ပစ္ဆိမပဒဿာတိ၊ ကား၊
ဝိညာတပဒဿ၊ ဝိညာတပုဒ်၏ (ဘေဒါ ဘာဝေန၌စပ်၊)
ဟိ၊ မှန်၊
သဗ္ဗမေ၀၊ သော၊
ရူပံ၊ ရုပ်ကို၊
ဝိညာတံ၊ သိအပ်၏၊
ဣတိ၊ ကြောင့်၊ (ရုပ်အားလုံး ဝိညာတတွင် ပါဝင်နိုင်သည်၏အဖြစ်ကြောင့်)
တဿ၊ ထို ဝိညာတရုပ်၏၊
အဘိန္ဒိတဗ္ဗတ္တာ၊ မခွဲခြားထိုက်သည်၏အဖြစ် ကြောင့်၊ [“သိအပ်သောရုပ်,မသိအပ်သောရုပ်”ဟု နှစ်မျိုး မခွဲခြားထိုက်သည်၏ အဖြစ်ကြောင့်၊]
ဝိညာတတော၊ ဝိညာတရုပ်မှ၊
အညံ၊ သော၊
ဒိဋ္ဌိစ၊ ဒိဋ္ဌိရုပ် သည်လည်းကောင်း၊
သုတံစ၊ သုတရုပ်သည်လည်းကောင်း၊
မုတံစ၊ မုတရုပ် သည်လည်းကောင်း၊ န ဟောတိ၊
ဣတိ၊ ကြောင့်၊
ပုစ္ဆံ၊ အမေးကို၊
အကတွာဝ၊ ပြုတော်မမူဘဲသာလျှင်၊
ဝိသဇ္ဇိတံ၊ ဖြေတော်မူအပ်ပြီ၊
ဟိ၊ မှန်၊
ဝိညာတတော၊ ဝိညာတရုပ်မှ၊
အညံ၊ အခြားသောရုပ်သည်၊
ဝါ၊ ကို၊
ကတမံ ရူပံ ဒိဋ္ဌန္တိ၊ ဟူ၍၊
ပုစ္ဆိတုံ၊ ငှာ၊ န သက္ကာ၊
ဣတိ၊ ကား၊
အဓိပ္ပာယော၊ တည်း၊
ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့၊
ဒွီသု၊ နှစ်ပါးသောပုဒ်တို့ကို၊
ဥဒ္ဒိဋ္ဌေသု၊ အကျဉ်း ပြအပ်ပြီးကုန်လတ်သော်၊
နောပါဒတော၊ နောပါဒရုပ်မှ၊
အညတ္တံ၊ တစ်မျိုး တခြား၏အဖြစ်ကို၊
သန္ဓာယ၊ ၍၊
ကတမံ တံ ရူပံ ဥပါဒါတိ၊ ဟူ၍၊
ပုစ္ဆိတံယထာ၊ ကဲ့သို့၊
ဧဝံ၊ တူ၊
ဒိဋ္ဌာဒီသူ၊ ဒိဋ္ဌိအစရှိကုန်သော၊
စတုသူ၊ လေးပုဒ်တို့ကို၊
ဥဒ္ဒိဋ္ဌေသု၊ အကျဉ်းပြအပ်ပြီးကုန်လတ်သော်၊
သုတာဒီဟိ၊ သုတအစရှိကုန်သော၊
တီဟိပိ၊ သုံးပါးလုံးတို့မှလည်း၊
အညတ္တံ၊ တစ်မျိုးတခြား ၏အဖြစ်ကို၊
သန္ဓာယ၊ ၍၊
ကတမံ တံ ရူပံ ဒိဋ္ဌန္တိ၊ ဟူ၍၊
ပုစ္ဆိတဗ္ဗံ၊ သည်၊
သိယာ၊ တဒဘာဝေါ၊ ထိုတစ်မျိုးတခြားအဖြစ်၏မရှိခြင်းကြောင့်၊
န ပုစ္ဆိတံ၊ မေးတော်မမူအပ်၊
သုတာဒီသုပိ၊ သုတအစရှိသည်တို့၌လည်း၊
ဧဝံ၊ ဤအတူ တည်း၊
ဣတိ၊ ဤသို့မှတ်အပ်၏။ [“ထိုသို့ဖြစ်လျှင် ဝိညာတံ တစ်ပုဒ်တည်းဖြစ်သဖြင့် ဧကက၌ သွင်း၍ ဟောပါတော့လော”ဟု စောဒနာဖွယ်ရှိ၍ “ဒဿနာဒိ”စသည် မိန့်၊]
ပန၊ ဆက်၊
ဒဿနာ၊ပေ၊ဝိသေသတော၊ မြင်ရခြင်း အစရှိသောအားဖြင့် ယူရခြင်း၏ ထူးသည်၏အဖြစ်ကြောင့်လည်းကောင်း၊ [မြင်၍သိရခြင်း, ကြား၍သိရခြင်း အစရှိသောအားဖြင့် ထူးသည်၏အဖြစ်ကြောင့်လည်းကောင်း၊]
ဒိဋ္ဌာဒီဟိ၊ ဒိဋ္ဌ အစရှိသည်တို့မှ၊
အညဿ၊ အခြားသော၊ (ဒိဋ္ဌ,သုတ,မုတတွင် မပါဝင်သော၊)
ဝိညာတဿ၊ ဝိညာတရုပ်၏၊
သမ္ဘာဝတောစ၊ ထင်ရှားရှိသည်၏အဖြစ်ကြောင့် လည်းကောင်း၊
စတုက္ကော၊ စတုတ္ထကို၊
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။