ဖဿပဉ္စမကရာသိဝဏ္ဏနာ
ဟိ၊ ထင်ရှားအောင် ပြဦးအံ့။
ပါဏိယာ၊ လက်ဝါး တစ်ဖက်၏။
ပါဏိမှိ၊ လက်ဝါး တစ်ဖက်၌။
သင်္ဃဋ္ဋနံ၊ ထိုခိုက်ခြင်း ဟူသည်။
တဗ္ဗိသေသဘူတာ
၁။ တဗ္ဗိသေသဘူတာ၊ ရူပဓမ္မာ။ ။ လက်ခုပ်တီးရာ၌ လက်ဝါး ၂-ခု ထိုခိုက်ခြင်း ဟူသည် စိတ္တဇဝါယောဓာတ် လွန်ကဲသော (လက် ၂-ဖက်၌ရှိသော ရုပ်ကလာပ်တို့၏ အလွန်နီးကပ်စွာဖြစ်သော) သဘောပင်တည်း။ ထို့အတူစိတ်နှင့် အာရုံတို့၏ ဓာတ်သဘာဝအလိုက် ဓာတ်ခိုက်ခြင်းသဘော ဟူသည်လည်းစိတ်၌မှီသော စေတသိက်တစ်ပါးပင်တည်း။ ထို စေတသိက်ကို "ဖဿ"ဟု ခေါ်သည်။
အနုဋီကာ။ ။ တဗ္ဗိသေသဘူတာ ရူပဓမ္မာတိ၊ ယထာ ပဋိဟနနဝသေန အညမညံ အာသန္နတရံ ဥပ္ပဇ္ဇမာနေသု ရူပဓမ္မဝိသေသေသု သံဃဋ္ဋနပရိယာယော (ထိသောအားဖြင့် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ရုပ်တရားအထူးတို့၌ ထိခိုက်ခြင်းဟူသော ပရိယာယ်စကား ဖြစ်သကဲ့သို့။) ဧဝံ စိတ္တာရမ္မဏာနံ ဝိသယကရဏ ဝိသယဘာဝပ္ပတ္တိ ပဋိဟနနာကာရေန ဟောတိ (ဤအတူ စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံပြုခြင်း, အာရုံက အာရုံအဖြစ်သို့ ရောက်ခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်၏။) သောစ စိတ္တသန္နိဿိတော ဓမ္မဝိသေသော (ဖဿဟူသော တရားအထူးကို) သံဃဋ္ဋနပရိယာယေန (ထိခိုက်ခြင်းဟူသော စကားပရိယာယ်အားဖြင့်) ဝုတ္တော။
၊ ထို ထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်၍ဖြစ်ကုန်သော။ **ရူပဓမ္မာ**၁။ တဗ္ဗိသေသဘူတာ၊ ရူပဓမ္မာ။ ။ လက်ခုပ်တီးရာ၌ လက်ဝါး ၂-ခု ထိုခိုက်ခြင်း ဟူသည် စိတ္တဇဝါယောဓာတ် လွန်ကဲသော (လက် ၂-ဖက်၌ရှိသော ရုပ်ကလာပ်တို့၏ အလွန်နီးကပ်စွာဖြစ်သော) သဘောပင်တည်း။ ထို့အတူစိတ်နှင့် အာရုံတို့၏ ဓာတ်သဘာဝအလိုက် ဓာတ်ခိုက်ခြင်းသဘော ဟူသည်လည်းစိတ်၌မှီသော စေတသိက်တစ်ပါးပင်တည်း။ ထို စေတသိက်ကို "ဖဿ"ဟု ခေါ်သည်။
အနုဋီကာ။ ။ တဗ္ဗိသေသဘူတာ ရူပဓမ္မာတိ၊ ယထာ ပဋိဟနနဝသေန အညမညံ အာသန္နတရံ ဥပ္ပဇ္ဇမာနေသု ရူပဓမ္မဝိသေသေသု သံဃဋ္ဋနပရိယာယော (ထိသောအားဖြင့် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ရုပ်တရားအထူးတို့၌ ထိခိုက်ခြင်းဟူသော ပရိယာယ်စကား ဖြစ်သကဲ့သို့။) ဧဝံ စိတ္တာရမ္မဏာနံ ဝိသယကရဏ ဝိသယဘာဝပ္ပတ္တိ ပဋိဟနနာကာရေန ဟောတိ (ဤအတူ စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံပြုခြင်း, အာရုံက အာရုံအဖြစ်သို့ ရောက်ခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်၏။) သောစ စိတ္တသန္နိဿိတော ဓမ္မဝိသေသော (ဖဿဟူသော တရားအထူးကို) သံဃဋ္ဋနပရိယာယေန (ထိခိုက်ခြင်းဟူသော စကားပရိယာယ်အားဖြင့်) ဝုတ္တော။
၊ ဝါယောဓာတ်လွန်ကဲသော ရုပ်တရား တို့သည်။ (ဟောန္တိ) ယထာ၊ ကဲ့သို့။ [ဝါယောအဓိကာ ရူပဓမ္မာ။-မဓု။] ဧဝံ၊ တူ။ စိတ္တဿ၊ ၏။ အာရမ္မဏေ၊ ၌။ သင်္ဃဋ္ဋနံ၊ ဟူသည်။ တဗ္ဗိသေသဘူတော၊ ထို ထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်၍ဖြစ်သော။ ဧကော၊ သော။ စေတသိကဓမ္မော၊ စေတသိက်တရား ဟူ၍။ ဒဋ္ဌဗ္ဗော၊ ၏။**၁။ ဣန္ဒြိယဿ။ပ။ကရဏန္တိ အတ္ထော**။ [ပရိက္ခတသရူပဉ္စ တဿ အတ္ထဉ္စဒဿေတုံ အာဟ- ဣန္ဒြိယဿာတိ အာဒိ။-မဓု။) အဋ္ဌကထာ၌ "တဇ္ဇသမန္နာဟာရေန ပန ဣန္ဒြိယေနစ ပရိက္ခတေ"ဟု ရှိ၏။ ထိုပါဌ်၌ "ပရိက္ခတ" ဟူသည် စက္ခု-စသော ဣန္ဒြေက ထို အာရုံသို့ ရှေးရှုခြင်း, အာဝဇ္ဇန်းက အာရုံပြုခြင်းတည်း။ ဤစကားဖြင့် ပရိက္ခတ၏ သရုပ်ကို ပြသည်။ အဘိသင်္ခတတာ ပါဌ်ဖြင့် ပရိက္ခတ သဒ္ဒါ၏ပရိဝါရိတ (ခြံရံအပ်) အနက်ကို တားမြစ်၍ ဝိသယဘာဝကရဏံဖြင့် သုကတ၏အဖြစ် ဟူသောအနက်ကို တားမြစ်သည်-ဟု မဓုဆိုသည်။ ဤ၌ "ဝိသယဘာဝကရဏ-အာရုံ၏ အဖြစ်ကိုပြခြင်း"ဟူသည် ဝိညာဉ်၏ အာရုံအပြုကို ခံနိုင်ခြင်းတည်း။ ဝိညာဏဿကို ဝိသယဘာဝ-၌ စပ်ပါ။]
ဣန္ဒြိယဿ၊ စက္ခုစသောဣန္ဒြေ၏။
တဒဘိမုခဘာဝေါ၊ ထိုအာရုံသို့ ရှေးရှုသည်၏ အဖြစ်သည်လည်းကောင်း။
အာဝဇ္ဇနာယ၊ အာဝဇ္ဇန်း၏။
["အာဝဇ္ဇနဿ"ဟု ရှိလျှင် ကောင်း၏။ လိင်္ဂဝိပလ္လာသ သော်လည်းကြံ။]
အာရမ္မဏကရဏံ စ၊ အာရုံပြုခြင်းသည် လည်းကောင်း။
ဝိသယဿ၊ အာရုံ၏။
ပရိက္ခတတာ အဘိသင်္ခတတာ၊ ပြုစီမံအပ်သည်အဖြစ်တည်း။
ဝိညာဏဿ၊ ဝိညာဉ်၏။
ဝိသယဘာဝကရဏံ၊ အာရုံ အဖြစ်ကို ပြုခြင်းတည်း။
(အာရုံပြုခံရလောက်အောင် ပြုစီမံခြင်းတည်း။)
ဣတိ အတ္ထော၊ ဤကား အဓိပ္ပာယ်နက်။**၁။ ဖုသနာဒိဘာဝေန ဝါ**။ ။ပြခဲ့သောနည်း၌ ဖုသနစသောကိစ္စကို "အနုဘဝနမိဝ- ခံစားခြင်းနှင့်တူ၏"ဟု ဥပမာသဘော (သဒိသူပစာ)အားဖြင့် ပြခဲ့၏။ ယခုအခါ မုချနည်းကို ပြလို၍ "ဖုသနာဒိဝသေန ဝါ"ဟု မိန့်သည်။ ဖဿစသည်၏ ဖုသနစသော သဘောအားဖြင့် အာရုံကိုယူခြင်းသည် တစ်စိတ်တစ်ဒေသ ခံစားခြင်းပင်ဖြစ်၏။ ဝေဒနာ၏ ခံစားသောအားဖြင့် အာရုံယူခြင်းကား အလိုရှိတိုင်း အားရပါးရ ခံစားခြင်းတည်း။ ဖဿစသော တရားတို့သည် ဤသဘောအတိုင်း အာရုံကို ယူကြသောကြောင့် ဖဿ စသည်တို့လည်း ပိုင်စိုးပိုင်နင်း အာရုံကို ခံစားနိုင်ကြသည် မဟုတ်လော-ဟု စောဒနာဖွယ် မလိုပါ၊ "ပိုင်စိုးပိုင်နင်း ခံစားနိုင်ခြင်းသသော မရှိပါ"ဟူလို။
ဝါ၊ တစ်နည်း။
ဖုသနာဒိဘာဝေန၊ ဖုသန အစရှိသည်တို့၏ အစွမ်းဖြင့်။
အာရမ္မဏဂ္ဂဟဏံ၊ အာရုံကိုယူခြင်းသည်။
ဧကဒေသာနုဘဝနံ၊ အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသ ခံစားခြင်းတည်း။
ဝေဒယိတဘာဝေန၊ ဝေဒယိတ၏အဖြစ်ဖြင့်။
ဂဟဏံ၊ အာရုံကိုယူခြင်းသည်။
ယထာ ကာမံ၊ အလိုရှိတိုင်း။
သဗ္ဗာနုဘဝနံ၊ အလုံးစုံ အကုန်အစင် ခံစားခြင်းတည်း။
တာနိဂဟဏာနိ၊ ထို ဖုသန အစရှိသည်တို့၏အဖြစ်ဖြင့် အာရုံကိုယူခြင်း, ဝေဒယိတ၏ အဖြစ်ဖြင့် အာရုံကိုယူခြင်းတို့သည်။**၁။ ပဗန္ဓတိ**။ ။အဘိ သံ-ပုဗ္ဗ၊ ဓာ-ဓာတ်ဖြင့်ပြီးသော အဘိသန္ဒဟတိကို ပဗန္ဓတိဟု ဖွင့်၏။ ပဗန္ဓတိ ကို အနုဋီကာ၌ "သမ္ပယုတ္တဓမ္မေ (တို့ကို) သကသကကိစ္စေ(၌) ပဋ္ဌပေတိ- အပြားအားဖြင့် ဖြစ်စေတတ်၏"ဟု ဖွင့်၏။ ထို့ကြောင့် ပဗန္ဓတိကို "ပဝတ္တေတိ"ဟု အဓိပ္ပာယ်ဖွင့်သည်။
၊ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖွဲ့စပ်တတ်၏။
ပဝတ္တေတိ၊ အာရုံ၌ ဖြစ်စေတတ်၏။**၁။ အာဒရဘာဝေန**။ ။အဋ္ဌကထာ၌ "သမ္ပယုတ္တာနံ"ဟု ဘာဝသမ္ဗန်ပါ၏။ "အာဒရာနံ၊ လေးလေးစားစားဖြစ်သော သမ္ပယုတ်တရားတို့၏+ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ အာဒရဘာဝေါ"ဟု ပြု၊ ဤ စေတနာကြောင့် သမ္ပယုတ်တရားသည် အာရုံကို လေးလေးစားစား ပြုကြရ၏။ ထိုသို့ အာဒရတို့၏ဖြစ်ကြောင်း ဟူသည် ဤ စေတနာပင်တည်း။ ဤသို့ "အာဒရတို့၏ဖြစ်ကြောင်း"ဖြစ်လျှင် ဤ စေတနာသည် သမ္ပယုတ်တရားတို့ကို လေးလေးစားစား အာရုံကို ယူစေရာရောက်၏။ ထို့ကြောင့် "သာ ဟိ။ပ။အာဒရယတိ"ဟု ဖွင့်သည်။
၊ လေးလေးစားစား၏ အဖြစ်ဖြင့်။
(ပဝတ္တမာနာ- ၌ စပ်။)**၁။ သမာနတ္ထတ္တေ သတိယုဇ္ဇေယျ**။ ။သမယဝဝတ္ထာန်ခန်း၌ "စိတ္တံ ဥပ္ပန္နံဟောတိ"ဟု ဟောတော်မူခဲ့၏။ ဓမ္မုဒ္ဒေသဝါရ၌ "စိတ္တံ ဟောတိ"ဟု ဟောတော်မူ၏။ အဋ္ဌကထာဆရာ စကား၌ လိုရင်းကိုကောက်ချက်ချလျှင် ) စိတ္တံ ဟောတိ"၌ "ဟောတိ"ကြိယာနှင့် စိတ္တံ ဥပ္ပန္နံ ဟောတိတုန်းက ဥပ္ပဇ္ဇနကြိယာသည် အနက်အဓိပ္ပာယ် တူရာရောက်၏။ ထိုသို့ တူရာရောက်သည့်အတိုင်း တကယ်တူလျှင် သင့်မြတ်စရာရှိပါ၏-ဟူလို။
သမာနတ္ထတ္တေ၊ တူသောအနက် ရှိသည်၏အဖြစ်သည်။
သတိ၊ သော်။
ယုဇ္ဇေယျ၊ သင့်ရာ၏။
**၂။တဒတ္ထတ္တေ စ။ပ။န ဝုစ္စေယျ**။ ။ တစ်ဖန်စဉ်းစားဖွယ် ရှိပြန်၏။ ဟောတိကြိယာသည် ဥပ္ပန္နံဟောတိ၏ အတိုချုပ်ဖြစ်သော "ဥပ္ပဇ္ဇတိ"ကြိယာနှင့် အနက်တူလျှင် ဥပ္ပန္နံဟောတိသည် "ဥပ္ပန္နံ ဥပ္ပဇ္ဇတိ"ဟု ဆိုခြင်းနှင့် သဘောတူသောကြောင့် "ဥပ္ပန္နံဟောတိ"ဟု ဟောတော်မမူသင့်-ဟု ထပ်ဆင့်၍ အပြစ်ပြပြန်သည်။
စ၊ ထိုသို့ပင် သင့်ရာပါသော်လည်း။
တဒတ္ထတ္တေ၊ ထိုတူသောအနက် ရှိသည်၏ အဖြစ်သည်။
(သတိ။)
တတ္ထ၊ ထို သမဝဝတ္ထာန်ခန်း၌။
ဥပ္ပ- ဟောတီတိ၊ ဟူ၍။
န ဝုစ္စေယျ၊ ဟောတော်မမူအပ်ရာ။**၁။န စ လေသေန။ပ။န ကရောတိ**။ ။လေသေနကို"ပဓာနနယေန"ဟု မဓုဖွင့်၏။ မိမိကား"စိတ္တံ ဥပ္ပန္နံဟောတိ" တုန်းက "စိတ်၏ဖြစ်ခြင်းကို ဟောပြီးပြီ "ဟု နှလုံးသွင်းတော်မူခြင်းကို "လေသ-အနည်းငယ်သော အကြောင်းပြ"ဟု ဆိုလိုမည်ထင်သည်။ လေသကိုလည်း ဣတိ ကိတွာ(န)န ကရောတိ--၌ စပ်ပါ။ ထိုသို့သော အမြွက်အားဖြင့် မဟာကာရုဏိက ဖြစ်တော်မူသော မြတ်စွာဘုရားသည် စိတ်၏ ဖြစ်ပေါ်ပါဝင်ကြောင်း ထင်ရှားအောင် "စိတ္တံ - ဟောတိ"ဟု နောက်ထပ် ဟောတော်မမူဘဲ မနေပါ၊ ဧကန်ဟောတော်မူမည်သာ ဖြစ်ပါသည်-ဟူလို။
စ၊ ဆက်။
လေသေန၊ အမြွက်အားဖြင့်။
ဝုတ္တော၊ ဟောအပ်ပြီ။
ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။
မဟာ ကာရုဏိကော၊ ကြီးမြတ်သော ဂရုဏာရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။
ပါကဋံ၊ ထင်ရှားအောင်။
န ကရောတိ၊ ပြုတော်မမူသည်ကား။
န၊ မဟုတ်။
(ကရောတိဧဝ။)
ဣတိ၊ မှတ်အပ်၏။ ။