တေဇောဘာဝံ ဂတန္တိ၊ ပုဒ်၏၊
သဘာဝေနေဝ၊ သဘောအားဖြင့် သာလျှင်၊
တေဇောဘာဝံ၊ တေဇော၏အဖြစ်သို့၊
ပတ္တံ၊ ရောက်သော ရုပ်တည်း၊ ဣတိ အတ္ထော၊
ဝုတ္တဿပိ၊ ဟောတော်မူအပ်ပြီးလည်းဖြစ်သော၊
အညေန၊ သော၊
ပကာရေန၊ အပြားအားဖြင့်၊
သင်္ဂဟာရဟဿ၊ သိမ်းယူခြင်းကို ထိုက်သော ရုပ်ကို၊
သင်္ဂဏှနံ၊ သိမ်းယူခြင်းကို၊
ဣဓ၊ ဤ ရူပကဏ္ဍအရာ၌၊
နယကရဏံ၊ နည်းကို ပြုခြင်းဟူ၍၊
ဒဋ္ဌဗ္ဗ၊ တယိဒံ၊ ထို နည်းပြုခြင်းကို၊
ဝိညာတန္တိ စတုက္ကပဒေပိ၊ ဝိညာတံဟု စတုတ္ထသင်္ဂဟဝယ်လာသော ပုဒ်၌လည်း၊ ယောဇေတဗ္ဗ၊
** ဝုတ္တဿပိ၊ပေ၊နယော** ။ ။ဆဗ္ဗိဓသင်္ဂဟ၌ “သဗ္ဗံ ရူပံ မနောဝိညေယျ ရူပံ”ဟု ဟောတော်မူ၏၊ ရှေ့၌ ဟောအပ်ပြီးသော ရူပါယတနစသည်တို့သည် ဤ သဗ္ဗရူပံအရ တွင်လည်း ပါဝင်နေ၏၊ ထိုသို့ ဟောအပ်ပြီးကို နောက်ဆုံးပုဒ်ဖြင့် သိမ်းယူခြင်းကို ဤ ရူပကဏ္ဍဝယ် ဟောနည်းပြုခြင်းတစ်မျိုးဟု မှတ်ရသည်၊ စတုတ္ထသင်္ဂဟ၌ ဟောအပ်ပြီး သော ရူပါယတန စသည်ကို နောက်ဆုံး ဝိညာတပုဒ်ဖြင့် ယူခြင်းသည်လည်း ဤ နယကရဏပင်တည်း၊ အဋ္ဌကသင်္ဂဟ၌ကား ဖောဋ္ဌဗ္ဗာရုံ၏ “မနာပိယသုခသမ္ဖဿ, အမနာပိယဒုက္ခသမ္ဖဿ”ဟု ခွဲခြား၍ ဟောတော်မူခြင်းကို “နယကရဏတစ်မျိုး”ဟု မှတ်ပါ ။ဖောဋ္ဌဗ္ဗဿ၊ ဖောဋ္ဌဗ္ဗရုပ်၏၊
ဘေဒသမ္ဘာဝေါ၊ အကွဲအပြား၏ ထင်ရှားခြင်းသည်၊
အဋ္ဌကေ၊ အဋ္ဌကသင်္ဂဟ၌၊
နယော၊ နည်းတည်း။