Issues
අනුවාදය තෝරන්න
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

အကုသလကမ္မပထကထာဝဏ္ဏနာ အကုသလကမ္မပထအဖွင့်

කතුවරයා: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အကုသလကမ္မပထကထာဝဏ္ဏနာ

အကုသလကမ္မပထအဖွင့်

သရသေနေဝ၊ မိမိ၏ ဘိဇ္ဇနသဘောအားဖြင့်ပင်။ ပတနသဘာဝဿ၊ ကျခြင်းသဘောရှိသော။ ပါဏဿ၊ သတ္တဝါကို။ အန္တ ရာ ဧဝ၊ အသက်တမ်းမကုန်မီ အကြား၌ပင်လျှင်။ အတီဝ၊ လျင်စွာသာလျှင်။ ပါတနံ၊ ကျစေခြင်းသည်။ အတိပါတော၊ မည်၏။ သဏိကံ၊ ဖြည်းဖြည်း။ (သူ၏နေနိုင်ခွင့် အသက်တမ်း ကုန်ဆုံးမှ။) ပတိတုံ၊ ကျခြင်းငှာ။ အဒတွာဝ၊ မပေးမူ၍သာလျှင်။ သီဃံ၊ လျင်စွာ။ ပါတနံ၊ သည်။ (အတိပါတော၊ မည်၏။) ဣတိ အတ္ထော၊ [ ပါတနံ + ပါတော၊ အတီဝ + ပါတော အတိပါတော။ ဤနည်းအလို အတိသဒ္ဒါ သီဃအနက်ဟော။]
ဝါ၊ တစ်နည်း။ အဘိဘဝိတွာ၊ လွှမ်းမိုး၍။ (အတိက္ကမ္မကိုပင် "သတ္ထာဒီဟိ အဘိဘဝိတွာ"ဟု ထပ်ဖွင့်သည်။) ပါတနံ၊ သည်။ အတိပါတော၊ မည်၏။ [ဤနည်းအလို အတိသဒ္ဒါ အတိက္ကမ္မ-အနက်ဟော။]

ပယောဂဝတ္ထုမဟန္တ တာ

၁။ ပယောဂမဟန္တတာ။ ။ ပယောဂတစ်မျိုးတည်းပင် ဖြစ်သော်လည်း အဆောတလျင် ကိစ္စကိုပြီးစေသော စေတနာ၏ အစွမ်းဖြင့်လည်းကောင်း၊ ဖြည်းဖြည်းပြီးစေကာမူ ရှေ့ဇောဝီထိတို့မှ အထုံရသဖြင့် ဆုံးဖြတ်ချက်ချသော ဇောစေတနာ၏ အစွမ်းဖြင့်လည်းကောင်း၊ ပယောဂ၏ ကြီးပုံကိုသိပါ။ ဤသို့ ပယောဂကြီးသည် မဟာသာဝဇ္ဇဖြစ်ခြင်း၏ အကြောင်းဟု မှတ်ပါ။

-ဝတ္ထုမဟန္တ တာ။ ။သတ်အပ်သော သတ္တဝါက အငယ်အကြီးကွဲပြားစေကာမူ (သေနတ်တစ်ချက်ဖြင့် ပစ်သတ်ခြင်းကဲ့သို့) ပယောဂ တူမျှနေပါသော်လည်း သတ္တဝါအကြီးကို သတ်ရာ၌ သတ်လိုသော စေတနာသည် ပို၍ထက်သန်ပြင်းထန်ရ၏။ ထို့ကြောင့် သတ်အပ်သော ဝတ္ထု၏ ကြီးခြင်းကိုလည်း မဟာသာဝဇ္ဇဖြစ်ခြင်း၏ အကြောင်းဟုမှတ်ပါ။

ဒီဟိ၊ ပယောဂ၏ ကြီးသည်၏အဖြစ်, အရာဝတ္ထု၏ ကြီးသည်၏ အဖြစ် အစရှိသည်တို့ကြောင့်။ မဟာသာဝဇ္ဇတာ၊ မဟာသာဝဇ္ဇ၏ အဖြစ်သည်။ (ဟောတိ။ ကသ္မာ၊ နည်း။) တေဟိ ပစ္စယေဟိ၊ ထိုပယောဂ ဝတ္ထုမဟန္တ တာ အစရှိသော အကြောင်းတို့ကြောင့်။ ဥပ္ပဇ္ဇမာနာယ၊ ဖြစ်သော။ စေတနာယ၊ စေတနာ၏။ ဗလဝဘာဝတော၊ အားရှိသည်၏ အဖြစ်ကြောင့်တည်း။
ယထာဝုတ္တပစ္စယ ဝိပရိယာယေ၊ အကြင်အကြင် ဆိုအပ်ပြီးသော အကြောင်းတို့၏ ပြောင်းပြန်ဖြစ်ခြင်းသည်။ (သတိ) ပိ၊ ဖြစ်ပါသော်လည်း။ [ပယောဂဝတ္ထု အဒိပစ္စယာနံ အမဟတ္တေပိ။-အနု။] တံတံ ပစ္စယေဟိ၊ ထိုထိုဂုဏဝန္တတာ အစရှိသော အကြောင်းတို့ကြောင်း။ ဥပ္ပဇ္ဇမာနာယ၊ သော။ စေတနာယ၊ ၏။ ဗလဝါဗလဝ ဝသေနဝ၊ အားရှိသည်၏အဖြစ်, အားမရှိသည်၏ အဖြစ်၏ အစွမ်းဖြင့်ပင်။ အပ္ပသာဝဇ္ဇမဟာသာဝဇ္ဇတာ၊ အပ္ပသာဝဇ္ဇ၏အဖြစ်, မဟာသာဝဇ္ဇ ၏အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ ၏။
ဒါဌာကောဋိကာဒီနံ **၁။ ဒါဌာကောဋိကာဒီနံ ဝိယ**။ ။ ဒါဌာကောဋိက-မင်းသည် စိတ်ဆိုး၍ အစွယ်ကို ခေါက်လိုက်လျှင် စိတ်ဆိုးခံရသူ သေ၏။ ထိုအစွယ်ခေါက်ခြင်း ပယောဂသည် ကမ္မဝိပါကဇိဒ္ဓိ ပယောဂတည်း။ အာဒိဖြင့် သောတာပန်မဖြစ်မီက ဝေဿဝဏ်နတ်မင်း မျက်စောင်းထိုးခြင်းဟူသော ပယောဂကြောင့် ဘီလူးများသေရခြင်း စသည်ဝယ် မျက်စောင်းထိုးခြင်းဟူသော ပယောဂကို ယူပါ။ [ဒါဌာကောဋိကာဒီနံတိ တံနာမကာနံ ရာဇူနံ၊ ဝိယာတိ ဣဒံ သရူပဒဿနံ။ သော ဟိ ဒါဌာကောဋိကရာဇာ ယဒါ အညံ ကုပ္ပတိ၊ အတ္တနော ဒါဌံ အင်္ဂုလိယာ အာကောဋေတိ၊ တဒါ ပရေသံ ဝဓောဟောတိ။-မဓု။] ၊ ဒါဌာကောဋိကမင်း အစရှိသူတို့၏။ (ဣဒ္ဓိမယောဝိယ၊ တန်ခိုးကို အသုံးပြုခြင်းဟူသော ပယောဂကဲ့သို့။) ကမ္မဝိပါကဇိဒ္ဓိမယော၊ ကံ၏အကျိုးကြောင့်ဖြစ်သောတန်ခိုးကိုအသုံးပြုခြင်းဟူသော ပယောဂသည်။ ဣဒ္ဓိမယော၊ မည်၏။
သဂေါတ္တေဟိ၊ တူသောအနွယ်ရှိသူ လူတို့သည်။ ရက္ခိတာ၊ စောင့်ရှောက် အပ်သော အပျိုသည်။ ဂေါတ္တရက္ခိတာ၊ တာ-မည်၏။ [အနွယ်ကို ဟောသော ဂေါတ္တသဒ္ဒါဖြင့် သဂေါတ္တ လူတို့ကို ဌာနျူပစာရအားဖြင့် ယူပါဟု သိစေလို၍ "သဂေါတ္တေဟိ" ဟု ဖွင့်၏။]
သဟဓမ္မိကေဟိ၊ အတူတကွ တရားကိုကျင့်သူတို့သည်။ ဝါ၊ တရားကျင့်ဖော် ကျင့်ဖက်တို့သည်။ ရက္ခိတာ၊ သည်။ ဓမ္မရက္ခိတာ၊ တာ- မည်၏။ [ရှေးနည်းအတိုင်း ဥပစာကြံပါ။]
သသာမိကာ၊ ပိုင်ရှင်နှင့်တကွ ဖြစ်သော အပျိုသည်။ သာရက္ခာ၊ မည်၏။ [သဟ+အာရက္ခေန ယာဝတ္ထတီတိ သာရက္ခာ၊ သဿာမိကာ သာရက္ခာတိ ယဿာ ဝတ္ထမာလာဒီနိ သာမိကတ္ထာယ (မိမိက လင်ဖြစ်ခြင်းအကျိုးငှာ။) ဒိန္နာနိ၊ သာ တတော ပဋ္ဌာယ ပုရိသေ (လင် ဖြစ်မည့် ယောက်ျားသည်။) အနာဂတေပိ သဿာမိကာတိ ဝုစ္စတိ။-မဓု။]
ယဿ၊ အကြင် အပျိုကို။ ဂမနေ၊ သွားလာခြင်း၌။ ရညာ၊ သည်။ ဒဏ္ဍော၊ ဒဏ်ကို။ ထပိတော၊ ထားအပ်ပြီ။ သာ၊ ထိုအပျိုသည်။ သ ပရိဒဏ္ဍာ၊ မည်၏။
အတ္ထဘဉ္ဇကောတိ၊ ဟူသော ပါဌ်ဖြင့်။ ကမ္မပထပ္ပတ္တံ၊ ကမ္မပထသို့ရောက်သော ဝိသံဝါဒနကို။ ဝုတ္တံ။
ဟိ၊ မှန်။ တစ်နည်း (ကသ္မာ ဝိညာယတိ။) ဟိ (ယသ္မာ)၊ ကြောင့်။ ဧသာ၊ ဤ ကထာသည်။ ကမ္မပထကထာ၊ ကမ္မပထကို ဆိုကြောင်းစကားတည်း။ ဣတိ၊ ကြောင့်။ (အတ္ထဘဉ္ဇကောတိ၊ ဖြင့်။ ကမ္မပထပ္ပတ္တံ ဝုတ္တံ၊ ဣတိ ဝိညာယတိ။) [အတ္ထဘဉ္ဇက မဟုတ်လျှင် ကမ္မပထမမြောက်-ဟူလို။ သို့သော် မုသာဝါဒ ဝစီဒုစရိုက်ကား ဖြစ်၏။]
အတ္တနော။ပ။ အာဒိ၊ အစရှိသော စကားကို။ မုသာဝါဒ သာမညတော၊ မုသာဝါဒအားဖြင့် တူသည်၏ အဖြစ်ကြောင့်။ ဝုတ္တံ။ ["ကမ္မပထ မြောက်သောကြောင့် ဆိုသည်မဟုတ်၊ မုသာဝါဒချင်းတူသောကြောင့် ဆိုသည်-ဟူလို။]
ဟသာဓိပ္ပာယေန၊ ရယ်ရွှင်ခြင်း၌ဖြစ်သောအလိုဖြင့်။ ဝိသံဝါဒန ပုရေက္ခာရဿေဝ၊ ချွတ်ယွင်းစေခြင်းကို ရှေးရှုပြုသော ပုဂ္ဂိုလ်၏သာလျှင်။ ဝါ၊ ချွတ်ယွင်းစေလိုသော ပုဂ္ဂိုလ်၏သာလျှင်။ မုသာဝါဒေါ (ဟောတိ)။ [ဧဝဖြင့် ဝိသံဝါဒနာဓိပ္ပာယ မပါဘဲ ရယ်မြူးလိုရုံသက်သက်ကား မုသာဝါဒ မဖြစ်ပါ- ဟူလို။ သမ္ဖပ္ပလာပကား ဖြစ်စရာရှိ၏။ ]
သုညဘာဝန္တိ၊ ကား။ ပီတိ ဝိရဟိတတာယ၊ ချစ်ခင်နှစ်သက်ခြင်းမှ ကင်းသည်၏ အဖြစ်ကြောင့်။ ရိတ္တတံ၊ ကင်းဆိတ်သည်၏ အဖြစ်ကို။ (ကရောတိ- ၌ စပ်။)
အတ္ထ ဝိပန္နတာယ၊ အနက် အဓိပ္ပာယ်၏ ဖောက်ပြန်သည်၏ အဖြစ်ကြောင့်။ ( ဆဲသောစကား၏ အနက်အဓိပ္ပာယ်က ဖောက်ပြန်ကြမ်းတမ်း သောကြောင့်။) ဟဒယင်္ဂမာ၊ စိတ်နှလုံးသို့ ရောက်သည်။ ( နှလုံး အသည်း စွဲလောက်သည်။) န (ဟောတိ)။
အဂ္ဂဏှန္တေတိ၊ ကား။ အသဒ္ဒဟန္တေ၊ မယုံကြည်လတ်သော်။ ကမ္မပထဘေဒေါ၊ ကမ္မပထ အထူးအပြားသည်။ န ဟောတိ။ ["ကမ္မပထဘေဒေါနတ္ထိ"၌ နတ္ထိကို "န ဟောတိ"ဟု ဖွင့်သည်။]
ပန၊ ထိုသို့ပင် ယုံကြည်မှ ကမ္မပထ မြောက်ပါသော်လည်း။ ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။ (ကမ္မပထမြောက်, မမြောက် အားလုံး ဖြစ်သော။) သမ္ဖပ္ပလာပေါ၊ သည်။ ဒွိဟိ၊ ကုန်သော။ သမ္ဘာရေဟိ၊ အကြောင်း အဆောက်အဦတို့ကြောင့်။ (အင်္ဂါတို့ကြောင့်။) သိဇ္ဈတိ၊ ပြီးစီး၏။ ဣတိ၊ မှတ်အပ်၏။
အတ္တနော၊ မိမိ၏ အထံသို့။ ပရိဏာမနံ၊ ညွတ်စေခြင်းသည်။ စိတ္တေနေဝ၊ စိတ်အားဖြင့် သာလျှင်။ (ဟောတိ။) [ဧဝဖြင့် သူတစ်ပါး၏ ပစ္စည်းကို အဒိန္နာဒါန- ကဲ့သို့ ကိုယ်နှုတ်တို့ဖြင့် မိမိအထံသို့ ရောက်အောင် ညွတ်စေခြင်းကို ကန့်။] ဣတိ ဝေဒိတဗ္ဗံ။
မိစ္ဆာ ပဿတီတိ၊ ကား။ ဝိတထံ၊ မမှန်ဘဲ။ ပဿတိ၊ မြင်တတ်၏။
ကောဋ္ဌာသတောတိ၊ ကား။ ဖဿပဉ္စမကာဒိသု၊ ဖဿပဉ္စမက အစရှိကုန်သော။ စိတ္တင်္ဂကောဋ္ဌာသေသု၊ စိတ်၏ အင်္ဂါဖြစ်သော အဖို့အစုတို့တွင်။ ယေကောဋ္ဌာသာ၊ တို့သည်။ ဟောန္တိ၊ ရှိကုန်၏။ တတော၊ ထို အဖို့အစုအားဖြင့်။ ဣတိ အတ္ထော။
စေတနာ၊ စေတနာကို။ ကမ္မပထေသု၊ ကမ္မပထတို့၌။ န ဝုတ္တာ နနု၊ ဟောတော်မမူအပ်သည် မဟုတ်ပါလော။ ["ပါဏာတိပါ တော ဟောတိ" စသည်ဖြင့်သာ ဟောတော်မူ၏ "ပါဏာတိပါတစေတနာ ဟောတိ"ဟု ဟောတော်မမူ။] ဣတိ၊ ကြောင့်။ ပဋိပါဋိယာ၊ အစဉ်အားဖြင့်။ သတ္တန္နံ၊ ခုနစ်ပါးကုန်သော ပါဏာတိပါတ စသည်တို့၏။ ကမ္မပထဘာဝေါ၊ ကမ္မပထ၏ အဖြစ်သည်။ နယုတ္တောနနု၊ မသင့်သည် မဟုတ်ပါလော။ ဣတိ၊ ဤကား စောဒနာတည်း။ (န ယုတ္တော၊ မသင့်သည်ကား။)
န၊ မဟုတ်။ (ကသ္မာ၊ နည်း။) အဝစနဿ၊ စေတနာကို မဟောခြင်း၏။ အညဟေတုတ္တာ၊ အခြားအကြောင်းရှိသည်၏ အဖြစ်ကြောင့်တည်း။
**၁။ န ဟိ စေတနာယ။ပ။န နိဝါရိတော**။ ။ "အညဟေတုတ္တာ" ဟူသော ဟိတ်ကို ချဲ့လို၍ "နဟိ" စသည်ကိုမိန့်သည်။ စေတနာကို ကမ္မပထ မဟုတ်သောကြောင့် ကမ္မပထရာသိ၌ မဟောသည်မဟုတ်ပါ။ ကမ္မပထအဖြစ်က မမြဲသောကြောင့် မဟောခြင်းဖြစ်ပါသည်။ အင်္ဂါစုံညီသော စေတနာအတွက် ကမ္မပထအဖြစ်ကို မတားမြစ်ပါ။ [ဤစကားအရ "အညဟေတု"ဟူသည် "တမ္မပထအဖြစ်၏နိယတ မဟုတ်ခြင်းဟူသော အကြောင်းတည်း"ဟု မှတ်ပါ] မဓု၌ "တမေဝတ္ထံ ဗျတိရေကမုခေန ဝိဝရိတုံ ယဒါပနာတိ အာဒိဝုတ္တံ"ဟု တွေ့ရ၏။ ယဒါပန-စသော ဝါကျသည် ဝိတ္တာရ မဟုတ်နိုင်၊ ဆက်၍ပြသော ဝါကျသာတည်း၊ ထို့ကြောင့် ထိုအဖွင့်ကို စဉ်းစားပါ။ ဟိ၊ ချဲ့။ စေတနာယ၊ ၏။ အကမ္မပထတ္တာ၊ ကမ္မပထ မဟုတ်သည်၏ အဖြစ်ကြောင့်။ ကမ္မပထရာသိမှိ၊ ကမ္မပထ တရားအစု၌။ အဝစနံ၊ မဟောခြင်းသည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ ကဒါစိ၊ ၌။ (အင်္ဂါ ညီညွတ်ရာ တစ်ရံတစ်ခါ၌။) ကမ္မပထော၊ သည်။ ဟောတိ၊ ၏။ သဗ္ဗဒါ (ကမ္မပထော) န (ဟောတိ)။ ကမ္မပထဘာဝဿ၊ ကမ္မပထ အဖြစ်၏။ ဣတိ (တသ္မာ) အနိယတတ္တာ၊ ဤသို့ မမြဲသည်၏ အဖြစ်ကြောင့်။ အဝစနံ၊ မဟောခြင်းသည်။ (ဟောတိ။)
ပန၊ ဆက်။ ယဒါ ကမ္မပထော ဟောတိ။ တဒါ၊ ၌။ ကမ္မပထရာသိ သင်္ဂဟော၊ စေတနာကို ကမ္မပထ အဖို့အစု၌ သင်္ဂြိုဟ်ရေတွက်ခြင်းကို။ န နိဝါရိတော၊ မတားမြစ်အပ်။ ဣတိ၊ ဤသို့ မှတ်အပ်၏။
**၂။ ပဉ္စသိက္ခာပဒါ။ပ။ပရိဟရိဿတိ**။ ။ ဤ၌ "အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ" အရ သတ္တဝါပညတ်ကို အာရုံပြု၏ဟူသော စကားသည် သိက္ခာပဒဝိဘင်း ပါဠိတော်၌ လာလတ္တံ့ဖြစ်သော "ပဉ္စသိက္ခာပဒါ ပရိတ္တာရမ္မဏာ ဧဝ-ပရိတ္တဖြစ်သော ကာမပရမတ် တရားကိုသာအာရုံပြု၏"ဟူသော စကားနှင့် ဆန့်ကျင်သကဲ့သို့ဖြစ်၏၊ သို့သော် သတ္တဝါ ဟု ဆိုသော်လည်း အစစ်အမှန်အားဖြင့် သတ္တဝါမရှိ၊ သင်္ခါရဖြစ်သော ပရမတ်သာရှိသောကြောင့် ထို ပရမတ်တရားကို အာရုံပြုရကား မဆန့်ကျင်ပါ-ဟု ထို ဝိဘင်းအဋ္ဌကထာ၌ ကိုယ်တိုင်ဖြေလတ္တံ့။ ပဉ္စ ။ပ။ ဧတေန၊ ဟူသော ဤ သိက္ခာပဒဝိဘင်း ပါဠိတော်စကားနှင့်။ (ဝိရောဓံ-၌ စပ်။) အဒိန္နာဒါနာဒီနံ၊ အဒိန္နာဒါန အစရှိသော ကမ္မပထတို့၏။ သတ္တာရမ္မဏဘာဝ ဝိရောဓံ၊ သတ္တဝါဟူသော အာရုံရှိသည်၏ အဖြစ်ကိုဆိုကြောင်း စကား၏ဆန့်ကျင်ပုံကို။ (ဆန့်ကျင်သကဲ့သို့ ဖြစ်ပုံကို။) သတ္တသင်္ခါတေ။ပ။ ပဝတ္တိတောတိ၊ ဟူ၍။ သယမေဝ၊ အဋ္ဌကထာဆရာ ကိုယ်တိုင်ပင်။ ပရိဟရိဿတိ၊ ရှောင်လွှဲလတ္တံ့။ [ဝိဘင်းအဋ္ဌကထာ၌ ဖြေဆိုလတ္တံ့။]
နတ္ထိ သတ္တာ သြပပါတိကာတိ၊ ဟူ၍။ ပဝတ္တမာနာပိ၊ ဖြစ်ပါသော်လည်း။ ဝါ၊ ဖြစ်သည်လည်း ဖြစ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ တေဘူမကဓမ္မဝိသယာဝ၊ တေဘူမကတရားဟူသော အာရုံရှိသည်သာ။ ဣတိ၊ ကြောင့်။ သင်္ခါရာ ရမ္မဏတာ၊ သင်္ခါရဟူသော အာရုံရှိသည်၏ အဖြစ်ကို။ ဝုတ္တာ။ ["နတ္ထိ သတ္တာ သြပပါတိကာ" ဟူရာ၌ ဒိဋ္ဌိသည် သတ္တဝါ ပညတ်ကို အာရုံပြုသကဲ့သို့ ဖြစ်သော်လည်း "သတ္တာ" အရ တေဘူမကဓမ္မတို့ပင် ရသောကြောင့် "မိစ္ဆာဒိဋ္ဌိ။ပ။သင်္ခါရာ ရုမ္မဏာဝ"ဟု အဋ္ဌကထာ၌ ဆိုသည်။]

[ "တထာ ဝိပါကနိသန္ဒ ဖလာနိ ပစ္စဝေက္ခန္တဿ" ကို ဖွင့်ပြလို၍ "ဝိပါက" စသည်မိန့်။] ဝိပါကနိသန္ဒဖလာနိ၊ ဝိပါကအကျိုး နိသန္ဒအကျိုးတို့သည်။ ယထာက္ကမံ၊ စွာ။ နိရယာဒိဝိပါကဒုဂ္ဂတတာဒီနိ

၁။ နိရယာဒိဝိပါကဒုဂ္ဂတတာဒီနိ။ ။ ဝိပါကပဒေန နာမံ ဒဿိတံ- ("ဝိပါကာဓမ္မာ" ဟူသော မာတိကာပုဒ်၌ ဝိပါကသဒ္ဒါသည် နာမ်ဝိပါက်တရားကိုဟောသကဲ့သို့) ဤ ဝိပါကဖလကို ပြရာ၌လည်း ဝိပါကသဒ္ဒါဖြင့် နာမ်ဝိပါက်တရားကို ပြသည်၊ ငရဲစသည်၌ဖြစ်ရသော နာမ်ဝိပါက်သည် ကံတရား၏ တိုက်ရိုက်အကျိုး(မုချအကျိုး)တည်း၊ ဒုဂ္ဂတတာ စသောအကျိုးသည် နိသန္ဒဖလ (အကျိုးဆက်)တည်း။ [ဒုဂ္ဂတတာနာမ-အာရောဟပရိဏာဟဝသေန (ကိုယ်လုံးကိုယ်ပေါက်၏ အစွမ်းဖြင့်) ဒုဇ္ဇာတတာ-မကောင်းဖြစ်သူ၏ အဖြစ်တည်း။-မဓု။]

-ဒုဂ္ဂတတာဒီနိ။ အာဒိသဒ္ဒေန အလဒ္ဓါလာဘော (မရအပ်သေးသော လာဘ်ကိုမရခြင်း)၊ လဒ္ဓဝိနာသော (ရအပ်ပြီးလာဘ်၏ ပျက်စီးခြင်း)၊ ဣစ္ဆိတာနံ ဘောဂါနံ ကိစ္ဆဝဋိလာဘော (အလိုရှိအပ်သော စည်းစိမ်တို့ကို ပင်ပင်ပန်းပန်းရှာမှ ရခြင်း)၊ ရာဇာဒီဟိ (ရန်သူမျိုးငါးပါးတို့နှင့်) သာဓာရဏဘောဂတာ (ဆက်ဆံရသော စည်းစိမ်ရှိခြင်း) ဣတိ ဧဝမာဒယော သင်္ဂဟိတာ။- အနု။ အချုပ်မှာ-နာမ်ဝိပါက် မကောင်းကျိုးမှတစ်ပါး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကြောင်း မကောင်းကျိုးဟူသမျှကို "နိသန္ဒဖလ"ဟုချည်း ဆိုလိုသည်။

၊ ငရဲ အစရှိသည်၌ ဖြစ်သော ဝိပါက်စိတ်ဟူသော မုချအကျိုး, အရပ်အမောင်း မကောင်းသူ၏ အဖြစ် အစရှိသည်တို့တည်း။ [ဝိပါကနှင့် နိရယာဒိဝိပါက၊ နိသန္ဒဖလနှင့်ဒုဂ္ဂတတာဒိ"ဟု အစဉ်အတိုင်း တွဲပါ။]
အကုသလကမ္မပထကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။