ပန၊ ဆက်၊
ယေဝါပနကာနံ၊ ယေဝါပနကတရားတို့၏လည်းကောင်း၊
သုခုမုပါဒါယရူပဿ၊ သုခုမရုပ်, ဥပါဒါရုပ်လည်းဖြစ်သော၊
ဣန္ဒြိယ ၊ပေ၊ရဟိတဿ၊ ဣန္ဒိယရုပ်၏အဖြစ်, ဝိကာရရုပ်၏အဖြစ်, ပရိစ္ဆေဒရုပ်၏ အဖြစ်, လက္ခဏရုပ်၏အဖြစ်, ရုပ်တို့ကို ထောက်ပံ့တတ်သော တရား၏အဖြစ်မှ ကင်းသော၊
ဟဒယဝတ္ထုဿစ၊ ဟဒယဝတ္ထု၏လည်းကောင်း၊
ပဒုဒ္ဓါရေန၊ ပုဒ်တို့ကို ထုတ်ပြခြင်းအားဖြင့်၊
ဣဓ၊ ဤအဘိဓမ္မာအရာ၌၊
နိဒ္ဒေသာနရဟတ္တာ၊ အကျယ်ညွှန်ပြခြင်းကို မထိုက်သည်၏အဖြစ်ကြောင့်၊
နိဒ္ဒေသော၊ ကို၊
န ကတော၊ အပ်၊ ဣတိ ဒဋ္ဌဗ္ဗော။
ယေဝါပနကာနံ၊ပေ၊အတ္ထိ
။ ။ “သရုပ်ထုတ်ပြအပ်သော ပုဒ်တို့၏ ပဒဘာဇနီကိုသာ ပါဠိတော်၌ ပြထား၏၊ ယေဝါပနကစေတသိက်တရားတို့၏လည်းကောင်း, သုခုမရုပ်, ဥပါဒါရုပ်ဖြစ်သော ဟဒယဝတ္ထု၏လည်းကောင်း၊ ပုဒ်နာမည်ကို ထုတ်ပြ သောအားဖြင့် ပဒဘာဇနီကို မပြ၊ ထိုသို့ မပြခြင်းသည် အဘယ်ကြောင့်ပါနည်း၊ အာစရိယမုဋ္ဌိ ချန်ထားခြင်း ရှိပါသလော”ဟု မေးဖွယ်ရှိသောကြောင့် “ယေဝါ ပနကာနံ”စသည်ကို မိန့်သည်။
သုခုမ၊ပေ၊ရဟိတဿ ။ ။ “သုခုမပါဒါယရူပဿ ဣန္ဒြိယ၊ပေ၊ရဟိတဿ”တို့သည် ဟဒယဝတ္ထုဿ၏ ဝိသေသနတို့တည်း၊ ဟဒယဝတ္ထုသည် သုခုမရုပ်,ဥပါဒါရုပ် ဖြစ်သောကြောင့် မဟာဘုတ်ရုပ်တို့တွင်လည်း မပါနိုင်၊ ဣန္ဒြိယရုပ်, ဝိကာရရုပ်, ပရိစ္ဆေဒရုပ်, လက္ခဏရုပ်အဖြစ်မှ ကင်းသောကြောင့် ထိုရုပ်တို့၌လည်း မပါနိုင်၊ ဝိညတ်ဒွေကဲ့သို့ ရုပ်ကို ထောက်ပံ့တတ်သည်၏ အဖြစ်မှလည်း ကင်းသောကြောင့် ဝိညတ်၌လည်း မပါနိုင်၊ ထို့ကြောင့် ဟဒယဝတ္ထုကို ဤနိဒ္ဒေသ၌ ညွှန်ပြခြင်းကို မပြုအပ်ဟု မှတ်ပါ၊ [သင်ပေးထိုက်သော ပညာရပ်ကို အကုန် သင်မပေးဘဲ လက်ထဲ၌ ဆုပ်ကိုင်ထားသကဲ့သို့ ချန်ထားအပ်သော ပညာကို “အာစရိယမုဋ္ဌိ”ဟု ဆိုသည်။]
အတ္ထဝသေနာတိ၊ ဟူ၍၊ ကသ္မာ၊ ကြောင့်၊ (သင်္ဂဟကာရေန) ဝုတ္တံ၊ နည်း၊ ကုသလမူလာနံ၊ ကုသိုလ်မူလတို့၏၊ ဟေတုဘာဝတော၊ အကြောင်း၏ အဖြစ်ကြောင့်၊ ဓမ္မဝသေနာတိ၊ ဟူ၍၊ (ဝတ္တု၊ ဆိုခြင်းငှာ) ယုတ္တံနနု၊ သင့်သည် မဟုတ်ပါလော၊ ဣတိ၊ ဤကား စေဒနာတည်း၊
**အတ္ထ၊ပေ၊ကသ္မာ ဝုတ္တံ** ။ ။အဋ္ဌကထာ၌ “ဧဝံ အတ္ထဝသေန ဒဿေတွာ”ဟု "တီဏိကုသလမူလာနိ”ကို အတ္တ၏အစွမ်းဖြင့်ပြသော စကားဟု ဆိုခြင်းကို စောဒက ပုဂ္ဂိုလ် မနှစ်သက်သောကြောင့် “ကသ္မာ ဝုတ္တံ”ဟု ပုစ္ဆာထုတ်၍ မိမိ၏အာဘောဂကို ပြလိုသောကြောင့် “နနု” စသည်ကို ဆိုသည်၊ ကုသိုလ်မူလဟူသည် အကျိုးမဟုတ်, ဟေတုပစ္စည်းတပ်သော အကြောင်းတရားဖြစ်သောကြောင့် “အတ္ထဝသေန”ဟု မဆိုဘဲ “ဓမ္မဝသေန”ဟု ဆိုထိုက်သည် မဟုတ်ပါလော-ဟူလို။
**သစ္စမေတံ** ။ ။ စေဒကပုဂ္ဂိုလ်၏ အလိုအတိုင်းဆိုလျှင် “ဓမ္မဝသေန”ဟု ဆိုသင့် သည်မှာ အမှန်ဖြစ်၏၊ အလောဘာဒီနံ ပန၊ပေ၊ ဝုတ္တံ-ထိုသို့ မှန်ပါသော်လည်း “အတ္ထဝသေန၌ အတ္ထသဒ္ဒါသည် အကျိုးအနက်ကို ဟောလိုရင်း မဟုတ်, ကိစ္စဟူသော အနက်ဟောတည်း၊ [မူလဿ-မူလတရား၏+အတ္ထော-ကောင်းစွာ တည်တံ့စေနိုင်ခြင်း ကိစ္စတည်း၊ မူလဋ္ဌော-မူလတရား၏ ကောင်းစွာတည်တံစေနိုင်ခြင်းကိစ္စ၊] ဤသို့ မူလ၏ သုပ္ပတိဋ္ဌိတဘာဝသာဓနကိစ္စအားဖြင့် ပြအပ်သည်၏အဖြစ်ကို ရည်ရွယ်၍ “အတ္ထဝသေန”ဟု အဋ္ဌကထာ၌ ဆိုအပ်ပါသည်-ဟူလို။ **ဣမိနာ၊ပေ၊ဝိညာယတိ** ။ ။ “အတ္ထဝသေန ဒဿေတွာ”ဟူသော ဤစကားဖြင့် “အတ္ထဓမ္မနာမလိင်္ဂါနံဝသေန”၌ “ဓမ္မ”အရ ”အရ ပရမတ္တသဘာဝဓမ္မကို ကောက်ယူ၍ ထိုသဘာဝဓမ္မ၏ ဟေတုသတ္တိဖြင့် ကျေးဇူးပြုနိုင်ခြင်းစသော ကိစ္စကို ကောက်ပါဟု သိနိုင်၏၊ [အနု၌ကား "အတ္ထဝသေန”၌ အတ္ထအရကို သဘာဝအနက် ကောက်၍ တစ်နည်း ပြသေး၏။]**တေ ကုသလ၊ပေ၊သမ္ဘဝတိ** ။ ။ ဤကား အဋ္ဌကထာနည်းမှ တစ်နည်းပြသော စကားတည်း၊ အဋ္ဌကထာ၌ “တံသမုဋ္ဌာနံ”ဝယ် တံသဒ္ဒါဖြင့် ပဌမဌာန၌ ပြအပ်သော ကုသလမူလ သုံးပါးကိုသာ စွဲ၏၊ ဒုတိယဌာန၌ ပြအပ်သော တံသမ္ပယုတ္တခန္ဓာကို မစွဲ၊ ဤဋီကာ ဒုတိယနည်း၌ကား ထိုနှစ်ဌာန၌ပါသော ကုသလမူလနှင့် တံသမ္ပယုတ္တ နှစ်မျိုးလုံးပင် လိုက်နိုင်သောကြောင့် ကုသလမူလကိုလည်းကောင်း, တံသမ္ပယုတ္တခန္ဓာ ကိုလည်းကောင်း စွဲနိုင်သည်ဟု ပြသည်။**ဧတ္ထ ပနု၊ပေ၊ဝတ္တဗ္ဗာ** ။ ။ ဤဋီကာ ဒုတိယနည်း၌ တံသမ္ပယုတ္တခန္ဓာအရတွင် စေတနာကို ချန်ထားပါ၊ ဘာကြောင့်နည်း “တံသမုဋ္ဌာနံ-ထိုသမ္ပယုတ်ခန္ဓာဟူသော ဖြစ်ကြောင်းရှိသောကံ”ဟူရာ၌ စေတနာကံကို အရကောက်ရမည် ဖြစ်ရကား စေတနာ ဟူသော အကျိုးက ဖြစ်ကြောင်းတရားတွင် မပါဝင်နိုင်သောကြောင့်တည်း။**ခန္ဓေဟိ သဘာဝတော** ။ ။ “ကတမေ ဓမ္မာ ကုသလာ" ဟူသောပုစ္ဆာကို ဖြေရာ၌ “ဖဿော ဟောတိ, ဝေဒနာ ဟောတိ”စသည်ဖြင့် ဖဿ ဝေဒနာစသော ခန္ဓာတို့ကို ကုသိုလ်မည်၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် “ကုသိုလ်ဟူသည် နာမ်ခန္ဓာလေးပါးပင်တည်း”ဟု သိသာ၏။ ထို့ကြောင့် “ခန္ဓေဟိ သဘာဝတော” ဟု မိန့်သည်၊ “တံသမ္ပယုတ္တာ”ဟု ဆိုအပ်သော ခန္ဓာတို့ဖြင့် ကုသိုလ်တို့၏ သဘောအားဖြင့် ကုသလေ ပရိယာဒိယတိ"ဟု ဆိုသည်။စ၊ သည်သာမကသေး၊
မူလေဟိ၊ တို့ဖြင့်၊
ကုသလာနံ၊ တို့၏၊
အနဝဇ္ဇတာယ၊ အပြစ်မရှိကုန်သည်၏အဖြစ်၏၊
ဟေတုံ၊ အကြောင်းကို၊ ဒဿေတိ၊
ခန္ဓေဟိ၊ တို့ဖြင်၊
(ကုသလာနံ၊ တို့၏၊)
တံသမ္ပယောဂကတံ၊ ထိုကုသိုလ်မူလနှင့်ယှဉ်သောခန္ဓာသည် ပြုအပ်သော၊
အနဝဇ္ဇသဘာဝံ၊ အပြစ်မရှိသည်၏အဖြစ်ဟူသော သဘောကို၊ (ဒဿေတီ)၊
ကမ္မေဟိ၊ တို့ဖြင့်၊
(ကုသလာနံ၊ တို့၏၊)
သုခဝိပါကတံ၊ ကောင်းသော ဣဋ္ဌအကျိုးရှိကုန်သည်၏အဖြစ်ကို၊ (ဒဿတိ) [ဤနည်းဖြင့် ကုသိုလ်တို့၏ အနဝဇ္ဇသုခဝိပါကလက္ခဏာကို ပြ၏၊]
အနဝဇ္ဇတာယ ဟေတုံ
။ ။ ဤစကားအတိုင်းဆိုလျှင် ကုသိုလ်တို့၏ အနဝဇ္ဇ အဖြစ်သည် အလောဘစသော မူလကြောင့်ဖြစ်၏ဟု အဓိပ္ပာယ်ရ၏၊ စင်စစ်ကား ထိုသို့ မဟုတ်ပါ၊ မူလတို့က ကုသိုလ်တို့၏ အနဝဇ္ဇအဖြစ်ဖြင့် ကောင်းစွာတည်တံ့မှုကို သာ ပြီးစေတတ်ပါသည်။ ဤသို့ အနဝဇ္ဇအဖြစ်ဖြင့် ကောင်းစွာတည်တံ့မှုကို ပြီးစေခြင်းကိုပင် အနဝဇ္ဇဖြစ်ခြင်း၏အကြောင်းဟု ဆိုထားပါသည်၊-အနု။
တံသမ္ပယောဂကတံ ။ ။ ဤ၌လည်း “ကုသိုလ်တို့ကို အနဝဇ္ဇသဘောရှိအောင် ယှဉ်ဖက်ခန္ဓာတို့က ပြု၏"ဟု အဓိပ္ပာယ်ထင်ရ၏၊ စင်စစ်ကား “အနဝဇ္ဇသဘောအား ဖြင့် ကောင်းစွာတည်တံ့အောင်သာ ယှဉ်ဖက်ခန္ဓာတို့က ပြုအပ်သည်”ဟု မှတ်ပါ။
**ကသ္မာ ဝုတ္တံ၊ပေ၊အတ္တီတိ** ။ ။ အဋ္ဌကထာ၌ “တံသမ္ပယုတ္တစတက္ခန္ဓတောစ ဥဒ္ဓံ အကုသလံ နာမ နတ္ထိ”ဟု ဆိုထား၏၊ ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်မောဟသည် ယှဉ်ဖက် အကုသိုလ်မူလတစ်ပါး မရှိသောကြောင့် ထိုမူလနှင့်ယှဉ်သော နာမ်ခန္ဓာ လေးပါးမှ အလွတ်ဖြစ်နေရကား “တံ၊ပေ၊နတ္တိ”ဟု မဆိုသင့်၊ တံသမ္ပယုတ္တစတုက္ခန္ဓာမှ အထက်၌ အလွတ်ဖြစ်သော မောဟမူဒွေး၌ ယှဉ်သော မောဟတစ်ခု ရှိနေသေးသည်-ဟူလို။ဧတံ၊ ဤစကားသည်၊
သစ္စံ၊ ၏၊
ပန၊ ထိုသို့ပင် မှန်ပါသော်လည်း၊
တေန၊ ထိုမောဟနှင့်၊
ဝိနာ၊ ကင်း၍၊
တံသမ္ပယုတ္တတာ၊ တံသမ္ပယုတ္တ၏အဖြစ်သည်၊ နတ္ထိ၊
ဣတိ၊ ကြောင့်၊
တံသမ္ပယုတ္တေသု၊ ထို မောဟနှင့်ယှဉ်သော ဝိစိကိစ္ဆာဥဒ္ဓစ္စတို့ကို၊
ဂဟိတေသု၊ ယူအပ်ပြီးကုန်လတ်သော်၊
မောဟော၊ မောဟကို၊
ဂဟိတောဧဝ၊ ယူအပ်ပြီး သည်သာ၊
ဣတိကတွာ၊ ဤသို့ နှလုံးသွင်း၍၊
တတော ဥဒ္ဓံ နတ္ထီတိ၊ ဟူ၍၊ ဝုတ္တံ၊ [အဋ္ဌကထာ၌“တတော ဥဒ္ဓံ”ဟု မရှိပါ၊ “တသမ္ပယုတ္တစတုက္ခန္ဓတော ဥဒ္ဓံ”ဟု သာ ရှိပါသည်၊ ဤစကားကိုပင် ချုံး၍“တတော”ဟု ဆိုထားသည်ဟု မှတ်ပါ။] (ကသ္မာ တံသမ္ပယုတ္တေသု ဂဟိတေသု မောဟော ဂဟိတော ဝ ဟောတိ-နည်း)
အညတ္ထ၊ ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်စိတ်မှ တစ်ပါးသောစိတ်တို့၌၊
အဘာဝါ၊ ဤမောဟမျိုး၏ မရှိခြင်းကြောင့်၊ (တံသမ္ပယုတ္တေသု ဂဟိတေသု မောဟော ဂဟိတော ဧဝ ဟောတိ။)
သစ္စမေတံ၊ပေ၊ဝုတ္တံ
။ ။ ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်မောဟ ရှိနေခြင်း၏ မှန်ကြောင်း ကို “သစ္စမေတံ”ဟု ဝန်ခံပြီးလျှင် တိုက်ရိုက်အားဖြင့် ထိုမောဟကို မယူနိုင်သော်လည်း နာနာန္တရိကနည်းအားဖြင့် ယူပြီးဖြစ်ကြောင်းကို ပြလို၍ “တေန ပန၊ပေ၊ဝုတ္တိ”ဟု မိန့်သည်၊ ထိုမောဟနှင့် ကင်း၍ တံသမ္ပယုတ္တ(ထိုမောဟမူလနှင့်ယှဉ်သော) ဝိစိကိစ္ဆာ ဥဒ္ဓစ္စသမ္ပယုတ် မရှိ၊ ထိုသမ္ပယုတ် မောဟမူဒွေး စိတ္တုပ္ပာဒ်ကို ယူလိုက်လျှင် အရင်းခံ မောဟကိုလည်း ယူပြီးဖြစ်တော့သည်-ဟူလို။ [တံသမ္ပယုတ္တာတိ ပဒေန ကိဉ္စာပိ ယထာဝုတ္တ မောဟော ပဓာနဘာဝေန န ဂဟိတော၊ နာနာန္တရိကတာယ ပန ဂုဏဘာဝေန (အပဓာနအဖြစ်ဖြင့်) ဂဟိတော၊-အနု။)
အညတ္ထအဘာဝါ ။ ။ဘာ့ကြောင့် ဝိစိကိစ္ဆဒ္ဓစ္စ(မောဟမူဒွေး၌) မောဟကို ယူအပ်ပြီး ဖြစ်နိုင်သနည်းဟု မေးဖွယ်ရှိသောကြောင့် “အညတ္ထအဘာဝါ”ဟု မိန့်သည်၊ ထို ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်မောဟကား ဝိစိကိစ္ဆာဥဒ္ဓစ္စသမ္ပယုတ်စိတ်မှတစ်ပါး အခြား စိတ်၌ မရှိသောကြောင့် ဝိစိကိစ္ဆာဥဒ္ဓစ္စသမ္ပယုတ် တရားစုကို ယူလိုက်လျှင် ထိုမောဟကို လည်း ယူအပ်ပြီးဖြစ်သည်-ဟူလို။
**ကာမာဝစရာဒယောပိ** ။ ။ပိဖြင့် အဋ္ဌကထာ၌ သုခဘူမိအရ ပြအပ်သော စိတ္တံကို ပေါင်းပါ ၊ “သုခဘူမိ”အရ အဋ္ဌကထာ၌ ပြအပ်သောစိတ်သာ အရကောက်သင့်သည် မဟုတ်သေး၊ ကာမာဝစရစသော စိတ်,စေတသိက်ကိုလည်း အရကောက်သင့်သည်- ဟူလို၊ ထို့ကြောင့် ဤဋီကာနည်းကို အဋ္ဌကထာနည်းမှ တစ်နည်းပြဟု မှတ်ပါ။ [သုခဘူမိယံ ကာမာဝစရေတီ ဒွေပိ ဘုမ္မဝစနာနိ ဘိန္နာဓိကရုဏဘာဝေန အဋ္ဌကထာယံ ဝုတ္တာနီကိ ဥဘယေသံပိ သမာနာဓိကရဏဘာဝေန အတ္ထယောဂံ ဒဿတုံ “သုခဘူမီတိ ကာမာဝစရာဒယောပိ ယုဇ္ဇန္တီ”တိ ဝုတ္တံ၊-အနု။]**ကာမာ၀စရာဒိဘူမီတီ စ** ။ ။ ကာမတဏှာ၏ သက်ဝင်၍ဖြစ်ရာ (အာရုံပြုရာ) ဟူသည် ကာမစိတ်သာမက, ကာမစိတ် စေတသိက်ဟူသော စိတ္တုပ္ပာဒ်အားလုံးတည်း၊ ဤဋီကာအလို “သုခဘူမိယံ”နှင့် “ကာမာဝစရေ”စသော ပုဒ်တို့သည် “အရတူပုဒ်များ တည်း”ဟု မှတ်ပါ၊ “ဧဝဉ္စ ကတွာ”ကား မိမိအဆိုသည် ပါဠိတော်နှင့်ညီကြောင်းကို ပြသော လဒ္ဓဂုဏ်တည်း, တစ်နည်း သာဓကတည်း။**ဘူမိသဒ္ဒါစ၊ပေ၊ န ဟောတီတိ** ။ ။ အဘိဓမ္မာအရာ၌ ဘူမိသဒ္ဒါသည် ဘုံဌာနကို မဟော၊ ကာမာဝစရစသော စိတ္တုပ္ပာဒ်ကိုဟောသော အထင်ရုဠှီသဒ္ဒါ ဖြစ်၏၊ ထို့ကြောင့် “စတူသု ဘူမီသု ကုသလံ”စသော ပါဠိတော်၌ ကာမာဝစရရူပါရူပါဝစရအပရိယာပန္န (လောကုတ္တရာ)လေးမျိုးကို ယူပြီးဖြစ်ရကား “ကာမာဝစရေ”စသည်ဖြင့် အထူးပြုဖွယ် မလိုတော့၍ “ကာမာဝစရေ”စသည်ကို ဟောတော်မမူ။**အဿုတဝါတိ၊ပေ၊အာဟ** ။ ။ ခန္ဓာစသည်ကို သိသောဉာဏ်သည် ခန္ဓာစသည်ကို ဟောပြသော တရားတော်ကို ကြားနာခြင်းဟူသော သုတသာလျှင် အရင်းခံရှိ၏၊ ထိုကဲ့သို့ သုတမရှိလျှင် ခန္ဓာစသည် မသိနိုင်၊ အဿုတဝါ၌ အဿုတပုဒ်ဖြင့် ထို ဉာဏ်မျိုးမရှိသော အန္ဓပုထုဇဉ်ဖြစ်ကြောင်းကို ပြသည်။ [ခန္ဓာယတနာဒီနံ သဝနာမိနတ္တာ ပညာစက္ခုပဋိလာဘဿ (ပညာစက္ခုရခြင်းက ခန္ဓာအာယတန အစရှိသည်တို့ကို ကြားနာခြင်းနှင့် စပ်သောကြောင့်) တေသံ သဝနာဘာဝဒီပကံ အဿုတဝါတိ ဣဒံ ပဒံ အန္ဓကံ ဝဒတိ၊-အနု။]စ၊ ဆက်၊
ပစ္စေကဗုဒ္ဓါ၊ ပစ္စေကဗုဒ္ဓါတို့သည်၊
အနေကေသု၊ များစွာကုန် သော၊
ကပ္ပသတသဟဿေသု၊ ကပ္ပာအသိန်းတို့၌၊
ကတံ၊ ပြုအပ်ပြီးသော ပါရမီ ကောင်းမှုကို၊
ဇာနန္တိ၊ သိတော်မူကုန်၏၊
ဥပကာရသတိဇနနအာမိသပဋိဂ္ဂဟဏာ ဒိနာ၊ ကျေးဇူးကို အမှတ်ရသော သတိကို ဖြစ်စေခြင်း, အာမိသကို ခံယူခြင်း, အစရှိသည်ဖြင့်၊
ပါကဋံစ၊ ထင်ရှားသည်ကိုလည်း၊
ကရောန္တိ၊ ပြုတော်မူကုန်၏၊
တထေဝ၊ ထို့အတူပင်၊
ဒုက္ခိဿ(ဒုက္ခိတဿ)၊ ဒုက္ခရှိသူ(ဒုက္ခရောက်သူ)၏ ၊
ကာတဗ္ဗံ၊ ပြုဖွယ်ကိစ္စကို၊
သက္ကစ္စံ၊ ကောင်းစွာပြု၍၊
ဝါ၊ လေးလေးစားစား၊
ကရောန္တိ၊ န်၏၊
အနေကေသု၊ပေ၊ဇာနန္တိ
။ ။ကတံ ဇာနန္တိတိ အတ္တနာ ပရေဟိစ ကတံ ကုသလာ ကုသလံ (မိမိသည်လည်းကောင်း, သူတစ်ပါးတို့သည်လည်းကောင်း ပြုအပ်ပြီးသော ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊) တေဟိ နိပ္ဖာဒိတံ သုခဒုက္ခံ(ထိုမိမိ,သူတစ်ပါးတို့ ပြီးစီးစေအပ်ပြီးသော သုခ,ဒုက္ခကိုလည်းကောင်း၊) ယာထာဝတော ဇာနန္တိ (အနုဋီကာ)၊ ဤအဖွင့်ကိုကြည့်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အတွက် “ကတံ-မိမိ သူတစ်ပါးတို့ သည် ကမ္ဘာသိန်းပေါင်းများစွာတို့က ပြုအပ်ပြီးသော ကုသိုလ် အကုသိုလ် သုခ ဒုက္ခကို+ဇာနန္တိ ဣတိ ကတညုနော”ဟု ပြုပါ။
ပါကဋံစ၊ပေ၊ဂ္ဂဟဏာဒိနာ ။ ။ ပရေသံ အတ္တနာ အတ္တနောစ ပရေဟိ ကတံ ဥပကာရံ ယထာဝုတ္တာကာရေန ပါကဋံ ကရောန္တိ - သူတစ်ပါးတို့အတွက် မိမိသည် ပြုအပ်ပြီးသော, မိမိအတွက် သူတစ်ပါးတို့သည်လည်း ပြုအပ်ပြီးသော ကျေးဇူးကို သတိဇနန အာမိသပဋိဂ္ဂဟဏ စသော ဋီကာဝယ် ဆိုအပ်ပြီးသော အခြင်းအရာအား ဖြင့် ထင်ရှားအောင် ပြုတတ်ကြကုန်၏၊ အနု။
ဤအဖွင့်ကို ကြည့်၍ “ကတံ-ပြုအပ်ပြီးသော ကျေးဇူးကို+ဝေဒယန္တိ-သတိဇနန အာမိသပဋိဂ္ဂဟဏ စသောအားဖြင့် သိစေအပ်, ထင်စွာ ပြုတတ်ကုန်၏၊ ဣတိ ကတဝေဒိနော”ဟု ပြုပါ။ (သတိဇနနဟူသည် ထိုကျေးဇူးကို အမှတ်ရစေခြင်းတည်း၊အာမိသပဋိဂ္ဂဟဏဟူသည် ထိုကျေးဇူးကို ဆပ်သောအားဖြင့် သူ့မှာ အကျိုးရအောင် အာမိသကို အလှူခံခြင်းတည်း၊ ဥပမာ-ပဒုမဝတီမိဖုရား၏သားတော် (၅ဝဝ)တို့သည် နောက်တစ်ဘဝသို့ရောက်နေသော မိခင်ဟောင်း၏ဆွမ်းကို အလှူခံကြသကဲ့သို့တည်း။]
ပန၊ ကား၊
သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
အသင်္ချေယျ အပ္ပမေယျေသုပိ၊ မရေတွက်အပ်, မနှိုင်းယှဉ်အပ်သော ကာလတို့၌လည်း၊
ကတံ၊ ပြုအပ်ပြီးသော၊
ဥပကာရံ၊ လျော်စွာပြုတတ်သော ကျေးဇူးကိုလည်းကောင်း၊
မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏၊
ဥပနိဿယံစ၊ အားကြီးသော မှီရာ အကြောင်းကိုလည်းကောင်း၊
ဇာနာတိ၊ ၏၊
ပါကဋံစ၊ ကိုလည်း၊
ကရောတိ၊ ၏၊
စ၊ သည်သာမကသေး၊
သီဟော၊ ခြင်္သေ့သည်၊
ဇဝံ၊ အဟုန်ကို၊ (ကရောတိ)
ဝိယ၊ ကဲ့သို့၊
(တထာ၊ တူ၊)
သဗ္ဗတ္ထ၊ အလုံးစုံသောအရာတို့၌၊
သက္ကစ္စမေဝ၊ ကောင်းစွာပြု၍သာလျှင်၊
ဝါ၊ လေးလေးစားစားသာလျှင်၊
ဓမ္မဒေသနံ၊ တရား ဟောမှုကို
ကရောတိ၊ ပြုတော်မူ၏။
တထေဝ၊ပေ၊ကရောန္တိ
။ ။ “တထေ-ထို့အတူပင်”ဟု ပေး၍“ပါကဋံ ကရောန္တိ" ကို ပြညွှန်းသည်ဟု ယူလျှင် “ဒုက္ခိတ”အရ ဗျာဒိစသော ဒုက္ခရောက်နေသူကိုလည်း ယူနိုင်၏။ ဤအလို “ကာတဗ္ဗံ”အရလည်း ပြုစုလုပ်ကျွေးခြင်းစသော ကိစ္စကို ယူပါ၊ [“ဗျာဓိအာဒီဟိ ဒုက္ခိတဿ ဥပဋ္ဌာနံ ကာတဗ္ဗံ"၊-အနု။] “တထေဝဖြင့် သတိဇနန အာမိသပဋိဂ္ဂဟဏာဒိကို ပြန်၍ညွှန်းသည်”ဟု ယူလျှင် ဒုက္ခိဿ အရ သံသာရဒုက္ခ ရောက်နေသူကို ယူပါ၊ ထို့ကြောင့် အနုဋီကာ၌ "သံသာရဒုက္ခဒုက္ခိတဿပဝါ ယထာဝုတ္တာကာရေန ကာတဗ္ဗံ ကရောန္တိ ”ဟု တစ်နည်းဖွင့်သည်။ [စာအုပ်တို့၌ “ဒုက္ခိဿ”ဟုလည်းကောင်း, “ဒုက္ခိတဿ”ဟုလည်းကောင်း ပါဌ်နှစ်မျိုး တွေ့ရ၏၊ “ဣန္ဒဝဇီရာဂါထာပါဒ”ဟု ယူလျှင် “ဒုက္ခဿ”ဟုရှိမှ “တ+တ+ဇ+ဂ+ဂ”ဟုဖြစ်၍ ဆန်းတည့်ပါသည်။
သမ္မာသမ္ဗုဒ္ဓေါပန ။ ။ပြခဲ့သော အဖွင့်သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အတွက် ဖြစ်၍, သမ္မာသမ္ဗုဒ္ဓအတွက် “ကတညူ ကတဝေဒီ ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ” ကို ဖွင့်ပြလိုသောကြောင့် သမ္မာသမ္ဗုဒ္ဓေါပန စသည်ကို မိန့်သည်၊ ဘုရားရှင်သည် သတ္တဝါတို့၏ အသင်္ချေယျကာလတို့က ပြုအပ်ဖူးသော ကျေးဇူးကိုလည်းကောင်း မဂ်ဖိုလ်၏အကြောင်း ကောင်းမှုကိုလည်းကောင်း သိတော်မူသောကြောင့် ကတညု မည်တော်မူ၏၊ ထိုကျေးဇူး, ထိုဥပနိဿယကို သတိပေးသောအားဖြင့် ထင်ရှားအောင် ပြုတော်မူတတ်သောကြောင့် ကတဝေဒီလည်း မည်တော်မူ၏၊ ကေသရာဇာခြင်္သေ့မင်းသည် သားကောင်ကို ဖမ်းရာ၌ မည်သည့်သားကောင်မဆို မိမိအဟုန်ကို မလျော့သကဲ့သို့ ဘုရားရှင်လည်း သံသရာဒုက္ခရောက်နေသော သတ္တဝါတို့ကို အကျွတ်တရားရစေတော် မူရာဝယ် မည်သည့်ပရိသတ်၌မဆို လေးလေးစားစား တရားဟောမှုကို ပြုတော်မူသော ကြောင့် “ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ”လည်း ဖြစ်တော်မူသည်-ဟူလို။
အရိယကရဓမ္မာ၊ အရိယာအဖြစ်ကို ပြုတတ်သော တရားတို့ဟူသည်၊
အနိစ္စဒဿနာဒယော၊ အနိစ္စဟု ရှုတတ်သော ဝိပဿနာဉာဏ် အစရှိသည်တို့တည်း၊ [အာဒိဖြင့် ဒုက္ခဒဿန အနတ္တဒဿနတို့ကို ယူ။]
ဝါ၊ တစ်နည်း၊
ဝိပဿိယမာနာ၊ ဝိပဿနာရှုတတ်ကုန်သော၊
အနိစ္စာဒယော၊ အနိစ္စအစရှိသောတရားတို့တည်း။
အရိယကရဓမ္မာ
။ ။ “အရိယဘာဝကရ”ဟု ဆိုလိုလျက် ဘာဝပုဒ် အကြေကြံပါ၊ “အရိယာအဖြစ်ကို ပြုတတ်(အရိယာဖြစ်အောင် ပြုတတ်)သော တရားများ”ဟူသည် လောကီရုပ်နာမ်ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုတတ်သော ဝိပဿနာဉာဏ်များတည်း၊ ထို ဝိပဿနာဉာဏ်များဖြင့် မဂ်ကိုရ၍ အရိယာဖြစ်ကြရသည်။
ဝိပဿိယမာနာဝါ ။ ။ ဤနည်း၌ အရိယသစ္စာတို့ကို “အရိယကရဓမ္မ”ဟု ဆို၏၊ ထိုသစ္စာလေးပါးတို့တွင် ဒုက္ခနှင့် သမုဒယ နှစ်ပါးကို ပြလို၍ “ဝိပဿိယမာနာဝါ အနိစ္စာဒယော”ဟု တစ်နည်းမိန့်သည်၊ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်သော အနိစ္စ ဒုက္ခ အနတ္တဖြစ်သောခန္ဓာငါးပါးကို “အရိယကရဓမ္မ”ဟုခေါ်သည်-ဟူလို။ [အရိယကရဓမ္မာ အရိယသစ္စာနီတိ ပုရိမဂ္ဂယသစ္စဝသေန ဝုတ္ထံ ဝိပဿိယမာနာ အနိစ္စာဒယောတိ-အနု။]
တစ်နည်း ။ ။ "ဝိပဿိယ”၌ “ဝိသေသေန+ပဿိယ-အထူးသဖြင့် ရှုအပ်”ဟု အနက်ယူလျှင် ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓကို မျက်မှောက်ပြုခြင်း, မဂ္ဂကို ပွားစေခြင်းအားဖြင့် လေးမျိုးလုံးသော ရှုခြင်းရ၏၊ ထိုသို့ရသောကြောင့် အနိစ္စာဒယော၌ အာဒိဖြင့် အနိစ္စဖြစ်သော နိဗ္ဗာန်ကို ယူပါဟု အနု၌ တစ်နည်းပြသေး၏။
**သာစ၊ပေ၊ခန္ဓာ** ။ ။ အဓိဝါသနာ(ခန္တီ)၏ တရားကိုယ်ပြစကားတည်း၊ အအေး အပူ ဍံသ မကသစသော သက်ရှိ သက်မဲ့ သင်္ခါရတို့၏ မိမိအပေါ်၌ ဖောက်ဖောက် ပြန်ပြန် ဖြစ်ခြင်း (သက်ရှိတို့က နှိပ်စက်ခြင်း, စော်ကားခြင်း)များကို သည်းခံသော အခြင်းအရာကို "တထာ”ဟု ဆိုသည်၊ [တထာဟိ သဗ္ဗသင်္ခါရာနံ ဝိပ္ပကာရဿ ခမနာကာရေန၊-အနု။] ထိုသို့ သည်းခံသော အခြင်းအရာအားဖြင့် ဖြစ်နေသော နာမ်ခန္ဓာလေးပါးကို ခန္တိ၏ တရားကိုယ်အဖြစ်ဖြင့် ကောက်ပါ။ပညာ၊ ပညာတည်း၊
ဣတိ၊ သို့၊
ဧကေ၊ အချို့ဆရာတို့သည်၊ (ဝဒန္တိ)၊
ဝါ၊ တစ်နည်း၊
အဒေါသောဧဝ၊ အဒေါသသာတည်း။
ပညာတိ ဧကေ
။ ။ ဧကေဆရာတို့က ဉာဏ်ဖြင့်ဆင်ခြင်၍ သည်းခံရသောကြောင့်ခန္တိအရ ဉာဏ်ကို ကောက်ကြ၏၊ ဉာဏ်မရှိသော်လည်း(ဉာဏ်မရှိစေကာမူ ဉာဏ်မယှဉ်ခိုက်၌လည်း) ခန္တီ ဖြစ်နိုင်သောကြောင့် ထိုဝါဒကို “ဧကေဝါဒ”ဟု ဋီကာဆရာ ဆိုသည်။ [အဝိပရီတဓမ္မာ ဧတာယ နိဇ္ဈာယံ ခမန္တိတိ ပညာ ခန္တီတိ-အကြွင်းမဲ့ ရှုဆင်ခြင်၍ နှစ်သက်ကြောင်း၏အဖြစ်ကြောင့် ပညာကို ခန္တီဟု ဆိုသည်၊-အနု။]
အဒေါသောဧဝ။ ။ ထိုသည်းခံ၍ နေချိန်၌ ဒေါသမဖြစ်သောကြောင့် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော အဒေါသပြဓာန်းသော ခန္ဓာကို အရကောက်ခြင်းသာ ဋီကာ ဆရာ၏ အလိုတည်း၊ ထို့ကြောင့် “တထာ ပဝတ္တာ ခန္ဓာ”နှင့်“အဒေါသောဧ၀”သည် အချင်းချင်း မဆန့်ကျင်ကြဟု မှတ်ပါ။ [အဒုဋ္ဌဿဝ (ဒေါသမဖြစ်သူ၏သာ) တိတိက္ခဘာဝတော တထာ ပဝတ္တာ ခန္ဓာတိ အဒေါသပဋ္ဌာနာ ခန္ဓာ ဝုတ္တာတိ အဒေါသောဧ၀ဝါတိ တတိယဝိကပ္ပေါ ဝုတ္တော၊-အနု။]
**ကာယ၊ ပေ၊ ဝိနယနံ** ။ ။ “ဝိနယနဋ္ဌေန”မှ ဝိနယကိုဖွင့်သော စကားတည်း၊ ပဌမနည်း၌ “ကာယဝါစာစိတ္တာနံ ဝိရူပပ္ပဝတ္တိယာ"ဖြင့် ဝိ၏အနက်ကို ပြ၏၊ နယနံကို အပယာပနံဟု ဖွင့်၏။ “ဝိနယန-ကိုယ်နှုတ်စိတ်တို့၏ ဖောက်ဖောက်ပြန်ပြန်ဖြစ်ခြင်းကို ပယ်ရှားတတ်”ဟူလို၊ ဒုတိယနည်း၌ ဝိကို “ဝိနာသ”ဟုဖွင့်၏၊ “ဝိနယန-ကာယ ဒုစရိုက် စသည်တို့၏ ပျက်စီးခြင်းသို့ ဆောင်တတ်”ဟူလို၊ တတိယနည်း၌ ဝိကို “ဝိစ္ဆိန္ဒိတွာ”ဟု ဖွင့်၏၊ “ဝိနယန-ကိုယ်နှုတ်စိတ်တို့၏ ကောက်ကောက်ကျစ်ကျစ် ဖြစ်ခြင်းကို ဖြတ်၍ ဖြောင့်မတ်အောင် ဆောင်တတ်"ဟူလို။**အဘာဝေပိ ရူပေ** ။ ။ ရုပ်ကို အတ္တဟု ယူဆရာ၌ ရုပ်ကတခြား အတ္တကတခြားဟု မကွဲပြားသောကြောင့် ရုပ်၏အတ္တမှ တသီးတခြား မရှိတော့ခြင်းကို “အဘာဝေပိ ရှုပေ”ဟု ဆိုသည်၊ အဆင်း၏ မီးအလျှံမှ တသီးတခြားခွဲ၍ မတည်ရှိသကဲ့သို့တည်း။စ၊ ဆက်၊
ဥပမာယော၊ ဥပမာတို့ကို၊
အနညတ္ထာဒိဂ္ဂဟဏနိဒဿနဝသေနေဝ၊ တစ်မျိုးတခြားမဟုတ်ကုန်သည်၏ အဖြစ် အစရှိသည်ကို ယူခြင်းကို ညွှန်ပြခြင်း၏ အစွမ်းဖြင့်သာလျှင်၊
ဝုတ္တာ၊ ဆိုအပ်ကုန်ပြီး
ဝဏ္ဏာဒီနံ၊ တို့၏။
(ဝိဇ္ဇမာနတ္တံဝိယ၊ ထင်ရှားရှိကုန်သည်၏ အဖြစ်ကဲ့သို့၊)
အတ္တနော၊ အတ္တ၏၊
ဝိဇ္ဇမာနတ္တဿ၊ ကို၊
တစ်နည်း၊ အတ္တနော၊ အတ္တ၏၊
(အဝိဇ္ဇမာနတ္တဿ၊ ထင်ရှား မရှိကုန်သည်၏အဖြစ်ကို၊
ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ၊
န (ဝုတ္တာ)၊ ဆိုအပ်ကုန်သည်မဟုတ်။
အနညတ္တာဒိဂ္ဂဟဏ
။ ။ ရုပ်ကို အတ္တဟုယူရာ၌ မီးလျှံနှင့် အဆင်းကို ဥပမာ ပြထား၏။ ထိုသို့ပြရာ၌ အစ္စိနှင့် ဝဏ္ဏသည် နှစ်မျိုးမပြားသကဲ့သို့ ရုပ်ကို အတ္တဟု ယူရာ၌ ရုပ်နှင့် အတ္တသည် နှစ်မျိုးမပြားဟုသာ ဥပမာပြလိုရင်း ဖြစ်၏၊ ဝဏ္ဏသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသကဲ့သို့ “အတ္တသည် ထင်ရှားရှိ၏”ဟုလည်းကောင်း, အတ္တသည် ထင်ရှားမရှိသကဲ့သို့ "ဝဏ္ဏလည်း ထင်ရှားမရှိ" ဟုလည်းကောင်း ဥပမာပြလိုရင်း မဟုတ်ပါ။
အာဒိဖြင့် ယူဖွယ် ။ ။အာဒိဖြင့် (ရူပဝန္တံ ဝါ အတ္တာနံ စသည်၌ ရုပ်နှင့်အတ္တတို့ တစ်မျိုးတခြားစီ ဖြစ်ရကား) အညတ္ထကို ယူပါ၊ ဝဏ္ဏာဒိနံ၌ အာဒိဖြင့် နောက်လာမည့် ရုက္ခပုပ္ဖမဏိတို့ကို ယူပါ၊ ရုက္ခ စသည်တို့သည် ပရမတ္ထအားဖြင့် (သစ်ပင်ဟူ၍)မရှိ၊ သို့သော် ရုပ်အပေါင်းကို စွဲ၍ပညတ်ရသော ဥပါဒါပညတ်အနေအားဖြင့် ထင်ရှားရှိသောကြောင့် ရုက္ခစသည်ကို ထင်ရှားရှိသည့်အနေအားဖြင့် ဥပမာပြရသည်၊ (အနု)။
**ဧတ္ထစ ပုရိမနယေန** ။ ။ [ပါဠိတော်၌ နှစ်နည်းပြထားသောကြောင့် “ပုရိမနယေန” ဟုလည်းကောင်း, နောက်၌ “ဒုတိယနယော”ဟုလည်းကောင်း စကားသုံးသည်၊] [ကသ္မာ ပန ဘဂဝတာ ပဌမဒွယံ ဝတွာ ဒုတိယနယော ဝုတ္တော၊ နနု ပဌမနယေ ဝုတ္တဓမ္မာယေ၀ ဒုတိယနယေ ဝုတ္တောတိ ကတွာ “ဧတ္ထစာ”တိအာဒိမာဟ၊-မဓု။) ပါဠိတော်၌ ပဌမနည်းဝယ် “ဣမေ ဓမ္မာ ဒဿနေနပဟာတဗ္ဗဟေတုကာ”ဟူသော နိဂုံးဖြင့် “ဤတရားတို့သာ ဒဿနေနုပဟာတဗ္ဗဟေတုက”တို့မည်၏၊ အခြားတရား တို့ကား “ဒဿနေနပဟာတဗ္ဗဟေတုက မမည်”ဟူသော အနက်အဓိပ္ပာယ်သည် ထင်ရှား၏။တသ္မာ, ဣမေသံ၊ ဤတရားတို့၏၊
ဒဿနေနပဟာတဗ္ဗဟေတုကဘာဝေါ၊ သည်၊
အနိယတော၊ မမြဲ၊(ကသာ)၊
ဝိစိကိစ္ဆာသဟဂတမောဟဿ၊ ဝိစိကိစ္ဆာသဟဂုတ် မောဟ၏၊
အဟေတုကတ္တာ၊ သမ္ပယုတ်ဟိတ် မရှိသည်၏ အဖြစ်ကြောင့်တည်း၊
ဣတိ၊ ကြောင့်၊
ပုရိမနယော၊ သည်၊
ဝိဝရဏီယတ္ထဝါ၊ ဖွင့်ပြထိုက် သော အနက်ရှိသည်၊ ဟောတိ၊
တသွာ၊ပေ၊အနိယတော
။ ။ ထိုသို့ မထင်ရှားသေးသောကြောင့် ဤတရားတို့၏ ဒဿနေနံပဟာတဗ္ဗဟေတုက အဖြစ်ကို အမြဲ မသတ်မှတ်နိုင်၊ ဘာကြောင့်နည်း- ဝိစိကိစ္ဆာသဟဂုတ်မောဟက ပဟာတဗ္ဗအဟေတုက ဖြစ်နေသောကြောင့်တည်း။
ဝိဝရဏီယတ္တဝါ ။ ။ ဤသို့ ပဌမနည်းသည် ဟေတုနှင့် ပဟာတဗ္ဗဟေတုကကို ခွဲခြား၍ မပြနိုင်သောကြောင့် ခွဲခြား၍ပြသောအားဖြင့် အကျယ်ဖွင့်ပြသင့်ရကား အနက်အားဖြင့် ခွဲခြား၍ ဖွင့်ပြဖို့ရန် ဒုတိယနည်းကို ဟောတော်မူရသည်။[ဝိစိကိစ္ဆာ သဟဂုတ်မောဟသည် ဒဿနေနပဟာတဗ္ဗသာ ဟုတ်၏, ဒဿနေနပဟာတဗ္ဗ ဟေတုက မဟုတ်ဟု အနက်အားဖြင့် ခွဲခြား၍ ဖွင့်ပြခြင်းကို “အတ္ထတော နိက္ခိပိတုံ”ဟု ဆိုသည်။]
**အနန္တရေ၊ပေ၊အာနန္တရိကာနိ** ။ ။ မာတိကာအဖွင့်၌ “စုတိအနန္တရံ ပန အနန္တရံ နာမ၊ တသ္မိံ အနန္တရေ နိယုတ္တာနိ တံနိဗ္ဗတ္တနေန၊ အနန္တရကရဏသိလာနိ အနန္တရပ္ပယောဇနာနိစာတိ”ဟု သုံးဝိကပ်ပင်ပြခဲ့၏၊ သို့သော် ထို၌ “တတိယနည်းသည် ဤ၌ ဒုတိယနည်းအဖြစ်ဖြင့် လာ၏၊ ထို၌ “အနန္တရပ္ပယောဇနာနိ”ဟုသာ ရှိ၏၊ “အနန္တရဖလ”ဟု ဖလသဒ္ဒါ မပါ။**ဗန္ဓမောက္ခာနံ** ။ ။ သံသရာ၌ နှောင်ဖွဲ့ထားခြင်းကို “ဗန္ဓ”, သံသရာမှ လွတ်မြောက် ခြင်းကို “မောက္ခ”ဟု ခွဲ၍ “နတ္ထိ ဟေတု၊ပေ၊သံကိလေသာယ"ဖြင့် သံသရာ၌ နှောင်ဖွဲ့ ထားခြင်း၏အကြောင်း မကောင်းမှုလည်း မရှိဟု ပယ်၏၊ “နတ္ထိ၊ပေ၊ဝိသုဒ္ဓိယာ”ဖြင့် သံသရာမှ လွတ်ခြင်း၏အကြောင်း ကောင်းမှုလည်း မရှိဟု ပယ်၏။ [ဗန္ဓမောက္ခကို မဓု၌ တစ်မျိုးဖွင့်ထားသေး၏။]**မဂ္ဂပစ္စယ၊ပေ၊ပစ္စယဘာဝေန** ။ ။ အဋ္ဌကထာ၌ ပစ္စယဋ္ဌေနကို“မဂ္ဂပစ္စယသင်္ခါတေန ပစ္စယဘာဝေန”ဟု ဖွင့်၏၊ ပစ္စယဟု သာမညဆိုသော်လည်း ဌာနအားလျော်စွာ မဂ္ဂပစ္စည်းကို ယူပါ၊ အဋ္ဌ(အတ္ထ)သဒ္ဒါလည်း ဘာဝအနက်ဟောဟု ကြံပါ-ဟူလို၊ မဂ္ဂပစ္စည်းတရားနှင့် သမ္ပယုတ်တရားတို့သည် အချင်းချင်း ယှဉ်ကြရသောကြောင့် သမ္ပယောဂဝိသိဋ္ဌေန ဟု ဝိသေသန အပို ထည့်သည်၊ ပါဠိတော်၌လည်း တံသမ္ပယုတ္တော” ဟု ဟောတော်မူသည်။**ကောစိ၊ပေ၊ယုဒ္ဓတီတိ** ။ ။ [ပရဝါဒီ၏စကားတည်း၊] ပါဠိတော်၌ ပဌမနည်းဝယ် “မဂ္ဂင်္ဂါနိ ထပေတွာ”ဟု ရှိ၏၊ ထို ပါဠိတော်အရ မဂ္ဂင်ရှစ်ပါးတွင် တစ်ပါးပါးကို ချန်၍ ကျန်ခုနစ်ပါးနှင့်တကွ သမ္ပယုတ်တရားတို့ကို“မဂ္ဂဟေတုက”အရ ကောက်လျှင် သင့်သည်မဟုတ်လော၊ ထိုသို့သင့်လျှင် သမ္မာဒိဋ္ဌိကို ချန်ခိုက် ကျန်မဂ္ဂင်ခုနစ်ပါးသည် လည်းကောင်း, သမ္မာသင်္ကပ္ပ စသည်ကို ချန်ခိုက် ကျန်ခုနစ်ပါးသည်လည်းကောင်း မဂ္ဂဟေတုကအရ၌ ပါဝင်ရကား မဂ္ဂင်ရှစ်ပါးလုံးပင် မဂ္ဂဟေတုက ဖြစ်နိုင်သည် မဟုတ်လော၊ ဤသို့ဆိုငြားအံ့၊ ထိုသို့ဖြစ်လျှင်“မဂ္ဂပစ္စယဘာဝရဟိတေ မဂ္ဂဟေတုကေ ဒဿတုံ”ဟု အဋ္ဌကထာ၌ မဆိုသင့်တော့-ဟူလို။**ဧဝံ ဟိ၊ပေ၊ ဝေဒိတဗ္ဗော** ။ ။ ဤကား သကဝါဒီ၏စကားတည်း၊ ထိုသို့ တစ်စုံ တစ်ယောက်က ဆိုသည့်အတိုင်း မဂ္ဂင်ရှစ်ပါးကို မချန်ဘဲ ကောက်စေတော်မူလိုပါလျှင် တတိယနည်း၌“ထပေတွာ”ဟု မဟောသကဲ့သို့ ဤပဌမနည်း၌လည်း“ထပေတွာ”ဟု မဟောထိုက်ရာရောက်၏။ [တတိယနည်း၌ ထပေတွာ မပါသောကြောင့် ထိုတရားတို့ ကို မချန်ဘဲ ကောက်ရ၏၊ ဤ၌လည်း မဂ္ဂင်ရှစ်ပါးကို မချန်ဘဲ ကောက်ယူစေတော် မူလိုလျှင် ' “ထပေတွာ”ဟု မဟောဘဲ ထားသင့်၏- ဟူလို။] အမှန်အားဖြင့်ကား- ထို“ထပေတွာ”ပုဒ်ကို ဤပဌမနည်း၌ ဟောထားတော်မူ၏၊ ထို့ကြောင့် အဋ္ဌကထာ ဆိုသည့်အတိုင်း မဂ္ဂင်ရှစ်ပါးကို ချန်၍ ကျန်သော သမ္ပယုတ်တရားတို့ကိုသာ “မဂ္ဂဟေတုက”အရ ကောက်ယူခြင်းဟူသော အနက်ကို သိထိုက်ပါသည်။**မဂ္ဂင်္ဂါ၊ပေ၊နယောတိ** ။ ။ ရှေ့စကားကို ခိုင်မြဲစေသော ဒဋိကရဏတည်း၊ ဤ ပဋ္ဌမနည်းသည် မဂ္ဂင်တရားနှင့် မဂ္ဂင်မဟုတ်ကြသော သမ္မယုတ်တရားတို့၏ အထူးကို ပြသောနည်း ဖြစ်၏၊ ထို့ကြောင့် မဂ္ဂင်ရှစ်ါးကို ချန်၍ ကောက်ရခြင်းသည် အမှန်ပင် ဖြစ်သည်-ဟူလို။ [မဓု၌ “မဂ္ဂင်္ဂါ-အမဂ္ဂင်္ဂါနံ”ဟု ပုဒ်ဖြတ်၍ မဂ္ဂင်္ဂါကို “မဂ္ဂင်္ဂတော”ဟုဖွင့်လေသည်၊ ဝိသေသံ၌ အပါဒါန်အဖြစ်ဖြ စပ်စေလိုဟန် တူ၏၊ စဉ်းစားပါ။]**နနု၊ပေ၊န ဒဿိတာ သိယာ** ။ ။ စောဒက၏ အာဘောဂကိုပြသော စကားတည်း၊ ပါဠိတော်၌ “အရိယမဂ္ဂသမင်္ဂိဿ လာဘော အဒေါသော’ ”ဟု ဟိတ်နှစ်ပါးကိုသ မဂ္ဂဟေတူဟု ဟောတော်မမူဘဲ“အမောဟောတိုင်အောင် ဟိတ် စိတ်သုံးပါးလုံးကို မဂ္ဂဟေတူ (မဂ်နှင့်ယှဉ်သောဟိတ်, မဂ်တွင်ပါဝင်သော အမောဟဟိတ်)ဟု ဟောတော်မူသည်၊ ဤသို့ ဟိတ်သုံးပါးကို ဟောတော်မူပြီးနောက်“တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓာ” စသည်ဖြင့် သမ္မယုတ်တရားတို့ကို “မဂ္ဂဟေတုကာ"ဟု ဟောတော်မူသောကြောင့် အမောဟဟူသော နာမည်ဖြင့် ဟောတော်မူအပ် သမ္မာဒိဋ္ဌိသည် မဂ္ဂဟေတူ အရတွင် ပြအပ်ပြီးဖြစ်ရကား ဖြစ်ရကား တံသမ္ပယုတ္တခန္ဓာတို့ကို ကောက်ယူရသော ကောက်ယူရသော မဂ္ဂဟေတုကအရတွင် မပြအပ်ရာ မရောက်ပါလောဟု စောဒကပုဂ္ဂိုလ်က အာဘော်ပြုသည်။ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့၊
တီဏိ၊ န်သော၊
သံယောဇနာနိ၊ တို့ကို၊
ဒဿေတွာ၊ ၍
တဒေကဋ္ဌော၊ပေ၊ဟေတူတိ၊ ဟူ၍၊
ဝိသုံ, ပဟာတဗ္ဗဟေတူ၊ ပယ်ထိုက်သော ဟိတ်တို့ကို၊
နိယမေတွာ၊ သတ်မှတ်တော်မူပြီး၍၊
တဒေကဋ္ဌာစ ကိလေသာတိ အာဒိဝစနေန၊ အစရှိသောစကားဖြင့်၊
လောဘဒေါသမောဟာစ၊ တို့သည်လည်းကောင်း၊
ဝါ၊ တို့ကိုလည်းကောင်း၊
အညမညသဟဇေကဋ္ဌာ၊ အချင်းချင်း သဟ ဇေကဋ္ဌဖြစ်ကုန်သော၊
အညမညသမ္ပယုတ္တာ၊ အချင်းချင်း သမ္ပယုတ်ဖြစ်ကုန်သော၊
သင်္ခါရက္ခန္ဓဘူတာစ၊ သင်္ခါရက္ခန္ဓာဖြစ်၍ဖြစ်သော တရားတို့သည်လည်းကောင်း၊
ဝါ၊ တို့ကိုလည်းကောင်း၊
ဒဿနေနပဟာတဗ္ဗဟေတုကာတိ၊ ဟူ၍၊
ဒဿိတာ၊ န်သည်၊
ဟောန္တိယထာ၊
ဧဝံ၊ တူ၊
ဣဓာပိ၊ ဤတတိယနည်း၌လည်း၊
အလောဘာဒယော၊ တို့ကို၊
ဣမေ ဓမ္မာ မဂ္ဂဟေတူတိ၊ ဟူ၍၊
နိဂမိတာ၊ နိဂုံးအုပ်အပ်ပြီးကုန်သည်၊
(သမာနာ)ပိ၊ န်သော်လည်း၊
အညမညသမ္ပယုတ္တ သင်္ခါရက္ခန္ဓဘာဝတော၊ အချင်းအချင်းသမ္ပယုတ်ဖြစ်သော သင်္ခါရက္ခန္ဓာတို့၏ အဖြစ်ကြောင့်၊
တံသမ္ပယုတ္တသင်္ခါရက္ခန္ဓဝစနေန၊ ထို ဟိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာဟူသော စကားဖြင့်၊
မဂ္ဂဟေတုကာတိ၊ ဟူ၍၊
ဒဿိတာဒဝ၊ န်သည်သာ၊
ဣတိ၊ ကြောင့်၊
အမောဟောတိ၊ ဟူ၍၊
ဝုတ္တာယ၊ သော၊
သမ္မာဒိဋ္ဌိယာပိ၊ ၏လည်း၊
မဂ္ဂရဟတုကဘာဝဒဿနံ၊ မဂ္ဂဟေတုက၏အဖြစ်ကို ပြခြင်းသည်၊
သိဒ္ဓံ၊ ပြီးသည်၊ ဟောတိ။
နော န ဒဿိတာ၊ပေ၊ဒဿနံ
။ ။ စောဒက၏အလို(အာဘောဂ)ကို ပယ်ချ၍ မိမိ၏အလိုကို ပြလိုသောကြောင့် “နော န ဒဿိတာ၊ ယထာဟိ”စသည်ကို မိန့်သည်၊ ဆိုလိုရင်းကား-ပါဠိတော်၌ အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးကို “ဣမေ ဓမ္မာ မဂ္ဂဟေတူ”ဟု နိဂုံးအုပ်ပြီးဖြစ်ပါသော်လည်း ထိုသုံးပါးသည် အချင်းချင်း သမ္ပယုတ်ဖြစ်သော သင်္ခါရက္ခန္ဓာများဖြစ်သောကြောင့် “တံသမ္ပယုတ္တော သင်္ခါရက္ခန္ဓော” ဟူသော နောက်စကားအရ မဂ္ဂဟေတုက အရတွင် ပြတော်မူအပ်ပြီးဖြစ်ရကား အမောဟဟူသော သမ္မာဒိဋ္ဌိ၏ မဂ္ဂဟေတုကအဖြစ်လည်း ပြီးစီးပြီး ဖြစ်တော့သည်- ဟူလို။ [“တီဏိ သံဟောဇနာနိ၊ပေ၊ဒဿိတာ ဟောန္တိ "ကား ဒဿနေနပဟာတဗ္ဗ ဟေတုက ပါဠိတော်ကို ဥပမာပြသောစကားတည်း၊ ထို၌ လောဘ ဒေါသ မောဟတို့ကို “ပဟာတဗ္ဗဟေ”ဟု ပြပြီးနောက် “ပဟာတဗ္ဗဟေတုက”တွင်လည်း ပါဝင်ကြသကဲ့သို့-ဟူလို။
သစေ ပန၊ပေ၊ တိပိ ဝုတ္တံ။ ။ သမ္မာဒိဋ္ဌိသည် မဂ္ဂဟေတုကအရတွင် ပါဝင်လျှင် “အရိယမဂ္ဂသမင်္ဂိဿ အလောဘော အဒေါသော၊ ဣမေ ဓမ္မာ မဂ္ဂဟေတူ”ဟု“အမောဟ မပါစေဘဲ ဟောတော်မူသင့်၏”ဟူသော စောဒနာဖွယ်ကို ထုတ်စေ၍ အဖြေကို ပြလို သောကြောင့် “သစေ ပန”စသည်ကို မိန့်သည်၊ ထိုစကားရပ်၌ “သစေ ပန”မှ စ၍ “ဝတ္တဗ္ဗံ သိယာ”တိုင်အောင် စောဒနာဖွယ်ကို ပြသောစကားတည်း၊ “ယသ္မာ၊ပေ၊ အမောဟောတိပိ ဝုတ္တံ"ကား အဖြေတည်း၊ [တတော အညဿဝါတိ တတော သမ္မာဒိဋ္ဌိသင်္ခါတဟေတုတော အညဿ အလောဘအဒေါသဿ၀-အနု။]
ပန၊ ဆက်၊
ယော၊ အကြင်သမ္မာဒိဋ္ဌိဟူသော အမောဟကို၊
ဒုတိယနယေ၊ ၌၊
မဂ္ဂေါစေဝ ဟေတုစာတိ၊ ဟူ၍၊
ဝုတ္တော၊ ဟောတော်မူအပ်ပြီ၊ (ပါဠိတော်၌ ဟောတော်မူအပ်ပြီ၊)
တတော၊ ထို သမ္မာဒိဋ္ဌိဟူသော အမောဟဟိတ်မှ၊
အညဿဝ၊ အခြားသော အလောဘ အဒေါသ၏သာလျှင်၊
အညေန၊ မဂ္ဂေါဟေတုဟူသော ပရိယာယ်မှအခြားသော၊
အသာဓာရဏေန၊ အမောဟနှင့် မဆက်ဆံသော၊
ပရိယာယေန၊ မဂ္ဂဟေတုဟူသော ပရိယာယ်ဖြင့်၊
မဂ္ဂဟေတု ဘာဝံ၊ မဂ္ဂဟေတု၏အဖြစ်ကို၊
ဒဿေတွာ၊ ၍၊
တံသမ္ပယောဂတော၊ ထို အလောဘ အဒေါသနှင့် ယှဉ်ခြင်းကြောင့်၊
သမ္မာဒိဋ္ဌိယာ၊ ၏၊
မဂ္ဂဟေတုက ဘာဝဒဿနတ္ထော၊ မဂ္ဂဟေတုကအဖြစ်ကို ပြရခြင်းအကျိုးရှိသော၊
တတိယနယော၊ သည်၊
သစေ သိယာ၊ (ဧဝံသတိ)၊
ယော၊ပေ၊အညဿေဝ
။ ။ပါဠိတော်ဝယ် ဒုတိယနည်း၌ သမ္မာဒိဋ္ဌိကို “မဂ္ဂေါစေဝဟေတုစ”ဟု ဟောတော်မူ၏၊ [“မဂ္ဂေါဟေတု”ဟူသော အသုံးသည် သမ္မာဒိဋ္ဌိ (အမောဟ)အတွက် အသုံးတည်း၊] ထိုအမောဟမှတစ်ပါးသော အလောဘ အဒေါသ ကို “အညဿေဝ”ဟု ဆိုသည်၊ ဤ “အညဿေဝ”ကို မဂ္ဂဟေတုဘာဝံ၌ စပ်။
အညေန၊ပေ၊ပရိယာယေန ။ ။ စကားအသုံးအနှုန်း တစ်မျိုးကို ပရိယာယဟုဆိုသည်၊ စောဒကသည် “မဂ္ဂါဟေတု”ဟု သုံးလျှင် အမောဟသာ ရ၏၊ "မဂ္ဂဟေတူ”ဟု သုံးလျှင် အမောဟသာ ရ၏။ “မဂ္ဂဟေတူ”ဟု သမာသ်ဗဟုဝုစ်သုံးလျှင် မဂ်နှင့် ယှဉ်သော အလောဘ အဒေါသရ၏၊ ထို့ကြောင့် “မဂ္ဂဟေတူ”ဟု သုံးစွဲခြင်းကို “အသာဓာရဏပရိယာယ-အမောဟနှင့် မဆက်ဆံသော ပရိယာယ်”ဟု ယူသည်။
**ယသွာ၊ပေ၊ ပရိယာယေန** ။ ။ ပရိဟာရ်ဆရာကား “မဂ္ဂဟေတူ”ဟူသော အသုံးကိုပင် ဟိတ်သုံးပါးလုံးနှင့် ဆက်ဆံသောကြောင့် “သာဓာရဏပရိယာယ”ဟု ဆိုသည်။ [တေသံတိ ဟေတု၊ အညေသံတိ ဟေတုသမ္မယုတ္တာနံ။-အနု။]**ဣမေ ပန၊ပေ၊ဒဋ္ဌဗ္ဗာ** ။ ။ ဤသို့ နည်းသုံးမျိုးကို ပြရာ၌ “မူလတော ခန္ဓတော စာပိ" စသော နိက္ခေပတို့တွင် အဘယ်နိက္ခေပအားဖြင့် ပြအပ်ပါကုန်သနည်းဟု မေးဖွယ်ရှိသောကြောင့် “ဣမေ ပန”စသည်ကို မိန့်သည်။ ဤနည်းသုံးမျိုးတို့ကို “မဂ္ဂဟေတုကာ”ဟူသော ပါဠိတော်၏ အနက်အထူးအားဖြင့် နိက္ခိပန(ဟောချမှု) ပြုအပ်သောကြောင့် “အတ္ထတော နိက္ခေပ”ဟူ၍ မှတ်ထိုက်ကြသည်-ဟူလို။**အထဝါ** ။ ။ ဒုတိယ တတိယနည်းတို့သည် ဤတရားတို့သည် မဂ္ဂဟေတုတရားတို့ တည်း၊ ဤတရားတို့ကား မဂ္ဂဟေတုရှိကြသော မဂ္ဂဟေတုက (ဟေတုမန္တ)တရားတို့ တည်းဟု ဟေတုနှင့် ဟေတုမန္တ ကို ခွဲခြား၍ သရုပ်ထုတ်ပြသောကြောင့် “ဓမ္မတော နိက္ခေပ” တို့ ဖြစ်ကြ၏၊ ပဌမနည်းကား ထိုသို့ ဟေတုနှင့် ဟေတုမန္တခွဲ၍ သရုပ်ထုတ် မပြဘဲ “မဂ္ဂင်္ဂါနိ ထပေတွာ”စသည်ဖြင့် ဟောတော်မူသောကြောင့် အနက်အဓိပ္ပာယ်အားဖြင့်သာ “မဂ္ဂင်ရှစ်ပါးသည် ဟေတု, သမ္မယုတ်တရားတို့ကား ဟေတုမန္တ”ဟု ခွဲခြား၍ သိရသောကြောင့် အတ္ထတောနိက္ခေပဖြစ်သည်။ [တထာ အဒဿနတောတိ သရူပေန အဒဿနတော၊-အနု။]**အတ္ထေန၊ပေ၊ဂမနတော** ။ ။ “မဂ္ဂင်္ဂါနိ ထပေတွာ တံသမ္ပယုတ္တော”ဟု ဟောတော်မူခြင်းကြောင့် မဂ္ဂင်ရှစ်ပါးတရားတို့၏ မဂ္ဂပစ္စည်းဟူသော ဟေတုအဖြစ်ကို သရုပ်ထုတ်၍ ပြပြီးဖြစ်တော့၏၊ မဂ္ဂဟေတု (မင်္ဂလည်းဟုတ်, ဟိတ်လည်းဟုတ်သော) သမ္မာဒိဋ္ဌိက သမ္ပယုတ်တရားတို့၏ ဟေတုအဖြစ် (ဟိတ်ဖြစ်သောအကြောင်း၏အဖြစ်)ကိုကား တိုက်ရိုက်သရုပ်အားဖြင့် မပြဘဲ အနက်အရအားဖြင့် သိစေ၏၊ ထို့ကြောင့်လည်း “အတ္ထတောနိက္ခေပ”ဖြစ်သည်ဟု အနုဋီကာဖွင့်သေး၏။**ပစ္စဝေက္ခမာနော** ။ ။ စေတောပရိယဉာဏ်သည် သူတစ်ပါးစိတ်ကိုသိသော ဉာဏ် တည်း၊ ဆင်ခြင်သောဉာဏ် မဟုတ်၊ ထို့ကြောင့် ရှေးဦးစွာ စေတောပရိယဉာဏ်ဖြင့် သူတစ်ပါး၏စိတ်ကို သိပြီး၍ ကာမာဝစရဖြစ်သော ပစ္စဝေက္ခဏာဉာဏ်ဖြင့် သရာဂစိတ်, ဝီတရာဂစိတ် စသည်ဖြင့် ဆင်ခြင်သူကို “စေတောပရိယဉာဏေန ပစ္စဝေက္ခမာနော”ဟု အဋ္ဌကထာဆိုသည်။ဝီမံသာဓိပတေယျန္တိ၊ ပါဌ်ဖြင့်၊ ပဓာနေန၊ ပဓာနဖြစ်သော၊ အဓိပတိနာ၊ အဓိပတိဖြင့်၊ သဟဇာတာဓိပတိ၊ သဟဇာတာဓိပတိကို၊ နိဒဿိတော၊ ညွှန်ပြတော်မူအပ်ပြီ၊ တယိဒံ၊ ထို ဝီမံသာဓိပတျေယျံဟူသော စကားသည်၊ နယဒဿနမတ္တမေဝ၊ ပဓာနနည်းကို ပြကြောင်းစကားမျှသည်သာ၊ ဟောတိ၊ ဣတိ၊ ကြောင့်၊ အညောပိ၊ အခြားလည်းဖြစ်သော၊ ဧဝံ ပကာရော၊ ဤသို့ အပြားရှိသော၊ ဝါ၊ ဤသို့ အလားတူဖြစ်သော၊ သဟဇာတော၊ တကွ ဖြစ်သော၊ မဂ္ဂါဓိပတိ၊ ဝီရိယဟူသော မဂ္ဂါဝိပတိသည်၊ ဝါ၊ ကို၊ နိဒဿိတော ဟောတိ၊ တသ္မာ ဝီရိယာဓိပတေယျန္တိစ၊ ဟူ၍လည်း၊ ယောဇေတဗ္ဗံ၊ ပါဠိ တော်၌ ယှဉ်စေထိုက်၏၊
ပဓာနေန အဓိပတိနာ
။ ။ သဟဇာတာဓိပတိကို ညွှန်ပြရာ၌ အဓိပတိလေးပါး ရှိသည်တွင် ဝီမံသာဓိပတိတစ်ပါးဖြင့်သာ ပါဠိတော်၌ ညွှန်ပြတော်မူ၏။ ထိုသို့ညွှန်ပြခြင်းသည် အဘယ့်ကြောင့်ပါနည်းဟု မေးဖွယ်ရှိသောကြောင့် “ပဓာနေန အဓိပတိနာ” စသည်ကို မိန့်သည်၊ “ဝီမံသာဓိပတိ"က ပဓာနဖြစ်သောကြောင့် ထို ဝီမံသာဓိပတိ ဖြင့်သာ ညွှန်ပြတော်မူအပ်သည်-ဟူလို၊ ဝီမံသာဓိပတိ၏ ပဓာနဖြစ်ခြင်းမှာလည်း ကုသိုလ်တရားတိုင်းမှာ ပညာဉာဏ်သာ အလွန်အကဲ ရှိသောကြောင့်လည်းကောင်း, ဤလောကုတ္တရာ(မဂ္ဂါဓိပတိ)အရာဝယ် ပညာပဓာနဖြစ်သောကြောင့်လည်းကောင်း တည်း။ [ပညုတ္တရတ္တာ ကုသလာနံ, လောကုတ္တရကထာယစ ပညာဓုရတာ ဝီမံသာဓိပတိဿ သေသာဓိပတိနံ ပဓာနတာ ဝေဒိတဗ္ဗာ၊-အနု။]
ဝီရိယာဓိပတေယျံတိစ ။ ။ ပါဠိတော်၌ “ဝီမံသာဓိပတေယျံ”ဟူသော စကားကို ပဓာနနည်း, နိဒဿနည်းဟုယူ၍ ထိုစကားဖြင့် ဝီမံသာဓိပတိနှင့်အလားတူ မဂ္ဂါဓိပတိ ရထိုက်သော တရားကိုလည်း ယူဖို့ရန် ညွှန်ပြထား၏ဟု ယူပါ၊ ထို့ကြောင့်(မဂ္ဂါဓိပတိ ဖြစ်နိုင်သော ဝီရိယကို ယူ၍) ဝီမံသာဓိပတေယျံဟူသော ပါဠိတော်နေရာဝယ် “ဝီရိယာ ဓိပတေယျံ မဂ္ဂံ ဘာဝယန္တဿ”ဟုလည်း ယှဉ်စေထိုက်, သုံးစွဲထိုက်ပါသည်-ဟူလို။ [တချို့စာအုပ်၌ “ဝီရိယာဓိပတေယျေနာတိစ”ဟု ပါဌ်ပျက်၏၊ “ဝီရိယာဓိပတေယျေန စ ယောဇေတဗ္ဗံ”ဟုသော်လည်း ဣတိ မပါဘဲရှိလျှင် ကောင်း၏။]
ပန၊ ဆက်၊
အာယူဟိတံ၊ အားထုတ်အပ်ပြီးသော၊
ကုသလာကုသလကမ္မံ၊ ကုသိုလ်,အကုသိုလ်ကံသည်၊
သဗ္ဗံ၊ အလုံးစုံသည်၊
ဝိပါကံ၊ အကျိုးကို၊
ယဒိ ဒဒေယျ၊ အကယ်၍ပေးအံ့၊ (ဧဝံသတိ)၊
အလဒ္ဓေါကာသဉ္စ၊ မရအပ်သော အခွင့်ရှိသော ကံသည်လည်း၊
ဝိပါကံ၊ ကို၊
ဒေတိ၊ ပေး၏၊ (ပေးနိုင်ရာ ရောက်၏၊)
ဣတိ ကတွာ၊ ဤအကြောင်းကြောင့်၊
ဝိပက္ကဝိပါကဉ္စ၊ ရင့်ကျက် ပြီးသော အကျိုးရှိသောကံသည်လည်း၊
ဝါ၊ အကျိုးပေးပြီးသော ကံသည်လည်း၊
ဒဒေယျ၊ ထပ်၍ အကျိုးပေးရာ၏၊
တတော၊ ထို့ကြောင့်၊
ဧကဿေဝ၊ တစ်မျိုး သာလျှင်ဖြစ်သော၊
ကမ္မဿ၊ ကံ၏၊
သဗ္ဗဝိပါကေန၊ အလုံးစုံသောအကျိုးသည်၊
ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏၊
ဣတိ၊ ကြောင့်၊
အညဿ၊ အခြားသော၊
ကမ္မဿ၊ ကံ၏၊
သြကာသော၊ အခွင့်သည်၊
န ဘဝေယျ၊ မဖြစ်တော့ရာ၊ (ကသ္မာ)၊
နိရတ္ထကတ္တာ၊ အကျိုးမရှိသည်၏ အဖြစ်ကြောင့်တည်း၊
ဝါ၊ တစ်နည်း၊
ဥပ္ပန္နဿ၊ ဖြစ်ပြီးသောကံ၏၊
ဖလဒါနေ၊ အကျိုးကို ထပ်၍ပေးခြင်းသည်၊
(သတိ၊ သော်၊
အညဿ၊ သော၊
ကမ္မဿ၊ ၏၊)
ဥပ္ပတ္တိယာယေဝ၊ ဖြစ်ခြင်း၏ပင်၊
သြကာသော၊ သည်၊
န န ဘဝေယျ၊ တော့ရာ၊
ယဒိ ပန၊ပေ၊ ဒဒေယျ
။ ။ “ယဒိ ပန အာယူဟိတံ ကမ္မံ၊ပေ၊န ဘဝေယျ”ဟူသော အဋ္ဌကထာပါဌ်ကို ဖွင့်ပြလို၍ “ယဒိ ပန"စသည်ကို မိန့်သည်၊ အလဒ္ဓေါကာသည်၌ စဖြင့် လဒ္ဓေါကာသကို ငဲ့၏၊ “လဒ္ဓေါကာသကံသာမက အလဒ္ဓေါကာသကံလည်း အကျိုးပေးနိုင်ရာရောက်၏"ဟုလို၊ ဝိပက္ကံ+ဝိပါကံ ယဿာတိ ဝိပက္တဝိပါကံ”အရ “ရင့်ကျက်ပြီးသော အကျိုးရှိသောကံ”ဟူသည် အကျိုးပေးပြီးသောကံတည်း။
ဆက်ဦးအံ့
- အလဒ္ဓေါကာသ(အကျိုးပေးခွင့်မရသော)ကံဟူသည် မိမိအကျိုးပေးခွင့် ရလောက်အောင် အထောက်အကူပြုမည့် အခြားအကြောင်းများဟူသော အဖော်မရ သောကံတည်း၊ ထိုကံသည် အကျိုးသို့ရှေးရှုပြုခြင်း မရှိသောကြောင့် ထိုအလဒ္ဓေါကာသ ကံနှင့် အကျိုးပေးပြီးသော ဝိပက္ကဝိပါကကံသည် သဘောတူ ဖြစ်၏၊ ထို့ကြောင့် “အလဒ္ဓေါကာသံ၊ပေ၊ ၊ ဒဒေယျ”ဟု ဆိုသည်၊ အလဒ္ဓေါကာသကံသည်လည်း အကျိုး ပေးနိုင်လျှင် ထိုကံနှင့်တူသော ဝိပက္ကဝိပါကကံလည်း အကျိုးကို ထပ်၍ ပေးနိုင်စရာ ရှိသည်-ဟူလို။ [အဝိပတ္ထဝိပါကံ ကမ္မံ သဟကာရီကာရဏသမဝါယာ လာဘေန အကတောကာသံ ဝိပါကာဘိမုခဘာဝါဘာဝတောဝိပက္ကဝိပါကကမ္မ သရိက္ခကံတိ ဝုတ္တံ၊ “အလဒ္ဓေါ၊ပေ၊ဒဒေယျာတိ"-အနု။]
တတော၊ပေ၊နိရတ္ထကတ္တာ။ ။ တတော-ထိုသို့ အကျိုးပေးပြီးသောကံက ထပ်၍ အကျိုးပေးနိုင်ရာ ရောက်သောကြောင့် ကံတစ်ခုတည်း၏ပင် အကျိုးအားလုံး ဖြစ်စရာ ရှိ၏။ အကုသိုလ်ကံတစ်ခုကြောင့် မကောင်းကျိုးအားလုံး, ကုသိုလ်ကတစ်ခုကြောင့် ကောင်းကျိုးအားလုံး ဖြစ်စရာရှိသည်-ဟူလို၊ ထို့ကြောင့် အခြားကံများ၏ အကျိုး ပေးခွင့် မရှိတော့ရာ၊ ဘာကြောင့်နည်း- အခြားကံများဖြစ်သည့်အတွက် အကျိုးမရှိသော ကြောင့်တည်း၊ (တစ်နည်း) ဥပ္ပတ္တိယာယေဝ၊ပေ၊ဒါနေ-ဖြစ်ပြီးသော ကံတစ်ခုက ထပ်၍အကျိုးပေးနေလျှင် (အခြားကံ)ဖြစ်ခြင်း၏ အခွင့်သည်ပင် မဖြစ်တော့ရာ၊ [ဤနည်းအလို “အညဿ-အခြားကံ၏၊ သြကာသော-အကျိုးပေးခွင့်သည်၊ ဝါ- ဖြစ်ခွင့်သည်၊ န ဘဝေယျ-မဖြစ်တော့ရာ”ဟု အဋ္ဌကထာ၌ပေးပါ။
အထဝါ၊ ကား၊
အလဒ္ဓေါကာသဿ၊ မရအပ်သော အခွင့်ရှိသောကံ၏၊
ပိပါကဒါနေ၊ အကျိုးကိုပေးခြင်းသည်၊
(သတိ၊ သော်၊)
ပစ္စယန္တရဟိတဿပိ၊ အဝိဇ္ဇာ တဏှာစသော အကြောင်းတစ်ပါးမှကင်းသောကံ၏လည်း၊
ဝိပါက ဒါနံ၊ အကျိုးကို ပေးနိုင်ခြင်းသည်၊
အာပန္န၊ ရောက်၏၊
ဣတိ၊ ထို့ကြောင့်၊
အဝိဇ္ဇာ ၊ပေ၊ ခေပကဿ၊ အဝိဇ္ဇာ တဏှာအစရှိသော အကြောင်းတစ်ပါးကို ကုန်စေတတ်သော၊
ကမ္မက္ခယကရဿ၊ ကံ၏ကုန်ခြင်းကို ပြုတတ်သော၊
အညဿ၊ အခြားသော၊
အပစယဂါမိကမ္မဿ၊ အပစယဂါမိ အမည်ရှိသော မဂ်ကံ၏၊
သြကာသော၊ သည်၊
န ဘဝေယျ၊ တော့ရာ၊
အထဝါ၊ ပေ၊ အတ္ထော။ ။ “အညဿ သြကာသော န ဘဝေယျ” ဟူသော အဋ္ဌကထာပါဌ်ကို တစ်နည်းဖွင့်ပြလို၍ “အထဝါ”စသည်ကို မိန့်သည်၊ ဤနည်း၌ “အညဿ”အရ အဝိဇ္ဇာ တဏှာစသော အကြောင်းတို့ကို ကုန်စေနိုင်သော (မိမိက ကံဖြစ်ပါလျက်) အခြားသောကံများကို ကုန်အောင်ပြုတတ်သော မဂ်ကံကို အရ ကောက်ရသည်၊ “အညဿ-အခြားသော မဂ်ကံ၏၊ သြကာသော-ဖြစ်ခွင့်သည်၊ န ဘဝေယျ”ဟု အဋ္ဌကထာ၌ ပေးပါ။
အလဒ္ဓေါ၊ပေ၊အာပန္နံတိ ။ ။ “ဘာ့ကြောင့် မဂ္ဂကံ၏ ဖြစ်ခွင့်မရဘဲရှိရအံ့နည်း”ဟု မေးဖွယ်ရှိသောကြောင့် “အလဒ္ဓေါ၊ပေ၊အာပန္နံ”ဟု မိန့်သည်၊ “အခွင့်မရသောကံက အကျိုးပေးနိုင်လျှင် “အဝိဇ္ဇာ တဏှာစသော အကြောင်းတစ်ပါး ကင်းသောကံကလည်း အကျိုးပေး၏" ဟူသော အဓိပ္ပာယ် ရောက်နေ၏၊ ထို့ကြောင့် အဝိဇ္ဇာ စသော အကြောင်းကို ကုန်စေတတ်သော မဂ္ဂကံသည် ဖြစ်ခွင့်မရှိ. ဖြစ်ဖွယ်မလို-ဟူလို။
**ဘာဝိတေပိ၊ပေ၊အတ္ထော** ။ ။ “ကမ္မက္ခယကရဿ ဩကာသော န ဘဝေယျ”ကို “ဘာဝိတေပိ၊ပေ၊အတ္ထော”ဟု အဓိပ္ပာယ်နက် ဖွင့်ပြသည်၊ အဝိဇ္ဇာ တဏှာစသော အကြောင်းနှင့်တကွ ကံကို ကုန်အောင်ပြုတတ်သော အပစယဂါမိမဂ်ကို မိမိသန္တာန်၌ ဖြစ်စေအပ်ပြီးပါသော်လည်း အဝိဇ္ဇာစသော အကြောင်းမရှိပါဘဲ ကံတွေက အကျိုးပေး နေလျှင် မဂ်တည်းဟူသောကံမှာ ကံကို ကုန်စေနိုင်သောသတ္တိ မရှိရာရောက်သည်- ဟူလို။ [မဓု၌ “ဘာဝတမဂ္ဂဿ ဝိကုပ္ပာဒနသမတ္ထဟာ န သိယာ၊ နိရတ္ထကတ္တာတိ အတ္ထော”ဟု ဖွင့်၏၊ စဉ်းစားပါ။]သဗ္ဗဒါ ဝါ၊ပေ၊န ဘဝေယျ။ [အညဿ၊ပေ၊ န ဘဝေယျ”ဟူသော အဋ္ဌကထာ ကိုပင် တစ်နည်းဖွင့်ပြန်သည်။] ဤနည်း၌ “အညဿ”အရ ဝိပါက်မှတစ်ပါးသော ကုသိုလ်,အကုသိုလ်,ကြိယာကို ကောက်ပါ၊ အခွင့်ရသော ကံကလည်း အကျိုးပေး, အခွင့်မရသော ကံကလည်း အကျိုးပေးနေလျှင် ဝိပါက်အစဉ်ချည်းသာ ဖြစ်နေစရာ ရှိသောကြောင့် ဝိပါက်မှတစ်ပါးသော အခြားကုသိုလ်,အကုသိုလ်,ကြိယာများ ဖြစ်ခွင့် မရတော့-ဟူလို၊ [တီသု ဝိကပ္ပေသု ပဌမေ အညဿာတိ ကုသလာကုသလကမ္မဿ၊ ဒုတိယေ အညဿာတိ အပစယဂါမိကမ္မဿ၊ တတိယေ အညဿာတိ ဝိပါကတော အညဿ ကုသလာကုသလကမ္မဿ ကြိယဿာတိ အယမေတေသံ ဝိသေသော၊-မဓု။]**ဥပါဒိန္နာ**။ ။ ဥပါဒိန္ဒုပါဒါနိယတိက်၌ ဥပါဒိန္နာကို “ဥပေတေန+အာဒိန္နာ”ဟု ဖွင့်ခဲ့၏၊ ထိုအနက်ကို ဤ၌ မရနိုင်၊ ဥပကို အနက်မရှိကြ၍ “အာဒိန္နာ”ကိုသာ အနက်ပေးပါ၊ ထိုအာဒိန္နာ၏ အရကောက်ကိုပြလို၍ “ဥပါဒါနာရမဏာ, အညေစ”ဟု မိန့်သည်၊ [ဥပါဒါနာရမဏာ-ဥပါဒါန်၏အာရုံဖြစ်သော လောကီတရားများ၊ အညေစ- ဥပါဒါနာရမဏတရားတို့မှ တစ်ပါးကုန်သော လောကုတ္တရာ(မဂ်,ဖိုလ်)တရားများ၊ ဣစ္စေဝ၌ ဒဝဖြင့် ဥပ၏ အနက်ကို ကန့်။] **အညေစ အန၊ပေ၊ဂဟဏေန** ။ ။ “ဥပါဒါနာရမဏဖြစ်သော လောကီတရားတို့ကို ဥါဒါန်(တဏှာဒိဋ္ဌိ)တို့သည် အာရုံပြုသောအားဖြင့် ယူအပ်ပါစေတော့၊ ဥပါဒါန်၏ အာရုံမဟုတ်သော မဂ်,ဖိုလ်တို့ကိုကား အဘယ်တရားသည် ယူအပ်ပါကုန်သနည်း”ဟု မေးဖွယ်ရှိသောကြောင့်“အညေစ”စသည်ကိုမိန့်သည်၊ မဂ်ဖိုလ်တို့ကိုကား ပစ္စဝေက္ခဏာ ဉာဏ်သည် ယူအပ်ကုန်၏၊ ထို့ကြောင့် ဥပါဒိန္နအမည်ရသည်-ဟူလို။ [ဂဟဏေနာတိ ပစ္စဝေက္ခဏညာဏေန၊ ထိုဉာဏ်သည် မှားသောအားဖြင့် မသုံးသပ်တတ်သောကြောင့် “အနဘိနိဝေသန”ဟု ဝိသေသနပြုသည်၊ “အဟံ မဂ္ဂေါ”စသည်ကား ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် ဆင်ခြင်ပုံ အခြင်းအရာတည်း၊ အာဒိဖြင့် “အဟံ ဖလံ သစ္ဆာကာသီ”ကို အနု၌ ပြ၏။]