ဓမ္မုဒ္ဒေသဝါရကထာ
ဓမ္မုဒ္ဒေသဝါရကထာအဖွင့်
ဓမ္မုဒ္ဒေသဝါရကထာ
ဓမ္မုဒ္ဒေသဝါရကထာအဖွင့်
ဖဿပဉ္စမကရာသိဝဏ္ဏနာ
ဟိ၊ ထင်ရှားအောင် ပြဦးအံ့။
ပါဏိယာ၊ လက်ဝါး တစ်ဖက်၏။
ပါဏိမှိ၊ လက်ဝါး တစ်ဖက်၌။
သင်္ဃဋ္ဋနံ၊ ထိုခိုက်ခြင်း ဟူသည်။
တဗ္ဗိသေသဘူတာ
၁။ တဗ္ဗိသေသဘူတာ၊ ရူပဓမ္မာ။ ။ လက်ခုပ်တီးရာ၌ လက်ဝါး ၂-ခု ထိုခိုက်ခြင်း ဟူသည် စိတ္တဇဝါယောဓာတ် လွန်ကဲသော (လက် ၂-ဖက်၌ရှိသော ရုပ်ကလာပ်တို့၏ အလွန်နီးကပ်စွာဖြစ်သော) သဘောပင်တည်း။ ထို့အတူစိတ်နှင့် အာရုံတို့၏ ဓာတ်သဘာဝအလိုက် ဓာတ်ခိုက်ခြင်းသဘော ဟူသည်လည်းစိတ်၌မှီသော စေတသိက်တစ်ပါးပင်တည်း။ ထို စေတသိက်ကို "ဖဿ"ဟု ခေါ်သည်။
အနုဋီကာ။ ။ တဗ္ဗိသေသဘူတာ ရူပဓမ္မာတိ၊ ယထာ ပဋိဟနနဝသေန အညမညံ အာသန္နတရံ ဥပ္ပဇ္ဇမာနေသု ရူပဓမ္မဝိသေသေသု သံဃဋ္ဋနပရိယာယော (ထိသောအားဖြင့် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ရုပ်တရားအထူးတို့၌ ထိခိုက်ခြင်းဟူသော ပရိယာယ်စကား ဖြစ်သကဲ့သို့။) ဧဝံ စိတ္တာရမ္မဏာနံ ဝိသယကရဏ ဝိသယဘာဝပ္ပတ္တိ ပဋိဟနနာကာရေန ဟောတိ (ဤအတူ စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံပြုခြင်း, အာရုံက အာရုံအဖြစ်သို့ ရောက်ခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်၏။) သောစ စိတ္တသန္နိဿိတော ဓမ္မဝိသေသော (ဖဿဟူသော တရားအထူးကို) သံဃဋ္ဋနပရိယာယေန (ထိခိုက်ခြင်းဟူသော စကားပရိယာယ်အားဖြင့်) ဝုတ္တော။
၊ ထို ထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်၍ဖြစ်ကုန်သော။ **ရူပဓမ္မာ**၁။ တဗ္ဗိသေသဘူတာ၊ ရူပဓမ္မာ။ ။ လက်ခုပ်တီးရာ၌ လက်ဝါး ၂-ခု ထိုခိုက်ခြင်း ဟူသည် စိတ္တဇဝါယောဓာတ် လွန်ကဲသော (လက် ၂-ဖက်၌ရှိသော ရုပ်ကလာပ်တို့၏ အလွန်နီးကပ်စွာဖြစ်သော) သဘောပင်တည်း။ ထို့အတူစိတ်နှင့် အာရုံတို့၏ ဓာတ်သဘာဝအလိုက် ဓာတ်ခိုက်ခြင်းသဘော ဟူသည်လည်းစိတ်၌မှီသော စေတသိက်တစ်ပါးပင်တည်း။ ထို စေတသိက်ကို "ဖဿ"ဟု ခေါ်သည်။
အနုဋီကာ။ ။ တဗ္ဗိသေသဘူတာ ရူပဓမ္မာတိ၊ ယထာ ပဋိဟနနဝသေန အညမညံ အာသန္နတရံ ဥပ္ပဇ္ဇမာနေသု ရူပဓမ္မဝိသေသေသု သံဃဋ္ဋနပရိယာယော (ထိသောအားဖြင့် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ရုပ်တရားအထူးတို့၌ ထိခိုက်ခြင်းဟူသော ပရိယာယ်စကား ဖြစ်သကဲ့သို့။) ဧဝံ စိတ္တာရမ္မဏာနံ ဝိသယကရဏ ဝိသယဘာဝပ္ပတ္တိ ပဋိဟနနာကာရေန ဟောတိ (ဤအတူ စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံပြုခြင်း, အာရုံက အာရုံအဖြစ်သို့ ရောက်ခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်၏။) သောစ စိတ္တသန္နိဿိတော ဓမ္မဝိသေသော (ဖဿဟူသော တရားအထူးကို) သံဃဋ္ဋနပရိယာယေန (ထိခိုက်ခြင်းဟူသော စကားပရိယာယ်အားဖြင့်) ဝုတ္တော။
၊ ဝါယောဓာတ်လွန်ကဲသော ရုပ်တရား တို့သည်။ (ဟောန္တိ) ယထာ၊ ကဲ့သို့။ [ဝါယောအဓိကာ ရူပဓမ္မာ။-မဓု။] ဧဝံ၊ တူ။ စိတ္တဿ၊ ၏။ အာရမ္မဏေ၊ ၌။ သင်္ဃဋ္ဋနံ၊ ဟူသည်။ တဗ္ဗိသေသဘူတော၊ ထို ထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်၍ဖြစ်သော။ ဧကော၊ သော။ စေတသိကဓမ္မော၊ စေတသိက်တရား ဟူ၍။ ဒဋ္ဌဗ္ဗော၊ ၏။**၁။ ဣန္ဒြိယဿ။ပ။ကရဏန္တိ အတ္ထော**။ [ပရိက္ခတသရူပဉ္စ တဿ အတ္ထဉ္စဒဿေတုံ အာဟ- ဣန္ဒြိယဿာတိ အာဒိ။-မဓု။) အဋ္ဌကထာ၌ "တဇ္ဇသမန္နာဟာရေန ပန ဣန္ဒြိယေနစ ပရိက္ခတေ"ဟု ရှိ၏။ ထိုပါဌ်၌ "ပရိက္ခတ" ဟူသည် စက္ခု-စသော ဣန္ဒြေက ထို အာရုံသို့ ရှေးရှုခြင်း, အာဝဇ္ဇန်းက အာရုံပြုခြင်းတည်း။ ဤစကားဖြင့် ပရိက္ခတ၏ သရုပ်ကို ပြသည်။ အဘိသင်္ခတတာ ပါဌ်ဖြင့် ပရိက္ခတ သဒ္ဒါ၏ပရိဝါရိတ (ခြံရံအပ်) အနက်ကို တားမြစ်၍ ဝိသယဘာဝကရဏံဖြင့် သုကတ၏အဖြစ် ဟူသောအနက်ကို တားမြစ်သည်-ဟု မဓုဆိုသည်။ ဤ၌ "ဝိသယဘာဝကရဏ-အာရုံ၏ အဖြစ်ကိုပြခြင်း"ဟူသည် ဝိညာဉ်၏ အာရုံအပြုကို ခံနိုင်ခြင်းတည်း။ ဝိညာဏဿကို ဝိသယဘာဝ-၌ စပ်ပါ။]
ဣန္ဒြိယဿ၊ စက္ခုစသောဣန္ဒြေ၏။
တဒဘိမုခဘာဝေါ၊ ထိုအာရုံသို့ ရှေးရှုသည်၏ အဖြစ်သည်လည်းကောင်း။
အာဝဇ္ဇနာယ၊ အာဝဇ္ဇန်း၏။
["အာဝဇ္ဇနဿ"ဟု ရှိလျှင် ကောင်း၏။ လိင်္ဂဝိပလ္လာသ သော်လည်းကြံ။]
အာရမ္မဏကရဏံ စ၊ အာရုံပြုခြင်းသည် လည်းကောင်း။
ဝိသယဿ၊ အာရုံ၏။
ပရိက္ခတတာ အဘိသင်္ခတတာ၊ ပြုစီမံအပ်သည်အဖြစ်တည်း။
ဝိညာဏဿ၊ ဝိညာဉ်၏။
ဝိသယဘာဝကရဏံ၊ အာရုံ အဖြစ်ကို ပြုခြင်းတည်း။
(အာရုံပြုခံရလောက်အောင် ပြုစီမံခြင်းတည်း။)
ဣတိ အတ္ထော၊ ဤကား အဓိပ္ပာယ်နက်။**၁။ ဖုသနာဒိဘာဝေန ဝါ**။ ။ပြခဲ့သောနည်း၌ ဖုသနစသောကိစ္စကို "အနုဘဝနမိဝ- ခံစားခြင်းနှင့်တူ၏"ဟု ဥပမာသဘော (သဒိသူပစာ)အားဖြင့် ပြခဲ့၏။ ယခုအခါ မုချနည်းကို ပြလို၍ "ဖုသနာဒိဝသေန ဝါ"ဟု မိန့်သည်။ ဖဿစသည်၏ ဖုသနစသော သဘောအားဖြင့် အာရုံကိုယူခြင်းသည် တစ်စိတ်တစ်ဒေသ ခံစားခြင်းပင်ဖြစ်၏။ ဝေဒနာ၏ ခံစားသောအားဖြင့် အာရုံယူခြင်းကား အလိုရှိတိုင်း အားရပါးရ ခံစားခြင်းတည်း။ ဖဿစသော တရားတို့သည် ဤသဘောအတိုင်း အာရုံကို ယူကြသောကြောင့် ဖဿ စသည်တို့လည်း ပိုင်စိုးပိုင်နင်း အာရုံကို ခံစားနိုင်ကြသည် မဟုတ်လော-ဟု စောဒနာဖွယ် မလိုပါ၊ "ပိုင်စိုးပိုင်နင်း ခံစားနိုင်ခြင်းသသော မရှိပါ"ဟူလို။
ဝါ၊ တစ်နည်း။
ဖုသနာဒိဘာဝေန၊ ဖုသန အစရှိသည်တို့၏ အစွမ်းဖြင့်။
အာရမ္မဏဂ္ဂဟဏံ၊ အာရုံကိုယူခြင်းသည်။
ဧကဒေသာနုဘဝနံ၊ အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသ ခံစားခြင်းတည်း။
ဝေဒယိတဘာဝေန၊ ဝေဒယိတ၏အဖြစ်ဖြင့်။
ဂဟဏံ၊ အာရုံကိုယူခြင်းသည်။
ယထာ ကာမံ၊ အလိုရှိတိုင်း။
သဗ္ဗာနုဘဝနံ၊ အလုံးစုံ အကုန်အစင် ခံစားခြင်းတည်း။
တာနိဂဟဏာနိ၊ ထို ဖုသန အစရှိသည်တို့၏အဖြစ်ဖြင့် အာရုံကိုယူခြင်း, ဝေဒယိတ၏ အဖြစ်ဖြင့် အာရုံကိုယူခြင်းတို့သည်။**၁။ ပဗန္ဓတိ**။ ။အဘိ သံ-ပုဗ္ဗ၊ ဓာ-ဓာတ်ဖြင့်ပြီးသော အဘိသန္ဒဟတိကို ပဗန္ဓတိဟု ဖွင့်၏။ ပဗန္ဓတိ ကို အနုဋီကာ၌ "သမ္ပယုတ္တဓမ္မေ (တို့ကို) သကသကကိစ္စေ(၌) ပဋ္ဌပေတိ- အပြားအားဖြင့် ဖြစ်စေတတ်၏"ဟု ဖွင့်၏။ ထို့ကြောင့် ပဗန္ဓတိကို "ပဝတ္တေတိ"ဟု အဓိပ္ပာယ်ဖွင့်သည်။
၊ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖွဲ့စပ်တတ်၏။
ပဝတ္တေတိ၊ အာရုံ၌ ဖြစ်စေတတ်၏။**၁။ အာဒရဘာဝေန**။ ။အဋ္ဌကထာ၌ "သမ္ပယုတ္တာနံ"ဟု ဘာဝသမ္ဗန်ပါ၏။ "အာဒရာနံ၊ လေးလေးစားစားဖြစ်သော သမ္ပယုတ်တရားတို့၏+ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ အာဒရဘာဝေါ"ဟု ပြု၊ ဤ စေတနာကြောင့် သမ္ပယုတ်တရားသည် အာရုံကို လေးလေးစားစား ပြုကြရ၏။ ထိုသို့ အာဒရတို့၏ဖြစ်ကြောင်း ဟူသည် ဤ စေတနာပင်တည်း။ ဤသို့ "အာဒရတို့၏ဖြစ်ကြောင်း"ဖြစ်လျှင် ဤ စေတနာသည် သမ္ပယုတ်တရားတို့ကို လေးလေးစားစား အာရုံကို ယူစေရာရောက်၏။ ထို့ကြောင့် "သာ ဟိ။ပ။အာဒရယတိ"ဟု ဖွင့်သည်။
၊ လေးလေးစားစား၏ အဖြစ်ဖြင့်။
(ပဝတ္တမာနာ- ၌ စပ်။)**၁။ သမာနတ္ထတ္တေ သတိယုဇ္ဇေယျ**။ ။သမယဝဝတ္ထာန်ခန်း၌ "စိတ္တံ ဥပ္ပန္နံဟောတိ"ဟု ဟောတော်မူခဲ့၏။ ဓမ္မုဒ္ဒေသဝါရ၌ "စိတ္တံ ဟောတိ"ဟု ဟောတော်မူ၏။ အဋ္ဌကထာဆရာ စကား၌ လိုရင်းကိုကောက်ချက်ချလျှင် ) စိတ္တံ ဟောတိ"၌ "ဟောတိ"ကြိယာနှင့် စိတ္တံ ဥပ္ပန္နံ ဟောတိတုန်းက ဥပ္ပဇ္ဇနကြိယာသည် အနက်အဓိပ္ပာယ် တူရာရောက်၏။ ထိုသို့ တူရာရောက်သည့်အတိုင်း တကယ်တူလျှင် သင့်မြတ်စရာရှိပါ၏-ဟူလို။
သမာနတ္ထတ္တေ၊ တူသောအနက် ရှိသည်၏အဖြစ်သည်။
သတိ၊ သော်။
ယုဇ္ဇေယျ၊ သင့်ရာ၏။
**၂။တဒတ္ထတ္တေ စ။ပ။န ဝုစ္စေယျ**။ ။ တစ်ဖန်စဉ်းစားဖွယ် ရှိပြန်၏။ ဟောတိကြိယာသည် ဥပ္ပန္နံဟောတိ၏ အတိုချုပ်ဖြစ်သော "ဥပ္ပဇ္ဇတိ"ကြိယာနှင့် အနက်တူလျှင် ဥပ္ပန္နံဟောတိသည် "ဥပ္ပန္နံ ဥပ္ပဇ္ဇတိ"ဟု ဆိုခြင်းနှင့် သဘောတူသောကြောင့် "ဥပ္ပန္နံဟောတိ"ဟု ဟောတော်မမူသင့်-ဟု ထပ်ဆင့်၍ အပြစ်ပြပြန်သည်။
စ၊ ထိုသို့ပင် သင့်ရာပါသော်လည်း။
တဒတ္ထတ္တေ၊ ထိုတူသောအနက် ရှိသည်၏ အဖြစ်သည်။
(သတိ။)
တတ္ထ၊ ထို သမဝဝတ္ထာန်ခန်း၌။
ဥပ္ပ- ဟောတီတိ၊ ဟူ၍။
န ဝုစ္စေယျ၊ ဟောတော်မမူအပ်ရာ။**၁။န စ လေသေန။ပ။န ကရောတိ**။ ။လေသေနကို"ပဓာနနယေန"ဟု မဓုဖွင့်၏။ မိမိကား"စိတ္တံ ဥပ္ပန္နံဟောတိ" တုန်းက "စိတ်၏ဖြစ်ခြင်းကို ဟောပြီးပြီ "ဟု နှလုံးသွင်းတော်မူခြင်းကို "လေသ-အနည်းငယ်သော အကြောင်းပြ"ဟု ဆိုလိုမည်ထင်သည်။ လေသကိုလည်း ဣတိ ကိတွာ(န)န ကရောတိ--၌ စပ်ပါ။ ထိုသို့သော အမြွက်အားဖြင့် မဟာကာရုဏိက ဖြစ်တော်မူသော မြတ်စွာဘုရားသည် စိတ်၏ ဖြစ်ပေါ်ပါဝင်ကြောင်း ထင်ရှားအောင် "စိတ္တံ - ဟောတိ"ဟု နောက်ထပ် ဟောတော်မမူဘဲ မနေပါ၊ ဧကန်ဟောတော်မူမည်သာ ဖြစ်ပါသည်-ဟူလို။
စ၊ ဆက်။
လေသေန၊ အမြွက်အားဖြင့်။
ဝုတ္တော၊ ဟောအပ်ပြီ။
ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။
မဟာ ကာရုဏိကော၊ ကြီးမြတ်သော ဂရုဏာရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။
ပါကဋံ၊ ထင်ရှားအောင်။
န ကရောတိ၊ ပြုတော်မမူသည်ကား။
န၊ မဟုတ်။
(ကရောတိဧဝ။)
ဣတိ၊ မှတ်အပ်၏။ ။ဈာနင်္ဂရာသိဝဏ္ဏနာ
ဈာနင်္ဂရာသိအဖွင့်
ဈာနင်္ဂရာသိဝဏ္ဏနာ
ဈာနင်္ဂရာသိအဖွင့်
ဣန္ဒြိယရာသိဝဏ္ဏနာ
ဣန္ဒြိယရာသိအဖွင့်
ဣန္ဒြိယရာသိဝဏ္ဏနာ
ဣန္ဒြိယရာသိအဖွင့်
စိရကတာဒိ အာရမ္မဏံ၊ ကြာမြင့်စွာသော ကာလ၌ ပြုအပ်ခဲ့သော အာရုံ အစရှိသော အာရုံသို့။ ဥပဂန္တွာ၊ ကပ်ရောက်၍။ ဋ္ဌာနံ၊ တည်ခြင်းသည်လည်းကောင်း။ ဝါ၊ တစ်နည်း။ အာရမ္မဏဿ၊ ကို။ အနိသဇ္ဇနံ၊ မစွန့်ခြင်းသည်လည်းကောင်း။ ဥပဋ္ဌာနံ
**၁။ ဥပဋ္ဌာနံ**။ ။ ဥပ-ကို ဥပဂန္တွာဟု ပထမဖွင့်၏၊ "ဥပဂန္တွာ+ဋ္ဌာနံ ဥပဋ္ဌာနံ"ဟူပြု။ စိရကတာဒိ အာရုံပင်ဖြစ်သော်လည်း ထို ရှေးအခါတုန်းက ပြုနေစဉ်ကဲ့သို့ ယခုထင်လာခြင်းသည် ဥပဋ္ဌာနမည်၏။ ထိုထင်လာခြင်းသည် ထိုအာရုံကို မစွန့်လွှတ်သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် "အနိသဇ္ဇနံဝါဥပဋ္ဌာနံ"ဟု တစ်နည်းဖွင့်သည်။[ ကရုဏာဒိကာလေဝိယ စိရကတာဒိအာရမ္မဏံ ဝိဘူတံ ကတွာ ပဝတ္တန္တီသတိ (ပြုစဉ်ကာလကဲ့သို့ စိရကတာဒီ အာရုံကို ထင်ရှားအောင်ပြု၍ဖြစ်သော သတိသည်) တံ (ထိုအာရုံသို့။ဝါ-ကို။ ဥပဂန္တွာ တိဋ္ဌန္တီ ဟောတိ။-အနု။]
၊ မည်၏။
**၁။ အပိလာနံ**။ ။ "သာရဏံ" ဟု ကာရိုက်ဖွင့်သောကြောင့် "ပိလာပနံ ၌လည်း ကာရိုက်ဝင်ကြောင်း သိစေ၏။ (ပိလုဓာတ်-အကမ္မက၊ ဏာပေပစ္စည်း၊ ယုပစ္စည်း။) အကမ္မကဓာတ် နောက် ကာရိုက်ဝင်နေသော "အပိလာပ"ပုဒ်၏ အနက်ကို သကမ္မကဖြင့် ဖွင့်လျှင် ကာရိုက် မပါဘဲ ဖွင့်မှ အဓိပ္ပာယ်ညီမျှ၏။ ထို့ကြောင့် အပိလာပေတိကို "အပိလဝေ ကရောတိ"ဟု ဖွင့်သည်။[စာအုပ်တို့၌ "အပိလာပေ ကရောတိ"ဟု ရှိသည်ကို စဉ်းစားပါ။]
၊ အပိလာပန မည်၏။ (ပေါလော မပေါ်စေခြင်းမည်၏။)**၂။ ပီတိ။ပ။အာပဇ္ဇတိ**။ ။တုတ်နှင့်ယှဉ်ခြင်းကြောင့် "ဒဏ္ဍီ"ဟု ခေါ်ရာဝယ် "ဒဏ္ဍိနော ဘာဝေါ ဒဏ္ဍိတ္တံ"ဟု ဘာဝပစ္စည်းသက်သောအခါ ထိုယှဉ်ဖက် သဒ္ဒပ္ပဝတ္တိ နိမိတ်ဖြစ်သော တုတ်ကို အရကောက်ရသကဲ့သို့ ပီတိ သောမနဿ ၂-မျိုးနှင့် ယှဉ်ခြင်းကြောင့် စိတ်ကို "သုမန"ဟု ခေါ်လျှင် သုမနဿ ဘာဝေါ သောမနဿံ"ဟု ဘာဝအနက်၌ ကျပစ္စည်းသက်သောအခါ ယှဉ်ဖက် ပီတိ သောမနဿ ၂-ပါးစုံကို ယူရလိမ့်မည်-ဟူလို။ အမှန်ကား-ပီတိကို မယူနိုင်၊ သောမနဿဝေဒနာကိုသာ ယူနိုင်သည်။ ကြွင်းသောအဓိပ္ပာယ်ကို အဋ္ဌကထာ နိဿယ၌ ရှုပါ။
ပီတိသောမနဿသမ္ပယောဂတောတိ၊ ဟူ၍။
ဝုတ္တေ၊ ဆိုအပ်သော်။
(အဋ္ဌကထာဆိုတိုင်း မှန်လျှင်။)
[ ပီတိယာ စ သောမနဿဘာဝေါ အာပဇ္ဇတိ-၌ စပ်။]
ယေန၊ အကြင် တရားနှင့်။
ယောဂါ၊ ယှဉ်ခြင်းကြောင့်။
သုမနော၊ သုမနမည်သည်။
ဟောတိ။
တံ၊ ထို တရားကို။
သောမနဿန္တိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။
ဣတိ၊ ကြောင့်။
ပီတိယာ စ၊ ပီတိ၏လည်း။
သောမနဿဘာဝေါ၊ သောမနဿ၏ အဖြစ်သည်။
အာပဇ္ဇတိ၊ ဖြစ်၏။
တသ္မာ၊ ထိုသို့ ဖြစ်သည်၏ အဖြစ်ကြောင့်။
**၁။ ဝိနာပိ ကာယေန ဝတ္ထုနာ**။ ။ ဝတ္ထုဘူတေန ကာယပသာဒေန ဝိနာပိ၊ တဉ္စ ရူပါရူပဘဝံ သန္ဓာယဝုတ္တံ။--မဓု။ ရူပဘ၀ အရူပဘဝတို့၌ ကာယပသာဒ မရှိဘဲလည်း သာယာတတ်သော သောမနဿဝေဒနာကား ရှိ၏။ [ဝိနာပိ၌ ပိဖြင့် အဝိနာကိုပေါင်း။ ကာမဘုံ၌မူကာယပသာဒဖြင့် တွေ့ထိလျက်ဖြစ်ပြီး နောက်မှ သာယာတတ်သော ဝေဒနာ (သောမနဿဝေဒနာ) ဖြစ်၏။ ထို ကာယပသာဒဖြင့် မထိရဘဲလည်း သာတဝေဒနာ ဖြစ်နိုင်၏-ဟူလို။]
ကာယေန ဝတ္ထုနာ၊ ကာယဝတ္ထုနှင့်။
ဝိနာပိ၊ ကင်း၍လည်း။
သာတဝေဒနာ သမ္ပယောဂတော၊ သာယာတတ်သော ဝေဒနာနှင့် ယှဉ်ခြင်းကြောင့်။ (အဋ္ဌကထာဝယ် သုမနော-၌ စပ်။)
ဣတိ၊ သို့။
ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။
[ဤ မူလဋီကာအလို အဋ္ဌကထာဝယ် ပီတိသောမနဿ၌ ပီတိအရ "နှစ်သက် သာယာတတ်" ဟု အနက်ပေးစေလိုသည်။]**၁။ဇီဝမာနဝိသေသ ပစ္စယဘာဝတော**။ ။ သဟဇာတာနံ ဇီဝမာနတာပိသေသဿ ပစ္စယဘာဝတော၊ ဣန္ဒြိယဗဒ္ဓဿ ဟိ မတရူပတော ကမ္မဇဿ စ ဥတုဇာဒိတော ဝိသေသော ဇီဝိတိန္ဒြိယကတောတိ။-အနု။ သက်ရှိဖြစ်သော ဣန္ဒြိယဗဒ္ဓရုပ်၏ အသေရုပ်မှလည်းကောင်း၊ ကမ္မဇရုပ်၏ ဥတုဇစသော တိဇရုပ်မှလည်းကောင်း ထူးခြားမှုကို ဇီဝိတိန္ဒြေသည် ပြုအပ်၏။ ထို့ကြောင့် "ဇီဝိတိန္ဒြေ သည် အနုပါလန စသောကိစ္စကို ပြီးစေခြင်း၊ သဟဇာတ်တရားတို့ အသက်ရှင်ခြင်းဟူသော အထူး၏ အကြောင်းဖြစ်၏"ဟုဆိုသည်။
၊ သဟဇာတ် တရားတို့၏ ရှင်ကုန်သည်၏ အဖြစ်ဟူသော အထူး၏ အကြောင်း၏ အဖြစ်ကြောင့်။
(ဟောတိ။)မဂ္ဂင်္ဂရာသိဝဏ္ဏနာ
မဂ္ဂင်္ဂရာသိအဖွင့်
မဂ္ဂင်္ဂရာသိဝဏ္ဏနာ
မဂ္ဂင်္ဂရာသိအဖွင့်
ဗလရာသိဝဏ္ဏနာ
ဗလရာသိအဖွင့်
ဗလရာသိဝဏ္ဏနာ
ဗလရာသိအဖွင့်
မူလရာသိဝဏ္ဏနာ
မူလရာသိအဖွင့်
မူလရာသိဝဏ္ဏနာ
မူလရာသိအဖွင့်
**၁။ တတ္ထ ဇာတာနံ-စသည်**။ ။တတ္ထာတိ အပ္ပနာစိတ္တုပ္ပာဒေ၊ ဇာတာနံ ဓမ္မာနန္တိ သမာဓိပညာသင်္ခါတာနံ ယုဂနန္ဓ(ဒ္ဓ)ဓမ္မာနံ (အစုံဖွဲ့အပ်ကုန်သော တရားတို့၏။) အနတိဝတ္တနဋ္ဌေနာတိ အညမညာနတိဝတ္တနေန၊ ဘာဝန ဝဍ္ဎနာ၊...ဣန္ဒြိယာနံ သဒ္ဓါဒိဣန္ဒြိယာနံ။ ဧကရသဋ္ဌေနာတိ ဝိမုတ္တိရသဋ္ဌေန၊ ဘာဝန ဘဝနာ ဥပ္ပာဒနာ၊...တဒုပဂ ဝီရိယဝါဟဋ္ဌေန တေသံ ယုဂနန္ဓဓမ္မာနံ(တို့သို့) ဥပဂံ ဝီရိယံ၊ တဿ ဝါဟနဋ္ဌေန ဘာဝနာ ဥပ္ပာဒန ဝဍ္ဎနာ စ၊..အာသေဝုနဋ္ဌေန၊ပဝဏဗလဝဋ္ဌေန၊ ဘာဝနာဥပ္ပါဒနာ၊ န+ပဝတ္တတိ ဧတေနာတိ အပ္ပဝတ္တိ၊ မောဟော၊ အကုသလာ ကာမစ္ဆန္ဒာဒယော။-မဓု။
တတ္ထ၊ ထို အပ္ပနာစိတ္တုပ္ပာဒ်၌။
ဇာတာနံ၊ ဖြစ်ကုန်သော။
ဓမ္မာနံ၊ သမာဓိ၊ ပညာ တရားတို့ကို။ (ဘာဝနာ-၌စပ်။)
ဝါ၊ တို့၏။ (အနတိဝတ္တန-၌ စပ်။)
အနတိဝတ္တနဋ္ဌေန၊ တစ်ပါးတစ်ပါးကို မလွန်ခြင်းဟူသော သဘောအားဖြင့်။
ဘာဝနာ၊ တိုးပွားစေခြင်းလည်းကောင်း။
ဣန္ဒြိယာနံ၊ သဒ္ဓါ စသောဣန္ဒြေတို့ကို။
ဝါ၊ တို့၏။
ဧကရသဋ္ဌေန၊ တစ်ခုတည်းသော ဝိမုတ္တိရသ ရှိကုန်သည်၏အဖြစ်ဟူသော သဘောအားဖြင့်။
ဘာဝနာ၊ ဖြစ်စေခြင်းလည်းကောင်း။
တဒုပဂဝီရိယဝါဟနဋ္ဌေန၊ ထို သဒ္ဓါ စသော ယုဂနန္ဓတရားတို့သို့ ကပ်ရောက်သောဝီရိယကို ဆောင်စေခြင်း(ဖြစ်စေခြင်း)ဟူသော သဘောအားဖြင့်။
ဘာဝနာ၊ ဖြစ်စေခြင်း, တိုးပွားစေခြင်းလည်းကောင်း။
အာသေဝနဋ္ဌေန၊ အဖန်တလဲလဲ မှီဝဲ ထုံမွမ်းခြင်းဟူသောသဘောအားဖြင့်။
ဘာဝနာ၊ ဖြစ်စေခြင်းလည်းကောင်း။
ဣတိ ဧဝံ၊ သို့။
ဝုတ္တာယ၊ ဟောတော်မူအပ်သော။
(ပဋိသမ္ဘိဒါမဂ်-မဟာဝဂ္ဂ၊ အာနာပါနဿတိကထာ၌ဟောတော်မူအပ်သော။)
ပညာသာဓနာယ၊ ပညာကို ပြီးစေတတ်သော။
ဘာဝနာယ၊ ဘာဝနာ၏။
အပ္ပဝတ္တိ၊ မဖြစ်ကြောင်း မောဟသည်။
(အဘာဝနာ၊ အဘာဝနာမည်၏။)
ဝါ၊ တစ်နည်း။
တပ္ပဋိပက္ခဘုံတာ၊ ထို အမောဟ၏ ဆန့်ကျင်ဘက်ဖြစ်၍ဖြစ်ကုန်သော။
အကုသလာ၊ ကာမစ္ဆန္ဒ စသော အကုသိုလ်တို့သည်။
အဘာဝနာ၊ မည်၏။ကမ္မပထရာသိဝဏ္ဏနာ
ကမ္မပထရာသိအဖွင့်
ကမ္မပထရာသိဝဏ္ဏနာ
ကမ္မပထရာသိအဖွင့်
**၁။ကမ္မပထတာ တံ သဘာဂတာဟိ**။ ။ ကမ္မပထမြောက်သော အနဘိဇ္ဈာ စသည်ကို ရည်ရွယ်၍ "ကမ္မပထတာ"ဟု ဆို၏။ ကမ္မပထမမြောက်သော အနဘိဇ္ဈာ စသည်ကို ရည်ရွယ်၍ "တံသဘာဂတာ"ဟု ဆို၏။ သူတစ်ပါး၏စည်းစိမ်ကို ရှေးရှုကြံခွင့် ကြုံသောအခါ မကြံမိအောင် ရှောင်လျှင် အနဘိဇ္ဈာကမ္မပထ ဖြစ်၏။ ထိုလို့- ရှောင်စရာမရှိဘဲ သက်သက် လောဘမဖြစ် (အလောဘဖြစ်)ရာ၌ တံ သဘာဂတာ- ထို ကမ္မပထနှင့်သဘောတူသည့်အတွက် သဒိသူပစာရ အားဖြင့် ကမ္မပထဟု ခေါ်ရ၏။ ထို့ကြောင့် ကမ္မပထရာသိ၌ ကမ္မပထ မမြောက်သော်လည်း နာမည်တူသောကြောင့် သွင်းယူနိုင်သည်။ [အဘိဇ္ဈာဒယော ဝိယ အနဘိဇ္ဈာ ဒယောပိ န ဧကန္တံ ကမ္မပထဘူတာ ယေဝါတိ အာဟ ကမ္မပထတာ တံသဘာဂတာဟီတိ။ အနု။]
၊ ကမ္မပထ၏အဖြစ်, ထို ကမ္မပထနှင့် သဘောတူကုန်သည်၏ အဖြစ်တို့ကြောင့်။
ကမ္မပထဝသေန၊ ကမ္မပထ၏ အဖြစ်ဖြင့်။ (ဂဟိတာ-၌ စပ်။)ပဿဒ္ဓါဒိယုဂလဝဏ္ဏနာ
ပဿဒ္ဓါဒိယုဂလ အဖွင့်
ပဿဒ္ဓါဒိယုဂလဝဏ္ဏနာ
ပဿဒ္ဓါဒိယုဂလ အဖွင့်
**၁။သဗ္ဗကမ္မဋ္ဌာန။ပ။သဗ္ဗဒါ**။ ။သမထစတုဿစ္စကမ္မဋ္ဌာနဝသေန (သမထ ကမ္မဋ္ဌာန်း, စတုဿစ္စကမ္မဋ္ဌာန်း၏ အစွမ်းဖြင့်လည်းကောင်း) တဗ္ဘေဒဝသေန စ(ထိုသမထ ကမ္မဋ္ဌာန်းအပြား, စတုဿစ္စကမ္မဋ္ဌာန်းအပြား၏ အစွမ်းဖြင့်လည်းကောင်း။) သဗ္ဗကမ္မဋ္ဌာနဘာဝနာဘိယုတ္တာနံ (အလုံးစုံသော ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ကြကုန်သော) မုဒုမဇ္ဈိမတိက္ခိန္ဒြိယ တာဒိဘေဒေန သဗ္ဗယောဂီနံ (မုဒိန္ဒြိယယောဂီ စသော အလုံးစုံသော ယောဂီ ၃-မျိုးတို့အား) စိတ္တဿ လီနုဒ္ဓစ္စာဒိကာလဝသေန (စိတ်၏တွန့်ရာအခါ စိတ်၏ပျံ့လွင့်ရာအခါ အစရှိသောကာလ၏ အစွမ်းဖြင့်) သဗ္ဗဒါ။-အနုဋီကာ။
သဗ္ဗကမ္မဋ္ဌာနဘာဝနာနုယုတ္တာနံ၊ အလုံးစုံသော ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ကုန်သော။ (မည်သည့် ကမ္မဋ္ဌာန်းမဆို အားထုတ်ကုန်သော။)
သဗ္ဗယောဂီနံ၊ အလုံးစုံသော ယောဂီတို့အား။
သဗ္ဗဒါ၊ သိမ်း။
ဥပကာရကာ၊ လျော်သော ကျေးဇူးကို ပြုတတ်ကုန်၏။
(ကသ္မာ၊ နည်း။)
**၂။ပါရိဗန္ဓက။ပ။ဝဋ္ဋနတော**။ ။ ပရိဗန္ဓန္တိ၊ စိတ်ကို ထက်ဝန်းကျင် နှောင်ဖွဲ့တတ်ကုန်၏။ ဣတိ ပရိဗန္ဓကာ (နီဝရဏာ)။ [သွတ္တ၌ ဏ-သက်၍ ပါရိဗန္ဓကာ။] သတိသမ္ပဇည ၂- ပါးတို့သည် ထို ပါရိဗန္ဓက နီဝရဏတို့ကိုလည်း ပယ်ရှားနိုင်ကုန်၏။ ဘာ့ကြောင့်နည်း၊ ဟိတာဟိတံဓမ္မူပလက္ခဏဘာဝတော( စီးပွားကို ပြုတတ်သော တရားမပြုတတ်သော တရားတို့ကို မှတ်သားတတ်သောကြောင့်တည်း။ဘာဝနာကိုလည်း တိုးပွားစေနိုင်ကုန်၏။ ဘာ့ကြောင့်နည်း၊... ယထာသဘာဝံ ပဋိဝေဒဘာဝတော သဘောအမှန်အတိုင်း ထိုးထွင်း၍ သိနိုင်သည်၏ အဖြစ်ကြောင့်တည်း။ ) -အနု။
ပါရိဗန္ဓကဟရဏတော၊ ထက်ဝန်းကျင် နှောင်ဖွဲ့တတ်သော နီဝရဏကိလေသာတို့ကို ပယ်ရှားတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
ဘာဝနာဝဍ္ဎနတော စ၊ ဘာဝနာကို တိုးပွားစေတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။ယေဝါပနကဝဏ္ဏနာ
ယေဝါပနက အဖွင့်
ယေဝါပနကဝဏ္ဏနာ
ယေဝါပနက အဖွင့်
**၁။ ဖဿ။ပ။ဝုတ္တော**။ ။ ဈာနရာသိ၌ပါသော ဝိတက် စသည်တို့သည် ဈာနကိစ္စကို ပြုကြသကဲ့သို့ ဖဿပဉ္စမကရာသိ၌ပါသော တရားတို့သည် မိမိတို့၏ လက္ခဏရသမှတစ်ပါး ရာသိ၏ကိစ္စကို မပြုကြသည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဖဿပဉ္စမကကို ရာသိတစ်ခုအဖြစ်ဖြင့် ဟောတော်မူအပ်သနည်း ဟု မေးဖွယ်ရှိသောကြောင့် "ဖဿ။ပ။ဝုတ္တော"ဟု မိန့်သည်။ ထိုထိုရာသိကိစ္စကို မပြုသော်လည်း သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ, စတုက္ခန္နသင်္ဂဟ,တပ္ပစ္စယသင်္ဂဟ၏အစွမ်းကြောင့် ဖဿပဉ္စမကရာသိကို ဟောတော်မူရသည်-ဟူလို။
ဖဿပဉ္စမကရာသိ၊ ဖဿပဉ္စမကရာသိကို။
[သဗ္ဗစိတ္တုပါဒ သာဓာရဏ
**၂။ သဗ္ဗစိတ္တုပ္ပါဒ သာဓာရဏ**။ ။ဖဿ ဝေဒနာ သညာ စေတနာ စိတ်သည် စိတ်ဖြစ်တိုင်း၌ ပါဝင်ကြ၏ ။ (စိတ္တုပါဒ်တစ်ခုဖြစ်လျှင် စိတ် ဖဿ ဝေဒနာ သညာ စေတနာတို့ ပါဝင်ကြသည်-ဟူလို။) ဤသို့ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ ဖြစ်သောကြောင့်လည်း ဖဿပဉ္စမကရာသိကို ရာသိတစ်ခုအဖြစ်ဖြင့် ဟောတော်မူရသည်။
ဝသေန၊ အလုံးစုံသော စိတ္တုပ္ပါတို့နှင့် ဆက်ဆံသည်၏ အစွမ်းဖြင့်လည်းကောင်း။
စတုက္ခန္ဓတပ္ပစ္စယသင်္ဂဟ
**၃။စတုက္ခန္ဓတပ္ပစ္စယသင်္ဂဟ**။ ။ ဝေဒနာ သညာ စေတနာ စိတ္တတို့ဖြင့် နာမ်ခန္ဓာလေးပါးလုံးကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ (စေတနာဖြင့် သင်္ခါရက္ခန္ဓာကို သိမ်းကျုံးသည်။) "ဖဿပစ္စယာ ဝေဒနာ" ဖုဋ္ဌော ဝေဒေတိ၊ ဖုဋ္ဌော သဉ္စာနာတိ" စသည်ကို ဟောတော်မူရကား စတုက္ခန္ဓ၏ အကြောင်းဖြစ်သော ဖဿကို သိမ်းယူနိုင်သောကြောင့် လည်းကောင်း ရာသိတစ်ခု အဖြစ်ဖြင့် ဟောတော်မူရသည်။ [တပ္ပစ္စယ သဗ္ဗေန ဖဿံ နာမ အာဟ။-မဓု။]
ဝသေန စ၊ လေးပါးသောခန္ဓာကို သိမ်းယူနိုင်ခြင်း, ထိုခန္ဓာ၏ အကြောင်းကို သိမ်းယူနိုင်ခြင်း၏ အစွမ်းဖြင့်လည်းကောင်း။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။**၄။ ဆန္ဒာဒယော ယေဝါပနကဝသေန**။ ။ ဆန္ဒ စသော တရားတို့ကို အဘယ်ကြောင့် ဟောတော်မူအပ်ပြီးသော ရာသိတို့၌ ထည့်သွင်း၍ မဟောအပ်ပါကုန်သနည်းဟု မေးဖွယ်ရှိသော ကြောင့် "ယထာ ဝုတ္တေသု။ပ။ဝုတ္တာ"ဟု မိန့်သည်။ ဖဿပဉ္စမက ရာသိ ဈာနရာသိ စသော ဟောအပ်ပြီးသော ရာသီတို့တွင် တစ်ခုသောရာသိ၏ ကိစ္စကိုမျှ မပြုနိုင်ကြသောကြောင့် ဆန္ဒစသော တရားတို့ကို ဟောအပ်ပြီးသော ရာသီတို့၌ သွင်း၍မဟောပဲ ယေဝါပနကအဖြစ်ဖြင့် ဟောတော်မူအပ်ကုန်သည်-ဟူလို။
ဆန္ဒာဒယော၊ ဆန္ဒ အစရှိသော တရားတို့ကို။
ယေဝါပနက ဝသေန၊ ယေဝါပနက၏ အစွမ်းဖြင့်။
ဝုတ္တာ၊ ကုန်ပြီ။**၁။ဝုတ္တာနမ္ပိ စ။ပ။ယေဝါပနာတိ အာဟ**။ ။ရာသိတို့၌ မသွင်းနိုင်လျှင် အဘယ်အကျိုးငှာ "ယေဝါပန"ဟု ဟောတော်မူအပ်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "ဝုတ္တာနမ္ပိ"စသည်မိန့်။ ဓမ္မာနံကို ဝိသေသော ၌စပ်။ ယထာ စသည်ကား ဝိသဒိသူပမာတည်း။ ဝေဒနာ စသည်တို့ကို နောက်နောက်ရာသိ၌ ဈာနင်္ဂ စသောအမည်ဖြင့် ထပ်၍ ဟောတော်မူအပ်သကဲ့သို့ ဟောအပ်ပြီးသော ဖဿ စသော တရားတို့၏ သောဝစဿတာ ကလျာဏမိတ္တ စသော နာမည်အထူးကို ဟောတော်မမူအပ်။ ထို နာမည်အထူးကို သိမ်းယူခြင်း အကျိုးငှာ ဆန္ဒ စသော အချို့တရားတို့ကို မဟောဘဲ ချန်ထား၍ ထို ဆန္ဒ စသော တရားများနှင့် တကွ ထို သောဝစဿတာ စသော နာမည်အထူးကို "ယေဝါပန"ဟု ဟောတော်မူရသည်။
။