မနောကမ္မဒွါရကထာဝဏ္ဏနာ
မနောကမ္မဒွါရကထာအဖွင့်
မနောကမ္မဒွါရကထာဝဏ္ဏနာ
မနောကမ္မဒွါရကထာအဖွင့်
အယံ နာမ။ပ။
န ဝတ္တဗ္ဗာတိ ဣဒံ၊ ဤစကားကို။
ယဿ၊ အကြင် စေတနာ ဓမ္မ၏။
မနော၊ မန ဟူသမျှသည်။
ဒွါရံ၊ ဒွါရသည်။
(ဟောတိ။)
တံ ဒဿနတ္ထံ၊ ထိုဒွါရဝန္တဖြစ်သော စေတနာဓမ္မကို ပြခြင်းအကျိုးငှာ။
ဝုတ္တံ၊ ပြီ။
ကပ္ပေတီတိ၊ ဟူသောပုဒ်၏။
တွံ၊ သင် ဖသည်။ (သင် ဖဿက။)
ဖုသနံ၊ တွေ့ထိမှုကို။
ကရောဟိ၊ ပြုလော့။
တွံ၊ သင် ဝေဒနာသည်။ (သင် ဝေဒနာက။)
ဝေဒယိတံ၊ ခံစားမှုကို။
(ကရောဟိ။)
ဣတိ ဧဝံ၊ ဤသို့ အစရှိသည်ဖြင့်။
ကပ္ပေန္တံ ဝိယ၊ ပြုစီမံ သကဲ့သို့။
[ဝိယသည် ဥပရိက္ချာဇောတက။]
ပဝတ္တတိ၊ ၏။
ဣတိ အတ္ထော။
ပကပ္ပနဉ္စ၊ ပကပ္ပန ဟူသည်လည်း။
တဒေဝ၊ ထို ပြုစီမံသကဲ့သို့ ဖြစ်ခြင်းပင်တည်း။
[တဒေဝဖြင့် ပကပ္ပန၌ ပ-သဒ္ဒါသည် အနက် အထူးမရှိ၊ ဓာတွတ္ထာနုဝတ္တက၏ အဖြစ်ကို သိစေသည်။]
ကိံ ပိဏ္ဍံ ကရောတီတိ၊ ပါဌ်ဖြင့်။
အာယူဟနတ္ထဝသေန၊ အာယူဟန အနက်၏ အစွမ်းဖြင့်။
ပုစ္ဆတိ၊ ၏။
[အာယူဟနနှင့် ပိဏ္ဍံ ကရောတိသည် ပရိယာယ်- ဟူလို။]
ဟိ၊ အထူးကား။
ဖဿာဒိဓမ္မေ
**၁။ ဖဿာဒိဓမ္မေ ဟိ**။ ။ ဤစကားသည် အာယူဟနနှင့် စေတယန အထူးကို ပြသော စကားတည်း။ [အာယူဟနစေတယနာနံ နာနတ္တံ ဒဿေန္တော ဖဿာဒိဓမ္မေဟီတိအာဒိမာဟ။- အနု။] ဖဿ-စသော သမ္မယုတ်တရားတို့ကို တစ်ခုနှင့်တစ်ခု ပြန့်ကျဲမနေစေဘဲ တစ်လုံးတစ်စည်း တည်းဖြစ်အောင် ပြု၍ မိမိကိစ္စ၌ ဖြစ်စေခြင်းသည် အာယူဟနမည်၏။ ထိုသို့ဖြစ်နေအောင် ဗျာပါရ ပြုခြင်းသည် စေတယန မည်၏။
၊ တို့ကို။
အဝိပ္ပကိဏ္ဏေ၊ ဖရိုဖရဲ မကျဲသည်တို့ကို။
ကတွာ၊ ၍။ (စုပေါင်း၍။)
သကိစ္စေသု၊ ဖုသန စသော မိမိကိစ္စတို့၌။
ပဝတ္တနံ၊ ဖြစ်စေခြင်းသည်။
အာယူဟနံ၊ အာယူဟန မည်၏။
တတ္ထေဝ၊ ထိုမိမိတို့ ကိစ္စတို့ဝယ် ဖြစ်စေခြင်း၌ပင်။
ဗျာပါရဏံ
**၂။ ဗျာပါရဏံ**။ ။ ဝိ-အာ-ပုဗ္ဗ၊ စုရာဒိ-ပရဓာတ်၊ ယု-ပစ္စည်းတည်း။ ပရိဿမ တပင်တပန်း အားထုတ်ခြင်းအနက်ကို ဟော၏။ ထိုအားထုတ်မှုကို "ဗျာပါရ အားကြီးသည်"ဟု ဆိုကြသည်။ ထိုဗျာပါရသည်ပင် နှိုးဆော်ခြင်းသဘော ဖြစ်သောကြောင့် စေတနာကို အနက်ပြန်ရာ၌ "ဆော်"ဟု ပြန်ဆိုကြ၏။ "အဝိပ္ပကိဏ္ဏေ ကတွာ"နှင့် ဤ "ဗျာပါရဏ"ကို ပေါင်းလျှင် "စေ့+ဆော်"ဟု အနက်ဖြစ်၏။ ဖဿ-စသော သမ္ပယုတ်တရားတို့ကို ကျိုးတိုးကျဲတဲ မဖြစ်စေဘဲ စေ့စပ်နေစေ၍ ဆိုင်ရာကိစ္စကို ပြုလုပ်ဖို့ရန် နှိုးဆော်သောတရား"ဟု ဆိုလိုသည်။
၊ တပင်တပန်း အားထုတ်ခြင်းသည်။
စေတယနံ၊ စေတယန မည်၏။
တထာ၊ ထို ဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။
ကရဏံ
**၃။ တထာ ကရဏံ**။ ။ [တထာ ကရဏန္တိ ယထာ ဖဿာဒယော သကသကကိစ္စေ ပသုတာ ဘဝန္တိ၊ တထာ ကရဏံ၊ တေနေဝ (ထို့ကြောင့်ပင်) ယထာဝုတ္တေန အဝိပ္ပကိဏ္ဏ ဗျာပါရဏာကာရေန သမ္ပယုတ္တာနံ ကရဏံ ပဝတ္တနန္တိ ဒဋ္ဌဗ္ဗံ-အနု။] ဤ အနုဋီကာအတိုင်း "အဘိသင်္ခရဏသည် အာယူဟန စေတယန ၂-မျိုးဖြစ်အောင် ပြုစီမံခြင်းတည်း"ဟု မှတ်ပါ။ အာယူဟန ၂-မျိုးမှ သီးခြားအထူး ဟု မမှတ်ပါနှင့်။
၊ ပြုခြင်းသည်။
အဘိသင်္ခရဏံ၊ မည်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။တေ ဘူမကဿေဝ၊ ဘုံသုံးပါး၌ဖြစ်သော ကုသိုလ် အကုသိုလ် မနကိုသာ။
ဂဟဏံ၊ ယူခြင်းသည်။
လောကုတ္တရကမ္မဿ၊ ၏။
ကမ္မက္ခယကရတ္တာ
**၁။ ကမ္မက္ခယ ကရတ္တာ**။ ။ လောကုတ္တရာမဂ်တည်းဟူသော ကမ္မစေတနာသည် အဝိဇ္ဇာတဏှာကိုသာ ကုန်အောင်ပြု၏။ ကံကိုကား တိုက်ရိုက်အားဖြင့် ကုန်အောင် မပြုနိုင်။ သို့သော် အဝိဇ္ဇာ တဏှာကုန်လျှင် ကံ၏အစွမ်းသတ္တိ (အကျိုးပေးနိုင်သောသတ္တိ)လည်း မရှိတော့ရကား မဂ္ဂစေတနာကို "ကမ္မက္ခယက"ဟု ဆိုသည်။ ဤ ဒွါရကထာသည် သံသရာဝယ် အကျိုးပေးနိုင်သော ကံတို့ကို ပြရာကထာ ဖြစ်၏။ ထို့ကြောင့် ကမ္မက္ခယကရဖြစ်သော မဂ္ဂစေတနာကို မယူသင့်ရကား တေဘူမကကုသိုလ် အကုသိုလ်ကိုသာ ယူရတော့သည်။
၊ ကံ၏ ကုန်မန်းခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်တည်း။မနောကမ္မဒွါရကထာ ဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ။