ဝစီကမ္မဒွါရကထာဝဏ္ဏနာ
ဝစီကမ္မဒွါရကထာအဖွင့်
ဝစီကမ္မဒွါရကထာဝဏ္ဏနာ
ဝစီကမ္မဒွါရကထာအဖွင့်
စတူဟိ။ပ။
သမန္နဂတာတိ ဧတ္ထ၊ ၌။ (ဒဋ္ဌဗ္ဗာ-၌စပ်။)
၂။ သုဘာသိတ။ပ။ဒဋ္ဌဗ္ဗာ။ ။ ပိသုဏဝါစာ ဟူရာ၌ ချောပစ်ကုန်းတိုက်ကြောင်း စေတနာကို ယူရသကဲ့သို့၊ အပိသုဏဝါစာ ယူရာ၌လည်း ချောပစ်ကုန်းတိုက်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်၍ ကောင်းမွန်စွာ ပြောဆိုကြောင်း စေတနာကိုယူရ၏။ ဤသို့စသည်ဖြင့် အခြားဝါစာတို့၌လည်း ပြောဆိုကြောင်း စေတနာကို ကောက်ယူရ၏။ ထို့ကြောင့် "တထာပဝတ္တာ စေတနာ ဒဋ္ဌဗ္ဗာ"ဟု ဆိုသည်။
မှတ်ချက်။ ။ ဝါစာ ၄-မျိုးကို သရုပ်ပြရာ၌ "သုဘာသိတ ဘာသနသင်္ခါတာ" စသည်ဖြင့် ဝိသေသန ၄-မျိုးကိုပြထား၏။ ထို ဝိသေသနများသည် "သုဘာသိတံယေ၀ ဘာသတိ, နော ဒုဗ္ဘာသိတံ, ဓမ္မံယေဝ။ပ။နော အဓမ္မံ, ပိယံ ယေဝ။ပ။နော အပ္ပိယံ, သစ္စံ ယေဝ ဘာသတိ, နော အလီကံ"ဟူသော သဂါထာဝဂ္ဂ-ဝဂီကသုတ်ကို မှီး၍ ပြထားသည်-ဟုမှတ်ပါ။
သုဘာသိတဘာသန သင်္ခါတာ၊ ကောင်းစွာ ပြောဆိုအပ်သည် မည်လောက်အောင် ပြောဆိုခြင်းဟု ဆိုအပ်သော။ အပိသုဏဝါစာ၊ ပိသုဏဝါစာ၏ ဆန့်ကျင်ဘက်စကားလည်းကောင်း။ ဓမ္မဘာသနသင်္ခါတော၊ တရားဟောခြင်းဟုဆိုအပ်သော။ အသမ္ဖပ္ပလာပေါ၊ သမ္ဖပ္ပလာပ၏ ဆန့်ကျင်ဘက်စကားလည်းကောင်း။ ပိယ-ဘာသနသင်္ခါတာ၊ ချစ်ဖွယ်ကို ပြောဆိုခြင်းဟု ဆိုအပ်သော။ အဖရုသဝါစာ၊ ဖရုသဝါစာ၏ ဆန့်ကျင်ဘက် စကားလည်းကောင်း။ သစ္စဘာသနသင်္ခါတော၊ မှန်ကန်သော စကားကို ပြောဆိုခြင်းဟုဆိုအပ်သော။ အမုသာဝါဒေါ စ၊ မုသာဝါဒ၏ ဆန့်ကျင်ဘက်စကားလည်းကောင်း။ ဣတိ၊ သို့။ ဧတာ ဝါစာ၊ တို့ကို။ တထာ၊ ထို သုဘာသိတဘာသန စသော အခြင်းအရာအားဖြင့်။ ပဝတ္ထာ၊ ကုန်သော။ စေတနာ၊ စေတနာတို့ဟူ၍။ ဒဋ္ဌဗ္ဗာ၊ ကုန်၏။**၁။ ဝိကာရဿ စ။ပ။ဝေဒိတဗ္ဗော**။ ။ [တပ္ပစ္စယဘာဝေါတိ ဥပါဒိန္နကဃဋ္ဋနဿပစ္စယ ဘာဝေါ။ -အနု။] ကာယကမ္မဒွါရကထာ၌ "စိတ္တသမုဋ္ဌာနာယ ပန ဝါယောဓာတုယာ။ပ။ပစ္စယော ဘဝိတုံ သမတ္တောဧကော အာကာရဝိကာရောအတ္ထိ" ဟုဆိုခဲ့၏။ ထို့အတူဤ ဝစီကမ္မဒွါရ ကထာ၌လည်း "စိတ္တဇပထဝိယာ ဥပါဒိန္နကဃဋ္ဋနေ ပစ္စယော ဘဝိတုံ သမတ္ထော စိတ္တသမုဋ္ဌာန မဟာဘူတာနံ ဧကော အာကာရဝိသေသော အတ္ထိ"ဟု သိနိုင်သောကြောင့် "ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော"ဟုဆိုသည်။
ဝိကာရဿ စ၊ ဝိကာရ ရုပ်၏လည်း။
တပ္ပစ္စယဘာဝေါ၊ ထို ထိခိုက်ခြင်း၏ အကြောင်း၏အဖြစ်ကို။
ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။**၂။အညမညဿ ပစ္စယဘာဝေါ**။ ။ တပ္ပစ္စယဘာဝေါကိုပင် "အညမညဿ ပစ္စယဘာဝေါ"ဟု ဆိုသည်။ ဝိကာရဟူသော ဝိညတ်ရုပ်ပါရှိသော စိတ္တဇ မဟာဘုတ်တို့၏ အချင်းချင်း ထိခိုက်ခြင်း၏အကြောင်းကို "အညမညပစ္စယ"ဟု ဆိုသည်။ ထို့ကြောင့် ဤဝါကျသည် ရှေ့ဝါကျ၏ ဒဠှီသာဖြစ်သင့်၏။ အကြောင်းပြ မဖြစ်သင့်။ [ထိုသို့ စိတ္တဇ မဟာဘုတ်ချင်း ထိခိုက်သောအခါ ကမ္မဇ၊ ဥတုဇ။ အာဟာရဇ။ မဟာဘုတ်ရုပ်များနှင့်လည်း ထိခိုက်သည်သာ။]
အညမညဿ၊ တစ်ပါး တစ်ပါးအား။
ပစ္စယဘာဝေါ၊ ကျေးဇူးပြုတတ်ကုန်သည်၏အဖြစ်သည်။
(ဟောတိ။)
ဣတိ၊ ဤသို့ မှတ်အပ်၏။**၃။အညမ္ပိ သဗ္ဗံ ဝိဓာနံ**။ ။ ဤညွှန်ပြချက်ကား မိမိဖွင့်ခဲ့သော "န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒဿေတိ။ပ။ နိစ္စော အတ္တီတိ"ဟူသော စကားကို ညွှန်ပြခြင်းတည်း။ ထို့ကြောင့် "အညမ္ပိ၊ အဋ္ဌကထာ၌ ဆိုအပ်သောအစီအရင်မှတစ်ပါးလည်းဖြစ်သော" ဟု အကျယ်ပေးပါ။
အညမ္ပိ၊ သော။
သဗ္ဗံ၊ သော။
ဝိဓာနံ၊ အစီအရင်ကို။
ကာယဝိညတ္တိယံ ဝိယ ဝေဒိတဗ္ဗံ။**၄။ စာလနံ ဟိ။ပ။ တရုပ္ပါဒေါ**။ ။ဤစကားသည် ကာယဒွါရ အခန်း၌ ဝါယောဓာတ်၏သဟဇာတရုပ်ကို လှုပ်ရှားစေပုံနှင့် ဤဝစီဒွါရခန်းဝယ် ပထဝီဓာတ်၏ ဥပါဒိန္နကဃဋ္ဋန ဖြစ်ပုံ သဘောကို ပြသောစကားတည်း။ ရှေးရှေး ရုပ်ကလာပ်၌ပါသော ဝါယောဓာတ်၏ အစွမ်းကြောင့် နောက်နောက် ရုပ်ကလာပ်တို့ ဥပါဒ်သောအခါ မူလနေရာ၌ မဥပါဒ်နိုင်ဘဲ အဆင့်ဆင့် နေရာရွှေ့၍ ဥပါဒ်စေခြင်းကို "စာလန"ဟုဆို၏။ ဝိညတ်ဟူသော အကြောင်းအထူး၏ ကျေးဇူး ပြုမှုကြောင့် စိတ္တဇဘူတရုပ်နှင့် စတုဇဘူတရုပ်တို့၏ (အသံထွက်လောက်အောင်) အလွန်နီးကပ်စွာ ဥပါဒ်ခြင်းကို "ဃဋ္ဋန"ဟု ဆိုပါသည်-ဟူလို။ [ဒေသန္တရေ၊ မူလဥပါဒ်ရာ အရပ်မှတစ်ပါးသော အရပ်၌+ဥပ္ပါဒနံ ဥပါဒ်စေခြင်းတည်း။ ဒေသန္တရုပ္ပါဒနံ၊ ဒေသန္တရုပ္ပဒနဿ+ပရမ္ဖရတာ၊ အဆင့်ဆင့်၏ အဖြစ်တည်း။ ဒေသန္တရုပ္ပါဒန ပရမ္ပရတာ၊ ဆိုလိုရင်းမှာ-ဥပါဒ်ပြီးသော ရုပ်ကလာပ်ဟူသမျှတို့ မိမိဖြစ်ရာအရပ်မှ မရွှေ့ပြောင်းနိုင်။ ထို့ကြောင့် "ဆက်ကာဆက်ကာ အရပ်တစ်ပါး၌ ရွှေ့၍ရွှေ့၍ ဥပါဒ်စေခြင်းကို "စာလန"ခေါ်သည်"ဟူလို။]
ဟိ၊ မှန်။
(တစ်နည်း) ဟိ၊ စာလနဃဋ္ဋနတို့၏ သဘောကား။
ဒေသန္တ ရုပ္ပါဒနပရမ္ပရတာ၊ အရပ်တစ်ပါး၌ ဥပါဒ်စေခြင်း၏အဆက်ဆက်၏ အဖြစ်သည်။ အဆက်ဆက်အားဖြင့် အရပ်တစ်ပါး၌ ဥပါဒ်စေခြင်းသည်။)
စာလနံ၊ စာလန- မည်၏။
ဝါ၊ လှုပ်စေခြင်း မည်၏။
ပစ္စယဝိသေသေန၊ အကြောင်း အထူးကြောင့်။
ဘူတကလာပါနံ၊ မဟာဘုတ်ဟူသော ရုပ်ကလာပ်တို့၏။
အသာန္န တရုပ္ပါဒေါ၊ အလွန်နီးကပ်စွာ ဥပါဒ်ခြင်းသည်။
ဃဋ္ဋနံ၊ ဃဋန-မည်၏။
ဣတိ၊ ဤကား စာလန ဃဋ္ဋနတို့၏ သဘောတည်း။**၁။ဥပတ္ထမ္ဘနကိစ္စံပိ နတ္တီတိ**။ ။ "ကာယကမ္မ ဒွါရကထာ၌ ရှေးရှေးဇောကြောင့်ဖြစ်သော ဝါယောဓာတ်က ထောက်ပံ့ပုံကို ဆိုသကဲ့သို့၊ ဤ ဝစီကမ္မဒွါရကထာ၌ ရှေးရှေးဇောကြောင့်ဖြစ်သော ပထဝီဓာတ်က ထောက်ပံ့ဖွယ်မလို"ဟု အဋ္ဌကထာဆိုရာ၌ ပထဝီဓာတ်နှင့်ထိခိုက်ရာဝယ် ရှေးရှေးဇောဝီထိမှ (သုတ္တန်နည်းအားဖြင့်) အာသေဝနရခဲ့ပြီး ဖြစ်သောကြောင့် ပဌမဇောကြောင့်ဖြစ်သော ပထဝီဓာတ်သည်ပင် ထိခိုက်နိုင်ရကား ပထဝီဓာတ်ချင်း ထိခိုက်ကြဖို့ရန် ရှေးရှေးပထဝီဓာတ်တို့က အထောက်အပံ့ပေးနေဖွယ်မလို-ဟု ဆိုလိုသည်။ [ရှေးရှေးဇောဝီထိက ရွတ်ဆိုလို၍ စိတ်ကူးခြင်းကို "ပုဗ္ဗာဘိသင်္ခါရ"ဟု ခေါ်၏။ ထိုပုဗ္ဗာဘိသင်္ခါရကို "အာသေဝန"ဟု ခေါ်ထားသည်။ "လဒ္ဓါ သေဝနေနာတိ လဒ္ဓပုဗ္ဗာဘိသင်္ခါရေန၊ စိတ္တေနေဝါတိ ပဌမစိတ္တေနဝ။-အနု။]
၊ ကား။
ဥပတ္ထမ္ဘနေန၊ ထောက်ပံ့ခြင်းနှင့်။
ဝိနာ၊ ကင်း၍။
ပဌမစိတ္တသမုဋ္ဌာနာ၊ ပထမစိတ်ကြောင့် ဖြစ်သည်။
(သမာနာ) ပိ၊ သော်လည်း။
ဃဋ္ဋနာကာရေန၊ ထိခိုက်ခြင်းဟူသော အခြင်းအရာအားဖြင့်။
ပဝတ္တတိ၊ ၏။
ဣတိ၊ ကြောင့်။
ဃဋ္ဋနတ္ထံ၊ ထိခိုက်ခြင်း အကျိုးငှာ။
ဥပတ္ထမ္ဘနေန၊ ဖြင့်။
ပယောဇနံ၊ အကျိုးသည်။
နတ္ထိ။
လဒ္ဓါသေဝနေန၊ ရအပ်သော အာသေဝနရှိသော။
စိတ္တေနေဝ၊ ပထမ စိတ်ကြောင့်ပင်လျှင်။
ဃဋ္ဋနဿ၊ ၏။
ဗလဝဘာဝတော စ၊ အားရှိသည်၏ အဖြစ်ကြောင့်လည်း။
(ဃဋ္ဋနတ္ထံ။ပ။နတ္ထိ။)
ဣတိ (အယံ)၊ ကား။
အဓိပ္ပာယော၊ သင်္ဂဟကာရဆရာ၏ အလိုတည်း။ဥပတ္ထမ္ဘနံ၊ သည်။
၁။ နတ္ထိ အတ္တီတိ ဝိစာရေတွာ။ ။ ဋီကာဆရာသည် "ဥပတ္ထမ္ဘနကိစ္စမရှိ"ဟူသော စကားကို နှစ်သက်ဟန်မတူ။ ထို့ကြောင့် "ဝိစာရေတွာ ဂဟေတဗ္ဗံ"ဟု ဆိုသည်။ အက္ခရာ တစ်လုံးသည် ရဿအက္ခရာပင် ဖြစ်စေကာမူ လက်ဖျောက်တစ်ချက်တီးခန့် ကြာရကား ထို အက္ခရာအသံ ပီသစွာ ပေါ်ထွက်သည့်တိုင်အောင် ဇောဝီထိပေါင်းများစွာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်ရှေးရှေးဇောဝီသိတို့ကြောင့်ဖြစ်သော ပထဝီတို့က အထပ်ထပ် ထိခိုက်နေရာဝယ် အသံ မပီသသေးမီ ထောက်ပံ့နေသည် ဟု ဆိုရသော်လည်း အသံပီသမှုအတွက်သာ ထောက်ပံ့နေရခြင်း ဖြစ်၍ ထိခိုက်မှု ဃဋ္ဋနအတွက်မှာ ထောက်ပံ့စရာ မလိုသောကြောင့် "ဥပတ္ထမ္ဘနကိစ္စံနတ္ထိ"ဟု အဋ္ဌကထာဆိုပါသည်။ ထို့ကြောင့် အဋ္ဌကထာ စကားသည် အသင့်ပင် ဖြစ်၏ ဟု ထင်၏။ သို့သော်-
အနုဋီကာ။ ။ အနုဋီကာ၌ "ကိဉ္စာပိ ပဌမစိတ္တေနာပိ ဃဋ္ဌနာ နိပ္ဖဇ္ဇတိ၊ ဧကဿေဝ ပန ဗဟုသော ပဝတ္တနေန အတ္ထိ ကောစိ ဝိသေသောကိ ပုရိမဇဝနသမုဋ္ဌိတာဟိ ဃဋ္ဋနာဟိ ပတိလဒ္ဓသေဝနေန သတ္တမဇဝနေန သမုဋ္ဌိတာ ဃဋ္ဋနာ ပရိဗျတ္တံ အက္ခရံ နိဗ္ဗတ္တေတီတိ ဥပတ္ထမ္ဘနံ နတ္ထီတိ န သက္ကာ ဝတ္တုံ"ဟု မူလဋီကာ စကားကိုပင် ထောက်ခံပြီး၍ "လဒ္ဓါဘိသင်္ခါရေန ပန ပဌမစိတ္တေနပိ ဃဋ္ဋနာ ဗလ၀တီ ဟောတီတိ အဋ္ဌကထာယံ ဥပတ္ထမ္ဘနကိစ္စံ နတ္တီတိ ဝုတ္တံ သိယာ၊ သဗ္ဗမေတံ ဝိမံသိတွာ ဂဟေတဗ္ဗံ"ဟု မိန့်သည်။
အနုဋီကာ မြန်မာပြန်။ ။ ပထမစိတ်ကြောင့်လည်း ထိခိုက်ခြင်းကိစ္စ ပြီးနိုင်သည်ကား မှန်ပါ၏။ သို့သော် တစ်ခုသော အက္ခရာ၏ပင် များစွာထပ်၍ ဖြစ်ရခြင်းအားဖြင့် အနည်းငယ် ထူးခြားချက် ရှိရမည်သာ။ ထို့ကြောင့် ရှေ့ဇောတို့ကြောင့် ဖြစ်ရကုန်သော ထိခိုက်ခြင်းတို့မှ ရအပ်သော အာသေဝနရှိသော သတ္တမဇောကြောင့် ဖြစ်သော ထိခိုက်ခြင်းသည် ထင်ရှားသော အက္ခရာအသံကို ဖြစ်စေနိုင်၏။ ထို့ကြောင့် ဥပတ္ထမ္ဘနကိစ္စ မရှိဟု ဆိုခြင်းငှာ မတတ်ကောင်း။ (ဥပတ္ထမ္ဘနကိစ္စ ရှိရမည်သာ-ဟူလို။)
နတ္ထိ၊ မရှိ။ အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ (မရှိဘူး, ရှိတယ် ဆိုတာကို။) ဝိစာရေတွာ၊ စူးစမ်း စိစစ်၍။ ဂဟေတဗ္ဗံ၊ မှတ်ယူထိုက်၏။