ကာယကမ္မဒွါရကထာဝဏ္ဏနာ
ကာယကမ္မဒွါရကထာအဖွင့်
ကာယကမ္မဒွါရကထာဝဏ္ဏနာ
ကာယကမ္မဒွါရကထာအဖွင့်
**၁။ ဒေသန္တ ရုပ္ပတ္တိဟေတုဘာဝေန**။ ။လှုပ်ခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ နောက်ထပ်ဥပါဒ်ခြင်းတည်း။ ထိုသို့ နေရာပြောင်း၍ ဥပါဒ်ရခြင်းမှာလည်း ရှေးရှေးရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ အစွမ်းကြောင့်တည်း။ တိုသို့ နေရာပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူအများက "လှုပ်ရှားခြင်း"ဟု ထင်မြင်ကြသည်။
၊ အရပ်တစ်ပါး၌ ဥပါဒ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့်။
စာလေတုံ၊ လှုပ်ရှားစေခြင်းငှာ။
ယဒိပိန သက္ကောတိ၊ အကယ်၍မူလည်း မစွမ်းနိုင်ပါပေ။
တထာပိ၊ ထိုသို့ မစွမ်းနိုင်ပါသော်လည်း။
သာ၊ ထို ဝါယောဓာတ်ကို။
ဝိညတ္တိဝိကာရ သဟိတာဝ၊ ဝိညတ်ဟူသော ဝိကာရရုပ်နှင့် တကွဖြစ်၏ ဟူ၍သာ။
ဝေဒိတဗ္ဗာ၊ ၏။**၁။န ဟိ ရူပံ။ ပ။ အတ္ထိ**။ ။ "ပရမတ္ထတော အဘာပံ ဒဿေဿေ"ဟူသော ဧရှေ့စကား၏ အကြောင်းပြ ဖြစ်၏။ "န စိတ္တသမုဋ္ဌာနာ"ဟူသော စကားသည် ဝိညတ်၏ ပရမတ္ထရုပ်အစစ် မဟုတ်ကြောင်းကို ပြသောစကားတည်း။ အဘယ်ကြောင့် ထိုသို့ သိနိုင်သနည်း။ "န စိတ္တ သမုဋ္ဌာနာ"ဟူသော စကားဖြင့် "ဝိညတ်သည် အပစ္စယတည်း"ဟု ဆိုရာရောက်၏။ ရုပ်မှန်လျှင်လည်း အပစ္စရုပ်ဟူ၍ မရှိ။ ထို့ကြောင့် "န စိတ္တသမုဋ္ဌာနာ"ပါဌ်ဖြင့် ဝိညတ်၏ မရမတ္ထရုပ်အစစ် မဟုတ်ကြောင်းကို ပြသည်-ဟု သိနိုင်ပါသည်-ဟူလို။
ဟိ၊ မှန်။
(တစ်နည်းကသ္မာ န စိတ္တသမုဋ္ဌာနာတိ ဧတေန ဝိညတ္တိယာ ပရမတ္ထတော အဘာဝံ။
ဒဿေတိ၊ ၏။
ဣတိ။
ဝိညာယတိ၊ နည်း။)
ဟိ (ယသ္မာ။)
ရူပံ၊ ရုပ်အစစ်မှန်လျှင်။
အပ္ပစ္စယံ၊ အကြောင်းမရှိသောရုပ်သည်။
န အတ္ထိ။
**၁။ န စ နိဗ္ဗာနဝန္နော။ပ။အတ္တီတိ**။ ။ ဝိညတ်ရုပ်သည် နိဗ္ဗာန်ကဲ့သို့ နိစ္စဖြစ်သော အပ္ပစ္စယတရား မဖြစ်နိုင်ပါလော-ဟု ထပ်၍မေးဖွယ်ရှိသောကြောင့် "န စ" စသည်မိန့်။ နိဗ္ဗာန်မှတစ်ပါး နိစ္စဖြစ်သော ပရမတ္ထံတရားမရှိသောကြောင့် ဝိညတ်ကို အပ္ပစ္စယဟုလည်း မဆိုနိုင်ပါ-ဟူလို။
နိဗ္ဗာနဝဇ္ဇော၊ နိဗ္ဗာန်သည် ကြဉ်အပ်သော။
နိစ္စော၊ မြဲသော။
အတ္ထော စ၊ ပရမတ္ထ သည်လည်း။
န အတ္ထိ။
ဣတိ၊ ကြောင့်။
(န စိတ္တသမုဋ္ဌာနာတိဧတေန။ပ။
ဒဿေတိ၊ ဣတိ။
ဝိညာယတိ၊ ၏။)**၂။ ဝိညတ္တိတာယာတိ**။ ။ "ဝိညတ္တိဗဟုလာ, ယာစနဗဟုလာ"ဟူသော ပါဌ်၌ ဝိညတ္တိသဒ္ဒါသည် တောင်းခြင်းအနက်ကို ဟောသကဲ့သို့ ဤ၌လည်း တောင်းခြင်းအနက် ဟောလေလား-ဟု ယုံမှားဖွယ်ရှိသောကြောင့် "ဝိညတ္တိတာယ"ကို "ဝိညတ္တိဝိကာရတာယ"ဟု ဖွင့်သည်။ ထိုဝိညတ်သည် ပရိယာယ်အားဖြင့် (ဌာနူပစာရအားဖြင့်) စိတ္တသမုဋ္ဌာန် အမည်ရသကဲ့သို့ မဟာဘုဟ်တို့၏ ဝိကာရဖြစ်သောကြောင့် မဟာဘုတ်တို့ကို စွဲမှီ၍သာ ထင်ရှားရကား ဥပါဒါရုပ် အမည်ကိုလည်း ရနိုင်သည်။
၊ ကား။
ဝိညတ္တိဝိကာရတာယ၊ ဝိညတ်ဟူသောဝိကာရ၏ အဖြစ်ကြောင့်။
(စိတ္တသမုဋ္ဌာနာ နာမဟောတိ-၌ စပ်။
ဝိညတ္တိယာ၊ ၏။)ကာရေတိ မညေတိ ဧတေန
၃။ ဧတေန။ပ။ ဒဿေတိ။ ။ဝိညတ်ကိုသိသော ဝီထိကိုပြရာ၌ (၁)ရူပါရုံကိုသိသော ဝီထိ, (၂)ထိုအတိတ် ရူပါရုံကိုသိသော တဒနုဝတ္တိက မနောဒွါရဝီထိ, (၃)ဝိညတ်ကိုသိသော မနောဒွါရဝီထိ, (၄)အလိုဆန္ဒ (ဘာဝ)ကိုသိသော မနောဒွါရဝီထိဟု ဝီထိအစဉ် ၄-မျိုးရှိ၏။ ထိုတွင်-ဝဏ္ဏဂ္ဂဟဏာနုသာရေနဖြင့် ၁-၂-ဝီထိတို့သို့ အစဉ်လိုက်ပုံကို ပြ၏။ ဂဟိတာယ ဝိညတ္တိယာဖြင့် (၃) ဝီထိကို ပြ၏။ ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇာနနေနဖြင့် (၄) ဝီထိကို ပြသည်။
ရူပံ ပထမစိတ္တေန၊ တီတံ ဒုတိယ စေတသာ။ တတိယေန ကု ဝိညတ္တိံ ၊ ဘာဝံ စတုတ္ထစေတသာ။
၊ ဖြင့်။ (ဝိညာ တတ္တံဒဿေတိ- ၌စပ်။) ဝဏ္ဏဂ္ဂဟဏာနုသာရေန၊ အဆင်းကို ယူကြောင်းဖြစ်သော စက္ခုဒွါရဝီထိ, မနောဒွါရဝီထိကို အစဉ်လိုက်သဖြင့်။ ဂဟိတာယ၊ ယူအပ်သော။ (သိအပ်သော။) ဝိညတ္တိယာ၊ ဝိညတ်ကြောင့်။ ယံ ကရဏံ၊ အကြင်အမူအရာကို။ (အကြင်အလိုဆန္ဒကို။) ဝိညာတဗ္ဗံ၊ သိနိုင်၏။ တဿ၊ ထိုအမူအရာကို။ (ထို အလိုဆန္ဒကို။) ဝိဇာနနေန၊ သိခြင်းအားဖြင့်။ ဝိညတ္တိယာ၊ ၏။ ဝိညာတတ္တံ၊ သိအပ်သည်၏အဖြစ်ကို။ ဒဿေတိ၊ ၏။**၁။ ဂဟဏံ**။ ။ "စလန ဝိကာရဿ ဂဟဏံ" စသည်ဖြင့် ဂဟဏ- ဟုလာသမျှ၌ ယူကြောင်း ဝီထိဟု မှတ်ပါ။ "ယူ" ဟူသည် ဝီထိစိတ်ဖြင့် သိခြင်းတည်း။ ဂယှတိ ဧတေနာတိ ဂဟဏံ-ယူကြောင်း ဝီထိစိတ်။
၊ ယူခြင်းသည်။ (သိခြင်းသည်။)
န(ကိစ္စံ)၊ ကိစ္စမဟုတ်။
[စက္ခုဝိညာဉ်က အလိုဆန္ဒ အဓိပ္ပာယ်ကိုလည်းကောင်း၊ ဝိကာရ ဝိညတ်ကိုလည်းကောင်း မသိနိုင်-ဟူလို]**၁။ အဝိညာယမာနန္တရေန**။ ။ အဝိညာယမာနံ+အန္တရံ ယဿာတိ အဝိညာယ မာနန္တရံ-စက္ခုဝိညာဏဝီထိမှ မှ မသိအပ်သော အထူးရှိသော မနောဝိညာဉ်။ စက္ခုဝိညာဏဝီထိနှင့် မာနေဝိညာဏဝီထိ ဟု ၂-မျိုး ကွဲပြားပုံကို မသိရသော (စက္ခုဝိညာဏဝီထိဟုပင် ထင်ရသော) မနောဝိညာဏဝီထိ။
၊ မသိအပ်သော အထူးရှိသော။ (စက္ခုဝိညာဏ ဝီထိမှ အထူးကိုမသိနိုင်သော။)
မနောဒွါရဝိညာဏေန၊ မနောဒွါရဝိညာဉ်ဖြင့်။
ဂဟိတေ၊ ယူအပ်ပြီးသော်။
ဝါ၊ ယူအပ်ပြီးမှ။ (ဝိကာရဟူသော ဝိညတ်ကိုသိပြီးမှ။)
ဧဝ (ဧသော)၊ ဤသူသည်။
ဣဒံ၊ ဤအမှုကို။
ကာရေတိ၊ ပြုစေလို၏။
အယံ၊ ဤအလိုသည်။
အဿ၊ ထိုသူ၏။
အဓိပ္ပာယော၊ အလိုတည်း။
ဣတိ၊ သို့။
ဝိဇာနနံ၊ သိခြင်းသည်။
ဟောတိ။(ကိမိဝ၊ အဘယ်ကဲ့သို့နည်း။)
၂။ တာလပဏ္ဏာဒိ။ပ။ဝိယ။ ။ "တာလပဏ္ဏာဒိရူပါနိ ဒိသွာ"ဖြင့် ဒက္ခုဒွါရဝီထိ, တဒနုဝတ္တိက အတီတဂ္ဂဟဏ မနောဒွါရဝီထိတို့ကို ပြ၏။ "တဒနန္တရပ္ပဝတ္တာယ မနောဒွါရဝီထိယာ"ဖြင့် တာလပဏ္ဏနှင့် ဥဒက တို့၏ တကွဆက်စပ်ပုံ အခြင်းအရာကို သိသော ဝီထိ, တာလပဏ္ဏသည် ထိုရေ စသည်ရှိကြောင်း သိစေနိုင်သော အမှတ်အသား-ဟု သိသော ဝီထိများကို ပြ၏။ ။ ဥဒကာဒိဂ္ဂဟဏံဖြင့် ဥဒကာဒိ ရေကိုသိသော ဝီထိကို ပြသည်။ ဤ၌ ရေကိုသိသော ဝီထိသည် အလိုဆန္ဒကို သိ သိသော ဝီထိမျိုးတည်း။ ဥဒကာဒိသဟစာရိပ္ပကာရ-တံ သညာဏာကာရ ဂဟဏဝီထိသည် ဝိညတ်ကို သိသော ဝီထိမျိုးတည်း။
မှတ်ချက်။ ။ဤဝီထိ၌ ဥဒကာဒိ သဟစာရိပ္ပကာရကို သိသော ဝီထိတစ်မျိုး၊ တံသညာဏာကာရကိုသိသော ဝီထိတစ်မျိုးဟု မနောဒွါရဝီထိ ၂-မျိုး ရှိနိုင်သကဲ့သို့ ဝိညတ်ကို သိရာ၌လည်း လက်လှုပ်ခြင်းနှင့် လာစေလိုခြင်း၏ ဆက်သွယ်မှု သမ္ဗန္နကိုသိသော ဝီထိ တစ်မျိုးလည်း ရှိရသေးသည်-ဟု မှတ်ပါ။ ထိုဝီထိကား "ရူပံ ပထမ စိတ္တေနစသော ဂါထာ၌မပါ။
တာလပဏ္ဏာဒိရူပါနိ၊ ထန်းရွက်အစရှိသည်တို့၏ အဆင်းတို့ကို။ ဒိသွာ၊ မြင်ပြီး၍။ တဒနန္တရပ္ပဝတ္တာယ၊ ထို မြင်ခြင်း၏ အခြားမဲ့၌ဖြစ်သော။ အဝိညာယမာနန္တရာယ၊ မသိအပ်သော အထူးရှိသော။ (စက္ခုဝိညာဏဝီထိမှ အထူးကို မသိနိုင်သော။) မနောဒွါရဝီထိယာ၊ ဖြင့်။ **တာလပဏ္ဏာဒီနံ** `` **၁။ တာလပဏ္ဏာဒိ, ဥဒကာဒိ**။ ။ တာလပဏ္ဏာဒိ၌ အာဒိဖြင့် အဋ္ဌကထာ၌ ပြအပ်သော ဓဇ၊ သာခါစလန၊ ပုဗ္ဗူဠက၊ ဥဿရိတတိဏပဏ္ဏကသဋ တို့ကိုယူပါ။ ဥဒကာဒိ၌ အာဒိဖြင့် သုရာ၊ ဝါတပ္ပဟတ၊ မစ္ဆ၊ သြဃတို့ကို ယူပါ။ [သဉ္ဇာနာဘိ ဧတေနာတိ သညာဏံ- ရေ အစရှိသည်တို့ကို သိကြောင်း အမှတ်အသား။ တဿဥဒကာဒိနော သညာဏံ၊ တဿ၊ အာကာ ရောတံသညာဏာကာရော၊ ဥဒကာဒိသဟစာရိပ္ပဘာရော စ+သော+တံသညာဏာကာရော စာတိ ဥဒကာပ။ ကာရော။-အနု။] `` ၊ တို့၏။ **ဥဒကာဒိ** `` **၁။ တာလပဏ္ဏာဒိ, ဥဒကာဒိ**။ ။ တာလပဏ္ဏာဒိ၌ အာဒိဖြင့် အဋ္ဌကထာ၌ ပြအပ်သော ဓဇ၊ သာခါစလန၊ ပုဗ္ဗူဠက၊ ဥဿရိတတိဏပဏ္ဏကသဋ တို့ကိုယူပါ။ ဥဒကာဒိ၌ အာဒိဖြင့် သုရာ၊ ဝါတပ္ပဟတ၊ မစ္ဆ၊ သြဃတို့ကို ယူပါ။ [သဉ္ဇာနာဘိ ဧတေနာတိ သညာဏံ- ရေ အစရှိသည်တို့ကို သိကြောင်း အမှတ်အသား။ တဿဥဒကာဒိနော သညာဏံ၊ တဿ၊ အာကာ ရောတံသညာဏာကာရော၊ ဥဒကာဒိသဟစာရိပ္ပဘာရော စ+သော+တံသညာဏာကာရော စာတိ ဥဒကာပ။ ကာရော။-အနု။] `` ။ပ။ တံသညာဏာကာရံ၊ ရေ အစရှိသည်တို့နှင့်တကွဖြစ်လေ့ရှိသည်၏ အဖြစ်ဟူသော အပြား, ထို ရေအစရှိသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို။ ဂဟေတွာ။ ဥဒကာဒိဂ္ဂဟဏံ ဝိယ၊ ရေ အစရှိသည်တို့ကိုယူခြင်း ကဲ့သို့တည်း။ ဝါ၊ ရေ အစရှိသည်တို့ကို သိရခြင်းကဲ့သို့တည်း။**၂။ ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏံ**။ ။ဤစကားအရ ဝီထိတစ်မျိုး တိုးလာပြန်၏။ တောထဲ၌ ရေရှိ၏ဟူသော အထိမ်းအမှတ်ကိုပြသော ထန်းရွက်ကိုမြင်လျှင် ရေနှင့်ထန်းရွက်တို့ ဆက်သွယ်ခြင်းကို ရှေးက သိဖူး၏။ ထို သိအပ်ဖူးသော ဆက်သွယ်မှုကို ပြန်၍ သတိရသော ဝီထိသည် ပုရိမသိဒ္ဓ သမ္ဗန္ဓဂ္ဂဟဏဝီထိပင်တည်း၊ လက်ယပ်လိုက်လျှင် လာစေလို၏ ဟူသော ရှေးက အဆက်အသွယ်ကို ပြန်၍ သတိရခြင်း၌လည်း နည်းတူ။
၊ ရှေး၌ပြီးပြီးသော အဆက်အသွယ်ကိုယူကြောင်း ဝီထိသည်။
ဥပနိဿယော၊ အားကြီးသော မှီရာ အကြောင်းသည်။
ဟောတိ။
ဣတိ၊ သို့။
ဒဋ္ဌဗ္ဗံ၊ ၏။**၁။ အထ ပန**။ ။ရှေးနည်းမှ တစ်နည်းပြသော စကားတည်း။ ရှေ့နည်း၌ "မနေဝိညာဏေန ဂဟိတေ တသ္မိံ။ပ။စောပနသင်္ခါတေ" ဟူသော စကားဖြင့် ဝိညတ်ဟူသော ဝိကာရကို မနောဝိညာဉ်ဖြင့် တိုက်ရိုက်အာရုံပြု၍ သိအပ်ကြောင်းကို ပြ၏။ ဤနည်း၌ကား တိုက်ရိုက် အာရုံမပြုဘဲ အနုမာနအားဖြင့် သိကြောင်းကိုပြ၏။ [ အထ ပနာတိ အာဒိနာ ဝိညတ္တိယာ အနုမာနေန ဂတေတဗ္ဗတံ ဒဿေတိ။-အနု။ ]
၊ သို့မဟုတ်။
(တစ်နည်းကား)
**၂။ အနာလမ္ဗိတာပိ။ပ။ဝသေန**။ ။ "ဝိညတ်သည် တိုက်ရိုက်အာရုံမပြုအပ်သော်လည်း ကာယိကကရဏ (ကာယဒွါရ၌ဖြစ်သော အမူအရာဟူသော အလိုကို)ယူသော ဝီထိအား ကျေးဇူးပြုနိုင်၏"ဟု ဆိုရာ၌ အဘယ်နည်းဖြင့် ကျေးဇူးပြုနိုင်သနည်း-ဟု မေးဖွယ်ရှိ၍ "ပုရိမ။ပ။ဝသေန"ဟု မိန့်သည်။ [ ရှေ့၌ပြခဲ့သော "ပုရိမသိဒ္ဓသမ္ဗန္နဂ္ဂဟဏံ ဥပနိဿယော"ကိုပင် "ပုရိမသိဒ္ဓသမ္ဗန္ဓ ဂ္ဂဟဏောပနိဿယဝသေန"ဟု ဆိုသည်။] "လာစေလိုလျှင် လက်ယပ်၏" ဟု လာစေလိုခြင်းနှင့် လက်ယပ်ခြင်း၏ ဆက်သွယ်ပုံကို ပြန်၍သိသော ဝီထိက ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုခြင်း ဟူသော အစွမ်းကြောင့် ဝိညတ်သည် အာရုံ မပြုအပ်ဘဲလျက် ကာယိက အမူအရာ ဟူသော အလိုကို သိခြင်း၏ အကြောင်းဖြစ်နိုင်ပါသည်။
အနာလမ္ဗိတာ၊ အာရုံမပြုအပ်သည်။
(သမာနာ) ပိ၊ သော်လည်း။
ဝါ၊ သော။
ဝိညတ္တိ၊ ဝိညတ်သည်။(ပစ္စယော- ၌ စပ်။)
ကာယိကကရဏဂ္ဂဟဏဿ စ၊ ကာယဒွါရ၌ဖြစ်သော အမူအရာဟူသော အလိုကိုယူကြောင်း ဝီထိအားလည်း။
ပုရိမ။ပ။
ဝသေန၊ ရှေး၌ ပြီးပြီးသော အဆက်အသွယ်ကိုယူခြင်း၏ ဥပနိဿယ၏ အစွမ်းဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
(ဟောတိ။
ကသ္မာ၊ နည်း။)
**၃။ သာဓိပ္ပာယ။ပ။အဘာဝတော**။ ။ ["အဓိပ္ပာယသဟိတ ဝိကာရေန သဟဇာတ"ဟု အနုဖွင့်သောကြောင့် "သာဓိပ္ပာယဝိကာရသဟဘူတ"ဟု ပါဌ်ရှိသင့်၏။ ယခုစာအုပ်များ၌ သဟ မပါ။] လက်ယပ်၍ခေါ်ရာ၌ လက်၏အဆင်းဝယ် ဝိညတ်ဟူသော ဝိကာရနှင့်တကွဖြစ်သည်ကို "ဝိကာရသဟဘူတဝဏ္ဏ"ဟု ဆိုသည်။ ထိုဝိကာရ၌ အလိုနှင့်တကွဖြစ်သည်ကို "သာဓိပ္ပာယဝိကာရ" ဟုဆိုသည်။ ထိုအဆင်းကိုသိသော စက္ခုဝိညာဏ တဒနုဝတ္တိက ၂-ဝီထိ၏ အခြားမဲ့၌ဖြစ်သော အလိုကိုသိသော ဝီထိသည် ဝိညတ်ဟူသော ဝိကာရမရှိလျှင် မနဖြစ်နိုင်။ ထို့ကြောင့် ဝိညတ်ဟူသော ဝိကာရသည် (အာရုံမပြုအပ်သော်လည်း) ကာယိကကရဏအား ပကတူပနိဿယသတ္တိဖြင့်ကျေးဇူးပြုသည်-ဟူလို။ [ဤစကားအရ "အလိုကိုသိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိအပ်သည်"ဟု ပြသည်။]
သာဓိပ္ပာယဝိကာရသဟဘူတ-ဝဏ္ဏဂ္ဂဟဏာနန္တ ရံ၊ အလိုနှင့်တကွဖြစ်သော ဝိကာရနှင့်တကွဖြစ်သော အဆင်းကို ယူကြောင်း ဝီထိ၏ အခြားမဲ့၌။
ပဝတ္တမာနဿ၊ ဖြစ်သော။
အဓိပ္ပာယဂ္ဂ-ဟဏဿ၊ အလိုကိုယူကြောင်း ဝီထိ၏။
အဓိပ္ပာယသဟဘူဝိကာရာဘာဝေ၊ အလိုနှင့်တကွဖြစ်သော ဝိကာရ၏ မရှိခြင်းသည်။
(သတိ။)
အဘာဝတော၊ မဖြစ်နိုင်ခြင်းကြောင့်တည်း။
ဧဝံ သတိ
**၁။ ဧဝံ သတိ**။ ။ "ဝိညတ်၏ မှန်းဆ၍ သိအပ်သည်၏အဖြစ်ဟူသောအနက်ကို နိဂုံးအနေ အားဖြင့် ပြလို၍ "ဧဝံ သတိ"စသည်ကို မိန့်သည်။ ထန်းရွက် စသည်တို့၏ အဆင်းကို သိသော ဝီထိ၏ အခြားမဲ့၌ ရေကိုသိသော ဝီထိဖြစ်ခြင်းအားဖြင့် "ထန်းရွက်သည် ရေရှိခြင်း၏ အထိမ်းအမှတ်ဖြစ်၏" ဟူသော အခြင်းအရာကို အထူးအားရုံမပြုအပ်သော်လည်း ထင်ရှားပြီး ဖြစ်သကဲ့သို့ လက်ယပ်၍ခေါ်ရာဝယ် လက်၏ အဆင်းကို သိကြောင်းဝီထိ၏ အခြားမဲ့၌ အဓိပ္ပာယဂ္ဂဟဏဝီထိ၏ ဖြစ်ခြင်းအားဖြင့် ဝိညတ်လည်း အနုမာနအားဖြင့် ထင်ရှားပြီးဖြစ်၏။ ထို့ကြောင့် "ဣဒဉ္စိဒဉ္စ ကာရေတိ မညေ"ဟူသောစကားဖြင့် အလိုကို သိမှုကြောင့်ပင် ဝိညတ်လည်း အနုမာနအားဖြင့် ထင်ရှားပြီး သိအပ်ပြီး ဖြစ်ခြင်းကို အဋ္ဌကထာ၌ ဆိုအပ်ပါသည်-ဟူလို။
၊ သော်။
ဝဏ္ဏဂ္ဂဟဏာနန္တ ရေန၊ ထန်းရွက် အစရှိသည်တို့၏ အဆင်းကိုယူကြောင်း (သိကြောင်း) ဝီထိ၏ အခြားမဲ့ဖြစ်သော။
ဥဒကာဒိဂ္ဂဟဏေနေဝ၊ ရေ အစရှိသည်ကိုယူကြောင်း (သိကြောင်း) ဝီထိဖြင့်ပင်။
တာလ။ ပ။
ကာရော၊ ထန်းရွက် အစရှိသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာသည်။
(ပါကဋော) ဝိယ၊ ကဲ့သို့။
(ဧဝံ၊ တူ။)
ဝဏ္ဏဂ္ဂဟဏာနန္တ ရေန၊ အဆင်းကိုယူကြောင်း (သိကြောင်း) ဝီထိ၏ အခြားမဲ့ဖြစ်သော။
အဓိပ္ပာယဂ္ဂဟဏေနေဝ၊ အလိုကိုယူကြောင်း (သိကြောင်း) ဝီထိဖြင့်ပင်။
ဝိညတ္တိ၊ သည်။
ပါကဋာ၊ သည်။
ဟောတိ၊ ၏။
ဣတိ၊ ကြောင့်။
ဣဒဉ္စိ။ပ။
မညေတိ၊ ဟူသော ပါဌ်ဖြင့် (ဝုတ္တာ-၌ စပ်။)
အဓိပ္ပာယ ဝိဇာနနေနေဝ၊ အလိုကို သိခြင်းဖြင့်ပင်။
ဝိညတ္တိယာ၊ ၏။
ဝိညာတတာ၊ သိအပ်သည်၏အဖြစ်ကို။
(သင်္ဂဟကာရေန။)
ဝုတ္တာ၊ ပြီ။**၂။ သဘာဝဘူတံ တံ**။ ။သဘာဝဘူတံကို "အနွတ္ထဘူတံ"ဟု အနုဋီကာဖွင့်၏။ ဝိညတ်ကို တိုက်ရိုက် အာရုံမပြုအပ်သောအခါ "ဝိညာပေတီတိ ဝိညတ္တိ၊ ဝိညာယ တီတိ ဝိညတ္တိ"ဟူသောအနက်သည် မဖြစ်နိုင်-ဟု ယူဆဖွယ်ရှိသောကြောင့် ထိုအခါ၌လည်း "ဝိညာပေတီတိ ဝိညတ္တိ, ဝိညာယတီတိ ဝိညတ္တိ" ဟူသော ၂-ပါး အပြားအားဖြင့်ပင် ဝိညတ္တိအမည်ဖြစ်နိုင်၏-ဟု ပြလို၍ "သဘာဝဘူတံ တံ ဒွိဓာ ဝိညတ္တိ ဘာဝံ"ဟု မိန့်သည်။ ထို ၂-ပါးသော အနွတ္ထအနက်ကို "သမ္မုခီ။ပ။ယေဝ နာမ ဟောတိ"ဟူသော စကားက သိစေပါသည်-ဟူလို။
၊ အစစ်အမှန် သဘောဖြစ်၍ ဖြစ်သော။ (အနွတ္ထဖြစ်၍ ဖြစ်သော။)
တံ ဝိညတ္တိဘာဝံ၊ ထိုဝိညတ်၏အဖြစ်ကို။
ဝါ၊ ထို ဝိညတ္တိဟူသောအမည်ကို။
ဒွိဓာ၊ ဝိညာပေတီတိ ဝိညတ္တိ, ဝိညာယတီတိ ဝိညတ္တိဟူသော ၂-ပါး အပြားအားဖြင့်။
သာဓေတိ၊ ပြီးစေ၏။**၁။ ဒွါရန္တ ရစာရိနော။ပ။န သိယာ**။ ။ [ဒွါရန္တရဘာဝေန ပဝတ္တနကာ။] ဒွါရတို့သည် မူလဒွါရမှတစ်ပါး အခြားဒွါရတစ်မျိုးအဖြစ်ဖြင့် ပြောင်းလွဲ၍ဖြစ်ကြလျှင် ကာယဒွါရသည် ဝစီဒွါရ ဖြစ်လိုက်, မနောဒွါရဖြစ်လိုက်၊ ဝစီဒွါရကလည်း ကာယဒွါရဖြစ်လိုက်, ဤသို့ စသည်အားဖြင့် ဒွါရသမ္ဘေဒ (ဒွါရ အရောရော အနှောနှော) ဖြစ်နေခြင်းကြောင့် ပါဏာတိပါတဟူသော ကာယကံသည်ပင် ဝစီကံ အမည် ရလိုက်၊ မနောကံ အမည်ရလိုက် ဤသို့အားဖြင့် ကံလည်း အရောရောအနှောနှော ဖြစ်ရကား ဒွါရဖြင့် ကံကို အမြဲသတ်မှတ်လျက် နာမည်တပ်၍လည်းမဖြစ်၊ ကံဖြင့် ဒွါရကို အမြဲသတ်မှတ်လျက် နာမည်တပ်၍လည်း မဖြစ်တော့။
ဒွါရန္တရစာရိနော၊ ဒွါရတစ်ပါး ၌ ဖြစ်လေ့ရှိကုန်သည်။ (ဒွါရတစ်ပါး၏အဖြစ်ဖြင့် ဖြစ်လေ့ရှိကုန်သည်။)
ယဒိ ဟောန္တိ၊ (ဧဝံ ဟောန္တေသု။)
ဒွါရသမ္ဘေဒါ၊ ဒွါရတို့၏ ရောစပ်ခြင်းကြောင့်။
ကမ္မသမ္ဘေဒေါပိ၊ ကံတို့၏ ရောစပ်ခြင်းသည်လည်း။
(ဟောတိ။)
ဣတိ၊ ကြောင့်။
ကာယကမ္မံ၊ ကာယကံ။ (ကာယဒွါရ၌ဖြစ်သောကံ။ )
ကာယကမ္မဒွါရံ၊ ကာယ ကမ္မဒွါရ။
ဣတိ၊ သို့။
အညမညဝ ဝတ္ထာနံ၊ အချင်းချင်း ပိုင်းခြား သတ်မှတ် နာမည်တပ်ခြင်းသည်။
န သိယာ။
**၂။ ကမ္ဘာနံပိ ကမ္မန္တရစရဏေ**။ ။ ကာယကံက ဝစီကံအဖြစ် မနောကံအဖြစ်သို့ ပြောင်းလွဲ ပြန်လျှင်လည်း ကံအချင်းချင်း အရောရောအနှောနှော ဖြစ်ခြင်းကြောင့် ထိုကံဖြင့် ဒွါရတို့ကို အမြဲသတ်မှတ်လျက် (ကာယကမ္မဒွါရ-စသော)နာမည်တပ်၍ မဖြစ်နိုင်တော့ရကား "ကမ္မာနံပိ။ပ။ဧဿေဝ နယော"ဟု ဆိုသည်။
ကမ္မာနံပိ၊ တို့၏လည်း။
ကမ္မန္တရစရဏေ၊ ကံတစ်ပါးဝယ် လှည့်လည်ခြင်း၌ (ကံတစ်ပါး၏ အဖြစ်ဖြင့် ဖြစ်ခြင်း၌။)
ဧသေဝနယော။**၃။ ယဒိ ပန။ပ။သုဋ္ဌုတရံ သိယာ**။ ။ ဤဝါကျ၌ "ကမ္မန္တရစရဏ"ဟူသည် ဒွါရက ကံတစ်မျိုး အမှတ်အသား ဖြစ်ခြင်းတည်း။ [ကမ္မန္တ ရစရဏန္တိကမ္မန္တ ရူပလက္ခဏဘာ။] ထို့ကြောင့် "ဒွါ ရဘာဝေန"ဟု ဝိသေသနပြုသည်။ ဆိုလိုရင်းကား-ဒွါရတို့က အခြားဒွါရ၌ဖြစ်သော ကံ၏အမှတ်အသား မဖြစ်လျှင်လည်းကောင်း၊ ကံတို့လည်း အခြား ဒွါရ၌ မဖြစ်လျှင်လည်းကောင်း ကံဖြင့် ဒွါရကို သတ်မှတ်ခြင်း၊ ဒွါရဖြင့် ကံကိုသတ်မှတ်ခြင်းသည် "သုဋ္ဌုတရ-အလွန်ရှင်းလင်းပြတ်သားစရာ ရှိပါပေသည်"ဟူလို။
ပန၊ ဆက်။
ဒွါရာနံပိ၊ တို့၏လည်း။ (ပိဖြင့် ကံတို့ကို ပေါင်း။)
ဒွါရဘာဝေန၊ ဒွါရ၏ အဖြစ်ဖြင့်။
ကမ္မန္တရစရဏံ၊ ကံတစ်ပါး၌ ဖြစ်ခြင်းသည် လည်းကောင်း။
ကမ္မာနံ၊ တို့၏။
ဒွါရန္တရစရဏံ စ၊ ဒွါရတစ်ပါး၌ ဖြစ်ခြင်းသည် လည်းကောင်း။
ယဒိ န သိယာ၊ (ဧဝံ သတိ။)
သုဋ္ဌုတရံ၊ သာ၍ ကောင်းစွာ။ (အတိုင်းထက် အလွန်။)
ကမ္မဒွါရဝ ဝတ္ထာနံ၊ ကံ, ဒွါရတို့ကို ပိုင်းခြားသတ်မှတ်နာမည်တပ်ခြင်းသည်။
သိယာ၊ ၏။***၁။ ယသ္မာပန။ပ။ဝဝတ္ထိတာနိ**။ ။ ဒွါရတစ်ခု၌ကား အခြားဒွါရများသည် မဖြစ်နိုင်ကြ။ ကာယဒွါရသည် ၀စီဒွါရ မနောဒွါရ မဖြစ်နိုင်၊ ဤသို့စသည်ဖြင့် ဒွါရကခိုင်မြဲသည်-ဟူလို။ ထို့ကြောင့် အပြောင်းအလွဲမရှိသော ဒွါရတို့ဖြင့် ကံတို့ကို အမြဲသတ်မှတ်၍ နာမည်တပ်ရသည်။ ["ကာရဏဘူတေဟိ"၏ အဓိပ္ပာယ်ကား-ဝိညတ်ဟူသော ဒွါရသည် ကံဟူသော စေတနာအား ၂၄-ပစ္စည်းတွင် တစ်စုံတစ်ခုသော ပစ္စည်းအဖြစ်ဖြင့်မျှ ကျေးဇူးမပြုနိုင်။ သို့သော် ကာယဝိညတ်ဖြစ်မှ (ဓားကို လက်ဖြင့်ကိုင်၍ ခုတ်လိုက်မှ) ပါဏာတိပါတကံ အထမြောက်သောကြောင့် ထိုဝိညတ်သည် ပါဏာတိပါတကံ အထမြောက်ခြင်း၏ အကြောင်းဖြစ်သည်-ဟုဆိုလိုသည်။]
၊ ပိုင်းခြားသတ်မှတ်၍ နာမည်တပ်အပ်ကုန်ပြီ။**၂။ န ကေဝလံ။ပ။ယုတ္တိယာ**။ ။ ကံတို့ကိုသာ ဒွါရတို့ဖြင့် သတ်မှတ်၍ နာမည်တပ်ရသည် မဟုတ်သေး၊ ဒွါရတို့ကိုလည်း ထိုကံတို့ဖြင့် (ကာယကမ္မဒွါရ စသည်ဖြင့်) သတ်မှတ်ရသည်။ ဤနည်းအားဖြင့် ကံနှင့်ဒွါရတို့ကို အချင်းချင်း ဝဝတ္ထာနပြုရသည်။ ထိုသို့ပြုရာ၌ အဋ္ဌကထာဝယ် ဆိုအပ်လတ္တံ့သော ယေဘုယျနည်း တဗ္ဗာဟုလ္လနည်းဟူသော ယုတ္တိအားဖြင့် သတ်မှတ်ရသည်။[ဝဝတ္ထာနေ+ယုတ္တိ-ဝဝတ္ထာနယုတ္တိ။]
ကေဝလံ။
ကမ္မာနေဝ၊ တို့ကိုသာ။
(ဝဝတ္ထိတာနိ၊ ကုန်သည်။)
န၊ မဟုတ်ကုန်သေး။
ပန၊ အဟုတ်ကား။
တေဟိ၊ ထိုကံတို့ဖြင့်။
ဒွါရာနိပိ၊ တို့ကိုလည်း။
(ဝဝတ္ထိတာနိ။)
ဣတိ ဧဝံ၊ သို့။
ကမ္မဒွါရာနိ၊ တို့ကို။
ယေဘုယျေန။ပ။
ဝုတ္တိတာယ စာတိ၊ ဟူ၍။
ဝုစ္စမာနာယ၊ ဆိုအပ်လတ္တံ့သော။
ဝဝတ္ထာနယုတ္တိယာ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်း၌ သင့်သောအကြောင်းအားဖြင့်။
အညမညံ၊ ချင်း။
ဝဝတ္ထိတာနိ၊ ကုန်ပြီ။**၁။ ကမ္မာန။ပ။ဒွါရေဟိ**။ ။ ကမ္မာနပေက္ခော+ကာယဒွါရာဒိဘာဝေါ ယေသန္တိ ကမ္မာနပေက္ခကာယဒွါရာဒိဘာဝါနိ(ဒွါရာနိ)၊ ကာယဒွါရ စသောအမည်သည် ကံကို မငဲ့ဘဲ သဘာဝအတိုင်း ရအပ်သောနာမည် ဖြစ်၏။ ထို ကာယဒွါရ စသောနာမည်တို့ဖြင့်ကံကို ကာယကံ စသည်ဖြင့် နာမည်တပ်ပြီးသောအခါ ထို ကာယကံ စသည်တို့က ဒွါရကိုပြန်၍ "ကာယ ကမ္မဒွါရ" စသည်ဖြင့် နာမည်တပ်ဖို့ရန် သတ်မှတ်နိုင်သောကြောင့် ကံတို့ဖြင့် ဒွါရတို့ကို သတ်မှတ်၍ မဖြစ်မဟုတ်၊ ဖြစ်သည်သာ။
ကမ္မာနပေက္ခကာယဒွါရာဒိဘာဝေဟိ၊ ကံကိုမငဲ့သော ကာယဒွါရ အစရှိသည်တို့၏ အဖြစ်ရှိကုန်သော။
ဒွါရေဟိ၊ တို့ဖြင့်။
ဝဝတ္ထိတာနံ၊ ပိုင်းခြား သတ်မှတ် နာမည်တပ်အပ်ပြီးကုန်သော။
ကာယကမ္မာဒီနံ၊ တို့၏။
ကာယ။ ပ။
ကရတ္တာ၊ ကာယကမ္မဒွါရ အစရှိသည်ကို ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းကို ပြုတတ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။**၂။ အထ ဝါ**။ ။ "ယေဘုယျေန ဝုတ္တိယာ, တဗ္ဗာဟုလ္လဝုတ္တိယာ"ဟူသော ဝဝတ္ထာနယုတ္တိမှ အခြားတစ်နည်းကိုပြလို၍ "အထ ဝါ" စသည်ကို မိန့်သည်။ ဤနည်း၌ ပါဏာတိပါတ ကံသည် ယေဘုယျနည်းအားဖြင့် ကာယကံ အမည်ရသည် မဟုတ်။ ကာယဒွါရဖြင့် မှတ်သားအပ်သော သဘောရှိသောကြောင့် ကာယကံအမည် ရ၏။ မှန်၏-ကာယကံသည် ဝစီဒွါရ စသော ဒွါရတစ်ပါး၌ ဖြစ်သော်လည်း ကာယဒွါရဖြင့် မှတ်သားအပ်(နာမည်တပ်အပ်) ပြီးသည်ဖြစ်၍ သာလျှင် လှည့်လည်ရကား သဘာဝအတိုင်းပင် ကာယကံဟူသော အမည်ကိုရသည်။ ထိုကံ၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကာယဝိညတ်လည်း ကာယ ကမ္မဒွါရ ဟူသောအမည်ကို ရသည်-ဟု ဆိုလိုသည်။ [အခြားကံ, အခြားဒွါရတို့၌လည်း နည်းတူ။]
၊ ကား။
ဒွါရန္တ ရေ၊ ဒွါရတစ်ပါး၌။
စရန္တာနိပိ၊ ဖြစ်ပါကုန်သော်လည်း။
ဝါ၊ ဖြစ်သည်လည်းဖြစ်သော ကံတို့သည်။
ကာယာဒီဟိ၊ ကာယဒွါရ အစရှိသည်တို့ဖြင့်။
ဥပလက္ခိတာနေဝ၊ အမြဲသတ်မှတ်အပ်ပြီးကုန်သည်သာလျှင်။ (ဟုတွာ။)
စရန္တိ၊ ကုန်၏။
(ကသ္မာ။)
ပါဏာတိပါတာဒီနံ၊ တို့၏။
**၃။ ဧဝံ သဘာဝတ္တာ။ပ။ဗောဓတော**။ ။ဤဟိတ်ကို "စရန္တိ "၌လည်းကောင်း၊ နောက်ကသဘာဝါဝဗောဓ၏ ဟိတ်ကူအဖြစ်ဖြင့်လည်းကောင်း မဓု၌ အစပ်၂-မျိုးပြ၏။ ဤ၌ နောက်အစပ်အတိုင်း အဓိပ္ပာယ်ပြမည်။ ပါဏာတိပါတ ကံ၏ ကာယဒွါရဖြင့် မှတ်သားအပ်သောသဘော (ထုံးစံ)ရှိခြင်းကို "ဧဝံသဘာဝ"ဟု ဆိုသည်။ ထိုသို့ သဘောရှိသည့်အတွက် ပါဏာတိပါတ အမှုကို စေခိုင်းခြင်းဖြင့် ပြောဆိုအပ်သူ (အစေအခိုင်းခံရသူ) ကလည်း ကိုယ်ဖြင့်ပြီးစေရမည့် ပါဏာတိပါတ သဘောကို သိနိုင်ခြင်း၊ မုသာဝါဒအမှုကို လက်ပြ၍ ပြောဆိုအပ် (စေခိုင်းအပ်) သူကလည်း နှုတ်ဖြင့်ပြီးစေရမည့် မုသား၏သဘောကို သိနိုင်ခြင်း ကြောင့် ပါဏာတိပါတ အမှုသည် ကာယဒွါရမှ တစ်ပါးသော ဝစီဒွါရ၌ ဖြစ်သော်လည်း ကာယဒွါရဖြင့် မှတ်သားအပ်ပြီးဖြစ်၍သာ လှည့်လည်ရ၏။ ဤသို့စသည်ဖြင့် သိပါ။
ဧဝံ သဘာဝတ္တာ၊ ဤသို့ သဘောရှိကုန်သည်၏ အဖြစ်ကြောင့်။
(ကာယဒွါရ အစရှိသည်တို့ဖြင့် အမြဲသတ်မှတ်နာမည်တပ်အပ်ပြီးသော သဘောရှိကုန်သည်၏ အဖြစ်ကြောင့်။)
ဝါ၊ အတွက်။
အာဏတ္တိ ဟတ္ထ ဝိကာရာဒီဟိ၊ စေခိုင်းခြင်း, လက်၏ ထူးခြားသော အမူအရာ အစရှိသည်တို့ဖြင့်။
ဝုစ္စမာနဿပိ၊ ပြောဆိုအပ်သူ (ပြအပ်သူ)၏လည်း။
ဝါ၊ သည်လည်း။
ကာယာဒီဟိ၊ သာဓေတဗ္ဗ သဘာဝါဝ ဗောဓတော၊ ကိုယ် အစရှိသော ဒွါရတို့ဖြင့် ပြီးစေထိုက်သော သဘောကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။
**၁။ တသ္မာ။ပ။အညမညဝဝတ္ထာနံ**။ ဤနည်းအရ အကျိုးဖလကို ပြလို၍ "တသ္မာ"စသည်မိန့်။ "တသ္မာ- ထိုသို့ဒွါရတစ်ပါး၌ ဖြစ်သော်လည်း ကာယ စသည်တို့ဖြင့် မှတ်သားအပ်ပြီးဖြစ်၍သာ ဖြစ်ခြင်းကြောင့်" ပါဏာတိပါတ ကံသည် ဝစီဒွါရ၌ ဖြစ်သော်လည်း ၀စီဒွါရက မိမိနာမည်ကို မပေး၊ ဝစီကံ မခေါ်စေရ-ဟူလို၊ ထိုပါဏာတိပါတကံသည်ပင် ဝစီဒွါရ၌ဖြစ်ရသော်လည်း မိမိ၏ ကာယကံဟူသော အမည်ကို ထိုဒွါရအားမပေး၊ ထိုဒွါရကို "ဝစီကမ္မဒွါရ"ဟုမခေါ်စေရ-ဟူလို။ ထို့ကြောင့် အညမညဝဝတ္ထာန (အချင်းချင်းသတ်မှတ်၍ နာမည်တပ်မှု)ကိစ္စသည် ပြီးစီးနိုင်ပါ၏-ဟူလို။
တသ္မာ၊ ကြောင့်။
ကမ္မန္တ ရဿ၊ ကံတပါးအား။
အတ္တနိ၊ မိမိဟူသော ဒွါရ၌။
စရန္တဿပိ၊ သော်လည်း။
ဒွါရန္တ ရံ၊ ဒွါရတစ်ပါးသည်။
သနာမံ၊ မိမိ အမည်ကို။
န ဒေတိ၊ မပေး။
ကမ္မံပိ၊ ကံသည်လည်း။
ဒွါ ရဿ၊ အား။
(သနာမံ၊ ကို။)
န(ဒေတိ)။
ပန၊ အနွယ ကား။
တံတံ ဒွါရမေဝ၊ ထိုထိုဒွါရသည်သာ။
ကမ္မဿ၊ ကံအားလည်းကောင်း။
ကမ္မဉ္စ၊ သည်လည်း။
ဒွါရန္တ ရေ၊ ၌။
စရန္တံပိ၊ ဖြစ်သော်လည်း။
အတ္တနောယေဝ၊ မိမိဟူသော ကံ၏သာလျှင်။
ဒွါရဿ၊ အားလည်းကောင်း။
နာမံ၊ ကို။
ဒေတိ၊ ၏။
ဣတိ၊ ကြောင့်။
အညမည ဝဝတ္ထာနံ၊ သည်။
သိဒ္ဓံ၊ ပြီးစီး၏။**၂။ ပုဗ္ဗေ ပန။ပန ဧတံ ဝဝတ္ထာနန္တိ**။ ။ ပါဏာတိပါတ စသော ကံကို ကာယဒွါရစသော ဒွါရဖြင့် အမြဲသတ်မှတ်ပြီး သဘောရှိလျှင် ရှေး၌ "ဒွါရံ ပန အနိဗဒ္ဓံ"ဟုလည်းကောင်း၊ "ကမ္မဿ အနိဗဒ္ဓတ္တာ"ဟု လည်းကောင်း အဘယ့်ကြောင့် ဆိုခဲ့ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ပုဗ္ဗေ ပန" စသည်ကိုမိန့်သည်။ ရှေး၌ကား ကံကဒွါရတစ်မျိုးတည်း၌သာ မက အခြားဒွါရ၌လည်း ဖြစ်သေးသည်ကို ရည်ရွယ်၍ "ဒွါရံ ပန အနိဗဒ္ဓံ" စသည်ဖြင့် ဆိုခဲ့သည်။ ယခုသတ်မှတ်နာမည်တပ်ခြင်းကို ရည်ရွယ်ဆိုခဲ့ခြင်း မဟုတ်ပါ-ဟူလို၊ [ "ဒွါရေစရန္တိ ကမ္မာနီတိ ဧတ္ထ အယမဓိပ္ပာယော" ဟု ရှေ့၌ ဆိုခဲ့၏ ။ ဣတိဖြင့် ထို အဓိပ္ပာယောကို ပြန်လှည့်၍ နိဂုံးအုပ်သည်။]
ပန၊ ဆက်။
ပပုဗ္ဗေ၊ ၌။
ဒွါရေသု၊ တို့၌။
အနိဗဒ္ဓတာ၊ မဖွဲ့စပ်အပ်သည်၏အဖြစ်ကို။
ဝါ၊ မမြဲသည်၏အဖြစ်ကို။
ကမ္မာနံ၊ တို့၏ ။
ဒွါရန္တရ စရဏမေဝ၊ ဒွါရတစ်ပါး၌ လှည့်လည်ခြင်းကိုသာ။
သန္ဓာယ။
ဝုတ္တာ၊ ပြီ။
ဧတံ ဝ ဝတ္ထာနံ၊ ဤပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းကို။
(သန္ဓာယ) န (ဝုတ္တံ) ။
ဣတိ (အယံ)၊ ကား။
အဓိပ္ပာယော၊ တည်း။**၁။ ကမ္မဿ ဝိသေသိကာ**။ ။ ကာယဝိညတ် ဖြစ်ပေါ်မှ အထမြောက်သော ကံကို ကာယဝိညတ်က "ကာယကံ"ဟု အထူးပြုသောကြောင့် (ဝစီကံ မနောကံတို့မှ အထူးပြုသောကြောင့်) ဝိညတ်ကို "ကမ္မဿ ဝိသေသိကာ"ဟု ဆိုသည်။ ဝစီဝိညတ်က ဝစီကံကို အထူးပြုရာ၌လည်း နည်းတူ။ ["မဓု၌ကား ကံသည် အထူးပြုအပ်သော ဝိညတ်"ဟု တစ်နည်းဖွင့်သေး၏၊ စဉ်းစားပါ ။] ထိုဝိညတ်သည် စိတ် စေတသိက်တွင် ပါဝင်သော စေတနာကံနှင့် အတူတကွ စိတ္တဇရုပ်အဖြစ်ဖြင့် ဖြစ်သောကြောင့် "တံသဟဇာတာ"ဟုဆိုသည်။
ကမ္မဿ၊ ကံကို။
ဝိသေသိကာ၊ အထူးပြုတတ်သော။
ဝိညတ္တိ၊ ဝိညတ်ကို။ (ဝုတ္တာ-၌ စပ်။)
ဝါ၊ သည်။
တံ သဟဇာတာ၊ ထိုကံနှင့်တကွ ဖြစ်သည်။
ဟောတိ၊ ၏။
ဣတိ၊ ကြောင့်လည်းကောင်း။
ယထာဝုတ္တ နိယမေန
**၂။ ယထာဝုတ္တ နိယမေန**။ ။ ယေဘုယျဝုတ္တိအားဖြင့် ဝဝတ္ထာန နိယမကို အဋ္ဌကထာ၌ ဆိုခဲ့၏။ ထိုကို ရည်ရွယ်၍ "ယထာဝုတ္တ နိယမ"ဟု ဆိုသည်။ ထို နိယမအရကာယဒွါရဟူသော ဝိသေသနဖြင့် "ကာယကံ"ဟု ယေဘုယျနည်းအရ အမည်ရပြီးသော ကံသည် ၀စီဒွါရဟူသော ဝိသေသနတစ်ပါး၌ မဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း၊ (ရှေ့၌ပြခဲ့သော အကြောင်းကြောင့် လည်းကောင်း) ဝိညတ်ကို ကံ၏ ဖြစ်ရာဌာန အဖြစ်ဖြင့် ဆိုအပ်သည်-ဟူလို။ [စသဒ္ဒေါ စေတ္ထ လောပေါ၊ အဘာဝါ၏ နောက်၌ စသဒ္ဒါ ကျေသည်။ အဘာဝါ စာတိ အတ္ထော၊ တဿ ဝုတ္တာတိ သမ္ဗန္ဓော။-ပဓု။ဤအတိုင်း အနက်ပေးထားသည်။]
၊ အကြင်ကြင် ဆိုအပ်ပြီးသော သတ်မှတ်ခြင်းဖြင့်။
အညဝိသေသနဿ၊ အခြား ဝိသေသနရှိသော။
ကမ္မဿ၊ ၏။
ဝိသေသနန္တ ရေ၊ တစ်ပါးသော ဝိသေသန၌။
ဥပ္ပတ္တိ အဘာဝါ (စ)၊ ဖြစ်ခြင်း၏ မရှိခြင်းကြောင့်လည်းကောင်း။
တဿ၊ ထိုကံ၏။
ဥပ္ပတ္တိဋ္ဌာနဘာဝေန၊ ဖြစ်ရာဌာန၏ အဖြစ်ဖြင့်။
ဝုတ္တာ၊ ဆိုအပ်ပြီ။**၁။ ကာရဏဘူတော ဟိ ပနေတ္ထ**။ ။ဤဝါကျ၌ "ဟိ-ပန"ဟု နိပါတ် ၂-ခုရှိ၏။ နောက်၌လည်း "ကာယောတိ"ဟု ဣတိသဒ္ဒါပါ၏။ ထို့ကြောင့် မဓု၌ "ဟိသဒ္ဒေါ ဟေတုအတ္ထော၊ ပနသဒ္ဒေါ ဝစနသိလိဋ္ဌတ္ထော" ပထမဖွင့်သည်။ ဤနည်းအလို "ကသ္မာ ကမ္မဿ နိပ္ဖတ္တိ ကာယေန ကတန္တိဝုတ္ထာ"ဟု ပုစ္ဆာဝါကျအပိုထည့်၍ အနက်ပေးဖို့ရန် မဓုဖွင့်သည်။ ဤအတိုင်း နိဿယ၌ အနက်ပေးထား၏။ "ဟိသဒ္ဒေါ ဝါ အဝဓာရဏတ္ထော, ပနသဒ္ဒေါ အာရမ္ဘတ္တော"ဟု တစ်နည်းဖွင့်သေး၏။ ထိုအလို "ပန၊ဆက်။ပ။ကာရဏဘူတောဟိ၊အကြောင်းဖြစ်၍ ဖြစ်သည်သာ။ ဣတိ၊ ဤသို့မှတ်အပ်၏"ဟု ပေးပါ။
ဟိ (ယသ္မာ)။
ဧတ္ထ၊ ဤ ကံကိုပြီးစေရာ၌။
ကာယော၊ ကာယဝိညတ်သည်။
ကာရဏဘူတော၊ အကြောင်းဖြစ်၍ ဖြစ်၏။
ဣတိ၊ ကြောင့်။
(ကမ္မဿ နိပ္ဖတ္တိ ကာယေန ကတံတိ ဝုတ္တာ။)**၂။ ယထာဝုတ္တံ။ပ။နိယမံ**။ ။ အဋ္ဌကထာ၌ယေဘုယျဝုတ္တိအားဖြင့် လည်းကောင်း။ တဗ္ဗာဟုလ္လဝုတ္တိအားဖြင့်လည်းကောင်း ဒွါရဝဝတ္ထာန ကမ္မဝဝတ္ထာန ကို ဆိုထား၏ ထိုအဆိုကို "ယထာဝုတ္တံ ဝဝတ္ထာနနိယမံ" ဟုဆိုသည်။ အဋ္ဌကထာ၌ နောက်နားဝယ် ဆိုအပ်သော ဝဝတ္ထာ နနိယမကို မယူဘဲ "ဒွါရေ စရန္တိ ကမ္မာနိ" စသော စကားတစ်ဖက်သတ်ကိုသာ ယူ၍ ဧဝံ သန္တေ စသည်ဖြင့် စောဒနာသည်။ [ဝဝတ္ထာနေ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်း၌+နိယမော၊ အမြဲ မှတ်သားကြောင်းဖြစ်သော ယေဘုယျဝုတ္တိ, တဗ္ဗာဟုလ္လဝုတ္တိတည်း။ ဝဝတ္ထာနနိယမော။]
ယထာဝုတ္တံ၊ သော။
ဝဝတ္ထာနနိယမံ၊ ပိုင်းခြားသတ်မှတ်ခြင်း၌မြဲသောအမှတ်အသားကို။
အဂ္ဂဟေတွာ၊ မယူမူ၍။
ဒွါရေ။ ပ။
ဝစနမေဝ၊ ကိုသာ။
ဂဟေတွာ၊ ယူ၍။
စောဒေတိ၊ ၏။**၁။ နာမလာဘေ ဝိသေသနေ**။ ။ ရှေ့၌ ဝဝတ္ထိတာကို "ဝိသေသိတာ'ဟု ဖွင့်ခဲ့၏။ ထို့ကြောင့် ဤ ဝိသေသနေလည်း "ဝဝတ္ထာနေ"၏ အဓိပ္ပာယ်ဟု မှတ်ပါ။ "နာမလာဘေ" ကား အဘယ်အရာ၌ ဝိသေသနပြုသနည်း ဟု မေးဖွယ်ရှိ၍ ထည့်အပ်သော အာဓာရတည်း။ [နာမလာဘေ-အာဓာရဘူတေ။-မဓု။]
နာမလာဘေ၊ နာမည်ရခြင်း၌။
ဝိသေသနေ၊ အထူးပြုခြင်းသည်။
သတိ၊ သော်။ (န ယုဒ္ဓတိ-၌ စပ်။)
ဣတိ အတ္ထော။ဝစီကမ္မဒွါရကထာဝဏ္ဏနာ
ဝစီကမ္မဒွါရကထာအဖွင့်
ဝစီကမ္မဒွါရကထာဝဏ္ဏနာ
ဝစီကမ္မဒွါရကထာအဖွင့်
စတူဟိ။ပ။
သမန္နဂတာတိ ဧတ္ထ၊ ၌။ (ဒဋ္ဌဗ္ဗာ-၌စပ်။)
၂။ သုဘာသိတ။ပ။ဒဋ္ဌဗ္ဗာ။ ။ ပိသုဏဝါစာ ဟူရာ၌ ချောပစ်ကုန်းတိုက်ကြောင်း စေတနာကို ယူရသကဲ့သို့၊ အပိသုဏဝါစာ ယူရာ၌လည်း ချောပစ်ကုန်းတိုက်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်၍ ကောင်းမွန်စွာ ပြောဆိုကြောင်း စေတနာကိုယူရ၏။ ဤသို့စသည်ဖြင့် အခြားဝါစာတို့၌လည်း ပြောဆိုကြောင်း စေတနာကို ကောက်ယူရ၏။ ထို့ကြောင့် "တထာပဝတ္တာ စေတနာ ဒဋ္ဌဗ္ဗာ"ဟု ဆိုသည်။
မှတ်ချက်။ ။ ဝါစာ ၄-မျိုးကို သရုပ်ပြရာ၌ "သုဘာသိတ ဘာသနသင်္ခါတာ" စသည်ဖြင့် ဝိသေသန ၄-မျိုးကိုပြထား၏။ ထို ဝိသေသနများသည် "သုဘာသိတံယေ၀ ဘာသတိ, နော ဒုဗ္ဘာသိတံ, ဓမ္မံယေဝ။ပ။နော အဓမ္မံ, ပိယံ ယေဝ။ပ။နော အပ္ပိယံ, သစ္စံ ယေဝ ဘာသတိ, နော အလီကံ"ဟူသော သဂါထာဝဂ္ဂ-ဝဂီကသုတ်ကို မှီး၍ ပြထားသည်-ဟုမှတ်ပါ။
သုဘာသိတဘာသန သင်္ခါတာ၊ ကောင်းစွာ ပြောဆိုအပ်သည် မည်လောက်အောင် ပြောဆိုခြင်းဟု ဆိုအပ်သော။ အပိသုဏဝါစာ၊ ပိသုဏဝါစာ၏ ဆန့်ကျင်ဘက်စကားလည်းကောင်း။ ဓမ္မဘာသနသင်္ခါတော၊ တရားဟောခြင်းဟုဆိုအပ်သော။ အသမ္ဖပ္ပလာပေါ၊ သမ္ဖပ္ပလာပ၏ ဆန့်ကျင်ဘက်စကားလည်းကောင်း။ ပိယ-ဘာသနသင်္ခါတာ၊ ချစ်ဖွယ်ကို ပြောဆိုခြင်းဟု ဆိုအပ်သော။ အဖရုသဝါစာ၊ ဖရုသဝါစာ၏ ဆန့်ကျင်ဘက် စကားလည်းကောင်း။ သစ္စဘာသနသင်္ခါတော၊ မှန်ကန်သော စကားကို ပြောဆိုခြင်းဟုဆိုအပ်သော။ အမုသာဝါဒေါ စ၊ မုသာဝါဒ၏ ဆန့်ကျင်ဘက်စကားလည်းကောင်း။ ဣတိ၊ သို့။ ဧတာ ဝါစာ၊ တို့ကို။ တထာ၊ ထို သုဘာသိတဘာသန စသော အခြင်းအရာအားဖြင့်။ ပဝတ္ထာ၊ ကုန်သော။ စေတနာ၊ စေတနာတို့ဟူ၍။ ဒဋ္ဌဗ္ဗာ၊ ကုန်၏။**၁။ ဝိကာရဿ စ။ပ။ဝေဒိတဗ္ဗော**။ ။ [တပ္ပစ္စယဘာဝေါတိ ဥပါဒိန္နကဃဋ္ဋနဿပစ္စယ ဘာဝေါ။ -အနု။] ကာယကမ္မဒွါရကထာ၌ "စိတ္တသမုဋ္ဌာနာယ ပန ဝါယောဓာတုယာ။ပ။ပစ္စယော ဘဝိတုံ သမတ္တောဧကော အာကာရဝိကာရောအတ္ထိ" ဟုဆိုခဲ့၏။ ထို့အတူဤ ဝစီကမ္မဒွါရ ကထာ၌လည်း "စိတ္တဇပထဝိယာ ဥပါဒိန္နကဃဋ္ဋနေ ပစ္စယော ဘဝိတုံ သမတ္ထော စိတ္တသမုဋ္ဌာန မဟာဘူတာနံ ဧကော အာကာရဝိသေသော အတ္ထိ"ဟု သိနိုင်သောကြောင့် "ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော"ဟုဆိုသည်။
ဝိကာရဿ စ၊ ဝိကာရ ရုပ်၏လည်း။
တပ္ပစ္စယဘာဝေါ၊ ထို ထိခိုက်ခြင်း၏ အကြောင်း၏အဖြစ်ကို။
ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။**၂။အညမညဿ ပစ္စယဘာဝေါ**။ ။ တပ္ပစ္စယဘာဝေါကိုပင် "အညမညဿ ပစ္စယဘာဝေါ"ဟု ဆိုသည်။ ဝိကာရဟူသော ဝိညတ်ရုပ်ပါရှိသော စိတ္တဇ မဟာဘုတ်တို့၏ အချင်းချင်း ထိခိုက်ခြင်း၏အကြောင်းကို "အညမညပစ္စယ"ဟု ဆိုသည်။ ထို့ကြောင့် ဤဝါကျသည် ရှေ့ဝါကျ၏ ဒဠှီသာဖြစ်သင့်၏။ အကြောင်းပြ မဖြစ်သင့်။ [ထိုသို့ စိတ္တဇ မဟာဘုတ်ချင်း ထိခိုက်သောအခါ ကမ္မဇ၊ ဥတုဇ။ အာဟာရဇ။ မဟာဘုတ်ရုပ်များနှင့်လည်း ထိခိုက်သည်သာ။]
အညမညဿ၊ တစ်ပါး တစ်ပါးအား။
ပစ္စယဘာဝေါ၊ ကျေးဇူးပြုတတ်ကုန်သည်၏အဖြစ်သည်။
(ဟောတိ။)
ဣတိ၊ ဤသို့ မှတ်အပ်၏။**၃။အညမ္ပိ သဗ္ဗံ ဝိဓာနံ**။ ။ ဤညွှန်ပြချက်ကား မိမိဖွင့်ခဲ့သော "န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒဿေတိ။ပ။ နိစ္စော အတ္တီတိ"ဟူသော စကားကို ညွှန်ပြခြင်းတည်း။ ထို့ကြောင့် "အညမ္ပိ၊ အဋ္ဌကထာ၌ ဆိုအပ်သောအစီအရင်မှတစ်ပါးလည်းဖြစ်သော" ဟု အကျယ်ပေးပါ။
အညမ္ပိ၊ သော။
သဗ္ဗံ၊ သော။
ဝိဓာနံ၊ အစီအရင်ကို။
ကာယဝိညတ္တိယံ ဝိယ ဝေဒိတဗ္ဗံ။**၄။ စာလနံ ဟိ။ပ။ တရုပ္ပါဒေါ**။ ။ဤစကားသည် ကာယဒွါရ အခန်း၌ ဝါယောဓာတ်၏သဟဇာတရုပ်ကို လှုပ်ရှားစေပုံနှင့် ဤဝစီဒွါရခန်းဝယ် ပထဝီဓာတ်၏ ဥပါဒိန္နကဃဋ္ဋန ဖြစ်ပုံ သဘောကို ပြသောစကားတည်း။ ရှေးရှေး ရုပ်ကလာပ်၌ပါသော ဝါယောဓာတ်၏ အစွမ်းကြောင့် နောက်နောက် ရုပ်ကလာပ်တို့ ဥပါဒ်သောအခါ မူလနေရာ၌ မဥပါဒ်နိုင်ဘဲ အဆင့်ဆင့် နေရာရွှေ့၍ ဥပါဒ်စေခြင်းကို "စာလန"ဟုဆို၏။ ဝိညတ်ဟူသော အကြောင်းအထူး၏ ကျေးဇူး ပြုမှုကြောင့် စိတ္တဇဘူတရုပ်နှင့် စတုဇဘူတရုပ်တို့၏ (အသံထွက်လောက်အောင်) အလွန်နီးကပ်စွာ ဥပါဒ်ခြင်းကို "ဃဋ္ဋန"ဟု ဆိုပါသည်-ဟူလို။ [ဒေသန္တရေ၊ မူလဥပါဒ်ရာ အရပ်မှတစ်ပါးသော အရပ်၌+ဥပ္ပါဒနံ ဥပါဒ်စေခြင်းတည်း။ ဒေသန္တရုပ္ပါဒနံ၊ ဒေသန္တရုပ္ပဒနဿ+ပရမ္ဖရတာ၊ အဆင့်ဆင့်၏ အဖြစ်တည်း။ ဒေသန္တရုပ္ပါဒန ပရမ္ပရတာ၊ ဆိုလိုရင်းမှာ-ဥပါဒ်ပြီးသော ရုပ်ကလာပ်ဟူသမျှတို့ မိမိဖြစ်ရာအရပ်မှ မရွှေ့ပြောင်းနိုင်။ ထို့ကြောင့် "ဆက်ကာဆက်ကာ အရပ်တစ်ပါး၌ ရွှေ့၍ရွှေ့၍ ဥပါဒ်စေခြင်းကို "စာလန"ခေါ်သည်"ဟူလို။]
ဟိ၊ မှန်။
(တစ်နည်း) ဟိ၊ စာလနဃဋ္ဋနတို့၏ သဘောကား။
ဒေသန္တ ရုပ္ပါဒနပရမ္ပရတာ၊ အရပ်တစ်ပါး၌ ဥပါဒ်စေခြင်း၏အဆက်ဆက်၏ အဖြစ်သည်။ အဆက်ဆက်အားဖြင့် အရပ်တစ်ပါး၌ ဥပါဒ်စေခြင်းသည်။)
စာလနံ၊ စာလန- မည်၏။
ဝါ၊ လှုပ်စေခြင်း မည်၏။
ပစ္စယဝိသေသေန၊ အကြောင်း အထူးကြောင့်။
ဘူတကလာပါနံ၊ မဟာဘုတ်ဟူသော ရုပ်ကလာပ်တို့၏။
အသာန္န တရုပ္ပါဒေါ၊ အလွန်နီးကပ်စွာ ဥပါဒ်ခြင်းသည်။
ဃဋ္ဋနံ၊ ဃဋန-မည်၏။
ဣတိ၊ ဤကား စာလန ဃဋ္ဋနတို့၏ သဘောတည်း။**၁။ဥပတ္ထမ္ဘနကိစ္စံပိ နတ္တီတိ**။ ။ "ကာယကမ္မ ဒွါရကထာ၌ ရှေးရှေးဇောကြောင့်ဖြစ်သော ဝါယောဓာတ်က ထောက်ပံ့ပုံကို ဆိုသကဲ့သို့၊ ဤ ဝစီကမ္မဒွါရကထာ၌ ရှေးရှေးဇောကြောင့်ဖြစ်သော ပထဝီဓာတ်က ထောက်ပံ့ဖွယ်မလို"ဟု အဋ္ဌကထာဆိုရာ၌ ပထဝီဓာတ်နှင့်ထိခိုက်ရာဝယ် ရှေးရှေးဇောဝီထိမှ (သုတ္တန်နည်းအားဖြင့်) အာသေဝနရခဲ့ပြီး ဖြစ်သောကြောင့် ပဌမဇောကြောင့်ဖြစ်သော ပထဝီဓာတ်သည်ပင် ထိခိုက်နိုင်ရကား ပထဝီဓာတ်ချင်း ထိခိုက်ကြဖို့ရန် ရှေးရှေးပထဝီဓာတ်တို့က အထောက်အပံ့ပေးနေဖွယ်မလို-ဟု ဆိုလိုသည်။ [ရှေးရှေးဇောဝီထိက ရွတ်ဆိုလို၍ စိတ်ကူးခြင်းကို "ပုဗ္ဗာဘိသင်္ခါရ"ဟု ခေါ်၏။ ထိုပုဗ္ဗာဘိသင်္ခါရကို "အာသေဝန"ဟု ခေါ်ထားသည်။ "လဒ္ဓါ သေဝနေနာတိ လဒ္ဓပုဗ္ဗာဘိသင်္ခါရေန၊ စိတ္တေနေဝါတိ ပဌမစိတ္တေနဝ။-အနု။]
၊ ကား။
ဥပတ္ထမ္ဘနေန၊ ထောက်ပံ့ခြင်းနှင့်။
ဝိနာ၊ ကင်း၍။
ပဌမစိတ္တသမုဋ္ဌာနာ၊ ပထမစိတ်ကြောင့် ဖြစ်သည်။
(သမာနာ) ပိ၊ သော်လည်း။
ဃဋ္ဋနာကာရေန၊ ထိခိုက်ခြင်းဟူသော အခြင်းအရာအားဖြင့်။
ပဝတ္တတိ၊ ၏။
ဣတိ၊ ကြောင့်။
ဃဋ္ဋနတ္ထံ၊ ထိခိုက်ခြင်း အကျိုးငှာ။
ဥပတ္ထမ္ဘနေန၊ ဖြင့်။
ပယောဇနံ၊ အကျိုးသည်။
နတ္ထိ။
လဒ္ဓါသေဝနေန၊ ရအပ်သော အာသေဝနရှိသော။
စိတ္တေနေဝ၊ ပထမ စိတ်ကြောင့်ပင်လျှင်။
ဃဋ္ဋနဿ၊ ၏။
ဗလဝဘာဝတော စ၊ အားရှိသည်၏ အဖြစ်ကြောင့်လည်း။
(ဃဋ္ဋနတ္ထံ။ပ။နတ္ထိ။)
ဣတိ (အယံ)၊ ကား။
အဓိပ္ပာယော၊ သင်္ဂဟကာရဆရာ၏ အလိုတည်း။ဥပတ္ထမ္ဘနံ၊ သည်။
၁။ နတ္ထိ အတ္တီတိ ဝိစာရေတွာ။ ။ ဋီကာဆရာသည် "ဥပတ္ထမ္ဘနကိစ္စမရှိ"ဟူသော စကားကို နှစ်သက်ဟန်မတူ။ ထို့ကြောင့် "ဝိစာရေတွာ ဂဟေတဗ္ဗံ"ဟု ဆိုသည်။ အက္ခရာ တစ်လုံးသည် ရဿအက္ခရာပင် ဖြစ်စေကာမူ လက်ဖျောက်တစ်ချက်တီးခန့် ကြာရကား ထို အက္ခရာအသံ ပီသစွာ ပေါ်ထွက်သည့်တိုင်အောင် ဇောဝီထိပေါင်းများစွာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်ရှေးရှေးဇောဝီသိတို့ကြောင့်ဖြစ်သော ပထဝီတို့က အထပ်ထပ် ထိခိုက်နေရာဝယ် အသံ မပီသသေးမီ ထောက်ပံ့နေသည် ဟု ဆိုရသော်လည်း အသံပီသမှုအတွက်သာ ထောက်ပံ့နေရခြင်း ဖြစ်၍ ထိခိုက်မှု ဃဋ္ဋနအတွက်မှာ ထောက်ပံ့စရာ မလိုသောကြောင့် "ဥပတ္ထမ္ဘနကိစ္စံနတ္ထိ"ဟု အဋ္ဌကထာဆိုပါသည်။ ထို့ကြောင့် အဋ္ဌကထာ စကားသည် အသင့်ပင် ဖြစ်၏ ဟု ထင်၏။ သို့သော်-
အနုဋီကာ။ ။ အနုဋီကာ၌ "ကိဉ္စာပိ ပဌမစိတ္တေနာပိ ဃဋ္ဌနာ နိပ္ဖဇ္ဇတိ၊ ဧကဿေဝ ပန ဗဟုသော ပဝတ္တနေန အတ္ထိ ကောစိ ဝိသေသောကိ ပုရိမဇဝနသမုဋ္ဌိတာဟိ ဃဋ္ဋနာဟိ ပတိလဒ္ဓသေဝနေန သတ္တမဇဝနေန သမုဋ္ဌိတာ ဃဋ္ဋနာ ပရိဗျတ္တံ အက္ခရံ နိဗ္ဗတ္တေတီတိ ဥပတ္ထမ္ဘနံ နတ္ထီတိ န သက္ကာ ဝတ္တုံ"ဟု မူလဋီကာ စကားကိုပင် ထောက်ခံပြီး၍ "လဒ္ဓါဘိသင်္ခါရေန ပန ပဌမစိတ္တေနပိ ဃဋ္ဋနာ ဗလ၀တီ ဟောတီတိ အဋ္ဌကထာယံ ဥပတ္ထမ္ဘနကိစ္စံ နတ္တီတိ ဝုတ္တံ သိယာ၊ သဗ္ဗမေတံ ဝိမံသိတွာ ဂဟေတဗ္ဗံ"ဟု မိန့်သည်။
အနုဋီကာ မြန်မာပြန်။ ။ ပထမစိတ်ကြောင့်လည်း ထိခိုက်ခြင်းကိစ္စ ပြီးနိုင်သည်ကား မှန်ပါ၏။ သို့သော် တစ်ခုသော အက္ခရာ၏ပင် များစွာထပ်၍ ဖြစ်ရခြင်းအားဖြင့် အနည်းငယ် ထူးခြားချက် ရှိရမည်သာ။ ထို့ကြောင့် ရှေ့ဇောတို့ကြောင့် ဖြစ်ရကုန်သော ထိခိုက်ခြင်းတို့မှ ရအပ်သော အာသေဝနရှိသော သတ္တမဇောကြောင့် ဖြစ်သော ထိခိုက်ခြင်းသည် ထင်ရှားသော အက္ခရာအသံကို ဖြစ်စေနိုင်၏။ ထို့ကြောင့် ဥပတ္ထမ္ဘနကိစ္စ မရှိဟု ဆိုခြင်းငှာ မတတ်ကောင်း။ (ဥပတ္ထမ္ဘနကိစ္စ ရှိရမည်သာ-ဟူလို။)
နတ္ထိ၊ မရှိ။ အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ (မရှိဘူး, ရှိတယ် ဆိုတာကို။) ဝိစာရေတွာ၊ စူးစမ်း စိစစ်၍။ ဂဟေတဗ္ဗံ၊ မှတ်ယူထိုက်၏။မနောကမ္မဒွါရကထာဝဏ္ဏနာ
မနောကမ္မဒွါရကထာအဖွင့်
မနောကမ္မဒွါရကထာဝဏ္ဏနာ
မနောကမ္မဒွါရကထာအဖွင့်
**၁။ ဖဿာဒိဓမ္မေ ဟိ**။ ။ ဤစကားသည် အာယူဟနနှင့် စေတယန အထူးကို ပြသော စကားတည်း။ [အာယူဟနစေတယနာနံ နာနတ္တံ ဒဿေန္တော ဖဿာဒိဓမ္မေဟီတိအာဒိမာဟ။- အနု။] ဖဿ-စသော သမ္မယုတ်တရားတို့ကို တစ်ခုနှင့်တစ်ခု ပြန့်ကျဲမနေစေဘဲ တစ်လုံးတစ်စည်း တည်းဖြစ်အောင် ပြု၍ မိမိကိစ္စ၌ ဖြစ်စေခြင်းသည် အာယူဟနမည်၏။ ထိုသို့ဖြစ်နေအောင် ဗျာပါရ ပြုခြင်းသည် စေတယန မည်၏။
၊ တို့ကို။
အဝိပ္ပကိဏ္ဏေ၊ ဖရိုဖရဲ မကျဲသည်တို့ကို။
ကတွာ၊ ၍။ (စုပေါင်း၍။)
သကိစ္စေသု၊ ဖုသန စသော မိမိကိစ္စတို့၌။
ပဝတ္တနံ၊ ဖြစ်စေခြင်းသည်။
အာယူဟနံ၊ အာယူဟန မည်၏။
တတ္ထေဝ၊ ထိုမိမိတို့ ကိစ္စတို့ဝယ် ဖြစ်စေခြင်း၌ပင်။
ဗျာပါရဏံ
**၂။ ဗျာပါရဏံ**။ ။ ဝိ-အာ-ပုဗ္ဗ၊ စုရာဒိ-ပရဓာတ်၊ ယု-ပစ္စည်းတည်း။ ပရိဿမ တပင်တပန်း အားထုတ်ခြင်းအနက်ကို ဟော၏။ ထိုအားထုတ်မှုကို "ဗျာပါရ အားကြီးသည်"ဟု ဆိုကြသည်။ ထိုဗျာပါရသည်ပင် နှိုးဆော်ခြင်းသဘော ဖြစ်သောကြောင့် စေတနာကို အနက်ပြန်ရာ၌ "ဆော်"ဟု ပြန်ဆိုကြ၏။ "အဝိပ္ပကိဏ္ဏေ ကတွာ"နှင့် ဤ "ဗျာပါရဏ"ကို ပေါင်းလျှင် "စေ့+ဆော်"ဟု အနက်ဖြစ်၏။ ဖဿ-စသော သမ္ပယုတ်တရားတို့ကို ကျိုးတိုးကျဲတဲ မဖြစ်စေဘဲ စေ့စပ်နေစေ၍ ဆိုင်ရာကိစ္စကို ပြုလုပ်ဖို့ရန် နှိုးဆော်သောတရား"ဟု ဆိုလိုသည်။
၊ တပင်တပန်း အားထုတ်ခြင်းသည်။
စေတယနံ၊ စေတယန မည်၏။
တထာ၊ ထို ဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။
ကရဏံ
**၃။ တထာ ကရဏံ**။ ။ [တထာ ကရဏန္တိ ယထာ ဖဿာဒယော သကသကကိစ္စေ ပသုတာ ဘဝန္တိ၊ တထာ ကရဏံ၊ တေနေဝ (ထို့ကြောင့်ပင်) ယထာဝုတ္တေန အဝိပ္ပကိဏ္ဏ ဗျာပါရဏာကာရေန သမ္ပယုတ္တာနံ ကရဏံ ပဝတ္တနန္တိ ဒဋ္ဌဗ္ဗံ-အနု။] ဤ အနုဋီကာအတိုင်း "အဘိသင်္ခရဏသည် အာယူဟန စေတယန ၂-မျိုးဖြစ်အောင် ပြုစီမံခြင်းတည်း"ဟု မှတ်ပါ။ အာယူဟန ၂-မျိုးမှ သီးခြားအထူး ဟု မမှတ်ပါနှင့်။
၊ ပြုခြင်းသည်။
အဘိသင်္ခရဏံ၊ မည်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။**၁။ ကမ္မက္ခယ ကရတ္တာ**။ ။ လောကုတ္တရာမဂ်တည်းဟူသော ကမ္မစေတနာသည် အဝိဇ္ဇာတဏှာကိုသာ ကုန်အောင်ပြု၏။ ကံကိုကား တိုက်ရိုက်အားဖြင့် ကုန်အောင် မပြုနိုင်။ သို့သော် အဝိဇ္ဇာ တဏှာကုန်လျှင် ကံ၏အစွမ်းသတ္တိ (အကျိုးပေးနိုင်သောသတ္တိ)လည်း မရှိတော့ရကား မဂ္ဂစေတနာကို "ကမ္မက္ခယက"ဟု ဆိုသည်။ ဤ ဒွါရကထာသည် သံသရာဝယ် အကျိုးပေးနိုင်သော ကံတို့ကို ပြရာကထာ ဖြစ်၏။ ထို့ကြောင့် ကမ္မက္ခယကရဖြစ်သော မဂ္ဂစေတနာကို မယူသင့်ရကား တေဘူမကကုသိုလ် အကုသိုလ်ကိုသာ ယူရတော့သည်။
၊ ကံ၏ ကုန်မန်းခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်တည်း။ကမ္မကထာဝဏ္ဏနာ
ကမ္မကထာအဖွင့်
ကမ္မကထာဝဏ္ဏနာ
ကမ္မကထာအဖွင့်
၂။ အထ ဝါ။ပ။ယုတ္တာ။ ။ ပြခဲ့သော နည်း၌"စေတယိတွာ"အရ ပုရိမစေတနာကို ရ၍ "ကမ္မံ ကရောတိ"အရ ပစ္ဆိမစေတနာကို ရသောကြောင့် ကာလအားဖြင့် ကွဲပြားနေရကား ထိုသို့ မကွဲပြားသော အခြားတစ်နည်းကို ပြလို၍ "အထ ဝါ" စသည် မိန့်။ "စေတယိတွာ ကမ္မံ ကရောတိ"ဟု ဆိုရာ၌ ကာလတူသော်လည်း "စေတယိတွာ"အရ စေ့ဆော်ခြင်း ကိရိယာသည် အကြောင်းကြိယာ၊ "ကရောတိ"အရ ပြုခြင်းကြိယာသည် အကျိုးကြိယာ ဖြစ်သောကြောင့်အကြောင်းကြိယာကို ပုဗ္ဗကာလ၊ အကျိုးကြိယာကို အပရကာလကဲ့သို့ ဆိုသင့်၏။ ဆိုရိုးထုံးစံလည်း ရှိ၏။
ဥပမာ- "စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ" ဟူရာ၌ စက္ခု ရူပတို့ကို စွဲမှီရာကာလနှင့် စက္ခုဝိညာဉ်စိတ်၏ ဖြစ်ရာကာလသည် သမာနကာလ ဖြစ်သော်လည်း အကြောင်းဖြစ်သော စက္ခု ရူပ ပဋိစ္စကြိယာကို ပုဗ္ဗကာလကဲ့သို့ ရှေ့က ထား၍၊ စက္ခုဝိညာဉ်၏ ဥပ္ပဇ္ဇနကြိယာကို အကျိုးကြိယာ ဖြစ်သောကြောင့် နောက်က ထားလျက်ဆိုသကဲ့သို့တည်း။ [စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် စေတနာစေတသိက် ပါဝင်၏။ ထို စိတ်ကြောင့်ပင် ကာယဝိညတ် ဝစီဝိညတ်နှင့်တကွ လှုပ်ရှားခြင်း ကြိယာ၊ အဘိဇ္ဈာဒိကြိယာလည်း ဖြစ်ရကား တစ်ပြိုင်နက် သမာနကာလ ဖြစ်ပုံကို သိပါ။]
အထ ဝါ၊ ကား။ သမာနကာလတ္တေ၊ တူသော ကာလရှိကုန်သည်၏ အဖြစ်သည်။ (သတိ) ပိ၊ သော်လည်း။ ကာရဏကိရိယာ၊ အကြောင်း ကြိယာသည်။ ပုဗ္ဗကာလာ ဝိယ၊ ပုဗ္ဗကာလ ကြိယာကဲ့သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တာ၊ သင့်၏။ ဖလကိရိယာ စ၊ အကျိုးကြိယာသည်လည်း။ အပရကာလာ ဝိယ၊ အပရကာလ ကြိယာကဲ့သို့။ (ဝတ္တုံ ယုတ္တာ။)**၁။ ယသ္မာ။ပ။ကရောတိ**။ ။ စေတယိတွာနှင့် ကရောတိကို တစ်ပြိုင်နက်ဖြစ်သော သမာန ကာလကြိယာဟု ယူ၍ "ကမ္မံ" အရ စေတနာကိုမယူဘဲ အမူအရာ ကြိယာကိုယူသည်။ "ကရဏံ၊ ပြုခြင်းအမူအရာ။ ကမ္မံ၊ ရာ"ဟုပြု။ ထိုကြိယာ ဟူသည် ကာယဝိညတ် ဝစီဝိညတ် တို့နှင့်တကွ ပြုအပ်သော စောပနကြိယာ၊ မနောဒွါရသက်သက်ဖြင့် ပြုအပ်သော အဘိဇ္ဈာစသော အမူအရာတည်း။ [စောပန၌ စုပဓာတ်သည် မန္ဒဂတိနှေးနှေးသွားခြင်း (လှုပ်ရှားခြင်း) အနက် ဟောတည်း။ "စောပနကြိယာ"အရ ကာယဝိညတ် ဝစီဝိညတ်ကိုလည်း အနုဖွင့်သေး၏။ ထိုအလို ရှေးရှေး ကာယ-ဝစီဝိညတ်ကို "ကာယဝါစာဟိ" အရ ယူ၍၊ နောက်နောက် ဝိညတ်ကို "စောပနကြိယံ" အရ ယူပါ။]
ယသ္မာ။
စေတနာယ၊ ဖြင့်။
စေတယိတွာ၊ စေ့ဆော်၍။
ကာယဝါစာဟိ၊ ကာယဒွါရ ၀စီဒွါရတို့ဖြင့်။
စောပနကိရိယံ၊ စောပနကြိယာကိုလည်းကောင်း။ (ဝါယောဓာတ်၏ အစွမ်းအားဖြင့် လှုပ်ရှား ကြွမြှောက်ခြင်း ဟူသော အမူအရာ ကြိယာ, ပထဝီဓာတ်၏ အစွမ်းအားဖြင့် ထိခိုက် လှုပ်ရှားခြင်း ဟူသော အမူအရာ ကြိယာကိုလည်းကောင်း။)
မနသာ၊ မနောဒွါရဖြင့်။
အဘိဇ္ဈာဒိ ကိရိယံစ၊ အဘိဇ္ဈာ အစရှိသော ကြိယာကိုလည်းကောင်း။
ကရောတိ၊ ၏။
**၂။ တသ္မာ တဿာ။ပ။စေတနံ**။ ။ [တသ္မာဖြင့် "ယသ္မာ။ ။ကရောတိ" ဝါကျကို ပြန်စွဲပါ။ မဓု၌ "သမာန ကာလတ္တေပိ။ပ။ယုတ္တာ" ဝါကျနှင့်ယသ္မာ-စသော နောက်ဝါကျကို အစွဲပြထား၏၊ စဉ်းစားပါ။] "တဿာကြိယာယ ကာရိကံ"ဖြင့် "စေတနာဟံဘိက္ခဝေ"ဟူသော ဝါကျ၌ စေတနာ၏ ဝိသေသနကိုပြ၏။ ဤအလို "စေတနာ ဟံဘိက္ခဝေ" စသော ပါဠိတော်၌ "ယသ္မာ။ စေတယိတွာ၊ စေတနာဖြင့် စေ့ဆော်၍။ ကာယေန၊ ဖြင့်လည်းကောင်း။ပ။မနသာ၊ ဖြင့်လည်းကောင်း။ ကမ္မံ၊ စောပနကြိယာ အဘိဇ္ဈာ-စသော ကြိယာကို။ ကရောတိ။ တသ္မာ၊ ကြောင့်။ တဿ ကမ္မဿ၊ ထို စောပနကြိယာ အဘိဇ္ဈာဒိကြိယာကို။ ကာရိကံ၊ ပြုတတ်သော။ စေတနံ၊ ကို။ ကမ္မံ၊ ကံဟူ၍။ ၀ဒါမိ၊ ၏" ဟု ပေးပါ။ ဤနည်း၌ "အကျိုးကြိယာ၏ ကမ္မ အမည်ကို အကြောင်း စေတနာ၌ တင်စား၍ ဖလူပစာရအားဖြင့် စေတနာကို ကမ္မဟု ခေါ်သည်" ဟု ဆိုလိုသည်။
တသ္မာ။
တဿာ ကိရိယာယ၊ ထို စောပန ကြိယာ, အဘိဇ္ဈာဒိ ကြိယာကို။
ကာရိကံ၊ ပြုတတ်သော။
စေတနံ၊ ကို။
အဟံ ကမ္မံ ဝဒါမီတိ အတ္ထော။**၁။ ယထာ ပန။ပ။ တထာ**။ ။အဋ္ဌကထာဝယ် ကမ္မဒွါရကထာတုန်းက ကံနှင့်ဒွါရတို့၏ မရောပုံကိုလည်းကောင်း၊ အချင်းချင်း ပိုင်းခြားသတ်မှတ် နာမည်တပ်ရပုံကိုလည်းကောင်း ယေဘုယျနည်း တဗ္ဗာဟုလ္လနည်းတို့၏ အစွမ်းဖြင့် ဆိုအပ်သကဲ့သို့ ထို့အတူ ဤကံသုံးပါးတို့ကို ပြရာအခန်း၌ အဘယ့်ကြောင့် မဆိုအပ်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "ယထာ ပန"စသည်ကို မိန့်သည်။ [ပြတ်ပြီးစကားကို စောဒနာဖွယ်ရှိ၍ တက်လာသော ဝါကျာရမ္ဘတည်း။ တထာကို ဒွါရာနိ၊ ကမ္မံ ဒိဿတိ-တို့၌ စပ်ပါ။] ဆိုလိုရင်းကား-ယထာ သုတ္တာနိ ဌိတာနိ၊ တထာ ဒွါရာနိ ကမ္မန္တိ ဒိဿတိ-ကာယေဝါ ဟိ သတိ-စသော ပါဠိတော်များ တည်ရှိသည့် အတိုင်းပင် "မည်သည့် တရားတို့က ဒွါရ၊ မည်သည့်တရားတို့က ကံ"ဟု သတ်မှတ်ပုံ ထင်ရှားပါသည်။ ထို့ကြောင့် ကမ္မဒွါရကထာတုန်းကကဲ့သို့ ယေဘုယျနည်း တဗ္ဗာဟုလ္လနည်း အားဖြင့် မဆိုအပ်တော့ပါ။-ဟူလို။
ပန၊ ဆက်။
ယထာ၊ အကြင် အခြင်းအရာအားဖြင့်။
သုတ္တာနိ၊ ကာယေ ဝါ၊ သတိ-အစရှိသော သုတ်တို့သည်။
ဌိတာနိ၊ တည်ရှိကုန်၏။
တထာ၊ ထိုသုတ်တို့၏ တည်ရှိတိုင်းသော အခြင်းအရာအားဖြင့်။
**၁။ စောပနကြိယာ။ပ။ဒွါရာနိ**။ ။ စိတ္တဇဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်ဝယ် ဝါယောဓာတ်၏ ရူပကာယကို တောင့်ထားခြင်း လှုပ်ရှားစေခြင်း ကြိယာ၊ စိတ္တဇ ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ်ဝယ် ပထဝီဓာတ်၏ ဥပါဒိန္နက ပထဝီဓာတ်တို့၌ ထိုခိုက်ခြင်း ကြိယာကို "စောပနကြိယာ"ဟုခေါ်သည်။ ထိုကြိယာတို့၏မှီရာ ဥပနိဿယသည် ကာယဝါစာ ဟူသော ဝိညတ် ၂-ပါးတည်း။ အဘိဇ္ဈာဒိကြိယာ၏မှီရာ ဥပနိဿယသည် မနတည်း။ ထို ၃-ပါးကို "ဒွါရ"ဟုခေါ်၏။
စောပန။ပ။
ဘူတာ၊ စောပန ကြိယာ၏ မှီရာဖြစ်၍ ဖြစ်ကုန်သော။
ကာယဝါစာ၊ ကာယဝါစာ တို့သည်လည်းကောင်း။ (ကာယ ဝိညတ် ဝစီဝိညတ်တို့သည်လည်းကောင်း။)
အဘိဇ္ဈာဒိကိရိယာ နိဿယော၊ အဘိဇ္ဈာအစရှိသော ကြိယာ၏ မှီရာဖြစ်သော။
မနောစ၊ မနသည် လည်းကောင်း။
ဒွါရာနိ၊ ဒွါရတို့မည်၏။
ပန၊ ဆက်။
(တစ်နည်း) ပန၊ ဒွါရမည်ပုံမှတစ်ပါး ကံမည်ပုံကား။
ဝါသိအာဒီဟိ၊ ဓား အစရှိသည်တို့ဖြင့်။
ဆေဒနာဒိံ၊ ဖြတ်ခြင်း အစရှိသော အမှုကို။
(ကရောန္တိ) ၀ိယ၊ ကဲ့သို့။
(တထာ၊ တူ။)
**၂။ ယာယပန။ပ။ကမ္မံ**။ ။ ["တေဟိ ကာယာဒီဟိ"ပုဒ်က ကရိုဏ်းဖြစ်သောကြောင့် ယာယ စေတနာယ-ကို ဟိတ်အနက်ပေးရသည်။] ဓား စသည်တို့ဖြင့် ဖြတ်မှုစသည်တို့ကို ပြုရသကဲ့သို့၊ ကာယ- စသည်တို့ဖြင့် စောပနကြိယာ စသည်ကို ပြုကြောင်း စေတနာသည် ကံမည်၏။
ယာယ စေတနာယ၊ ကြောင့်။
ကရဏဘူတေဟိ၊ ကရိုဏ်းဖြစ်၍ ဖြစ်ကုန်သော။
တေဟိ ကာယာဒီဟိ၊ ထို ကာယ-အစရှိသည်တို့ဖြင့်။
စောပနာဘိဇ္ဈာဒိ ကိရိယံ၊ စောပနကြိယာ, အဘိဇ္ဈာ-အစရှိသော ကြိယာကို။
ကရောန္တိ၊ ကုန်၏။
သာ စေတနာ၊ သည်။
ကမ္မံ၊ ကံမည်၏။
**၃။ ဣတိ-ဒွါရပ္ပဝတ္တိယံ။ပ။ဒိဿတိ**။ ။ ဣတိကို တသ္မာ-ဟု မဓုဖွင့်၏။ ထိုတသ္မာဖြင့် ရှေ့၌ပြခဲ့သော စောပနကြိယာနိဿယဘူတာ-စသည်ကို (နိဿယအတိုင်း)စွဲပါ။ ဒွါ ရပ္ပဝတ္တိယမ္ပိကို "အညသ္မိံ ဒွါရေ အညေသံ ကမ္မာနံ ပဝတ္တိယံသတိပိ-ပါဏာတိပါတ-စသော ကံက ဝစီဒွါရ၌ လည်းကောင်း၊ မုသာဝါဒစသောကံက ကာယဒွါရ၌လည်းကောင်း ဤသို့စသည်ဖြင့် အခြားဒွါရ၌အခြားကံတို့ ဖြစ်ပါသော်လည်း"ဟု မဓုဖွင့်၏၊ "ကမ္မဒွါရာနံ အသံမိဿနံ"ဟူသော မဓုအဖွင့်ကို ကြည့်၍ "ကမ္မဒွါရဘေဒနဉ္စ"ဟု ရှိသင့်၏။ ကမ္မဒွါရဝဝတ္ထာနံ၏ အဖွင့်ကိုလည်း "ကမ္မဒွါရာနဉ္စ အညမညနိယမနံ" ဟု မဓု၌ ပါဌ်ရှိသင့်၏။ ဆိုလိုရင်းကား-ပါဏာတိပါတ-စသော ကံတို့သည် အခြားဒွါရ၌ဖြစ်သော်လည်း "ကာယေ ဝါ ဟိ သတိ" စသော သုတ်တို့အတိုင်း ခွဲခြားလျှင် ကာယဒွါရ၌ ဖြစ်သမျှကံသည် မုသားပင် ဖြစ်သော်လည်း ကာယကံ ဟုလည်းကောင်း၊ ၀စီဒှါရ၌ ဖြစ်သမျှကံသည် ပါဏာတိပါတပင် ဖြစ်သော်လည်း ဝစီကံဟုလည်းကောင်း ဤသို့စသည်ဖြင့် ကမ္မဒွါရတို့ကို မရောယှက်အောင် ခွဲခြားခြင်း နာမည်တပ်ခြင်းသည် ထင်ရှားပါသည်-ဟူလို။
ဣတိ၊ ကြောင့်။
(စောပနကြိယာ၏ မှီရာဖြစ်၍ဖြစ်သော ကာယဝါစာ, အဘိဇ္ဈာဒိကြိယာ၏ မှီရာဖြစ်သော မနတို့၏ ဒွါရ- မည်ကုန်သည်၏ အဖြစ်, ကာယ-အစရှိသည်တို့ဖြင့် စောပနကြိယာ အဘိဇ္ဈာဒိ ကြိယာကို ပြုကြောင်း စေတနာ၏ ကံမည်သည်၏ အဖြစ်ကြောင့်။)
ဒွါရပ္ပဝတ္တိယံ၊ ဒွါရတစ်ပါး၌ ကံတစ်ပါးတို့၏ ဖြစ်ခြင်းသည်။
(သတိ) ပိ၊ သော်လည်း။
ကမ္မဒွါရဘေဒနံ စ၊ ကံနှင့် ဒွါရတို့ကို ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည် လည်းကောင်း။
ဒိဿတိ၊ ကွဲကွဲပြားပြား ထင်ရှား၏။
**၁။ဧဝဉ္စ။ပ။ယုဇ္ဇန္တိ**။ ။ ဤဝါကျသည် လဒ္ဓဂုဏ ဝါကျတည်း။ ဤပြခဲ့သော အဓိပ္ပာယ် အရ ယေဘုယျနည်း တဗ္ဗာဟုလ္လနည်းအားဖြင့် မဟုတ်ဘဲ ပါဠိတော် တည်ရှိသည့်အတိုင်း ကမ္မဒွါရကို ခွဲခြား၍ နာမည်တပ်နိုင်သောကြောင့် "ကာယေန စေ ကတံကမ္မံ" စသော ဂါထာတို့သည် အလွန်ပင် သင့်လျော်ခြင်းဂုဏ်ကို ရကြပေသည်၊ ထိုဂါထာတို့ကလည်း ကာယဒွါရဖြင့် ပြုအပ်လျှင် မုသားပင်ဖြစ်သော်လည်း ကာယကံ၊ ဝစီဒွါရဖြင့် ပြုအပ်လျှင် ပါဏာတိပါတပင်ဖြစ်သော်လည်း ဝစီကံဟူသော အဓိပ္ပာယ်ကိုပြကြ၏။ ထိုအဓိပ္ပာယ်သည် အလွန်သင့်မြတ်ပါသည်-ဟူလို။
စ၊ လဒ္ဓဂုဏ်ကို ပြဦးအံ့။
ဧဝံ သတိ၊ သော်။
ကာယေန။ပ။
ဂါထာယော၊ တို့သည်။
အတိဝိယ၊ အလွန်အကဲ သာလျှင်။
ယုဇ္ဇန္တိ၊ သင့်မြတ်ကုန်၏။**၁။မနေန ဒုဿီလျံ**။ ။ကာယေန ဒုသီလျံဖြင့် ကာယဒွါရ၌ဖြစ်သော လွန်ကျူးမှုကိုသာ ယူသကဲ့သို့လည်းကောင်း၊ ဝါစာယ ဒုဿီလျံဖြင့် ဝစီဒွါရ၌ဖြစ်သော လွန်ကျူးမှုကိုသာ ယူသကဲ့သို့ လည်းကောင်း။ မနေန ဒုဿီလျံဖြင့် မနောဒွါရ၌ ဖြစ်သော လွန်ကျူးမှုကိုသာ ယူရပါသလောဟု မေးဖွယ်ရှိသောကြောင့် "မနေန ဒုဿီလျန္တိ"စသည်ကို မိန့်သည်။ ဤမနဒုဿီလျ၌ မနောဒုစရိုက် ၃-ပါးသာမက၊ကာယိက ဝါစသိက လွန်ကျူးမှုမှ ကြွင်းသော အကုသိုလ်အားလုံးကို ယူနိုင်၏။ တစ်နည်း-ဝိရတိ ၃-ပါးမှ ကြွင်းသော မဂ္ဂင် ၅-ပါး၏ ပြောင်းပြန်ဖြစ်သော မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာ ဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိတို့ကို ယူရ၏။ ထို့ကြောင့် "တမှာ သံဝရော" ၌လည်း သမ္မာဒိဋ္ဌိ-စသော ၅-ပါးကိုသာ အဋ္ဌကထာပြသည်။
န္တိ၊ ပါဌ်ဖြင့်။
ကာယိက။ပ။
ဝဇ္ဇံ၊ ကာယဒွါရ၌ ဖြစ်သော လွန်ကျူးမှု, ဝစီဒွါရ၌ ဖြစ်သော လွန်ကျူးမှုသည် ကြဉ်အပ်သော။
သဗ္ဗံ၊ သော။
အကုသလံ၊ ကို။
သင်္ဂဏှာတိ၊ ၏။
ဝါ၊ တစ်နည်း။
မိစ္ဆာဒိဋ္ဌိ။ပ။
သမာဓိံ၊ မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါယာမ, မိစ္ဆာသတိ, မိစ္ဆာသမာဓိကို။
(သင်္ဂဏှာတိ)။**၂။ အပိစေတံ**။ ။ စာအုပ်များ၌ "တမ္ပိစေတံ"ဟု တွေ့ရ၏။ မဓုဋီကာ၌ ဧတံကို "မနေန ဒုဿီလျံ"ဟု စွဲ၍ "အပိစသဒ္ဒေါနိပါတသမုဒါယော အာရမ္ဘတ္တော"ဟု ရှိသောကြောင့် "အပိစေတံ"ဟု ရှေးပါဌ် ရှိဟန်တူသည်။ ဆိုလိုရင်းကား-မနေန ဒုဿီလျံ-စသောစကားကို သီလဝိပတ္တိဖြစ်သော ဒုဿီလျကိုရည်ရွယ်၍ ဆိုသည်မဟုတ်၊ "မနသာ သံဝရော သာဓု"ဟု ဟောတော်မူအပ်သော သံဝရ၏ ဆန့်ကျင်ဘက် အနေအားဖြင့် ဆိုအပ်သည်-ဟူလို။
အပိစ၊ သည်သာမကသေး။
ဝါ၊ ဆက်ဦးအံ့။
ဧတံ၊ ဤမနေန ဒုဿီလျကို။
မနသာ။ပ။
ဝုတ္တဿ၊ ဟောတော်မူအပ်သော။
သံဝရဿ၊ သံဝရ၏။
ပဋိပက္ခသေန၊ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့်။
ဝုတ္တံ၊ ဆိုအပ်ပြီ။
သီလဝိပတ္တိဝသေန၊ သီလပျက်စီးခြင်း၏ အစွမ်းဖြင့်။
နဝုတ္တံ၊ ဆိုအပ်သည်မဟုတ်။**၃။ မဂ္ဂဿေဝ**။ ။ စေတနာ သမ္မယုတ္တဓမ္မတို့ကို ပြရာ၌ ဗောဇ္ဈင်နှင့် မဂ္ဂင်၂-မျိုးကို ပြထားသော်လည်း ကံသို့ သွင်းရာဝယ် လောကုတ္တရာမဂ်ကိုသာပြ၍ ဗောဇ္ဈင်ကို မပြခြင်းမှာ မဂ်က ကံ-၃ပါးလုံး၌ ဝင်နိုင်သည့်အတွက် အရာကျယ်သောကြောင့်လည်းကောင်း၊ မဂ်ကိုသွင်းပြလိုက်လျှင် မနောကံ၌သာ ဝင်နိုင်သည့်အတွက် အရာကျဉ်းသော ဗောဇ္ဈင် သွင်းနည်းကိုလည်း သိနိုင်သောကြောင့်လည်းကောင်းတည်း။
၊ မဂ်ကိုသာလျှင်။
ဘဇာပနံ၊ ကပ်ဝင်စေခြင်းသည်။
မဟာ ဝိသယတ္တာ၊ ဗောဇ္ဈင်ထက်ကျယ်သော အရာရှိသည်၏ အဖြစ်ကြောင့်။
(ဟောတိ။)
[မဓုဋီကာ၌ "ဟောတိ" ဟု မထည့်ဘဲ "ကတံ" ဟုထည့်သည်။]**၁။ သသာရမ္ဘာပထဝီအာဒီသု**။ ။ ပကတိမြေကြီးကို ပထဝီမှကြွင်းသော အာပေါစသော အဆောက်အဦတို့နှင့် တကွဖြစ်သောကြောင့် "သသမ္ဘာရပထဝီ"ဟု ခေါ်၏။ ထိုမြေကြီး၌ အာပေါ တေဇော ဝါယောတို့ ပါသော်လည်း "ရေ,မီး,လေ"ဟူသော ဝေါဟာရကို မရဘဲ မြေအမည်၌ ပါဝင်ကြရတော့၏။ အာဒိဖြင့် သသမ္ဘာရ ရေ, မီး,လေ တို့ကို ယူပါ။ ပကတိရေ၌ မြေ, မီး, လေတို့ ပါဝင်ကြသော်လည်း ရေဟူသော ဝေါဟာရ၌ ပါဝင်ကြရ၏။ မြေဟူသော မီးဟူသော လေဟူသော ဝေါဟာရ(နာမည်)ကို မရတော့၊ ဤသို့စသည်ဖြင့် သိပါ။
၊ အဆောက်အဦနှင့်တကွ ဖြစ်သော မြေကြီးအစရှိသည်တို့၌။
အာပါဒယော၊ အာပေါ-အစရှိသည်တို့သည်။
ဧတ္ထ၊ ဤ အဗ္ဗောဟာရိက အရာ၌။
နိဒဿနံ၊ ညွှန်ပြကြောင်း ဥဒါဟရုဏ်တည်း။ပဉ္စဝိညာဏစသည်အဖွင့်
စက္ခုဝိညာဏဒွါရန္တိ၊ ကား။ စက္ခုဝိညာဏဿ၊ စက္ခုဝိညာဉ်၏။ ဒွါရံ၊ ဒွါရတည်း။
**၁။ ဧဝဉ္စ ကတွာ။ပ။အဝိရုဒ္ဓံ**။ [ဧဝဉ္စ ကတွာတိ-၀စီဒွါရေ ဥပ္ပဇ္ဇမာနဿပိ ကာယကမ္မဿ ကာယဒွါရေ အသံဝရဘာဝတော။-မဓု။] နောက်၌ ကမ္မပထသံသန္ဒနအခန်း လာလတ္တံ့။ ထို၌ "စောပနကာယ အသံဝရဒွါရဝ ရဝသေန ဥပ္ပန္နော (အသံဝရော) အကုသလံ ကာယကမ္မမေဝ ဟောတိ၊ ဝါစာအသံဝရ ဒွါရဝသေန ဥပ္ပန္နော အကုသလံ ဝစီကမ္မမေဝ ဟောတိ" ဟူသော စကားပါရှိ၏။ ထိုစကားသည် နောက်၌လာသော "အကုသလံ ကာယကမ္မံ။ ပ။စောပနကာယ အသံဝရ ဒွါရဝသေန ဝါစာအသံဝရဒွါရဝသေန စ ဥပ္ပဇ္ဇတိ" စသော စကားနှင့် ဆန့်ကျင်ပါ-ဟူလို။ ထို့ကြောင့် ဤ ဝါကျသည် မဆန့်ကျင်ခြင်း အကျိုးရပုံကို ပြသော လဒ္ဓဂုဏ ဝါကျတည်း။ ["ဧဝဉ္စ ကတွာ"ဟု စချီရာ၌ တချို့နေရာဝယ် သာဓကလည်း ဖြစ်တတ်၏။ ထို့ကြောင့် "ဧဝဉ္စ ကတွာ, သာဓကာ, တဖြာလဒ္ဓဂုဏ်"ဟု ရှေးဆရာတို့ မိန့်တော်မူကြသည်။]
ဧဝဉ္စ ကတွာ၊ ဤ အကြောင်းကြောင့်။
ကမ္မပထသံသန္ဒနေ၊ ကမ္မပထသံသန္ဒန အခန်း၌။
စောပနကာယ အသံဝရ အသံဝရဒွါရဝသေန ဥပ္ပန္နော အကုသလံ ကာယကမ္မမေဝ ဟောတီတိ အာဒိ၊ အစရှိသော စကားသည်။ (အဝိရုဒ္ဓံ ဟောတိ-၌ စပ်။)
အကုသလံ ကာယကမ္မံ။ပ။
စောပန ကာယကမ္မ။ မ္မံ။ပ။
စောပနကာယ အသံဝရဒွါရဝသေန ဝါစာအသံဝရ ဒွါရဝသေန စ ဥပ္ပဇ္ဇတီတိ အာဒိနာ၊ အစရှိသော စကားနှင့်။
သဟ။
အဝိရုဒ္ဓံ၊ မဆန့်ကျင်သည်။
ဟောတိ။**၁။ အသံဝရော ဟိ။ပ။ဧဝံ အဝိရုဒ္ဓံ**။ ။ မဆန့်ကျင်ပုံ အခြင်းအရာကို ပြလို၍ "အသံဝရောဟိ"စသည်ကို မိန့်။ ကာယအသံဝရသည်ဝစီဒွါရဟူသော ဒွါရတစ်ပါး၌ ဖြစ်စေကာမူ "မိမိဟူသော ဒွါရ၌သာ ဖြစ်၏"ဟု ဆို၏။ ဝါစာအသံဝရလည်း ကာယဒွါရဟူသောဒွါရ တစ်ပါး၌ ဖြစ်စေကာမူ မိမိဟူသော ဝစီဒွါရ၌သာဖြစ်၏ ဟု ဆိုရ၏။ ["သဒွါရေ ဧဝါတိ ဝုစ္စတိ"ကိုပင် "သဒွါရဝသေန ဥပ္ပန္နောတိ"ဟု ထပ်၍ဆိုသည်။ ထို့ကြောင့် စာအုပ်များ၌ "ဥပ္ပန္နောတိ စ"ဟု စသဒ္ဒါပါနေသည်မှာ ပိုဟန်တူသည်။]
ဟိ၊ မှန်။
(တစ်နည်း) ဟိ၊ မဆန့်ကျင်ပုံ အခြင်းအရာကား။
အသံဝရော၊ အသံဝရသည်။
ဒွါရန္တ ရေ၊ ဒွါရတစ်ပါး၌။
ဥပ္ပဇ္ဇမာနောပိ၊ သော်လည်း။
သဒွါရေ ဧဝ၊ မိမိဒွါရ၌သာ။
(ဥပ္ပန္နော) တိ၊ ဖြစ်၏ဟူ၍။
ဝုစ္စတိ။
သဒွါရဝသေန၊ မိမိဒွါရ၏ အစွမ်းဖြင့်။
ဥပ္ပန္နောတိ၊ ဟူ၍။
(ဝုစ္စတိ။)
**၂။ ကမ္မံ။ပ။အညဒွါရဝသေန စာတိ**။ ။ကမ္မံအရ ကာယကံကိုယူလျှင် "အညဒွါရေ"အရ ဝစီဒွါရကို ယူ၍ "အညဒွါရဝသေန"အရ ဝစီဒွါရမှတစ်ပါးသော ကာယဒွါရကိုပင် ယူပါ။ ကမ္မံအရ ဝစီကံကို ယူလျှင်လည်း အညဒွါရဝသေနတို့အရ ယူရပုံကို ဤနည်းမှီးပါ။ ဤစကားဖြင့် "ကံလည်း အသံဝရကဲ့သို့ မိမိဒွါရ၌သာဖြစ်သည်"ဟု ပြသည်။ "ဝသေန စ"မှ စ-ကို ကမ္မံ၌ ယှဉ်ပါစေ။ [ဧဝံ အဝိရုဒ္ဓံကား မဆန့်ကျင်ပုံ အခြင်းအရာ၏ နိဂုံးတည်း။]
ကမ္မံ စ၊ ကံကိုလည်း။
အညဒွါရေ၊ ၌။
(ဥပ္ပဇ္ဇမာနံပိ၊ သော်လည်း။)
အညဒွါရဝသေန၊ အခြားဒွါရ၏ အစွမ်းဖြင့်။
(ဥပ္ပန္နံတိ ဝုစ္စတိ။)
ဣတိ ဧဝံ၊ ဤသို့။
ဝါ၊ ဤ အခြင်းအရာအားဖြင့်။
အဝိရုဒ္ဓံ၊ မဆန့်ကျင်။**၃။ အထဝါ**။ ။ ဤ အထဝါ၏ နယ်ကား "ကမ္မပထာဝိရောဓော န သိယာ" တိုင်အောင်တည်း။ ဤသို့ သုဒ္ဓကာယဒွါရ သုဒ္ဓဝစီဒွါရ ဟု လည်းကောင်း၊ အသုဒ္ဓကာယဒွါရ အသုဒ္ဓဝစီဒွါရဟု လည်းကောင်း မစိစစ်ဘဲ သာမညအားဖြင့် ဧတ္တကို "ဧတသ္မိံ စောပနေ"ဟု ဆိုလျှင် ဟု အထဝါ အတွက် အဓိပ္ပာယ်မှတ်ပါ။ ထို့ကြောင့် အထဝါ၊ သုဒ္ဓကာယဒွါရေန ဥပလက္ခိတော-စသောနည်းမှ တစ်နည်းကား"ဟု ပေးပါ။ [အညံ အတ္ထံ ဝိကပ္ပေတွာ တဿ (ထိုအခြား တစ်နည်း၏) ကမ္မပထသံသန္ဒနဝိရောဓံ ဒဿေတုံ အထဝါတိ အာဒိမာဟ။-မဓု။ ဧတသ္မိံ စောပနေကို "ဧတသ္မိံ စောပနကာယအသံဝရဒွါရေ"ဟု အနက်မှတ်ပါ။]
၊ တစ်နည်းကား။
ဧတ္ထာတိ၊ ဧတ္ထ ဟူသော ဤပါဌ်၌။
သုဒ္ဓံ အသုဒ္ဓံတိ ဧတံ၊ သုဒ္ဓံ အသုဒ္ဓံ ဟူသော ဤ ၂-ပါးကို။
အဝိစာရေတွာ၊ မခွဲခြား စိစစ်မူ၍။
ဧတသ္မိံ စောပနေ၊ ဤ စောပနကာယ အသံဝရဒွါရ၌။
ဣတိ၊ ဤအနက်သည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဆိုအပ်သည်။
ဝါ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်အံ့။**၄။ ဧဝံ သတိ။ပ။ဝုစ္စတိ**။ ။[ဧဝံ သတီတိ စောပနကာယအသံဝရဒွါရေတိ အတ္ထေသတိ၊ ဒွါရန္တ ရောပလက္ခိတံတိ ဝစီမနောကမ္မဒွါရေဟိ ဥပလက္ခိတ္တာတိ အတ္ထော။ ဝုစ္စတီတိ ဝုစ္ဆေယျ။-မဓု။] ဆိုလိုရင်းကား "ဝစီဒွါရ မနောဒွါရတို့ဖြင့် မှတ်သားအပ်သော ကမ္မပထမြောက်သော ဝစီကံ မနောကံကို စောပနကာယ အသံဝရဒွါရ၌ဖြစ်လျှင် စောပနကာယအသံဝရ ဟု ဆိုအပ်ရာ ရောက်သည်"ဟူလို။
ဧဝံ သတိ။
ဒွါရန္တ ရောပလက္ခိတံ၊ ဝစီဒွါရ မနောဒွါရဟူသော ဒွါရတစ်ပါးဖြင့်မှတ်သားအပ်သော။
ကမ္မပထဘာဝပ္ပတ္တတာယ၊ ကမ္မပထ၏အဖြစ်သို့ ရောက်သည်၏ အဖြစ်ကြောင့်။
စောပနကာယ အသံဝရဒွါရေ၊ စောပနကာယ အသံဝရ- ဒွါရ၌။
ဥပ္ပန္နံ၊ သော။
ဝစီမနောကမ္မံ၊ ဝစီကံ မနောကံကို။
**၁။ သေသံ သဗ္ဗံ။ပ။ဝိယ**။ ။ ဥပမာ-တံ ဒွါရုပ္ပန္န(ထို ကာယဒွါရ၌ဖြစ်သော) ကမ္မပထ မြောက်သော ဝစီကံ မနောကံမှ ကြွင်းသမျှ အကုသိုလ်ကို စောပနကာယအသံဝရဟု ဆိုအပ် သကဲ့သို့တည်း။
သေသံ၊ ကမ္မပထမြောက်သော စေတနာမှ ကြွင်းသော။
သဗ္ဗံ၊ သော။
(တံဒွါရုပ္ပန္နာကုသလံ ဝိယ၊ ထိုဒွါရ၌ဖြစ်သော အကုသိုလ်ကိုကဲ့သို့။)
စောပနကာယ အသံဝရောတိ၊ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်ရာ ရောက်၏။ (ဆိုစရာ ဖြစ်၏။)**၂။ ကမ္မပထ။ပ။တထာ န ဝုစ္စတိ**။ ။ ကမ္မပထ မြောက်သောအားဖြင့် ဝစီဒွါရ၌ဖြစ်သော (အသတ်ခိုင်းခြင်း စသော) ကာယကံလည်း (၀စီဒွါရ၌ ဖြစ်သည့်အတွက်) ကာယကံဟု မဆိုအပ်ရာရောက်၏။
ကမ္မပထဘာဝပ္ပတ္တိယာ၊ ကမ္မပထ၏အဖြစ်သို့ ရောက်ခြင်းကြောင့်။
ဒွါရန္တ ရုပ္ပန္နံ၊ ကာယဒွါရမှတစ်ပါးသော ဝစီဒွါရ၌ဖြစ်သော။
ကာယကမ္မဉ္စ၊ ကိုလည်း။
တထာ၊ ထို စောပနကာယအသံဝရ ဟူ၍။
န ဝုစ္စတိ၊ မဆိုအပ်ရာ ရောက်၏။ (မဆိုစရာ ဖြစ်၏။)
ဣတိ၊ ကြောင့်။
ကမ္မပထသံ သန္ဒနဝိရောဓော၊ ကမ္မပထသံသန္ဒန အခန်းနှင့်ဆန့်ကျင်ခြင်းသည်။
သိယာ။
["ကမ္မပထသံသန္ဒနာဝိရောဓော နသိယာ"] ဟုလည်း ရှိ၏။ အဓိပ္ပာယ် အတူပင်။]
တဒဝိရောဓံ၊ ထိုကမ္မပထသံသန္ဒန အခန်းနှင့် မဆန့်ကျင်ပုံကို။
တတ္ထေဝ၊ ထို ကမ္မပထသံသန္ဒနအခန်း၌သာ။
ဝက္ခာမ၊ ကုန်အံ့။**၃။ ဉာဏသံဝရေ။ပ။ဒဋ္ဌဗ္ဗာ**။ ။ ဤစကားဖြင့် ပစ္စယသန္နိဿိတနှင့် အာဇီဝပါရိသုဒ္ဓိ ကို သီလသံဝရ၌ မသွင်းဟုသိပါ။ ပစ္စည်း ၄-ပါးကို ပဋိသင်္ခါ ယောနိသော-စသည်ဖြင့် ဉာဏ်ကိုဖြစ်စေ၍ ဆင်ခြင်ရသောကြောင့် ဉာဏသံဝရ၌ ပစ္စယသန္နိဿိတသီလကို သွင်းရ၏။ ပစ္စည်းကို ရှာဖွေရာဝယ် အချောင်သုံးစွဲလိုသူ၊ ဝီရိယနည်းသူတို့သာ မတရားရှာဖွေတတ်၏။ ဝီရိယရှိသူကား တရားသဖြင့်ရအောင် (ဆွမ်းခံသွားခြင်း-အစရှိသည်ဖြင့်) ဝီရိယအားထုတ်၍ ရှာ၏။ ထို့ကြောင့် အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယသံဝရ၌ သွင်းရသည်။
ဉာဏသံဝရေ၊ ဉာဏ သံဝရ၌။
ပစ္စယ သန္နိဿိတသီလဿ၊ ပစ္စယ သန္နိဿိတသီလ၏။
(အန္တောဂဓတာ၊ အတွင်းဝင်သည်၏ အဖြစ်ကိုလည်းကောင်း။)
ဝိရိယသံဝရေ၊ ၌ ။
အာဇီဝပါရိသုဒ္ဓိယာ၊ အာဇီဝပါရိသုဒ္ဓိသီလ၏။
အန္တောဂဓတာ စ၊ ကိုလည်းကောင်း။
ဒဋ္ဌဗ္ဗာ၊ ၏။အကုသလကမ္မပထကထာဝဏ္ဏနာ
အကုသလကမ္မပထအဖွင့်
အကုသလကမ္မပထကထာဝဏ္ဏနာ
အကုသလကမ္မပထအဖွင့်
ပယောဂဝတ္ထုမဟန္တ တာ
၁။ ပယောဂမဟန္တတာ။ ။ ပယောဂတစ်မျိုးတည်းပင် ဖြစ်သော်လည်း အဆောတလျင် ကိစ္စကိုပြီးစေသော စေတနာ၏ အစွမ်းဖြင့်လည်းကောင်း၊ ဖြည်းဖြည်းပြီးစေကာမူ ရှေ့ဇောဝီထိတို့မှ အထုံရသဖြင့် ဆုံးဖြတ်ချက်ချသော ဇောစေတနာ၏ အစွမ်းဖြင့်လည်းကောင်း၊ ပယောဂ၏ ကြီးပုံကိုသိပါ။ ဤသို့ ပယောဂကြီးသည် မဟာသာဝဇ္ဇဖြစ်ခြင်း၏ အကြောင်းဟု မှတ်ပါ။
-ဝတ္ထုမဟန္တ တာ။ ။သတ်အပ်သော သတ္တဝါက အငယ်အကြီးကွဲပြားစေကာမူ (သေနတ်တစ်ချက်ဖြင့် ပစ်သတ်ခြင်းကဲ့သို့) ပယောဂ တူမျှနေပါသော်လည်း သတ္တဝါအကြီးကို သတ်ရာ၌ သတ်လိုသော စေတနာသည် ပို၍ထက်သန်ပြင်းထန်ရ၏။ ထို့ကြောင့် သတ်အပ်သော ဝတ္ထု၏ ကြီးခြင်းကိုလည်း မဟာသာဝဇ္ဇဖြစ်ခြင်း၏ အကြောင်းဟုမှတ်ပါ။
ဒီဟိ၊ ပယောဂ၏ ကြီးသည်၏အဖြစ်, အရာဝတ္ထု၏ ကြီးသည်၏ အဖြစ် အစရှိသည်တို့ကြောင့်။ မဟာသာဝဇ္ဇတာ၊ မဟာသာဝဇ္ဇ၏ အဖြစ်သည်။ (ဟောတိ။ ကသ္မာ၊ နည်း။) တေဟိ ပစ္စယေဟိ၊ ထိုပယောဂ ဝတ္ထုမဟန္တ တာ အစရှိသော အကြောင်းတို့ကြောင့်။ ဥပ္ပဇ္ဇမာနာယ၊ ဖြစ်သော။ စေတနာယ၊ စေတနာ၏။ ဗလဝဘာဝတော၊ အားရှိသည်၏ အဖြစ်ကြောင့်တည်း။**၁။ ဒါဌာကောဋိကာဒီနံ ဝိယ**။ ။ ဒါဌာကောဋိက-မင်းသည် စိတ်ဆိုး၍ အစွယ်ကို ခေါက်လိုက်လျှင် စိတ်ဆိုးခံရသူ သေ၏။ ထိုအစွယ်ခေါက်ခြင်း ပယောဂသည် ကမ္မဝိပါကဇိဒ္ဓိ ပယောဂတည်း။ အာဒိဖြင့် သောတာပန်မဖြစ်မီက ဝေဿဝဏ်နတ်မင်း မျက်စောင်းထိုးခြင်းဟူသော ပယောဂကြောင့် ဘီလူးများသေရခြင်း စသည်ဝယ် မျက်စောင်းထိုးခြင်းဟူသော ပယောဂကို ယူပါ။ [ဒါဌာကောဋိကာဒီနံတိ တံနာမကာနံ ရာဇူနံ၊ ဝိယာတိ ဣဒံ သရူပဒဿနံ။ သော ဟိ ဒါဌာကောဋိကရာဇာ ယဒါ အညံ ကုပ္ပတိ၊ အတ္တနော ဒါဌံ အင်္ဂုလိယာ အာကောဋေတိ၊ တဒါ ပရေသံ ဝဓောဟောတိ။-မဓု။]
၊ ဒါဌာကောဋိကမင်း အစရှိသူတို့၏။
(ဣဒ္ဓိမယောဝိယ၊ တန်ခိုးကို အသုံးပြုခြင်းဟူသော ပယောဂကဲ့သို့။)
ကမ္မဝိပါကဇိဒ္ဓိမယော၊ ကံ၏အကျိုးကြောင့်ဖြစ်သောတန်ခိုးကိုအသုံးပြုခြင်းဟူသော ပယောဂသည်။
ဣဒ္ဓိမယော၊ မည်၏။**၁။ န ဟိ စေတနာယ။ပ။န နိဝါရိတော**။ ။ "အညဟေတုတ္တာ" ဟူသော ဟိတ်ကို ချဲ့လို၍ "နဟိ" စသည်ကိုမိန့်သည်။ စေတနာကို ကမ္မပထ မဟုတ်သောကြောင့် ကမ္မပထရာသိ၌ မဟောသည်မဟုတ်ပါ။ ကမ္မပထအဖြစ်က မမြဲသောကြောင့် မဟောခြင်းဖြစ်ပါသည်။ အင်္ဂါစုံညီသော စေတနာအတွက် ကမ္မပထအဖြစ်ကို မတားမြစ်ပါ။ [ဤစကားအရ "အညဟေတု"ဟူသည် "တမ္မပထအဖြစ်၏နိယတ မဟုတ်ခြင်းဟူသော အကြောင်းတည်း"ဟု မှတ်ပါ] မဓု၌ "တမေဝတ္ထံ ဗျတိရေကမုခေန ဝိဝရိတုံ ယဒါပနာတိ အာဒိဝုတ္တံ"ဟု တွေ့ရ၏။ ယဒါပန-စသော ဝါကျသည် ဝိတ္တာရ မဟုတ်နိုင်၊ ဆက်၍ပြသော ဝါကျသာတည်း၊ ထို့ကြောင့် ထိုအဖွင့်ကို စဉ်းစားပါ။
ဟိ၊ ချဲ့။
စေတနာယ၊ ၏။
အကမ္မပထတ္တာ၊ ကမ္မပထ မဟုတ်သည်၏ အဖြစ်ကြောင့်။
ကမ္မပထရာသိမှိ၊ ကမ္မပထ တရားအစု၌။
အဝစနံ၊ မဟောခြင်းသည်။
န၊ မဟုတ်။
ပန၊ အဟုတ်ကား။
ကဒါစိ၊ ၌။
(အင်္ဂါ ညီညွတ်ရာ တစ်ရံတစ်ခါ၌။)
ကမ္မပထော၊ သည်။
ဟောတိ၊ ၏။
သဗ္ဗဒါ (ကမ္မပထော) န (ဟောတိ)။
ကမ္မပထဘာဝဿ၊ ကမ္မပထ အဖြစ်၏။
ဣတိ (တသ္မာ) အနိယတတ္တာ၊ ဤသို့ မမြဲသည်၏ အဖြစ်ကြောင့်။
အဝစနံ၊ မဟောခြင်းသည်။
(ဟောတိ။)**၂။ ပဉ္စသိက္ခာပဒါ။ပ။ပရိဟရိဿတိ**။ ။ ဤ၌ "အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ" အရ သတ္တဝါပညတ်ကို အာရုံပြု၏ဟူသော စကားသည် သိက္ခာပဒဝိဘင်း ပါဠိတော်၌ လာလတ္တံ့ဖြစ်သော "ပဉ္စသိက္ခာပဒါ ပရိတ္တာရမ္မဏာ ဧဝ-ပရိတ္တဖြစ်သော ကာမပရမတ် တရားကိုသာအာရုံပြု၏"ဟူသော စကားနှင့် ဆန့်ကျင်သကဲ့သို့ဖြစ်၏၊ သို့သော် သတ္တဝါ ဟု ဆိုသော်လည်း အစစ်အမှန်အားဖြင့် သတ္တဝါမရှိ၊ သင်္ခါရဖြစ်သော ပရမတ်သာရှိသောကြောင့် ထို ပရမတ်တရားကို အာရုံပြုရကား မဆန့်ကျင်ပါ-ဟု ထို ဝိဘင်းအဋ္ဌကထာ၌ ကိုယ်တိုင်ဖြေလတ္တံ့။
ပဉ္စ ။ပ။
ဧတေန၊ ဟူသော ဤ သိက္ခာပဒဝိဘင်း ပါဠိတော်စကားနှင့်။
(ဝိရောဓံ-၌ စပ်။)
အဒိန္နာဒါနာဒီနံ၊ အဒိန္နာဒါန အစရှိသော ကမ္မပထတို့၏။
သတ္တာရမ္မဏဘာဝ ဝိရောဓံ၊ သတ္တဝါဟူသော အာရုံရှိသည်၏ အဖြစ်ကိုဆိုကြောင်း စကား၏ဆန့်ကျင်ပုံကို။ (ဆန့်ကျင်သကဲ့သို့ ဖြစ်ပုံကို။)
သတ္တသင်္ခါတေ။ပ။
ပဝတ္တိတောတိ၊ ဟူ၍။
သယမေဝ၊ အဋ္ဌကထာဆရာ ကိုယ်တိုင်ပင်။
ပရိဟရိဿတိ၊ ရှောင်လွှဲလတ္တံ့။
[ဝိဘင်းအဋ္ဌကထာ၌ ဖြေဆိုလတ္တံ့။][ "တထာ ဝိပါကနိသန္ဒ ဖလာနိ ပစ္စဝေက္ခန္တဿ" ကို ဖွင့်ပြလို၍ "ဝိပါက" စသည်မိန့်။]
ဝိပါကနိသန္ဒဖလာနိ၊ ဝိပါကအကျိုး နိသန္ဒအကျိုးတို့သည်။
ယထာက္ကမံ၊ စွာ။
နိရယာဒိဝိပါကဒုဂ္ဂတတာဒီနိ
၁။ နိရယာဒိဝိပါကဒုဂ္ဂတတာဒီနိ။ ။ ဝိပါကပဒေန နာမံ ဒဿိတံ- ("ဝိပါကာဓမ္မာ" ဟူသော မာတိကာပုဒ်၌ ဝိပါကသဒ္ဒါသည် နာမ်ဝိပါက်တရားကိုဟောသကဲ့သို့) ဤ ဝိပါကဖလကို ပြရာ၌လည်း ဝိပါကသဒ္ဒါဖြင့် နာမ်ဝိပါက်တရားကို ပြသည်၊ ငရဲစသည်၌ဖြစ်ရသော နာမ်ဝိပါက်သည် ကံတရား၏ တိုက်ရိုက်အကျိုး(မုချအကျိုး)တည်း၊ ဒုဂ္ဂတတာ စသောအကျိုးသည် နိသန္ဒဖလ (အကျိုးဆက်)တည်း။ [ဒုဂ္ဂတတာနာမ-အာရောဟပရိဏာဟဝသေန (ကိုယ်လုံးကိုယ်ပေါက်၏ အစွမ်းဖြင့်) ဒုဇ္ဇာတတာ-မကောင်းဖြစ်သူ၏ အဖြစ်တည်း။-မဓု။]
-ဒုဂ္ဂတတာဒီနိ။ အာဒိသဒ္ဒေန အလဒ္ဓါလာဘော (မရအပ်သေးသော လာဘ်ကိုမရခြင်း)၊ လဒ္ဓဝိနာသော (ရအပ်ပြီးလာဘ်၏ ပျက်စီးခြင်း)၊ ဣစ္ဆိတာနံ ဘောဂါနံ ကိစ္ဆဝဋိလာဘော (အလိုရှိအပ်သော စည်းစိမ်တို့ကို ပင်ပင်ပန်းပန်းရှာမှ ရခြင်း)၊ ရာဇာဒီဟိ (ရန်သူမျိုးငါးပါးတို့နှင့်) သာဓာရဏဘောဂတာ (ဆက်ဆံရသော စည်းစိမ်ရှိခြင်း) ဣတိ ဧဝမာဒယော သင်္ဂဟိတာ။- အနု။ အချုပ်မှာ-နာမ်ဝိပါက် မကောင်းကျိုးမှတစ်ပါး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကြောင်း မကောင်းကျိုးဟူသမျှကို "နိသန္ဒဖလ"ဟုချည်း ဆိုလိုသည်။
၊ ငရဲ အစရှိသည်၌ ဖြစ်သော ဝိပါက်စိတ်ဟူသော မုချအကျိုး, အရပ်အမောင်း မကောင်းသူ၏ အဖြစ် အစရှိသည်တို့တည်း။ [ဝိပါကနှင့် နိရယာဒိဝိပါက၊ နိသန္ဒဖလနှင့်ဒုဂ္ဂတတာဒိ"ဟု အစဉ်အတိုင်း တွဲပါ။]ကုသလကမ္မပထကထာဝဏ္ဏနာ
ကုသလကမ္မပထအဖွင့်
ကုသလကမ္မပထကထာဝဏ္ဏနာ
ကုသလကမ္မပထအဖွင့်
**၁။ ပါဏာတိ။ပ။ကတွာ ဝုတ္တံ**။ ။ ကမ္မပထဟူသည် သုဂတိ ဒုဂ္ဂတိသို့ ရောက်ခြင်း၏ အကြောင်းကံတည်း။ သို့ပါလျက် အဘယ့်ကြောင့် ကုသလကမ္မပထကိုပြရာ၌ "ပါဏာတိပါတာ ဒီဟိ။ပ။ ဝိရတိယော"ဟု ဝိရတိကို ကမ္မပထအရကောက်ယူရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "ပါဏာတိပါတ။ပ။ဝုတ္တံ"ဟု ဋီကာဆရာ ဖြေသည်၊ ဆိုလိုရင်းကား-ကုသလကမ္မပထအရာ၌ ဝိရတိနှင့်ယှဉ်သော စေတနာတို့ကို ကာယကံ ဝစီကံဟု ဆိုလိုရင်းပင်ဖြစ်၏။ သို့သော် ထိုစေတနာနှင့်ယှဉ်ဖက် ဝိရတိတို့လည်း စေတနာကို အကြောင်းပြု၍ ကံဟူသောအမည် ရသင့်၏ဟု နှလုံးသွင်းခြင်းကြောင့် ဝိရတိကို ကမ္မပထအရ၌ ယူထားသည်-ဟူလို။ ထို့ကြောင့်ပင် "ဓမ္မတော"အရ ကမ္မပထ၏ တရားကိုယ်ကို ကောက်ပြရာ၌ "ပဋိပါဋိယာ သတ္တ (ရှေ့ ကုသလ ကမ္မပထတရား ၇-ပါးတို့သည်) စေတနာပိ ဝဋ္ဋန္တိ၊ ဝိရတိယောပိ"ဟု အဋ္ဌကထာဆရာ မိန့်လတ္တံ့။
ပါဏာတိ။ပ။
ဝိရတိယောတိ ဧတံ၊ ဟူသော ဤစကားကို။
ယာဟိ ဝိရတီဟိ၊ အကြင် ဝိရတိတို့နှင့်။
သမ္ပယုတ္တာ၊ ကုန်သော။
စေတနာ၊ စေတနာတို့ကို။
ကာယ ဝစီကမ္မာနီတိ၊ ကာယကံ, ဝစီကံတို့ ဟူ၍။
ဝုစ္ဆန္တိ၊ ကုန်၏။
တာသံ စ၊ ထိုဝိရတိတို့၏လည်း။
ကမ္မပထဘာဝေါ၊ ကမ္မပထ၏အဖြစ်သည်။
ယုတ္တော၊ သင့်၏။
ဣတိကတွာ၊ ဤသို့ နှလုံးပြု၍။
(သင်္ဂဟကာရေန) ဝုတ္တံ။ကမ္မပထသံသန္ဒနကထာဝဏ္ဏနာ
ကမ္မပထသံသန္ဒနအဖွင့်
ကမ္မပထသံသန္ဒနကထာဝဏ္ဏနာ
ကမ္မပထသံသန္ဒနအဖွင့်
**၁။ ကမ္မပထပ္ပတ္တာနံ။ပ။ကေစိ ဝဒန္တိ**။ ။ "ကမ္မပထပ္ပတ္တာနံ"မှစ၍ "ဝဒန္တိ " တိုင်အောင် ကေစိဝါဒကို ၂-နည်းပြထား၏။ ထိုတွင် ပထမနည်းဝယ် "ကမ္မပထပ္ပတ္တာနံ ဒုဿီလျာဒီနံ အသံဝရာနံ" ၌ဒုဿီလျာဒီနံ အရ အသံဝရ အစ၌ပြခဲ့သော အသံဝရ တရားကိုယ်ဖြစ်သော ဒုဿီလျ၊ မုဋ္ဌသစ္စ၊ အညာဏ၊ အက္ခန္တိ ၊ ကောသဇ္ဇတို့ကိုယူပါ။ တထာဖြင့် "ကမ္မပထပ္ပတ္တာနံ"ကို ပြန်၍ညွှန်းသောကြောင့် "တထာဒုစ္စရိတာနံ"ဖြင့် ကမ္မပထမြောက်သော ဒုစရိုက်တို့ကို ပြ၏။ ထို ဒုဿီလျာဒိအသံဝရနှင့် ဒုစ္စရိတတို့၏ အကုသလကမ္မပထနှင့် လိုရင်းအနက် (တရားကိုယ်) အားဖြင့် မထူးခြားဘဲ တစ်သားတည်း ရောနှောပုံကိုပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ ["ကမ္မပထပ္ပတ္တာနမေ၀ စ သုသီလျာဒိနံ" စသည်၌လည်း ဤနည်းကို မှီးပါ။]
ကမ္မပထပ္ပတ္တာနံ၊ ကမ္မပထသို့ ရောက်ကုန်သော။
ဒုဿီလျာဒီနံ၊ ဒုဿီလျ အစရှိကုန်သော။
အသံဝရာနံ၊ အသံဝရတို့၏ လည်းကောင်း။
တထာ၊ ထို့အတူ ကမ္မပထသို့ ရောက်ကုန်သော။
ဒုစ္စရိတာနဉ္စ၊ ဒုစရိုက်တို့၏လည်းကောင်း။
အကုသလ ကမ္မပထေဟိ၊ အကုသလ ကမ္မပထတို့နှင့် လည်းကောင်း။ (အတ္ထတော နာနတ္တာ ဘာဝဒဿနံ-၌စပ်။)
ကမ္မပထ ပတ္တာနမေဝ၊ ကမ္မပထသို့ ရောက်သည်ပင်လျှင် ဖြစ်ကုန်သော။
သုသီလျာဒီနံ၊ ကုန်သော။
သံ၀ရာနံစ၊ တို့၏လည်းကောင်း။
တထာ၊ ထို့အတူ ကမ္မပထသို့ ရောက်ကုန်သော။
သုစရိတာနံ စ၊ တို့၏လည်းကောင်း။
ကုသလကမ္မ ပထေဟိ စ၊ တို့နှင့်လည်းကောင်း။
အတ္ထတော၊ လိုရင်းအနက်အားဖြင့်။
နာနတ္တာဘာဝဒဿနံ၊ ထူးကုန်သည်၏ အဖြစ်၏ မရှိပုံကို ပြခြင်းသည်။
(ကမ္မပထသံသန္ဒနံ၊ မည်၏။)**၁။ အထ ဝါ**။ ။ [တေသံတိ အသံဝရဒုစ္စရိတာဒီနံ။-မဓု။] ပြအပ်ခဲ့သော အသံဝရဒုစရိုက်၊ သံဝရ သုစရိုက်တို့၏ ဖဿဒွါရ အစရှိသည်တို့နှင့် မဆန့်ကျင်ပုံကို ပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ ဤသို့ ကေစိဆရာတို့ ဆိုကြသည်။]
၊ ကား။
တေသံ၊ ထို အသံဝရဒုစရိုက်, အသံဝရသုစရိုက်တို့၏။
ဖဿဒွါရာဒီဟိ၊ ဖဿဒွါရ အစရှိသည်တို့နှင့်။
အဝိရော ဓဘာဝေန၊ ဆန့်ကျင်ခြင်း မရှိကုန်သည်၏ အဖြစ်ဖြင့်။
ဒီပနံ၊ ပြခြင်းသည်။
ကမ္မပထသံသန္ဒနံ၊ မည်၏။
ဣတိ၊ သို့။
ကေစိ ဝဒန္တိ။
**၂။ တဒေတံ ဝိစာရေတဗ္ဗံ-နဟိ**။ ။ ထို၂-ဝါဒလုံးပင် စဉ်းစားစရာရှိသည်ဟု စကားပလ္လင်ခံ၍ "န ဟိ" စသည်ဖြင့် ချဲ့သည်။ ထို အကျယ်ကား- "န စဿဒွါရန္တ ရုပ္ပန္နံ ကမ္မန္တရံ ဟောတီတိ"တိုင်အောင်တည်း။ [န ဟိ၌ "ဟိ ယသ္မာ"ဟု ပေး၍ ထို ဣတိကျမှ "ဣတိ၊ ထို့ကြောင့်။ ဝိစာရေတဗ္ဗံ၊ ၏"ဟုလည်း ပြန်လှည့်နိုင်သည်။]
တဒေတံ (တံ+ဧတံ)၊ ထို ကေစိဆရာတို့၏ စကားကို။
ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်၏။**၃။ ပဉ္စ ဖဿ။ပ။အနုပ္ပတ္တိတော**။ ။ စက္ခုသမ္ဖ ဿဒွါရ။ပ။ကာယသမ္ဖဿဒွါရကို ပဉ္စ ဖဿဒွါရ ဟုဆို၏။ ထို ပဉ္စဖဿဒွါရ၊ စက္ခုအသံဝရ-စသော ပဉ္စ အသံဝရဒွါရ၊ ပဉ္စ သံဝရဒွါရတို့၌ဖြစ်သော အသံဝရ-သံဝရတရားတို့သည် ကမ္မပထမမြောက်။ ဘာ့ကြောင့်နည်း- ပါဏာတိပါတ-စသော ကမ္မပထ ၇-ပါး၊ ပရသန္တကဝတ္ထုလောဘ (အဘိဇ္ဈာ)၊ ပရသတ္တာ ရမ္မဏဗျာပါဒ၊အဟေတုက-စသော မိစ္ဆာဒိဋ္ဌိတို့၏ ထို၅-ဒွါရတို့၌ မဖြစ်သောကြောင့်တည်း။ ထိုသို့မဖြစ်လျှင် ထို ပဉ္စဒွါရ၌ဖြစ်သော ဒုဿီလျ-စသော အသံဝရ၊ သီလ-စသော သံဝရတို့သည် ကမ္မပထ မမြောက်ရကား "ကမ္မပထနှင့်တရားကိုယ်အရကောက် မထူးကြောင်းကို ပြသောစကားသည် ကမ္မပထသံသန္ဒန မည်၏"ဟု မဆိုထိုက်။ ထို့ကြောင့် ထိုစကားကို စဉ်းစားသင့်သည်-ဟူလို။
ပဉ္စဖဿ။ပ။
ဒွါရေသု၊ ၅-ပါးသော ဖဿဒွါရ, ၅-ပါး သော အသံဝရဒွါရ, ၅-ပါးသော သံဝရဒွါရတို့၌။
ဥပ္ပန္နာနံ၊ ကုန်သော။
အသံဝရာနံ၊ တို့၏လည်းကောင်း။
သံဝရာနံ စ၊ တို့၏လည်းကောင်း။
ကမ္မပထတာ၊ ကမ္မပထတို့၏ အဖြစ်သည်။
န အတ္ထိ။
(ကသ္မာ၊ နည်း။)
ပါဏာတိပါတာဒီနံ၊ တို့၏ လည်းကောင်း။
ပရသန္တက။ပ။
အာဒီနံ စ၊ သူတစ်ပါးတို့၏ ဥစ္စာဟူသော တည်ရာ အာရုံရှိသော အဘိဇ္ဈာဟူသော လောဘ, တစ်ပါးသော သတ္တဝါဟူသော အာရုံရှိသော ဗျာပါဒ, အဟေတုကဒိဋ္ဌိ အစရှိသည်တို့၏လည်းကောင်း။
တေသုဒွါရေသု၊ ထိုပဉ္စ ဖဿဒွါရ, ပဉ္စ အသံဝရဒွါရ, ပဉ္စသံဝရဒွါရတို့၌။
အနုပ္ပတ္တိတော၊ မဖြစ်ခြင်းကြောင့်တည်း။
[ရူပါရုံ စသော ပဉ္စာရုံကို အာရုံမပြုကြောင်း ထင်ရှားဖို့ရာ ပရသန္တကဝတ္ထု စသော အာရုံတို့ကို ထည့်၍ပြထားသည်။]**၁။ တိဝိဓ။ပ။ဘာဝဒဿနေန**။ ။ ဤစကားသည် "တထာ ဒုစ္စရိတာဒီနံ"ကို အပြစ်ပြသော စကားတည်း။ ကာယဒုစရိုက်၊ သုစရိုက်စသည်တို့ကား ကမ္မပထဟု ထင်ရှားပြီး ဖြစ်၏။ ထိုသို့ ထင်ရှားပြီးဖြစ်သောကြောင့် ဒုစရိုက် သုစရိုက်တို့၏ ကမ္မပထတို့နှင့် အထူးမရှိကြောင်းကို ပြခြင်းဖြင့် အကျိုးမရှိ။ ထို့ကြောင့် "ဒုစ္စရိတာဒီနဉ္စ" ဟူသော စကားလည်း စဉ်းစားဖွယ်ရှိသည်-ဟူလို။ ["တိဝိဓဒုစ္စရိတာဒီနံ စ ကမ္မပထတာ ပါကဋာဧဝါတိ"ဟု ရှိလျှင် စာသွားကောင်း၏။]
တိဝိဓကာယဒုစ္စရိတာဒီနိ၊ ၃-ပါးအပြားရှိသော ကာယဒုစရိုက် အစရှိသည်တို့သည်။
ကမ္မပထာတိ၊ ကမ္မပထတို့ဟူ၍။
ပါကဋာ ဧဝ၊ ကုန်သည်သာ။
ဣတိ၊ ကြောင့်။
တေသံ၊ ထိုကာယဒုစရိုက် အစရှိသည်တို့၏။
ကမ္မပထေဟိ၊ တို့နှင့်။
နာနတ္တာဘာဝဒဿနေန၊ ထူးကုန်သည်၏ အဖြစ်၏ မရှိခြင်းကို ပြခြင်းဖြင့်။
ကိံ၊ အဘယ် အကျိုးရှိအံ့နည်း။
**၂။ န စ။ပ။ဒီပနာ သိယာ**။ ။ ဤစကားသည် "အထ ဝါ တေသံ ဖဿဒွါရာဒီဟိ" စသော ဒုတိယ ကေစိဝါဒ၏အပြစ်ကို ပြသော စကားတည်း။ [ယတော-စသော အနိယမ ဝါကျကို ရှေးဦးစွာ အနက်ပေးပါ။ ယတောတိ ဖဿဒွါရာဒီသု ဥပ္ပတ္တိတော ဒီပနာသိယာ၊ သာ ဥပ္ပတ္တိ န ဒီပိတာတိ ယောဇနာ။-မဓု။] အဋ္ဌကထာ ကမ္မပထသံသန္ဒန အခန်းကို ကြည့်ပါ။ ထိုအခန်း၌ ဖဿဒွါရတို့၏ အစွမ်းဖြင့် ဒုစရိုက် သုစရိုက် အသံဝရ သံဝရတို့၏ဖြစ်ပုံကို မပြခဲ့။ ထို့ကြောင့်"ထို ဒုစရိုက်စသည်တို့၏ ဖဿဒွါရ စသည်တို့နှင့် မဆန့်ကျင်ပုံကို ရောနှော၍ ပြဖွယ်မလိုရကား ထို မဆန့်ကျင်ပုံကို ပြသောစကားသည် ကမ္မပထသံသန္ဒန မည်၏"ဟု ဆိုအပ်သော ဝါဒကိုလည်း စဉ်းစားထိုက်သည်-ဟူလို။
စ၊ သည်သာ မကသေး။
ယတော၊ အကြင် ဖဿဒွါရ အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်။
တေသံ၊ ထို ဒုစရိုက် သုစရိုက် အသံဝရ သံဝရတို့၏။
ဖဿဒွါရာဒီဟိ၊ ဖဿဒွါရ အစရှိသည်တို့နှင့်။
အဝိရောဓဘာဝေန၊ မဆန့်ကျင်ကုန်သည်၏ အဖြစ်ဖြင့်။
ဒီပနာ၊ ပြခြင်းသည်။
သိယာ၊ ၏။
ဒုစ္စရိတာနံ၊ တို့၏လည်းကောင်း။
သုစရိတာနံ စ၊ တို့၏လည်းကောင်း။
ဖဿဒွါရာဒိဝသေန၊ ဖဿဒွါရ အစရှိသည်၏ အစွမ်းဖြင့်။
(သာ) ဥပ္ပတ္တိ၊ ကို။
န ဒီပိတာ၊ မပြအပ်ခဲ့။
အသံ၀ရာနံ၊ တို့၏လည်းကောင်း။
သံဝရာနံ စ၊ တို့၏လည်းကောင်း။
(သာဥပ္ပတ္တိ)ပိ၊ ကိုလည်း။
န(ဒီပိတာ)။
ပန၊ အနွယ ကား။
**၃။ ကေဝလံ။ပ။ဒီပိတာ**။ ။"န စ ဒုစ္စရိတာနံ။ပ။ဖဿဒွါရာဒိဝသေန ဥပ္ပတ္တိ ဒီပီတာ" ဟူသော ဗျတိရေကကိုကြည့်၍ "ဒုစ္စရိတ သုစရိတ သံဝရ အသံဝရတို့၏ ဖဿဒွါရ-စသည်တို့၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြခြင်းနှင့် မရောယှက်သည်ကို "ကေဝလံ"ဟု ဆိုသည်ဟုမှတ်ပါ။ ထို ပြခြင်းနှင့် မရောယှက်ဘဲ ဖဿဒွါရ-စသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အသံဝရ သံဝရတရားတို့၏ ကာယကံ စသည်ဖြစ်ပုံကိုသာ (အဋ္ဌကထာ ကမ္မပထသံသန္ဒန အခန်း၌) ပြအပ်ခဲ့သည်-ဟူလို။ [ဤစကားကို "ပဉ္စဖဿဒွါရဝသေန ဟိဥပ္ပန္နော အသံဝရော အကုသလံ မနောကမ္မမေ၀ ဟောတိ" အစရှိသော ကမ္မပထသံသန္ဒနကထာ-လာ စကားကို ရည်ရွယ်၍ဆိုသည်။။]
ကေဝလံ၊ သက်သက်။
(ကေစိဆရာတို့ ဆိုသကဲ့သို့ ကမ္မပထပတ္တ ဒုဿီလျ-စသည်တို့၏ ကမ္မပထတို့နှင့် ရောနှော၍ ပြခြင်းမဖက်သက်သက်။)
ဖဿဒွါရာဒိဝသေန၊ ဖဿဒွါရ အစရှိသည်တို့၏ အစွမ်းဖြင့်။
ဥပ္ပန္နာနံ၊ ကုန်သော။
အသံဝရာနံ၊ တို့၏လည်းကောင်း။
သံဝရာနံ စ၊ တို့၏လည်းကောင်း။
ကာယကမ္မာဒိတာ၊ ကာယကံ အစရှိသည်တို့၏ အဖြစ်ကို။
ဒီပိတာ၊ ပြီ။**၁။ ယဒိ စ။ပ။န သိယာ**။ ။ [ဧတ္တကန္တိ-အသံဝရ သံဝရာနံ ကာယကမ္မာဒိဘာဝ ဒီပနမတ္တံ။-မဓု။] အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြကြောင်းစကားမျှသည်သာ ကမ္မပထသံသန္ဒနဖြစ်လျှင်...အသံဝရ သံဝရတို့၏ ကာယကံစသည်ဖြစ်ပုံကို ပြပြီးနောက်, ကံတို့၏ ဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ် မဖြစ်ကို ဆက်၍ပြသော "အကုသလံ ကာယကမ္မံ ပဉ္စဖဿဒွါရဝသေန နုပ္ပဇ္ဇတိ"စသော စကားသည် ကမ္မပထသံသန္ဒန မမည်ရာရောက်၏။ အမှန်အားဖြင့်-- "အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြသော စကားသည် လည်းကောင်း။ ကံတို့၏ ဖဿဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကိုပြသော စကားသည်လည်းကောင်း ကမ္မပထသံသန္ဒန အမည်ရသည်သာ"ဟူလို။
စ၊ ဆက်။
ဧတ္တကံ၊ ဤမျှ အတိုင်းအရှည်ရှိသော အသံဝရ သံဝရတို့၏ ကာယကံ စသည်၏အဖြစ်ကို ပြကြောင်းစကားမျှသည်။
ကမ္မပထသံသန္ဒနံ၊ သည်။
ယဒိ(ဟောတိ။ ဧဝံ သတိ)။
အကုသလံ။ပ။
နုပ္ပဇ္ဇတီတိ အာဒိ၊ အစရှိသော စကားသည်။
ကမ္မပထသံသန္ဒနံ၊ သည်။
န သိယာ၊ မဖြစ်တော့ရာ။**၂။ ဧသာပိ။ပ။န ဝတ္တဗ္ဗံ**။ ။ [ဧသာပီတိ၊ ကာယကမ္မာဒိတာ ဒီပနာပိ။-မဓု။] အသံဝရ သံဝရတို့၏ ကာယကံစသော အမည်ကို ပြကြောင်းစကားသည်လည်း ဆဖဿဒွါရ-စသည်တို့နှင့် မဆန့်ကျင်ပုံကို ပြခြင်းပင် ဖြစ်သောကြောင့် "အထ ဝါ"ဟု တက်သော ဝါဒအတိုင်းပင် ဖြစ်သည်ဟု ကေစိတို့က ဆိုလျှင်...ရှေ့ဝါကျ စကားနှင့် အထ ဝါ တက်သော စကားသည် အနက်အဓိပ္ပာယ်မပြားဘဲ စကားအသုံးအနှုန်းသာ ကွဲရာရောက်၏။ သို့ဖြစ်လျှင် ဆိုအပ်ပြီးသော အပြားကိုပင် အခြားသော အပြားတစ်မျိုးဖြင့် ပြဖို့ရာ "အထ ဝါ"ဟု မဆိုသင့်။
ဧသာပိ၊ ဤအသံဝရ သံဝရတို့၏ ကာယကံ အစရှိသည်၏အဖြစ်ကို ပြကြောင်း စကားသည်လည်း။
ဆ ဖဿဒွါရာဒီဟိ၊ ဆ ဖဿဒွါရ အစရှိသည်တို့နှင့်။
အဝိရောဓဒီပနာ၊ မဆန့်ကျင်ပုံကို ပြကြောင်းစကားသည်။
(ဟောတိ။)
ဣတိ စေ၊ ဤသို့ ဆိုငြားအံ့။
(ဧဝံသတိ၊ ဤသို့ ဆိုလတ်သော် - ဤသို့ဆိုတိုင်းမှန်လျှင်။)
**၁။ ဝုတ္တမေဝ ပကာရံ**။ ။"ဝုတ္တမေ၀ ပကာရံတိဣဒံ နာနတ္တာဘာဝဒဿနံ သန္ဓာယ ဝုတ္တံ။] အထ ဝါဟု တက်သောဝါကျ၏ ရှေ့၌ "ကမ္မပထ မ္မပထပတ္တာနံ။ပ။နာနတ္တဘာဝဒဿနံ"ကို ရည်ရွယ်၍ "ဝုတ္တမေဝ ပကာရံ"ဟုဆိုသည်။ [ပကာရန္တ ရေနာတိဖဿဒွါရဒီဟိ အဝိရောဓဒီပနာတိပဒံ သန္ဓာယာဟ။] ပကာရန္တ ရေန ဟူသောစကားကို အထ ဝါဟု တက်၍လာသော ဝါကျ၌ ဖဿဒွါဒီဟိ အဝိရောဓဒီပနာပုဒ်ကို ရည်ရွယ်၍ ဆိုသည်။ [ ဤ မဓုဋီကာဖွင့် ဋီကာဖွင့်ပုံကို ထောက်လျှင် "ဝုတ္တမေ၀ ပကာရံ ပကာရန္တ ရေန"ဟု ရှေးပါဌ်ရှိဟန်တူသည်။]
ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာလျှင် ဖြစ်သော။
ပကာရံ၊ အပြားကို။
ပကာရန္တရေန၊ တစ်မျိုးသော အပြားအားဖြင့်။
(နည်းတစ်မျိုးဖြင့်)
ဒဿေတုံ၊ ငှာ။
အထ ဝါတိ၊ ဟူ၍။
န ဝတ္တဗ္ဗံ၊ မဆိုထိုက်။**၂။ သမုစ္စယတ္ထေစ။ပ။ဥပ္ပဇ္ဇတီတိ**။ ။ အထ ဝါ သဒ္ဒါသည် အတ္ထန္တရဝိကပ္ပန အနက်ဟော မဟုတ်ဘဲ သမုစ္စည်းအနက်ဟောဟုဆိုလျှင် "ကမ္မပထပ္ပတ္တာနံ ဒုဿီလျာဒီနံ စသော ရှေ့အနက်နှင့်ပေါင်းဖို့ရာ ကမ္မပထမြောက်သော သဘောတူအနက်တစ်မျိုး ဖြစ်စရာရှိ၏။ သို့ဖြစ်လျှင် မနောကံ၏ ဆ ဖဿဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကို မဆိုထိုက်တော့။ ဘာ့ကြောင့်နည်း- ကမ္မပထမြောက်သော မနောကံ၏ စက္ခုသမ္ဖဿဒွါရ-စသော ၅-ဒွါရ၏ အစွမ်းဖြင့် မဖြစ်နိုင် သောကြောင့်တည်း။ [အဋ္ဌကထာ၌ကား "အကုသလံ မနောကမ္မံ ပန ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟု ဆိုထား၏။ ထို့ကြောင့် အထ ဝါ သဒ္ဒါ၏ သမုစ္စည်း အနက်လည်း မဖြစ်နိုင်- ဟူလို။]
စ၊ သည်သာ မကသေး။
["ကေစိဝါဒ၌ အပြစ်ပြဖွယ် ကျန်သေး၏" ဟူလို။]
အထ ဝါ သဒ္ဒေ၊ သည်။
သမုစ္စယတ္ထေ၊ သမုစ္စည်း အနက်ရှိသည်။
(သတိ၊ သော်။)
ကမ္မပထပ္ပတ္တာနေဝ၊ ကမ္မပထသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော။
ဒုဿီလျာဒီနိ၊ ဒုဿီလျ အစရှိသည်တို့ကို။
ကာယကမ္မာဒိနာမေဟိ၊ ကာယကံ အစရှိသော နာမည်တို့ဖြင့်။
ဝဒန္တေဟိ၊ ဆိုကုန်သော အဋ္ဌကထာ ဆရာတို့သည်။
မနောကမ္မဿ၊ ၏။
ဆ ဖဿဒွါရဝသေန၊ ၆-ပါးသော ဖဿဒွါရတို့၏ အစွမ်းဖြင့်။
ဥပ္ပတ္တိ၊ ဖြစ်ခြင်းကို။
န ဝတ္တဗ္ဗာ၊ မဆိုထိုက်။**၃။ ယဒိ စ။ပ။န ဝတ္တဗ္ဗံသိယာ**။ ။ "ကမ္မပထပ္ပတ္တာနံ ဒုဿီလျာဒီနံ အသံဝရာနံ"စသော ပထမနည်း၌ အပြစ်တစ်မျိုးကို တိုး၍ပြလိုသောကြောင့် "ယဒိ စ" စသည်မိန့်။ "ကေစိတို့၏ ပထမနည်းအတိုင်း ကမ္မပထမြောက်သော အသံဝရ-သံဝရတို့ကိုသာ ကမ္မပထ သံသန္ဒနအရာ၌ ယူအပ်ကုန်သည်ဖြစ်အံ့၊ ဤသို့ဖြစ်လျှင် အဋ္ဌကထာ၌ "စောပနကာယ အသံဝရဒွါရဝသေန ဥပ္ပန္နော (အသံဝရော) အကုသလံ ကာယကမ္မမေဝ ဟောတိ" စသောစကားကို မဆိုသင့်၊ ဆိုသော်လည်း အကျိုးမရှိတော့။ ကမ္မပထမြောက် မမြောက်သော အသံဝရ သံဝရတို့ကို သိမ်းကျုံး၍ယူမှသာ "စောပနကာယ အသံဝရော"စသော စကားကို ဆိုရကျိုးရှိသည်-ဟူလို။
စ၊ သည်သာ မကသေး။
ကမ္မပထပ္ပတ္တာ ဧဝ၊ ကမ္မပထသို့ရောက်သည်သာလျှင် ဖြစ်ကုန်သော။
အသံဝရာဒယော၊ တို့ကို။
ယဒိဂဟိတာ၊ ကုန်အံ့။
(ဧဝံသတိ။) (န ဝတ္တဗ္ဗံ သိယာ-လှမ်းစပ်။)
**၁။ဒုစ္စရိတေဟိ။ပ။အဘာဝါ**။ ။ "ဘာ့ကြောင့်နည်း" ဟု မေးဖွယ်ရှိ၍ "ဒုစ္စရိ တေဟိ။ပ။အဘာဝါ"ဟူသော ပထမဟိတ်ကို မိန့်သည်။ ဒုစရိုက်မှ တစ်ပါးသော အသံဝရဟူ၍ သီးခြားမရှိ။ ဒုစရိုက်တို့နှင့် အသံဝရတို့သည် တွဲ၍ဖြစ်ကြခြင်းကြောင့်တည်း။ [ဒုစ္စရိတေဟိ။ပ။ဣဒံ တေဟိ (ထို ဒုစရိုက်တို့နှင့်) သဟဇာတတ္တံ သန္ဓာယ ဝုတ္တံ၊ န သရူပတော နာနတ္တာဘာဝံ-သရုပ်သကောင်အားဖြင့် ကွဲပြားကုန်သည်၏အဖြစ် မရှိခြင်းကို ရည်ရွယ်၍ ဆိုအပ်သည် မဟုတ်။ သရုပ်အားဖြင့်ကား ဒုစရိုက်လည်း တခြား၊ အသံဝရလည်း တခြားပင်-ဟူလို။-မဓု။]
ဒုစ္စရိတေဟိ၊ တို့မှ။
အညေသံ၊ ကုန်သော။
အသံဝရာနံ၊ ကမ္မပထမြောက်သော အသံဝရတို့၏။
အဘာဝါ၊ မရှိခြင်းကြောင့် လည်းကောင်း။
**၂။ တေသဉ္စ တံတံ ကမ္မဘာဝဿဝုတ္တတ္တာ**။ ။ အကယ်၍ ဒုစရိုက်တို့၏ ကာယကံ စသည်ဖြစ်ပုံကို ဆိုခဲ့ပြီးမဟုတ်လျှင် ဤနေရာ၌ အသံဝရတို့၏ ကာယကံစသော အမည်ကို ဆိုထိုက်သည် မဟုတ်ပါလော-ဟု တစ်ဆင့်မေးဖွယ် ရှိသောကြောင့် "တေသဉ္စ။ပ။ ဝုတ္တတ္တာ"ဟု ဒုတိယဟိတ်ကို မိန့်သည်။ ဒုစရိုက်တို့၏ ကာယကံစသည်ဖြစ်ပုံကို "ယောမိဂဝံ ဂမိဿာမိ" စသည်ဖြင့် အဋ္ဌကထာ၌ ဆိုခဲ့ပြီးဖြစ်၏။ ထို့ကြောင့်ဒုစရိုက်နှင့် မကွဲပြားသော အသံဝရတို့၏ ကာယကံစသည်ဖြစ်ပုံကို မဆိုထိုက်တော့-ဟူလို။ [ဝုတ္တတ္တာတိဟေဋ္ဌာ ကမ္မကထာယံ ယော မိဂဝံ ဂမိဿာမီတိ အာဒိနာ။-မဓု။ အနုဋီကာ၌ကား "တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝ ဟောတိ"ဟူသော ဤ ကမ္မပထသံသန္ဒန အခန်း၌ ဆိုအပ်လတ္တံ့သောစကားကို "ဝုတ္တတ္တာ" အရ ယူသွားလေသည်။]
တေသံ၊ ထို အသံဝရတို့၏။
တံတံကမ္မဘာဝဿ၊ ထိုထို ကာယကံ အစရှိသည်၏ အဖြစ်၏။ (အမည်၏။)
ဝုတ္တတ္တာ စ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။
စောပန။ပ။
ဟောတီတိ အာဒိ၊ အစရှိသော စကားသည်။
န ဝတ္တဗ္ဗံ၊ သည်။
သိယာ၊ ၏။**၃။ ဝုစ္စမာနေ ဟိ။ ပ။ ကမ္မန္တရာနိ**။ ။ ကာယဝစီ မနောကမ္မ၏ အစွမ်းဖြင့် အသံဝရသာမညကိုယူ၍ ဆိုအပ်သည်ရှိသော် ရောက်ရာသနည်း-ဟု မေးဖွယ်ရှိ၍ "ဝုစ္စမာနေပိ တသ္မိံ" စသည်ကိုမိန့်။ ထိုသို့ဆိုလျှင် သင်္ကရဒေါသ ဖြစ်စရာရှိ၏-ဟူလို။ [ ဤနည်း၌ ဟိ-သဒ္ဒါသည် ဝါ၏အနက်ရှိ၏-ဟု မဓုဖွင့်၏ ။ ] ရောပုံကား- " စောပနကာယ အသံဝရ။ ပ။ ကာယကမ္မမေဝ ဟောတိ"ဟု ဧဝဖြင့် ဆိုသော်လည်း ထို ကာယဒွါရ၌ ဝစီကံ မနောကံများလည်း ဖြစ်နိုင်၏။ ထို့အတူ ဝစီဒွါရ၌လည်း ကာယကံ မနောကံတို့ ဖြစ်နိုင်၏။ ဤနည်းအားဖြင့် ဝစီကံ မနောကံတို့သည် စောပနကာယ ဟူသော ကာယဒွါရ၌ဖြစ်သောအခါ ကာယကံအမည် ဖြစ်တော့မလိုဖြစ်၏။ ထို့ကြောင့် ကံအချင်းချင်း ရောနှော ရှုပ်ထွေးခြင်းဟူသောအပြစ် ဖြစ်စရာရှိသည်။
ဟိ၊ လဒ္ဓဒေါသ တစ်နည်းပြအံ့။
တသ္မိံ၊ ထိုစကားကို။
ဝုစ္စမာနေ၊ သော်။
သင်္ကရော၊ ရောယှက်ခြင်းသည်။
သိယာ၊ ၏။
(ကသ္မာ သင်္ကရော သိယာ။)
ဟိ (ယသ္မာ)။
ဝစီမနောကမ္မာနိပိ၊ တို့သည်လည်း။
ကာယဒွါရေ၊ ၌။
ဥပ္ပဇ္ဇန္တိ၊ ကုန်၏။
တထာ၊ တူ။
သေသဒွါရေသုပိ၊ တို့၌လည်း။
ကမ္မန္တ ရာနိ၊ တစ်ပါးသောကံတို့သည်။
(ဥပ္ပဇ္ဇန္တိ။)
ဣတိ၊ ကြောင့်။
(သင်္ကရော သိယာ။)**၁။ အထ ပန။ပ။ဝိရုဇ္ဈေယျ**။ ။ အခြားအပြစ်တစ်မျိုးကို ပြပြန်လိုသောကြောင့် "အထပန" စသည်မိန့်၊ အကယ်၍ ဝစီဒွါရဟူသော ဒွါရတစ်ပါး၌ဖြစ်သော ကာယကံသည် ထိုဝစီ ဒွါရ၌ဖြစ်သော ဝစီကံသာလျှင် ဖြစ်အံ့၊ ဤသို့ဖြစ်လျှင် "တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝ" စသည်ဖြင့် အမြဲသတ်မှတ်အပ်ပြီးသော ရှေ့စကားသည်လည်းကောင်း။ အကုသလံ ကာယကမ္မံ စောပနကာယအသံဝရဒွါရဝသေန ဝါစာအသံ ဝရဒွါရဝသေန စ ဥပ္ပဇ္ဇတိ" စသော (ကာယကံက ကာယ-ဝစီဒွါရ၌ ဖြစ်နိုင်၏ဟူသော) နောက်စကားသည် လည်းကောင်း အချင်းချင်း ဆန့်ကျင်စရာရှိ၏။ [ ရှေ့စကား၌ "ကာယဒုစရိုက်သည် အကုသိုလ် ကာယကံသာ" ဟု ဧဝဖြင့် ဆိုပြီးနောက် "အကုသိုလ်ကံသည် စောပန ကာယအသံဝရဒွါရ ဝါစာအသံဝရဒွါရ ၂-မျိုး၌ ဖြစ်၏"ဟု ဆိုပြန်သောကြောင့် စကား ၂-ရပ်ဆန့်ကျင်ရာ ရောက်သည်။
ပန၊ သို့မဟုတ်။
ဒွါရန္တ ရေ၊ တစ်ပါးသော ဒွါရ၌။
ဥပ္ပဇ္ဇမာနံ၊ ဖြစ်သော။
ကမ္မန္တရမ္ပိ၊ တစ်ပါးသော ကံသည်လည်း။
တံဒွါရိက ကမ္မမေဝ၊ ထိုဒွါရ၌ဖြစ်သော ကံသည်သာ။
အထ သိယာ၊ အံ့။
(ဧဝံသတိ။)
တိဝိဓံ။ပ။
ကာယကမ္မမေဝါတိအာဒိ၊ အစရှိသော စကားသည်လည်းကောင်း။
အကုသလံ။ပ။
ဥပ္ပဇ္ဇတီတိ အာဒိစ၊ သည်လည်းကောင်း။
ဝိရု ဇ္ဈေယျ၊ အချင်းချင်း ဆန့်ကျင်ရာ၏။
(တဉ္စ၊ ထိုစကား ၂-ရပ်သည်လည်း။
န ဝိရုဇ္ဈတိ၊ မဆန့်ကျင်။)**၂။ ဒုစ္စရိတာနံ။ပ။ကမ္မန္တရံ ဟောတီတိ**။ ကာယဒုစရိုက်၏ ဝစီဒွါရ၌ ဖြစ်ခြင်း စသည်ဖြင့် ဒုစရိုက်တို့၏ အခြားဒွါရ၌ ဖြစ်နိုင်ခြင်းသည် ရှိ၏။ [ဤစကားဖြင့် "အကုသလံ ကာယကမ္မံ" စသော နောက်စကားကို ရည်ရွယ်သည်။] ထိုသို့ဒွါရတစ်ပါး၌ ဖြစ်စေကာမူ ကံအမည်ကား တစ်မျိုးမပြောင်းတော့၊ "ကာယကံသည် ဝစီဒွါရ၌ ဖြစ်စေကာမူကာယကံသာ မည်၏"ဟူလို။ [ ဤစကားဖြင့် "တိဝိဓံကာယဒုစ္စရိတံ" စသော ပထမ စကားကို ရည်ရွယ်သည်။]ဣတိဖြင့် "တဒေတံ ဝိစာရေတဗ္ဗံ"ကို ပြန်၍အုပ်သည်။ ဤဆိုအပ်ပြီးသော အပြစ်အမျိုးမျိုး ရောက်စရာ ရှိသောကြောင့် ထိုကေစိတို့၏ စကားကို စိစစ်ထိုက်သည်-ဟူလို။
ဒုစ္စရိတာနံ၊ တို့၏။
အညဒွါရစရဏံ၊ တစ်ပါးသော ဒွါရ၌ဖြစ်ခြင်းသည်။
အတ္ထိ။
စ၊ ထိုသို့ပင် တစ်ပါးသော ဒွါရ၌ဖြစ်ခြင်း ရှိပါသော်လည်း။
အဿ၊ ထိုဒုစရိုက်ကံ၏။
ဒွါရန္တ ရုပ္ပန္နံ၊ တစ်ပါးသော ဒွါရ၌ဖြစ်သော။
ကမ္မန္တ ရံ၊ ကံတစ်မျိုးသည်။
န-ဟောတိ။
ဣတိ၊ ကြောင့်။
(တံ၊ ထိုစကား ၂-ရပ်သည်။
နဝိရုဇ္ဈတိ၊ ကျင်။
ဣတိ ဝိညာယတိ၊ ၏။)
ဣတိ၊ ဤကားတဒေတံ ဝိစာရေတဗ္ဗံ-၏ အကျယ်တည်း။[ယခုအခါ အတ္တနောမတိကို ပြလို၍ "တသ္မာ" စသည်ကို မိန့်။]
၁။တသ္မာ။ ပ။ ကမ္မပထ သံသန္ဒနံ နာမ။ ။ ဤကား မူလဋီကာဆရာ၏ အလိုကျ ကမ္မပထသံသန္ဒန၏ အဓိပ္ပာယ်ကို ပြသော စကားတည်း။ အနုဋီကာ၌ ရှေ့က စိစစ်ခဲ့ပြီးသော အပြစ်များကို ညွှန်ပြ၍ တသ္မာ၏ စွဲနက်ကို ပြထား၏။ တသ္မာတိ ယသ္မာ-
(၁) ကေသဉ္စိ အသံဝရာနံ သံဝရာနံ စ (ပဉ္စဒွါရ၌ဖြစ်သော အချို့ အသံဝရ သံဝရတို့၏) ကမ္မပထတာ နတ္ထိ။... (၂)ကာယဒုစ္စရိတာဒီနဉ္စ ကမ္မပထေဟိနာနတ္တာ ဘာဝဒဿနေန ပယောဇနံ နတ္ထိ။...(၃) နစ ဒုစ္စရိတာဒီနံ ဖဿဒွါရာဒီနံ ဝသေန ဥပ္ပတ္တိ ဒီပိတာ။...(၄) နစာယံဝိဓိ နိရဝသေသ သင်္ဂါဟိကာ, ကမ္မာနဉ္စ သင်္ကရော အာပဇ္ဇတိ။ ["စောပနကာယ။ပ။ကာယကမ္မမေဝ ဟောတိ" စသော စကားများ ကျန်နေစရာရှိသောကြောင့် "န...နိရဝသေသ သင်္ဂါဟိကာ"ဟု ဆိုသည်။] ...(၅) အဋ္ဌကထာယဉ္စ ပုဗ္ဗာပရဝိရောဓော၊..တသ္မာ။
တသ္မာ၊ ကြောင့်။ `` **၂။ဟေဋ္ဌာ။ပ။ဝုတ္တတ္တာ**။အောက် ကမ္မကထာ (ဒွါရသံသန္ဒန)၌ ကမ္မပထမြောက်သော ဒုစရိုက်တို့ကိုသာ "ယော မိဂဝံ ဂမိဿာမီတိ" စသည်ဖြင့် ကာယကံစသော အမည်ရပုံကို ပြဆိုခဲ့သောကြောင့် ဤ၌ ထပ်၍ပြဖွယ် မလိုတော့-ဟူလို။ [ဤအကြောင်းသည် "ဣဓ။ပ။ကမ္မပထာနံ၀ိယ"ဟူသော ဥပမာနပက္ခအတွက်အကြောင်းတည်း။ ထို့ကြောင့် ထိုစကားနှင့် တွဲ၍ အဓိပ္ပာယ်မှတ်ပါ။] `` ဟေဋ္ဌာ၊ အောက်ဖြစ်သော ဒွါရသံသန္ဒန အခန်း၌။ ကမ္မပထပ္ပတ္တာနံ ဧဝ၊ ကမ္မပထသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော ဒုစရိုက် အစရှိသည်တို့၏။ ကာယကမ္မာဒိဘာဝဿ၊ ကာယကံအစရှိသည်တို့၏ အဖြစ်၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။ `` **၃။ သေသာနံ စ။ပ။ကတတ္တာ**။ ။ ထို စေတနာနှင့် တကွဖြစ်သော ကုသိုလ် အကုသိုလ် (အဘိဇ္ဈာ, အနဘိဇ္ဈာ စသည်) တို့၏ ထိုထို ဒွါရ၌ စေတနာပက္ခိက အဖြစ်ကို ("တေဟိ စိတ္တေဟိ သဟဇာတာ အဘိဇ္ဈာဗျာပါဒ မိစ္ဆာဒိဋ္ဌိယော စေတနာပက္ခိကာဝဟောန္တိ" စသည်ဖြင့် ပြုအပ်ခဲ့သောကြောင့် ဤ၌ ထည့်၍ပြုဖွယ် မလိုတော့ဟူလို။ [ဤအကြောင်းသည် "ကမ္မပထပ္ပတ္တာနံ ။ပ။ ကမ္မပထသံသန္ဒနံ"ဟူသော ဥပမေယျပက္ခ အတွက် အကြောင်းတည်း။ ထို့ကြောင့်ထိုစကားနှင့်တွဲ၍ အဓိပ္ပာယ်မှတ်ပါ။] `` သေသာနံ၊ ကမ္မပထပတ္တမှ ကြွင်းကုန်သော။ တံတံ ဒွါရုပ္ပန္နာနံ၊ ထိုထိုဒွါရ၌ ဖြစ်ကုန်သော။ ကုသလာ ကုသလာနံ၊ တို့၏။ ဒွါရသံသန္ဒနေ၊ ဒွါရသံသန္ဒန အခန်း၌။ တံတံ ဒွါရပက္ခိက ဘာဝဿ၊ ထိုထိုဒွါရအဖို့ရှိသည်၏ အဖြစ်၏။ ဝါ၊ ကို။ ကတတ္တာ စ၊ ပြုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။၁။ဣဓ။ပ။ကာယကမ္မာဒိတာဒီပနံ။ ။ရှေ့ဒွါရသံသန္ဒန အခန်းဝယ် ကမ္မပထမြောက် ဒုစရိုက် သုစရိုက်တို့၏ ကာယကံ အစရှိသော နာမည်ကို ဆိုခဲ့ပြီးဖြစ်သောကြောင့် ဤ ကမ္မပထသံသန္ဒနအခန်း၌ ထပ်၍ဆိုဖွယ် မလိုရကား ကမ္မပထမမြောက်သော ဒုစရိုက် သုစရိုက် တို့၏ လည်းကောင်း၊ စေတနာဘဘောအားဖြင့် (တစ်နည်း-စေတနာမဟုတ်သည့်အတွက်) ကံလည်း မမည်သော မုဋ္ဌဿစ္စ-စသော အသံဝရ, သတိ-စသော သံဝရတို့၏ လည်းကောင်း (သွင်းချင်းသွင်းရလျှင်) ကာယကံစသော အမည်တွင်းသို့ သွင်း၍ပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။
ဆိုလိုရင်းကား။ ။ ကမ္မပထတို့ကို ကာယကံ စသောအမည်ဖြင့် ပြခြင်းသည် ကမ္မ ပထသံသန္ဒန ဖြစ်သကဲ့သို့၊ ထို့အတူ ကမ္မပထ မမြောက်သော ဒုစရိုက် သုစရိုက်နှင့် ကံမဟုတ်သော မုဋ္ဌဿစ္စ သတိ-စသော အသံဝရ သံဝရတရားတို့ကို ကာယကံစသော အမည်ဖြင့် ပြခြင်းကို ကမ္မပထသံသန္ဒန ဟု ဆိုလိုသည်၊ ဤ စကားသည် အဋ္ဌကထာ၌ "ပဉ္စဖဿဝသေန ဟိ ဥပ္ပန္နော အသံဝရော အကုသလံ ကာယကမ္မမေဝ" စသော စကား၊ [ပဉ္စ အသံဝရဝသေန ဥပ္ပန္နောပိ" စသော စကားကို ရည်ရွယ်၍ ဆိုအပ်သော အဖွင့်တည်း။ [ကမ္မပထာနံ- ဒုစ္စရိတာဒီနံ၊ ကာယကမ္မတာဒီပနံ ကမ္မပထသံသန္ဒနံ ဟောတိဝိယ ဧဝံ၊ မဓု။]
ဣဓ၊ ဤ ကမ္မပထသံသန္ဒန အခန်း၌။ ကမ္မပထံ၊ သို့။ အပ္ပတ္တာနံ စ၊ မရောက်သည်လည်း ဖြစ်ကုန်သော။ စေတနာဘာဝတော၊ စေတနာသဘောအားဖြင့်။ ["စေတနာ+အဘာဝတောဟု ပုဒ်ဖြတ်၍ "စေတနာ မဟုတ်သည်၏ အဖြစ်ကြောင့်"ဟု သော်လည်းကြံ။] အကမ္မာနံ စ၊ ကံ မမည်သည်လည်း ဖြစ်ကုန်သော။ အသံဝရာနံ၊ တို့၏လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ သံဝရာနံ စ၊ တို့၏ လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ ဘဇာပိယမာနာနံ၊ ကပ်ဝင်စေအပ်ကုန်လတ်သော်။ (ကာယကံ အစရှိသည်တို့၏အတွင်းသို့ သွင်းအပ်ကုန် လတ်သော်။) ကမ္မပထာနံ၊ ကမ္မပထဒုစရိုက် သုစရိုက်တို့၏။ (ကာယကမ္မာဒိတာဒီပနံ၊ ကာယကံ အစရှိသည်တို့၏ အဖြစ်ဟူသောအမည်ကို ပြခြင်းသည်။ ကမ္မပထသံသန္ဒနံ၊ ကမ္မပထသံသန္ဒန မည်သည်။ ဟောတိ ဝိယ၊ သို့။ ဧဝံ၊ တူ။) ကာယကမ္မာဒိတာဒီပနံ(စ)၊ သည်လည်းကောင်း။ (ကမ္မပထသံသန္နနံ နာမ-၌ စပ်။) `` **၂။ ကမ္မပထပ္ပတ္တာနံ။ပ။ဒီပနံ**။ ။ ကြွင်းသော အဘိဇ္ဈာ-စသည်တို့၏ ထိုထိုဒွါရအဖို့ ရှိသည်၏အဖြစ်ကို ပြုခဲ့ပြီးဖြစ်သောကြောင့် ထပ်၍၍ပြုဖွယ် မလိုရကား ကမ္မပထမြောက်သော ဒုစရိုက် သုစရိုက်တို့၏ အခြားဒွါရ၌ ဖြစ်သော်လည်း ကာယကံ စသော နာမည် မစွန့်ပုံကိုပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ [ဤ စကားသည် "တိဝိဓံကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေ၀ ဟောတိ"စသော၊ တိဝိဓံ ကာယသုစရိတံ ကုသလံ ကာယကမ္မမေဝ-စသော (အခြားဒွါရ၌ဖြစ်သော်လည်း ကာယကံစသော နာမည်ကို မစွန့်ကြောင်းကိုပြသော) စကား၏ အဖွင့်တည်း။] `` ကမ္မပထပ္ပတ္တာနံ၊ ကုန်သော။ တိဝိဓကာယ ဒုစ္စရိတာဒီနံ၊ ၃-ပါးအပြားရှိသော ကာယဒုစရိုက် အစရှိသည်တို့၏လည်းကောင်း။ တိဝိဓကာယ သုစရိတာဒီနံ စ၊ တို့၏လည်းကောင်း။ ဒွါရန္တရစရဏေပိ၊ ဒွါရတစ်ပါးဝယ် ဖြစ်ရာအခါ၌လည်း။ ကာယ။ပ။ ဒီပနံ(စ)၊ ကာယကံ အစရှိသည်တို့၏အဖြစ်ကို မစွန့်ခြင်းကို ပြခြင်းသည် လည်းကောင်း။ (ကမ္မပထသံသန္ဒနံ နာမ-၌ စပ်။) `` **၁။ ယထာပကာသိတာနဉ္စ။ပ။ပကာသနံ**။ ။ပြအပ်ပြီးသော အပြားရှိကုန်သော ကမ္မပထမြောက်-မမြောက်ကုန်သော ကုသိုလ် အကုသိုလ်တို့၏ ဖဿဒွါရ အစရှိသည်တို့ဖြင့် ဖြစ်ပုံကို ပြခြင်းသည် ကမ္မပထသံသန္ဒန မည်၏။ ["ယထာပကာသိတာနံ"ဟူသည် အောက် ကမ္မကထာ၌ ပြအပ်ခဲ့ပြီးသော ကမ္မပထအပတ္တ-ပတ္တ ကာယကံစသည်တို့တည်း။ ထိုကံတို့ကို "အကုသလံ ကာယကမ္မံ ပဉ္စဖဿဒွါရဝသေန နုပ္ပဇ္ဇတိ၊ မနောဖဿဒွါရဝသေနေဝ ဥပ္ပဇ္ဇတိ" စသည်ဖြင့် အဋ္ဌကထာ၌ ဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ်ပုံကို ရည်ရွယ်သော အဖွင့်တည်း။] `` ယထာပကာသိတာနံ၊ အကြင်အကြင် ပြအပ်ပြီးကုန်သော။ ကမ္မပထဘာဝံ၊ သို့။ ပတ္တာနံ စ၊ ရောက်သည်လည်း ဖြစ်ကုန်သော။ အပတ္တာနံ စ၊ မရောက်သည်လည်း ဖြစ်ကုန်သော။ အကုသလကာယကမ္မာဒီနဉ္စ၊ တို့၏လည်းကောင်း။ ကုသလကာယ ကမ္မာဒီနဉ္စ၊ တို့၏ လည်းကောင်း။ ဖဿဒွါရာဒီဟိ၊ တို့ဖြင့်။ ဥပ္ပတ္တိပကာသနံ စ၊ ဖြစ်ပုံကိုပြခြင်းသည်လည်းကောင်း။ ကမ္မပထသံသန္ဒနံ နာမ၊ မည်၏။**၂။ ကသ္မာ**။ ။ထိုဆိုအပ်ပြီးသော ကမ္မပထ ဟုတ်-မဟုတ်သော ဒုစရိုက်စသည်တို့၏ ကမ္မပထ မည်ပုံကို ပြခြင်းစသည်၏ ကမ္မပထသံသန္ဒန အမည်ရပုံဝယ် အကြောင်းပြလိုသောကြောင့် "ကသ္မာ"ဟု ပုစ္ဆာထုတ်ပြီးလျှင် "အကမ္မပထာနံ။ပ။သံသန္ဒိတ္တာ"ဟုဖြေသည်။ [နိဿယအတိုင်း လိုက်၍ပေးထားသော သံသန္တိတတ္တာ ဟိတ်၃-ပါးကို "ကာယကမ္မာဒိတာဒီပနံ (ကမ္မပထသံသန္ဒနံ နာမ), ကာယကမ္မာဒိဘာဝါဝိဇဟနဒီပနံ (ကမ္မပထသံသန္ဒနံ နာမ) ဥပ္ပတ္တိပကာသနံ (ကမ္မပထသံသန္ဒနံနာမ)"ဟူသော ဖလဝါကျ ၃-ပါးနှင့် အစဉ်အတိုင်းဟပ်ပါ။]
ကသ္မာ၊ နည်း။**၃။ အကမ္မပထာနံ**။ ။ဤပုဒ်ကို "သမာန နာမတာဝသေန သံသန္တိတတ္တာ"၌စပ်။ ကမ္မပထေသုကို သံသန္ဒိတတ္တာ၌-စပ်။ ကမ္မပထ မမြောက်ကုန်သော ဒုစရိုက် အသံဝရ စသည်တို့၏ ကမ္မပထတို့၌ ကာပ ကာယကံစသော နာမည်ချင်းတူသည်၏ အစွမ်းဖြင့် ရောနှောပြအပ် ကုန်သည်၏ အဖြစ်ကြောင့် "ကမ္မပထ သံသန္ဒန"ဟုခေါ်ရသည်။
၊ ကမ္မပထ မမြောက်ကုန်သော ဒုစရိုက်စသည်တို့၏။
ဝါ၊ တို့ကို။
(သံသန္ဒိတတ္တာ-၌ စပ်။)
ကမ္မပထေသု၊ တို့၌လည်းကောင်း။
**၁။ ကမ္မပထာနဉ္စ**။ ။ဤပုဒ်ကိုလည်း "အကမ္မပထေသု - သမာနနာမတာဝသေန သံသန္ဒိတတ္ထာ"၌ စပ်၍ ရှေ့အတိုင်း အဓိပ္ပာယ်ဆိုပါ။ [မဓု၌ ကမ္မပထေသု အဲကမ္မပထေသုတို့ကို သဟာဒိယောဂဝန္တ ဖွင့်၍ သမာန၌စပ်၏။ ဤ၌ကား သံသန္ဒိတတ္တာ၌ စပ်ဖို့ရန် အာဓာရအနက်ပင်ကြံထားသည်။]
ကမ္မပထာနံ၊ ကမ္မပထ မြောက်ကုန်သော ဒုစရိုက်စသည်တို့၏။
ဝါ၊ တို့ကို။
အကမ္မပထေသု စ၊ တို့၌လည်းကောင်း။
သမာနနာမတာဝသေန၊ တူသောနာမည် ရှိကုန်သည်၏ အဖြစ်၏အစွမ်းဖြင့်။
(ဧတ္ထ၊ ၌။
သံသန္တိတတ္တာ၊ ကြောင့်လည်းကောင်း။)
**၂။ ကမ္မပထာနံ ကမ္မပထေသု**။ ။ပါဏာတိပါတ ကာယကံသည် ဝစီဒွါရ၌ဖြစ်၍ ကမ္မပထ မြောက်သော်လည်း ကာယကံဟူသော သာမညနာမည်ကို မစွန့်ခြင်းသည် သာမညနာမ အဝိဇဟန တည်း။ ထိုသို့ မစွန့်ခြင်းအားဖြင့် ရောနှော၍ ပြအပ်ရာဖြစ်သောကြောင့်လည်း ကမ္မပထသံသန္ဒန ဟုခေါ်သည်။
ကမ္မပထာနံ၊ တို့၏။
ဝါ၊ တို့ကို။
ကမ္မပထေသု၊ တို့၌။
သာမညနာမာဝိဇဟနဝသေန၊ သာမညနာမည်ကို မစွန့်ခြင်း၏အစွမ်းဖြင့်။
(ဧတ္ထ၊ ၌။
သံသန္ဒိတတ္တာ၊ ကြောင့်လည်းကောင်း။)
**၃။ ဥဘယေသံ စ။ပ။ဒွါရေသု**။ ။ [ဒွါရေသုကို ဥပ္ပတ္တိဝသေန-၌စပ်။] ကမ္မပထမြောက်- မမြောက်၂-မျိုးလုံးတို့၏ ဖဿဒွါရ စသည်တို့၌ ဖြစ်ပုံကိုပြခြင်း၏ အစွမ်းဖြင့် ရောနှောပြအပ်ရာ ဖြစ်သောကြောင့်လည်း ကမ္မပထသံသန္ဒန ဟုခေါ်ရသည်။
ဥဘယေသံ၊ ၂-ပါးကုန်သော ကမ္မပထမြောက်-မမြောက်သော ဒုစရိုက် အစရှိသည်တို့၏။
ဒွါရေသု၊ ဖဿဒွါရ စသည်တို့၌။
ဥပ္ပတ္တိဝသေန၊ ဖြစ်ခြင်း၏ အစွမ်းဖြင့်။
ဧတ္ထ၊ ဤကမ္မပထသံသန္ဒန အခန်း၌။
သံ သန္ဒိတတ္တာ စ၊ ရောနှော၍ ပြအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။**၄။တတ္ထ။ပ။အာဒိဝတ္တံ**။ ။ ကမ္မပထသံသနကိုပြရာ၌ "ပဉ္စဖဿဒွါရဝသနေ ဟိ" စသည်ဖြင့် ဖဿဒွါရ၏အစွမ်းဖြင့်ဖြစ်သော အသံဝရ စသည်ကို အစဆုံးပြထား၏။ ဒွါရကထာ၏ အစ မာတိကာခေါင်းစဉ်ရာ၌ကား "တီဏိ ကမ္မာနိ"စသည်ဖြင့် "ကမ္မ-ကမ္မဒွါရ, ဝိညာဏ- ဝိညာဏဒွါရ, ဖဿ-ဖဿဒွါရစသည်တို့ကို ပြခဲ့၏။ ထိုတွင် အဘယ့်ကြောင့် ကမ္မဒွါရ ဝိညာဏဒွါရတို့၌ ကံဖြစ်ပုံ ဝိညာဉ်ဖြစ်ပုံကို မပြဘဲ ရှောင်လွဲ၍ ဖဿဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကို စတည်၍ ပြရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "တတ္ထ။ပ။အာဒိဝုတ္တံ" ဟု မိန့်သည်။ [ဥပ္ပတ္တိယာ+ပရိယာယောကာရဏံ တထာ၊ ပရိယာယသဒ္ဒါ၏ ကာရဏအနက်ဟောကြောင်းကိုပြသည်။ တေန (ထိုစကားဖြင့်) ပဉ္စဝိညာဏ ဒွါရဝသေန အသံဝရာနံ ဥပ္ပတ္တိကာရဏဿ ဘဂဝတာ အဝုတ္တတ္တာ၊ အဋ္ဌက်ထာယမ္ပိဝိညာဏဒွါရဝသေန အသံဝရာနံ ဥပ္ပတ္တိ န ဝုတ္တာတိ -ဒဿေတိ။ မဓု။]
တတ္ထ၊ ထို ကမ္မပထသံသန္ဒန အခန်း၌။
တိဝိဓကမ္မဒွါရဝသေန၊ ၃-ပါး အပြားရှိသော ကမ္မဒွါရတို့၏ အစွမ်းဖြင့်။
ဥပ္ပန္နာနံ၊ ကုန်သော။
ကမ္မာနံ၊ တို့၏။
ဉာတကမ္မဘာဝတာယ၊ သိအပ်ပြီးသော် ကံတို့၏ အဖြစ်ကြောင့်။
(ကာယဒွါရ၌ ဖြစ်လျှင်
ကာယကံ၊ ဤသို့စသည်ဖြင့် ထင်ရှားပြီး၏ အဖြစ်ကြောင့်။)
တံတံ ကမ္မဘာဝဿ၊ ထိုထို ကာယကံ အစရှိသည်တို့၏ အဖြစ်၏။
ဝါ၊ ကို။
အဝစနီယတ္တာ၊ မဆိုထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။(ဆိုဖွယ် မလိုသောကြောင့် လည်းကောင်း။)
ကမ္မဒွါရေသု၊ တို့၌။
တေသံ၊ ထိုကံတို့၏။
ဥပ္ပတ္တိယာ၊ ဖြစ်ခြင်း၏။
ဝါ၊ ကို။
ဝုတ္တတ္တာ စ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။
(ကမ္မဒွါရကထာ၌ ဆိုခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း။)
ပဉ္စဝိညာဏဒွါရဝသေန၊ ၅-ပါးသော ဝိညာဏဒွါရ၏ အစွမ်းဖြင့်။
အသံ၀ရာဒီနံ၊ တို့၏။
ဥပ္ပတ္တိ ပရိယာယ ဝစနာဘာဝတောစ၊ ဖြစ်ခြင်း၏ အကြောင်းကို ဆိုကြောင်း စကား၏ မရှိခြင်းကြောင့်လည်းကောင်း။
ကမ္မဒွါရ ဝိညာဏဒွါရာနိ၊ တို့ကို။
ဝိရဇ္ဈိတွာ၊ ရှောင်ကြဉ်၍။
[ဝိရဇ္ဈိတွာတိ ဝဇ္ဇေတွာ။-မဓု။]
ပဉ္စ။ ပ။
ဥပ္ပန္နောတိ အာဒိ၊ အစရှိသော စကားကို။
(သင်္ဂဟကာရေန။)
ဝုတ္တံ၊ ပြီ။**၁။ ယမိဒံစက္ခုသမ္ဖဿ။ပ။အတ္တီတိ**။ ။ "ပဉ္စဝိညာဏ ဒွါရဝသေန အသံဝရာဒိနံ ဥပ္ပတ္တိပရိယာယဝစနာဘာဝတော" ဟူသော ဤစကားကို အဘယ်ထောက်၍ သိနိုင်သနည်းဟု မေးဖွယ်ရှိသောကြောင့် "ယမိဒံ" စသည်ကို မိန့်သည်။ "စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ" စသည်ဖြင့် သမ္ဖဿကြောင့် သုခ-စသော ဝေဒနာ-ဝေဒနာက္ခန္ဓာ၏ ဖြစ်ပုံကိုသာပြ၏။ "ယမိဒံ စက္ခုဝိညာဏပစ္စယာ" စသည်ဖြင့် ဝိညာဉ်ကြောင့် ဝေဒနာဖြစ်ပုံကိုပြသော စကားမရှိ။ (ဝေဒနာ မဖြစ်လျှင် တဏှာဟူသော အသံဝရသည်လည်း မဖြစ်။) ထိုသို့ မရှိပုံကိုထောက်၍ ဤစကားကို သိနိုင်ပါသည်-ဟူလို။
ယမိဒံ။ပ။
ဝေဒယိတံ သုခံဝါတိ အာဒိနာ၊ အစရှိသော စကားဖြင့်လည်းကောင်း။
စက္ခု။ပ။
ကုသလောတိ အာဒိနာစ၊ ဖြင့်လည်းကောင်း။
ပဉ္စဖဿဒွါရဝသေန၊ ၅-ပါးသော ဖဿဒွါရတို့၏ အစွမ်းဖြင့်။
အသံဝရာဒီနံ၊ တို့၏။
ဥပ္ပတ္တိပရိယာယော၊ ဖြစ်ခြင်း၏အကြောင်းကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
စ၊ ဗျတိရိက်ကား။
ယမိဒံ စက္ခုဝိညာဏ ပစ္စယာတိအာဒိဝစနံ၊ အစရှိသော စကားသည်။
န အတ္ထိ။
ဣတိ၊ ကြောင့်။
(ပဉ္စဝိညာဏဒွါရဝသေန အသံဝရာဒီနံ ဥပ္ပတ္တိ ပရိယာယဝပနာဘာဝေါ။
ဝိညာယတိ၊ ၏။)**၂။ ဝုတ္တမ္ပိစေတံ**။ ။ ။ဤစကားသည် အဋ္ဌကထာဖွင့်ပုံကို ပြသော စကားတည်း။ စက္ခု သမ္ဖဿေကို "စက္ခုဝိညာဏသဟဇာတော ဖဿော"ဟု ရှေးဝိညာဏဒွါရ အခန်း၌ ဖွင့်ခဲ့၏။ ထိုသို့ "စက္ခုဝိညာဏသဟဇာတော"ဟု ဖွင့်၍ "စက္ခုဝိညာဏပစ္စယာ"ဟု မဖွင့်သောကြောင့် "ပဉ္စဝိညာဏဒွါရ၏ အစွမ်းဖြင့် အသံဝရ-စသည်တို့၏ မဖြစ်နိုင်ကြောင်းကို သိရသည်"ဟူလို။]
စ၊ သာဓက ကား။
စက္ခု။ပ။
သမ္ဖဿောတိ အာဒိ၊ အစရှိသော။
ဧတံပိ၊ ဤ စကားကိုလည်း။
(အဋ္ဌကထာယံ၊ ၌။)
ဝုတ္တံ၊ ပြီ။**၁။ သော ဟိ။ပ။အာဒိနာစ။ပ။အာပန္နေ**။ ။ "ကာယဒွါရ၌ လှုပ်ရှားခြင်းသို့ ရောက်သော အသံဝရံသည် ကာယကံဖြစ်၏"ဟုလည်းကောင်း၊ ကာယအသံဝရ၏ အစွမ်းဖြင့် ဖြစ်သော အသံဝရသည် ကာယကံသာ ဖြစ်၏"ဟုလည်းကောင်း အဋ္ဌကထာ၌ ဆိုထား၏။ ထိုစကားအတိုင်း တိုက်ရိုက်ယူလျှင် မုသာဝါဒသည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယကံဟူသော အမည်ရဖွယ် ရှိနေ၏။ ထို့ကြောင့် "ဝစီကမ္မာနံနံ စ။ပ။ကာယိကမ္မာဒိဘာဝေ အာပန္နေ"ဟု ဆိုသည်။
သော ဟိ။ပ။
ဟောတီတိအာဒိနာ၊ အစရှိသော စကားဖြင့်လည်းကောင်း။
စောပန။ပ။
ဟောတီတိ အာဒိနာ စ၊ ဖြင့်လည်းကောင်း။
ကမ္မပထပ္ပတ္တာနံ၊ ကုန်သော။
အသံဝရဘူတာနံ၊ အသံဝရ ဖြစ်၍ ဖြစ်ကုန်သော။
ဝစီကမ္မာဒီနံစ၊ ဝစီကံ အစရှိသည်တို့၏လည်း။
ကာယကမ္မာဒိဘာဝေ၊ ကာယကံ အစရှိသည်တို့၏အဖြစ်သည်။(အမည်သည်။)
အာပန္နေ၊ ရောက်လုလတ်သော်။
**၂။ စတုဗ္ဗိဓံ။ပ။ဝစီကမ္မမေဝ ဟောတီတိ အာဒိနာ**။ ။ ဤစကားသည် အဋ္ဌကထာ၌ တစ်ဆက်တည်း ဆိုထားအပ်သော စကားတည်း။ ထိုစကားသည်ပင် ရှေ့အဋ္ဌကထာစကား၌ မလိုရာအနက်ကို ပယ်ရှား တားမြစ်သော အပဝါဒ- စကားဖြစ်၏။ ထို အပဝါဒ-စကားဖြင့် ဝါစာအသံဝရဖြစ်သော ဝစီဒုစရိုက်၏ ကာယဒွါရ၌ဖြစ်သောအခါ ကာယကံ အမည်ရခြင်း စသည်ကို တားမြစ်ပြီးဖြစ်သည်ဟု မှတ်ပါ။ [သဒ္ဒါကျမ်းတို့၌ ရှေ့သုတ်ဖြင့် အစီအရင်လွန်သွား မည်ကို နောက်သုတ်က တားမြစ်ခြင်းမျိုးပင်တည်း။]
စတုဗ္ဗိဓံ။ပ။
ဟောတီတိ အာဒိနာ၊ သော။
အပဝါဒေန၊ ပယ်ရှားကြောင်း စကားဖြင့်။
နိဝတ္တိ၊ နစ်စေခြင်းကို။ (ကာယကံ စသော အမည်ကို တားမြစ်ခြင်းကို။)
ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။**၃။ ပုဗ္ဗေ။ပ။ဒုတိယဝိနိစ္ဆယေသု**။ ။ရှေးဦးပထမပြအပ်သော အသံဝရဝိနိစ္ဆယဟူသည် "ပဉ္စဖဿဒွါရဝသေန ဟိ, ဥပ္ပန္နော အသံဝရော" စသော ဝိနိစ္ဆယ စကားတည်း။ ထိုပထမ ဝိနိစ္ဆယကို ထောက်၍ "တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝဟောတိ"စသော စကားကို ဒုတိယဝိနိစ္ဆယ ဟုဆိုသည်။ ရှေ့ ဝိနိစ္ဆယအရ ဝစီကံ စသည်၏ ကာယဒွါရ၌ဖြစ်သောအခါ ကာယကံအမည်ရဖွယ်ရှိခြင်းဟူသော အနက်ကို နောက် ဝိနိစ္ဆယစကားဖြင့် ပယ်ရှားနိုင်သောကြောင့် အဋ္ဌကထာ စကား၂-ရပ်သည် ရှေ့နောက် မဆန့်ကျင်ပါ-ဟူလို။ [မဓုကိုမှီ၍ ရေးသည်။ အနုဋီကာ၌ တစ်မျိုးရှိလေ၏။] "န ဟိ"စသည်ကားရှေ့ဝါကျ၏ ဒဠှီ ဟေတု၂-မျိုးရတည်း။
ပုဗ္ဗေ၊ ၌။
ဒဿိတေသု၊ ပြအပ်ပြီးကုန်သော။
အသံဝရ ဝိနိစ္ဆယေသု၊ ပဌမ, အသံဝရဝိနိစ္ဆယတို့၌ လည်းကောင်း။
ဒုတိယ ဝိနိစ္ဆယေသု စ၊ တို့၌လည်းကောင်း။
ကောစိ၊ သော။
ဝိရောဓော၊ ဆန့်ကျင်ခြင်းသည်။အကုသလံ။ပ။
ဟောတီတိ ဧတ္ထ
**၁။ဧတ္ထ ကိံ တံ**။ ။အဋ္ဌကထာ၌ "အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစီ ဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစီကမ္မံ ဟောတိ"ဟု ပါရှိ၏။ ထိုစကား၌ "တံ"ဖြင့် မနောကမ္မံကိုစွဲ၍ "ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍, ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစီကမ္မဖြစ်၏"ဟု ဆို၏။ ထို တံ သဒ္ဒါဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစီကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံမည်သည် အဘယ်နည်း-ဟု မေးသည်။
၊ ၌။
အကုသလံ၊ အကုသိုလ်ဖြစ်သော။
တံ
**၁။ဧတ္ထ ကိံ တံ**။ ။အဋ္ဌကထာ၌ "အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစီ ဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစီကမ္မံ ဟောတိ"ဟု ပါရှိ၏။ ထိုစကား၌ "တံ"ဖြင့် မနောကမ္မံကိုစွဲ၍ "ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍, ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစီကမ္မဖြစ်၏"ဟု ဆို၏။ ထို တံ သဒ္ဒါဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစီကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံမည်သည် အဘယ်နည်း-ဟု မေးသည်။
မနောကမ္မံ နာမ၊ ထို မနောကံ မည်သည်။
ကိံ
**၁။ဧတ္ထ ကိံ တံ**။ ။အဋ္ဌကထာ၌ "အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစီ ဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစီကမ္မံ ဟောတိ"ဟု ပါရှိ၏။ ထိုစကား၌ "တံ"ဖြင့် မနောကမ္မံကိုစွဲ၍ "ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍, ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစီကမ္မဖြစ်၏"ဟု ဆို၏။ ထို တံ သဒ္ဒါဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစီကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံမည်သည် အဘယ်နည်း-ဟု မေးသည်။
၊ အဘယ်နည်း။
**၂။ ဟေဋ္ဌာ။ပ။သဗ္ဗာကုသလဉ္စ**။ ။ ဤကား အဖြေတည်း။ အောက် ဒွါရသံသန္ဒန အခန်းတုန်းက "ယဒါ ပန အဘိဇ္ဈာသဟဂတေန စေတသာ ကာယင်္ဂ စောပေန္တော ဟတ္ထဂ္ဂါ ဟာဒီနိကရောတိ" စသည်ဖြင့် ပြခဲ့သောနည်းအတိုင်း ကာယဒွါရ ၀စီဒွါရတို့၌ ဖြစ်သော ၃-ပါးသော မနောဒုစရိုက်နှင့် စောပနအပ္ပတ္တဖြစ်သော အကုသိုလ်အားလုံးတည်း။ [ထိုဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"မှ ထွက်လာသော မနောကံဖြစ်သောကြောင့် စောပနအပ္ပတ္တ အကုသိုလ်အားလုံးကိုပါ ယူရသည်။]
ဟေဋ္ဌာ၊ အောက် ဒွါရသံသန္ဒန အခန်း၌။
ဒဿိတနယေန၊ ပြအပ်ပြီးသော နည်းဖြင့်။
ကာယ၀စီဒွါရေသု၊ ကာယဒွါရ ၀စီဒွါရတို့၌။
ဥပ္ပန္နံ၊ သော။
တိဝိဓံ၊ သော။
မနောဒုစ္စရိတံ စ၊ မနောဒုစရိုက်သည်လည်းကောင်း။
စောပနံ၊ သို့။
အပ္ပတ္တံ၊ မရောက်သော။
သဗ္ဗာကုသလဉ္စ၊ အလုံးစုံသော အကုသိုလ်သည်လည်းကောင်းတည်း။
**၃။ ယဒိ ဧဝံ။က။ န ယုဇ္ဇတီတိ**။ ။ ဤသို့ဖြစ်လျှင် ထိုမနောကံသည် ကာယကံ ဝစီကံ မဖြစ်နိုင်သောကြောင့် "စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟောတိ"ဟူသော စကားသည် "မသင့်သည် မဟုတ်ပါလော"ဟု စောဒနာသည်။
ယဒိ ဧဝံ၊ ယင်းသို့ဖြစ်လျှင်။ (ကာယဒွါရ ၀စီဒွါရတို့၌ ဖြစ်သော မနော ဒုစရိုက်နှင့်, စောပန အပတ္တ- သဗ္ဗအကုသလဖြစ်လျှင်။)
တဿ၊ ထို မနောကံ၏။
ကာယဝစီကမ္မဘာဝေါ၊ ကာယကံ ဝစီကံ၏ အဖြစ်သည်။
နတ္ထိ၊ မရှိနိုင်။
ဣတိ၊ ကြောင့်။
စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟောတီတိ၊ ဟူသော စကားသည်။
နယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါလော။
ဣတိ၊ ဤကား စောဒနာတည်း။**၁။ နော န ယုဇ္ဇတိ။ပ။သိဒ္ဓိတော**။ ။ မသင့်မဟုတ်, သင့်သည်သာ။ (ဘာ့ကြောင့်နည်း) စောပနပတ္တဖြစ်လျှင် ကာယ၌လည်းကောင်း။ ဝါစာ၌လည်းကောင်း။ ဖြစ်သောကံ ဟူသော အနက်၏ ပြီးစီးခြင်းကြောင့်တည်း။ ["ကာယဝစီကမ္မံ"၌ ကာယကံ ဝစီကံ"ဟု အနက်မပေးဘဲ "ကာယ၌ ကံ, ဝါစာ၌ ကံ"ဟု အနက်ပေးရမည်ဟူလို။]
နော န ယုဇ္ဇတိ၊ မသင့်မဟုတ်, သင့်သည်သာ။
(ကသ္မာ၊ နည်း။)
စောပနံ၊ သို့။
ပတ္တံ၊ သည်။
(သမာနံ၊ သော်။)
ကာယေ၊ ကာယဒွါရ၌လည်းကောင်း။
ဝါစာယ စ၊ ၌လည်းကောင်း။
အကုသလံ၊ သော။
ကမ္မံ၊ သည်။
ဟောတိ၊ ၏။
ဣတိ အတ္ထသိဒ္ဓိတော၊ ဤသို့သော အနက်၏ ပြီးစီးခြင်းကြောင့်တည်း။**၂။ကမ္မံ ပန ဟောန္တံ။ပ။မနောကမ္မံ ဟောတီတိ**။ ။ ကံအထမြောက်လျှင် ထိုကာယဒွါရ ဝစီဒွါရ၌ဖြစ်သော ကံသည် မနောကံသာ ဖြစ်၏။ ဆိုလိုရင်းကား-"ထိုမနောကံသည် ကာယဒွါရ ဝစီဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယဒွါရ၌ဖြစ်သော မနောကံ, ဝစီဒွါရဖြစ်သော မနောကံတည်း"ဟု ဆိုလိုသည်။
ကမ္မံ၊ ကံသည်။
ဟောန္တံ ပန၊ ဖြစ်သော်ကား။
ကိံ ကမ္မံ၊ အဘယ်ကံသည်။
ဟောတိ၊ နည်း။
ဣတိ၊ ဤကား အမေးတည်း။
၃။ အထ ဝါ တံသဒ္ဒဿ။ ။တစ်နည်း-"တံ ကာယဝစီဒွါရေသု"၌ တံဖြင့် မနောကမ္မံကို မစွဲဘဲ "ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"ကိုစွဲ၍ ထိုဥပ္ပဇ္ဇတိ၏ ကတ္တားကို (ကံကိုပြသောဋ္ဌာနဖြစ်၍ အရာအားလျော်စွာ) "ကမ္မံ" ဟု ထည့်လျှင် "တံ၊ ဆ ဖဿဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ထိုကံသည်"ဟု အနက်ပေးရသည်။
မှတ်ချက်။ ။ဤနည်း၌ တံဟူသော နိယမ၏ အနိယမကို "ယံ" ဟု ထည့်သည်။ ထို့ကြောင့် အနုဋီကာ၌ "တံသဒ္ဒေ ဝုတ္တေယံသဒ္ဒေါ အဗျဘိစာရိတသမ္ဗန္ဓတာယ (ဗျဘိစာရိတ မရှိသော-အခွားသဒ္ဒါတို့ ဝင်လာဖို့ရန် လျဉ်းပါးဖွယ်မရှိသော ဆက်စပ်ခြင်းရှိသည်၏ အဖြစ်ကြောင့်) ဝုတ္တောယေဝ ဟောတီတိ ကတွာ "ယံ ဥပ္ပဇ္ဇတီတိ ဝုတ္တံ"ဟု မိန့်သည်။ "ယ တ သဒ္ဒါနိစ္စ သမ္ဗန္ဓာပေက္ခာ"ဟူသော ပရိဘာသာနှင့် သဘောတူတည်း။
အထ ဝါ၊ ကား။ တံသဒ္ဒဿ၊ တံသဒ္ဒါ၏။ မနောကမ္မေန၊ မနောကမ္မသဒ္ဒါနှင့်။ သမ္ဗန္ဓံ၊ စပ်ခြင်းကို။ အကတွာ၊ ၍။ ဆ ဖဿဒွါရဝသေန၊ ၆-ပါးသော ဖဿဒွါရ၏ အစွမ်းဖြင့်။ ယံ၊ အကြင်တရားသည်။ ဥပ္ပဇ္ဇတိ၊ ၏။ တံ၊ ဆ ဖဿဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ထိုတရားသည်။ ဣတိ၊ သို့။ ယထာဝုတ္တဥပ္ပာဒမတ္တ ပရိစ္ဆိန္နေန၊ အကြင်အကြင် ဆိုအပ်ပြီးသော ဖြစ်ခြင်းကြိယာမျှဖြင့် ပိုင်းခြား အပ်သော တရားနှင့်။ သမ္ဗန္ဓော၊ စပ်ခြင်းကို။ ကာတဗ္ဗော၊ ပြုထိုက်၏။**၁။ တဉ္စ။ပ။အာဒိမာဟ**။ ။ထိုကံသည် မနောသမ္ဖဿဒွါရ၌ ဖြစ်သော်လည်း ကာယကံ ဝစီကံ မနောကံ ၃-မျိုးလုံးဖြစ်နိုင်၏။ ထို ၃-ပါးအပြားကို ပြလို၍ "ကာယဝစီဒွါရေသု စောပနံ ပတ္တံ" စသည်ကိုဆိုသည်။[ ယထာ-ယေန တိဝိဓပ္ပကာရေန ဟောတိ၊ တံ တိဝိဓပ္ပကာရံ ဒဿေတုံ။-မဓု။]
တံ စ၊ ထို ကံသည်လည်း။
မနောသမ္ဖဿဒွါရေ၊ ၌။
ဥပ္ပဇ္ဇမာနံပိ၊ သော်လည်း။
တိဝိဓံ၊ သော။
ကမ္မံ၊ သည်။
ဟောတိ၊ ၏။
ဣတိ၊ ကြောင့်။**၂။ တတ္ထ နိယမဿ အကတတ္တာ**။ ။ [ရှေ့စကားအရ ကာယကံစသည်ရောယှက်ရှုပ်ထွေးဖွယ်ရှိသောကြောင့် ထိုသို့ မရောရအောင် "တတ္ထ"စသည်ကိုမိန့်သည်။ တတ္ထာတိ စောပနံ ပတ္တံ ကာယဝစီကမ္မန္တိပဒေ။-ပဓု။] "စောပနံ ပတ္တံယေဝ"ဟုလည်းကောင်း။"ကာယဝစီကမ္မမေ၀" ဟုလည်းကောင်း။ ဧဝသဒ္ဒါ မပါခြင်းကို "နိယမအကတ"ဟု ဆိုသည်။ ထိုသို့ နိယမ မပြုသောကြောင့် "စောပနံ ပတ္တံ" အရ စောပနသို့ ရောက်ခြင်းသည် ဥပလက္ခဏနည်းအားဖြင့် ကာယကံ ဝစီကံအမည်ကို ပြီးစေရုံသာဖြစ်သည်။
တတ္ထ၊ ထို စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟူသောပုဒ်၌။
နိယမဿ၊ ဧဝ သဒ္ဒါဖြင့် သတ်မှတ်ခြင်း၏။
ဝါ၊ ကို။
အကတတ္တာ၊ မပြုအပ်သည်၏ အဖြစ်ကြောင့်။
စောပနပတ္တိ၊ လှုပ်ရှားခြင်းသို့ ရောက်ခြင်းသည်။
ဥပလက္ခဏဘာဝေန၊ ဥပလက္ခဏနည်း၏ အဖြစ်ဖြင့်။
ကာယ။ပ။
သာဓိကာဝ၊ ကာယကံ ဝစီကံဟူသော နာမည်ကို ပြီးစေရုံသည်သာ။ (ဟောတိ။)
**၃။ န ပန။ပ။သိဒ္ဓေါဝ ဟောတိ**။ "ကာယဝစီဒွါရတို့၌ စောပနသို့ရောက်သော ကံဟူသမျှ ကာယကံ ဝစီကံသာ ဖြစ်ရမည် မဟုတ်။ (မနောကံလည်း ဖြစ်သေးသည်ဟု လည်းကောင်း။) ကုသိုလ်အဖို့၌လည်း စောပနသို့ မရောက်လျှင် ကာယကံ ဝစီကံ မဟုတ်သည်မဟုတ်။ (စောပနသို့ မရောက်ဘဲလည်း ပါဏာတိပါတ မုသာဝါဒစသည်မှ ရှောင်လျှင် ကာယကံ ဝစီကံ ဖြစ်သေး၏ဟုလည်းကောင်း") ဤအနက်အဓိပ္ပာယ်သည် ပြီးစီးလျက်ရှိသည်။
ပန၊ စင်စစ်ကား။
သဗ္ဗံ၊ သော။
စောပနံ၊ သို့။
ပတ္တံ၊ ရောက်သော ကံသည်။
ကာယဝစီကမ္မမေဝ၊ ကာယကံ ဝစီကံချည်းသာ။
န (ဟောတိ)၊ ဖြစ်သည် မဟုတ်။
ကုသလပက္ခေပိ၊ ကုသိုလ်အဖို့၌လည်း။
စောပနံ၊ သို့။
အပတ္တံ၊ မရောက်သော ကံသည်။
ကာယဝစီကမ္မံ၊ သည်။
န ဟောတိ၊ မဖြစ်သည်ကား။
န၊ မဟုတ်။
(ဟောတိ ဧဝ၊ ဖြစ်နိုင်သည်သာ။)
ဣတိ အယံ အတ္ထော၊ ဤအနက် သည်။
သိဒ္ဓေါဝ၊ ပြီးသည်သာလျှင်။
ဟောတိ၊ ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။**၁။အထ ဝါ တန္တိ ။ပ။မနောကမ္မန္တိ**။ ။ဤ "တန္တိ"၌ တံဟူသောဤပုဒ်ကို "ဝဒတိ"၌ ကံအဖြစ်ဖြင့် စပ်ပါ။ မနောကမ္မံတိ၌ ဣတိကို "ဂဟေတွာ"ဟု ထည့်၍ စပ်ပါ။ "ကမ္မံ မနောကမ္မန္တိ"၌ ဣတိကား စောဒကာဓိပ္ပာယ၏ သရုပ်ပြတည်း။ ဆိုလိုရင်းကား-တံ၏ စွဲနက်အတွက် အဋ္ဌကထာဝယ် ရှေ့ဝါကျ၌လာသော "အကုသလံ မနောကမ္မံ ပန ဆ ဖဿ ဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟူသော စကားကို ညွှန်ပြသောအားဖြင့် "ဆဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ်သော ထိုမနောကံ"ဟု အနက်ယူ၍ (ကာယကံဖြစ်စေ ဝစီကံဖြစ်စေ) စိတ်ကြောင့် ဖြစ်သမျှ ကံကို မနောကံဟု စောဒကအလိုအတိုင်း ဆိုထားသည်။[ရှေ့ ပထမနည်း၌ ပြခဲ့သော ရိုးရာ မနောကံကိုသာ ဤနေရာ၌ မဆိုလို။] ဤအလို"တံ၊ ထိုမနောကံသည်"ဟု ဆိုရာ၌ ကာယကံ ဝစီကံလည်း ပါဝင်သည်ဟု မှတ်ပါ။
အထ ဝါ၊ ကား။
တန္တိ၊ တံ ဟူသောပုဒ်ကို။ (ဝဒတိ-၌ စပ်။)
ဆ ဖဿဒွါရ ဝသေန၊ ဖြင့်။
ဥပ္ပဇ္ဇမာနံ၊ သော။
တံ မနောကမ္မံ၊ သည်။
ဣတိ၊ သို့။
(ဂဟေတွာ။)
သဗ္ဗံ၊ သော။
မနသာ၊ စိတ်ကြောင့်။
နိပ္ပဇ္ဇမာနမ္ပိ၊ ပြီးသည်လည်းဖြစ်သော။
ကမ္မံ၊ ကို။
မနောကမ္မန္တိ၊ ဟူ၍။
စောဒကာဓိပ္ပာယေန၊ စောဒကပုဂ္ဂိုလ်၏ အလိုအားဖြင့်။
ဂဟေတွာ၊ ယူ၍။
(သင်္ဂဟကာရော။)
ဝဒတိ၊ ၏။
ပုဗ္ဗေ၊ ရှေ့ ပထမနည်း၌။
ဒဿိတမနောကမ္မံ၊ ပြအပ်သော မနောကံကို။
(မနောကမ္မန္တိ ဂဟေတွာ။)
န (ဝဒတိ)၊ ဆိုသည်မဟုတ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။**၂။ ယော ဟိ။ပ။အာဒိ**။ ။အဘယ်အကျိုးငှာ စောဒကပုဂ္ဂိုလ်၏ (မနကြောင့် ဖြစ်သမျှကံကို မနောကံဟူသော) အယူ၌တည်၍ "ကာယဝစီဒွါရေသု စောပနံ ပတ္တံ" စသော စကားကို အဋ္ဌကထာဆရာ အားထုတ်ရပါသနည်းဟု မေးဖွယ်ရှိသောကြောင့် "ယောဟိ" စသည်ကို မိန့်သည်။ စောဒကပုဂ္ဂိုလ်သည် "စိတ်ကြောင့်ဖြစ်ရသော ကံအားလုံးသည် မနောကံသာ ဖြစ်ထိုက်၏။ ကာယကံ ဝစီကံ မဖြစ်ထိုက်"ဟု အယူရှိ၏။ ထိုအယူကို တားမြစ်ခြင်းအကျိုးငှာ "တံကာယ ၀စီဒွါရေသု စောပနံပတ္တံ" စသော စကားကို အားထုတ်ရသည်-ဟူလို။
ဟိ၊ မှန်။
မနသာ၊ ဖြင့်။
နိဗ္ဗတ္တိတေန၊ ဖြစ်စေအပ်သော။
သဗ္ဗေန၊ အလုံးစုံသော ကံသည်။
မနောကမ္မေနေဝ၊ မနောကံသည်သာ။
ဘဝိတဗ္ဗံ၊ ဖြစ်သင့်၏။
ကာယဝစီကမ္မေန၊ သည်။
န (ဘဝိတဗ္ဗံ)။
ဣတိ၊ သို့။
ပရဿ၊ တစ်ပါးသောစောဒကပုဂ္ဂိုလ်၏။
ယော အဓိပ္ပာယော၊ အကြင် အလိုသည်။
(အတ္ထိ။)
တံ၊ ထို အလိုကို။
နိဝေတ္တေတွာ၊ နစ်စေ၍။
ကမ္မတ္တယနိယမံ၊ ကံ ၃-ပါးအပေါင်းကို ပိုင်းခြားသတ်မှတ်ခြင်းကို။
ဒဿေတုံ၊ ငှာ။
တံ။ပ။
ပတ္တန္တိ အာဒိ၊ သော။
ဣဒံ၊ ဤစကားကို။
(သင်္ဂဟကာရေန) အာရဒ္ဓံ။**၁။ ဧတ္ထ စ သင်္ကရာဘာဝေါ**။ ။ဤနည်း၌လည်း "နိယမဿ အကတတ္တာ"ဟူသော ရှေ့နည်းမှီး၍ ကံချင်း သင်္ကရ မဖြစ်ပုံကို သိပါ။ မှန်၏"ကာယဒွါရ၌ စောပနဖြစ်လျှင် ကာယကံသာ"ဟု နိယမ မပြုသောကြောင့် ကာယဒွါရ၌ စောပနပတ္တဖြစ်၍ သူ့မယားကို အဘိဇ္ဈာဖြင့် လက်ဆွဲမှုစသည် ပြုသောအခါ မနောကံသာဖြစ်ကြောင်းကို "စတုဗ္ဗိဓံ ဝစီဒုစ္စရိတံ။ပ။ တိဝိဓံ မနောဒုစ္စရိတံ အကုသလံ မနောကမ္မမေဝ"စသော စကားဖြင့်လည်း ကံချင်းရောယှက် မည်ကို ပယ်ရှားပြီးဖြစ်သည်။
စ၊ ဆက်။
ဧတ္ထ၊ ဤနည်း၌။
သင်္ကရာဘာဝေါ၊ ကံတို့၏ ရောယှက်ခြင်း မရှိပုံကို။
ပုရိမနယေနေဝ ဝေဒိတဗ္ဗော။**၂။ အထ ဝါကမ္မန္တိ**။ ။ဤနည်း၌ကား တံဖြင့် "မနောကမ္မံ"တစ်ပုဒ်လုံးကို မစွဲဘဲ မနော ဟူသော ဝိသေသန မပါသော ကမ္မံကိုသာ စွဲရသည်။ မှန်၏-သဒ္ဒါတို့၏ ဖြစ်ပုံသည် ဝဒန္တပုဂ္ဂိုလ်၏ ဆိုလိုသည့်အတိုင်း လိုက်လျောရ၏။ ထို့ကြောင့် မနောကမ္မံ ဟူသောသမာသ်ပုဒ်ဝယ် မနောဟူသော ဝိသေသန မပါဘဲ ကမ္မံကိုသာ တံသဒ္ဒါဖြင့် ပြန်၍စွဲနိုင်သည်။ [ဝတ္ထု (ဝဒန္တ ပုဂ္ဂိုလ်၏) အဓိပ္ပာယာနုရောဓိနီ သဒ္ဒပ္ပဝတ္တိ၊ သမာသပဒေဧကဒေသောပိ အာကဍ္ဎီယတိ အဓိကာရဝသေနာတိ အဓိပ္ပာယေန "ကမ္မသဒ္ဒေန သမ္မန္ဓံကတွာ" တိဝုတ္တံ။-အနု။]
အထ ဝါ၊ ကား။
ကမ္မန္တိ၊ ဟူသော။
အဝိသေသေန၊ မနော ဟု အထူး- မမ, သာမညဖြစ်သော။
ကမ္မသဒ္ဒမတ္တေန၊ ကမ္မသဒ္ဒါမျှနှင့်။
သမ္ဗန္ဓံ၊ စပ်ခြင်းကို။
ကတွာ၊ ၍။
**၃။ယထာ ဝုတ္တော။ပ။နယောဝ**။ "ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ" ကို "ယထာဝုတ္တော"ဟု ဆိုသည်။ ထိုဆိုအပ်ပြီးသော ကံအပြားကို "တံ စောပနပတ္တံ" စသည်ဖြင့် ပြသည်။ နိယမဿ အကတတ္တာကို ရည်ရွယ်၍ "အသင်္ကရော စ ဝုတ္တနယောဝ"ဟု ဆိုသည်။ [ယထာတိ စောပနပတ္တကာယဝစီကမ္မာဒိပကာရေန။-မဓု။]
ယထာ ဝုတ္တော၊ အကြင်အကြင် ဆိုအပ်ပြီးသော။
("ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟု ဆိုအပ်ပြီးသော။)
ကမ္မပ္ပဘေဒေါ၊ ကံ ၃-ပါး အပြားသည်။
ယထာ၊ အကြင် အပြားအားဖြင့်။
ဟောတိ၊ ဖြစ်နိုင်၏။
တံ ပကာရံ၊ ထိုအပြားကို။
ဒဿေတိ၊ ၏။**၄။ ယံ ပန ဝဒန္တိ**။ ။ ဤနေရာဝယ် ဂဏ္ဌိပုဒ်ကို ပြုစီရင်သော ပဒကာရ ဆရာ့ဝါဒ၏ မသင့်ကြောင်းကို ပြလို၍ "ယံ ပန" စသည်ကို မိန့်သည်။ ထိုစကားရပ်၏ အဓိပ္ပာယ်သည် [ ဣတီတိ တသ္မာ တဉ္စ န ယုဇ္ဇတီတိ သမ္ဗန္ဓော။-မဓု။ ]
ပန၊ ဝါဒန္တရ ကား။
ကာယဝစီကမ္မသဟဇာတာ၊ ကာယကံ ဝစီကံနှင့် တကွဖြစ်ကုန်သော။
အဘိဇ္ဈာဒယော၊ အဘိဇ္ဈာ အစရှိသော တရားတို့သည်။
(အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့သည်။)
ယဒါ၊ ၌။
စေတနာပက္ခိကာ၊ စေတနာ၏ အဖို့၌ ဖြစ်ကုန်သည်။
ဟောန္တိ။
တဒါ၊ ၌။
တာနိ မနောကမ္မာနိ၊ ထိုအဘိဇ္ဈာ အစရှိသော မနောကံတို့သည်။
ကာယဝစီကမ္မာနိ၊ တို့သည်။
ဟောန္တိ။
ဣတိ၊ သို့။
ယံ၊ အကြင် စကားကို။
ဝဒန္တိ၊ ပဒကာရဆရာတို့ ဆိုကြကုန်၏။
တဉ္စ၊ ထိုစကားသည်လည်း။
န၊ မသင့်။
(ကသ္မာ၊ နည်း။)
စေတနာပက္ခိကာနံ၊ စေတနာ၏ အဖို့၌ ဖြစ်ကုန်သော အဘိဇ္ဈာ အစရှိသော တရားတို့၏။
မနောကမ္မတ္တာ ဘာဝါ၊ မနောကံ၏ အဖြစ်၏ မရှိခြင်းကြောင့်တည်း။**၁။ ဧဝံ။ပန ကတံ**။ ။ ဤစကားကို "အဋ္ဌကထာ၌ နိဂုံးအဖြစ်ဖြင့် ထည့်၍ယောဇနာ ဖို့ရန် ဝါကျဟု မဓုဖွင့်၏။ ထို့ကြောင့် အဋ္ဌကထာနိဿယ၌ ထည့်၍အနက်ပေးထားသည်။ [မနောသံဝရဒွါရေပိ ဥပ္ပဇ္ဇန္တိ ဧဝါတိ ဧတဿ ပရိယောသာနေ "ဧဝံ ကမ္မာနံ ။ပ။ နိဗန္ဓနံ န ကတံ"တိ ပရိယောသာနပဒံ အဋ္ဌကထာယံ ယောဇေတဗ္ဗံတိ ဒဿေတုံ ဧတံတိ အာဒိ-မာဟ၊ တတ္ထ ဧဝန္တိ မဟာအဋ္ဌကထာယံ ဝုတ္တနယေန။] ...ဒွါရကထာအစ၌ "မဟာအဋ္ဌကထာယံဒွါရကထာ ကထိတာ"ဟု စချီခဲ့သည်အတိုင်း ဤ၌ ပြဆိုအပ်ခဲ့သော စကားအားလုံးသည် မဟာအဋ္ဌကထာ စကားချည်း ဖြစ်သောကြောင့် ဧဝံကို "မဟာအဋ္ဌကထာယံ ဝုတ္တနယေန"ဟု မဓုဖွင့်သည်။
ဧဝံ၊ ဤမဟာအဋ္ဌကထာ၌ ဆိုအပ်ပြီးသော နည်းဖြင့်။
ကမ္မာနံ၊ တို့၏။
ဒွါရေသု၊ တို့၌လည်းကောင်း။
ကမ္မေသု၊ တို့၌လည်းကောင်း။
အနိယတတ္တာ၊ မမြဲကုန်သည်၏ အဖြစ်ကြောင့်။
**၁။ ဒွါရနိဗန္ဓနံ န ကတံ**။ ။ဤသို့ မဟာအဋ္ဌကထာ၌ ဆိုအပ်သည့်အတိုင်း "ကာယကံစသည်တို့၏ ၀စီဒွါရ၌ဖြစ်နိုင်ခြင်း" စသည်ဖြင့် ကံတို့၏ ဒွါရတို့၌ အမြဲသတ်မှတ် ဖွဲ့စပ်၍ မထားနိုင်သောကြောင့်လည်းကောင်း၊ "ကာယဒွါရ၌ ဝစီ-မနောကံတို့လည်း ဖြစ်နိုင်ရကား ဒွါရတို့၏ ကံတို့၌ အမြဲသတ်မှတ် ဖွဲ့စပ်၍ မထားနိုင်သောကြောင့်လည်းကောင်း၊ ဒွါရနိဗန္ဓနံ- (ပါဠိတော်ဝယ် ရူပါရမ္မဏံဝါ စသည်ကဲ့သို့ ကယဒွါရိကံဝါ ၀စီဒွါရိကံဝါ"စသည်ဖြင့်) ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ်မှုကို မပြုအပ်တော့။ [ဤတွင် ကမ္မပထသံသန္ဒနကထာ အဖွင့် ပြီးပြီဟု ထင်သည်။]
ဒွါရနိဗန္ဓနံ၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ်ဖွဲ့စပ်ခြင်းကို။
န ကတံ၊ မပြုအပ်။**၂။ ဣဒါနိ။ပ။အာဒိမာဟ**။ ။ပါဠိတော်ဝယ် ဒွါရနိဗန္ဓနကို မပြုအပ်သော်လည်း ("တိဝိဓကမ္မဒွါရဝသေန။ပ။အဋ္ဌ သံဝရဒွါရဝသေန ဥပ္ပဇ္ဇတိ"အရ (တိဝိဓကမ္မဒွါရ ဆဖဿဒွါရ, အဋ္ဌသံဝရဒွါရဟူသော ဒွါရတို့၏အစွမ်းဖြင့်လည်းကောင်း ["ဒသကုသလကမ္မပထဝသေန ဥပ္ပဇ္ဇတိ" အရ) ထိုထိုဒွါရတို့၌ဖြစ်သော ကမ္မပထတို့၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပုံကိုပြခြင်းငှာ လည်းကောင်း..
ဣဒါနိ၊ ၌။
ဒွါရနိဗန္ဓနေ၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ် ဖွဲ့စပ်မှုကို။
အကတေပိ စ၊ သော်လည်း။
ယေသံ ဒွါရာနံ၊ တို့၏။
ဝသေန၊ ဖြင့်။
ဣဒံ စိတ္တံ၊ ဤမဟာကုသိုလ်စိတ်သည်။
ဥပ္ပဇ္ဇတိ၊ ၏။
တေသံ၊ ထိုဒွါရတို့၏လည်းကောင်း။
တံတံဒွါရကမ္မပထာနံ စ၊ ထိုထို ဒွါရ၌ဖြစ်သော ကမ္မပထတို့၏လည်းကောင်း။
ဝသေန၊ ဖြင့်။
ဥပ္ပတ္တိယာ၊ ဖြစ်ပုံကိုလည်းကောင်း။
ယထာဘဋ္ဌပါဠိယာ
**၃။ ယထာဘဋ္ဌပါဠိယာ**။ ။"ကာမာဝစရံ။ပ။ရူပါရမ္မဏံ ဝါ သဒ္ဒါရမ္မဏံ ဝါ" စသည်ဖြင့် တိုက်ရိုက် ဟောတော်မူအပ်သော ပါဠိတော်ကို "ယထာဘဋ္ဌပါဠိ"ဟု ဆိုသည်။ ထိုပါဠိတော်ဖြင့် ဟောတော်မူအပ်သော ဖြစ်ပုံကိုပြခြင်းငှာလည်းကောင်း တတ္ထကာမာဝစရန္တိ-စသည်ကို အဋ္ဌကထာ၌ မိန့်သည်။ "ယထာဘဋ္ဌ" နေရာဝယ် "ယထာဘဋ"ဟုလည်းရှိ၏။ ရှေ့ ဉာဏသမ္ပယုတ္တံအဖွင့် အပြီး၌ "အသင်္ခါရိကဘာဝေါ ပနအနာဘဋ္ဌတာယေဝ နဂဟိတော"ကို ထောက်၍ "ယထာဘဋ္ဌ" ပါဌ်သာ အမှန်ဟုထင်သည်။ ["ဘာသိတနှင့် ဘဋ္ဌ"သည် ပရိယာယ်တည်း။]
၊ အကြင်အကြင် ဟောတော်မူအပ်သော ပါဠိတော်ဖြင့်။
(ယထာဘဋပါဠိယာ၊ အကြင်အကြင် ထုတ်ဆောင်အပ်သော ပါဠိတော်ဖြင့်။)
ဝုတ္တာယ၊ ဟောတော်မူအပ်သော။
(ဥပ္ပတ္တိယာ)စ၊ ကိုလည်းကောင်း။
ဒီပနတ္ထံ၊ ငှာ။
တတ္ထကာမာဝစရန္တိ အာဒိံ၊ ကို။
(သင်္ဂဟကာရော) အာဟ။ဝါ၊ အဋ္ဌကထာနည်းမှ တစ်နည်းကား။
၁။ စိတ္တာဓိပတေယျံ စိတ္တံ။ ။ ပါဠိတော်ဝယ် တေဘူမကကုသိုလ်ကို ပြရာ၌ "ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ။။စိတ္တာဓိပတေယျံ"ဟု ရှိ၏။ ထို၌ "စိတ်ဟူသော အဓိပတိမှလာသောစိတ်"ဟု တိုက်ရိုက် အနက် အဓိပ္ပာယ် ယူ၍မဖြစ်၊ ဘာ့ကြောင့်နည်း။...စိတ်၂-ခုပြိုင်တူ မဖြစ်နိုင်သောကြောင့်တည်း။ ထိုသို့ မဖြစ်နိုင်သောကြောင့် ဖဿ-စသော စေတသိက်အပေါင်းကို "စိတ္တာဓိပတေယျ"ဟု ဆိုထားသည်။
ထို့နောက်မှ ထိုတရား အပေါင်း၏ စိတ္တာဓိပတေယျ အမည်ကိုစိတ်၌ တင်စား၍ ဖလူပစာရအားဖြင့် စိတ်ကိုလည်း စိတ္တာဓိပတေဟု ဟု ဆိုနိုင်သကဲ့သို့ဟု ဥပမာပြသည်။ ဤစကားအရ "စိတ္တာဓိပတေယျံ၊ စိတ်ဟူသော အဓိပတိမှလာသော တရားအပေါင်း"ဟု အနက်ပေးရသော်လည်း အရကောက်သောအခါ ထိုတရားအပေါင်းနှင့် ယှဉ်သောစိတ်ကို အရ ကောက်ပါ-ဟူလို။...[ တတ္တ စိတ္တဿ စိတ္တာဓိပတေယျဘာဝေါ သမ္ပယုတ္တဓမ္မာနံဝသေန ဝုတ္တော။-နောက်၌လာမည့် တေဘူမကကုသလအဖွင့် အဋ္ဌကထာ။]
စိတ္တာဓိပတေယျံ၊ စိတ္တာဓိပတိမှ လာသော သမ္ပယုတ်တရား ဟူသော။ စိတ္တံ၊ စိတ်။ ဣတိ၊ ဤပါဌ်၌။ သမ္ပယုတ္တ ဝသေန၊ သမ္ပယုတ်တရား၏အစွမ်းဖြင့်။ ဝုစ္စတိ ယထာ၊ စိတ္တာဓိပတေယျဟု ဆိုအပ်သကဲ့သို့။ `` **၂။ ဧဝံ ဣဓာပိ**။ ။စိတ္တံတိဝိဓကမ္မဒွါရဝသေန ဥပ္ပဇ္ဇတိ"ဟူသော ဤပါဌ်၌လည်း "မနောကမ္မဒွါရ"အရ စိတ်ကို မယူဘဲ စိတ်နှင့်ယှဉ်သော တရားအပေါင်းကိုယူပါ။ ဤသို့လျှင် "မနောကမ္မဒွါရမည်သော ဖဿ-စသော တရားအပေါင်းကြောင့် စိတ်ဖြစ်၏"ဟူသော အဓိပ္ပာယ်မှန် ရနိုင်ပါသည်-ဟူလို။[အနုဋီကာ၌ကား သမ္ပယုတ်တရားအပေါင်း၏ မနောကမ္မဒွါရအမည်ကို စိတ်၌ပြန်၍ ဖလူပစာရအားဖြင့် တင်စားပါ၊ သို့မှတိဝိဓကမ္မဒွါရဝသေန၌ စိတ်ဟူသော မနောကမ္မဒွါရလည်း ပါနိုင်မည်-ဟု ဆိုသည်။] `` ဧဝံ၊ တူ။ ဣဓာပိ၊ ဤစိတ္တံ တိဝိဓကမ္မဒွါရဝသေန ဥပ္ပဇ္ဇတိ ဟူသော ပါဌ်၌လည်း။ (သမ္မယုတ္တဝသေန၊ ဖြင့်။ ဝုစ္စတိ၊ မနောကမ္မဒွါရ ဟု ဆိုအပ်၏။)**၁။ စောပန။ပ။နတ္ထိ**။ ။ကာယဝိညတ် ဝစီဝိညတ် ဟူသော စောပနဒွါရ ၂-မျိုးနှင့် မရောသော မနောဒွါရိကစိတ်အစဉ်၏ "မနောကမ္မဒွါရ" အမည်ရရာ၌ကား (ရှေးရှေးစိတ်က နောက်နောက်စိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူး ပြုသောကြောင့်) "တိဝိဓကမ္မဒွါရ" အရ ရှေးရှေးစိတ်ကို မနောကမ္မဒွါရဟု ယူ၍ "စိတ္တံ ဥပဇ္ဇတိ"၌ စိတ္တံ-အရ နောက်နောက်စိတ်ကို ယူရသောကြောင့် ရှေးရှေးစိတ်၏ မနောကမ္မဒွါရ အမည်ရကြောင်းမှာ အထူးဆိုဖွယ်မလိုတော့ပါ-ဟူလို။ [ဤလည်း မနောကမ္မဒွါရအရ ကောက်ယူပုံ တစ်နည်းပြဖြစ်၍ အားလုံး၃-နည်းဟု မှတ်ပါ။]
စောပနဒ္ဓယ ရဟိတဿ၊ စောပန ကာယ စောပနဝါစာ ၂-ပါးအပေါင်းမှ ကင်းသော။
မနောပဗန္ဓဿ၊ မနော အစဉ်၏။
မနောကမ္မဒွါ ရဘာဝေ၊ မနောကမ္မဒွါရ၏ အဖြစ်၌။
(မနောကမ္မဒွါရ အမည်ရခြင်း၌။)
ဝတ္တဗ္ဗမေဝ၊ ဆိုဖွယ်သည်ပင်။
နတ္ထိ၊ မရှိတော့။ယေဝါပနကကထာအဖွင့်
အယံ ယောဇနာတိ၊ ကား။ ရူပါရမ္မဏံ ဝါ။ပ။ ဓမ္မာရမ္မဏံ ဝါတိ ဧတေန၊ ဟူသော ဤပါဌ်နှင့်။ သဟ။ ယံ ယံဝါပနာတိ ဧတဿ၊ ဟူသော ဤပါဌ်ကို။ (ဝစနေ၊ ဟောတော်မူခြင်းကြောင့်။ ဝါ၊ ၌။) အယံ၊ ဤဆိုအပ်လတ္တံ့ကား။ သမ္ဗန္ဓော၊ ဆက်စပ်ကြောင်းအကျိုးတည်း။ ဣတိ အတ္ထော။ [မဓု၌ "ဝစနေတိ နိမိတ္တဘူတေ သြကာသဘူတေဝါ"ဟု ဖွင့်သောကြောင့် ဧတဿနောက်၌ "ဝစနေ"ဟု ရှိသင့်သည်။]