Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

ဒုတိယဇ္ဈာနကထာဝဏ္ဏနာ ဒုတိယဇ္ဈာနကထာ အဖွင့်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒုတိယဇ္ဈာနကထာဝဏ္ဏနာ

ဒုတိယဇ္ဈာနကထာ အဖွင့်

ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဧတေန၊ ပါဌ်ဖြင့်။ (ဒီပိတော ဟောတိ-၌ စပ်။) ယေဟိ ဝိတက္ကဝိစာရေဟိ၊ အကြင်, ဝိတက် ဝိစာရတို့ကြောင့်။ ပဌမဇ္ဈာနဿ၊ ၏။ သြဠာရိကတာ၊ ကြမ်းတမ်းသည်၏ အဖြစ်သည်။ (ဟောတိ။) တေသံ၊ ထို ဝိတက် ဝိစာရတို့ကို။ သမတိက္ကမာ၊ လွန်မြောက်ခြင်းကြောင့်။ ဒုတိယဇ္ဈာနဿ၊ ကို။ သမဓိဂမော၊ ရခြင်းသည်။ (ဟောတိ။) သဘာဝတော၊ ပင်ကို သဘောအားဖြင့်။ အနောဠာရိကာနံ၊ မကြမ်းတမ်းကုန်သော။ ဖဿောဒီနံ၊ ဖဿ အစရှိသော တရားတို့ကို။ သမတိက္ကမာ၊ ကြောင့်။ (ဒုတိယဇ္ဈာနဿ၊ ကို။ သမဓိဂမော၊ သည်။) န ( ဟောတိ )။ ဣတိ အယံ အတ္ထော၊ သည်။ ဝါ၊ ကို။ ဒီပိတော ဟောတိ။
ဧဝံ၊ တူ။ ပီတိယာ စ ဝိရာဂါတိ အာဒီသု၊ တို့၌။ နယော၊ သည်။
ဟောတိ တသ္မာ။ ဝိတက္က။ပ။ ဝစနာနိ၊ ဝိတက်, ဝိစာရ, ပီတိ, သုခတို့ကို လွန်မြောက်ခြင်းကို ဆိုကြောင်းစကားတို့သည်။ ["ဝိတက္ကဝိစာရာနံ ဝူပသမာ, ပီတိယာ ဝိရာဂါ၊ သုခဿ စ ပဟာနာ" ဟူသော စကားတို့သည်။" သြဠာရိ။ပ။ သမတိက္ကမာ၊ ကြမ်းတမ်းကုန် ကြမ်းတမ်းကုန်သော ဈာန်အင်္ဂါကို လွန်မြောက်ခြင်းကြောင့်။ ဒုတိယာဒိ အဓိဂမပရိဒီပကာနိ၊ ဒုတိယဈာန် အစရှိသော ဈာန်တို့ကို ရခြင်းကို ပြတတ်ကုန်၏။ ဣတိ၊ ကြောင့်။ ၁။တေသံ ဧကဒေသဘူတံ။ ။တေသံဖြင့် ဝိတက္ကဝိစာရာနံ ဝူပသမာဟူသော စကား၊ ပီတိယာ စ ဝိရာဂါ ဟူသောစကား၊ သုခဿ စ ပဟာနာ ဟူသော စကားတို့ ညွှန်ပြ၏။ ထိုစကားတို့၏ ဧကဒေသ ဟူသည် "ဝိတက္ကဝိစာရာနံ ဝူပသမာ"ဟူသော စကားတည်း။ ထိုစကား တစ်စိတ်သည် "သြဠာရိက သြဠာရိက ဖြစ်သော ဈာန်အင်္ဂါတို့ကို လွန်မြောက်ခြင်းကြောင့် နောက်နောက် ဒုတိယဈာန် စသည်ကို ရ၏"ဟူသော အနက် အဓိပ္ပာယ်ကို ပြတတ်၏။ ဤသို့ အဋ္ဌကထာ၌ ဆိုအပ်ပြီ။ [သြဠာရိကဿ ပန သြဠာရိကဿ အင်္ဂဿ သမတိက္ကမာ ။ပ။ဟောတီတိ ဒီပနတ္ထံ ကို ကြည့်၍ "တံ ဒီပကန္တ ဝုတ္တံ" ဟု ဆိုသည်။] မှတ်ချက်။ ။ဧကဒေသဘူတံကို ကြည့်၍ "ဝိတက္ကဝိစာရာနံ ဝူပသမာ"သည် အစိတ်၏အမည်ကို အပေါင်း၌တင်စားသော ဧကဒေသူပစာ ဟု လည်းကောင်း၊ ပီတိ သုခ သမတိက္ကမတို့အတွက်ပါ မှတ်၍ပြသော ဥပလက္ခဏ-နည်း ဟု လည်းကောင်း အနုဋီကာ၌ ဖွင့်သည်။ တေသံ၊ ထို စကားတို့၏။ ဧကဒေသဘူတံ၊ တစ်စိတ်တစ်ဒေသ ဖြစ်၍ဖြစ်သော။ ဝိတက္ကဝိစာရသမတိက္ကမ ဝစနံ၊ ဝိတက်ဝိစာရတို့ကို လွန်မြောက်ခြင်းကို ဆိုကြောင်း စကားရပ်ကို။ တံဒီပကန္တိ၊ ထိုအနက် အဓိပ္ပာယ်ကို ပြတတ်၏ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ ဆိုအပ်ပြီ။ ["သြဠာရိကဿ ပန သြဠာရိကဿ အင်္ဂဿ သမတိက္ကမာ ပဌမဇ္ဈာနတော ပရေသံ ဒုတိယဇ္ဈာနာဒီနံ အဓိဂမော ဟောတီတိ ဒီပနတ္တံ"ဟု အဋ္ဌကထာ၌ ဆိုအပ်ပြီ။]
အထ ဝါ **၂။အထ ဝါ**။ဣဒါနိ အဝယဝေန သမုဒါယောပလက္ခဏံ ဝိနာ (ရှေ့နည်းကဲ့သို့ ဧက ဒေသူပစာ-ဥပလက္ခဏနည်း မဟုတ်ဘဲ ) ဝိတက္က ဝိစာရ ဝူပသမဝစနေန (ဝိတက္က ဝိစာရာနံ စူပသမာ-သဒ္ဒါဖြင့်) ပီတိဝိရာဂါဒိဝစနာနံ (ပီတိယာ စ ဝိရာဂါ, သုခဿ စ ပဟာနာ- သဒ္ဒါတို့၏) သဝိသယေ (မိမိဈာန်အရာ၌ ) သမာနဗျာပါရတံ [ဝိတက္ကဝိစာရာနံ ဝူပသမာကဲ့သို့ တုမျှသော ဗျာပါရရှိကုန်သည်၏ အဖြစ်ကို ) ဒဿေန္တော အထ ဝါတိအာဒိမာဟ။-နု။ ရှေ့နည်း၌ "ဝိတက္ကဝိစာရာနံ ဝူပသမာ" တစ်ပုဒ်တည်းက "ပီတိသမတိက္ကမ-သုခမသတိက္ကမတို့ကို ပြ၏" ဟု ဆို၏။ ဤ အထ ဝါ နည်း၌ကား "ပီတိယာ စ ဝိရာဂါ"ပုဒ်က တတိယဈာန်အရာ၌ ပီတိသမတိက္ကမ ဖြစ်ပုံကို ပြဖို့ရန်လည်းကောင်း၊ စတုတ္ထဈာန်အရာ၌ "သုခဿ စ ပဟာနာ" ပုဒ်က သုခသမှတိက္ကမကို ပြဖို့ရန်လည်းကောင်း ဗျာပါရရှိကြကြောင်းကို "ဤ ဝိတက္ကဝိစာရာနံ ဝူပသမာ ပုဒ်ကပင် လှမ်းမျှော်၍ ပြသည်"ဟု ဆိုလိုသည်။ ဒီပကနည်းဟု ဆိုလိုဟန်တူသည်။ ၊ ကား။ တံ သမတိက္ကမာ၊ ထို ဝိတက်ဝိစာရတို့ကို လွန်မြောက်ခြင်းကြောင့်။ ဒုတိယာဓိဂမဒီပကေန၊ ဒုတိယဈာန်ကိုရခြင်းကို ပြတတ်သော။ ဝိတက္က။ပ။ ဝစနေနေဝ၊ ဝိတက် ဝိစာရတို့၏ ငြိမ်းအေးခြင်းကို ဆိုကြောင်းစကားဖြင့်ပင်။ ["ဝိတက္ကဝိစာရာနံ ဝူပသမာ"ဟူသော စကားဖြင့်ပင်။] ပီတိ ဝိရာဂါဒိဝစနာနံ၊ ပီတိဝိရာဂ-အစရှိသည်ကို ဆိုကြောင်း စကားတို့၏။ ပီတိ ယာဒိသမတိက္ကမာ၊ ပီတိ အစရှိသည်ကို လွန်မြောက်ခြင်းကြောင့်။ တတိယာဒိ အဓိဂမဒီပကတာ၊ တတိယ အစရှိသော ဈာန်တို့ကို ရခြင်းကို ပြတတ်ကုန်သည်၏ အဖြစ်သည်။ ဟောတိ။ ဣတိ၊ ကြောင့်။ တဿ၊ ထို ဝိတက္ကဝိစာရာနံ ဝူပသမာဟူသော စကား၏။ တံ ဒီပကတာ၊ ထို အနက်အဓိပ္ပာယ်ကို ပြတတ်သည်၏အဖြစ် ကို။ ဝုတ္တာ၊ အဋ္ဌကထာ၌ ဆိုအပ်ပြီ။ ["သြဠာရိကဿ။ ပန။ပ။ဒီပနတ္ထံ"ဟူ၍ ဆိုအပ်ပြီ။]
နီလဝဏ္ဏ။ပ။ ဝိယာတိ၊ ကား။ နီလယောဂတော၊ အညိုဂုဏ်နှင့် ယှဉ်ခြင်းကြောင့်။ ဝတ္ထံ၊ အဝတ်သည်။ နီလံ၊ နီလမည်သည်။ (ဟောတိ) ဝိယ၊ ကဲ့သို့။ ဣတိ(အယံ)၊ ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ ["နီလ ဝတ္ထံ ၀ိယ"ဟုဆိုသော်လည်း "ဝိတ္ထံ နီလံ ဝိယ"ဟု အဓိပ္ပာယ်မှတ်ပါ-ဟူလို။]
**၁။ယေန။ပ။ယုတ္တော**။ ။ဝိဘင်္ဂေ ပန။ပ။ဧဝံ ဝေဒိတဗ္ဗာ"ဟူသော အဋ္ဌကထာစကားအရ ဈာနဝိဘင်းပါဠိတော်နှင့် ဤ အဋ္ဌကထာအဖွင့်၏ မဆန့်ကျင်ပုံကို ပြလို၍ "ယေန သမ္ပသာဒနေန"စသည်ကို မိန့်သည်။ သမ္ပသာဒန မည်သော့ အကြင် သဒ္ဒါနှင့် ယှဉ်ခြင်းကြောင့် ဈာန်ကို ဂုဏူပစာရအားဖြင့် သမ္မသာဒနဟု ခေါ်ရ၏။ ဝိဘင်းပါဠိတော်၌ ထိုသဒ္ဒါကို "သမ္ပသာဒနန္တိယာ သဒ္ဒါ။ပ။ အဘိပ္ပသာဒေါ"ဟု ဟောတော်မူ၏။ ထို သမ္ပသာဒန (သဒ္ဒါ)နှင့် ဈာန်ကို "သမ္ပသာဒနံ ဈာနံ"ဟု အရတူ တုလျာဓိကရဏ အဖြစ်ဖြင့် ဟောတော်မူအပ်သော စကားဖြင့်ပင် သမ္ပသာဒန မည်သော သဒ္ဒါနှင့်ယှဉ်သောကြောင့် ဈာန်ဟုသော အနက်၌လည်း သမ္ပသာဒန-သဒ္ဒါက ဖြစ်ပုံကို ပြအပ်ပြီး ဖြစ်တော့၏။ ထို့ကြောင့် သမ္ပသာဒန-အရ သဒ္ဒါကို ပြသော ဈာနဝိဘင်းပါဠိတော်နှင့် ဤအဋ္ဌကထာဖွင့်ပုံ၏ မဆန့်ကျင်ခြင်းသည် သင့်မြတ်ပါပေသည်-ဟူလို။ ယေန သမ္ပသာဒနေန၊ အကြင် သမ္ပသာဒန မည်သော သဒ္ဒါနှင့်။ ယောဂါ၊ ယှဉ်ခြင်းကြောင့်။ ဈာနံ၊ ဈာန်သည်။ သမ္ပသာဒနံ၊ န မည်၏။ တသ္မိံ၊ ထို သမ္ပသာဒနကို။ ဒဿိတေ၊ ပြအပ်သော်။ (ဝိဘင်းပါဠိတော်၌ ပြလိုက်လျှင်။) သမ္ပသာဒနံ ဈာနန္တိ၊ ဟူ၍။ သမာနာဓိကရဏ နိဒ္ဒေသေနေဝ၊ တူသော တည်ရာ အနက်ရှိသည်၏ အဖြစ်ကို ပြကြောင်း စကားဖြင့်ပင်။ (တုလျာဓိကရဏအဖြစ်ကို ပြကြောင်းစကားဖြင့်ပင်။) တံ ယောဂါ၊ ထိုသမ္ပသာဒနနှင့် ယှဉ်ခြင်းကြောင့်။ ဈာနေ၊ ဈာန်၌။ တံသဒ္ဒပ္ပဝတ္တိ၊ ထိုသမ္ပသာဒန-သဒ္ဒါ၏ဖြစ်ခြင်းကို။ ဒဿိတာ၊ ပြအပ်ပြီ။ ဣတိ၊ ကြောင့်။ အဝိရောဓော၊ ဈာနဝိဘင်း ပါဠိတော်နှင့် ဤအဋ္ဌကထာ၏ မဆန့်ကျင်ခြင်းသည်။ ယုတ္တော၊ သင့်ပါပေ၏။ ဝါ၊ သင့်ပါစေတော့။
**၁။ဧကောဒိဘာဝေ ကထံ**။ ။ဧကောဒိဘာဝံ အရ ဈာန်ကိုရရာ၌ကား အဘယ်နည်းဖြင့် သင့်နိုင်ပါအံ့နည်း၊ ဈာနဝိဘင်းပါဠိတော်၌ ဧကောဒိဘာဝံ အရ သမာဓိကို ပြတော်မူ၍ အဋ္ဌကထာ၌မူ "ဣဒံ ဒုတိယဇ္ဈာနံ ဧကောဒိဘာဝံ"ဟု ဆိုသောကြောင့် ဆန့်ကျင်သည်သာ မဟုတ်ပါလော-ဟု စောဒနာသည်။ ဧကော ဒိဘာဝေ၊ ဧကောဒိဘာဝ ၌။ ကထံ၊ အဘယ်သို့လျှင်။ (ယုတ္တော၊ သင့်နိုင်ပါအံ့နည်း။) ဣတိ၊ ဤကား အမေးတည်း။ **၂။ဧကောဒီမှိ။ပ။ဟောတီဟိ**။ ။ဈာနဝိဘင်းပါဠိတော်၌ ဧကောဒိဘာဝံအရ ဧကောဒိမည်သော သမာဓိကိုသာ ပြတော်မူသော်လည်း "ဧကောဒိဘာဝံ ဈာနံ"ဟု တုလျာဓိကရဏ အဖြစ်ဖြင့် ညွှန်ပြခြင်းကြောင့်ပင် ဈာန်၏ ဧကောဒိမည်သော သမာဓိကို တိုးပွားစေတတ်သည်၏ အဖြစ်ကို ဟောတော်မူအပ်ပြီး ဖြစ်၏။ ထို့ကြောင့် ဝိဘင်းပါဠိတော်နှင့် ဤ အဋ္ဌကထာ မဆန့်ကျင်ပါ- ဟုလို။ [ဣတိကို အဝိရောဓော ပြန်လှည့်စပ်။] ဧကောဒိမှိ၊ ဧကောဒိကို။ ဒဿိတေ၊ ပါဠိတော်၌ပြအပ်သော်။ ဧကောဒိဘာဝံ ဈာနန္တိ၊ ဟူ၍။ သမာနာဓိကရဏ နိဒ္ဒေသေနေဝ၊ ဖြင့်ပင်။ ဈာနဿ၊ ၏။ ဧကောဒိဝဍ္ဎနတာ၊ ဧကောဒိမည်သော သမာဓိကို တိုးပွားစေတတ်သည်၏ အဖြစ်သည်။ ဝါ၊ ကို။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီးသည်။ ဟောတိ။ ဣတိ၊ ကြောင့်။ (အဝိရောဓော။ ယုတ္တော၊ သင့်၏။)
၃။ ဧကောဒိဘာဝန္တိ ။ပ။ယုတ္တံ။ ။ဈာန်တရားက ဧကောဒိမည်သော သမာဓိကို တိုးပွားစေတတ်သောကြောင့် ဧကောဒိဘာဝ အမည်ဖြစ်လျှင် ပါဠိတော်၌ "ဧကောဒိဘာဝန္တိ" ဟု သံဝဏ္ဏေတဗ္ဗတည်ပြီးလျှင် အကျယ်ညွှန်ပြသောအခါ ဧကောဒိ၏ အနက်ဖြစ်သော သမာဓိကိုသာ ညွှန်ပြတော်မူ၏။ ထိုကဲ့သို့ ညွှန်ပြမှုကို မပြုထိုက်ရာရောက်သည် မဟုတ်ပါလော-ဟု ပါဠိတော်အတွက် စောဒနာ၍ အဖြေကိုပြလိုသောကြောင့် "ဧကောဒိ ဘာဝသဒ္ဒေါ ဧဝ"စသည်ကို မိန့်သည်။ သမာဓိဟူသော အနက်၌ဖြစ်သော ဧကောဒိဘာဝသည်ပင် (သမ္ပသာဒန-သဒ်ဒါကဲ့သို့) ဂုဏူပစာရအားဖြင့် ဈာန် ဟူသော အနက်၌ ဖြစ်၏။ ထို့ကြောင့် ဝိဘင်းပါဠိတော်စကားသည် အသင့်ပင်ဖြစ်သည်-ဟူလို။ မှတ်ချက်။ ။"ဧကောဒိဘာဝ-သဒ္ဒါက သမာဓိကိုဟော၏"ဟူသော စကားသည် အဋ္ဌကထာစကားမဟုတ်၊ ဋီကာဆရာ၏ သီးခြားစကားတည်း။ ထိုစကားအရ ဧကောဒိသဒ္ဒါသည် ဈာန်ဟူသော့အနက်ကို ဟော၏။ (ဝိဂ္ဂဟကိုကား အဋ္ဌကထာအတိုင်း နည်းမှီ၍ ပြုပြီးလျှင် ဈာန်ကို အရကောက်ပါ။) "ဧကောဒိဿ+ဘာဝေါ ဧကောဒိဘာဝေါ"ဟု သမာသ်တွဲသောအခါ ဧကောဒိမည်သော ဈာန်၏ဖြစ်ကြောင်းဖြစ်ရာ သမာဓိကို ရသည်ဟု သာရတ္ထဋီကာ မိန့်သည်။ ပန၊ ဆက်။ ဧကောဒိဘာဝန္တိ၊ ဟူ၍။ ဣဒံ၊ ဤ သံဝဏ္ဏေတဗ္ဗပုဒ်ကို။ ဥဒ္ဓရိတွာ၊ ထုတ်ဆောင်တော်မူ၍။ ဧကောဒိဿ၊ ဧကောဒိမည်သော သမာဓိကို။ နိဒ္ဒေသော၊ အကျယ်ညွှန်ပြခြင်းသည်။ ဝါ၊ ကို။ န ကတ္တဗ္ဗော၊ မပြုထိုက်သည်။ သိယာ၊ ဖြစ်ရာသည် မဟုတ်လော။ ဣတိ၊ ဤကား စောဒနာတည်း။ သမာဓိမှိ၊ သမာဓိဟူသော အနက်၌။ ပဝတ္တော၊ သော။ ဧကောဒိဘာဝ သဒ္ဓေါ ဧဝ၊ ဧကောဒိဘာဝ၊ သဒ္ဒါသည်ပင်။ သမ္ပသာဒနသဒ္ဓေါ ဝိယ၊ သမ္ပသာဒန- သဒ္ဒါသည်ကဲ့သို့။ ဈာနမှိ၊ ဈာန်ဟူသော အနက်၌။ ပဝတ္တတိ၊ ၏။ ဣတိ၊ ကြောင့်။ ယုတ္တံ၊ ပါဠိတော် စကားလည်း သင့်မြတ်၏။
[အပ္ပိတာ ဗျပ္ပိတာ၌ အဂ္ဂိတာကို ဖွင့်လို၍ အပ္ပိတာတိ-မိန့်။] အပ္ပိတာတိ၊ ကား။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ဂမိတာ၊ ရောက်ကုန်သည်။ (ဟောန္တိ။) [အပ္ပ- ဓာတ်သည် "ပါပုဏန-ရောက်ခြင်းအနက်"ကို ဟော၏။ ထို့ကြောင့် "ဂမိတာ"ဟု ဖွင့်သည်။ ဝိနာသံကား အပိုထည့်အပ်သော ကံပုဒ်တည်း။]
**၁။ ဒုတိယ။ပ။ဝစနေနေဝ**။ ။"ဒီပကေန" ၃-ပုဒ်သည် "ဝိတက္ကဝိစာရဝူပသမ ဝစနေနေဝ"၏ ဂိသေသနတည်း။ ထိုတွင် "ဒုတိယဇ္ဈာနာဒိအဓိ ဂမုပါယဒီ ပကေန" ဟူသော ဝိသေသနသည် "သြဠာရိကဿ ပန။ပ။ဒီပနတ္ထံ"ဟူသော အဋ္ဌကထာစကားကို ယူ၍ ဆိုအပ်သော ဝိသေသနတည်း။ "အဇ္ဈတ္ထသမ္ပသာဒနတာယ စေတသော ဧကောဒိဘာဝ တာယ စ ဟေတုဒီပကေန" ဟူသော ဝိသေသနသည် "အပိ စ ဝိတက္က ဝိစာရာနံ ဝူပသမာ" စသော အဋ္ဌကထာ စကားကိုယူ၍ ဆိုအပ်သော ဝိသေသနတည်း။ "အဝိတက္ကအဝိစါရဘာဝဟေတု ဒီပကေန" ဟူသော ဝိသေသနသည် "တထာဝိတက္ကဝိစာရာနံ ဝူပသမာ ဣဒံ အဝိတက္ကအဝိစာရံ" ဟူသော အဋ္ဌကထာစကားကိုယူ၍ ဆိုအပ်သော ဝိသေသနတည်း။ ဒုတိယ။ပ။ ဒီပကေန၊ ဒုတိယဈာန် အစရှိသည်ကို ရခြင်း၏အကြောင်းကို ပြတတ်သည်လည်းဖြစ်သော။ အဇ္ဈတ္တသမ္ပသာဒနတာယ၊ အဇ္ဈတ္တပမ္ပသာဒနအဖြစ် လည်းကောင်း။ စေတသော ဧကောဒိ ဘာဝတာယ စ၊ စေတသော ဧကောဒိဘာဝ အဖြစ်လည်းကောင်း။ ဟေတုဒီပကေန၊ အကြောင်းကို ပြတတ်သည်လည်းဖြစ်သော။ အဝိတက္ကာဝိစာရဘာဝ ဟေတုဒီပကေန စ၊ အဝိတက္ကာဝိစာရ အဖြစ်၏ အကြောင်းကို ပြတတ်သည်လည်းဖြစ်သော။ ဝိတက္က ဝိစာရ ဝူပသမ ဝစနေနေဝ၊ ဝိတက် ဝိစာရတို့၏ ငြိမ်းပျောက်ခြင်းကိုဆိုကြောင်း စကားဖြင့်ပင်။ (ဝိတက္ကဝိစာရာနံ ဝူပသမာဟူသော စကားဖြင့်ပင်။) ဝိတက္က ဝိစာရာဘာဝေါ၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းကို။ ဒီပိတော၊ ပြအပ်ပြီ။ ဣတိ၊ ကြောင့်။ ပုန၊ တစ်ဖန်။ ကတေန၊ ပြုအပ်သော။ အဝိတက္က အဝိစာရဝစနေနေ၊ ဝိတက်မရှိသည်၏ အဖြစ်, ဝိစာရ မရှိသည်၏အဖြစ်ကို ဆိုကြောင်းစကားဖြင့်။ ("အဝိတက္ကံ အဝိစာရံ"ဟူသော စကားဖြင့်။) ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။ ဣတိ၊ ဤကား စောဒနာတည်း။
(တံ၊ ထိုစောဒနာသည်။) န၊ မသင့်။ (ကသ္မာ၊ နည်း။) အဒီပိတ္တာ၊ ဝိတက္က ဝိစာရ ဝူပသမ-စကားဖြင့် ဝိတက် ဝိစာရ မရှိသည်၏ အဖြစ်ကို မပြအပ်သည်၏ အဖြစ်ကြောင့်တည်း။ [ပါဠိထည့်၍ အနက်ပေးလိုလျှင် "ဝိတက္က ဝိစာရ ဝူပသမဝစနေန၊ ဖြင့်။ ဝိတက္က ဝိစာရာဘာဝဿ၊ ၏။ အဒီပိတတ္တာ၊ ကြောင့်တည်း" ဟု ပေးပါ။]
ဟိ၊ ချဲ့။ ဝိတက္က။ပ။ ဝစနေနေ၊ ဖြင့်။ (ဝိတက္က ဝိစာရာနံ ဝူပသမာ ဟူသော စကားဖြင့်။) ဝိတက္က ဝိစာရာနံ၊ တို့၏။ အပ္ပဝတ္တိ၊ မဖြစ်ခြင်းသည်။ ဝါ၊ ကို။ ဝုတ္တာ၊ ဟောတော်မူအပ်သည်။ န ဟောတိ၊ မဟုတ်။
၁။ဝိတက္ကဝိစာရေသု ဟိ။ ။ဝိတက္ကဝိစာရတို့၏ ငြိမ်းအေးခြင်းဟူသည် ဝိတက္က ဝိစာရတို့၌ တပ်မက်မှု တဏှာ၏ ငြိမ်းအေးခြင်းတည်း။ "ထိုသို့ ငြိမ်းအေးရုံမျှဖြင့် ဝိတက်ဝိစာရမယှဉ်"ဟု မဆိုနိုင်။ ဥပမာ- အရိယာမဂ်သည် သင်္ခါရတို့၌ တပ်မက်မှုတဏှာကို ပယ်သတ်၏။ ဖိုလ်ကား ပယ်သတ်ခြင်းကိစ္စ ပြီးပြီးသော တရားဖြစ်၏။ သို့သော် ထိုမင်္ဂ ထိုဖိုလ်တို့၌ သင်္ခါရတရားတို့ (ရုပ်နာမ်တို့) ဖြစ်နေကြ ပါဝင်နေကြသကဲ့သို့တည်း။ ဤသို့လျှင် "ဝိတက္ကဝိစာရာနံ ဝူပသမာ"ဟူသော ရှေ့စကားဖြင့် "ဝိတက် ဝိစာရ မယှဉ်" ဟူသော အနက် အဓိပ္ပာယ်ကို မပြနိုင်သောကြောင့် "အဝိတက္ကံ အဝိစာရံ"ဟူသော နောက်စကားကို ထပ်၍ ဟောတော်မူရသည်။ မှတ်ချက်။ ။ဤအမေးအဖြေများ၌ အဋ္ဌကထာစကားကို ကောက်ချက်ချ၍ စောဒနာလုပ်ပြီးလျှင် ဋီကာဆရာ၏ အလိုအတိုင်း အဖြေကိုပြသော စကားတည်း။ အဋ္ဌကထာကို တိုက်ရိုက်ဖွင့်သော စကားမဟုတ်-ဟု မှတ်ပါ။ ဟိ၊ မှန်။ ဝိတက္က ဝိစာရေသု၊ တို့၌။ တဏှာ ပဟာနဉ္စ၊ တပ်မက်ခြင်းကို ပယ်ခြင်းသည်လည်း။ (စ- ဖြင့် မရှိခြင်းကို ဆည်း။) ဧတေသံ၊ ဤ ဝိတက် ဝိစာရတို့၏။ ဝူပသမော၊ ငြိမ်းပျောက်ခြင်းတည်း။
စ၊ ဆက်။ ( တစ်နည်း ) စ၊ ဥပမာဆောင် ထင်အောင်ပြဦးအံ့။ ယေ၊ အကြင် မဂ်တို့သည်။ သင်္ခါရေသု၊ တေဘူမက သင်္ခါရတို့၌။ တဏှာပဟာနံ၊ တဏှာကို ပယ်ခြင်းကို။ ကရောန္တိ၊ ပြုနိုင်ကုန်၏။ တေသု မဂ္ဂေသု၊ ထို ပယ်ဆဲဖြစ်သော မဂ်တို့၌လည်းကောင်း။ ပဟီနတဏေသု၊ ပယ်အပ်ပြီးသော တဏှာရှိကုန်သော။ ဝါ၊ တဏှာကို ပယ်ပြီးကုန်သော။ ဖလေသု စ၊ ဖိုလ် တို့၌လည်းကောင်း။ သင်္ခါရပ္ပဝတ္တိ၊ သင်္ခါရတို့၏ ဖြစ်ခြင်းသည်။ ဟောတိ (ယထာ)၊ ကဲ့သို့။ ဧဝံ၊ တူ။ ဣဓာပိ၊ ဤ ဈာန်အရာ၌လည်း။ ဝိက္ခမ္ဘိတ။ပ။ တဏှဿ၊ ပယ်ခွာပြီးသော ဝိတက်ဝိစာရတို့၌ တပ်မက်တတ်သော တဏှာရှိသော။ ဝါ၊ ဝိတက် ဝိစာရတို့၌ တပ်မက်တတ်သော တဏှာကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ခွာပြီးသော။ ဒုတိယဇ္ဈာနဿ၊ ၏။ ဝိတက္က။ပ။ ယောဂေါ၊ ဝိတက် ဝိစာရတို့နှင့် ယှဉ်ခြင်းသည်။ ဝါ၊ ကို။ ပရမေန၊ ရှေ့ဖြစ်သော ဝိတက္ကဝိစာရာနံ ဝူပသမာဟူသော စကားဖြင့်။ န နိဝါရိတော၊ မတားမြစ်အပ်သည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ကြောင့်။ တံ နိဝါရဏတ္ထံ၊ ထို ဝိတက် ဝိစာရတို့နှင့် ယှဉ်ခြင်းကို တားမြစ်ခြင်း အကျိုးငှာလည်းကောင်း။ အာဝဇ္ဇိတုကာမတာဒိအတိက္က မောဝ၊ ဆင်ခြင်ခြင်းငှာ အလိုရှိသည်၏အဖြစ် စသည်ကို လွန်မြောက်ခြင်းသည်ပင်။ (အာဒိဖြင့် သမာပဇ္ဇန-ဝသီဘော် စသည်ကိုယူ။) တေသံ၊ ထိုဝိတက် ဝိစာရတို့၏။ ဝူပသမော၊ ငြိမ်းပျောက်ခြင်းတည်း။ ဣတိ၊ ဤအနက်ကို။ ဒဿနတ္ထံ စ၊ ပြခြင်း အကျိုးငှာလည်းကောင်း။ အဝိတက္ကံ အဝိစာရန္တိ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။