ဣန္ဒြိယရာသိဝဏ္ဏနာ
ဣန္ဒြိယရာသိအဖွင့်
ဣန္ဒြိယရာသိဝဏ္ဏနာ
ဣန္ဒြိယရာသိအဖွင့်
စိရကတာဒိ အာရမ္မဏံ၊ ကြာမြင့်စွာသော ကာလ၌ ပြုအပ်ခဲ့သော အာရုံ အစရှိသော အာရုံသို့။ ဥပဂန္တွာ၊ ကပ်ရောက်၍။ ဋ္ဌာနံ၊ တည်ခြင်းသည်လည်းကောင်း။ ဝါ၊ တစ်နည်း။ အာရမ္မဏဿ၊ ကို။ အနိသဇ္ဇနံ၊ မစွန့်ခြင်းသည်လည်းကောင်း။ ဥပဋ္ဌာနံ
**၁။ ဥပဋ္ဌာနံ**။ ။ ဥပ-ကို ဥပဂန္တွာဟု ပထမဖွင့်၏၊ "ဥပဂန္တွာ+ဋ္ဌာနံ ဥပဋ္ဌာနံ"ဟူပြု။ စိရကတာဒိ အာရုံပင်ဖြစ်သော်လည်း ထို ရှေးအခါတုန်းက ပြုနေစဉ်ကဲ့သို့ ယခုထင်လာခြင်းသည် ဥပဋ္ဌာနမည်၏။ ထိုထင်လာခြင်းသည် ထိုအာရုံကို မစွန့်လွှတ်သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် "အနိသဇ္ဇနံဝါဥပဋ္ဌာနံ"ဟု တစ်နည်းဖွင့်သည်။[ ကရုဏာဒိကာလေဝိယ စိရကတာဒိအာရမ္မဏံ ဝိဘူတံ ကတွာ ပဝတ္တန္တီသတိ (ပြုစဉ်ကာလကဲ့သို့ စိရကတာဒီ အာရုံကို ထင်ရှားအောင်ပြု၍ဖြစ်သော သတိသည်) တံ (ထိုအာရုံသို့။ဝါ-ကို။ ဥပဂန္တွာ တိဋ္ဌန္တီ ဟောတိ။-အနု။]
၊ မည်၏။
**၁။ အပိလာနံ**။ ။ "သာရဏံ" ဟု ကာရိုက်ဖွင့်သောကြောင့် "ပိလာပနံ ၌လည်း ကာရိုက်ဝင်ကြောင်း သိစေ၏။ (ပိလုဓာတ်-အကမ္မက၊ ဏာပေပစ္စည်း၊ ယုပစ္စည်း။) အကမ္မကဓာတ် နောက် ကာရိုက်ဝင်နေသော "အပိလာပ"ပုဒ်၏ အနက်ကို သကမ္မကဖြင့် ဖွင့်လျှင် ကာရိုက် မပါဘဲ ဖွင့်မှ အဓိပ္ပာယ်ညီမျှ၏။ ထို့ကြောင့် အပိလာပေတိကို "အပိလဝေ ကရောတိ"ဟု ဖွင့်သည်။[စာအုပ်တို့၌ "အပိလာပေ ကရောတိ"ဟု ရှိသည်ကို စဉ်းစားပါ။]
၊ အပိလာပန မည်၏။ (ပေါလော မပေါ်စေခြင်းမည်၏။)**၂။ ပီတိ။ပ။အာပဇ္ဇတိ**။ ။တုတ်နှင့်ယှဉ်ခြင်းကြောင့် "ဒဏ္ဍီ"ဟု ခေါ်ရာဝယ် "ဒဏ္ဍိနော ဘာဝေါ ဒဏ္ဍိတ္တံ"ဟု ဘာဝပစ္စည်းသက်သောအခါ ထိုယှဉ်ဖက် သဒ္ဒပ္ပဝတ္တိ နိမိတ်ဖြစ်သော တုတ်ကို အရကောက်ရသကဲ့သို့ ပီတိ သောမနဿ ၂-မျိုးနှင့် ယှဉ်ခြင်းကြောင့် စိတ်ကို "သုမန"ဟု ခေါ်လျှင် သုမနဿ ဘာဝေါ သောမနဿံ"ဟု ဘာဝအနက်၌ ကျပစ္စည်းသက်သောအခါ ယှဉ်ဖက် ပီတိ သောမနဿ ၂-ပါးစုံကို ယူရလိမ့်မည်-ဟူလို။ အမှန်ကား-ပီတိကို မယူနိုင်၊ သောမနဿဝေဒနာကိုသာ ယူနိုင်သည်။ ကြွင်းသောအဓိပ္ပာယ်ကို အဋ္ဌကထာ နိဿယ၌ ရှုပါ။
ပီတိသောမနဿသမ္ပယောဂတောတိ၊ ဟူ၍။
ဝုတ္တေ၊ ဆိုအပ်သော်။
(အဋ္ဌကထာဆိုတိုင်း မှန်လျှင်။)
[ ပီတိယာ စ သောမနဿဘာဝေါ အာပဇ္ဇတိ-၌ စပ်။]
ယေန၊ အကြင် တရားနှင့်။
ယောဂါ၊ ယှဉ်ခြင်းကြောင့်။
သုမနော၊ သုမနမည်သည်။
ဟောတိ။
တံ၊ ထို တရားကို။
သောမနဿန္တိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။
ဣတိ၊ ကြောင့်။
ပီတိယာ စ၊ ပီတိ၏လည်း။
သောမနဿဘာဝေါ၊ သောမနဿ၏ အဖြစ်သည်။
အာပဇ္ဇတိ၊ ဖြစ်၏။
တသ္မာ၊ ထိုသို့ ဖြစ်သည်၏ အဖြစ်ကြောင့်။
**၁။ ဝိနာပိ ကာယေန ဝတ္ထုနာ**။ ။ ဝတ္ထုဘူတေန ကာယပသာဒေန ဝိနာပိ၊ တဉ္စ ရူပါရူပဘဝံ သန္ဓာယဝုတ္တံ။--မဓု။ ရူပဘ၀ အရူပဘဝတို့၌ ကာယပသာဒ မရှိဘဲလည်း သာယာတတ်သော သောမနဿဝေဒနာကား ရှိ၏။ [ဝိနာပိ၌ ပိဖြင့် အဝိနာကိုပေါင်း။ ကာမဘုံ၌မူကာယပသာဒဖြင့် တွေ့ထိလျက်ဖြစ်ပြီး နောက်မှ သာယာတတ်သော ဝေဒနာ (သောမနဿဝေဒနာ) ဖြစ်၏။ ထို ကာယပသာဒဖြင့် မထိရဘဲလည်း သာတဝေဒနာ ဖြစ်နိုင်၏-ဟူလို။]
ကာယေန ဝတ္ထုနာ၊ ကာယဝတ္ထုနှင့်။
ဝိနာပိ၊ ကင်း၍လည်း။
သာတဝေဒနာ သမ္ပယောဂတော၊ သာယာတတ်သော ဝေဒနာနှင့် ယှဉ်ခြင်းကြောင့်။ (အဋ္ဌကထာဝယ် သုမနော-၌ စပ်။)
ဣတိ၊ သို့။
ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။
[ဤ မူလဋီကာအလို အဋ္ဌကထာဝယ် ပီတိသောမနဿ၌ ပီတိအရ "နှစ်သက် သာယာတတ်" ဟု အနက်ပေးစေလိုသည်။]**၁။ဇီဝမာနဝိသေသ ပစ္စယဘာဝတော**။ ။ သဟဇာတာနံ ဇီဝမာနတာပိသေသဿ ပစ္စယဘာဝတော၊ ဣန္ဒြိယဗဒ္ဓဿ ဟိ မတရူပတော ကမ္မဇဿ စ ဥတုဇာဒိတော ဝိသေသော ဇီဝိတိန္ဒြိယကတောတိ။-အနု။ သက်ရှိဖြစ်သော ဣန္ဒြိယဗဒ္ဓရုပ်၏ အသေရုပ်မှလည်းကောင်း၊ ကမ္မဇရုပ်၏ ဥတုဇစသော တိဇရုပ်မှလည်းကောင်း ထူးခြားမှုကို ဇီဝိတိန္ဒြေသည် ပြုအပ်၏။ ထို့ကြောင့် "ဇီဝိတိန္ဒြေ သည် အနုပါလန စသောကိစ္စကို ပြီးစေခြင်း၊ သဟဇာတ်တရားတို့ အသက်ရှင်ခြင်းဟူသော အထူး၏ အကြောင်းဖြစ်၏"ဟုဆိုသည်။
၊ သဟဇာတ် တရားတို့၏ ရှင်ကုန်သည်၏ အဖြစ်ဟူသော အထူး၏ အကြောင်း၏ အဖြစ်ကြောင့်။
(ဟောတိ။)