Issues
ເລືອກເວີຊັນ
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

ပုညကိရိယဝတ္ထာဒိကထာဝဏ္ဏနာ ပုညကိရိယဝတ္ထာဒိ အဖွင့်

ຜູ້ຂຽນ: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပုညကိရိယဝတ္ထာဒိကထာဝဏ္ဏနာ

ပုညကိရိယဝတ္ထာဒိ အဖွင့်

အပစိတိ ဧဝ၊ အရိုအသေ ပြုခြင်းသည်ပင်။ အပစိတိသဟဂတံ၊ အပစိတိ သဟဂတ မည်သော။ ပုညကိရိယဝတ္ထု၊ ပုညကိရိယဝတ္ထုတည်း။ နန္ဒိရာဂ သဂတာတိ ယထာ၊ နန္ဒိရာဂသဟဂတာ ဟူသကဲ့သို့တည်း။ [နန္ဒိရာဂသဟဂတာ၌ သဟဂတ-သဒ္ဒါသည် အနက်မရှိသကဲ့သို့ ဤ အပစိတိသဟဂတံ၌လည်း သဟဂတ- သဒ္ဒါ အနက်မရှိ-ဟူလို။]
ဝါ၊ တစ်နည်း။ စေတနာသမ္ပယုတ္တကဓမ္မာ၊ အရိုအသေ ပြုကြောင်း စေတနာနှင့်ယှဉ်သော တရားတို့သည်။ အပစိတိ၊ အပစိတိမည်၏။ ဝါ၊ တစ်နည်း။ ကာယဝစီကိရိယာ၊ အရိုအသေပြုခြင်းဟူသော ကိုယ်အမူအရာ နှုတ်အမူအရာသည်။ (အပစိတိ၊ မည်၏။) တံသဟိတာ၊ ထို သမ္ပယုတ်တရားနှင့် တကွဖြစ်သော။ ဝါ၊ ထို ကိုယ်အမူအရာ နှုတ်အမူအရာနှင့် တကွဖြစ်သော။ စေတနာ၊ စေတနာသည်။ အပစိတိ သဟဂတံ၊ မည်၏။
ဟိတဖရဏေနာတိ၊ ကား။ ဒေသကေ၊ တရားဟောပုဂ္ဂိုလ်၌။ မေတ္တာဖရဏေန၊ မေတ္တာကို ဖြန့်ကြောင်းဖြစ်သော။ ဝါ၊ တစ်နည်း။ ဧဝံ၊ ဤသို့တရားနာရသည်ရှိသော်။ မေ၊ ၏။ ဟိတံ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ ပဝတ္တေန၊ ဖြစ်သော။ ဟိတစိတ္တေန၊ စီးပွား၌ဖြစ်သော စိတ်ဟူသော။ (စီးပွားကို လိုလားသောစိတ်ဟူသော။) (မုဒုစိတ္တေန-၌ စပ်။)
ကမ္မဿကတာဉာဏံ၊ ကမ္မဿကတာဉာဏ်သည်။ ဒိဋ္ဌိဇုကမ္မံ၊ မည်၏။
နိယမ လက္ခဏန္တိ၊ ကား။ မဟပ္ဖလကာ နိယမဿ၊ များသော အကျိုးရှိသည်၏ အဖြစ်၌ အမြဲသတ်မှတ် ဆုံးဖြတ်ခြင်းကို။ လက္ခဏံ၊ မှတ်သားကြောင်းတည်း။
စာရိတ္တဝသေန၊ စာရိတ္တသီလ၏ အစွမ်းဖြင့်။ သီလမယေ၊ သီလမယ်ပုည ကိရိယဝတ္ထု၌။ သင်္ဂဟံ ဂစ္ဆန္တိ ။
အနဝဇ္ဇဝတ္ထု၊ အပြစ်မရှိသော ဝတ္ထုကို။ ပရိစ္စဇန္တော ဝိယ၊ စွန့်လွှတ်သူကဲ့သို့။ (စွန့်ကြဲသူက ဝမ်းမြောက်သကဲ့သို့။) အဗ္ဘနုမောဒမာနောပိ၊ လွန်စွာ ဝမ်းမြောက်သူသည်လည်း။ ပရဿ၊ သူတစ်ပါး၏။ သမ္ပတ္တိယာ၊ ပြည့်စုံခြင်းကြောင့်။ မောဒတိ၊ ဝမ်းမြောက်၏။ ဣတိ၊ ကြောင့်။ အဗ္ဘနုမောဒနာ၊ နာကို။ ဒါနမယေ၊ ၌။ သင်္ဂဟိတာ၊ ပြီ။
ဘာဝေန္တောပီတိ၊ စကားကို။ အသမတ္တဘာဝနံ၊ မပြီးဆုံးသေးသော ဘာဝနာကို။ သန္ဓာယာဟ။
ဟိ၊ မှန်။ (တစ်နည်း-ကသ္မာ။ ဘာဝေန္တော ပီတိ၊ ကို။ အသမတ္တဘာဝနံ သန္ဓာယာဟ၊ ဣတိ ဝိညာယတိ၊) ဟိ (ယသ္မာ)။ သမတ္တာ၊ ပြီးဆုံးသော ဘာဝနာသည်။ အပ္ပနာ၊ အပ္ပနာ ဘာဝနာသည်။ ဟောတိ။ ဣတိ၊ ကြောင့်။ (ဘာဝေန္တောပီတိ အသမတ္တဘာဝနံ သန္ဒာယာဟ၊ ဣတိ ဝိညာယတိ။)
အဋ္ဌဝ ကောဋ္ဌာသေ ကတွာတိ၊ ကား။ **၁။ ဧကဿ။ပ။ဒဿေတွာ**။ ။ပါဠိတော်၌ "တသ္မိံ သမယေ။ပ။ဥပ္ပန္နံ ဟောတိ" စသည်ဖြင့် တစ်ခုသော ခဏ၌ တစ်ယောက်သော သတ္တဝါ၏သန္တာန်ဝယ် ပဌမ မဟာကုသိုလ်စိတ်ဖြစ်ပုံကို ပြတော်မူ၍ အခြားသော ခဏ၌လည်းကောင်း၊ အခြားသော သတ္တဝါတို့၏ သန္တာန်၌လည်းကောင်း ပဌမမဟာကုသိုလ်စိတ် ဖြစ်ပုံကို ပြတော်မမူ။ ထိုသို့ ပြတော်မမူခြင်းမှာ အခြားကာလ၌ ဤပုဂ္ဂိုလ်သန္တာန်မှာ ဖြစ်ဖြစ်၊ အခြားပုဂ္ဂိုလ်သန္တာန်မှာ ဖြစ်ဖြစ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကချင်း တူသောကြောင့် စိတ်တစ်ခုတည်း ပြတော်မူသည်။ ထို့အတူ ပါဠိတော်၌ ဒုတိယ။ပ။အဋ္ဌမစိတ်တို့ကိုလည်း တစ်ခုစီသာ ပြတော်မူသည်။ ဤနည်းအားဖြင့် အဋ္ဌေဝ ကောဋ္ဌာသ-မဟာကုသိုလ်စိတ် ၈-ပါးသာ ဖြစ်ရသည်။ ဧကဿ သတ္တဿ၊ တစ်ယောက်သော သတ္တဝါ၏။ ဧကသ္မိံ ခဏေ၊ တစ်ခုသော ခဏ၌။ ဥပ္ပန္နံ၊ ဖြစ်သော။ ဧကံ၊ သော။ ပဌမ စိတ္တံ၊ ပဌမ မဟာကုသိုလ်စိတ်ကို။ ဒဿေတွာ၊ ပြတော်မူပြီး၍။ (ပါဠိတော်၌ ပြတော်မူပြီး၍။) အညာနိ၊ အခြားကုန်သော။ တာဒိသာနိ၊ ထို ပထမစိတ်ကဲ့သို့ ရှုအပ်သော စိတ်တို့ကို။ အဒဿေန္တေန၊ ပြတော်မမူသော မြတ်စွာဘုရားသည်။ သဗ္ဗာနိ၊ ကုန်သော။ တာနိ၊ ထို ပဌမ မဟာကုသိုလ်စိတ်တို့သည်။ ဝါ၊ တို့ကို။ သရိက္ခဋ္ဌေန၊ တူသည်၏ အဖြစ်ဟူသော အနက်အားဖြင့်။ ဧကီကတာနိ၊ တစ်ခုတည်းကဲ့သို့ ပြုအပ်ကုန်သည်။ ဟောန္တိ။ တထာ၊ တူ။ သေသာနိပိ၊ ကြွင်းသော ဒုတိယစိတ် အစရှိသည်တို့သည်လည်း။ (ဧကီကတာနိ ဟောန္တိ။) ဣတိ ဧဝံ၊ သို့။ ဝါ၊ ဤနည်းအားဖြင့်။ အဋ္ဌ၊ ရှစ်ဖို့ ရှစ်စု တို့ကို။ ကတွာ၊ ၍။ (ဒဿေသိ-၌ စပ်။)
ကာမာဝစရကုသလ ဝဏ္ဏာနာ၊ သည်။ နိဋ္ဌိတာ။