Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

ကမ္မပထရာသိဝဏ္ဏနာ ကမ္မပထရာသိအဖွင့်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ကမ္မပထရာသိဝဏ္ဏနာ

ကမ္မပထရာသိအဖွင့်

အတ္တနော၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ ၏လည်းကောင်း။ သုခါဒီနိ၊ ကာယိကသုခ အစရှိသည်တို့ကို။ န ဗျာပါဒေတိ၊ ဖောက်ပြန်ခြင်းသို့ မရောက်စေတတ်။ န ဝိနာသေတိ၊ မပျက်စီးစေတတ်။ (မဖျက်ဆီးတတ်။) ဣတိ၊ သို့ ဒဋ္ဌဗ္ဗံ။ ["ကာယိကစေတသိကသုခံ"အရ သူတစ်ပါး၏ သုခကိုသာ ယူမည်စိုး၍ "အတ္တနော ပရဿ- စ"ဟု မိန့်သည်။ မိမိ၏ ကာယိက စေတသိကသုခ, သူတစ်ပါး၏ ကာယိက စေတသိကသုခ ၂-ပါးလုံးကို ယူပါ-ဟူလို။]
ကမ္မပထတာ တံသဘာဂတာဟိ **၁။ကမ္မပထတာ တံ သဘာဂတာဟိ**။ ။ ကမ္မပထမြောက်သော အနဘိဇ္ဈာ စသည်ကို ရည်ရွယ်၍ "ကမ္မပထတာ"ဟု ဆို၏။ ကမ္မပထမမြောက်သော အနဘိဇ္ဈာ စသည်ကို ရည်ရွယ်၍ "တံသဘာဂတာ"ဟု ဆို၏။ သူတစ်ပါး၏စည်းစိမ်ကို ရှေးရှုကြံခွင့် ကြုံသောအခါ မကြံမိအောင် ရှောင်လျှင် အနဘိဇ္ဈာကမ္မပထ ဖြစ်၏။ ထိုလို့- ရှောင်စရာမရှိဘဲ သက်သက် လောဘမဖြစ် (အလောဘဖြစ်)ရာ၌ တံ သဘာဂတာ- ထို ကမ္မပထနှင့်သဘောတူသည့်အတွက် သဒိသူပစာရ အားဖြင့် ကမ္မပထဟု ခေါ်ရ၏။ ထို့ကြောင့် ကမ္မပထရာသိ၌ ကမ္မပထ မမြောက်သော်လည်း နာမည်တူသောကြောင့် သွင်းယူနိုင်သည်။ [အဘိဇ္ဈာဒယော ဝိယ အနဘိဇ္ဈာ ဒယောပိ န ဧကန္တံ ကမ္မပထဘူတာ ယေဝါတိ အာဟ ကမ္မပထတာ တံသဘာဂတာဟီတိ။ အနု။] ၊ ကမ္မပထ၏အဖြစ်, ထို ကမ္မပထနှင့် သဘောတူကုန်သည်၏ အဖြစ်တို့ကြောင့်။ ကမ္မပထဝသေန၊ ကမ္မပထ၏ အဖြစ်ဖြင့်။ (ဂဟိတာ-၌ စပ်။)