**သုတ္တန္တေ ၊ပေ၊ ဂမနံ**။ ။သုတ္တန္တဘာဇနီယာဒိ၌ အာဒိဖြင့် ဝိဘင်းအတွက် အဘိဓမ္မဘာဇနီယ ပဉှာပုစ္ဆကနည်းကိုလည်းကောင်း, ဓာတုကထာအတွက် သင်္ဂဟ အသင်္ဂဟစသော နည်းကိုလည်းကောင်း, ပုဂ္ဂလပညတ်အတွက် ဧကကစသော နည်းကို လည်းကောင်း, ကထာဝတ္ထုအတွက် သုဒ္ဓိကသစ္စကဋ္ဌစသော နည်းကိုလည်းကောင်း, ယမိုက်အတွက် မူလ မူလစသော နည်းကိုလည်းကောင်း ယူပါ၊ အနုလောမာဒိ၌ အာဒိဖြင့် ပဋ္ဌာန်းအတွက် ပစ္စနီယစသောနည်းကို ယူပါ။**ဧတ္ထ ၊ပေ၊ နိစ္ဆိတေသု**။ ။ဤအဋ္ဌကထာကဏ္ဍ၌ စိတ္တုပ္ပာဒ်အားဖြင့်လည်း ကောင်း, ကာမာဝစရစသော ဘုံအထူးနှင့် ယှဉ်ပုံအားဖြင့်လည်းကောင်း၊ “ကုသလာ ဓမ္မာ”စသော မာတိကာပုဒ်တို့၏အနက်တို့ကို ဆုံးဖြတ်အပ်ကုန်ပြီးဖြစ်လျှင် ထိုနယ ဂမနကို လွယ်ကူစွာ တူအောင်ပြုနိုင်ကြသည်၊ [သမာနေန္တိ ကို “သမာနံ ကရောန္တိ”ဟု နိဒါနကထာ၌ ဖွင့်ခဲ့ပြီ။]**ဧတ္ထ ပန ၊ပေ၊ ဂမနတော**။ ။ ပါဠိတော်၌ “စတူသု ၊ပေ၊ ကုသလံ”ဟု အဘယ့်ကြောင့် ဧကဝုစ်ဖြင့် ညွှန်ပြတော်မူအပ်ပါသနည်းဟု မေးဖွယ်ရှိ၍ ပါဠိတော် စာသွားကို ဖွင့်ပြလိုသောကြောင့် “ဧတ္ထ ပန”စသည်ကို မိန့်သည်၊ ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ်ဖဿစသော လေးမျိုးဖြစ်၍ များသော်လည်း ထိုကုသိုလ် ဖဿ ဝေဒနာစသည်တို့က ကုသိုလ်အဖြစ်၌ တစ်ခုတည်းအဖြစ်သို့ ကပ်ရောက်ကြသောကြောင့် (ဇာတျာပေက္ခနည်းအားဖြင့်) “ကုသလံ”ဟု ဧကဝုစ်ဖြင့် ညွှန်ပြတော်မူပါသည်၊ [ဧကဝစနနိဒ္ဒေသော နေရာဝယ် အနုဋီကာ၌ အဝိသိဋ္ဌနိဒ္ဒေသော-သာမညအားဖြင့် ညွှန်ပြခြင်း”ဟု ပါဌ်ရှိ၏။)**ယဒိပိ ကုသလတ္တိကဝိတ္ထာရော**။ ။စိတ္တုပ္ပာဒကဏ္ဍ ရူပကဏ္ဍတို့၌ ဘုံလေးပါး၌ဖြစ်သော စိတ္တုပ္ပာဒ်စသည်ကို သိပြီးသောပုဂ္ဂိုလ်အတွက် ဤအဋ္ဌကထာကဏ္ဍကို အားထုတ်အပ်လျှင် “အဘယ်ကြောင့် သိအပ်ပြီးသော ကုသိုလ်၏နိဒ္ဒေသ (အကျယ်)ကို ဤ၌ ထပ်၍ ဝေဖန်အပ်ပါသနည်း”ဟု မေးဖွယ်ရှိသောကြောင့် “ယဒိပိ ၊ပေ၊ ဣဓ ကုသလတိကနိဒ္ဒေသော ပုန ဝိဘတ္တော”ဟု မိန့်သည်၊ ဆိုလိုရင်းကား . . . ရှေး၌ အကျယ် သိအပ်ပြီးဖြစ်သော်လည်း ထိုတရားတို့ကို တစ်ခုတည်းသော အနဝဇ္ဇသုခဝိပါကလက္ခ ဏာ၌လည်းကောင်း, သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ၌လည်းကောင်း, အဝိပါကလက္ခဏာ ၌လည်းကောင်း, ပေါင်း၍မသိရသေး၊ ထိုသို့ ပေါင်း၍သိခြင်းငှာ ဤကဏ္ဍ၌ ကုသလ တိကအကျယ်ကို ထပ်၍ ဝေဖန်အပ်ပါသည်-ဟူလို။**ဧတ္ထ စ၊ပေ၊ ဝုတ္တမေဝ**။ ။ “စတူသု ဘူမိသု ကုသလံ”ကို ရည်ရွယ်၍ “ဧကဝစနေန ကုသလနိဒ္ဒေသံ ကတွာ”ဟု မိန့်သည်၊ ထိုသို့ ဧကပုစ်ဖြင့် ဟောတော် မူပြီးနောက် “ဣမေ ဓမ္မာ ကုသလာ”ဟု ဗဟုဝုစ်ဖြင့် နိဂုံးအုပ်ခြင်းကို “ဗဟုဝစနေန နိဂမနံ”ဟု ဆို သည်၊ ထိုသို့ဗဟုဝုစ်ဖြင့် နိဂုံးအုပ်ခြင်းကား ပုစ္ဆာအားလျော်အောင်အုပ်ခြင်း, (ပုစ္ဆာနုသန္နိ ဗဟုဝုစ်အားဖြင့်အုပ်ခြင်း)ဟု နိုင် နိက္ခေပကဏ္ဍ အသင်္ခတဒုကနိဒ္ဒေသ၌ အဋ္ဌကထာ ဖွင့်ပြခဲ့ပြီ-ဟူလို။**ယထာယောဂံ ယောဒေတဗ္ဗံ**။ ။စတူဟိ ဘူမီဟိ အာဓာရဏဘူတာဟိ ဝိသေသေတွာ သမယဖဿာဒိဘေဒံ အနာမသိတွာ ဝိပါကဘာဝေ ဧကတ္တံ နေတွာ စတူသု ဘူမီယု ဝိပါကာတိ ဝုတ္တံတိ ယောဇေတဗ္ဗ၊ ဒသ နယော တီသုဘမီသု ကြိယာဗျာကတံတိ အာဒိသုပိ-အနု။**စိတ္ထုပ္ပာဒေါတိ၊ပေ၊ သိဒ္ဓေါ**။ ။ဥပ္ပဇ္ဇတိ ဧတ္ထာတိ ဥပ္ပာဒေါ၊ စိတ္တဿ+ဥပ္ပာဒေါ စိတ္တုပ္ပာဒေါ-စိတ်၏ဖြစ်ရာ စေတသိက်အပေါင်း၊ ဤနည်းအရ စေတသိက်သာ တိုက်ရိုက်ရသော်လည်း အစိတ်ဖြစ်သော စေတသိက်အပေါင်းအမည်ကို စိတ်ရော စေတသိက်ပါ ပေါင်းစပ်နေသော အပေါင်း၌ တင်စား၍ ဧကဒေသူပစာရ (အဝယ ဝူပစာရ) အားဖြင့် စိတ် စေတသိက် နှင်းပါးစုံကိုပင် “စိတ္တုပ္ပာဒ”ဟု ခေါ်ခြင်းကိစ္စ ပြီးစီးတော့၏။**ယဒိ၊ပေ၊ စေ** ။ ။ “ယဒိ”ကို “ပရိတ္တကမ္မဿ ဝိပါကော ပရိတ္တာရမဏဿဝ အနုဘဝနံ ယဒိ ဟောတိ”ဟု တွဲပါ၊ ဤသို့ ပရိတ္တာကံ၏ အကျိုးဝိပါက် ဖြစ်သော တဒါရုံက ပရိတ္တအာရုံကိုသာ ခံစားနိုင်လျှင် … … “မဟဂ္ဂုတ်ဝိပါက်လည်း မဟဂ္ဂုတ် အာရုံကိုသာ ခံစားနိုင်၏"ဟူသော အနက်ဖြစ်နေ၏၊ အမှန်ကား--မဟဂ္ဂုတ်ဝိပါက်တို့မှာ ပထဝီကသိုဏ်းစသော ပညတ်အာရုံများကို ခံစားပါသည်၊-ဟူလို။**န၊ပေ၊ ဘဝိတဗ္ဗတ္တာ**။ ။သမာဓိပြဋ္ဌာန်းသော်လည်း အပ္ပနာသို့ မရောက်သော ဥပစာရသမာဓိကံများ ရှိသေးသောကြောင့် “အပ္ပနာပ္ပတ္တဿ”ဟု ဝိသေသန ပြုသည်၊ ထိုကံသည် သညာ၏အစွမ်းကြောင့် ထင်လာသောအာရုံရှိသောကြောင့် “သညာဝသာ ရမဏဿ”ဟု ဝိသေသနပြုပြန်သည်၊ ကမ္မဋ္ဌာန်းစီးဖြန်းတုန်းက ပရိကမ်သညာ၏ အစွမ်းကြောင့် ထင်လာသောပဋိဘာဂနိမိတ်အာရုံကို(ပထဝီကသိုဏ်းစသည်ကို) “သညာဝသံ+အာရမဏိယဿာတိ”ဟူသောဝစနတ္ထအရ “သညာဝသာရမဏ”ဟုဆိုသည်။ **ယသ္မာ ပန၊ပေ၊ ဝေဒိတဗ္ဗံ**။ ။ယသ္မာ ပနာတိအာဒိနာ ပါဠိယာဝ ယထာဝုတ္တံ အတ္ထံ နိစ္ဆိနောတိ၊ နာနက္ခဏိကကမ္မပစ္စယောတိ ဟိ ဧတ္ထ အဓိပ္ပေတော, ပစ္စယ ပစ္စယုပ္ပန္နာနံ ဘိန္နာရမဏတာယ ဝုတ္တတ္တာ၊ န စာတိအာဒိနာ ပရိတ္တဝိပါကာဧဝ ဣဓ ပစ္စယုပ္ပန္နာဝေန ဝုစ္ဆာတိ ဒဿေတိ၊ ဣဓာတိ ဣမသ္မိံ' အတ္ထုဒ္ဓါ ရကဏ္ဍ၊-အနု၊- ဤအဖွင့်ကို ထောက်၍ “ကမ္မပစ္စယေန ပစ္စယော”အရ နာနက္ခဏိကကမ္မပစ္စည်းကို ယူရသည်၊ မှန်၏-သဟဇာတကမ္မဖြစ်လျှင် ပစ္စည်းနှင့်ပစ္စပ္ပန်တို့ အာရုံမပြားနိုင်။**ကိလေသဝိရဟေ**။ ။အဝီတရာဂါနံ အပရိတ္တေပိ ကတ္တစိ အာရမဏေ သိယာ စေတသော ဥပ္ပိလာဝိတက္ကန္တိ (ရဟန္တာမဖြစ်သေးသူတို့မှာ ကာမအာရုံမဟုတ်သော အချို့အာရုံတို့၌ စိတ်၏ပေါလွင်သည်၏အဖြစ်သည် ရှိရာသေးသောကြောင့်) ကိလေသ ဝိရဟေတီ ဝိသေသေတွာ ဝုတ္တံ၊-အနု၊ ကိလေသာကင်းပြီးသော ရဟန္တာတို့၌ ကာမ အာရုံ၌သာ သတိ ဝိပ္ပယုတ္တဟသန ဖြစ်နိုင်၏၊ အခြားသော မဟဂ္ဂုတ် လောကုတ္တရာ အာရုံများ၌ သတိ ဝိပ္ပယုတ္တဟသနဖြစ်ဖို့ရန် အကြောင်းမရှိ-ဟူလို။**အဝိဇ္ဇမာနော ဝိဇ္ဇမာနော**။ ။ရုပ်သည် ပထဝီစသောသဘောအားဖြင့် ထင်ရှားရှိ၏၊ ဖုဿနစသော သဘောအားဖြင့် ထင်ရှားမရှိ၊ ဤသို့ သို့ တရားတစ်မျိုးကိုပင် “အဝိဇ္ဇမာန ဝိဇ္ဇမာန”ဟု နှစ်မျိုးရသကဲ့သို့ ပြအပ်ခဲ့သော ပညတ်များလည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အဝိဇ္ဇမာနလည်း ဟုတ်၏၊ သမ္မုတိသစ္စာ (လောကအပြော) အားဖြင့် ထင်ရှားရှိသောကြောင့် ဝိဇ္ဇမာနလည်း ဟုတ်၏၊ ထို့ကြောင့် ထိုပညတ်ကို “န ဝတ္တဗ္ဗအာရုံ”ဟုခေါ်၍ ထိုပညတ်ကို အာရုံပြုသောစိတ္တုပ္ပာဒ်ကို “နဝတ္တဗ္ဗံ+အာရမဏံ ယေသံ”ဟု ဗဟုဗွီဟိဝစနတ္ထပြု၍ “န ဝတ္တဗ္ဗာရဏာ”ဟု ခေါ်ရသည်။ **သမ္မုတိသစ္စေပန** ။ ။[ဣတော အညထာ (ဤဆိုအပ်ပြီးသောအခြင်းအရာမှတစ်ပါးသော အခြင်းအရာအားဖြင့်) အဝိဇ္ဇမာနပညတ္တိံ ဒဿေတုံ သမ္မုတိ သစ္စေ ပနာတိ အာဒိမာဟ၊-အနု၊] သမ္မုတိသစ္စေကို “ပညတ္တီတိ ဝုစ္စတိ၌ စပ်၊ ဝုစ္စမာနာနံကို ဝါစာဝတ္ထုမတ္တတော၌ စပ်၊ ဤဋီကာဆရာသည် ပညတ်ခန်းကို ဖွင့်ပြခဲ့ရာ၌ စကားသံအဘိလာပကို ပညတ်ဟု ဖွင့်ခဲ့၏၊ ဤ၌လည်း ထိုအတိုင်းဆိုသည်။**အဓိဋ္ဌာနဒွယံ** ။ ။စိတ္တကာယဝသေန ကာယစိတ္တပရိဏာမဏဘူတံ (စိတ်၏ အစွမ်းအားဖြင့် ကိုယ်ကို ညွတ်စေခြင်း, ကိုယ်၏အစွမ်းအားဖြင့် စိတ်ကို ညွတ်စေခြင်း ဖြစ်၍ဖြစ်သော) ရူပကာယပါဒကဇ္ဈာန စိတ္တာရမဏံ (ရူပကာယဟူသော အာရုံရှိ, ပါဒကဈာန်စိတ်ဟူသော အာရုံရှိသော) ဥဘယံ အဓိဋ္ဌာနံ-(နှစ်ပါးစုံသော အဓိဋ္ဌာန်စိတ်။) ဂန္တု၊ပေ၊ ဝသေန၊ မြန်မြန်သွားလိုသူ၏အဖြစ်ဟူသော ပရိကမ်, နှေးနှေး သွားလိုသူ၏ အဖြစ်ဟူသော ပရိကမ်၏အစွမ်းဖြင့်၊
တံသမ္ပယုတ္တာယ၊ ထိုပရိကမ်နှင့်ယှဉ်သော၊
သညာယ၊ သညာ၏၊
သုခ၊ပေ၊ဘာဝတော၊ ကောင်းသောသညာ, ပေါ့သော သညာ၏ အဖြစ်ကြောင့်၊
ဂမနမ္ပိ၊ သွားခြင်းကိုလည်း၊
နိပ္ဖာဒေတိ၊ ပြီးစေ၏၊
ဣတိ ဒဋ္ဌဗ္ဗံ။
တံသမ္ပ ၊ပေ၊ ဘာဝတော
။ ။ထိုအဓိဋ္ဌာန်စိတ် နှစ်မျိုးနှင့်ယှဉ်ပုံသည်ကို “တံ သမ္ပယုတ္တာယ”ဟု ဆိုသည်၊ ထိုသမ္ပယုတ်သညာ၏ “သုခသညာ လဟုသညာ သဗ္ဘဝတော-သုခသညာ လဟုသညာ၏ ထင်ရှားရှိသည်၏အဖြစ်ကြောင့်”ဟု အနုဖွင့်သည်၊ စတုတ္ထာဈာန်နှင့်ယှဉ်သော သညာကိုပင် (တရားကိုယ်အားဖြင့် ဥပေက္ခာဖြစ်စေကာမူ ငြိမ်သက်သောကြောင့်) သုခသညာဟု ဆိုထားသည်၊ ထိုစတုတ္ထာဈာန်သညာကိုပင် (နိဝရဏတို့မှလည်းကောင်း, ဝိတက်စသော ဆန့်ကျင်ဘက်တို့မှလည်းကောင်း လွတ်သောကြောင့် ပေါ့သော) လဟုသညာဟုလည်း ဆိုသည်။
ဂမနမ္ပိ နိပ္ဖာဒေတိ ။ ။သုခသညာဟူသည် ငြိမ်သက်သော သညာတည်း၊ ထိုသညာအစွမ်းကြောင့် စိတ်အစဉ်ကို မမြန်စေဘဲ ငြိမ်ငြိမ်သက်သက် ဖြစ်စေ၍ ကိုယ်၏ဖြစ်ပုံကဲ့သို့ နှေးသောဖြစ်ခြင်းကို ပြီးစေ၏၊ လဟုသညာဖြင့်ကား “စိတ်၏ မြန်ခြင်းကဲ့သို့ ကိုယ်၏လျင်မြန်ခြင်းကိုလည်း ပြီးစေ၏”ဟု မှတ်ပါ။
**နိဗ္ဗာန ၊ပေ၊ ဉာတေသု**။ ။“အပ္ပမာဏာ ခန္ဓာ ပုဗ္ဗေနိဝါသာနုဿတိ ညာဏ ဿ အာရမဏပစ္စယေန န ပစ္စယော”ဟု ဟောတော်မူသောကြောင့် ခန္ဓာ (မဂ်ဖိုလ်)ကိုသာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်က တိုက်ရိုက်အာရုံပြုနိုင်၏၊ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံမပြု နိုင်ဟု သိသာ၏၊ ထို့ကြောင့် နိဗ္ဗာန်ကို ပစ္စဝေက္ခဏဉာဏ်ဖြင့် ဆင်ခြင်ရာ၌ နိဗ္ဗာန် ကို အာရုံပြုနိုင်သော မဂ်ဖိုလ်စသည်ကို ရှေးဦးစွာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် အာရုံပြုပြီးမှ ပစ္စဝေက္ခဏဉာဏ်က နိဗ္ဗာန်ကို အာရုံပြုနိုင်၏၊ ထို့ကြောင့် ရှေ့ဝါကျ၌ “ပုဗ္ဗေနိဝါသာနုဿတိညာဏေန မဂ္ဂဖလေသု ဉာတေသု”ဟု ပြ၍, ဤဝါကျ၌ “နိဗ္ဗာန၊ပေ၊အပ္ပမာဏဓမ္မေသု ဉာတေသု”ဟု ပြသည်၊ (ကြွင်းအဓိပ္ပာယ်ကို အဋ္ဌကထာ နိဿယ၌ ပြထား၏။]**နိဗ္ဗာနဓာတုယာ**။ ။"နိဗ္ဗာန်”သည် ခန္ဓာမဟုတ်ရကား အနာဂတံသဉာဏ်အား ကျေးဇူးမပြုနိုင်၊ ထို့ကြောင့် "နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယိဿတိ”၌ ကိလေသပရိနိဗ္ဗာန် ဖြစ်သော မဂ်ဖိုလ်ဖြင့် ငြိမ်းအေးလတံ့”ဟု မဂ်ဖိုလ်အာရုံပြုပုံကို ပြသည်ဟူသော အနက်အဓိပ္ပာယ်သာ ဖြစ်သင့်သည်ဟု ဋီကာယူဆသည်။**ပဏ္ဏတ္တိ ၊ပေ၊ ဒဿေတိ** ။ ။အဋ္ဌကထာစာအုပ်များ၌ “ပဏ္ဏတ္တိ နိဗ္ဗာနာ ရမဏာနဉ္စ အာရုံပြုသောဇောကို ထည့်သွင်းထား၏၊ ၊ ဤ ဋီကာဆရာကား "နယံဒဿေတိ"ဟုလည်းကောင်း, "နိဗ္ဗာနာရမဏာနမ္ပိ ဇဝနာနံ” စသည်ဖြင့် နိဗ္ဗာန်ကို သီးခြားဆိုသောကြောင့်လည်းကောင်း ဤဋီကာ အလိုအားဖြင့် “ပဏ္ဏတ္တိနိဗ္ဗာနာရမဏာနဉ္စ”ဟု နိဗ္ဗာနပုဒ် တိုက်ရိုက်ပါဟန် မတူ။**နိဗ္ဗာနာ ၊ပေ၊ ရမဏတ္တာ**။ ။နိဗ္ဗာန်ကို အာရုံပြုသော ပစ္စဝေက္ခဏာဇော စသည်တို့၏ ရှေ့သွားဖြစ်ရာအခါ၌ ထိုအာဝဇ္ဇန်းကို နိဗ္ဗာန်ဟူသော န ၀တ္တဗ္ဗအာရုံ ရှိသည်ဟု ဆိုရ၏၊ သို့သော် နိဗ္ဗာန်အာရုံပြုသောဇောတို့၏ ရှေ့သွားဖြစ်တိုင်းကား န ဝတ္ထုဗ္ဗအာရုံရှိသည်ဟု မဆိုနိုင်၊ ဘာ့ကြောင့်နည်း မဂ္ဂဝီထိ ဖလဝီထိတို့၌ မဂ် ဖိုလ်တို့က နိဗ္ဗာန်ကို အာရုံပြုကြသော်လည်း ထို မနောဒွါရာဝဇ္ဇန်းက နိဗ္ဗာန်ကို အာရုံမပြုဘဲ တေဘူမကသင်္ခါရကို အာရုံပြုသောကြောင့်တည်း။**ဝါရာနာမာတိ** ။ ။အဋ္ဌကထာ၌ “ဧကဒွိသန္တတိဝါရာ" ကို ဝေဒိတဗ္ဗာ၌ တိုက်ရိုက်မစပ်ဘဲ “ဧက ၊ပေ၊ ဝါရာနာမာတိ-တို့မည်၏ဟူ၍”ဟု ဣတိသဒ္ဒါအကြေ ကြံပါဟုလည်းကောင်း, “ပဝတ္တာ ရူပသန္တတိ အရူပသန္တ တိဝါရာ”ဟု ဝေဒိတဗ္ဗာ၏ ကံကို ထည့်ပါဟုလည်းကောင်း ပြသည်၊ ဣသို့ ထည့်မှလည်း အဓိပ္ပာယ်ရသည်။ဝါ၊ အဋ္ဌကထာနည်းမှ တစ်နည်းကား၊
အတိ ၊ပေ၊ သမုဋ္ဌာနာ၊ အလွန်တိုလျသော သဘောတူဥတု အစရှိသည်တို့ကြောင့် ဖြစ်ကုန်သောအစဉ်တို့ကို၊
ဧက ဒွိသန္တ တိဝါရာတိ၊ ဟူ၍၊
ဝုတ္တာ၊ န်ပြီ။
အတိပရိတ္တ ၊ပေ၊ ဝုတ္တာ။ ။ဤနည်းကား ဋီကာနည်းတည်း၊ ဧကဒွိသန္တတိ ဝါရ၏သရုပ်ကို “အတိပရိတ္တ သဘာဂဥတုအာဒိ သမုဋ္ဌာနာ”ဟု ဝိသေသနပြု၍ ဖော်၏၊ ထိုသို့ သရုပ်ဖော်ပြီးဖြစ်၍ ဣတိသဒ္ဒါ အကြေမကြံရတော့၊ ဝေဒိတဗ္ဗာ၌ တိုက်ရိုက်စပ်နိုင်ပြီ။
ဆက်ဦးအံ့- အလွန် အပြောင်းအလွဲမြန်၍ တိုလျသော အအေးဥတုကြောင့်ဖြစ်သော ရုပ်အစဉ်တစ်ခုသည် ဧကသန္တ တိဝါရ, အအေးဥတု-အပူဥတုနှစ်မျိုးကြောင့်ဖြစ်သော ရုပ်အစဉ်နှစ်ခုသည် ဒွိသန္တ တိဝါရမည်၏၊ ထို့အတူ အာဒိဖြင့် စိတ်အစဉ်တစ်မျိုးကြောင့် ဖြစ်သော ရုပ်အစဉ်သည် ဧကသန္တတိဝါရ, စိတ်အစဉ်နှစ်မျိုးကြောင့်ဖြစ်သော ရုပ်စဉ်သည် ဒွိသန္တ တိဝါရမည်၏၊ အာဟာရ၌လည်း နည်းတူ၊ ရူပါရုံကို အာရုံပြုသော နာမ်ဝီထိ အစဉ်တစ်စဉ်သည် ဧကသန္တ တိဝါရ, ထိုကဲ့သို့ အာရုံနှစ်ခုကိုဆက်ကာ ဆက်ကာ အာရုံပြုသော နာမ်ဝီထိနှစ်စဉ်သည် ဒွိသန္တ တိဝါ ရမည်၏။
[မိမိဋီကာဆရာ၏အလိုအားဖြင့် ကေစိတို့၏အာဘော်ကိုပြလိုသောကြောင့် “ယံ ပန”စသည် မိန့်၊] ပန၊ ဆက်၊
တေ၊ ထိုကေစိဆရာတို့သည်၊
ယသ္မာ၊ပေ၊ ဥပ္ပဇ္ဇတီတိ၊ ဟူ၍၊
ယံ၊ အကြင် စကားကို၊ ဝဒန္တိ၊
တတ္ထ၊ ထို စကား၌၊
အယံ အဓိပ္ပာယော၊ သည်၊ သိယာ၊
စေတောပရိယဉာဏလာဘီ၊ စေတောပရိယ ဉာဏ်ကို ရခြင်းရှိသောပုဂ္ဂိုလ်သည်၊
ပရဿ စိတ္တံ ဉာတုကာမော (ဟုတွာ၊) ပါဒကဇ္ဈနံ၊ ပါဒကဈာန်ကို၊
သမာပဇ္ဇိတွာ၊ ဝင်စားပြီ၊၍၊
ဝုဋ္ဌာယ၊ ထဲပြီး၍၊
အတီတာဒိဝိဘာဂံ၊ အတိတ်စိတ်အစရှိသော ခွဲခြားမှုကို၊
အကတွာ၊ ၍၊
စိတ္တ သာမညေန၊ စိတ် သာမညအားဖြင့်၊
ဣမဿစိတ္တံဇာနာမီတိ၊ ဤသူ၏ စိတ်ကို သိအံ့ဟူ၍၊
ပရိကမ္မံ၊ ကို၊ ကတွာ၊
ပုန ပါဒကဇ္ဈာနံ သမာပဇ္ဇိတွာ ဝုဋ္ဌာယ, သာမညေနေဝ၊ စိတ်သာမညအားဖြင့်ပင်၊ စိတ္တံ အာဝဇ္ဇိတွာ၊
တိဏ္ဏံဝါ၊ သုံးပါး သော်လည်းဖြစ်ကုန်သော၊
စတုန္နံဝါ၊ န်သော၊
ပရိကမ္မာနံ၊ ပရိကမ်ဇော တို့၏၊
အနန္တရာ၊ အခြားမဲ့၌၊
စေတောပရိယညာဏေန၊ ဖြင့်၊
ပရစိတ္တံ၊ ကို၊
ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍သိ၏၊
ဒိဗ္ဗစက္ခုနာ၊ ဖြင့်၊
ရူပံ၊ ရူပါရုံကို၊
(ဝိဘာဝေတိ)ဝိယ၊ ထင်စွာဖြစ်စေသကဲ့သို့၊
(တထာ၊ တူ၊
ပရစိတ္တံ၊ ကို၊)
ဝိဘာဝေတိ၊ ၏၊
အတီတာဒိ ၊ပေ၊ အကတွာ။ ။ဤစကားဖြင့် မနောဒွါရာဝဇ္ဇန်း ပရိကမ် စသည်တို့၏ တူသောအခြင်းအရာအားဖြင့် ဖြစ်နိုင်ခြင်း၏အကြောင်းကို ပြ၏၊ အတိတ်စိတ်စသည်ဖြင့် မဝေဖန်သောကြောင့် စိတ်ဟူသော သာမညကိုသာ အာဝဇ္ဇန်းစသည်တို့က အာရုံပြုကြသည်-ဟူလို။
ရူပံဝိယ ဒိဗ္ဗစက္ခုနာ။ ။ဒိဗ္ဗစက္ခုဖြင့် ရူပါရုံကို မြင်သိရာ၌ ရူပါရုံ သာမည ကိုသာ မြင်သိသေး၏၊ အညို အရွှေစသော ရူပါရုံအထူးကိုကား ကာမာဝစရစိတ်ဖြင့်သာ ခွဲခြား၍ သိသကဲ့သို့ ပရစိတ္တဝိဇာနန အဘိညာဉ်ဖြင့်လည်း သူတစ်ပါး၏ စိတ်သာမည ကိုသာ သိသေး၏၊ ထိုနောက်မှ ကာမာဝစရစိတ်ဖြင့် သူတစ်ပါး၏ သရာဂစိတ်စသည်ကို ခွဲခြား၍သိသည်။
**တသ္မာ ၊ပေ၊ ဟောတိ**။ ။[သမာနာကာရပ္ပဝတ္တိတောသည် တသ္မာ၏အနက် ဖွင့်တည်း၊] တသ္မာမှစ၍ “အဘိန္နော ဟောတိ”တိုင်အောင် သုံးဝါကျသည် အာဝဇ္ဇန်း ပရိကမ်ဇော အဘိညာဉ်ဇောတို့က စိတ်သာမညကို အာရုံပြုခြင်းဟူသော သမာနာ ကာရပဝတ္တိ၏ အကျိုးရကိုပြသောဖလဝါကျတည်း၊ ထိုတွင်“န ၊ပေ၊ ဇဝနာနံ ဟောတိ- အာဝဇ္ဇန်းနှင့် ပရိကမ်ဇောတို့၏ တစ်ဝီထိအတွင်း၌ အာရုံမကွဲပြားခြင်းသည် အကျိုးရ တစ်မျိုးတည်း၊ [မဂ္ဂဝီထိ ဖလဝီထိမဟုတ်လျှင် အာရုံကွဲပြားခြင်းကို အလိုမရှိအပ်။] **ပစ္စုပ္ပန္နာ ၊ပေ၊ သိဒ္ဓံ ဟောတိ**။ ။ခဏပစ္စုပ္ပန္နာရမဏတ္တေပိ ပရိကမ္မေ စေ တောပရိယညာဏာနံ အယံပါဠိ သုဋ္ဌု နီတာ ဟောတီတိ အတ္ထော၊-အနု၊ ပရိကမ် ဇောနှင့် စေတောပရိယဉာဏ်တို့က စိတ်သာမညဖြစ်သော ပစ္စုပ္ပန်ကို အာရုံပြုလျှင် “ပစ္စုပ္ပန္နဉ္စ ၊ပေ၊ ပစ္စယော”ဟူသော ပါဠိစကားကိုလည်း ကောင်းစွာ ဆောင်ပြအပ်ရာ (သာဓကအားဖြင့် ပြီးစီးစေရာ)ရောက်သည်-ဟု အကျိုးတစ်မျိုးကို ပြပြန်သည်။**အတီတ ၊ပေ၊ အဘိန္နော**။ ။[ဧဝံကို “ဧဝံ ခဏပစ္စုပ္ပန္နေယေဝ ဓမ္မေ ဣဓ ပစ္စုပ္ပန္နောတိ ဂယှမာနေ”ဟု အနု၌ ဖွင့်၏၊ ထိုအတိုင်းပေးသည်၊] ခဏ ပစ္စုပ္ပန်ကိုသာ ပစ္စုပ္ပန်ဟု ယူလိုက်လျှင် ပဋ္ဌာန်းပါဠိတော်၌ အတီတတိက်နှင့် မကွဲပြားသောကြောင့် အတီတတိက်၏လည်း မပျက်စီးခြင်းအကျိုးရသည်ဟု အကျိုးတစ်မျိုးကို ပြပြန်သည်၊ ဤအလိုအဘိန္နာကို “အဝိနာသိတော”ဟု အနက်မှတ်ပါ၊ [တစ်နည်း-ဤအတီတ တိက်ပါဠိတော်နှင့် ပဋ္ဌာန်းပါဠိတောတို့ မကွဲမပြားဟု အဓိပ္ပာယ်မှတ်ပါ၊ အဘိန္နောကို လည်း “အဝိသိဋ္ဌော-မထူးပြား၊ ဝါ-မကွဲပြား"ဟု အနက်မှတ်ပါ၊’အနု။]အညထာ၊ ခဏပစ္စုပ္ပန်ကို ပစ္စုပ္ပန်ဟု ယူခြင်းမှတစ်ပါးသော အခြင်းအရာ အားဖြင့်၊
သန္တတိပစ္စုပ္ပန္နေစ၊ သန္တ တိပစ္စုပ္ပန်ကိုလည်းကောင်း၊
အဒ္ဓါပစ္စုန္နေ၊ အဒ္ဓါ ပစ္စုပ္ပန်ကိုလည်းကောင်း၊
ပစ္စုပ္ပန္နန္တိ၊ ပစ္စုပ္ပန်ဟူ၍၊
ဣဓ၊ ဤစေတောပရိယဉာဏ်၏ အာရုံကိုပြရာ၌၊
ဝုစ္စမာနေ၊ ဆိုအပ်သော၊
အတီတာနာဂတဉ္စ၊ အတိတ်တရား, အနာဂတ်တရားတို့၏လည်း၊
ပစ္စုပ္ပန္နတာ၊ ပစ္စုပ္ပန်တရားတို့၏ အဖြစ်သည်၊
အာပဇ္ဇေယျ၊ ဖြစ်ရာ၏၊
စ၊ ဆက်၊
တထာ သတိ၊ ထိုသို့ ဖြစ်လသော်၊
ပစ္စုပ္ပန္နော ၊ပေ၊ အာဒိ၊ အစရှိသော စကားသည်၊
ဝါ၊ ကို၊
ဝတ္တဗ္ဗံ၊ ဟောတော်မူထိုက်သည်၊ သိယာ၊
စ၊ စင်စစ်ကား၊
တံ၊ ထိုစကားကို၊ န ဝုတ္တံ၊
အညထာ ၊ပေ၊ အာဝဇ္ဇေယျ။ ။ဆိုအပ်ပြီးသော အကျိုး၏ ဗျတိရေကအပြစ် ပြ စကားတည်း၊ အညထာကို “သန္တတိ ၊ပေ၊ ဝုစ္စမာနေ”ဟု ဖွင့်သည်၊ ခဏပစ္စုပ္ပန် ဟူသော အနက်မှတစ်ပါး သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန်ကို ပစ္စုပ္ပန်ဟု ဤနေရာ၌ အနက်ဆိုလျှင် (ယူလိုက်လျှင်) သန္တတိတစ်ဝါရတွင်ပင် ခဏအားဖြင့် လွန်ပြီး အတိတ်တရား, မဖြစ်သေးသော အနာဂတ်တရားတို့လည်း ပစ္စုပ္ပန်တရားချည်း ဖြစ်စရာရှိသည်။
တထာစ ၊ပေ၊ နစ ဝုတ္တံ။ ။ထိုသို့ဖြစ်လျှင် ရသင့်သော အပြစ်တစ်မျိုးကို ဆက်၍ ပြန်ပြသော စကားတည်း၊ သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန်တို့ကို ပစ္စုပ္ပန်ဟု ဆိုပြန်လျှင် ဇောဝီထိတစ်ခုသည် သန္တတိပစ္စုပ္ပန်တစ်ခုသာ ဖြစ်သောကြောင့် “ပစ္စုပ္ပန္နော ဓမ္မော ပစ္စုပ္ပန္နဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော”ဟု ဟောတော်မူစရာရှိ၏၊ထိုသို့လည်း ဟောတော်မမူအပ်။
အတီတော၊ပေ၊ ဝုတ္တာ ။ ။ထိုသို့မဟောလျှင် အဘယ်သို့ ဟောတော်မူသောကြောင့် အဘယ်ကို သိအပ်ကုန်သနည်းဟု မေးဖွယ်ရှိရကား “အတီတော၊ပေ၊ ဝိညာယန္တိ”ဟု မိန့်သည်၊ “အတီတော ဓမ္မော"စသည်ဖြင့် ဟောတော်သောကြောင့် အဒ္ဓါသန္တ တိပစ္စုပ္ပန် ဖြစ်သော ခန္ဓာတို့တွင်ပင် ဒုတိယဇောထောက်လျှင် ပဌမဇောကဲ့သို့ လွန်ပြီးခန္ဓာတို့ကို အတိတ်ခန္ဓာဟု သိနိုင်ပါသည်၊ - . .အဘိဓမ္မာမာတိကာဝယ် လာသော ပစ္စုပ္ပန္နာဓမ္မာပုဒ်၌ ပစ္စုပ္ပန္နာအရ အဒ္ဓါပစ္စုပ္ပန် သန္တ တိပစ္စုပ္ပန်အနက်ကို ဘယ်ပါဠိ၌မှ ဟောတော်မမူအပ်ပါ။
**တသ္မာ ၊ပေ၊ ဝုတ္တာ**။ ။အညထာမှစ၍ ပါဠိယံ ဝုတ္တာတိုင်အောင် ပြအပ်သော ဗျတိရေကအကြောင်းတို့၏ အကျိုးကို ပြသောဖလဝါကျတည်း၊ [“တေဟိ”ဖြင့် အဋ္ဌကထာ၌ ပြအပ်သော ကေစိတို့ကို ညွှန်းသည်၊ ဤပြခဲ့သော အဓိပ္ပာယ်အာလုံးသည် ထိုကေစိတို့၏အယူကို ဋီကာဆရာက ထောက်ခံသော စကားချည်းတည်း၊] “ဤ ပြအပ်ခဲ့သော အကြောင်းများကြောင့် ထိုကေစိထေရ်တို့သည် (တပြိုင်နက်သောခဏ၌ ဣဒ္ဓိမန္တ ပုဂ္ဂိုလ်၏စိတ်နှင့် အခြားသူ၏စိတ်တို့ ဖြစ်ခြင်းအားဖြင့်) စေတောပရိယဉာဏ်မှာ ခဏပစ္စုပ္ပန်ဖြစ်သော ပစ္စုပ္ပန်အာရုံရှိသည်အဖြစ်ကို ဆိုအပ်၏၊ ထိုစကားအာလုံး ကောင်းပါသည်-ဟူလို။**ယဒါ ပန ၊ပေ၊ ကတတ္တာ**။ ။စေတောပရိယဉာဏ်သည် အတိတ်ခုနစ်ရက်, အနာဂတ်ခုနစ်ရက်အတွင်း၌ သူတစ်ပါးစိတ်ကို သိနိုင်ရကား အတိတ် အနာဂတ် ဖြစ်သော ထိုရက်အတွင်း စိတ်များကို အဘယ်သို့သိသနည်းဟု မေးဖွယ်ရှိ၍ “ယဒါ ပန"စသည် မိန့်၊ အာဝဇ္ဇန်းက ဖြစ်ပြီးစိတ်ကို သိအံ့ဟု အာဘောဂပြုလျှင် ဖြစ်ပြီး စိတ်ကို သိ၏၊ ဖြစ်လတံ့စိတ်ကို သိအံ့ဟု အာဘောဂပြုလျှင် ဖြစ်လတံ့စိတ်ကို သိ၏၊ ထိုအခါ၌ အတိတ် အနာဂတ်ဟု မခွဲခြားဘဲ စိတ်သာမညကို သိသည်မဟုတ်, အာဝဇ္ဇန်းကိုယ်တိုင်က ခွဲခြားအပ်ပြီးသောကြောင့် အတိတ်ဟု ဖြစ်စေ, အနာဂတ်ဟု ဖြစ်စေ ခွဲခြားအပ်ပြီးသော စိတ်ကို သိသည်၊ [ဤတွင် ကေစိထေရ်တို့၏ အဓိပ္ပာယ် ကို ပြပြီးဖြစ်သောကြောင့် “တတ္ထာယံ အဓိပ္ပာယော”ကို ပြန်လှည့်ဖို့ရာ ဣတိသဒ္ဒါ ရှိသင့်၏၊ မရှိလျှင် ထည့်၍ပေးမှ ထုံးစံကျပါသည်။]ပန၊ ဝါဒန္တ ရကား၊
ယေ၊ အကြင် ဆရာတို့သည်၊
ဣဒ္ဓိမာ ၊ပေ၊ ပစ္စုပ္ပန္နာ ရမဏတ္တတိ၊ ဟူသော၊
ဣဒံဝစနံ၊ ဤစကားကို၊
နိဿာယ၊ မှီ၍၊
အာဝဇ္ဇန ဇဝနာနံ၊ အာဝဇ္ဇန်းဇောတို့၏၊
ပစ္စုပ္ပန္နာတီတာရမဏဘာဝေန၊ ပစ္စုပ္ပန်အာရုံ, အတိတ်အာရုံ ရှိကုန်သည်၏အဖြစ်သည်၊
(သတိ)ပိ၊ သော်လည်း၊
နာနာ ရမဏတ္တာဘာဝေါ၊ ကွဲပြားသော အာရုံရှိကုန်သည်၏ အဖြစ်၏မရှိခြင်းသည်၊ (ဟောတိ)
ဝိယ၊ ကဲ့သို့၊
(တထာ) ဧက၊ပေ၊အနာဂတေသု၊ တစ်ချက်, နှစ်ချက်, သုံးချက်, လေးချက်, ငါးချက်သော စိတ္တက္ခဏအားဖြင့် မရောက်ကုန်သေးသော၊
စိတ္တေသု၊ စိတ်ဟူသော အာရုံတို့ကို၊
အာဝဇ္ဇိတေသုပိ၊ ဆင်ခြင်အပ်ပါကုန် သော်လည်း၊
အာဝဇ္ဇနဇဝနာနံ၊ တို့၏၊
ယထာသမ္ဘဝံ၊ ဖြစ်သင့်သည်အားလျော်စွာ၊
အနာဂတေ၊ပေ၊ ဘာဝေ၊ အနာဂတ်အာရုံ, ပစ္စုပ္ပန်အာရုံ, အတိတ်အာရုံ ရှိကုန်သည်၏အဖြစ်သည်၊
(သတိ)ပိ၊ သော်လည်း၊
နာနာရမဏတာ၊ ကွဲပြားသော အာရုံရှိသည်၏အဖြစ်သည်၊
န သိယာ၊ မဖြစ်ရာ၊ [“အဒ္ဓါပစ္စုပ္ပန် ၏အစွမ်းဖြင့် ပစ္စုပ္ပန်ချည်းဖြစ်သောကြောင့် နာနာရမဏတာဖြစ်စရာ မရှိ- ဟူလို၊]
တေန၊ ထို့ကြောင့်၊
စတု ၊ပေ၊ နာဂတေ၊ လေးချက်, ငါးချက်သော စိတ္တက္ခဏအားဖြင့် မရောက်လာသေးသော စိတ်ကို၊
အာဝဇ္ဇိတေ၊ ဆင်ခြင်အပ်သော်၊
အနာဂတာ ၊ပေ၊ နန္တ ရံ၊ အနာဂတ်အာရုံရှိသော ပရိကမ်ဇောတို့၏ အခြားမဲ့၌၊
ခဏပစ္စုပ္ပန္နာရမဏံ၊ ခဏပစ္စုပ္ပန်လျှင် အာရုံရှိသော၊
စေတော ပရိယညာဏံ၊ သည်၊
သိဒ္ဓံ၊ ပြီးစီး၏၊ ဣတိ ဝဒန္တိ ။
တေသံ၊ ထိုဆရာတို့၏၊
ဝါဒေါ၊ ဝါဒသည်၊ (န သိဇ္ဈတိ၌ စပ်၊)
အနာဂတာ ရမဏော၊ သော ၊ပေ၊
ပစ္စယော (ဟောတိ၊)
ဣတိ၊ သို့၊
ဣမေသံ ပဉ္စာနံ၊ ဤပြဿနာတို့၏၊ (သိခြင်းငှာ အလိုရှိသောအနက်တို့၏ )
ဝါ၊ တို့ကို၊
အနုဒ္ဓတ္တာ၊ မထုတ်ဆောင်အပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊
ဂဏ နာယ၊ ဂဏန်းသင်္ချာဝါရ၌၊
အာသေဝနေတီဏီတိ၊ ဟူ၍၊
ဝုတ္တတ္တာစ၊ ကြောင့် လည်းကောင်း၊
န သိဇ္ဈတိ၊ မပြီးစီး၊ (ကသ္မာ န သိဇ္ဈတိ၊)
ယေ ပန ၊ပေ၊ ဝဒန္တိ။ ။“အတိတ် အနာဂတ်စိတ်ကို သိရာ၌ အာဝဇ္ဇန်းက ခွဲခြား၍ သိအပ်ပြီးသည့်အတိုင်း သိ၏”ဟု ဆိုလျှင် ရှိပါစေတော့၊ အခြားဆရာတို့က အဘယ်သို့ ဆိုကြပါသနည်းဟု မေးဖွယ်ရှိ၍ “ယေ ပန ၊ပေ၊ ဝဒန္တိ”ဟု မိန့်သည်၊ [“ဣဒ္ဓိမာမှစ၍ ပစ္စုပ္ပန္နာရမဏတ္တာ”တိုင်အောင် အဋ္ဌကထာ၌လာသော စကားတည်း၊] ထိုစကား၏ အဓိပ္ပာယ်ကို ဥပမာ အဖြစ်ဖြင့်ထား၍ အလားတူ ဥပမေယျစကားတစ်မျိုး ကို ဆိုကြသည်-ဟူလို။
အာဝဇ္ဇန ၊ပေ၊ န သိယာ။ ။(အာဝဇ္ဇနဇဝနာနံ ၀ိယ)-အာဝဇ္ဇန်းနှင့် ပရိကမ် အဘိညာဉ်ဇောတို့တွင် အာဝဇ္ဇန်းက ပစ္စုပ္ပန်အာရုံ, ဇောတို့က အတိတ်အာရုံအားဖြင့် ကွဲပြားသော်လည်း အဒ္ဓါပစ္စုပ္ပန်ဖြစ်သောကြောင့် နာနာရမဏမဖြစ်ခြင်းကို အဋ္ဌကထာ၌ ပြသသကဲ့သို့၊ (ဧကဒိ ၊ပေ၊ န သိယာ)-အာဝဇ္ဇန်းက စိတ္တက္ခဏတစ်ချက်မှ စ၍ ငါးချက်တိုင်အောင် မရောက်လာသေးသောစိတ်တို့ကို ဆင်ခြင်အပ်ကုန်သော်လည်း အာဝဇ္ဇန်းနှင့် ပရိကမ်စသော ဇောတို့မှာ အနာဂတ် ပစ္စုပ္ပန် အတိတ်အာရုံအားဖြင့် ကွဲပြားသော အာရုံရှိသော်လည်း နာနာရမဏအဖြစ် မရှိတော့ရာ။
ယထာသမ္ဘဝံ။ ။အာဝဇ္ဇန်းသည် အနာဂတ်စိတ်ကို အာရုံပြု၏။ ထိုသို့ ပြုရာ၌ (ဆင်ခြင်ရာ၌) ဧကစိတ္တက္ခဏအားဖြင့် မရောက်လာသေးသော(ပရိကမ်နှင့် တစ်ပြိုင်နက် ဖြစ်မည်ဖြစ်သော)အာရုံကို ဆင်ခြင်လျှင် ပရိကမ်ဇောသည် ပစ္စုပ္ပန်စိတ်ကို အာရုံပြု၍ နောက်ဇောတို့သည် အတိတ်စိတ်ကို အာရုံပြုကြရ၏၊ ဤနည်းအားဖြင့် အာဝဇ္ဇန်းက စိတ္တက္ခဏနှစ်ချက်အားဖြင့် မရောက်လာသေးသော (ဒုတိယ ဥပစာရဇောနှင့် တိုက်ဆိုင် မည့်)စိတ်ကို လှမ်း၍ဆင်ခြင်လျှင် ဒုတိယဥပစာရဇောက ပစ္စုပ္ပန် စိတ်ကို အာရုံပြု၍ ပဌမပရိကမ်ဇောက အနာဂတ်စိတ်ကို အာရုံပြုပုံ, တတိယ စတုတ္ထ ပဉ္စမဇောတို့က အတိတ်စိတ်ကို အာရုံပြုပုံအားဖြင့် ကွဲပြားသောကြောင့် “ယထာသမ္ဘဝံ”ဟု ဆိုသည်။
တေန ၊ပေ၊ သိဒ္ဓံ။ ။ဤနည်းအားဖြင့် အာဝဇ္ဇန်းက တိက္ခပုဂ္ဂိုလ်အတွက် လေးချက်, မန္ဒပုဂ္ဂိုလ်အတွက် ငါးချက်သော စိတ္တက္ခဏအားဖြင့် မရောက်လာသေးသော စေတောပရိယ အဘိညာဉ်နှင့် သိမည့်စိတ်ကို လှမ်း၍ ဆင်ခြင်လျှင် ပရီကမ်စသော ဇောတို့က အနာဂတ်စိတ်ကို အာရုံပြု၍ အဘိညာဉ်က ခဏပစ္စုပ္ပန်စိတ်ကို အာရုံပြုခြင်း ဟူသော အနက်သည် ပြီးစီးတော့၏၊ ဣတိ ၀ဒန္တိ ။
တေသံ ဝါဒေါ၊ပေ၊ န သိဇ္ဈတိ။ ။သိဒ္ဓံဟု ဆိုအပ်သောစကားကို “န သိဇ္ဈတိ” ဟု ပယ်သည်၊ “အနာဂတော ဓမ္မော"အရ အာဝဇ္ဇန်းစသော ရှေးရှေးဇောများကို လည်းကောင်း “ပစ္စုပ္ပန္နဿ ဓမ္မဿ"အရ ပရိကမ်ဇောစသည်တို့တွင် တစ်ပါးပါးကို လည်းကောင်း ယူပြီးလျှင် “အတီတာရမဏဿ”အရ ဒုတိယ ဥပစာရဇောစသည်ကို ယူပါ၊ ဤသို့ယူဖို့ရန် ဟောတော်မူအပ်သော ပဋ္ဌာန်းပါဠိတော် မရှိသည့်အပြင် သင်္ချာ ဝါရ၌လည်း “အာသေဝနေတိဏီ”ဟုသာ ဟောတော်မူသောကြောင့် ထိုဆရာတို့၏ စကားသည် မပြီးစီးနိုင်-ဟူလို။
**န ဟိ ၊ပေ၊ အတ္တီတိ**။ ။ “ရသင့်လျက် ဟောတော်မမူခြင်းဖြစ်သည် မဟုတ်ပါလော”ဟု စောဒနာဖွယ်ရှိသောကြောင့် "န ဟိ"စသည်ကို မိန့်သည်၊ အာသေဝန လာဘေ သတိ (အာသေဝနပစ္စည်း ရပါလျက်) ယထာဓမ္မသာသနေ (အဘိဓမ္မာ သာသနာ၌) အဝစနဿ ကာရဏံ နတ္ထိတိ (ထို့ကြောင့်) အဝစနေန (ပဋ္ဌာန်းပါဠိတော်၌ ဟောတော်မမူခြင်းအားဖြင့်) တတ္ထ (ထိုအာသေဝနပစ္စည်း၌) ဣတရေသံ ပဉှာနံ ပဋိ သေဓော ဝိညာယတီတိ အဓိပ္ပာယော၊-အနု၊ ဆိုလိုရင်းကား-အာသေဝနပစ္စည်း မတပ်သော မဟဂ္ဂုတ် ကုသိုလ်ကြိယာရှိသေးလျှင် ဟောတော်မူမည်မှာ အမှန်ပင်တည်း၊ မရှိသောကြောင့်သာ ဟောတော်မမူ ခြင်းဖြစ်၏၊ ထိုသို့ ဟောတော်မမူသောကြောင့် အခြားပြဿနာများ မရထိုက်တော့-ဟူလို။စ၊ ဆက်၊
ဧတဿဝါဒဿ၊ ဤဝါဒ၏၊
အာဝဇ္ဇနဇဝနာနံ၊ အာဝဇ္ဇန်းဇောတို့၏၊
ခဏ ၊ပေ၊ ဝစနဿ၊ ခဏပစ္စုပ္ပန်အာရုံ, ချုပ်ပြီးသော အတိတ်အာရုံ ရှိသည်၏အဖြစ်ကို ဆိုကြောင်းစကား၏၊
နိဿယဘာဝေါ၊ မှီရာ၏အဖြစ်သည်၊ န သိဇ္ဈတိ၊ (ကသ္မာ န သိဇ္ဈတိ၊)
ယံ၊ အကြင်စိတ်သည်၊
ပဝတ္တံ၊ ဖြစ်ပြီ၊
(တံ၊ ထိုဖြစ်ပြီးစိတ်ကို၊
ဇာနိဿာမိ၊ သိအံ့၊
ဣတိဝါ၊ ဤသို့သော်လည်းကောင်း၊)
ယံ၊ အကြင်စိတ်သည်၊ ပဝတ္တိဿတိ၊
(တံ၊ ထိုဖြစ်လတံ့စိတ်ကို၊ ဇာနိဿာမိ၊)
ဣတိဝါ၊ ဤသို့သော်လည်းကောင်း၊
ဝိသေသံ၊ အထူးကို၊
အကတွာ၊ မပြုမူ၍၊
ဂဟဏေ၊ စိတ်သာမညကို ယူခြင်းသည်၊ (သတိ၊)
အာဝဇ္ဇနဿ၊ ၏၊
အနာ ဂတဂ္ဂဟဏဘာဝံ၊ အနာဂတ်အာရုံကို ယူခြင်းမရှိသည်ကိုလည်းကောင်း၊
တဒဘာဝါ၊ ထိုအနာဂတ်အာရုံကို ယူခြင်း၏မရှိခြင်းကြောင့်၊
ဇဝနာနံပိ၊ ပရိကမ် စသောဇောတို့၏လည်း၊
ပဝတ္တမာနဂ္ဂဟဏာဘာဝဉ္စ၊ ပစ္စုပ္ပန်အာရုံကို ယူခြင်း မရှိသည်ကိုလည်းကောင်း၊
သန္ဓာယေဝ၊ ၍သာ၊
တဿ၊ ထိုစကား၏၊
ဝါ၊ ကို၊
ဝုတ္တတ္တာ၊ ကြောင့်၊ (န သိဇ္ဈတိ။)
ဧတဿ ဝါဒဿ၊ပေ၊ န သိဇ္ဈတိ။ ။“တေသံ ဝါဒေါ”ဟု ပယ်အပ်ခဲ့သော ဝါဒကိုပင် “ဧတဿ ဝါဒဿ' ”ဟု ပြန်ညွှန်းသည်၊ ဧတဿ ဝါဒဿကို “နိဿယ” ဘာဝေါ"ဝယ် နိဿယ၌ စပ်၊ “ဤဝါဒ၏မှီရာ”ဟူလို၊ ၊ အာဝဇ္ဇနဝစနာနံ ၊ပေ၊ ဝစန ဿ”ကား ဘာဝသမွန်တည်း၊ အာဝဇ္ဇန်းဇောတို့တွင် အာဝဇ္ဇန်းက ခဏပစ္စုပ္ပန်စိတ်ကို အာရုံပြုပုံ, ပရိကမ်စသော ဇောတို့က နိရုဒ္ဓဖြစ်သော အတိတ်စိတ်ကို ပြသောစကား ဟူသည် ဤဝါဒ၏မှီရာ “ဣဒ္ဓိမာ ပရဿ စိတ္တံ ၊ပေ၊ တဒေဝနိရုဒ္ဓံ စိတ္တမာရမဏံ ဟောတိ”ဟူသော အဋ္ဌကထာစကားတည်း၊ ထိုစကားသည် ဤဝါဒ၏မှီရာအဖြစ်ဖြင့် မပြီးစီးပါ-ဟူလို။
တဿ ဝုတ္တတ္တာ ။ ။[တဿဖြင့် “အာဝဇ္ဇနဝစနာနံ ခဏပစ္စုပ္ပန္န နိရုဒ္ဓရမဏ တာ ဝစနဿ”ကို ပြန်၍ညွှန်းသည်၊] ထိုစကား၏ ဆိုလိုရင်းကား-အာဝဇ္ဇန်းသည် အတိတ် အနာဂတ်အာရုံဟု ကွဲခြား၍မယူလျှင် အနာဂတ်စိတ်ကို အာရုံမပြုနိုင်၊ ထိုသို့ မပြုနိုင်လျှင် ဇောတို့ကလည်း ပစ္စုပ္ပန်စိတ်ကို အာရုံမပြုနိုင်ပုံကို ရည်ရွယ်၍ ဆိုအပ် သော စကားဖြစ်သောကြောင့် ဤဝါဒ၏မှီရာအဖြစ် မပြီးစီးနိုင်-ဟူလို၊ [“တဒါဟိမှ ဝုတ္တောတိ”တိုင်အောင် ဝိတ္ထာရဝါကျတည်း၊ တဒါဖြင့် “ယံ ပဝတ္တံ ၊ပေ၊ ဂဟဏေ” ကို ညွှန်းသည်။]
ဇာနနစိတ္တဿပိ၊ သိတတ်သော အဘိညာဉ်စိတ်၏လည်း၊
ဝတ္တမာနာရမဏဘာဝေ၊ ပစ္စုပ္ပန်အာရုံရှိသည် ၏အဖြစ်သည်၊ (သတိ၊)
အာဝဇ္ဇနဇာနနစိတ္တာနံ၊ အာဝဇ္ဇန်းစိတ်, သိတတ်သော အဘိညာဉ်စိတ်တို့၏၊
သဟဋ္ဌာန ဒေါသာပတ္တိယာ၊ အတူတကွ တည်ခြင်း ဟူသောအပြစ်သို့ ရောက်ခြင်းအားဖြင့်လည်းကောင်း၊
ဝါ၊ ကြောင့်လည်း ကောင်း၊ [ဒေါသာပဇ္ဇနေန, ဒေါသာပတ္တိတောဝါ၊-အနု၊]
ရာသိ၊ပေ၊ပဋိဝေဓေ၊ စိတ်အစုကို ဆင်ခြင်ခြင်း, ထိုအစုတွင် တစ်စိတ်တစ်ဒေသဖြစ်သော စိတ်တစ်ခုကို ထိုးထွင်း၍သိခြင်းသည်၊
(သတိစ၊ ရှိသော်လည်းကောင်း၊)
သမ္ပတ္တ သမ္ပတ္တာဝဇ္ဇနဇာနနေ၊ ရောက်လာ ရောက်လာသော အာရုံကို ဆင်ခြင်ခြင်း, သိခြင်းသည်၊
(သတိ)စ၊ သော်လည်းကောင်း၊
အနိဋ္ဌ၊ သော၊
န ဌာနေ၊ ၌၊ (မဂ္ဂဝီထိ, ဖလဝီထိမှ တစ်ပါးသောအရာ၌၊)
အာဝဇ္ဇနဇဝနာနံ၊ တို့၏၊
နာနာ ရမဏဘာဝဒေါသာပဝတ္တိယာစ၊ ကွဲပြားသောအာရုံရှိသည်၏ အဖြစ်ဟူသော အပြစ်သို့ ရောက်ခြင်းအားဖြင့်လည်းကောင်း၊
ဝါ၊ ကြောင့်လည်းကောင်း၊
ခဏပစ္စုပ္ပန္နံ ၊ပေ၊ ဟောတီတိ၊ ဟူသော၊
ယံ၊ အကြင် စကားကို၊ ဝုတ္တံ၊
တံ၊ ထိုစကားသည်၊
အယုတ္တံ၊ မသင့်၊
ဣတိ၊ သို့၊
ပဋိက္ခိပိတွာ၊ ပယ်ပြီး၍၊
ယထာ ၊ပေ၊ ဝသေနေဝ၊ အကြင်အကြင် ဆိုအပ်ပြီးသောအပြစ်သို့ မရောက်ရာကာလ၏ အစွမ်းဖြင့်သာလျှင်၊
အဒ္ဓါ ၊ပေ၊ ရဏတ္တာ၊ အဒ္ဓါပစ္စုပ္ပန်, သန္တ တိပစ္စုပ္ပန်လျှင် အာရုံရှိသည်၏အဖြစ်ကြောင့်၊
နာနာရမဏတ္တာဘာဝံ၊ ကွဲပြားသော အာရုံ ရှိသည်အဖြစ် မရှိခြင်းကို၊
ဒိသွာ၊ မြင်၍၊
အာဝဇ္ဇနဇဝနာနံ၊ တို့၏၊
ဝတ္တမာန တံနိရုဒ္ဓါ ရဏဘာဝေါ၊ ပစ္စုပ္ပန်အာရုံ, ထိုချုပ်ပြီးသော အတိတ်အာရုံရှိသည်၏ အဖြစ်ကို၊
ဝုတ္တော၊ အဋ္ဌကထာဆရာ ဆိုအပ်ပြီ၊
ဣတိ၊ ဤကား အကျယ်တည်း။
တံပိ ဝစနံ၊ ကိုလည်း၊
ပုရိမဝါဒိနော၊ ရှေ့ကေစိဝါဒီ ပုဂ္ဂိုလ်တို့သည်၊
နာနုဇာနေယျုံ၊ ခွင့်မပြုကုန်ရာ၊ (ကသ္မာ နာနုဇာနေယျုံ၊)
ရာသိ ၊ပေ၊ ပဋိဝေဓ။ ။အဋ္ဌကထာ၌ ပြအပ်သော ကေစိဆရာတို့၏ ဝါဒ အရ ဆိုအပ်သော စကားတည်း၊ ထို၌ “ရာသိဝသေန မဟာဇနဿ စိတ္တေ အာဝဇ္ဇ တေ”ကို ကြည့်၍ “ရာသိအာဝဇ္ဇန”ဟုလည်းကောင်း, “ဧကေဿ စိတ္တံ ဧကေန ပဋိ ဝိဇ္ဈတိ”ကို ကြည့်၍ “ဧကဒေသ ပဋိသေဓ”ဟုလည်းကောင်း ဆိုသည်၊ [ရာသိဧက ဒေသာဝဇ္ဇန ပဋိဝေဓေတိ ယထာရုတဝသေန (အဋ္ဌကထာ၌ တိုက်ရိုက်ဆိုအပ်သော စကား၏အစွမ်းဖြင့်) ပုရိမဝါဒိပက္ခမာဟ (ပုရိမဝါဒီပုဂ္ဂိုလ်တို့၏ အဖို့ဖြစ်သောစကားကို ဆို၏။) အနု၊-ဤအဖွင့်ကို ထောက်၍ ပုရိမဝါဒီသည် “ကေစိဝဒန္တိ”ဟု လာသော ကေစိဝါဒီတို့ပင်တည်းဟု သိပါ။]
သမ္ပတ္တ ၊ပေ၊ ဇာနနေ။ ။[“တတ္ထာယံ အဒိပ္ပာယော"စသည်ဖြင့် မိမိ၏ အဓိပ္ပာယ်အရ ဆိုအပ်သောစကားတည်း၊ အာဝဇ္ဇန်းက မိမိဖြစ်ခိုက်၌ ကြုံကြိုက် ရောက်လာသောစိတ်ကို ဆင်ခြင်၍ အဘိညာဉ်ကလည်း မိမိဖြစ်ခိုက်၌ ကြုံကြိုက် ရောက်လာသောစိတ်ကို သိခြင်းဖြစ်လသော် ...[သမ္ပတ္တ ၊ပေ၊ ဇာနနေတိ အတ္တနာ နိဒ္ဓါရိတပက္ခံ (အာဟ၊)-အနု။]
နာနာရမဏ ၊ပေ၊ ပတ္တိယာ။ ။ဤ ဆိုအပ်ပြီးသည်အတိုင်း ဖြစ်လသော်၊ “ရာသိဧကဒေသာဝဇ္ဇန ပဋိဝေဓ”အရ အာဝဇ္ဇန်းက စိတ်တစ်ခုကို ဆင်ခြင်၍ အဘိ ညာဉ်က စိတ်တစ်ခုကို ထိုးထွင်း၍သိခြင်းကြောင့် အာဝဇ္ဇန်းနှင့်ဖောတို့၏ အာရုံကွဲပြား ခြင်းဟူသော အပြစ်ဖြစ်စရာရှိ၏။ “သမ္မတ္တ ၊ပေ၊ ဇာနနေ”အရ ရောက်လာရောက်လာ သော ပစ္စုပ္ပန်စိတ်ကို ဆင်ခြင်ခြင်း, သိခြင်းဖြစ်လသော် အာဝဇ္ဇန်း ဆင်ခြင်အပ်သော စိတ်က တစ်မျိုး, အဘိညာဉ် သိအပ်သောစိတ်က တစ်မျိုးဖြစ်လသော် အာဝဇ္ဇန်းနှင့် ဇောတို့၏အာရုံကွဲပြားခြင်းဟူသော အပြစ်ဖြစ်စရာ ရှိ၏။ ထိုသို့ ရှိသောကြောင့် . . .
ယံ ဝုတ္တံ ၊ပေ၊ ပဋိက္ခိပိတွာ။ ။အဋ္ဌကထာ၌ “ကေစိ ခဏပစ္စုပ္ပန္နံ ၊ပေ၊ ဝဒန္တိ”ဟူသော စကား၌ပါသော "ခဏပစ္စုပ္ပန္နံ ၊ပေ၊ အာရမဏံ ဟောတိ”ကို “ယံ ဝုတ္တံ, တံ”ဟု ဆိုသည်၊ ထိုစကားကို နောက်၌ “အဋ္ဌကထာသု ပဋိက္ခိတ္တံ”ကို ကြည့်၍ ပဋိက္ခိပိတွာဟု ဆိုသည်၊ အဋ္ဌကထာ၌ ကေစိတို့ဆိုအပ်သော စကားကို "အာဝဇ္ဇန်းက ပစ္စုပ္ပန်စိတ်ကို ဆင်ခြင်၍ ဇာနနဟု ခေါ်ရသော အဘိညာဉ်စိတ်တို့ ကလည်း ပစ္စုပ္ပန်စိတ်ကို အာရုံပြုလျှင် အာဝဇ္ဇန်နှင့် ဇောတို့၏ အတူတကွတည်ခြင်း, (တပြိုင်နက်ဖြစ်ခြင်း)ဟူသော အပြစ်ရောက်စရာ ရှိခြင်ကြောင့်လည်းကောင်း, အာဝဇ္ဇန်း က အပေါင်းကိုဆင်ခြင်၍ အဘိညာဉ်က တစ်စိတ်ကို (စိတ်တစ်ခုကို) သိလျှင်ဖြစ်စေ ရောက်လာ ရောက်လာသော ရှေးရှုစိတ်ကို ဆင်ခြင်ကြ, သိကြသည်ဖြစ်စေ နာနာ ရမဏဘာဝ အပြစ်ရောက်စရာ ရှိသောကြောင့်လည်းကောင်း ကေစိတို့၏စကားကို ပယ်ရှားသည်-ဟူလို၊ [ပဋိက္ခိပိတွာကို ဝုတ္တော၌ စပ်။]
ယထာဝုတ္တ ၊ပေ၊ ဝုတ္တောတိ။ ။ကာလဝသေနကို ဝတ္တမာန တံနိရုဒ္ဒါရမဏဘာဝေါ၌ စပ်၊ အဒ္ဓါပစ္စုပ္ပန် သန္တ တိပစ္စုပ္ပန်ကို အာရုံပြုသည်ဟု ယူလျှင် နာနာရမဏ အပြစ်မရှိခြင်းကို မြင်၍ အာဝဇ္ဇန်းက ဝတ္တမာန်အာရုံရှိ၍ ဇောတို့က တံနိရုဒ္ဓါအာရုံ ရှိသည်၏အဖြစ်ကို အဋ္ဌကထာဆရာတို့ ဆိုအပ်ပြီ၊ [အဋ္ဌကထာဝယ် “ဣဒ္ဓမာ ပရဿ စိတ္တံ ဇာနိတုကာမော”စသော စကား၌ “အာဝဇ္ဇနံ ခဏပစ္စုပ္ပန္နံ အာရမဏံ ကတွာ”နှင့် “တေသံ သဗ္ဗေသံပိ တဒေဝနိရုဒ္ဓံ စိတ္တံ အာရမဏံ ဟောတိ”ကို ယူ၍ “အာဝဇ္ဇနဇဝနနံ ၊ပေ၊ ဘာဝေါ ဝုတ္တော”ဟု ဆိုသည်။
ဟိ၊ မှန်၊
တံ၊ ထိုယထာကမ္မူပဂဉာဏ်သည်၊
စေတောပရိယညာဏံ၊ သည်၊
ပုရိမပရိကမ္မ ဝသေန၊ ရှေ့အဖို့၌ ဖြစ်သော ပရိကမ်၏အစွမ်းဖြင့်၊ (“ယံ သဝိတက္ကံ သဝိ စာရံ၊ တံ ဇာနာမိ”စသော ပရိကမ်၏အစွမ်းဖြင့်၊)
သဝိတက္ကာဒိဝိဘာဂံ၊ သဝိတက္ကအစရှိသော ဝေဖန်အပ်သော အထူးရှိသည်လည်းဖြစ်သော၊
သရာဂါဒိ ဝိဘာဂဉ္စ၊ သရာဂအစရှိသော ဝေဖန်အပ်သော အထူးရှိသည်လည်းဖြစ်သော၊
စိတ္တံ၊ ကို၊
ဝိဘာဝေတိ ယထာ၊
ဧဝံ၊ တူ၊
သဝိဘာဂံ၊ ဝေဖန်အပ်သော အထူးနှင့် တကွဖြစ်သော၊)
(ကမ္မံ၊ ကံကို၊) န ဝိဘာဝေတိ၊
ပန၊ အနွယကား၊
ကမ္မဝသေနေ ဝ၊ ဖြင့်သာလျှင်၊
သမုဒါယံ၊ ခန္ဓာအပေါင်းကို၊ ဝိဘာဝေတိ၊
ဣတိ၊ ကြောင့်၊
အဝိတက္က ၊ပေ၊ အာဒိကေ၊ အစရှိသော၊
ဝိဘာဂကရဏေ၊ ဝေဖန်မှုကို ပြုကြောင်း စကား၌၊
တံ၊ ထိုယထာကမ္မူပဂဉာဏ်ကို၊ န ဝုတ္တံ၊
စတုက္ခန္ဓာနာရမဏတော၊ လေးပါးသောခန္ဓာလျှင် အာရုံမရှိသည်၏အဖြစ်ကြောင့်၊
(န ဝုတ္တံ၊ ကား၊)
တံဟိ ၊ပေ၊ ဝိဘာဝေတီတိ။ ။“ယထာကမ္မူ ၊ပေ၊ ဂဏှန္တိ”ဟူသော ရှေ့ စကား၏ ဒဠှီ၊ တပ္ပာကဋီကရဏတည်း၊ “ယထာ ၊ပေ၊ ဝိဘာဝေတိ”သည် ဥပမာန, တံ န ဧဝံ ၊ပေ၊ သမုဒါယံ ဝိဘာဝေတိ”ကား ဥပမေယျဝါကျတည်း၊ စေတော ပရိယဉာဏ်သည် ပရိကမ်ပြုစဉ်က “သဝိတက္ကအစရှိသော အထူးရှိသောစိတ်ကို သိလို၏”ဟု ပရိကမ်ပြုလျှင်လည်းကောင်း, “သရာဂစသော အထူးရှိသောစိတ်ကို သိလို၏”ဟု ပရိကမ်ပြုလျှင်လည်းကောင်း ထိုပရိကမ် ပြုသည့်အတိုင်းပင် စိတ်အထူးကို သိနိုင်သကဲ့သို့, ယထာကမ္မူပဂဉာဏ်ကား အထူးရှိသောကံကို မသိနိုင်၊ ကုသိုလ် အကုသိုလ်စေတနာဟူသော ကံနှင့်စပ်၍ အပေါင်းဖြစ်သော ကုသိုလ် အကုသိုလ်ခန္ဓာ ကိုသာ ထင်ရှားစေနိုင် (သိနိုင်)သည်။
ဣတိ ၊ပေ၊ န ဝုတ္တံ ။ ။ဤသို့ ယထာကမ္မူပကဉာဏ်က သဝိတက္ကစသော အထူးရှိသော ကံကို မသိနိုင်၊ (ကံကို ပဓာနပြု၍ ယှဉ်ဘက်ခန္ဓာတို့ကို အာရုံပြုရ) သောကြောင့် “အဝိတက္ကဝိစာရမတ္တာ ခန္ဓာစ”စသော ဝိဘာဂပြုသော ပါဠိတော်ဝယ် ထိုယထာကမ္မူပဂဉာဏ်ကို ဟောတော်မမူ၊ ကံနှင့်အတူဖြစ်သော နာမ်ခန္ဓာလေးပါးကို အာရုံမပြုနိုင်သောကြောင့် ဟောတော်မမူဘဲ ချန်ထားခြင်း မဟုတ်ပါ’ဟူလို။
**ဣဒံ ပန ၊ပေ၊ ကာရဏံတိ** ။ ။“ပန”ပါလျှင် ဣဒမသည် လာမည့်စကား ကို ညွှန်ပြသောပုဒ်ဟု မှတ်ရိုးတည်း၊ ဤ၌ကား ပုဗ္ဗေနိဝါသဉာဏ် ထည့်၍ မဟောရ ခြင်း၏အကြောင်းကို ပြပြီးဖြစ်သောကြောင့်လည်းကောင်း, “ကာရဏန္တိ”ဟု ဣတိသဒ္ဒါ (နိဂုံး)ပါနေသောကြောင့်လည်းကောင်း “ပန”မပါလျှင် ကောင်း၏၊ ပါလျှင် အနက် မရှိ ကြံရုံသာ။**ကေစိ ၊ပေ၊ ပဌန္တိ ဧဝ**။ ။ “အဝိတက္ကဝိစာရမတ္တာ ခန္ဓာ ဝိစာရောစ”၏ နောက်၌ အများရွတ်ဆိုရိုးမှာ “စေတောပရိယဉာဏဿ”ကို ထည့်၍ ရွတ်ဆိုရိုးတည်း၊ သို့သော် ကေစိတို့ကမူ“စေတောပရိယဉာဏဿ”ဟု မထည့်ဘဲ“ယထာကမ္မူပဂ ဉာဏဿ”ကို ထည့်၍ ရွတ်ဆိုကြ၏၊ ထိုသို့ ရွတ်ဆိုကြခြင်းဖြင့် ကောစိတို့ ပါဠိအလိုလည်း ယထာကမ္မူပဂဉာဏ်က စတုက္ခန္ဓကို အာရုံပြုနိုင်သည်ဟု မှတ်ပါ။**န ဟိ ၊ပေ၊ ဟောတီတိ**။ ။ဤစကားသည် ကေစီဝါဒကို ထောက်ခံသော စကားတည်း၊ ထိုယထာကမ္မူပဂဉာဏ်သည် ကုသိုလ် အကုသိုလ်ကံကို ခွဲခြားဝေဖန်ခြင်းငှာ စွမ်းနိုင်သကဲ့သို့ သဝိက္ကစသော အထူးအပြားရှိသော ကံကိုလည်း ထင်စွာဖြစ်စေ ခြင်းငှာ (သိခြင်းငှာ) မစွမ်းနိုင်မဟုတ်, စွမ်းနိုင်သည်သာ။**ဒုစ္စရိတ ၊ပေ၊ ဝိဘာဝနံ ဟောတိ** ။ ။[ရှေ့စကားကို ခိုင်မြဲစေသော ဒဠှီဝါကျ တည်း၊ အလောဘစသည်နှင့် ယှဉ်သောကြောင့် သုစရိုက်ကံဖြစ်၍, လောဘစသင်နှင့် ယှဉ်သောကြောင့် ဒုစရိုက်ကံဖြစ်ရကား ထိုဒုစရိုက် သုစရိုက်အထူးကို ဝေဖန်နိုင်လျှင် လောဘစသည်နှင် ယှဉ်ခြင်း မယှဉ်ခြင်း အထူးကိုသော်မှလည်း ဝေဖန်နိုင်သော ကံဖြစ်သည်၊ [သဝိတက္ကစသော ကံအထူးကို ဝေဖန်နိုင်ပုံမှာ အထူးပြောဖွယ်မလိုဟု ပိကဂရဟပြုသည်၊] ထို့ကြောင့် ကေစိတို့ပါဠိသည် မှန်စရာရှိသည်-ဟူလို။နိယကဇ္ဈတ္တ၊ပေ၊အဘာဝေနာတိ၊ ကား၊
သဘာဝဓမ္မတ္တာ၊ သဘာဝဓမ္မ၏အဖြစ်ကြောင့်၊ [အနိန္ဒြိယဗဒ္ဓရုပ်နှင့် နိဗ္ဗာန်က သဘာဝဓမ္မဖြစ်သောကြောင့်၊]
ကေနစိ ပရိယာယေန၊ တစ်စုံတစ်ခုသောပရိယာယ်အားဖြင့်၊
နိယကဇ္ဈတ္တံ၊ နိယကဇ္ဈတ္တသည်၊
အဟောန္တံ၊ မဖြစ်နိုင်သည်၊(ဟုတွာ၊)
သဗ္ဗထာ၊ အလုံးစုံသော အခြင်းအရာအားဖြင့်၊
ဗဟိဒ္ဓါဘာဝေနေဝ၊ ဗဟိဒ္ဓ၏အဖြစ်ကြောင့်ပင်၊
ဧကန္တဗဟိဒ္ဓါတိ၊ ဧကန်ဗဟိဒ္ဓတို့ဟူ၍၊ ဝုတ္တံ၊ (အနိန္ဒြိယဗဒ္ဓရုပ်နှင့်နိဗ္ဗာန်ကို ဧကန် ဗဟိဒ္ဓဟုဟောတော်မူအပ်ပြီး)
အသဘာဝဓမ္မတ္တာ၊ သဘာဝဓမ္မ မဟုတ်သည်၏ အဖြစ်ကြောင့်၊ [ကသိုဏ်းပညတ်စသည်တို့က သဘာဝဓမ္မ မဟုတ်သော ကြောင့်၊]
ဗဟိဒ္ဓါပိ၊ ဗဟိဒ္ဓတရားသည်လည်း၊ [ပိဖြင့် အဇ္ဈတ္တကိုပေါင်း၊]
အဟောန္တံ၊ မဟုတ်သော၊
ကသိဏာဒိဝိယ၊ ကသိုဏ်းပညတ် အစရှိသည်ကဲ့သို့၊
နိယကဇ္ဈတ္တမတ္တဿ၊ နိယကဇ္ဈတ္တမျှ၏၊
အသမ္ဘဝတော၊ မဖြစ်သင့်ခြင်းကြောင့်၊
(ဧကန္တ ဗဟိဒ္ဓါဒိ၊ ဟူ၍၊)
န(ဝုတ္တံ)၊ ဟောတော်မူအပ်သည်မဟုတ်၊
သဘာဝဓမ္မတ္တာ ၊ပေ၊ ဝုတ္တံ
။ ။ပါဠိတော်၌ အနိန္ဒြိယဗဒ္ဓရုပ်နှင့် နိဗ္ဗာန်ကို ဗဟိဒ္ဓ ဟု ဟောတော်မူ၏။ ထိုသို့ ဟောတော်မူရာ၌ သဘာဝဓမ္မမဟုတ်သော ကသိုဏ်း ပညတ်စသည်ကို ဗဟိဒ္ဓဟု အထူးဟောတော်မမူဘဲ ဤအနိန္ဒြိယဗဒ္ဓရုပ်နှင့် နိဗ္ဗာန်ကိုသာ အဘယ့်ကြောင့် ဗဟိဒ္ဓဟု ဟောတော်မူရပါသနည်းဟု မေးဖွယ်ရှိသောရကြောင့် “သဘာဝ ၊ပေ၊ ဟောန္တံ”ဟု မိန့်သည်၊ သဘာဝမ္မဖြစ်သောကြောင့်လည်းကောင်း, မည့်သည့်နည်းပရိယာယ်ဖြင့် မဆို အဇ္ဈတ္တမဖြစ်နိုင်ရကား အခါခပ်သိမ်း ဗဟိဒ္ဓဖြစ်သော ကြောင့်လည်းကောင်း, ဧကန္တဗဟိဒ္ဓဟု ဟောတော်မူရပါသည်-ဟူလို။
အသဘာဝဓမ္မတ္တာ ။ ။ကသိုဏ်းပညတ်စသော ပညတ်သည် သဘာဝမ္မေ မဟုတ်သော်လည်း ဈာန်၏အာရုံဖြစ်သော ကသိုဏ်းကို အဟံ (ငါ)ဟု စွဲလမ်းသော ဒိဋ္ဌိဖြစ်နိုင်ရကား (ငါဟု စွဲလမ်းလျှင် အဇ္ဈတ္တဟု စွဲလမ်းနိုင်ရကား) ကသိုဏ်းစသော ပညတ်ကို ပရိယာယ်အားဖြင့် အဇ္ဈတ္တဟု ဆိုနိုင်သေး၏၊ ထို့ကြောင့် “ဧကန္တ ဗဟိဒ္ဓ”ဟု ဟောတော်မမူအပ်၊ အနိန္ဒြိယဗဒ္ဓရုပ်နှင့် နိဗ္ဗာန်ကား သတ္တဝါသန္တာန်မဖြစ်သောကြောင့် ထိုကဲ့သို့ ပရိယာယ်အဇ္ဈတ္တမျှ မဖြစ်နိုင်၊ ထို့ကြောင့် ဧကန္တ ဗဟိဒ္ဓဟု ဟောတော်မူအပ် သည်၊ [အသဘာဝဓမ္မဿ အဟံတိအာဒိပညတ္တိယာ အဇ္ဈတ္တဓမ္မုပါဒါနတာယ (အဇ္ဈတ္တ တရားကို စွဲလမ်းအပ်သည်၏အဖြစ်ကြောင့်၊) သိယာ ကောစိ အဇ္ဈတ္တပရိယာယော၊ န ပန သဘာဝဓမ္မဿ အသတ္တသန္တာနေဂတဿ (သတ္တဝါသန္တာန်၌မဖြစ်သော အနိန္ဒြိယ ဗဒ္ဓရုပ် နိဗ္ဗာန်၏၊) ဣတိ ဝုတ္တံ သဘာဝ ၊ပေ၊ အဟောန္တံတိ၊-အနု။]
**ယော ပနာယ ၊ပေ၊ နာနုဇာနန္တိ** ။ ။ “တံ ၊ပေ၊ ဧကမ္ပိ ဝုစ္စမာနံ”ဟူသော အဋ္ဌကထာပါဌ်ကို “အာကိဉ္စညာယတနံ ဧကမ္ပိ ဝုစ္စမာနံ”ဟု ထင်ရှားအောင် ဆိုသည်၊ “ဟေဋ္ဌာ တေန”ဟူ သော အဋ္ဌကထာပါဌ်ပါကို “အတီတာရမဏတ္တိကေ တေန”ဟု ဆိုသည်၊ “သဟ ဧကာရမဏဘာဝမ္ပိ”ကို“သဟေကာရမဏတမ္ပိ”ဟု ဆိုသည်၊ ဤသို့ အဋ္ဌကထာပါဌ်ကို အနက်ထင်လောက်အောင် ဖြည့်တန်လျှင်ဖြင့်၍ ချုံးတန်လျှင်ချုံး၍ လိုရင်းအနက်ကို ပြထားသောကြောင့် “ယော အယံ ဧတ္ထ အတ္ထော ဝုတ္တော”ဟု ဆိုသည်၊ ထိုသို့ အဋ္ဌကထာဆိုသည်ကို အညေဆရာတို့က ခွင့်မပြုကြ။**နဟိ ဤဒိသံ လေသဝစနံ**။ ။ ခွင့်မပြုခြင်း၏ အကြောင်းအရာကို ပြလို၍ “နဟိ” စသည် မိန့်၊ လိဿတိ သိလိဿတိ ဧကဒေသေန အလ္လိယတီတိ လေသော- တစ်စိတ်တစ်ပိုင်းအားဖြင့် တူသောအာရုံရှိသောကြောင့် (ထိုအာရုံတူတရားတို့တွင်) တစ်စိတ်တချို့ကိုသာ ဆိုခြင်းကို (အခြားမဆိုအပ်သော အနက်၌လည်း ငြိကပ်တတ် သောကြောင့်) လေသဝစနဟု မှတ်ပါ၊ မြန်မာလို “အမြွက်မျှဆိုခြင်း”ဟု ခေါ်သည်၊ ဤကဲ့သို့ လေသစကားမျိုးသည် ဤအဋ္ဌကထာကဏ္ဍ၌ မရှိပါ၊ ထိုသို့ မရှိသောကြောင့် ခွင့်မပြုနိုင်ကြ-ဟူလို။**ယဒိသိယာ ၊ပေ၊ ယောဒေတဗ္ဗံ** ။ ။ထိုစကားမျိုး အဋ္ဌကထာကဏ္ဍ၌ရှိလျှင် အခြားနေရာ၌ အဘယ်သို့ ဟောသင့်ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “ယဒိ သိယာ၊ ပရိတ္တာရမဏတ္တိကေ"စသည်ကို မိန့်သည်၊ ဆိုလိုရင်းကား- ထိုလေသစကားမျိုးရှိလျှင် ပရိတ္တာရမဏတိက်၌ သမာနာရမဏတရားတို့၏ ပရိတ္တာရမဏအဖြစ် န ဝတ္တဗ္ဗအဖြစ်ကို ဟောတော်မူပြီးနောက် အတီတာရမဏတိက် ရောက်သောအခါ ထိုတရားထဲမှ တစ်ပါးကိုသာ ဟောတော်မူ၍ ကျန်တရားစုကိုမဟာဘဲ ထားတော်မူစရာရှိ၏၊ “တထာ ဝေဒနာတ္တိကေ”မှစ၍ “ယောဇေတဗ္ဗ”တိုင်အောင် ဤပြအပ်ပြီးသော နည်းအတိုင်းသိပါ။ **လေသေန ပန ဝိနာ ၊ပေ၊ ဝုတ္တာနိ** ။ ။အဋ္ဌကထာကဏ္ဍ၌ ထိုသို့ လေသ အားဖြင့် ဟောတော်မူမှုကို မပြုအပ်သည့်အတွက် အဇ္ဈတ္တရမဏတိက်၌ အာကိဉ္စညာ ယတနဈာန်ကဲ့သို့ ကာမကုသိုလ်စသည်တို့၏လည်း အဇ္ဈတ္တစသည်ဖြင့် မဆိုထိုက်သော န ဝတ္တဗ္ဗအာရုံရှိကြလျှင် “န ဝတ္တဗ္ဗာနိ”ဟုပင် တိုက်ရိုက်ဟောတော်မူထိုက်၏၊ ထိုသို့ကား ဟောတော်မမူ။တသ္မာ, အဘာဝနသာမညေ၊ အဘာဝနအားဖြင့် တူသည်၏အဖြစ်သည်၊
(သတိ)ပီ၊ သော်လည်း၊
ယာယ အဘာဝနနိဋ္ဌပ္ပဝတ္တိယာ၊ အကြင် အဘာဝန၏ အပြီးအဆုံးဖြစ်ခြင်းအားဖြင့်၊
အာကိဉ္စညာယတနံ၊ သည်၊
ပဝတ္တမာနံ၊ သော်၊
န ဝတ္တဗ္ဗံ၊ အဇ္ဈတ္တာရမဏ စသည်ဖြင့် မဆိုထိုက်သည်၊
ဇာတံ၊ တဿာ ပဝတ္တိယာ၊ ထို ဖြစ်ခြင်းမျိုး၏၊
အဘာဝေန၊ မရှိခြင်းကြောင့်၊
တာနိ၊ ထို ကာမာဝစရကုသိုလ်အစရှိသည်ကို၊
န ဝတ္ထုဗ္ဗာနီတိ၊ တို့ဟူ၍၊ န ဝုတ္တာနိ၊
တသ္မာ အဘာဝန သာမညေပိ
။ ။ “န ဘာဝိယတီတိ အဘာဝနံ” ဟူသော အနုဋီကာ ဝိဂ္ဂဟနှင့်အညီ ကံစသည်တို့သည် ဖြစ်စေအပ်သည်မဟုတ်သော ပညတ်ကို အဘာဝနဟု ယူပါ၊ [စာအုပ်တို့၌ “အဘာဝနာ”ဟု ဣတ္ထိလိန်ဖြင့် တွေ့ရ၏၊] အာကိဉ္စညာယတနနှင့် ကာမကုသိုလ်စသည်တို့၏ အဘာဝနအာရုံရှိသော တရားများ အဖြစ်ဖြင့် တူသော်လည်း
ယာယ ၊ပေ၊ ဇာတံ ။ ။အဘာဝနာ၏ အကြင်နိဋ္ဌ (အပြီးအဆုံး အထွဋ် အထိပ်) ဖြစ်ခြင်းအားဖြင့် အာကိဉ္စညာယတနဈာန်ဖြစ်လသော် န ဝတ္တဗ္ဗ (အဇ္ဈတ္တာ ရမဏစသည်ဖြင့် မဆိုထိုက်သော) ဈာန်ဖြစ်ရလေသည်၊ . . .တဿာ ၊ပေ၊ န ဝုတ္တာ နိ- ကာမကုသိုလ်စသည်တို့၏ အဘာဝနအာရုံမှာ ထိုသို့သော နိဋ္ဌပ္ပဝတ္တိအခြင်းအရာ၏ မရှိခြင်းကြောင့် ထိုတရားတို့ကို န ဝတ္တဗ္ဗ (အဇ္ဈတ္တာရမဏစသည်ဖြင့် မဆိုထိုက်သော) တရားဟူ၍ ဤ အဇ္ဈတ္တာရမဏတိက်၌ ဟောတော်မမူအပ်ကုန်၊ [အဘာဝန နိဋ္ဌ ပဝတ္တိယာတိ အဘာဝနာကာရဿ ဥက္ကံသပဝတ္တိယာတိ အတ္ထော၊-အနု။
**ဂဟဏ ၊ပေ၊ န ဝတ္ထုဗ္ဗန္တိ ဝုတ္တံ** ။ ။ထိုစကားကို ချဲ့လို၍ “ဂဟဏ”စသည် မိန့်၊ အာရုံပြုသောအားဖြင့် ယူခြင်းကို “ဂဟဏ”ဟု ဆိုသည်၊ ထိုသို့ အာရုံယူပုံကို အထူး၏ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာသော ကသိုဏ်းပညတ်စသည်တို့မှာ သဘာဝ အားဖြင့် ထင်ရှားမရှိသော ဗဟဒ္ဓတရားများဖြစ်၍ ထိုကို အာရုံပြုသော တရားတို့ကို ဗဟိဒ္ဓါ ရမဏဟု ဟောတော်မူအပ်ကုန်ပြီ၊ အာကိဉ္စညာယတန၏အာရုံမှာ အဇ္ဈတ္တဗဟိဒ္ဓ မဟုတ်သောကြောင့် ထိုအာကိဉ္စညာယတနစိတ်ကို နု ဝတ္တဗ္ဗအာရုံရှိသော တရားဟု ဟောတော်မူအပ်ပြီ။**ယေန ၊ပေ၊ ဘဝေယျ** ။ ။ အာကိဉ္စညာယတနဈာန်၏ အာရုံယူပုံမျိုးကို သဗ္ဗညုတဉာဏ်သော်မှ မယူနိုင်ပါ ၊ အကယ်၍ ယူနိုင်လျှင် (အာကိဉ္စညဟု ခေါ်အပ်သော နတ္ထိဘောပညတ်ကို ယူရာရောက်သောကြောင့်) သဗ္ဗညုတဉာဏ်လည်း အာကိဉ္စညာ ယတနအမည် ရစရာရှိသည်၊ယထာ ဟိစသည်ကား ဤအဓိပ္ပာယ်ကို ထင်ရှားပြသော တပ္ပာကဋီကရဏဝါကျတည်း၊[ကာမာဝစရလာနံသည် ဥပလက္ခဏသာတည်း၊ အခြားသောစိတ်များ၏ န ဝတ္တဗ္ဗအဖြစ် မဟောခြင်းကိုလည်း ဤနည်းအတိုင်းသိပါ-ဟူလို။**အတ္တနော ခန္ဓာဒီနိ** ။ ။ခန္ဓအရ နာမ်ခန္ဓာတို့ကို ယူ၍, အာဒိဖြင့် ရုပ်ကို ယူ၊ တစ်နည်း-အဇ္ဈတ္တခန္ဓာ (ရုပ်နာမ်)တို့ကို ငါဟု စွဲလမ်းသူ၏ ထိုငါဟူသော ပညတ်ကို အာဒိဖြင့် ယူပါ။**ဧသ ၊ဝေ၊ ဂ္ဂဟဏေ။ ။ပရေသံ ခန္ဓာဒိဂ္ဂဟဏေကို “ပရေသံ ခန္ဓာဒီဟိ ဣမဿ ပဒဿ-ကို၊ ဂဟဏေ (ကထနေ ဥစ္စာရဏေ) ရွတ်ဆိုခြင်း၌”ဟု အနုဖွင့်၏၊ ဧသနယောဖြင့် “အရူပက္ခန္ဓေ ခန္ဓာတိ ဂဟေတွာ”စသည်ဖြင့် နည်းယူဖို့ရန်ကိုညွှန်သည်၊ [အဟံတိနေရာဝယ် “ပရံတိ”ဟု လဲပါ။]**ပုန ၊ပေ၊ အာဟ** ။ ။ “ပရေသံ ခန္ဓာဒိ ပစ္စဝေက္ခဏေ၏နောက်၌ “ပညတ္တိ နိဗ္ဗာန ပစ္စဝက္ခဏေ”ဟု ရှိပြန်ရာ ခန္ဓာဒိ၌ အာဒိဖြင့် အဟံဟူသော ပညတ်ကို ယူလျှင် ပညတ္တိအရ ဘယ်ပညတ်ကို ယူမည်နည်းဟု မေးဖွယ်ရှိ၏၊ “ပုန”စသည် မိန့်၊ နောက်ပညတ္တိသဒ္ဒါဖြင့် ကသိုဏ်းဟူသော အနိန္ဒိယဗဟဒ္ဓပညတ်, ဗြဟ္မဝိဟာရ၏ အာရုံဖြစ်သော သတ္တဝါဟူသော ဥပါဒါပညတ်ကို ယူပါ။**အာဒိသဒ္ဒန ဝါ**။ ။ခန္ဓာဒိ၌ အာဒိဖြင့် အဟံ-ပရံစသော ပညတ်ကို မယူဘဲ အလုံးစုံသော ဥပါဒါပညတ်ကို ယူသောနည်းကို တစ်နည်းပြလို၍ “အာဒိသန္ဒေနဝါ ၊ပေ၊ ပညတ္တိ”ဟု မိန့်သည်၊ အဟံ ပရံလည်း ဥပါဒါပညတ်ပင် ဖြစ်သောကြောင့် ထိုပညတ်တို့ကိုပါ နောက်ထပ် ပညတ္တိသဒ္ဒါဖြင့် ယူစေလိုရကား “သဗ္ဗံ”ဟု ဆိုသည်။