စ၊ ဆက်။
ဣတ္ထိလိင်္ဂါဒီသု ဧဝ၊ ဣတ္ထိလိင်္ဂ အစရှိသည်တို့၌ပင်။
အဓိပတိဘာဝါ၊ အကြီးအကဲ၏အဖြစ်ကြောင့်၊ (အစိုးရသည်၏အဖြစ်ကြောင့်၊)
ဧတဿ၊ ဤဘာဝရုပ်၏။
ဣန္ဒြိယတာ၊ ဣန္ဒြိယ၏အဖြစ်ကို၊ (ဣန္ဒြိယအမည်ကို၊)
ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ (ကသ္မာ၊)
ဣန္ဒြိယသဟိတေ၊ သော။
သန္တာနေ၊ ခန္ဓာအစဉ်၌။
ဣတ္ထိ ၊ပေ၊ ပစ္စယာနံ၊ ဣတ္ထိ,လိင်္ဂအစရှိသော အခြင်းအရာရှိသော ရုပ်တို့၏အကြောင်းတို့ကို။
အညထာ၊ (ဣတ္ထိလိင်္ဂအစရှိသောအခြင်းအရာမှ) တစ်ပါးသောအခြင်းအရာအားဖြင့်။
ဝါ့၊ ဣတ္ထိန္ဒြေ၏ ရှိခြင်းမှတစ်ပါး မရှိခြင်းဟူသော အခြင်းအရာကြောင့်။
အနုပ္ပါဒနတော၊ မဖြစ်စေခြင်းကြောင့်လည်းကောင်း။
ဣတ္ထိဂ္ဂဟဏဿ၊ ဣတ္ထိဟုယဓကြောင်းစိတ်၏။ (သိတတ်သောစိတ်၏၊)
တေသံ ရူပါနံ၊ ထိုဣတ္ထိလိင်္ဂအစရှိသော အခြင်းအရာရှိသောရုပ်တို့၏။
ပစ္စယဘာဝတော စ၊ အကြောင်းတို့၏ အဖြစ်ကြောင့်လည်းကောင်းတည်း။
ဣတ္ထိလိင်္ဂါဒီသု ၊ပေ၊ ဘာဝတော။ ။ အဘယ်ကြောင့် ဣတ္ထိဘာဝရုပ်ကို ဣတ္ထိန္ဒြိယဟု ခေါ်နိုင်သနည်း"ဟု မေးဖွယ်ရှိသောကြောင့် "ဣတ္ထိလိင်္ဂါဒီသု ၊ပေ၊ ဝုတ္တာ"ဟု မိန့်သည်၊ "ဣတ္ထိလိင်္ဂစသည်တို့၌သာ အစိုးရသောကြောင့် ဣတ္ထိန္ဒြိယဟု ဆိုအပ်ပါသည်" ဟူလို၊ ထိုအစိုးရခြင်း၏အကြောင်းကို ပြလို၍ "ဣန္ဒြိယသဟိတေ ၊ပေ၊ အနုပ္ပာဒနတော"ဟု မိန့်သည်၊ ဣတ္ထိန္ဒြေနှင့် တကွဖြစ်သော ခန္ဓာအစဉ်ဝယ် ဣတ္ထိလိင်္ဂစသော အခြင်းအရာရှိသော ရုပ်တို့၏ အကြောင်းတို့ကို ဣတ္ထိလိင်္ဂစသည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်စေခြင်းကြောင့် ထိုဣတ္ထိလိင်္ဂစသည်ကို အစိုးရသည်ဟု ဆိုရပေသည်။
အာကာရ ၊ပေ၊ အနုပ္ပာဒနတော ။ ။ "ဣတ္ထိလိင်္ဂစသော အခြင်းအရာရှိသောရုပ်တို့၏အကြောင်း"ဟူသည် ယောကျ်ားနှင့်မိန်းမတို့ မတူအောင် ရုပ်တို့၏ စုဝေးတည်နေပုံ သဏ္ဌာန်, နိမိတ္တတွင်ပါဝင်သော ဆံထုံးပုံ, အဝတ်ဝတ်ပုံနှင့် ကစားပုံ, သွားလာပုံ စသည်ကို ဖြစ်စေတတ်သော ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတို့တည်း။ ထို အကြောင်းတို့ကို ဣတ္ထိဘာဝရုပ်က အခြားသော နည်းအားဖြင့် မဖြစ်စေဘဲ ဤနည်းအတိုင်းသာ များသောအားဖြင့် ဖြစ်စေသောကြောင့် ဘာဝရုပ်ကို "ဣတ္ထိန္ဒြိယရုပ်"ဟု ခေါ်ရသည်၊ [အညထာတိ ဣတ္ထိလိင်္ဂါဒိ အာကာရတော အညထာ၊ ဣတ္ထိန္ဒြိယာဘာဝေ ဝါ၊- အနု။]
ဣတ္ထိဂ္ဂဟဏဿ ၊ပေ၊ ဘာဝတောစ ။ ။ ဣတ္ထိန္ဒြိယရုပ်ဟု ခေါ်ရခြင်း၏အကြောင်းကို ထပ်၍ပြသော စကားတည်း၊ ဣတ္ထိလိင်္ဂ ဣတ္ထိနိမိတ္တ စသည်ကိုကြည့်၍ "ဤသူဟာ ဣတ္ထိဘဲ"ဟု သိသောစိတ် ဖြစ်၏၊ ထိုစိတ်၏ အကြောင်းဖြစ်သောကြောင့်လည်း "ဣတ္ထိဘာဝ- ဣတ္ထိန္ဒြိယ"ဟု ခေါ်ရသည်။
**ယသ္မာ ပန ၊ပေ၊ ပစ္စယောတိ န ဝုတ္တံ** ။ ။ ဣတ္ထိဘာဝရုပ်က ဣတ္ထိလိင်္ဂစသော အခြင်းအရာရှိသော ရုပ်တို့ကိုဖြစ်စေရာ၌ အကြောင်းတစ်ပါးဖြစ်လျှင် အဘယ့်ကြောင့် ဣန္ဒြိယပစ္စည်း, ဣန္ဒြိယတ္ထိပစ္စည်း, ဣန္ဒြိယအဝိဂတပစ္စည်း အဖြစ်ဖြင့် မဟောအပ်ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ယသ္မာ ပန" စသည်ကို မိန့်သည်၊ ပဋ္ဌာန်း ပစ္စည်းတပ်ရာ၌ ဇနကသတ္တိ, ဥပတ္ထမ္ဘကသတ္တိ, (အနုပါလကသတ္တိ) တစ်မျိုးမျိုးရှိရ၏၊ ဤဣတ္ထိဘာဝရုပ်သည် ကလာပ်တူဖြစ်သော ဘာဝဒသက၌သော်မှ ထိုရုပ်တို့ကိုဖြစ်စေတတ်သော ဇနကသတ္တိမရှိ, ဇီဝိတိန္ဒြေသည် ကလာပ်တူရုပ်များကို စောင့်ရှောက်တတ်သကဲ့သို့ စောင့်ရှောက်တတ်သော အနုပါလကသတ္တိလည်းမရှိ, အာဟာရသည် အခြားကလာပ်၌ ရှိသောရုပ်များကို ထောက်ပံ့တတ်သကဲ့သို့ ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိလည်းမရှိ, ထို့ကြောင့် ဣန္ဒြိယ, အတ္ထိ, အဝိဂတ ပစ္စည်းအဖြစ်ဖြင့် ဟောတော်မမူအပ်။**အထဝါ ၊ပေ၊ ဝုစ္စတိ**။ ။ အဋ္ဌကထာနည်းမှ တစ်နည်းကို ပြလို၍ "အထဝါ"စသည်မိန့် [အတ္တနောမတိယာ အတ္ထံ ဒဿေတုံ အထဝါအာဒိမာဟ၊-မဓု။] စကားသံကို ပြုစီမံတတ်သည်ဖြစ်၍ "ဝစီသင်္ခါရ"ဟု ခေါ်ဆိုရသော ဝိတက်, ဝိစာရတို့ဖြင့် မည်သည့် စကားကို ပြောဆိုမည်ဟု ကြံစည်နေခိုက်၌ အသံမထွက်မီ တလှုပ်လှုပ် လှုပ်နေစေကာမူ သောတဝိညာဏ်၏အာရုံအဖြစ်သို့ မရောက်သေးသောကြောင့် ကွဲကွဲပြားပြား မရှိရကား "ဝစီ"ဟုသာ ခေါ်ရ၏၊ "ဝစီဘေဒ"ဟု မခေါ်နိုင်၊ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ရောက်မှ စကားသံ ကွဲကွဲပြားပြားဖြစ်သောကြောင့် "ဝစီဘေဒ"ဟု ခေါ်ရသည်။ ခီဏာ ၊ပေ၊ စိတ္တန္တိ၊ ဟူ၍။
ဝိသေသေတွာ၊ ခီဏာသဝါနံဟု အထူးပြု၍၊ (သင်္ဂဟကာရေန) ဝုတ္တံ၊
ပန၊ ထိုသို့ပင် ဆိုအပ်ပါသော်လည်း။
ကာမာဝစရာနံ ၊ပေ၊ နိရုဇ္ဈိဿတီတိ၊ ဟူ၍။
ဝစနတော၊ ဟောတော်မူခြင်းကြောင့်။
အညေသမ္ပိ၊ ရဟန္တာမှတစ်ပါး အခြားပုဂ္ဂိုလ်တို့၏လည်း။
စုတိစိတ္တံ၊ သည်။
ရူပံ၊ ကို။
န သမုဋ္ဌာပေတိ၊ မဖြစ်စေ။
ဣတိ ဝိညာယတိ၊ ၏။
[ကာမာဝစရာနံ၊ ကာမာဝစရပုဂ္ဂိုလ်တို့၏၊
ပစ္ဆိမစိတ္တဿ၊ ပစ္ဆိမစိတ်၏၊
ဥပ္ပာဒက္ခဏေ၊ ဥပါဒ်ခဏ၌လည်းကောင်း၊ (စုတိစိတ်၏ ဥပါဒ်ခဏ၌လည်းကောင်း၊)
ယဿ စိတ္တဿ၊ အကြင်စိတ်၏။
အနန္တရာ၊ အခြားမဲ့၌၊
ကာမာဝစရာနံ၊ တို့၏။
ပစ္ဆိမစိတ္တံ ဥပ္ပဇ္ဇိဿတိ၊
တဿ စိတ္တဿ၊ ၏။
ဥပ္ပာဒက္ခဏေ၊ ၌လည်းကောင်း၊
ရူပါဝစရေ၊ ရူပါဝစရဘုံ၌လည်းကောင်း။
အရူပါဝစရေ၊ ၌လည်းကောင်း။
ပစ္ဆိမဘဝိကာနံ၊ တို့၏လည်းကောင်း၊
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊
ရူပါဝစရံ၊ ရူပါဝစရဘုံသို့လည်းကောင်း၊
အရူပါဝစရေ၊ သို့လည်းကောင်း။
ဥပ္ပဇ္ဇိတွာ၊ ၍။
ပရိနိဗ္ဗာယိဿန္တိ၊ ပရိနိဗ္ဗာန်ပြုကုန်လတ္တံ့၊
တေသံ၊ ထိုပုဂ္ဂိုလ်တို့၏လည်းကောင်း၊
စဝန္တာနံ၊ စုတေဆဲဖြစ်ကုန်သော။
တေသံ၊ ထိုဆိုအပ်ခဲ့ပြီးသော ပုဂ္ဂိုလ်တို့၏လည်းကောင်း၊
ဝစီသင်္ခါရော၊ သည်။
နိရုဇ္ဈဿတိ၊ ချုပ်လတ္တံ့၊
တေသံ၊ ထိုပုဂ္ဂိုလ်တို့၏၊
ကာယသင်္ခါရော၊ သည်။
နော စ နိရုဇ္ဈဿတိ၊ မချုပ်လတ္တံ့၊- သင်္ခါရယမိုက်။]
သင်္ခါရယမိုက်
။ ။ ဤပါဠိတော်ကိုထောက်၍ "အလုံးစုံသော ပုဂ္ဂိုလ်တို့၏ စုတိစိတ်သည် အဿာသ ပဿာသကို မဖြစ်စေနိုင်သကဲ့သို့ အဿာသ ပဿာသနှင့် ရုပ်ချင်းတူသော အခြားရုပ်များကိုလည်း မဖြစ်စေနိုင်"ဟု ဆိုလိုသည်၊ ထို့ကြောင့် "ခီဏာသဝါနံ"ဟု အထူးပြုဖွယ် မလိုပါ- ဟူလို။
မဓုဋီကာ ။ ။ ထို အဆိုကို မဓုဋီကာ၌ ချေပထား၏၊ ချေပပုံကား- စုတိစိတ်သည် အလွန်အားသေး၏၊ အဿာသ ပဿာသကား အလွန်ထင်ရှား၏၊ သင်္ခါရယမိုက်၌ အဿာသ ပဿာသကို မဖြစ်စေပုံကို ဟောတော်မူသော်လည်း အခြားရုပ်ကိုလည်း မဖြစ်စေနိုင်ဟု မယူသင့်ပါ၊ မူလဋီကာဆရာက "စုတိစိတ်သည် ရုပ်ကို ဖြစ်စေနိုင်၏" ဟူသော ပါဠိမရှိကြောင်းကို နောက်၌ ဆို၏၊ ထိုပါဠိ မရှိသကဲ့သို့ "စုတိစိတ်သည် ရုပ်ကို မဖြစ်စေနိုင်"ဟူသော ပါဠိလည်း မရှိပါ"ဟု ချေပသွားလေသည်။
**ဂဗ္ဘဂမနာဒိ** ။ ။ အာဒိဖြင့် "အမိဝမ်းဖြစ်, ရေငုပ်နစ်တည်း, တွက်စစ်လေပါ, ဗြဟ္မာဟူသမျှ, နိရောဓနှင့် စတုတ္ထဈာန်နေ, တွေဝေလေသူ, သေသသူဟု, မှတ်ယူ ဤမျှ, ခုနစ်ဝ, မရ ထွက်သက် ဝင်သက်တည်း" ဟူသော ပုဂ္ဂိုလ်တို့တွင် ရေနစ်သော ပုဂ္ဂိုလ်စသူကို ယူပါ။ စ၊ ဆက်။
ယထာဝုတ္တာ၊ အကြင် အကြင် ဆိုအပ်ပြီးကုန်သော၊
ပစ္စယာ၊ အကြောင်းတို့ကို။
တံတံဝိကာရဿ၊ ထိုထို ဝိကာရရုပ်၏။
ဝိသေသပစ္စယဘာဝတော၊ ထူးသောအကြောင်း၏အဖြစ်ကြောင့်၊
ဝုတ္တာ၊ ပြီ။
ပန၊ စင်စစ်ကား။
အဝိသေသေန၊ အထူးမမ သာမညအားဖြင့်။
သဗ္ဗေ၊ အလုံးစုံသော အကြောင်းတို့သည်။
သဗ္ဗေသံ၊ အလုံးစုံသောရုပ်တို့၏။
ပစ္စယာ၊ အကြောင်းတို့တည်း။
ဣတိ၊ မှတ်အပ်၏။
ယထာဝုတ္တာ စ ၊ပေ၊ သဗ္ဗေသံ ပစ္စယာ
။ ။ အဋ္ဌကထာ၌ "ရူပဒန္ဓတ္တကရ ဓာတုက္ခေါဘပဋိပက္ခပစ္စယ, ရူပထဒ္ဓတ္တကရဓာတုက္ခေါဘပဋိပက္ခပစ္စယ, သရီရ ကိရိယာနံ အနနုကူလကရဓာတုက္ခေါဘပဋိပက္ခပစ္စယ"ဟု လဟုတာနှင့်ဆိုင်သော အကြောင်းကတစ်မျိုး, မုဒိတာနှင့်ဆိုင်သော အကြောင်းကတစ်မျိုး, ကမ္မညတာနှင့်ဆိုင်သော အကြောင်းကတစ်မျိုး, ဤသို့ ကိုယ့်အကြောင်းနှင့်ကိုယ် ပြထားခြင်းမှာ ထိုလဟုတာစသော ဝိကာရရုပ်များ၏ အထူးအကြောင်းအဖြစ်ဖြင့် ပြထားခြင်းတည်း၊ သာမညအားဖြင့်ကား ထိုအကြောင်းသုံးမျိုးလုံးသည် ထိုလဟုတာစသော ရုပ်သုံးမျိုး၏အကြောင်းသာမဟုတ်, အားလုံးရုပ်များ၏ အကြောင်းများ ဖြစ်ကြသည်၊
မှန်၏- "ဒန္ဓတ္တကရဓာတုက္ခေါဘ" ဟူသည် ဖွဲ့စည်းခြင်းသဘောရှိသော အာပေါဓာတ်၏ လွန်ကဲဖောက်ပြန်ခြင်းတည်း၊ ခန္ဓာကိုယ်၌ အာပေါဓာတ် လွန်ကဲသော ဓာတ်ကြီးလေးပါးတို့ဖောက်ပြန်သောအခါ လေးလံထိုင်းမှိုင်း၏၊ သွက်သွက်လက်လက်သဘောရှိသော လဟုတာ မဖြစ်၊ ထိုသို့ ဓာတ်ကြီးလေးတန် ဖောက်ပြန်ခြင်း၏ ပဋိပက္ခအကြောင်းကား စိတ်ချမ်းသာခြင်း, ဥတု အာဟာရတို့ မျှတခြင်းတည်း၊ ထိုအခါ ဓာတ်လေးပါး ညီညွတ်သဖြင့် အာပေါဓာတ်လည်း မဖောက်ပြန်တော့ရကား ခန္ဓာကိုယ်၏ ပေါ့ပါးခြင်းသဘောရှိသော လဟုတာဖြစ်သည်၊ ဤသို့ စိတ်, ဥတု, အာဟာရတို့၏ ကောင်းမွန်မျှတခြင်းဟူသော အကြောင်းသည် လဟုတာ၏ အကြောင်းသာမဟုတ်, ရုပ်အားလုံးတို့၏အကြောင်းလည်း ဖြစ်သည်၊ ဤသို့ စသည်ဖြင့် ဓာတုက္ခေါဘ ဖြစ်ပုံ, ဓာတုသမ ဖြစ်ပုံကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြခဲ့ပြီ။
**တတ္ထ ဥဒ္ဒေသေ ၊ပေ၊ အာဟ** ။ ။ ဥဒ္ဒေသတုန်းက အာစယကို ဘုရားရှင်ဟောတော်မမူခဲ့၊ ဥပစယနှင့် သန္ထတိကိုသာ ဟောတော်မူခဲ့၏။ သို့သော် ဥပစယ၌ ဥပသဒ္ဒါသည် အာဒိအနက်, ဥပရိအနက် နှစ်ချက်ကို ဟောနိုင်ရကားထို ဥပစယသဒ္ဒါ တစ်ခုတည်းဖြင့်ပင် အာဒိစယ- ဥပရိစယ နှစ်နက်ကို သိနိုင်သောကြောင့် အဋ္ဌကထာဆရာသည် အာဒိစယဖြစ်သော အာစယကိုပါ ထည့်၍ဆိုသည်- ဟူလို။**ပါဠိယံ ပန ၊ပေ၊ ဝိညာယတီတိ** ။ ။ အဋ္ဌကထာ၌ ဆိုအပ်သောစကားကို ပါဠိတော်နှင့်ယှဉ်စပ်၍ ပြလိုသောကြောင့် "ပါဠိယံ ပန ၊ပေ၊ ဝိညာယတိ"ဟု မိန့်သည်၊ [ယော အာယတနာနံ အာဒိစယတ္တာ အာစယော ပုနပ္ပုနံ နိဗ္ဗတ္တမာနာနံ၊ သောဝ ရူပဿဥပရိစယတ္တာ ဥပစယောတိ အဓိပ္ပေတံ အတ္ထံ ပါဠိယာ ယောဇေတွာ ဒဿေတုံ ပါဠိယံ ပနာတိအာဒိ ဝုတ္တံ၊-အနု] ပါဠိတော်၌ အာစယသဒ္ဒါကို ဥဒ္ဒေသဝယ် မဟောအပ်ပါသော်လည်း ဥပစယော၌ ဥပသဒ္ဒါက ပဌမအနက် ဥပရိအနက်နှစ်မျိုးကိုဟောသောကြောင့် အာဒိစယဖြစ်သော ဥပစယ, ဥပရိစယဖြစ်သော ဥပစယ, ဤသို့ အနက်နှစ်မျိုးကို သိနိုင်၏၊ ထို့ကြောင့် "ယော အာယတနာနံ အာဒိစယတ္တာ အာစယော ပုနပ္ပုနံ နိဗ္ဗတ္တမာနာနံ"ဖြင့် အာဒိအနက်ဟော ဥပစယကို ပြ၏၊ "သောဝရူပဿဥပရိစယတ္တာ ဥပစယော"ဖြင့် ဥပရိအနက်ဟော ဥပစယကို ပြသည်၊ [စာအုပ်များ၌ "ဥပရိစယောသန္တတိ"ဟု တွေ့ရ၏၊ ဥပစရိယသည် သန္တတိမဟုတ်သေး၊ ဥပစယ၏နောက်၌ အဆက်ဆက်ဖြစ်ခြင်းကိုသာ သန္တတိဟု ခေါ်၏၊ ထို့ကြောင့် "အာဒိ စယော ဥပစယော, ဥပရိစယော ဥပစယောတိ"ဟု ရှိသင့်၏၊ ထိုသို့ ရှိသင့်ကြောင်းကို "အညထာ ဟိ ၊ပေ၊ အာပဇ္ဇေယျ"ဟူသော နောက်လဒ္ဓဒေါသဝါကျကို ထောက်လျှင် သာ၍ သိသာပါသည်။]**ဧဝန္တိယော ၊ပေ၊ ကထိတော** ။ ။ ဤစကားသည် အဋ္ဌကထာ စကားအတိုင်း ပြသော စကားတည်း။ ဤစကားကို ခိုင်မြဲစေလို၍ "အာစယူပစယ ၊ပေ၊ အာစယော ကထိတော"ဟု မိန့်သည်။ အာစယ, ဥပစယ, သန္တတိ"တို့သည် ဖြစ်ခြင်းသဘောချည်း ဖြစ်ရကား အာစယအမည် ရကြကုန်သည်သာ၊ ထို့ကြောင့် "ယော အာယတနာနံ အာစယော ၊ပေ၊ သန္တတိ" တိုင်အောင်သော ပါဠိတော်ပါဌ်ဝယ် "အာယတနံ"၌ အာယတနသဒ္ဒါဖြင့် အာစယစသည်ကို ထင်ရှားပြပြီး ဖြစ်ရကား "အာယတနတို့ဖြင့် အာစယကို ဟောတော်မူအပ်ပြီ"ဟု ဆိုသည်၊ [အာယတနရုပ်တို့ကို ဟောတော်မူလိုက်လျှင် ထိုရုပ်တို့၏ ဥပါဒ်ဟူသော အာစယကိုလည်း ဌာနူပစာရအားဖြင့် ထင်ရှားပြပြီးဖြစ်သည်ကို "အာယတနေဟိ အာစယာဒီနံပကာသိတတ္တာ"ဟု ဆိုသည်။]**အာယတနာနံ ၊ပေ၊ ကထိတာနိ** ။ ။ ဤစကားသည် အဋ္ဌကထာဝယ် အာစယေန အာယတနံ ကထိယံ၏အဖွင့်တည်း။ ပါဠိတော်ဝယ် "ယော အာယတနာနံ အာစယော" စသော ပါဌ်ဖြင့် အာစယ, ဥပစယ, သန္တတိတို့ကို ပြတော်မူ၏။ ထို စကားတော်ဝယ် အာယတနတို့၏ ဖြစ်ခြင်းဟူသော အာစယစသည်ကို မိန့်တော်မူသောကြောင့် "အာယတနတို့သည် ဖြစ်ခြင်းသဘောရှိသောတရားများ ဖြစ်ကြ၏"ဟု သိသာ၏၊ ထို့ကြောင့် "အာစယဖြင့် ထိုဖြစ်ခြင်းသဘောရှိသော အာယတနတို့ကို ဟောတော်မူအပ်ကုန်၏"ဟု အဋ္ဌကထာဆိုသည်။**လက္ခဏံဟိ ၊ပေ၊ ဟောန္တီတိ** ။ ။ ဤကား ဆိုအပ်ပြီးသော စကားကို ထပ်၍ ခိုင်မြဲစေသော စကားတည်း၊ "အာစယ" အရဖြစ်ခြင်းဟူသည် အမှတ်လက္ခဏာသာတည်း၊ ရုပ်အစစ် ပရမတ္ထတရားမဟုတ်၊ ထို့ကြောင့် ထိုအဓိပ္ပာယ်အတိုင်းပင် "အာစယဖြင့် အာယတနကို ဟောတော်မူအပ်ပြီ" ဟု အဋ္ဌကထာဆိုသည်၊ ထိုစကားကိိုမြဲစေလို ထင်ရှားစေလို၍ "အာစယံ ဟိ လက္ခဏံ"စသည်ကို မိန့်သည်။ဧဝမ္ပိ ၊ပေ၊ ဟောတီတိ၊ ကား။
အာယတနာစယေဟိ၊ အာယတနဟူသော အာစယတို့ဖြင့်လည်းကောင်း။ (အာယတန နာမည်ဖြင့် ဟောတော်မူအပ်သော အာစယတို့ဖြင့်လည်းကောင်း၊)
အာစယာယတနေဟိ၊ အာစယဟူသော အာယတနတို့ဖြင့်လည်းကောင်း၊) (အာစယနာမည်ဖြင့် ဟောတော်မူအပ်သော အာယတနာတို့ဖြင့်လည်းကောင်း၊)
အာစယမေဝ၊ အာစယကိုသာလည်းကောင်း။
အာယတနမေဝ၊ အာယတနကိုသာလည်းကောင်း။
ကထေန္တေန၊ ဟောတော်မူသော မြတ်စွာဘုရားသည်။
ဥဒ္ဒေသေ၊ ဥဒ္ဒေသ၌လည်းကောင်း။
နိဒ္ဒေသေစ၊ နိဒ္ဒေသ၌လည်းကောင်း။
အာစယောတိ ဣဒမေဝ၊ အာစယောဟူသော ဤပုဒ်ကိုသာ။
အဝတွာ၊ မဟောမူ၍။
ဥပစယသန္တတိယော၊ ဥပစယ, သန္တတိတို့ကို။
ဥဒ္ဒိသိတွာ၊ သရုပ်အားဖြင့် ပြတော်မူပြီး၍။
တေသံ၊ ထို ဥပစယ, သန္တတိတို့ကို။
ဝိဘဇနဝသေန၊ ဝေဖန်တော်မူခြင်း၏အစွမ်းဖြင့်။
အာယတနေန အာစယကထနာဒိနာ၊ အာယတနဖြင့် အာစယကို ဟောတော်မူခြင်း အစရှိသည်ဖြင့်။
ကိံ၊ အဘယ်အနက်သည်။
ဝါ၊ ကို။
ကထိတံ၊ သည်။
ဟောတိ၊ နည်း။
ဣတိ အယံ၊ ကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏အလိုတည်း၊ [ဤဝါကျ၏ အဓိပ္ပာယ်ကို နိဿယ၌ ပြထားပြီ၊]
ဥဒ္ဒေသေ ၊ နိဒ္ဒေသေ စ
။ ။ ဥဒ္ဒေသကို "ဥပစယသန္တ တိယော ဥဒ္ဒိသိတွာ"၌စပ်၊ "ဥဒ္ဒေသ၌ ဥပစယသန္တိ တိသာမက သရုပ်ထုတ်ပြတော်မူ၍"ဟူလို၊ နိဒ္ဒေသေကို "ဣဒ မေဝ အဝတွာ တေသံ ဝိဘဇနဝသေန"၌ စပ်၊ နိဒ္ဒေသေကို "ဣဒမေဝ အဝတွာ တေသံ ဝိဘဇနဝသေန"၌စပ်၊ နိဒ္ဒေသ၌လည်း "အာစယော"ဟူသော ဤပုဒ်ကိုသာ ဟောတော်မူရုံသာမက, ဥပစယသန္တတိကိုလည်း အကျယ်ဝေဖန်"ဟူလို။
အာစယော ၊ပေ၊ အာဟ ။ ။ အဋ္ဌကထာ၌ "စတုသန္တ တိရူပါနံ အာစယော ဥပစယော နိဗ္ဗတ္တိဝဍ္ဎကထိတာ"ဟု ဆိုထား၏၊ ထိုစကား၌ အာစယောအရ ဥပစယကိုယူပါ၊ ထို ဥပစယကိုပင် နိဗ္ဗတ္တိဟု ဖွင့်သည်၊ ဥပစယောအရ သန္တတိကို ယူပါ၊ ထို သန္တတိကိုပင် ဝဍ္ဎိဟု ဖွင့်သည်။
**ဇာတိရူပဿ၊ပေ၊ ဝေဒိတဗ္ဗာ** ။ ။ အာစယာဒိ၌ အာဒိဖြင့် အဋ္ဌကထာ၌ လာသော “ဥမ္ဗုဇ္ဇာပန, နိယျာတန, ပရိပုဏ္ဏဘာဝ, ဥပစိတရူတို့ကို ယူ၊ ပဝတ္တိအာဒိ၌ အာဒိဖြင့် အနုပ္ပဗန္ဓ, အနုပ္ပစ္ဆေဒ, အနုပ္ပဗန္ဓရူပတို့ကို ယူ။ [လက္ခဏာဒိ၌ အာဒိဖြင့် ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ယူ၊ “အာစယလက္ခဏေ ရူပဿဥပစယော”အစရှိသော လက္ခဏ ရသ ပစ္စုပဋ္ဌာန်တို့သည် ဇာတိရုပ်၏ လက္ခဏာ စသည်များ ဖြစ်ကြ၏၊ ထို့ကြောင့် “ဇာတိရူပဿလက္ခဏာဒိ ဝိသေသေသု”ဟု ဆိုသည်။