Issues
Chọn phiên bản
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

ကမ္မပထသံသန္ဒနကထာဝဏ္ဏနာ ကမ္မပထသံသန္ဒနအဖွင့်

Tác giả: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ကမ္မပထသံသန္ဒနကထာဝဏ္ဏနာ

ကမ္မပထသံသန္ဒနအဖွင့်

**၁။ ကမ္မပထပ္ပတ္တာနံ။ပ။ကေစိ ဝဒန္တိ**။ ။ "ကမ္မပထပ္ပတ္တာနံ"မှစ၍ "ဝဒန္တိ " တိုင်အောင် ကေစိဝါဒကို ၂-နည်းပြထား၏။ ထိုတွင် ပထမနည်းဝယ် "ကမ္မပထပ္ပတ္တာနံ ဒုဿီလျာဒီနံ အသံဝရာနံ" ၌ဒုဿီလျာဒီနံ အရ အသံဝရ အစ၌ပြခဲ့သော အသံဝရ တရားကိုယ်ဖြစ်သော ဒုဿီလျ၊ မုဋ္ဌသစ္စ၊ အညာဏ၊ အက္ခန္တိ ၊ ကောသဇ္ဇတို့ကိုယူပါ။ တထာဖြင့် "ကမ္မပထပ္ပတ္တာနံ"ကို ပြန်၍ညွှန်းသောကြောင့် "တထာဒုစ္စရိတာနံ"ဖြင့် ကမ္မပထမြောက်သော ဒုစရိုက်တို့ကို ပြ၏။ ထို ဒုဿီလျာဒိအသံဝရနှင့် ဒုစ္စရိတတို့၏ အကုသလကမ္မပထနှင့် လိုရင်းအနက် (တရားကိုယ်) အားဖြင့် မထူးခြားဘဲ တစ်သားတည်း ရောနှောပုံကိုပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ ["ကမ္မပထပ္ပတ္တာနမေ၀ စ သုသီလျာဒိနံ" စသည်၌လည်း ဤနည်းကို မှီးပါ။] ကမ္မပထပ္ပတ္တာနံ၊ ကမ္မပထသို့ ရောက်ကုန်သော။ ဒုဿီလျာဒီနံ၊ ဒုဿီလျ အစရှိကုန်သော။ အသံဝရာနံ၊ အသံဝရတို့၏ လည်းကောင်း။ တထာ၊ ထို့အတူ ကမ္မပထသို့ ရောက်ကုန်သော။ ဒုစ္စရိတာနဉ္စ၊ ဒုစရိုက်တို့၏လည်းကောင်း။ အကုသလ ကမ္မပထေဟိ၊ အကုသလ ကမ္မပထတို့နှင့် လည်းကောင်း။ (အတ္ထတော နာနတ္တာ ဘာဝဒဿနံ-၌စပ်။) ကမ္မပထ ပတ္တာနမေဝ၊ ကမ္မပထသို့ ရောက်သည်ပင်လျှင် ဖြစ်ကုန်သော။ သုသီလျာဒီနံ၊ ကုန်သော။ သံ၀ရာနံစ၊ တို့၏လည်းကောင်း။ တထာ၊ ထို့အတူ ကမ္မပထသို့ ရောက်ကုန်သော။ သုစရိတာနံ စ၊ တို့၏လည်းကောင်း။ ကုသလကမ္မ ပထေဟိ စ၊ တို့နှင့်လည်းကောင်း။ အတ္ထတော၊ လိုရင်းအနက်အားဖြင့်။ နာနတ္တာဘာဝဒဿနံ၊ ထူးကုန်သည်၏ အဖြစ်၏ မရှိပုံကို ပြခြင်းသည်။ (ကမ္မပထသံသန္ဒနံ၊ မည်၏။)
အထ ဝါ **၁။ အထ ဝါ**။ ။ [တေသံတိ အသံဝရဒုစ္စရိတာဒီနံ။-မဓု။] ပြအပ်ခဲ့သော အသံဝရဒုစရိုက်၊ သံဝရ သုစရိုက်တို့၏ ဖဿဒွါရ အစရှိသည်တို့နှင့် မဆန့်ကျင်ပုံကို ပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ ဤသို့ ကေစိဆရာတို့ ဆိုကြသည်။] ၊ ကား။ တေသံ၊ ထို အသံဝရဒုစရိုက်, အသံဝရသုစရိုက်တို့၏။ ဖဿဒွါရာဒီဟိ၊ ဖဿဒွါရ အစရှိသည်တို့နှင့်။ အဝိရော ဓဘာဝေန၊ ဆန့်ကျင်ခြင်း မရှိကုန်သည်၏ အဖြစ်ဖြင့်။ ဒီပနံ၊ ပြခြင်းသည်။ ကမ္မပထသံသန္ဒနံ၊ မည်၏။ ဣတိ၊ သို့။ ကေစိ ဝဒန္တိ။ **၂။ တဒေတံ ဝိစာရေတဗ္ဗံ-နဟိ**။ ။ ထို၂-ဝါဒလုံးပင် စဉ်းစားစရာရှိသည်ဟု စကားပလ္လင်ခံ၍ "န ဟိ" စသည်ဖြင့် ချဲ့သည်။ ထို အကျယ်ကား- "န စဿဒွါရန္တ ရုပ္ပန္နံ ကမ္မန္တရံ ဟောတီတိ"တိုင်အောင်တည်း။ [န ဟိ၌ "ဟိ ယသ္မာ"ဟု ပေး၍ ထို ဣတိကျမှ "ဣတိ၊ ထို့ကြောင့်။ ဝိစာရေတဗ္ဗံ၊ ၏"ဟုလည်း ပြန်လှည့်နိုင်သည်။] တဒေတံ (တံ+ဧတံ)၊ ထို ကေစိဆရာတို့၏ စကားကို။ ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်၏။
ဟိ၊ ချဲ့။ **၃။ ပဉ္စ ဖဿ။ပ။အနုပ္ပတ္တိတော**။ ။ စက္ခုသမ္ဖ ဿဒွါရ။ပ။ကာယသမ္ဖဿဒွါရကို ပဉ္စ ဖဿဒွါရ ဟုဆို၏။ ထို ပဉ္စဖဿဒွါရ၊ စက္ခုအသံဝရ-စသော ပဉ္စ အသံဝရဒွါရ၊ ပဉ္စ သံဝရဒွါရတို့၌ဖြစ်သော အသံဝရ-သံဝရတရားတို့သည် ကမ္မပထမမြောက်။ ဘာ့ကြောင့်နည်း- ပါဏာတိပါတ-စသော ကမ္မပထ ၇-ပါး၊ ပရသန္တကဝတ္ထုလောဘ (အဘိဇ္ဈာ)၊ ပရသတ္တာ ရမ္မဏဗျာပါဒ၊အဟေတုက-စသော မိစ္ဆာဒိဋ္ဌိတို့၏ ထို၅-ဒွါရတို့၌ မဖြစ်သောကြောင့်တည်း။ ထိုသို့မဖြစ်လျှင် ထို ပဉ္စဒွါရ၌ဖြစ်သော ဒုဿီလျ-စသော အသံဝရ၊ သီလ-စသော သံဝရတို့သည် ကမ္မပထ မမြောက်ရကား "ကမ္မပထနှင့်တရားကိုယ်အရကောက် မထူးကြောင်းကို ပြသောစကားသည် ကမ္မပထသံသန္ဒန မည်၏"ဟု မဆိုထိုက်။ ထို့ကြောင့် ထိုစကားကို စဉ်းစားသင့်သည်-ဟူလို။ ပဉ္စဖဿ။ပ။ ဒွါရေသု၊ ၅-ပါးသော ဖဿဒွါရ, ၅-ပါး သော အသံဝရဒွါရ, ၅-ပါးသော သံဝရဒွါရတို့၌။ ဥပ္ပန္နာနံ၊ ကုန်သော။ အသံဝရာနံ၊ တို့၏လည်းကောင်း။ သံဝရာနံ စ၊ တို့၏လည်းကောင်း။ ကမ္မပထတာ၊ ကမ္မပထတို့၏ အဖြစ်သည်။ န အတ္ထိ။ (ကသ္မာ၊ နည်း။) ပါဏာတိပါတာဒီနံ၊ တို့၏ လည်းကောင်း။ ပရသန္တက။ပ။ အာဒီနံ စ၊ သူတစ်ပါးတို့၏ ဥစ္စာဟူသော တည်ရာ အာရုံရှိသော အဘိဇ္ဈာဟူသော လောဘ, တစ်ပါးသော သတ္တဝါဟူသော အာရုံရှိသော ဗျာပါဒ, အဟေတုကဒိဋ္ဌိ အစရှိသည်တို့၏လည်းကောင်း။ တေသုဒွါရေသု၊ ထိုပဉ္စ ဖဿဒွါရ, ပဉ္စ အသံဝရဒွါရ, ပဉ္စသံဝရဒွါရတို့၌။ အနုပ္ပတ္တိတော၊ မဖြစ်ခြင်းကြောင့်တည်း။ [ရူပါရုံ စသော ပဉ္စာရုံကို အာရုံမပြုကြောင်း ထင်ရှားဖို့ရာ ပရသန္တကဝတ္ထု စသော အာရုံတို့ကို ထည့်၍ပြထားသည်။]
စ၊ သည်သာ မကသေး။ **၁။ တိဝိဓ။ပ။ဘာဝဒဿနေန**။ ။ ဤစကားသည် "တထာ ဒုစ္စရိတာဒီနံ"ကို အပြစ်ပြသော စကားတည်း။ ကာယဒုစရိုက်၊ သုစရိုက်စသည်တို့ကား ကမ္မပထဟု ထင်ရှားပြီး ဖြစ်၏။ ထိုသို့ ထင်ရှားပြီးဖြစ်သောကြောင့် ဒုစရိုက် သုစရိုက်တို့၏ ကမ္မပထတို့နှင့် အထူးမရှိကြောင်းကို ပြခြင်းဖြင့် အကျိုးမရှိ။ ထို့ကြောင့် "ဒုစ္စရိတာဒီနဉ္စ" ဟူသော စကားလည်း စဉ်းစားဖွယ်ရှိသည်-ဟူလို။ ["တိဝိဓဒုစ္စရိတာဒီနံ စ ကမ္မပထတာ ပါကဋာဧဝါတိ"ဟု ရှိလျှင် စာသွားကောင်း၏။] တိဝိဓကာယဒုစ္စရိတာဒီနိ၊ ၃-ပါးအပြားရှိသော ကာယဒုစရိုက် အစရှိသည်တို့သည်။ ကမ္မပထာတိ၊ ကမ္မပထတို့ဟူ၍။ ပါကဋာ ဧဝ၊ ကုန်သည်သာ။ ဣတိ၊ ကြောင့်။ တေသံ၊ ထိုကာယဒုစရိုက် အစရှိသည်တို့၏။ ကမ္မပထေဟိ၊ တို့နှင့်။ နာနတ္တာဘာဝဒဿနေန၊ ထူးကုန်သည်၏ အဖြစ်၏ မရှိခြင်းကို ပြခြင်းဖြင့်။ ကိံ၊ အဘယ် အကျိုးရှိအံ့နည်း။ **၂။ န စ။ပ။ဒီပနာ သိယာ**။ ။ ဤစကားသည် "အထ ဝါ တေသံ ဖဿဒွါရာဒီဟိ" စသော ဒုတိယ ကေစိဝါဒ၏အပြစ်ကို ပြသော စကားတည်း။ [ယတော-စသော အနိယမ ဝါကျကို ရှေးဦးစွာ အနက်ပေးပါ။ ယတောတိ ဖဿဒွါရာဒီသု ဥပ္ပတ္တိတော ဒီပနာသိယာ၊ သာ ဥပ္ပတ္တိ န ဒီပိတာတိ ယောဇနာ။-မဓု။] အဋ္ဌကထာ ကမ္မပထသံသန္ဒန အခန်းကို ကြည့်ပါ။ ထိုအခန်း၌ ဖဿဒွါရတို့၏ အစွမ်းဖြင့် ဒုစရိုက် သုစရိုက် အသံဝရ သံဝရတို့၏ဖြစ်ပုံကို မပြခဲ့။ ထို့ကြောင့်"ထို ဒုစရိုက်စသည်တို့၏ ဖဿဒွါရ စသည်တို့နှင့် မဆန့်ကျင်ပုံကို ရောနှော၍ ပြဖွယ်မလိုရကား ထို မဆန့်ကျင်ပုံကို ပြသောစကားသည် ကမ္မပထသံသန္ဒန မည်၏"ဟု ဆိုအပ်သော ဝါဒကိုလည်း စဉ်းစားထိုက်သည်-ဟူလို။ စ၊ သည်သာ မကသေး။ ယတော၊ အကြင် ဖဿဒွါရ အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်။ တေသံ၊ ထို ဒုစရိုက် သုစရိုက် အသံဝရ သံဝရတို့၏။ ဖဿဒွါရာဒီဟိ၊ ဖဿဒွါရ အစရှိသည်တို့နှင့်။ အဝိရောဓဘာဝေန၊ မဆန့်ကျင်ကုန်သည်၏ အဖြစ်ဖြင့်။ ဒီပနာ၊ ပြခြင်းသည်။ သိယာ၊ ၏။ ဒုစ္စရိတာနံ၊ တို့၏လည်းကောင်း။ သုစရိတာနံ စ၊ တို့၏လည်းကောင်း။ ဖဿဒွါရာဒိဝသေန၊ ဖဿဒွါရ အစရှိသည်၏ အစွမ်းဖြင့်။ (သာ) ဥပ္ပတ္တိ၊ ကို။ န ဒီပိတာ၊ မပြအပ်ခဲ့။ အသံ၀ရာနံ၊ တို့၏လည်းကောင်း။ သံဝရာနံ စ၊ တို့၏လည်းကောင်း။ (သာဥပ္ပတ္တိ)ပိ၊ ကိုလည်း။ န(ဒီပိတာ)။ ပန၊ အနွယ ကား။ **၃။ ကေဝလံ။ပ။ဒီပိတာ**။ ။"န စ ဒုစ္စရိတာနံ။ပ။ဖဿဒွါရာဒိဝသေန ဥပ္ပတ္တိ ဒီပီတာ" ဟူသော ဗျတိရေကကိုကြည့်၍ "ဒုစ္စရိတ သုစရိတ သံဝရ အသံဝရတို့၏ ဖဿဒွါရ-စသည်တို့၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြခြင်းနှင့် မရောယှက်သည်ကို "ကေဝလံ"ဟု ဆိုသည်ဟုမှတ်ပါ။ ထို ပြခြင်းနှင့် မရောယှက်ဘဲ ဖဿဒွါရ-စသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အသံဝရ သံဝရတရားတို့၏ ကာယကံ စသည်ဖြစ်ပုံကိုသာ (အဋ္ဌကထာ ကမ္မပထသံသန္ဒန အခန်း၌) ပြအပ်ခဲ့သည်-ဟူလို။ [ဤစကားကို "ပဉ္စဖဿဒွါရဝသေန ဟိဥပ္ပန္နော အသံဝရော အကုသလံ မနောကမ္မမေ၀ ဟောတိ" အစရှိသော ကမ္မပထသံသန္ဒနကထာ-လာ စကားကို ရည်ရွယ်၍ဆိုသည်။။] ကေဝလံ၊ သက်သက်။ (ကေစိဆရာတို့ ဆိုသကဲ့သို့ ကမ္မပထပတ္တ ဒုဿီလျ-စသည်တို့၏ ကမ္မပထတို့နှင့် ရောနှော၍ ပြခြင်းမဖက်သက်သက်။) ဖဿဒွါရာဒိဝသေန၊ ဖဿဒွါရ အစရှိသည်တို့၏ အစွမ်းဖြင့်။ ဥပ္ပန္နာနံ၊ ကုန်သော။ အသံဝရာနံ၊ တို့၏လည်းကောင်း။ သံဝရာနံ စ၊ တို့၏လည်းကောင်း။ ကာယကမ္မာဒိတာ၊ ကာယကံ အစရှိသည်တို့၏ အဖြစ်ကို။ ဒီပိတာ၊ ပြီ။
**၁။ ယဒိ စ။ပ။န သိယာ**။ ။ [ဧတ္တကန္တိ-အသံဝရ သံဝရာနံ ကာယကမ္မာဒိဘာဝ ဒီပနမတ္တံ။-မဓု။] အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြကြောင်းစကားမျှသည်သာ ကမ္မပထသံသန္ဒနဖြစ်လျှင်...အသံဝရ သံဝရတို့၏ ကာယကံစသည်ဖြစ်ပုံကို ပြပြီးနောက်, ကံတို့၏ ဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ် မဖြစ်ကို ဆက်၍ပြသော "အကုသလံ ကာယကမ္မံ ပဉ္စဖဿဒွါရဝသေန နုပ္ပဇ္ဇတိ"စသော စကားသည် ကမ္မပထသံသန္ဒန မမည်ရာရောက်၏။ အမှန်အားဖြင့်-- "အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြသော စကားသည် လည်းကောင်း။ ကံတို့၏ ဖဿဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကိုပြသော စကားသည်လည်းကောင်း ကမ္မပထသံသန္ဒန အမည်ရသည်သာ"ဟူလို။ စ၊ ဆက်။ ဧတ္တကံ၊ ဤမျှ အတိုင်းအရှည်ရှိသော အသံဝရ သံဝရတို့၏ ကာယကံ စသည်၏အဖြစ်ကို ပြကြောင်းစကားမျှသည်။ ကမ္မပထသံသန္ဒနံ၊ သည်။ ယဒိ(ဟောတိ။ ဧဝံ သတိ)။ အကုသလံ။ပ။ နုပ္ပဇ္ဇတီတိ အာဒိ၊ အစရှိသော စကားသည်။ ကမ္မပထသံသန္ဒနံ၊ သည်။ န သိယာ၊ မဖြစ်တော့ရာ။
**၂။ ဧသာပိ။ပ။န ဝတ္တဗ္ဗံ**။ ။ [ဧသာပီတိ၊ ကာယကမ္မာဒိတာ ဒီပနာပိ။-မဓု။] အသံဝရ သံဝရတို့၏ ကာယကံစသော အမည်ကို ပြကြောင်းစကားသည်လည်း ဆဖဿဒွါရ-စသည်တို့နှင့် မဆန့်ကျင်ပုံကို ပြခြင်းပင် ဖြစ်သောကြောင့် "အထ ဝါ"ဟု တက်သော ဝါဒအတိုင်းပင် ဖြစ်သည်ဟု ကေစိတို့က ဆိုလျှင်...ရှေ့ဝါကျ စကားနှင့် အထ ဝါ တက်သော စကားသည် အနက်အဓိပ္ပာယ်မပြားဘဲ စကားအသုံးအနှုန်းသာ ကွဲရာရောက်၏။ သို့ဖြစ်လျှင် ဆိုအပ်ပြီးသော အပြားကိုပင် အခြားသော အပြားတစ်မျိုးဖြင့် ပြဖို့ရာ "အထ ဝါ"ဟု မဆိုသင့်။ ဧသာပိ၊ ဤအသံဝရ သံဝရတို့၏ ကာယကံ အစရှိသည်၏အဖြစ်ကို ပြကြောင်း စကားသည်လည်း။ ဆ ဖဿဒွါရာဒီဟိ၊ ဆ ဖဿဒွါရ အစရှိသည်တို့နှင့်။ အဝိရောဓဒီပနာ၊ မဆန့်ကျင်ပုံကို ပြကြောင်းစကားသည်။ (ဟောတိ။) ဣတိ စေ၊ ဤသို့ ဆိုငြားအံ့။ (ဧဝံသတိ၊ ဤသို့ ဆိုလတ်သော် - ဤသို့ဆိုတိုင်းမှန်လျှင်။) **၁။ ဝုတ္တမေဝ ပကာရံ**။ ။"ဝုတ္တမေ၀ ပကာရံတိဣဒံ နာနတ္တာဘာဝဒဿနံ သန္ဓာယ ဝုတ္တံ။] အထ ဝါဟု တက်သောဝါကျ၏ ရှေ့၌ "ကမ္မပထ မ္မပထပတ္တာနံ။ပ။နာနတ္တဘာဝဒဿနံ"ကို ရည်ရွယ်၍ "ဝုတ္တမေဝ ပကာရံ"ဟုဆိုသည်။ [ပကာရန္တ ရေနာတိဖဿဒွါရဒီဟိ အဝိရောဓဒီပနာတိပဒံ သန္ဓာယာဟ။] ပကာရန္တ ရေန ဟူသောစကားကို အထ ဝါဟု တက်၍လာသော ဝါကျ၌ ဖဿဒွါဒီဟိ အဝိရောဓဒီပနာပုဒ်ကို ရည်ရွယ်၍ ဆိုသည်။ [ ဤ မဓုဋီကာဖွင့် ဋီကာဖွင့်ပုံကို ထောက်လျှင် "ဝုတ္တမေ၀ ပကာရံ ပကာရန္တ ရေန"ဟု ရှေးပါဌ်ရှိဟန်တူသည်။] ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာလျှင် ဖြစ်သော။ ပကာရံ၊ အပြားကို။ ပကာရန္တရေန၊ တစ်မျိုးသော အပြားအားဖြင့်။ (နည်းတစ်မျိုးဖြင့်) ဒဿေတုံ၊ ငှာ။ အထ ဝါတိ၊ ဟူ၍။ န ဝတ္တဗ္ဗံ၊ မဆိုထိုက်။
**၂။ သမုစ္စယတ္ထေစ။ပ။ဥပ္ပဇ္ဇတီတိ**။ ။ အထ ဝါ သဒ္ဒါသည် အတ္ထန္တရဝိကပ္ပန အနက်ဟော မဟုတ်ဘဲ သမုစ္စည်းအနက်ဟောဟုဆိုလျှင် "ကမ္မပထပ္ပတ္တာနံ ဒုဿီလျာဒီနံ စသော ရှေ့အနက်နှင့်ပေါင်းဖို့ရာ ကမ္မပထမြောက်သော သဘောတူအနက်တစ်မျိုး ဖြစ်စရာရှိ၏။ သို့ဖြစ်လျှင် မနောကံ၏ ဆ ဖဿဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကို မဆိုထိုက်တော့။ ဘာ့ကြောင့်နည်း- ကမ္မပထမြောက်သော မနောကံ၏ စက္ခုသမ္ဖဿဒွါရ-စသော ၅-ဒွါရ၏ အစွမ်းဖြင့် မဖြစ်နိုင် သောကြောင့်တည်း။ [အဋ္ဌကထာ၌ကား "အကုသလံ မနောကမ္မံ ပန ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟု ဆိုထား၏။ ထို့ကြောင့် အထ ဝါ သဒ္ဒါ၏ သမုစ္စည်း အနက်လည်း မဖြစ်နိုင်- ဟူလို။] စ၊ သည်သာ မကသေး။ ["ကေစိဝါဒ၌ အပြစ်ပြဖွယ် ကျန်သေး၏" ဟူလို။] အထ ဝါ သဒ္ဒေ၊ သည်။ သမုစ္စယတ္ထေ၊ သမုစ္စည်း အနက်ရှိသည်။ (သတိ၊ သော်။) ကမ္မပထပ္ပတ္တာနေဝ၊ ကမ္မပထသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော။ ဒုဿီလျာဒီနိ၊ ဒုဿီလျ အစရှိသည်တို့ကို။ ကာယကမ္မာဒိနာမေဟိ၊ ကာယကံ အစရှိသော နာမည်တို့ဖြင့်။ ဝဒန္တေဟိ၊ ဆိုကုန်သော အဋ္ဌကထာ ဆရာတို့သည်။ မနောကမ္မဿ၊ ၏။ ဆ ဖဿဒွါရဝသေန၊ ၆-ပါးသော ဖဿဒွါရတို့၏ အစွမ်းဖြင့်။ ဥပ္ပတ္တိ၊ ဖြစ်ခြင်းကို။ န ဝတ္တဗ္ဗာ၊ မဆိုထိုက်။
(ကသ္မာ န၀တ္တဗ္ဗာ) ဟိ (ယသ္မာ)။ တံ၊ ထိုမနောကံသည်။ စက္ခုဒွါရာဒိဝသေန၊ စက္ခုဒွါရ အစရှိသည်တို့၏ အစွမ်းဖြင့်။ န၊ ဥပ္ပဇ္ဇတိ၊ မဖြစ်။ ဣတိ၊ ကြောင့်။ (န ဝတ္တဗ္ဗာ။)
**၃။ ယဒိ စ။ပ။န ဝတ္တဗ္ဗံသိယာ**။ ။ "ကမ္မပထပ္ပတ္တာနံ ဒုဿီလျာဒီနံ အသံဝရာနံ"စသော ပထမနည်း၌ အပြစ်တစ်မျိုးကို တိုး၍ပြလိုသောကြောင့် "ယဒိ စ" စသည်မိန့်။ "ကေစိတို့၏ ပထမနည်းအတိုင်း ကမ္မပထမြောက်သော အသံဝရ-သံဝရတို့ကိုသာ ကမ္မပထ သံသန္ဒနအရာ၌ ယူအပ်ကုန်သည်ဖြစ်အံ့၊ ဤသို့ဖြစ်လျှင် အဋ္ဌကထာ၌ "စောပနကာယ အသံဝရဒွါရဝသေန ဥပ္ပန္နော (အသံဝရော) အကုသလံ ကာယကမ္မမေဝ ဟောတိ" စသောစကားကို မဆိုသင့်၊ ဆိုသော်လည်း အကျိုးမရှိတော့။ ကမ္မပထမြောက် မမြောက်သော အသံဝရ သံဝရတို့ကို သိမ်းကျုံး၍ယူမှသာ "စောပနကာယ အသံဝရော"စသော စကားကို ဆိုရကျိုးရှိသည်-ဟူလို။ စ၊ သည်သာ မကသေး။ ကမ္မပထပ္ပတ္တာ ဧဝ၊ ကမ္မပထသို့ရောက်သည်သာလျှင် ဖြစ်ကုန်သော။ အသံဝရာဒယော၊ တို့ကို။ ယဒိဂဟိတာ၊ ကုန်အံ့။ (ဧဝံသတိ။) (န ဝတ္တဗ္ဗံ သိယာ-လှမ်းစပ်။) **၁။ဒုစ္စရိတေဟိ။ပ။အဘာဝါ**။ ။ "ဘာ့ကြောင့်နည်း" ဟု မေးဖွယ်ရှိ၍ "ဒုစ္စရိ တေဟိ။ပ။အဘာဝါ"ဟူသော ပထမဟိတ်ကို မိန့်သည်။ ဒုစရိုက်မှ တစ်ပါးသော အသံဝရဟူ၍ သီးခြားမရှိ။ ဒုစရိုက်တို့နှင့် အသံဝရတို့သည် တွဲ၍ဖြစ်ကြခြင်းကြောင့်တည်း။ [ဒုစ္စရိတေဟိ။ပ။ဣဒံ တေဟိ (ထို ဒုစရိုက်တို့နှင့်) သဟဇာတတ္တံ သန္ဓာယ ဝုတ္တံ၊ န သရူပတော နာနတ္တာဘာဝံ-သရုပ်သကောင်အားဖြင့် ကွဲပြားကုန်သည်၏အဖြစ် မရှိခြင်းကို ရည်ရွယ်၍ ဆိုအပ်သည် မဟုတ်။ သရုပ်အားဖြင့်ကား ဒုစရိုက်လည်း တခြား၊ အသံဝရလည်း တခြားပင်-ဟူလို။-မဓု။] ဒုစ္စရိတေဟိ၊ တို့မှ။ အညေသံ၊ ကုန်သော။ အသံဝရာနံ၊ ကမ္မပထမြောက်သော အသံဝရတို့၏။ အဘာဝါ၊ မရှိခြင်းကြောင့် လည်းကောင်း။ **၂။ တေသဉ္စ တံတံ ကမ္မဘာဝဿဝုတ္တတ္တာ**။ ။ အကယ်၍ ဒုစရိုက်တို့၏ ကာယကံ စသည်ဖြစ်ပုံကို ဆိုခဲ့ပြီးမဟုတ်လျှင် ဤနေရာ၌ အသံဝရတို့၏ ကာယကံစသော အမည်ကို ဆိုထိုက်သည် မဟုတ်ပါလော-ဟု တစ်ဆင့်မေးဖွယ် ရှိသောကြောင့် "တေသဉ္စ။ပ။ ဝုတ္တတ္တာ"ဟု ဒုတိယဟိတ်ကို မိန့်သည်။ ဒုစရိုက်တို့၏ ကာယကံစသည်ဖြစ်ပုံကို "ယောမိဂဝံ ဂမိဿာမိ" စသည်ဖြင့် အဋ္ဌကထာ၌ ဆိုခဲ့ပြီးဖြစ်၏။ ထို့ကြောင့်ဒုစရိုက်နှင့် မကွဲပြားသော အသံဝရတို့၏ ကာယကံစသည်ဖြစ်ပုံကို မဆိုထိုက်တော့-ဟူလို။ [ဝုတ္တတ္တာတိဟေဋ္ဌာ ကမ္မကထာယံ ယော မိဂဝံ ဂမိဿာမီတိ အာဒိနာ။-မဓု။ အနုဋီကာ၌ကား "တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝ ဟောတိ"ဟူသော ဤ ကမ္မပထသံသန္ဒန အခန်း၌ ဆိုအပ်လတ္တံ့သောစကားကို "ဝုတ္တတ္တာ" အရ ယူသွားလေသည်။] တေသံ၊ ထို အသံဝရတို့၏။ တံတံကမ္မဘာဝဿ၊ ထိုထို ကာယကံ အစရှိသည်၏ အဖြစ်၏။ (အမည်၏။) ဝုတ္တတ္တာ စ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။ စောပန။ပ။ ဟောတီတိ အာဒိ၊ အစရှိသော စကားသည်။ န ဝတ္တဗ္ဗံ၊ သည်။ သိယာ၊ ၏။
**၃။ ဝုစ္စမာနေ ဟိ။ ပ။ ကမ္မန္တရာနိ**။ ။ ကာယဝစီ မနောကမ္မ၏ အစွမ်းဖြင့် အသံဝရသာမညကိုယူ၍ ဆိုအပ်သည်ရှိသော် ရောက်ရာသနည်း-ဟု မေးဖွယ်ရှိ၍ "ဝုစ္စမာနေပိ တသ္မိံ" စသည်ကိုမိန့်။ ထိုသို့ဆိုလျှင် သင်္ကရဒေါသ ဖြစ်စရာရှိ၏-ဟူလို။ [ ဤနည်း၌ ဟိ-သဒ္ဒါသည် ဝါ၏အနက်ရှိ၏-ဟု မဓုဖွင့်၏ ။ ] ရောပုံကား- " စောပနကာယ အသံဝရ။ ပ။ ကာယကမ္မမေဝ ဟောတိ"ဟု ဧဝဖြင့် ဆိုသော်လည်း ထို ကာယဒွါရ၌ ဝစီကံ မနောကံများလည်း ဖြစ်နိုင်၏။ ထို့အတူ ဝစီဒွါရ၌လည်း ကာယကံ မနောကံတို့ ဖြစ်နိုင်၏။ ဤနည်းအားဖြင့် ဝစီကံ မနောကံတို့သည် စောပနကာယ ဟူသော ကာယဒွါရ၌ဖြစ်သောအခါ ကာယကံအမည် ဖြစ်တော့မလိုဖြစ်၏။ ထို့ကြောင့် ကံအချင်းချင်း ရောနှော ရှုပ်ထွေးခြင်းဟူသောအပြစ် ဖြစ်စရာရှိသည်။ ဟိ၊ လဒ္ဓဒေါသ တစ်နည်းပြအံ့။ တသ္မိံ၊ ထိုစကားကို။ ဝုစ္စမာနေ၊ သော်။ သင်္ကရော၊ ရောယှက်ခြင်းသည်။ သိယာ၊ ၏။ (ကသ္မာ သင်္ကရော သိယာ။) ဟိ (ယသ္မာ)။ ဝစီမနောကမ္မာနိပိ၊ တို့သည်လည်း။ ကာယဒွါရေ၊ ၌။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ တထာ၊ တူ။ သေသဒွါရေသုပိ၊ တို့၌လည်း။ ကမ္မန္တ ရာနိ၊ တစ်ပါးသောကံတို့သည်။ (ဥပ္ပဇ္ဇန္တိ။) ဣတိ၊ ကြောင့်။ (သင်္ကရော သိယာ။)
**၁။ အထ ပန။ပ။ဝိရုဇ္ဈေယျ**။ ။ အခြားအပြစ်တစ်မျိုးကို ပြပြန်လိုသောကြောင့် "အထပန" စသည်မိန့်၊ အကယ်၍ ဝစီဒွါရဟူသော ဒွါရတစ်ပါး၌ဖြစ်သော ကာယကံသည် ထိုဝစီ ဒွါရ၌ဖြစ်သော ဝစီကံသာလျှင် ဖြစ်အံ့၊ ဤသို့ဖြစ်လျှင် "တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝ" စသည်ဖြင့် အမြဲသတ်မှတ်အပ်ပြီးသော ရှေ့စကားသည်လည်းကောင်း။ အကုသလံ ကာယကမ္မံ စောပနကာယအသံဝရဒွါရဝသေန ဝါစာအသံ ဝရဒွါရဝသေန စ ဥပ္ပဇ္ဇတိ" စသော (ကာယကံက ကာယ-ဝစီဒွါရ၌ ဖြစ်နိုင်၏ဟူသော) နောက်စကားသည် လည်းကောင်း အချင်းချင်း ဆန့်ကျင်စရာရှိ၏။ [ ရှေ့စကား၌ "ကာယဒုစရိုက်သည် အကုသိုလ် ကာယကံသာ" ဟု ဧဝဖြင့် ဆိုပြီးနောက် "အကုသိုလ်ကံသည် စောပန ကာယအသံဝရဒွါရ ဝါစာအသံဝရဒွါရ ၂-မျိုး၌ ဖြစ်၏"ဟု ဆိုပြန်သောကြောင့် စကား ၂-ရပ်ဆန့်ကျင်ရာ ရောက်သည်။ ပန၊ သို့မဟုတ်။ ဒွါရန္တ ရေ၊ တစ်ပါးသော ဒွါရ၌။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သော။ ကမ္မန္တရမ္ပိ၊ တစ်ပါးသော ကံသည်လည်း။ တံဒွါရိက ကမ္မမေဝ၊ ထိုဒွါရ၌ဖြစ်သော ကံသည်သာ။ အထ သိယာ၊ အံ့။ (ဧဝံသတိ။) တိဝိဓံ။ပ။ ကာယကမ္မမေဝါတိအာဒိ၊ အစရှိသော စကားသည်လည်းကောင်း။ အကုသလံ။ပ။ ဥပ္ပဇ္ဇတီတိ အာဒိစ၊ သည်လည်းကောင်း။ ဝိရု ဇ္ဈေယျ၊ အချင်းချင်း ဆန့်ကျင်ရာ၏။ (တဉ္စ၊ ထိုစကား ၂-ရပ်သည်လည်း။ န ဝိရုဇ္ဈတိ၊ မဆန့်ကျင်။)
["တဉ္စ နဝိရုဇ္ဈတိ-ထိုစကား ၂-ရပ်လည်း မဆန့်ကျင်နိုင်"ဟု မဓုဋီကာထည့် ၍ မဆန့်ကျင်ကြောင်းကို အဘယ်နည်းဖြင့် သိနိုင်သနည်းဟု မေးဖွယ်ရှိသောကြောင့် "ဒုစ္စရိတာနံ ဟိ"စသည်ကို မိန့်သည်။] (ကသ္မာ န ဝိရုဇ္ဈတိ ဣတိဝိညာယတိ) ဟိ(ယသ္မာ)။ **၂။ ဒုစ္စရိတာနံ။ပ။ကမ္မန္တရံ ဟောတီတိ**။ ကာယဒုစရိုက်၏ ဝစီဒွါရ၌ ဖြစ်ခြင်း စသည်ဖြင့် ဒုစရိုက်တို့၏ အခြားဒွါရ၌ ဖြစ်နိုင်ခြင်းသည် ရှိ၏။ [ဤစကားဖြင့် "အကုသလံ ကာယကမ္မံ" စသော နောက်စကားကို ရည်ရွယ်သည်။] ထိုသို့ဒွါရတစ်ပါး၌ ဖြစ်စေကာမူ ကံအမည်ကား တစ်မျိုးမပြောင်းတော့၊ "ကာယကံသည် ဝစီဒွါရ၌ ဖြစ်စေကာမူကာယကံသာ မည်၏"ဟူလို။ [ ဤစကားဖြင့် "တိဝိဓံကာယဒုစ္စရိတံ" စသော ပထမ စကားကို ရည်ရွယ်သည်။]ဣတိဖြင့် "တဒေတံ ဝိစာရေတဗ္ဗံ"ကို ပြန်၍အုပ်သည်။ ဤဆိုအပ်ပြီးသော အပြစ်အမျိုးမျိုး ရောက်စရာ ရှိသောကြောင့် ထိုကေစိတို့၏ စကားကို စိစစ်ထိုက်သည်-ဟူလို။ ဒုစ္စရိတာနံ၊ တို့၏။ အညဒွါရစရဏံ၊ တစ်ပါးသော ဒွါရ၌ဖြစ်ခြင်းသည်။ အတ္ထိ။ စ၊ ထိုသို့ပင် တစ်ပါးသော ဒွါရ၌ဖြစ်ခြင်း ရှိပါသော်လည်း။ အဿ၊ ထိုဒုစရိုက်ကံ၏။ ဒွါရန္တ ရုပ္ပန္နံ၊ တစ်ပါးသော ဒွါရ၌ဖြစ်သော။ ကမ္မန္တ ရံ၊ ကံတစ်မျိုးသည်။ န-ဟောတိ။ ဣတိ၊ ကြောင့်။ (တံ၊ ထိုစကား ၂-ရပ်သည်။ နဝိရုဇ္ဈတိ၊ ကျင်။ ဣတိ ဝိညာယတိ၊ ၏။) ဣတိ၊ ဤကားတဒေတံ ဝိစာရေတဗ္ဗံ-၏ အကျယ်တည်း။

[ယခုအခါ အတ္တနောမတိကို ပြလို၍ "တသ္မာ" စသည်ကို မိန့်။]

၁။တသ္မာ။ ပ။ ကမ္မပထ သံသန္ဒနံ နာမ။ ။ ဤကား မူလဋီကာဆရာ၏ အလိုကျ ကမ္မပထသံသန္ဒန၏ အဓိပ္ပာယ်ကို ပြသော စကားတည်း။ အနုဋီကာ၌ ရှေ့က စိစစ်ခဲ့ပြီးသော အပြစ်များကို ညွှန်ပြ၍ တသ္မာ၏ စွဲနက်ကို ပြထား၏။ တသ္မာတိ ယသ္မာ-

(၁) ကေသဉ္စိ အသံဝရာနံ သံဝရာနံ စ (ပဉ္စဒွါရ၌ဖြစ်သော အချို့ အသံဝရ သံဝရတို့၏) ကမ္မပထတာ နတ္ထိ။... (၂)ကာယဒုစ္စရိတာဒီနဉ္စ ကမ္မပထေဟိနာနတ္တာ ဘာဝဒဿနေန ပယောဇနံ နတ္ထိ။...(၃) နစ ဒုစ္စရိတာဒီနံ ဖဿဒွါရာဒီနံ ဝသေန ဥပ္ပတ္တိ ဒီပိတာ။...(၄) နစာယံဝိဓိ နိရဝသေသ သင်္ဂါဟိကာ, ကမ္မာနဉ္စ သင်္ကရော အာပဇ္ဇတိ။ ["စောပနကာယ။ပ။ကာယကမ္မမေဝ ဟောတိ" စသော စကားများ ကျန်နေစရာရှိသောကြောင့် "န...နိရဝသေသ သင်္ဂါဟိကာ"ဟု ဆိုသည်။] ...(၅) အဋ္ဌကထာယဉ္စ ပုဗ္ဗာပရဝိရောဓော၊..တသ္မာ။

တသ္မာ၊ ကြောင့်။ `` **၂။ဟေဋ္ဌာ။ပ။ဝုတ္တတ္တာ**။အောက် ကမ္မကထာ (ဒွါရသံသန္ဒန)၌ ကမ္မပထမြောက်သော ဒုစရိုက်တို့ကိုသာ "ယော မိဂဝံ ဂမိဿာမီတိ" စသည်ဖြင့် ကာယကံစသော အမည်ရပုံကို ပြဆိုခဲ့သောကြောင့် ဤ၌ ထပ်၍ပြဖွယ် မလိုတော့-ဟူလို။ [ဤအကြောင်းသည် "ဣဓ။ပ။ကမ္မပထာနံ၀ိယ"ဟူသော ဥပမာနပက္ခအတွက်အကြောင်းတည်း။ ထို့ကြောင့် ထိုစကားနှင့် တွဲ၍ အဓိပ္ပာယ်မှတ်ပါ။] `` ဟေဋ္ဌာ၊ အောက်ဖြစ်သော ဒွါရသံသန္ဒန အခန်း၌။ ကမ္မပထပ္ပတ္တာနံ ဧဝ၊ ကမ္မပထသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော ဒုစရိုက် အစရှိသည်တို့၏။ ကာယကမ္မာဒိဘာဝဿ၊ ကာယကံအစရှိသည်တို့၏ အဖြစ်၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။ `` **၃။ သေသာနံ စ။ပ။ကတတ္တာ**။ ။ ထို စေတနာနှင့် တကွဖြစ်သော ကုသိုလ် အကုသိုလ် (အဘိဇ္ဈာ, အနဘိဇ္ဈာ စသည်) တို့၏ ထိုထို ဒွါရ၌ စေတနာပက္ခိက အဖြစ်ကို ("တေဟိ စိတ္တေဟိ သဟဇာတာ အဘိဇ္ဈာဗျာပါဒ မိစ္ဆာဒိဋ္ဌိယော စေတနာပက္ခိကာဝဟောန္တိ" စသည်ဖြင့် ပြုအပ်ခဲ့သောကြောင့် ဤ၌ ထည့်၍ပြုဖွယ် မလိုတော့ဟူလို။ [ဤအကြောင်းသည် "ကမ္မပထပ္ပတ္တာနံ ။ပ။ ကမ္မပထသံသန္ဒနံ"ဟူသော ဥပမေယျပက္ခ အတွက် အကြောင်းတည်း။ ထို့ကြောင့်ထိုစကားနှင့်တွဲ၍ အဓိပ္ပာယ်မှတ်ပါ။] `` သေသာနံ၊ ကမ္မပထပတ္တမှ ကြွင်းကုန်သော။ တံတံ ဒွါရုပ္ပန္နာနံ၊ ထိုထိုဒွါရ၌ ဖြစ်ကုန်သော။ ကုသလာ ကုသလာနံ၊ တို့၏။ ဒွါရသံသန္ဒနေ၊ ဒွါရသံသန္ဒန အခန်း၌။ တံတံ ဒွါရပက္ခိက ဘာဝဿ၊ ထိုထိုဒွါရအဖို့ရှိသည်၏ အဖြစ်၏။ ဝါ၊ ကို။ ကတတ္တာ စ၊ ပြုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။

၁။ဣဓ။ပ။ကာယကမ္မာဒိတာဒီပနံ။ ။ရှေ့ဒွါရသံသန္ဒန အခန်းဝယ် ကမ္မပထမြောက် ဒုစရိုက် သုစရိုက်တို့၏ ကာယကံ အစရှိသော နာမည်ကို ဆိုခဲ့ပြီးဖြစ်သောကြောင့် ဤ ကမ္မပထသံသန္ဒနအခန်း၌ ထပ်၍ဆိုဖွယ် မလိုရကား ကမ္မပထမမြောက်သော ဒုစရိုက် သုစရိုက် တို့၏ လည်းကောင်း၊ စေတနာဘဘောအားဖြင့် (တစ်နည်း-စေတနာမဟုတ်သည့်အတွက်) ကံလည်း မမည်သော မုဋ္ဌဿစ္စ-စသော အသံဝရ, သတိ-စသော သံဝရတို့၏ လည်းကောင်း (သွင်းချင်းသွင်းရလျှင်) ကာယကံစသော အမည်တွင်းသို့ သွင်း၍ပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။

ဆိုလိုရင်းကား။ ။ ကမ္မပထတို့ကို ကာယကံ စသောအမည်ဖြင့် ပြခြင်းသည် ကမ္မ ပထသံသန္ဒန ဖြစ်သကဲ့သို့၊ ထို့အတူ ကမ္မပထ မမြောက်သော ဒုစရိုက် သုစရိုက်နှင့် ကံမဟုတ်သော မုဋ္ဌဿစ္စ သတိ-စသော အသံဝရ သံဝရတရားတို့ကို ကာယကံစသော အမည်ဖြင့် ပြခြင်းကို ကမ္မပထသံသန္ဒန ဟု ဆိုလိုသည်၊ ဤ စကားသည် အဋ္ဌကထာ၌ "ပဉ္စဖဿဝသေန ဟိ ဥပ္ပန္နော အသံဝရော အကုသလံ ကာယကမ္မမေဝ" စသော စကား၊ [ပဉ္စ အသံဝရဝသေန ဥပ္ပန္နောပိ" စသော စကားကို ရည်ရွယ်၍ ဆိုအပ်သော အဖွင့်တည်း။ [ကမ္မပထာနံ- ဒုစ္စရိတာဒီနံ၊ ကာယကမ္မတာဒီပနံ ကမ္မပထသံသန္ဒနံ ဟောတိဝိယ ဧဝံ၊ မဓု။]

ဣဓ၊ ဤ ကမ္မပထသံသန္ဒန အခန်း၌။ ကမ္မပထံ၊ သို့။ အပ္ပတ္တာနံ စ၊ မရောက်သည်လည်း ဖြစ်ကုန်သော။ စေတနာဘာဝတော၊ စေတနာသဘောအားဖြင့်။ ["စေတနာ+အဘာဝတောဟု ပုဒ်ဖြတ်၍ "စေတနာ မဟုတ်သည်၏ အဖြစ်ကြောင့်"ဟု သော်လည်းကြံ။] အကမ္မာနံ စ၊ ကံ မမည်သည်လည်း ဖြစ်ကုန်သော။ အသံဝရာနံ၊ တို့၏လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ သံဝရာနံ စ၊ တို့၏ လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ ဘဇာပိယမာနာနံ၊ ကပ်ဝင်စေအပ်ကုန်လတ်သော်။ (ကာယကံ အစရှိသည်တို့၏အတွင်းသို့ သွင်းအပ်ကုန် လတ်သော်။) ကမ္မပထာနံ၊ ကမ္မပထဒုစရိုက် သုစရိုက်တို့၏။ (ကာယကမ္မာဒိတာဒီပနံ၊ ကာယကံ အစရှိသည်တို့၏ အဖြစ်ဟူသောအမည်ကို ပြခြင်းသည်။ ကမ္မပထသံသန္ဒနံ၊ ကမ္မပထသံသန္ဒန မည်သည်။ ဟောတိ ဝိယ၊ သို့။ ဧဝံ၊ တူ။) ကာယကမ္မာဒိတာဒီပနံ(စ)၊ သည်လည်းကောင်း။ (ကမ္မပထသံသန္နနံ နာမ-၌ စပ်။) `` **၂။ ကမ္မပထပ္ပတ္တာနံ။ပ။ဒီပနံ**။ ။ ကြွင်းသော အဘိဇ္ဈာ-စသည်တို့၏ ထိုထိုဒွါရအဖို့ ရှိသည်၏အဖြစ်ကို ပြုခဲ့ပြီးဖြစ်သောကြောင့် ထပ်၍၍ပြုဖွယ် မလိုရကား ကမ္မပထမြောက်သော ဒုစရိုက် သုစရိုက်တို့၏ အခြားဒွါရ၌ ဖြစ်သော်လည်း ကာယကံ စသော နာမည် မစွန့်ပုံကိုပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ [ဤ စကားသည် "တိဝိဓံကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေ၀ ဟောတိ"စသော၊ တိဝိဓံ ကာယသုစရိတံ ကုသလံ ကာယကမ္မမေဝ-စသော (အခြားဒွါရ၌ဖြစ်သော်လည်း ကာယကံစသော နာမည်ကို မစွန့်ကြောင်းကိုပြသော) စကား၏ အဖွင့်တည်း။] `` ကမ္မပထပ္ပတ္တာနံ၊ ကုန်သော။ တိဝိဓကာယ ဒုစ္စရိတာဒီနံ၊ ၃-ပါးအပြားရှိသော ကာယဒုစရိုက် အစရှိသည်တို့၏လည်းကောင်း။ တိဝိဓကာယ သုစရိတာဒီနံ စ၊ တို့၏လည်းကောင်း။ ဒွါရန္တရစရဏေပိ၊ ဒွါရတစ်ပါးဝယ် ဖြစ်ရာအခါ၌လည်း။ ကာယ။ပ။ ဒီပနံ(စ)၊ ကာယကံ အစရှိသည်တို့၏အဖြစ်ကို မစွန့်ခြင်းကို ပြခြင်းသည် လည်းကောင်း။ (ကမ္မပထသံသန္ဒနံ နာမ-၌ စပ်။) `` **၁။ ယထာပကာသိတာနဉ္စ။ပ။ပကာသနံ**။ ။ပြအပ်ပြီးသော အပြားရှိကုန်သော ကမ္မပထမြောက်-မမြောက်ကုန်သော ကုသိုလ် အကုသိုလ်တို့၏ ဖဿဒွါရ အစရှိသည်တို့ဖြင့် ဖြစ်ပုံကို ပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ ["ယထာပကာသိတာနံ"ဟူသည် အောက် ကမ္မကထာ၌ ပြအပ်ခဲ့ပြီးသော ကမ္မပထအပတ္တ-ပတ္တ ကာယကံစသည်တို့တည်း။ ထိုကံတို့ကို "အကုသလံ ကာယကမ္မံ ပဉ္စဖဿဒွါရဝသေန နုပ္ပဇ္ဇတိ၊ မနောဖဿဒွါရဝသေနေဝ ဥပ္ပဇ္ဇတိ" စသည်ဖြင့် အဋ္ဌကထာ၌ ဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ်ပုံကို ရည်ရွယ်သော အဖွင့်တည်း။] `` ယထာပကာသိတာနံ၊ အကြင်အကြင် ပြအပ်ပြီးကုန်သော။ ကမ္မပထဘာဝံ၊ သို့။ ပတ္တာနံ စ၊ ရောက်သည်လည်း ဖြစ်ကုန်သော။ အပတ္တာနံ စ၊ မရောက်သည်လည်း ဖြစ်ကုန်သော။ အကုသလကာယကမ္မာဒီနဉ္စ၊ တို့၏လည်းကောင်း။ ကုသလကာယ ကမ္မာဒီနဉ္စ၊ တို့၏ လည်းကောင်း။ ဖဿဒွါရာဒီဟိ၊ တို့ဖြင့်။ ဥပ္ပတ္တိပကာသနံ စ၊ ဖြစ်ပုံကိုပြခြင်းသည်လည်းကောင်း။ ကမ္မပထသံသန္ဒနံ နာမ၊ မည်၏။
**၂။ ကသ္မာ**။ ။ထိုဆိုအပ်ပြီးသော ကမ္မပထ ဟုတ်-မဟုတ်သော ဒုစရိုက်စသည်တို့၏ ကမ္မပထ မည်ပုံကို ပြခြင်းစသည်၏ ကမ္မပထသံသန္ဒန အမည်ရပုံဝယ် အကြောင်းပြလိုသောကြောင့် "ကသ္မာ"ဟု ပုစ္ဆာထုတ်ပြီးလျှင် "အကမ္မပထာနံ။ပ။သံသန္ဒိတ္တာ"ဟုဖြေသည်။ [နိဿယအတိုင်း လိုက်၍ပေးထားသော သံသန္တိတတ္တာ ဟိတ်၃-ပါးကို "ကာယကမ္မာဒိတာဒီပနံ (ကမ္မပထသံသန္ဒနံ နာမ), ကာယကမ္မာဒိဘာဝါဝိဇဟနဒီပနံ (ကမ္မပထသံသန္ဒနံ နာမ) ဥပ္ပတ္တိပကာသနံ (ကမ္မပထသံသန္ဒနံနာမ)"ဟူသော ဖလဝါကျ ၃-ပါးနှင့် အစဉ်အတိုင်းဟပ်ပါ။] ကသ္မာ၊ နည်း။
အကမ္မပထာနံ **၃။ အကမ္မပထာနံ**။ ။ဤပုဒ်ကို "သမာန နာမတာဝသေန သံသန္တိတတ္တာ"၌စပ်။ ကမ္မပထေသုကို သံသန္ဒိတတ္တာ၌-စပ်။ ကမ္မပထ မမြောက်ကုန်သော ဒုစရိုက် အသံဝရ စသည်တို့၏ ကမ္မပထတို့၌ ကာပ ကာယကံစသော နာမည်ချင်းတူသည်၏ အစွမ်းဖြင့် ရောနှောပြအပ် ကုန်သည်၏ အဖြစ်ကြောင့် "ကမ္မပထ သံသန္ဒန"ဟုခေါ်ရသည်။ ၊ ကမ္မပထ မမြောက်ကုန်သော ဒုစရိုက်စသည်တို့၏။ ဝါ၊ တို့ကို။ (သံသန္ဒိတတ္တာ-၌ စပ်။) ကမ္မပထေသု၊ တို့၌လည်းကောင်း။ **၁။ ကမ္မပထာနဉ္စ**။ ။ဤပုဒ်ကိုလည်း "အကမ္မပထေသု - သမာနနာမတာဝသေန သံသန္ဒိတတ္ထာ"၌ စပ်၍ ရှေ့အတိုင်း အဓိပ္ပာယ်ဆိုပါ။ [မဓု၌ ကမ္မပထေသု အဲကမ္မပထေသုတို့ကို သဟာဒိယောဂဝန္တ ဖွင့်၍ သမာန၌စပ်၏။ ဤ၌ကား သံသန္ဒိတတ္တာ၌ စပ်ဖို့ရန် အာဓာရအနက်ပင်ကြံထားသည်။] ကမ္မပထာနံ၊ ကမ္မပထ မြောက်ကုန်သော ဒုစရိုက်စသည်တို့၏။ ဝါ၊ တို့ကို။ အကမ္မပထေသု စ၊ တို့၌လည်းကောင်း။ သမာနနာမတာဝသေန၊ တူသောနာမည် ရှိကုန်သည်၏ အဖြစ်၏အစွမ်းဖြင့်။ (ဧတ္ထ၊ ၌။ သံသန္တိတတ္တာ၊ ကြောင့်လည်းကောင်း။) **၂။ ကမ္မပထာနံ ကမ္မပထေသု**။ ။ပါဏာတိပါတ ကာယကံသည် ဝစီဒွါရ၌ဖြစ်၍ ကမ္မပထ မြောက်သော်လည်း ကာယကံဟူသော သာမညနာမည်ကို မစွန့်ခြင်းသည် သာမညနာမ အဝိဇဟန တည်း။ ထိုသို့ မစွန့်ခြင်းအားဖြင့် ရောနှော၍ ပြအပ်ရာဖြစ်သောကြောင့်လည်း ကမ္မပထသံသန္ဒန ဟုခေါ်သည်။ ကမ္မပထာနံ၊ တို့၏။ ဝါ၊ တို့ကို။ ကမ္မပထေသု၊ တို့၌။ သာမညနာမာဝိဇဟနဝသေန၊ သာမညနာမည်ကို မစွန့်ခြင်း၏အစွမ်းဖြင့်။ (ဧတ္ထ၊ ၌။ သံသန္ဒိတတ္တာ၊ ကြောင့်လည်းကောင်း။) **၃။ ဥဘယေသံ စ။ပ။ဒွါရေသု**။ ။ [ဒွါရေသုကို ဥပ္ပတ္တိဝသေန-၌စပ်။] ကမ္မပထမြောက်- မမြောက်၂-မျိုးလုံးတို့၏ ဖဿဒွါရ စသည်တို့၌ ဖြစ်ပုံကိုပြခြင်း၏ အစွမ်းဖြင့် ရောနှောပြအပ်ရာ ဖြစ်သောကြောင့်လည်း ကမ္မပထသံသန္ဒန ဟုခေါ်ရသည်။ ဥဘယေသံ၊ ၂-ပါးကုန်သော ကမ္မပထမြောက်-မမြောက်သော ဒုစရိုက် အစရှိသည်တို့၏။ ဒွါရေသု၊ ဖဿဒွါရ စသည်တို့၌။ ဥပ္ပတ္တိဝသေန၊ ဖြစ်ခြင်း၏ အစွမ်းဖြင့်။ ဧတ္ထ၊ ဤကမ္မပထသံသန္ဒန အခန်း၌။ သံ သန္ဒိတတ္တာ စ၊ ရောနှော၍ ပြအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။
**၄။တတ္ထ။ပ။အာဒိဝတ္တံ**။ ။ ကမ္မပထသံသနကိုပြရာ၌ "ပဉ္စဖဿဒွါရဝသနေ ဟိ" စသည်ဖြင့် ဖဿဒွါရ၏အစွမ်းဖြင့်ဖြစ်သော အသံဝရ စသည်ကို အစဆုံးပြထား၏။ ဒွါရကထာ၏ အစ မာတိကာခေါင်းစဉ်ရာ၌ကား "တီဏိ ကမ္မာနိ"စသည်ဖြင့် "ကမ္မ-ကမ္မဒွါရ, ဝိညာဏ- ဝိညာဏဒွါရ, ဖဿ-ဖဿဒွါရစသည်တို့ကို ပြခဲ့၏။ ထိုတွင် အဘယ့်ကြောင့် ကမ္မဒွါရ ဝိညာဏဒွါရတို့၌ ကံဖြစ်ပုံ ဝိညာဉ်ဖြစ်ပုံကို မပြဘဲ ရှောင်လွဲ၍ ဖဿဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကို စတည်၍ ပြရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "တတ္ထ။ပ။အာဒိဝုတ္တံ" ဟု မိန့်သည်။ [ဥပ္ပတ္တိယာ+ပရိယာယောကာရဏံ တထာ၊ ပရိယာယသဒ္ဒါ၏ ကာရဏအနက်ဟောကြောင်းကိုပြသည်။ တေန (ထိုစကားဖြင့်) ပဉ္စဝိညာဏ ဒွါရဝသေန အသံဝရာနံ ဥပ္ပတ္တိကာရဏဿ ဘဂဝတာ အဝုတ္တတ္တာ၊ အဋ္ဌက်ထာယမ္ပိဝိညာဏဒွါရဝသေန အသံဝရာနံ ဥပ္ပတ္တိ န ဝုတ္တာတိ -ဒဿေတိ။ မဓု။] တတ္ထ၊ ထို ကမ္မပထသံသန္ဒန အခန်း၌။ တိဝိဓကမ္မဒွါရဝသေန၊ ၃-ပါး အပြားရှိသော ကမ္မဒွါရတို့၏ အစွမ်းဖြင့်။ ဥပ္ပန္နာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဉာတကမ္မဘာဝတာယ၊ သိအပ်ပြီးသော် ကံတို့၏ အဖြစ်ကြောင့်။ (ကာယဒွါရ၌ ဖြစ်လျှင် ကာယကံ၊ ဤသို့စသည်ဖြင့် ထင်ရှားပြီး၏ အဖြစ်ကြောင့်။) တံတံ ကမ္မဘာဝဿ၊ ထိုထို ကာယကံ အစရှိသည်တို့၏ အဖြစ်၏။ ဝါ၊ ကို။ အဝစနီယတ္တာ၊ မဆိုထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။(ဆိုဖွယ် မလိုသောကြောင့် လည်းကောင်း။) ကမ္မဒွါရေသု၊ တို့၌။ တေသံ၊ ထိုကံတို့၏။ ဥပ္ပတ္တိယာ၊ ဖြစ်ခြင်း၏။ ဝါ၊ ကို။ ဝုတ္တတ္တာ စ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။ (ကမ္မဒွါရကထာ၌ ဆိုခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း။) ပဉ္စဝိညာဏဒွါရဝသေန၊ ၅-ပါးသော ဝိညာဏဒွါရ၏ အစွမ်းဖြင့်။ အသံ၀ရာဒီနံ၊ တို့၏။ ဥပ္ပတ္တိ ပရိယာယ ဝစနာဘာဝတောစ၊ ဖြစ်ခြင်း၏ အကြောင်းကို ဆိုကြောင်း စကား၏ မရှိခြင်းကြောင့်လည်းကောင်း။ ကမ္မဒွါရ ဝိညာဏဒွါရာနိ၊ တို့ကို။ ဝိရဇ္ဈိတွာ၊ ရှောင်ကြဉ်၍။ [ဝိရဇ္ဈိတွာတိ ဝဇ္ဇေတွာ။-မဓု။] ပဉ္စ။ ပ။ ဥပ္ပန္နောတိ အာဒိ၊ အစရှိသော စကားကို။ (သင်္ဂဟကာရေန။) ဝုတ္တံ၊ ပြီ။
ကသ္မာ ပဉ္စဝိညာဏ ဒွါရဝသေန အသံဝရာဒီနံ။ ဥပ္ပတ္တိပရိယာယဝစနာ ဘာဝေါ၊ ကို။ ဝိညာယတိ၊ နည်း။) **၁။ ယမိဒံစက္ခုသမ္ဖဿ။ပ။အတ္တီတိ**။ ။ "ပဉ္စဝိညာဏ ဒွါရဝသေန အသံဝရာဒိနံ ဥပ္ပတ္တိပရိယာယဝစနာဘာဝတော" ဟူသော ဤစကားကို အဘယ်ထောက်၍ သိနိုင်သနည်းဟု မေးဖွယ်ရှိသောကြောင့် "ယမိဒံ" စသည်ကို မိန့်သည်။ "စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ" စသည်ဖြင့် သမ္ဖဿကြောင့် သုခ-စသော ဝေဒနာ-ဝေဒနာက္ခန္ဓာ၏ ဖြစ်ပုံကိုသာပြ၏။ "ယမိဒံ စက္ခုဝိညာဏပစ္စယာ" စသည်ဖြင့် ဝိညာဉ်ကြောင့် ဝေဒနာဖြစ်ပုံကိုပြသော စကားမရှိ။ (ဝေဒနာ မဖြစ်လျှင် တဏှာဟူသော အသံဝရသည်လည်း မဖြစ်။) ထိုသို့ မရှိပုံကိုထောက်၍ ဤစကားကို သိနိုင်ပါသည်-ဟူလို။ ယမိဒံ။ပ။ ဝေဒယိတံ သုခံဝါတိ အာဒိနာ၊ အစရှိသော စကားဖြင့်လည်းကောင်း။ စက္ခု။ပ။ ကုသလောတိ အာဒိနာစ၊ ဖြင့်လည်းကောင်း။ ပဉ္စဖဿဒွါရဝသေန၊ ၅-ပါးသော ဖဿဒွါရတို့၏ အစွမ်းဖြင့်။ အသံဝရာဒီနံ၊ တို့၏။ ဥပ္ပတ္တိပရိယာယော၊ ဖြစ်ခြင်း၏အကြောင်းကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ စ၊ ဗျတိရိက်ကား။ ယမိဒံ စက္ခုဝိညာဏ ပစ္စယာတိအာဒိဝစနံ၊ အစရှိသော စကားသည်။ န အတ္ထိ။ ဣတိ၊ ကြောင့်။ (ပဉ္စဝိညာဏဒွါရဝသေန အသံဝရာဒီနံ ဥပ္ပတ္တိ ပရိယာယဝပနာဘာဝေါ။ ဝိညာယတိ၊ ၏။)
**၂။ ဝုတ္တမ္ပိစေတံ**။ ။ ။ဤစကားသည် အဋ္ဌကထာဖွင့်ပုံကို ပြသော စကားတည်း။ စက္ခု သမ္ဖဿေကို "စက္ခုဝိညာဏသဟဇာတော ဖဿော"ဟု ရှေးဝိညာဏဒွါရ အခန်း၌ ဖွင့်ခဲ့၏။ ထိုသို့ "စက္ခုဝိညာဏသဟဇာတော"ဟု ဖွင့်၍ "စက္ခုဝိညာဏပစ္စယာ"ဟု မဖွင့်သောကြောင့် "ပဉ္စဝိညာဏဒွါရ၏ အစွမ်းဖြင့် အသံဝရ-စသည်တို့၏ မဖြစ်နိုင်ကြောင်းကို သိရသည်"ဟူလို။] စ၊ သာဓက ကား။ စက္ခု။ပ။ သမ္ဖဿောတိ အာဒိ၊ အစရှိသော။ ဧတံပိ၊ ဤ စကားကိုလည်း။ (အဋ္ဌကထာယံ၊ ၌။) ဝုတ္တံ၊ ပြီ။
ဟိ၊ ဆက်။ တေန၊ ထို ပဉ္စဖဿဒွါရဝသေန ဟိ ဥပ္ပန္နော-အစရှိသောစကားဖြင့်။ အသံဝရာနံ၊ တို့၏လည်းကောင်း။ သံဝရာနံ စံ၊ တို့၏လည်းကောင်း။ စက္ခုသမ္ဖဿာဒီဟိ၊ တို့နှင့်။ အသဟဇာတတ္တာ၊ တကွ မဖြစ်ကုန်သည်၏အဖြစ်ကြောင့်။ မနောသမ္ဖဿသဟဇာတာနဉ္စ၊ မနောသမ္ဖဿနှင့် တကွဖြစ်သော အသံဝရ သံဝရတို့၏ သာလျှင်။ (စ-သဒ္ဒါ ဧ၀-အနက်ဟော။) စက္ခုသမ္ဖဿဒွါရာဒိဝသေန၊ ဖြင့်။ ဥပ္ပတ္တိ၊ ဖြစ်ပုံကို။ ဒီပိတာ၊ ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [အဋ္ဌကထာ၌ "ပဉ္စဖဿဒွါရဝသေနဟိ ဥပ္ပန္နော အသံဝရော"စသည်ဖြင့် ကမ္မပထ သံသန္ဒန အခန်းကို ပြအပ်ပြီ-ဟူလို။]
**၁။ သော ဟိ။ပ။အာဒိနာစ။ပ။အာပန္နေ**။ ။ "ကာယဒွါရ၌ လှုပ်ရှားခြင်းသို့ ရောက်သော အသံဝရံသည် ကာယကံဖြစ်၏"ဟုလည်းကောင်း၊ ကာယအသံဝရ၏ အစွမ်းဖြင့် ဖြစ်သော အသံဝရသည် ကာယကံသာ ဖြစ်၏"ဟုလည်းကောင်း အဋ္ဌကထာ၌ ဆိုထား၏။ ထိုစကားအတိုင်း တိုက်ရိုက်ယူလျှင် မုသာဝါဒသည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယကံဟူသော အမည်ရဖွယ် ရှိနေ၏။ ထို့ကြောင့် "ဝစီကမ္မာနံနံ စ။ပ။ကာယိကမ္မာဒိဘာဝေ အာပန္နေ"ဟု ဆိုသည်။ သော ဟိ။ပ။ ဟောတီတိအာဒိနာ၊ အစရှိသော စကားဖြင့်လည်းကောင်း။ စောပန။ပ။ ဟောတီတိ အာဒိနာ စ၊ ဖြင့်လည်းကောင်း။ ကမ္မပထပ္ပတ္တာနံ၊ ကုန်သော။ အသံဝရဘူတာနံ၊ အသံဝရ ဖြစ်၍ ဖြစ်ကုန်သော။ ဝစီကမ္မာဒီနံစ၊ ဝစီကံ အစရှိသည်တို့၏လည်း။ ကာယကမ္မာဒိဘာဝေ၊ ကာယကံ အစရှိသည်တို့၏အဖြစ်သည်။(အမည်သည်။) အာပန္နေ၊ ရောက်လုလတ်သော်။ **၂။ စတုဗ္ဗိဓံ။ပ။ဝစီကမ္မမေဝ ဟောတီတိ အာဒိနာ**။ ။ ဤစကားသည် အဋ္ဌကထာ၌ တစ်ဆက်တည်း ဆိုထားအပ်သော စကားတည်း။ ထိုစကားသည်ပင် ရှေ့အဋ္ဌကထာစကား၌ မလိုရာအနက်ကို ပယ်ရှား တားမြစ်သော အပဝါဒ- စကားဖြစ်၏။ ထို အပဝါဒ-စကားဖြင့် ဝါစာအသံဝရဖြစ်သော ဝစီဒုစရိုက်၏ ကာယဒွါရ၌ဖြစ်သောအခါ ကာယကံ အမည်ရခြင်း စသည်ကို တားမြစ်ပြီးဖြစ်သည်ဟု မှတ်ပါ။ [သဒ္ဒါကျမ်းတို့၌ ရှေ့သုတ်ဖြင့် အစီအရင်လွန်သွား မည်ကို နောက်သုတ်က တားမြစ်ခြင်းမျိုးပင်တည်း။] စတုဗ္ဗိဓံ။ပ။ ဟောတီတိ အာဒိနာ၊ သော။ အပဝါဒေန၊ ပယ်ရှားကြောင်း စကားဖြင့်။ နိဝတ္တိ၊ နစ်စေခြင်းကို။ (ကာယကံ စသော အမည်ကို တားမြစ်ခြင်းကို။) ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။
ဧဝဉ္စ ကတွာ၊ ကြောင့်။ **၃။ ပုဗ္ဗေ။ပ။ဒုတိယဝိနိစ္ဆယေသု**။ ။ရှေးဦးပထမပြအပ်သော အသံဝရဝိနိစ္ဆယဟူသည် "ပဉ္စဖဿဒွါရဝသေန ဟိ, ဥပ္ပန္နော အသံဝရော" စသော ဝိနိစ္ဆယ စကားတည်း။ ထိုပထမ ဝိနိစ္ဆယကို ထောက်၍ "တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝဟောတိ"စသော စကားကို ဒုတိယဝိနိစ္ဆယ ဟုဆိုသည်။ ရှေ့ ဝိနိစ္ဆယအရ ဝစီကံ စသည်၏ ကာယဒွါရ၌ဖြစ်သောအခါ ကာယကံအမည်ရဖွယ်ရှိခြင်းဟူသော အနက်ကို နောက် ဝိနိစ္ဆယစကားဖြင့် ပယ်ရှားနိုင်သောကြောင့် အဋ္ဌကထာ စကား၂-ရပ်သည် ရှေ့နောက် မဆန့်ကျင်ပါ-ဟူလို။ [မဓုကိုမှီ၍ ရေးသည်။ အနုဋီကာ၌ တစ်မျိုးရှိလေ၏။] "န ဟိ"စသည်ကားရှေ့ဝါကျ၏ ဒဠှီ ဟေတု၂-မျိုးရတည်း။ ပုဗ္ဗေ၊ ၌။ ဒဿိတေသု၊ ပြအပ်ပြီးကုန်သော။ အသံဝရ ဝိနိစ္ဆယေသု၊ ပဌမ, အသံဝရဝိနိစ္ဆယတို့၌ လည်းကောင်း။ ဒုတိယ ဝိနိစ္ဆယေသု စ၊ တို့၌လည်းကောင်း။ ကောစိ၊ သော။ ဝိရောဓော၊ ဆန့်ကျင်ခြင်းသည်။
န၊ မရှိ။ ဟိ၊ မှန်။ (တစ်နည်း) ကသ္မာ ကောဓိ ဝိရောဓော။ န၊ မရှိသနည်း။ ဟိ (ယသ္မာ)။ ဝစီကမ္မာဒိဘူတော၊ ဝစီကံ အစရှိသည် ဖြစ်၍ ဖြစ်သော။ စောပနကာယအသံ ဝရော၊ သည်။ ကာယကမ္မာဒိ၊ ကာယကံ အစရှိသည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ ဣတိ၊ ကြောင့်။ (ကောစိ ဝိရောဓော။ န၊ မရှိ။)

အကုသလံ။ပ။ ဟောတီတိ ဧတ္ထ **၁။ဧတ္ထ ကိံ တံ**။ ။အဋ္ဌကထာ၌ "အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစီ ဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစီကမ္မံ ဟောတိ"ဟု ပါရှိ၏။ ထိုစကား၌ "တံ"ဖြင့် မနောကမ္မံကိုစွဲ၍ "ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍, ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစီကမ္မဖြစ်၏"ဟု ဆို၏။ ထို တံ သဒ္ဒါဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစီကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံမည်သည် အဘယ်နည်း-ဟု မေးသည်။ ၊ ၌။ အကုသလံ၊ အကုသိုလ်ဖြစ်သော။ တံ

**၁။ဧတ္ထ ကိံ တံ**။ ။အဋ္ဌကထာ၌ "အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစီ ဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစီကမ္မံ ဟောတိ"ဟု ပါရှိ၏။ ထိုစကား၌ "တံ"ဖြင့် မနောကမ္မံကိုစွဲ၍ "ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍, ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစီကမ္မဖြစ်၏"ဟု ဆို၏။ ထို တံ သဒ္ဒါဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစီကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံမည်သည် အဘယ်နည်း-ဟု မေးသည်။ မနောကမ္မံ နာမ၊ ထို မနောကံ မည်သည်။ ကိံ **၁။ဧတ္ထ ကိံ တံ**။ ။အဋ္ဌကထာ၌ "အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစီ ဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစီကမ္မံ ဟောတိ"ဟု ပါရှိ၏။ ထိုစကား၌ "တံ"ဖြင့် မနောကမ္မံကိုစွဲ၍ "ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍, ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစီကမ္မဖြစ်၏"ဟု ဆို၏။ ထို တံ သဒ္ဒါဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစီကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံမည်သည် အဘယ်နည်း-ဟု မေးသည်။ ၊ အဘယ်နည်း။ **၂။ ဟေဋ္ဌာ။ပ။သဗ္ဗာကုသလဉ္စ**။ ။ ဤကား အဖြေတည်း။ အောက် ဒွါရသံသန္ဒန အခန်းတုန်းက "ယဒါ ပန အဘိဇ္ဈာသဟဂတေန စေတသာ ကာယင်္ဂ စောပေန္တော ဟတ္ထဂ္ဂါ ဟာဒီနိကရောတိ" စသည်ဖြင့် ပြခဲ့သောနည်းအတိုင်း ကာယဒွါရ ၀စီဒွါရတို့၌ ဖြစ်သော ၃-ပါးသော မနောဒုစရိုက်နှင့် စောပနအပ္ပတ္တဖြစ်သော အကုသိုလ်အားလုံးတည်း။ [ထိုဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"မှ ထွက်လာသော မနောကံဖြစ်သောကြောင့် စောပနအပ္ပတ္တ အကုသိုလ်အားလုံးကိုပါ ယူရသည်။] ဟေဋ္ဌာ၊ အောက် ဒွါရသံသန္ဒန အခန်း၌။ ဒဿိတနယေန၊ ပြအပ်ပြီးသော နည်းဖြင့်။ ကာယ၀စီဒွါရေသု၊ ကာယဒွါရ ၀စီဒွါရတို့၌။ ဥပ္ပန္နံ၊ သော။ တိဝိဓံ၊ သော။ မနောဒုစ္စရိတံ စ၊ မနောဒုစရိုက်သည်လည်းကောင်း။ စောပနံ၊ သို့။ အပ္ပတ္တံ၊ မရောက်သော။ သဗ္ဗာကုသလဉ္စ၊ အလုံးစုံသော အကုသိုလ်သည်လည်းကောင်းတည်း။

**၃။ ယဒိ ဧဝံ။က။ န ယုဇ္ဇတီတိ**။ ။ ဤသို့ဖြစ်လျှင် ထိုမနောကံသည် ကာယကံ ဝစီကံ မဖြစ်နိုင်သောကြောင့် "စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟောတိ"ဟူသော စကားသည် "မသင့်သည် မဟုတ်ပါလော"ဟု စောဒနာသည်။ ယဒိ ဧဝံ၊ ယင်းသို့ဖြစ်လျှင်။ (ကာယဒွါရ ၀စီ‌ဒွါရတို့၌ ဖြစ်သော မနော ဒုစရိုက်နှင့်, စောပန အပတ္တ- သဗ္ဗအကုသလဖြစ်လျှင်။) တဿ၊ ထို မနောကံ၏။ ကာယဝစီကမ္မဘာဝေါ၊ ကာယကံ ဝစီကံ၏ အဖြစ်သည်။ နတ္ထိ၊ မရှိနိုင်။ ဣတိ၊ ကြောင့်။ စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟောတီတိ၊ ဟူသော စကားသည်။ နယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါလော။ ဣတိ၊ ဤကား စောဒနာတည်း။
**၁။ နော န ယုဇ္ဇတိ။ပ။သိဒ္ဓိတော**။ ။ မသင့်မဟုတ်, သင့်သည်သာ။ (ဘာ့ကြောင့်နည်း) စောပနပတ္တဖြစ်လျှင် ကာယ၌လည်းကောင်း။ ဝါစာ၌လည်းကောင်း။ ဖြစ်သောကံ ဟူသော အနက်၏ ပြီးစီးခြင်းကြောင့်တည်း။ ["ကာယဝစီကမ္မံ"၌ ကာယကံ ဝစီကံ"ဟု အနက်မပေးဘဲ "ကာယ၌ ကံ, ဝါစာ၌ ကံ"ဟု အနက်ပေးရမည်ဟူလို။] နော န ယုဇ္ဇတိ၊ မသင့်မဟုတ်, သင့်သည်သာ။ (ကသ္မာ၊ နည်း။) စောပနံ၊ သို့။ ပတ္တံ၊ သည်။ (သမာနံ၊ သော်။) ကာယေ၊ ကာယဒွါရ၌လည်းကောင်း။ ဝါစာယ စ၊ ၌လည်းကောင်း။ အကုသလံ၊ သော။ ကမ္မံ၊ သည်။ ဟောတိ၊ ၏။ ဣတိ အတ္ထသိဒ္ဓိတော၊ ဤသို့သော အနက်၏ ပြီးစီးခြင်းကြောင့်တည်း။
**၂။ကမ္မံ ပန ဟောန္တံ။ပ။မနောကမ္မံ ဟောတီတိ**။ ။ ကံအထမြောက်လျှင် ထိုကာယဒွါရ ဝစီဒွါရ၌ဖြစ်သော ကံသည် မနောကံသာ ဖြစ်၏။ ဆိုလိုရင်းကား-"ထိုမနောကံသည် ကာယဒွါရ ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယဒွါရ၌ဖြစ်သော မနောကံ, ဝစီဒွါရဖြစ်သော မနောကံတည်း"ဟု ဆိုလိုသည်။ ကမ္မံ၊ ကံသည်။ ဟောန္တံ ပန၊ ဖြစ်သော်ကား။ ကိံ ကမ္မံ၊ အဘယ်ကံသည်။ ဟောတိ၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။
မနောကမ္မမေဝ၊ မနောကံသည် သာ။ ဟောတိ၊ ၏။ ဣတိ၊ ဤကားအဖြေတည်း။
ဣဒံ ဝုတ္တံ ဟောတိ။ (ကိံ ဝုတ္တံ ဟောတိ။) စောပနံ၊ သို့။ ပတ္တံ၊ သော။ အကုသလံ၊ သည်။ ကာယဒွါရေ၊ ၌လည်းကောင်း။ ဝစီဒွါရေ စ၊ ၌လည်းကောင်း။ မနောကမ္မံ၊ သည်။ ဟောတိ၊ ဣတိ (ဝုတ္တံ ဟောတိ)။

၃။ အထ ဝါ တံသဒ္ဒဿ။ ။တစ်နည်း-"တံ ကာယဝစီဒွါရေသု"၌ တံဖြင့် မနောကမ္မံကို မစွဲဘဲ "ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"ကိုစွဲ၍ ထိုဥပ္ပဇ္ဇတိ၏ ကတ္တားကို (ကံကိုပြသောဋ္ဌာနဖြစ်၍ အရာအားလျော်စွာ) "ကမ္မံ" ဟု ထည့်လျှင် "တံ၊ ဆ ဖဿဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ထိုကံသည်"ဟု အနက်ပေးရသည်။

မှတ်ချက်။ ။ဤနည်း၌ တံဟူသော နိယမ၏ အနိယမကို "ယံ" ဟု ထည့်သည်။ ထို့ကြောင့် အနုဋီကာ၌ "တံသဒ္ဒေ ဝုတ္တေယံသဒ္ဒေါ အဗျဘိစာရိတသမ္ဗန္ဓတာယ (ဗျဘိစာရိတ မရှိသော-အခွားသဒ္ဒါတို့ ဝင်လာဖို့ရန် လျဉ်းပါးဖွယ်မရှိသော ဆက်စပ်ခြင်းရှိသည်၏ အဖြစ်ကြောင့်) ဝုတ္တောယေဝ ဟောတီတိ ကတွာ "ယံ ဥပ္ပဇ္ဇတီတိ ဝုတ္တံ"ဟု မိန့်သည်။ "ယ တ သဒ္ဒါနိစ္စ သမ္ဗန္ဓာပေက္ခာ"ဟူသော ပရိဘာသာနှင့် သဘောတူတည်း။

အထ ဝါ၊ ကား။ တံသဒ္ဒဿ၊ တံသဒ္ဒါ၏။ မနောကမ္မေန၊ မနောကမ္မသဒ္ဒါနှင့်။ သမ္ဗန္ဓံ၊ စပ်ခြင်းကို။ အကတွာ၊ ၍။ ဆ ဖဿဒွါရဝသေန၊ ၆-ပါးသော ဖဿဒွါရ၏ အစွမ်းဖြင့်။ ယံ၊ အကြင်တရားသည်။ ဥပ္ပဇ္ဇတိ၊ ၏။ တံ၊ ဆ ဖဿဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ထိုတရားသည်။ ဣတိ၊ သို့။ ယထာဝုတ္တဥပ္ပာဒမတ္တ ပရိစ္ဆိန္နေန၊ အကြင်အကြင် ဆိုအပ်ပြီးသော ဖြစ်ခြင်းကြိယာမျှဖြင့် ပိုင်းခြား အပ်သော တရားနှင့်။ သမ္ဗန္ဓော၊ စပ်ခြင်းကို။ ကာတဗ္ဗော၊ ပြုထိုက်၏။
ပန၊ ဆက်။ တံ၊ ထို ဆ ဖဿဒွါရ၏ အစွမ်းဖြင့်ဖြစ်သော တရားဟူသည်။ ကိံ၊ အဘယ်နည်း။ ဣတိ၊ ဤကားအမေးတည်း။
ကမ္မကထာယ၊ ကမ္မကထာ၏။ ပဝတ္တမာနတ္တာ၊ ဖြစ်ဆဲ၏ အဖြစ်ကြောင့်။ ကမ္မံတိ၊ ကံဟူ၍။ ဝိညာယတိ၊ ၏။ **၁။ တဉ္စ။ပ။အာဒိမာဟ**။ ။ထိုကံသည် မနောသမ္ဖဿဒွါရ၌ ဖြစ်သော်လည်း ကာယကံ ဝစီကံ မနောကံ ၃-မျိုးလုံးဖြစ်နိုင်၏။ ထို ၃-ပါးအပြားကို ပြလို၍ "ကာယဝစီဒွါရေသု စောပနံ ပတ္တံ" စသည်ကိုဆိုသည်။[ ယထာ-ယေန တိဝိဓပ္ပကာရေန ဟောတိ၊ တံ တိဝိဓပ္ပကာရံ ဒဿေတုံ။-မဓု။] တံ စ၊ ထို ကံသည်လည်း။ မနောသမ္ဖဿဒွါရေ၊ ၌။ ဥပ္ပဇ္ဇမာနံပိ၊ သော်လည်း။ တိဝိဓံ၊ သော။ ကမ္မံ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။
ယထာ၊ အကြင် ၃-ပါး အပြားအားဖြင့်။ တံ၊ ထို ကံသည်။ ဟောတိ၊ ၏။ တံ၊ ထို ၃-ပါးအပြားကို။ ဒဿေတုံ၊ ငှာ။ ကာယ။ပ။ ပတ္တံတိ အာဒိံ၊ အစရှိသောစကားကို။ (သင်္ဂဟကာရော)အာဟ။
**၂။ တတ္ထ နိယမဿ အကတတ္တာ**။ ။ [ရှေ့စကားအရ ကာယကံစသည်ရောယှက်ရှုပ်ထွေးဖွယ်ရှိသောကြောင့် ထိုသို့ မရောရအောင် "တတ္ထ"စသည်ကိုမိန့်သည်။ တတ္ထာတိ စောပနံ ပတ္တံ ကာယဝစီကမ္မန္တိပဒေ။-ပဓု။] "စောပနံ ပတ္တံယေဝ"ဟုလည်းကောင်း။"ကာယဝစီကမ္မမေ၀" ဟုလည်းကောင်း။ ဧဝသဒ္ဒါ မပါခြင်းကို "နိယမအကတ"ဟု ဆိုသည်။ ထိုသို့ နိယမ မပြုသောကြောင့် "စောပနံ ပတ္တံ" အရ စောပနသို့ ရောက်ခြင်းသည် ဥပလက္ခဏနည်းအားဖြင့် ကာယကံ ဝစီကံအမည်ကို ပြီးစေရုံသာဖြစ်သည်။ တတ္ထ၊ ထို စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟူသောပုဒ်၌။ နိယမဿ၊ ဧဝ သဒ္ဒါဖြင့် သတ်မှတ်ခြင်း၏။ ဝါ၊ ကို။ အကတတ္တာ၊ မပြုအပ်သည်၏ အဖြစ်ကြောင့်။ စောပနပတ္တိ၊ လှုပ်ရှားခြင်းသို့ ရောက်ခြင်းသည်။ ဥပလက္ခဏဘာဝေန၊ ဥပလက္ခဏနည်း၏ အဖြစ်ဖြင့်။ ကာယ။ပ။ သာဓိကာဝ၊ ကာယကံ ဝစီကံဟူသော နာမည်ကို ပြီးစေရုံသည်သာ။ (ဟောတိ။) **၃။ န ပန။ပ။သိဒ္ဓေါဝ ဟောတိ**။ "ကာယဝစီဒွါရတို့၌ စောပနသို့ရောက်သော ကံဟူသမျှ ကာယကံ ဝစီကံသာ ဖြစ်ရမည် မဟုတ်။ (မနောကံလည်း ဖြစ်သေးသည်ဟု လည်းကောင်း။) ကုသိုလ်အဖို့၌လည်း စောပနသို့ မရောက်လျှင် ကာယကံ ဝစီကံ မဟုတ်သည်မဟုတ်။ (စောပနသို့ မရောက်ဘဲလည်း ပါဏာတိပါတ မုသာဝါဒစသည်မှ ရှောင်လျှင် ကာယကံ ဝစီကံ ဖြစ်သေး၏ဟုလည်းကောင်း") ဤအနက်အဓိပ္ပာယ်သည် ပြီးစီးလျက်ရှိသည်။ ပန၊ စင်စစ်ကား။ သဗ္ဗံ၊ သော။ စောပနံ၊ သို့။ ပတ္တံ၊ ရောက်သော ကံသည်။ ကာယဝစီကမ္မမေဝ၊ ကာယကံ ဝစီကံချည်းသာ။ န (ဟောတိ)၊ ဖြစ်သည် မဟုတ်။ ကုသလပက္ခေပိ၊ ကုသိုလ်အဖို့၌လည်း။ စောပနံ၊ သို့။ အပတ္တံ၊ မရောက်သော ကံသည်။ ကာယဝစီကမ္မံ၊ သည်။ န ဟောတိ၊ မဖြစ်သည်ကား။ န၊ မဟုတ်။ (ဟောတိ ဧဝ၊ ဖြစ်နိုင်သည်သာ။) ဣတိ အယံ အတ္ထော၊ ဤအနက် သည်။ သိဒ္ဓေါဝ၊ ပြီးသည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။
**၁။အထ ဝါ တန္တိ ။ပ။မနောကမ္မန္တိ**။ ။ဤ "တန္တိ"၌ တံဟူသောဤပုဒ်ကို "ဝဒတိ"၌ ကံအဖြစ်ဖြင့် စပ်ပါ။ မနောကမ္မံတိ၌ ဣတိကို "ဂဟေတွာ"ဟု ထည့်၍ စပ်ပါ။ "ကမ္မံ မနောကမ္မန္တိ"၌ ဣတိကား စောဒကာဓိပ္ပာယ၏ သရုပ်ပြတည်း။ ဆိုလိုရင်းကား-တံ၏ စွဲနက်အတွက် အဋ္ဌကထာဝယ် ရှေ့ဝါကျ၌လာသော "အကုသလံ မနောကမ္မံ ပန ဆ ဖဿ ဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟူသော စကားကို ညွှန်ပြသောအားဖြင့် "ဆဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ်သော ထိုမနောကံ"ဟု အနက်ယူ၍ (ကာယကံဖြစ်စေ ဝစီကံဖြစ်စေ) စိတ်ကြောင့် ဖြစ်သမျှ ကံကို မနောကံဟု စောဒကအလိုအတိုင်း ဆိုထားသည်။[ရှေ့ ပထမနည်း၌ ပြခဲ့သော ရိုးရာ မနောကံကိုသာ ဤနေရာ၌ မဆိုလို။] ဤအလို"တံ၊ ထိုမနောကံသည်"ဟု ဆိုရာ၌ ကာယကံ ဝစီကံလည်း ပါဝင်သည်ဟု မှတ်ပါ။ အထ ဝါ၊ ကား။ တန္တိ၊ တံ ဟူသောပုဒ်ကို။ (ဝဒတိ-၌ စပ်။) ဆ ဖဿဒွါရ ဝသေန၊ ဖြင့်။ ဥပ္ပဇ္ဇမာနံ၊ သော။ တံ မနောကမ္မံ၊ သည်။ ဣတိ၊ သို့။ (ဂဟေတွာ။) သဗ္ဗံ၊ သော။ မနသာ၊ စိတ်ကြောင့်။ နိပ္ပဇ္ဇမာနမ္ပိ၊ ပြီးသည်လည်းဖြစ်သော။ ကမ္မံ၊ ကို။ မနောကမ္မန္တိ၊ ဟူ၍။ စောဒကာဓိပ္ပာယေန၊ စောဒကပုဂ္ဂိုလ်၏ အလိုအားဖြင့်။ ဂဟေတွာ၊ ယူ၍။ (သင်္ဂဟကာရော။) ဝဒတိ၊ ၏။ ပုဗ္ဗေ၊ ရှေ့ ပထမနည်း၌။ ဒဿိတမနောကမ္မံ၊ ပြအပ်သော မနောကံကို။ (မနောကမ္မန္တိ ဂဟေတွာ။) န (ဝဒတိ)၊ ဆိုသည်မဟုတ်။ ဣတိ၊ ဤသို့ မှတ်အပ်၏။
**၂။ ယော ဟိ။ပ။အာဒိ**။ ။အဘယ်အကျိုးငှာ စောဒကပုဂ္ဂိုလ်၏ (မနကြောင့် ဖြစ်သမျှကံကို မနောကံဟူသော) အယူ၌တည်၍ "ကာယဝစီဒွါရေသု စောပနံ ပတ္တံ" စသော စကားကို အဋ္ဌကထာဆရာ အားထုတ်ရပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ယောဟိ" စသည်ကို မိန့်သည်။ စောဒကပုဂ္ဂိုလ်သည် "စိတ်ကြောင့်ဖြစ်ရသော ကံအားလုံးသည် မနောကံသာ ဖြစ်ထိုက်၏။ ကာယကံ ဝစီကံ မဖြစ်ထိုက်"ဟု အယူရှိ၏။ ထိုအယူကို တားမြစ်ခြင်းအကျိုးငှာ "တံကာယ ၀စီဒွါရေသု စောပနံပတ္တံ" စသော စကားကို အားထုတ်ရသည်-ဟူလို။ ဟိ၊ မှန်။ မနသာ၊ ဖြင့်။ နိဗ္ဗတ္တိတေန၊ ဖြစ်စေအပ်သော။ သဗ္ဗေန၊ အလုံးစုံသော ကံသည်။ မနောကမ္မေနေဝ၊ မနောကံသည်သာ။ ဘဝိတဗ္ဗံ၊ ဖြစ်သင့်၏။ ကာယဝစီကမ္မေန၊ သည်။ န (ဘဝိတဗ္ဗံ)။ ဣတိ၊ သို့။ ပရဿ၊ တစ်ပါးသောစောဒကပုဂ္ဂိုလ်၏။ ယော အဓိပ္ပာယော၊ အကြင် အလိုသည်။ (အတ္ထိ။) တံ၊ ထို အလိုကို။ နိဝေတ္တေတွာ၊ နစ်စေ၍။ ကမ္မတ္တယနိယမံ၊ ကံ ၃-ပါးအပေါင်းကို ပိုင်းခြားသတ်မှတ်ခြင်းကို။ ဒဿေတုံ၊ ငှာ။ တံ။ပ။ ပတ္တန္တိ အာဒိ၊ သော။ ဣဒံ၊ ဤစကားကို။ (သင်္ဂဟကာရေန) အာရဒ္ဓံ။
**၁။ ဧတ္ထ စ သင်္ကရာဘာဝေါ**။ ။ဤနည်း၌လည်း "နိယမဿ အကတတ္တာ"ဟူသော ရှေ့နည်းမှီး၍ ကံချင်း သင်္ကရ မဖြစ်ပုံကို သိပါ။ မှန်၏"ကာယဒွါရ၌ စောပနဖြစ်လျှင် ကာယကံသာ"ဟု နိယမ မပြုသောကြောင့် ကာယဒွါရ၌ စောပနပတ္တဖြစ်၍ သူ့မယားကို အဘိဇ္ဈာဖြင့် လက်ဆွဲမှုစသည် ပြုသောအခါ မနောကံသာဖြစ်ကြောင်းကို "စတုဗ္ဗိဓံ ဝစီဒုစ္စရိတံ။ပ။ တိဝိဓံ မနောဒုစ္စရိတံ အကုသလံ မနောကမ္မမေဝ"စသော စကားဖြင့်လည်း ကံချင်းရောယှက် မည်ကို ပယ်ရှားပြီးဖြစ်သည်။ စ၊ ဆက်။ ဧတ္ထ၊ ဤနည်း၌။ သင်္ကရာဘာဝေါ၊ ကံတို့၏ ရောယှက်ခြင်း မရှိပုံကို။ ပုရိမနယေနေဝ ဝေဒိတဗ္ဗော။
**၂။ အထ ဝါကမ္မန္တိ**။ ။ဤနည်း၌ကား တံဖြင့် "မနောကမ္မံ"တစ်ပုဒ်လုံးကို မစွဲဘဲ မနော ဟူသော ဝိသေသန မပါသော ကမ္မံကိုသာ စွဲရသည်။ မှန်၏-သဒ္ဒါတို့၏ ဖြစ်ပုံသည် ဝဒန္တပုဂ္ဂိုလ်၏ ဆိုလိုသည့်အတိုင်း လိုက်လျောရ၏။ ထို့ကြောင့် မနောကမ္မံ ဟူသောသမာသ်ပုဒ်ဝယ် မနောဟူသော ဝိသေသန မပါဘဲ ကမ္မံကိုသာ တံသဒ္ဒါဖြင့် ပြန်၍စွဲနိုင်သည်။ [ဝတ္ထု (ဝဒန္တ ပုဂ္ဂိုလ်၏) အဓိပ္ပာယာနုရောဓိနီ သဒ္ဒပ္ပဝတ္တိ၊ သမာသပဒေဧကဒေသောပိ အာကဍ္ဎီယတိ အဓိကာရဝသေနာတိ အဓိပ္ပာယေန "ကမ္မသဒ္ဒေန သမ္မန္ဓံကတွာ" တိဝုတ္တံ။-အနု။] အထ ဝါ၊ ကား။ ကမ္မန္တိ၊ ဟူသော။ အဝိသေသေန၊ မနော ဟု အထူး- မမ, သာမညဖြစ်သော။ ကမ္မသဒ္ဒမတ္တေန၊ ကမ္မသဒ္ဒါမျှနှင့်။ သမ္ဗန္ဓံ၊ စပ်ခြင်းကို။ ကတွာ၊ ၍။ **၃။ယထာ ဝုတ္တော။ပ။နယောဝ**။ "ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ" ကို "ယထာဝုတ္တော"ဟု ဆိုသည်။ ထိုဆိုအပ်ပြီးသော ကံအပြားကို "တံ စောပနပတ္တံ" စသည်ဖြင့် ပြသည်။ နိယမဿ အကတတ္တာကို ရည်ရွယ်၍ "အသင်္ကရော စ ဝုတ္တနယောဝ"ဟု ဆိုသည်။ [ယထာတိ စောပနပတ္တကာယဝစီကမ္မာဒိပကာရေန။-မဓု။] ယထာ ဝုတ္တော၊ အကြင်အကြင် ဆိုအပ်ပြီးသော။ ("ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟု ဆိုအပ်ပြီးသော။) ကမ္မပ္ပဘေဒေါ၊ ကံ ၃-ပါး အပြားသည်။ ယထာ၊ အကြင် အပြားအားဖြင့်။ ဟောတိ၊ ဖြစ်နိုင်၏။ တံ ပကာရံ၊ ထိုအပြားကို။ ဒဿေတိ၊ ၏။
အသင်္ကရော စ၊ ကံချင်းမရောယှက်ပုံသည်လည်း။ ဝုတ္တနယောဝ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာ။
**၄။ ယံ ပန ဝဒန္တိ**။ ။ ဤနေရာဝယ် ဂဏ္ဌိပုဒ်ကို ပြုစီရင်သော ပဒကာရ ဆရာ့ဝါဒ၏ မသင့်ကြောင်းကို ပြလို၍ "ယံ ပန" စသည်ကို မိန့်သည်။ ထိုစကားရပ်၏ အဓိပ္ပာယ်သည် [ ဣတီတိ တသ္မာ တဉ္စ န ယုဇ္ဇတီတိ သမ္ဗန္ဓော။-မဓု။ ] ပန၊ ဝါဒန္တရ ကား။ ကာယဝစီကမ္မသဟဇာတာ၊ ကာယကံ ဝစီကံနှင့် တကွဖြစ်ကုန်သော။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာ အစရှိသော တရားတို့သည်။ (အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့သည်။) ယဒါ၊ ၌။ စေတနာပက္ခိကာ၊ စေတနာ၏ အဖို့၌ ဖြစ်ကုန်သည်။ ဟောန္တိ။ တဒါ၊ ၌။ တာနိ မနောကမ္မာနိ၊ ထိုအဘိဇ္ဈာ အစရှိသော မနောကံတို့သည်။ ကာယဝစီကမ္မာနိ၊ တို့သည်။ ဟောန္တိ။ ဣတိ၊ သို့။ ယံ၊ အကြင် စကားကို။ ဝဒန္တိ၊ ပဒကာရဆရာတို့ ဆိုကြကုန်၏။ တဉ္စ၊ ထိုစကားသည်လည်း။ န၊ မသင့်။ (ကသ္မာ၊ နည်း။) စေတနာပက္ခိကာနံ၊ စေတနာ၏ အဖို့၌ ဖြစ်ကုန်သော အဘိဇ္ဈာ အစရှိသော တရားတို့၏။ မနောကမ္မတ္တာ ဘာဝါ၊ မနောကံ၏ အဖြစ်၏ မရှိခြင်းကြောင့်တည်း။
စ၊ ဆက်။ အဗ္ဗောဟာရိကတ္တေ၊ အဘိဇ္ဈာ စသည်တို့၏ အဗ္ဗောဟာရိက၏ အဖြစ်သည်။ (သတိ၊ သော်။) မနောကမ္မတာ၊ မနောကံ၏ အဖြစ်သည်။ သုဋ္ဌုတရံ၊ သာ၍ လွန်စွာ။ နတ္ထိ။
စ၊ သာဓက ကား။ အဗ္ဗောဟာရိကာဝါတိ၊ ဟူသော။ ဧတံပိ၊ ဤစကားကိုလည်း။ (အာစရိယေဟိ။) ဝုတ္တံ၊ ပြီ။
တသ္မာ၊ ကြောင့်၊ (အဘိဇ္ဈာ စသည်တို့၏ အဗ္ဗောဟာရိက ဖြစ်လျှင် သာ၍ မနောကံ မမည်နိုင်သည်၏ အဖြစ်ကြောင့်။) မနောကမ္မဿ၊ ၏။ ကာယဝစီကမ္မတာ၊ ကို။ န ဝတ္တဗ္ဗာ၊ ထိုက်။
အဘိဇ္ဈာဒိ ကိရိယာ ကာရိကာယ ဧဝ၊ အဘိဇ္ဈာ အစရှိသော အမူအရာကို ပြုတတ်သည်သာလျှင်ဖြစ်သော။ စေတနာယ၊ နှင့်။ သမ္ပယုတ္တာ၊ ကုန်သော။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာ အစရှိသော တရားတို့သည်။ မနောကမ္မံ၊ မနောကံတည်း။ ပါဏာတိ။ပ။ ကာရိကာယ၊ ပါဏာတိပါတ အစရှိသော ကိုယ်အမူအရာ နှုတ်အမူအရာကိုပြုတတ်သော။ (စေတနာယ သမ္ပယုတ္တာ အဘိဇ္ဈာဒယော။ မနောကမ္မံ၊ သည်။) န၊ မဟုတ်။ ဣတိ၊ ကြောင့်။ ဘိယျောပိ၊ အလွန်လည်း။ တေသံ၊ ထို အဘိဇ္ဈာ အစရှိသော တရားတို့၏။ မနောကမ္မတာ၊ သည်။ (ဟောတိ။) ဣတိ၊ ကြောင့်။ မနောကမ္မာနံ၊ မနောကံဖြစ်ကုန်သည် ဖြစ်၍။ သတံ၊ ဖြစ်ကုန်သော။ တေသံ၊ ထို ကာယကံ ဝစီကံနှင့်တကွဖြစ်သော အဘိဇ္ဈာ အစရှိသော တရားတို့၏။ ကာယဝစီ ကမ္မတာ၊ ကာယကံ ဝစီကံ၏အဖြစ်ကို။ (အမည်ကို။) န ဝတ္တဗ္ဗာ၊ မဆိုထိုက်။ ဣတိ၊ ဤသို့မှတ်အပ်၏။
[နိဂုံးကိုပြလို၍ "ဧဝံ"စသည်မိန့်။] **၁။ ဧဝံ။ပန ကတံ**။ ။ ဤစကားကို "အဋ္ဌကထာ၌ နိဂုံးအဖြစ်ဖြင့် ထည့်၍ယောဇနာ ဖို့ရန် ဝါကျဟု မဓုဖွင့်၏။ ထို့ကြောင့် အဋ္ဌကထာနိဿယ၌ ထည့်၍အနက်ပေးထားသည်။ [မနောသံဝရဒွါရေပိ ဥပ္ပဇ္ဇန္တိ ဧဝါတိ ဧတဿ ပရိယောသာနေ "ဧဝံ ကမ္မာနံ ။ပ။ နိဗန္ဓနံ န ကတံ"တိ ပရိယောသာနပဒံ အဋ္ဌကထာယံ ယောဇေတဗ္ဗံတိ ဒဿေတုံ ဧတံတိ အာဒိ-မာဟ၊ တတ္ထ ဧဝန္တိ မဟာအဋ္ဌကထာယံ ဝုတ္တနယေန။] ...ဒွါရကထာအစ၌ "မဟာအဋ္ဌကထာယံဒွါရကထာ ကထိတာ"ဟု စချီခဲ့သည်အတိုင်း ဤ၌ ပြဆိုအပ်ခဲ့သော စကားအားလုံးသည် မဟာအဋ္ဌကထာ စကားချည်း ဖြစ်သောကြောင့် ဧဝံကို "မဟာအဋ္ဌကထာယံ ဝုတ္တနယေန"ဟု မဓုဖွင့်သည်။ ဧဝံ၊ ဤမဟာအဋ္ဌကထာ၌ ဆိုအပ်ပြီးသော နည်းဖြင့်။ ကမ္မာနံ၊ တို့၏။ ဒွါရေသု၊ တို့၌လည်းကောင်း။ ကမ္မေသု၊ တို့၌လည်းကောင်း။ အနိယတတ္တာ၊ မမြဲကုန်သည်၏ အဖြစ်ကြောင့်။ **၁။ ဒွါရနိဗန္ဓနံ န ကတံ**။ ။ဤသို့ မဟာအဋ္ဌကထာ၌ ဆိုအပ်သည့်အတိုင်း "ကာယကံစသည်တို့၏ ၀စီဒွါရ၌ဖြစ်နိုင်ခြင်း" စသည်ဖြင့် ကံတို့၏ ဒွါရတို့၌ အမြဲသတ်မှတ် ဖွဲ့စပ်၍ မထားနိုင်သောကြောင့်လည်းကောင်း၊ "ကာယဒွါရ၌ ဝစီ-မနောကံတို့လည်း ဖြစ်နိုင်ရကား ဒွါရတို့၏ ကံတို့၌ အမြဲသတ်မှတ် ဖွဲ့စပ်၍ မထားနိုင်သောကြောင့်လည်းကောင်း၊ ဒွါရနိဗန္ဓနံ- (ပါဠိတော်ဝယ် ရူပါရမ္မဏံဝါ စသည်ကဲ့သို့ ကယဒွါရိကံဝါ ၀စီဒွါရိကံဝါ"စသည်ဖြင့်) ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ်မှုကို မပြုအပ်တော့။ [ဤတွင် ကမ္မပထသံသန္ဒနကထာ အဖွင့် ပြီးပြီဟု ထင်သည်။] ဒွါရနိဗန္ဓနံ၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ်ဖွဲ့စပ်ခြင်းကို။ န ကတံ၊ မပြုအပ်။
**၂။ ဣဒါနိ။ပ။အာဒိမာဟ**။ ။ပါဠိတော်ဝယ် ဒွါရနိဗန္ဓနကို မပြုအပ်သော်လည်း ("တိဝိဓကမ္မဒွါရဝသေန။ပ။အဋ္ဌ သံဝရဒွါရဝသေန ဥပ္ပဇ္ဇတိ"အရ (တိဝိဓကမ္မဒွါရ ဆဖဿဒွါရ, အဋ္ဌသံဝရဒွါရဟူသော ဒွါရတို့၏အစွမ်းဖြင့်လည်းကောင်း ["ဒသကုသလကမ္မပထဝသေန ဥပ္ပဇ္ဇတိ" အရ) ထိုထိုဒွါရတို့၌ဖြစ်သော ကမ္မပထတို့၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပုံကိုပြခြင်းငှာ လည်းကောင်း.. ဣဒါနိ၊ ၌။ ဒွါရနိဗန္ဓနေ၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ် ဖွဲ့စပ်မှုကို။ အကတေပိ စ၊ သော်လည်း။ ယေသံ ဒွါရာနံ၊ တို့၏။ ဝသေန၊ ဖြင့်။ ဣဒံ စိတ္တံ၊ ဤမဟာကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ တေသံ၊ ထိုဒွါရတို့၏လည်းကောင်း။ တံတံဒွါရကမ္မပထာနံ စ၊ ထိုထို ဒွါရ၌ဖြစ်သော ကမ္မပထတို့၏လည်းကောင်း။ ဝသေန၊ ဖြင့်။ ဥပ္ပတ္တိယာ၊ ဖြစ်ပုံကိုလည်းကောင်း။ ယထာဘဋ္ဌပါဠိယာ **၃။ ယထာဘဋ္ဌပါဠိယာ**။ ။"ကာမာဝစရံ။ပ။ရူပါရမ္မဏံ ဝါ သဒ္ဒါရမ္မဏံ ဝါ" စသည်ဖြင့် တိုက်ရိုက် ဟောတော်မူအပ်သော ပါဠိတော်ကို "ယထာဘဋ္ဌပါဠိ"ဟု ဆိုသည်။ ထိုပါဠိတော်ဖြင့် ဟောတော်မူအပ်သော ဖြစ်ပုံကိုပြခြင်းငှာလည်းကောင်း တတ္ထကာမာဝစရန္တိ-စသည်ကို အဋ္ဌကထာ၌ မိန့်သည်။ "ယထာဘဋ္ဌ" နေရာဝယ် "ယထာဘဋ"ဟုလည်းရှိ၏။ ရှေ့ ဉာဏသမ္ပယုတ္တံအဖွင့် အပြီး၌ "အသင်္ခါရိကဘာဝေါ ပနအနာဘဋ္ဌတာယေဝ နဂဟိတော"ကို ထောက်၍ "ယထာဘဋ္ဌ" ပါဌ်သာ အမှန်ဟုထင်သည်။ ["ဘာသိတနှင့် ဘဋ္ဌ"သည် ပရိယာယ်တည်း။] ၊ အကြင်အကြင် ဟောတော်မူအပ်သော ပါဠိတော်ဖြင့်။ (ယထာဘဋပါဠိယာ၊ အကြင်အကြင် ထုတ်ဆောင်အပ်သော ပါဠိတော်ဖြင့်။) ဝုတ္တာယ၊ ဟောတော်မူအပ်သော။ (ဥပ္ပတ္တိယာ)စ၊ ကိုလည်းကောင်း။ ဒီပနတ္ထံ၊ ငှာ။ တတ္ထကာမာဝစရန္တိ အာဒိံ၊ ကို။ (သင်္ဂဟကာရော) အာဟ။
စိတ္တံ။ပ။ ဥပ္ပဇ္ဇတီတိ ဣဒံ၊ ဟူသော ဤစကားကို။ မနောကမ္မဒွါရဘူတဿ၊ မနောကမ္မဒွါရ ဖြစ်၍ဖြစ်သော စိတ်၏။ တေန သဘာဝေန၊ ထို မနောကမ္မဒွါရ ဟူသော သဘောအားဖြင့်။ ဥပ္ပတ္တိံ၊ ကို။ ဂဟေတွာ၊ ယူ၍။ (စိတ်ဖြင့် မှတ်ယူ၍။) ဝုတ္တံ၊ ပြီ။ [ဂဟေတွာ ဥပလက္ခေတွာတိ အတ္ထော။ ("စိတ္တဖြင့်မှတ်ယူ၍")ဟု အနက်ပေး။-မဓု။] ကြွင်းအဓိပ္ပာယ်များကို အဋ္ဌကထာဘာသာဋီကာ၌ ပြထားပြီ။

ဝါ၊ အဋ္ဌကထာနည်းမှ တစ်နည်းကား။

၁။ စိတ္တာဓိပတေယျံ စိတ္တံ။ ။ ပါဠိတော်ဝယ် တေဘူမကကုသိုလ်ကို ပြရာ၌ "ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ။။စိတ္တာဓိပတေယျံ"ဟု ရှိ၏။ ထို၌ "စိတ်ဟူသော အဓိပတိမှလာသောစိတ်"ဟု တိုက်ရိုက် အနက် အဓိပ္ပာယ် ယူ၍မဖြစ်၊ ဘာ့ကြောင့်နည်း။...စိတ်၂-ခုပြိုင်တူ မဖြစ်နိုင်သောကြောင့်တည်း။ ထိုသို့ မဖြစ်နိုင်သောကြောင့် ဖဿ-စသော စေတသိက်အပေါင်းကို "စိတ္တာဓိပတေယျ"ဟု ဆိုထားသည်။

ထို့နောက်မှ ထိုတရား အပေါင်း၏ စိတ္တာဓိပတေယျ အမည်ကိုစိတ်၌ တင်စား၍ ဖလူပစာရအားဖြင့် စိတ်ကိုလည်း စိတ္တာဓိပတေဟု ဟု ဆိုနိုင်သကဲ့သို့ဟု ဥပမာပြသည်။ ဤစကားအရ "စိတ္တာဓိပတေယျံ၊ စိတ်ဟူသော အဓိပတိမှလာသော တရားအပေါင်း"ဟု အနက်ပေးရသော်လည်း အရကောက်သောအခါ ထိုတရားအပေါင်းနှင့် ယှဉ်သောစိတ်ကို အရ ကောက်ပါ-ဟူလို။...[ တတ္တ စိတ္တဿ စိတ္တာဓိပတေယျဘာဝေါ သမ္ပယုတ္တဓမ္မာနံဝသေန ဝုတ္တော။-နောက်၌လာမည့် တေဘူမကကုသလအဖွင့် အဋ္ဌကထာ။]

စိတ္တာဓိပတေယျံ၊ စိတ္တာဓိပတိမှ လာသော သမ္ပယုတ်တရား ဟူသော။ စိတ္တံ၊ စိတ်။ ဣတိ၊ ဤပါဌ်၌။ သမ္ပယုတ္တ ဝသေန၊ သမ္ပယုတ်တရား၏အစွမ်းဖြင့်။ ဝုစ္စတိ ယထာ၊ စိတ္တာဓိပတေယျဟု ဆိုအပ်သကဲ့သို့။ `` **၂။ ဧဝံ ဣဓာပိ**။ ။စိတ္တံတိဝိဓကမ္မဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟူသော ဤပါဌ်၌လည်း "မနောကမ္မဒွါရ"အရ စိတ်ကို မယူဘဲ စိတ်နှင့်ယှဉ်သော တရားအပေါင်းကိုယူပါ။ ဤသို့လျှင် "မနောကမ္မဒွါရမည်သော ဖဿ-စသော တရားအပေါင်းကြောင့် စိတ်ဖြစ်၏"ဟူသော အဓိပ္ပာယ်မှန် ရနိုင်ပါသည်-ဟူလို။[အနုဋီကာ၌ကား သမ္ပယုတ်တရားအပေါင်း၏ မနောကမ္မဒွါရအမည်ကို စိတ်၌ပြန်၍ ဖလူပစာရအားဖြင့် တင်စားပါ၊ သို့မှတိဝိဓကမ္မဒွါရဝသေန၌ စိတ်ဟူသော မနောကမ္မဒွါရလည်း ပါနိုင်မည်-ဟု ဆိုသည်။] `` ဧဝံ၊ တူ။ ဣဓာပိ၊ ဤစိတ္တံ တိဝိဓကမ္မဒွါရဝသေန ဥပ္ပဇ္ဇတိ ဟူသော ပါဌ်၌လည်း။ (သမ္မယုတ္တဝသေန၊ ဖြင့်။ ဝုစ္စတိ၊ မနောကမ္မဒွါရ ဟု ဆိုအပ်၏။)
ပန၊ ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာကား။ **၁။ စောပန။ပ။နတ္ထိ**။ ။ကာယဝိညတ် ဝစီဝိညတ် ဟူသော စောပနဒွါရ ၂-မျိုးနှင့် မရောသော မနောဒွါရိကစိတ်အစဉ်၏ "မနောကမ္မဒွါရ" အမည်ရရာ၌ကား (ရှေးရှေးစိတ်က နောက်နောက်စိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူး ပြုသောကြောင့်) "တိဝိဓကမ္မဒွါရ" အရ ရှေးရှေးစိတ်ကို မနောကမ္မဒွါရဟု ယူ၍ "စိတ္တံ ဥပဇ္ဇတိ"၌ စိတ္တံ-အရ နောက်နောက်စိတ်ကို ယူရသောကြောင့် ရှေးရှေးစိတ်၏ မနောကမ္မဒွါရ အမည်ရကြောင်းမှာ အထူးဆိုဖွယ်မလိုတော့ပါ-ဟူလို။ [ဤလည်း မနောကမ္မဒွါရအရ ကောက်ယူပုံ တစ်နည်းပြဖြစ်၍ အားလုံး၃-နည်းဟု မှတ်ပါ။] စောပနဒ္ဓယ ရဟိတဿ၊ စောပန ကာယ စောပနဝါစာ ၂-ပါးအပေါင်းမှ ကင်းသော။ မနောပဗန္ဓဿ၊ မနော အစဉ်၏။ မနောကမ္မဒွါ ရဘာဝေ၊ မနောကမ္မဒွါရ၏ အဖြစ်၌။ (မနောကမ္မဒွါရ အမည်ရခြင်း၌။) ဝတ္တဗ္ဗမေဝ၊ ဆိုဖွယ်သည်ပင်။ နတ္ထိ၊ မရှိတော့။
["ကမ္မပထသံသန္ဒန ကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ"ဟု နောက်ပြင် စာအုပ်များ၌ ရှိ၏၊ စဉ်းစားပါ။ မိမိကား "တတ္ထ ကာမာဝစရံ မရောက်မီကပင် ကမ္မပထသံသန္ဒန ကထာအဖွင့် ပြီးခဲ့ပြီ"ဟု ယူဆပါသည်။]
ဒွါရကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

ယေဝါပနကကထာအဖွင့်

အယံ ယောဇနာတိ၊ ကား။ ရူပါရမ္မဏံ ဝါ။ပ။ ဓမ္မာရမ္မဏံ ဝါတိ ဧတေန၊ ဟူသော ဤပါဌ်နှင့်။ သဟ။ ယံ ယံဝါပနာတိ ဧတဿ၊ ဟူသော ဤပါဌ်ကို။ (ဝစနေ၊ ဟောတော်မူခြင်းကြောင့်။ ဝါ၊ ၌။) အယံ၊ ဤဆိုအပ်လတ္တံ့ကား။ သမ္ဗန္ဓော၊ ဆက်စပ်ကြောင်းအကျိုးတည်း။ ဣတိ အတ္ထော။ [မဓု၌ "ဝစနေတိ နိမိတ္တဘူတေ သြကာသဘူတေဝါ"ဟု ဖွင့်သောကြောင့် ဧတဿနောက်၌ "ဝစနေ"ဟု ရှိသင့်သည်။]

အယံသမ္ဗန္ဓော၊ ဤသမ္ဗန်ဟူသည်။ ကောပန၊ အဘယ်နည်း။ ဣတိ၊ ဤကား အမေးတည်း။
ယေန(ပယောဇနေန)၊ အကြင် အကျိုးကြောင့်။ ဝစနာနိ၊ ရူပါရမ္မဏံ ဝါ-အစရှိသော သဒ္ဒါ, ယံယံ ဝါပန-ဟူသော သဒ္ဒါတို့သည်။ အညမညံ၊ ချင်း။ သမ္ဗဇ္ဈန္တိ၊ ဆက်သွယ်နေကုန်၏။ ["ယေန"ကိုကြည့်၍ "သမ္ဗဇ္ဈန္တိ ဧတေနာတိ သမ္ဗန္ဓော"ဟု ပြု။ ရှေ့စကားနှင့် နောက်စကားတို့၏ ဆက်သွယ်ကြောင်း ဖြစ်သော အကျိုး-ဟူလို။] ပုဗ္ဗာပရဝစနေ၊ ရူပါရမ္မဏံ ဝါ။ပ။ဓမ္မာရမ္မဏံ ဝါဟူသောရှေ့စကား, ယံယံ ဝါ ပန-ဟူသောနောက်စကားကို ဆိုရခြင်း၌။ ပယောဇနံ၊ အကျိုးသည်။ သမ္ဗန္ဓော၊ သမ္ဗန်မည်၏။ ဣတိ၊ ဤကား အဖြေတည်း။
စ၊ ဆက်။ ဣဓ၊ ဤ အဋ္ဌကထာ၌။ သဗ္ဗာရမ္မဏတာဒိဒဿနံ၊ သဗ္ဗာရမ္မဏတာ အစရှိသည်ကို ပြခြင်းဟူသော။ (ပယောဇနံ-၌စပ်။ အာဒိဖြင့် "ကမအဘာဝ, နိယမအဘာဝတို့ကိုယူ။] ရူပါရမ္မဏံဝါ။ပ။ ဓမ္မာရမ္မဏံ ဝါတိ ဧတဿ၊ ဟူသော ဤပါဌ်၏။ အနန္တ ရံ၊ ၌။ ယံယံ ဝါ ပနာတိ ဧတဿ၊ ဟူသော ဤပါဌ်ကို။ ဝစနေ၊ ကြောင့်။ ဝါ၊ ၌။ ပယောဇနံ၊ ကို။ ယောဇနာ၊ ယောဇနာဟူ၍။ ဒဋ္ဌဗ္ဗံ၊ ၏။ [အယံ ယောဇနာ၌ ပယောဇနကို ယောဇနာခေါ်သည်ဟု မှတ်ပါ-ဟူလို။]
တတ္ထ၊ ထို အဋ္ဌကထာ၌။ [တတ္ထာတိ ဧတိဿံ အဋ္ဌကထာယံ။-မဓု။] ရူပါရမ္မဏံဝါ။ပ။ အာရဗ္ဘာတိ၊ ဟူသော။ ဧတ္တကေန၊ ဤမျှအတိုင်း အရှည်ရှိသောပါဌ်ဖြင့်။ ("ယံယံ ဝါ ပန" မပါသော ပါဌ်ဖြင့်။) အာပန္နံ၊ ရောက်သော။ ဒေါသံ၊ အပြစ်ကို။ ဒဿေတွာ၊ ပြပြီး၍။ တံ နိဝတ္တနဝသေန၊ ထို အပြစ်ကိုနစ်စေခြင်း၏ အစွမ်းဖြင့်။ ယံယံ ဝါ ပနာတိ ဧတဿ၊ ၏။ ပယောဇနံ၊ ကို။ ဒဿေတုံ၊ ငှာ။ ဟေဋ္ဌာတိ အာဒိံ၊ ကို။ (သင်္ဂဟကာရော) အာဟ။
ဒုတိယေ အတ္ထဝိကပွေ၊ ဒုတိယ အတ္ထဝိကပ်၌။ (အပရာ ယောဇနာ ဟူသော အတ္ထဝိကပ်၌။) ယံယံ ဝါပနာတိ ဧတေန၊ ဤပါဌ်ဖြင့်။ အပ္ပဓာနံပိ၊ မပြဋ္ဌာန်းသည်လည်း ဖြစ်သော။ ရူပါဒိံ၊ ရူပါရုံ အစရှိသော အာရုံကို။ အာကဍ္ဎတိ၊ ငင်ရ၏။
ဟိ၊ မှန်။ (တစ်နည်း-ကသ္မာ အပ္ပဓာနံပိ ရူပါဒိ။ အာကဍ္ဎတိ၊ နည်း။) ဟိ (ယသ္မာ)။ ပဓာနဿ၊ ပဓာနဖြစ်သော။ စိတ္တဿ၊ ၏။ အတ္တနောယေဝ၊ မိမိတည်းဟူသော စိတ်၏ပင်။ အာရမ္မဏဘာဝေါ၊ အာရုံ၏ အဖြစ်သည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ (ဤသို့ စိတ်က စိတ်ကို ပြန်၍ အာရုံမပြုနိုင်သောကြောင့်။ အပ္ပဓာနံပိ ရူပါဒိံ အာကဍ္ဎတိ။) [ရူပံ+အာရမ္မဏံ ဧတဿာတိ ရူပါရမ္မဏံ"ဟု ဗဟုဗ္ဗီဟိသမာသ် ပြုသောအခါ စိတ်ကိုရသဖြင့် စိတ်သာ ပဓာနဖြစ်၏။ ရူပါရုံ စသည်တို့ကား အပဓာနတည်း။ ယံယံ ဝါ ပနဖြင့်ကား ပဓာနကို စွဲသဖြင့် အဓိပ္ပာယ်မရသောကြောင့် ပဓာနကိုမစွဲဘဲ ထိုအပဓာနဖြစ်သော အာရုံကို စွဲရသည်။]
ဟေဋ္ဌာ ဝုတ္တနယေနာတိ၊ ကား။ သဗ္ဗာရမ္မဏတာဒိနယေန၊ သဗ္ဗာရမ္မဏတာ အစရှိသောနည်းဖြင့်။
ဟေဋ္ဌာ။ပ။ ဂဟိတန္တိ၊ ဟူ၍။ ဝတွာ၊ ဆိုပြီး၍။ တဿ၊ ထို ယံယံ ဝါ ပန ဟူသော ပါဌ်ကို။ ဝစနေ၊ ကြောင့်။ ဝါ၊ ၌။ ပယောဇနံ၊ ကို။ ဒဿေတုံ၊ ငှာ။ ရူပံဝါ။ ပ။ ဝုတ္တံတိ၊ ဟူ၍။ ဝုတ္တံ၊ မဟာအဋ္ဌကထာ၌ ဆိုအပ်ပြီ။
တတ္ထ၊ ထို မဟာအဋ္ဌကထာ၌။ ဣဒံ ဝါ ဣဒံ ဝါ တိ ဧတံ၊ ဟူသော ဤစကားကို။ သဗ္ဗာရမ္မဏတာဒိံ၊ သဗ္ဗာရမ္မဏတာ အစရှိသည်ကို။ သန္ဓာယ၊ ၍။ ကထိတံ၊ ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ။