ဒုတိယစိတ္တာဒိဝဏ္ဏနာ
ဒုတိယစိတ္တ စသည်အဖွင့်
ဒုတိယစိတ္တာဒိဝဏ္ဏနာ
ဒုတိယစိတ္တ စသည်အဖွင့်
သပ္ပယောဂေနာတိ၊ ကား။
လီနဿ၊ တွန့်ဆုတ်သော။
စိတ္တဿ၊ စိတ်ကို။
ဥဿာဟန ပယောဂသဟိတေန၊ အားတတ်စေကြောင်း ကာယပယောဂ ဝစီ ပယောဂနှင့် တကွဖြစ်သော။ (ပစ္စယဂဏေန-၌စပ်။)
သဥပါယေနာတိ၊ ကား။
ကုသလဿ၊ ကို။
ကရဏာကရဏေသု၊ ပြုခြင်း မပြုခြင်းတို့၌။
အာဒီန ဝါနိသံသ ပစ္စဝေက္ခဏံ၊ အပြစ်ကို ဆင်ခြင်ခြင်း, အကျိုးကို ဆင်ခြင်ခြင်းလည်းကောင်း။
[ဤ စကားဖြင့် မိမိ၏ မနောပယောဂကို ပြသည်။ ]
ပရေဟိ၊ သူတစ်ပါးတို့သည်။ (ဆရာ မိဘ စသော အခြားပုဂ္ဂိုလ်တို့သည်။)
ဥဿာဟနံ၊ အားတက်စေခြင်း ကာယပယောဂ ဝစီပယောဂလည်းကောင်း။ (သူတစ်ပါးတို့က စိတ်ဖြင့် တိုက်တွန်း၍ မဖြစ်နိုင်သောကြောင့် မနောပယောဂ မရနိုင်။)
ဣတိ ဧဝမာဒိ ဥပါယသဟိတေန၊ ဤသို့အစရှိသော အကြောင်းဥပါယ် နှင့်တကွဖြစ်သော။ (ပစ္စယဂဏေန-၌ စပ်။)
**၁။ မဟာအဋ္ဌကထာယံ။ပ။ဘာဝနာယ**။ ။ကရုဏာ မုဒိတာ ဘာဝနာကမ္မဋ္ဌန်းကို စီးဖြန်းရာ၌ အလွန်တည်ကြည်၍ အပ္ပနာသို့ နီးကပ်နေလျှင် သောမနဿဝေဒနာနှင့်သာ ယှဉ်ရပေလိမ့်မည်။ အလွန် မတည်ကြည်သေးမီ ပရိကံ ပြုချိန်၌ကား ဘာဝနာက တစ်ရံတစ်ခါ သောမနဿသဟဂုတ်၊ တစ်ခါတစ်ရံ ဥပေက္ခာသဟဂုတ် ဤသို့ အမျိုးမျိုးဖြစ်နိုင်သောကြောင့် မဟာ အဋ္ဌကထာ၌ ကရုဏာ မုဒိတာ ပရိကံပြုရာ အခါဝယ် ဥပေက္ခာသဟဂုတ် စိတ်တို့၏ ဖြစ်နိုင်ပုံကို ခွင့်ပြုထားသည်။
နာတိသမာဟိတာယ၊ အလွန် မတည်ကြည်သေးသော။ (အပ္ပနာ အနီး အပါးသို့ မရောက်သေးသော။)
ဘာဝနာယ၊ ဘာဝနာဖြစ်ရာ အခါ၌။
မဟာ အဋ္ဌကထာယံ၊ ၌။
အနုညာတာ၊ ခွင့်ပြုအပ်ပြီ။
**၂။ ဣတိ။ပ။ဒဿေတိ**။ ။ဤသို့ ခွင့်ပြုထားသောကြောင့် ယေဝါပနက အရာဝယ် သောမနဿဟဂုတ်နှင့် ဥပေက္ခာသဟဂုတ် စိတ်တို့၏ ယေဝါပနက တရား၉-ပါးချင်းအားဖြင့် မထူးကြောင်းကိုလည်း ပြသည်။ [ယေဝါပနက တရား ၉-ပါး၌ ကရုဏာ မုဒိတာ ပါဝင်ကြောင်းကို ရှေ့၌ ဆိုအပ်ပြီးသော အဋ္ဌကထာကိုကြည့်၍ သိပါ။]
ဣတိ၊ ဤသို့ ခွင့်ပြုခြင်းဖြင့်။
ယေဝါပနကေဟိပိ၊ ယေဝါပနက တရားတို့အားဖြင့်လည်း။
နိဗ္ဗိသေသတံ၊ အထူးမရှိကုန်သည်၏ အဖြစ်ကို။
ဒဿေတိ၊ ၏။