိပ်ပျော်ခြင်းသို့ကောင်းကောင်းမရောက်သော။ မဇ္ဈုပဂတော၊ အိပ်ခြင်း၏အလယ်သို့ရောက်သော။ ကပိနိဒ္ဒါပရေတော၊ မျောက်၏အိပ်ခြင်းနှင့်ယှဉ်သောသူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ကောတူဟလသဒ္ဒေါယထာ၊ အုတ်အုတ်ကျက်ကျက်သံကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇာဂရံ၊ နိုးကြားခြင်းကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဝိဝိတ္တံ၊ ဆိတ်သော။ ဝနံယထာ၊ တောကဲ့သို့။ ဧဝံ၊ ဤအတူ။ ကပိနိဒ္ဒါပရေတော၊ မျောက်၏အိပ်ခြင်းနှင့် ယှဉ်သောသူကို။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ ကောတူဟလသဒ္ဒံ၊ အုတ်အုတ်ကျက်ကျက်သံကို။ ဩဟာယ၊ ပယ်ရှား၍။ မိဒ္ဓံ၊ အိပ်ပျော်ခြင်းကို။ ဝိဝဇ္ဇေတွာ၊ ကြည်၍။ မဇ္ဈတ္တဘူတော၊ အိပ်ခြင်း၏အလယ်သို့ရောက်သည်ဖြစ်၍။ သုခုမံ၊ သိမ်မွေ့သော။ အတ္ထံ၊ အကြောင်းအကျိုးကို။ ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍သိ၏။ ဧဝံ၊ ဤသို့။ ဇာဂရော၊ နိုးကြားသော။ နမိဒ္ဓသမာပန္နော၊ အိပ်ပျော်ခြင်းသို့ကောင်းကောင်းမရောက်သော။ ကပိနိဒ္ဒါ ပရေတော၊ မျောက်၏အိပ်ခြင်းနှင့်ယှဉ်သောသူသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿတိ၊ မြင်မက်၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ သာဓု၊ ကောင်းလှပါ၏။ ဧဝံ၊ ဤသို့။ ဧတံ၊ ဤသဘောကို။ တထာ၊ ထိုအရှင်မိန့်ဆိုတိုင်း။ သမ္ပဋိစ္ဆာမိ၊ ဝန်ခံပါ၏။ ဣတိ၊ ဤသို့လျှောက်၏။
ပဉ္စမီ၊ ငါးခုတို့၏ပြည့်ကြောင်းဖြစသော။ သုပိနပဉှာ၊ အိပ်မက်ကိုမေးသောပြဿနာသည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။