**အဟံတိ ၊ပေ၊ အတ္ထော** ။ ။ “အဟံ”ဟု ရွတ်ဆိုသောအခါ “အဟံ”ဟူသောအသံ (သဒ္ဒ)ကို ရှေးဦးစွာ သောတဒွါရိကဝီထိ တဒနုဝတ္တိကမနောဒွါရဝီထိတို့ဖြင့် သိရ၏၊ ထို့ကြောင့် “ယော အတ္ထော”အရ “အဟံ”ဟူသော သဒ္ဒါကို ယူပါ၊ ထိုအသံကို “သင်္ခါယတိ”စသည်အရ သင်္ခါစသည်ဖြင့် ခေါ်ရသည်။**အညထာ၊ပေ၊ သိယာတိ**။ ။အဟံဟူသော သဒ္ဒ(အသံ)ကို မယူဘဲ “ငါ”ဟု ခေါ်ဝေါ်အပ်သောပုဂ္ဂိုလ်သတ္တဝါအနက်ကိုယူလျှင် အဘယ်အပြစ်ရှိသနည်းဟု မေးဖွယ်ရှိ သောကြောင့်“အညထာ”စသည်ကိုမိန့်သည်၊ သဒ္ဒ(အသံ)ကို သင်္ခါစသည်ဖြင့် ခေါ်၏ဟု မယူဘဲ ထိုသဒ္ဒဖြင့် ပြအပ်သော “ငါ”ဟု ခေါ်ဝေါ်အပ်သော ခန္ဓာငါးပါးအနက်ကို ယူလျှင် အဓိဝစနအရက သဒ္ဒကို မရဘဲ ကုသိုလ်စသောတရား အနက်တွေသာ ရသဖြင့် အဓိဝစနနှင့်အဒိဝစနပထတို့ အရမပြားရကား ဒုက်မဖြစ်ခြင်း ဟူသောအပြစ် ဖြစ်စရာရှိသည်‘ဟူလို။**ဧတ္ထ ပန၊ပေ၊ ဝဒန္တိ** ။ ။ [အာစရိယာတိ အဋ္ဌကထာယ သံဝဏ္ဏနကာ အာစရိယာ၊ အာစရိယာ ၀ဒန္တိ၌ အာစရိယဟူသည် အဋ္ဌကထာဆရာ မဟုတ်, အဋ္ဌကထာကို ဖွင့်ကြသော ဆရာများတည်း၊-အနု၊] “အဋ္ဌကထာကို ဖွင့်ကြသောဆရာများ”ဟူရာ၌ မည်သူမည်ဝါဟု မသိရသော်လည်း ဧတ္ထပနစသည်ဖြင့် ဆိုအပ်သောစကားတို့မှာ အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်ကျမ်း)စကားနှင့် သဘောတူ၏၊ မှန်၏-အဘိဓမ္မတ္ထသင်္ဂဟ, ပစ္စယပရိစ္ဆေဒ-ပညတ်ခန်း၌ “ပညပိယတ္တာ ပညတ္တိ” ကို “သင်္ခါယတိ သမညာယတိ ဝေါဟရီယတိ ပညပီယဟိ”ဟု လေးပုဒ်တို့ဖြင့် ပြထား၏၊ “ပညာပနတော ပညတ္တိ”ကို နာမ နာမကမ္မစသော ပုဒ်တို့ဖြင့် ပြထား၏၊ “လောကသင်္ကေတသိဒ္ဓါ”ဟူသောစကား လည်း “သာယံ ပညတ္တိ ဝိညေယျာ, လောကသင်္ကေတနိမ္မိတာ"နှင့် သဘောတူပင် တည်း၊“ပစ္ဆိမာ နာမပညတ္တိ၊ပေ၊ ပညာပိယန္တိ”ဟူသောစကားလည်း “ဝစိဃောသာ နသာရေန”စသောဂါထာနှင့် သဘောတူပင် ဖြစ်သည်။**ဧတသ္မိံပန အတ္ထေ သတိ** ။ ။[ ဝိရောဓော သိယာ၌ စပ်၊] ဧတ္ထပနသင်္ခါ သမည စသော ဝဒန္တိ ဝါဒ၏အနက်ကို “ဧတသ္မိံ အတ္ထေ သတိ”ဟု ဆိုသည်၊ ဤပါဠိတော် အဋ္ဌကထာ၏အနက်သည် ဝဒန္တိ ဝါဒအတိုင်းဖြစ်လျှင် မာတိကာအဋ္ဌကထာ၌ ဖွင့်ဆို အပ်ခဲ့သော ထိုစကားနှင့် ဆန့်ကျင်စရာရှိသည်-ဟူလို၊ [တေနာတိ မာတိကာဝဏ္ဏနာ ဝစနေန၊ ဣမိဿပါဠိယာ အဋကထာယစ အတ္ထဒဿနဿ တဿ ယထာဝုတ္တဿ အာစရိယဝါဒဿ ဝိရောဓော သိယာ၊-အနု။]ဟိ၊ ချဲ့၊ ဥပ္ပာဒဝယကိစ္စရဟိတဿ၊ ဖြစ်ခြင်း, ပျက်ခြင်းကိစ္စမှ ကင်းသောပညတ်၏၊ ဝစနမတ္တံ၊ သဒ္ဒါမျှကို၊ အဓိကာရံ၊ စွဲမှီရည်စူးမှုကို၊ ကတွာ၊ ပြု၍၊ ပဝတ္တိ၊ ဖြစ်ခြင်းသည်၊ န အတ္ထိ၊ (ကသ္မာ၊) ဥပ္ပာဒါဒိသဟိတဿေဝ၊ ဥပါဒ်အစရှိသည်နှင့်တကွဖြစ်သော ပရမတ္ထတရား ၏သာလျှင်၊ (ဝစနမတ္တံ အဓိကာရ ကတွာ) ပဝတ္တိသဗ္ဘာဝတော၊ ဖြစ်ခြင်း၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်တည်း၊ စ၊ သည်သာမကသေး၊ ဝစန ၊ပေ၊ ဝိမုတ္တဿ၊ သဒ္ဒါ,သဒ္ဒါ၏အနက်မှလွတ်သော၊ နာမဿ၊ နာမည်ကို၊ နိဒ္ဓါရေတွာ၊ အကျယ်ထုတ်ဖော်၍၊ သဟေတုကံ၊ အကြောင်းရှိသည်ကို၊ (သဒ္ဒါ ဖြစ်ခြင်း၏အကြောင်းပဝတ္တိနိမိတ်ရှိသည်ကို၊) ကတွာ, ဝုစ္စမာနတာ၊ ဆိုအပ်သည်၏အဖြစ်သည်၊ န အတ္ထိ၊ အနိဒ္ဓါရိတသဘာဝဿ၊ မထုတ်ပြအပ်သော ပရမတ္ထသဘောရှိသော၊ (ပရမတ္ထအားဖြင့် မထုတ်ပြအပ်သော သဘောရှိသော၊) ပဒတ္ထဿ၊ ပုဒ်အနက်ကို၊ တေန တေန ပကာရေန၊ ထိုထိုအပြားအားဖြင့်၊ ဉာပနမ္ပိ၊ သိစေခြင်းသည်လည်း၊ ဝါ၊ သိစေဖွယ်သည်လည်း၊ န အတ္ထိ၊ ဣတိ၊ ဤကား ဆန့်ကျင်ပုံတည်း။
နဟိ ၊ပေ၊ ဉာပနံ အတ္တီတိ။ ။[တမေဝဝိရောခံ နဟီတိ အာဒိနာ ဝိဝရတိ၊- အနု၊ ဤသို့ အနုဋီကာက ဝိတ္ထာရဝါကျဟု ဆိုထားသော်လည်း ပေးရိုးဖြစ်သော ဒဠှီ ဉာပကဝါကျလည်း ဖြစ်နိုင်၏။] “န ဟိ ၊ပေ၊ သမ္ဘာဝတော”ဖြင့် မာတိကာအဋ္ဌကထာ ဝယ် အဓိဝစနပုဒ်အဖွင့်နှင့် ဆန့်ကျင်ပုံကို ပြ၏၊ ထို၌ ဥပါဒ် ဋ္ဌီ ဘင်နှင့်တကွဖြစ်သော ပရမတ္ထတရားတို့၏ အဒိဝစနဖြစ်ပုံကို ဖွင့်ခဲ့၏၊ ဤဝဒန္တိဝါဒ၌ “ဥပ္ပာဒဝယကိစ္စ ရဟိတာ”ဟု ဆိုသောကြောင့် ပရမတ္တမဟုတ်သော ပညတ်တို့၏အဓိဝစနကို ပြ ထား၏၊ ထို့ကြောင့် ဆန့်ကျင်သည်-ဟူလို ။
နစ ဝစန၊ပေ၊ အတ္ထိ။ ။ဤစကားဖြင့် ထိုမာတိကာအဖွင့်၌ ပြခဲ့သော နိရုတ္တိ ပုဒ်အဖွင့်နှင့် ဆန့်ကျင်၏ဟု ပြ၏၊ ထို၌ နိရုတ္တိကို “နိဒ္ဓါရေတွာ သဟေတုကံ ကတွာ”ဟု ဆိုခဲ့၏၊ သဒ္ဒါ၏ဟောနက်မရှိသော နာမည်သက်သက်မှာ ထုတ်ဖော်စရာအနက်လည်း (သဒ္ဒပ္ပဝတ္တိနိမိတ်ဟူသော အကြောင်းပြစရာလည်း) မရှိသောကြောင့် ထိုအဖွင့် နှင့် ဆန့်ကျင်သည်-ဟူလို။
နာပိ၊ပေ၊ ပညာပနံ အတ္ထိ။ ။ဤစကားဖြင့် ထို၌ဖွင့်ပြခဲ့သော ပညတ္တိ၏အဖွင့် နှင့် ဆန့်ကျင်၏ဟု ပြ၏၊ ပရမတ္ထအားဖြင့် ထုတ်ပြဖွယ်မရှိသော နာမည်သက်သက် ကို အမျိုးမျိုးသော ပကာရအားဖြင့် သိစေဖွယ်အနက် မရှိသောကြောင့် ထိုအဖွင့်နှင့် ဆန့်ကျင်သည်-ဟူလို၊
**အဝိဇ္ဇာမာန ၊ပေ၊ ဝုတ္တာတိစ**။ ။ “အာစရိယတို့ ပြအပ်သော ဥပါဒါပညတ္တိ, နာမပညတ္တိနှစ်ပါးသည် အဋ္ဌကထာ၌ ပြအပ်သော ပညတ်ခြောက်ပါးတွင် ပါဝင်သည် မဟုတ်ပါလော”ဟု စောဒနာသည်၊ [ပညာသိတဗ္ဗ-ဥပါဒါပညတ်, ပညာပန-နာမ ပညတ်၊ ဤနှစ်ပါးလုံးသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိရာ၌ အဝိဇ္ဇမာနပညတ် ဟူသောစကားဖြင့် ထိုပညတ်နှစ်မျိုးလုံးကို ဆိုအပ်ပြီး မဟုတ်ပါလော၊ ထင်ရှားရှိသော အနက်ကို ပညတ်ရာ၌လည်းကောင်း, ထင်ရှားရှိနှင့် ထင်ရှားမရှိရောကိုရော၍ ပညတ် ရာ၌လည်းကောင်း, နာမပညတ်ကို ဝိဇ္ဇမာနပညတ်, ဝိဇ္ဇမာနေနေ အဝိဇ္ဇမာနပညတ်စသော ပညတ်ငါးမျိုးတို့ဖြင့် ဆိုအပ်ပြီး မဟုတ်ပါလော’ဟူလို၊ ယထာဝုတ္တာဖြင့် ဆိုအပ်ပြီးသော ဝိဇ္ဇမာနပညတ်စသော နာမည်ပညတ်ငါးမျိုးကို ညွှန်ပြသည်။**န, အသိဒ္ဓတ္တာ**။ ။ထိုသို့ မဆိုအပ်ပါ, ဘာ့ကြောင့်နည်း၊ အဝိဇ္ဇမာနပညတ်စသော စကားဖြင့် ထိုအနက်၏မပြီးစီးနိုင်သောကြောင့်တည်း၊ အသိဒ္ဓဖြစ်ပုံ အကျယ်ပြလို၍ “သတိဟိ”စသည်ကို မိန့်သည်၊ ဥဇုက (တိုက်ရိုက်လည်း)ဖြစ်သော ပါဠိအနုဂတ (ပါဠိသို့ အစဉ်လိုက်သည်လည်းဖြစ်သော)-ပုရိမအတ္ထ (ရှေ့၌ပြဆိုအပ်သောအနက်) ရှိပါလျက် “တိုက်ရိုက်မဟုတ်သော ထိုပညတ်နှစ်ပါးဟူသော အနက်ကို ဤပုဂ္ဂလပညတ် အဋ္ဌကထာက ဆိုအပ်၏”ဟူသော အနက်အဓိပ္ပာယ်သည် မပြီးစီးနိုင်ပါ-ဟူလို။**ပါဠိအနုဂတဖြစ်ပုံ**။ ။ရုပ် ဝေဒနာစသော အနက်သည် ဝိဇ္ဇမာနဟူသော ပါဠိ အားလျော်စွာ အမှန်ထင်ရှားရှိ၏၊ သတ္တ-ရထစသောအနက်သည် အဝိဇ္ဇမာနဟူသော ပါဠိအားလျော်စွာ အမှန်ထင်ရှား မရှိ၊ ပါဠိအားလျော်သော အမည်ဖြစ်သောကြောင့် ဥဇုကတ္ထ-တိုက်ရိုက်သိအပ်သော အနက်လည်းဖြစ်သည်။**ယဒိစ၊ပေ၊ ဝတ္တတဗ္ဗာ**။ ။အာစရိယဝါဒ၌ လဒ္ဓဒေါသကို ပြလို၍“ယဒိစ”စသည် ကို မိန့်၊ သတ္တ (သတ္တဝါ)ဟူသော ပညတ် ၊ပေ၊ နိရောဓသမာပတ်ဟူသော ပညတ်, ဤပညတ်များသည် ခန္ဓာငါးပါးအပေါင်းစသည်ကို စွဲ၍ ပညတ်အပ်သောကြောင့် ဥပါဒါပညတ်လည်းဖြစ်၏၊ သတ္တဝါစသော နာမည်ပညတ်က ထင်ရှားမရှိသောကြောင့် အဝိဇ္ဇမာနပညတ်လည်း ဖြစ်၏၊ [ဤအာစရိယဝါဒအလို “အဝိဇ္ဇမာနာ စ+သာ+ပညတ္တိ စာတိ”ဟု ပြုရမည်၊] ထိုဥပါဒါနပညတ်သည် အဝိဇ္ဇမာနပညတ်ဖြစ်လျှင် ထို ဥပါဒါပညတ်ကို “ရှိသည်”ဟုပင် မဆိုထိုက်၊ ထို့ကြောင့် အဝိဇ္ဇမာနပညတ္တိ ဟူသောစကားဖြင့် ဥပါဒါပညတ်ကို ဆိုသည်ဟု အာစရိယဝါဒက ဆိုလိုသည်။ယထာစ၊ပေ၊ သိယာ။ ။ဆိုအပ်ပြီးသောအယူ၌ အပြစ်ပြသောစကားတည်း၊ ထိုအယူအတိုင်းသာမှန်လျှင် “ပညတ္တိပတာ”ဟူသော နောက်ပုဒ်အရ ဓမ္မတို့သည်၊ ထင်ရှားရှိရကား ထိုဓမ္မတို့ကို ပညတ်(နာမည်တပ်)အပ်သောအမည်လည်း ဝိဇ္ဇမာန ပညတ်ဖြစ်ရပေလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းကြောင့် “သဗ္ဗေ ဓမ္မာ ပညတ္တိ”ဟု ပညတ္တိပထပုဒ် အရနှင့် မထူးသော ပညတ္တိဓမ္မနိဒ္ဒေသကို ဟောတော်မူစရာရှိသည်၊ ထိုသို့ ဟောတော်မူ ရသဖြင့် ပညတ္တိဓမ္မနှင့်ပညတ္တိပထတို့အရ မပြားခြင်းဟူသော အပြစ်ရှိသည်-ဟူလို။သင်္ခါဒိနိဒ္ဒေသော၊ သင်္ခါအစရှိသော နိဒ္ဒေသသည်၊ (အာဒိဖြင့် သမညာ စသော ပညတ္တိနိဒ္ဒေသကို ယူ၊)
ပညာ၊ပေ၊ ဒဿနတ္ထော၊ ပညာပိတဗ္ဗဥပါဒါ ပညတ်,ပညာပနနာမပညတ် နှစ်ပါး၏အထူးကို ပြရခြင်းအကျိုးရှိ၏၊
(ဣတိ၊ သို့၊)
အထ(ဝဒေယျ)၊ အကယ်၍ဆိုအံ့၊[အချို့စာအုပ်၌ အထာပိရှိ၏၊ နောက်၌ တထာပိဟု ရှိသောကြောင့် မကောင်း၊]
တထာပိ၊ ထိုသို့ ဆိုပါသော်လည်း၊
ဧကော ဓမ္မော၊ တစ်ခုသောတရားသည်၊
သဗ္ဗဓမ္မေသု၊ တို့၌၊
နိပတတိ၊ ကျရောက် ၏၊
သဗ္ဗဓမ္မာ၊ တို့သည်၊
ဧကဓမ္မသ္မိံ၊ ၌၊
နိပတန္တိ၊ န်၏၊
ဣတိအာဒိနာ၊ ဖြင့်၊
ပညာပိတဗ္ဗာနံ၊ ပညာပိတဗ္ဗတရားတို့၏၊
ပညတ္တိပထဘာ၀ဿ၊ ပညတ္တိပထ၏ အဖြစ်၏၊
ဝါ၊ ကို၊
ဒဿိတတ္တာ၊ ပြအပ်ပြီး၏အဖြစ်ကြောင့်၊ (အဋ္ဌကထာ၌ ပြထားသောကြောင့်၊)
ပညာပိတဗ္ဗာနံ၊ ပညာပိတဗ္ဗတရားတို့၏၊
ပညတ္တိဘာဝေ၊ ပညတ်၏အဖြစ်သည်၊
(သတိ၊ သော်၊)
ပညတ္တိပထာ၊ ပညတ္တိပထတရားတို့ကို၊
ပညတ္တိသဒ္ဓေနေဝ၊ ပညတ္တိသဒ္ဒါဖြင့်ပင်၊
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ၊
ဣတိ၊ ကြောင့်၊
ပညတ္တိပထပဒံ၊ ပညတ္တိပထပုဒ်သည်၊
ဝါ၊ ကို၊
န ဝတ္တဗ္ဗံ၊ ဟောတော် မမူထိုက်သည်၊ သိယာ၊
သင်္ခါနိဒ္ဒေသော၊ သည်၊
ပညာ ၊ပေ၊ ဒနဿတ္ထော၊ အကျိုးရှိ၏၊
ဣတိ၊ သို့၊
ဝတ္ထုပိ၊ ဝှာလည်း၊ န သက္ကာ၊
(ကသ္မာ), သင်္ခါဒိသဒ္ဒါနံ၊ သင်္ခါအစရှိသောသဒ္ဒါတို့၏၊
သမာနတ္ထတ္တာ၊ တူသောအနက် ရှိကုန်သည်၏ အဖြစ်ကြောင့်တည်း၊
အထ၊ပေ၊ န ဝတ္တဗ္ဗံ သိယာ။ ။ [အခြားပုဂ္ဂိုလ်က စောဒနာခြင်း မဟုတ်ဘဲ ပရိဟာရ (ဋီကာ)ဆရာကိုယ်တိုင် စောဒနာဖွယ်ကို ပြသည်၊] ပညတ္တိပုဒ်၏နိဒ္ဒေသ၌ သင်္ခါစသော ဆယ်ပုဒ်ကိုပြတော်မူ၏၊ ထိုတွင် ရှေ့လေးပုဒ်သည် ပညာပိတဗ္ဗပညတ် ကို ပြ၍ နောက်ခြောက်ပုဒ်သည် ပညာပနပညတ်ကို ပြသောကြောင့် ပညာပိတဗ္ဗ ပညာပန နှစ်မျိုးအထူးကို ပြရခြင်းအကျိုးရှိပါသည်ဟု ဆိုအံ့။
ထိုသို့ ဆိုသော်လည်း “ဧကော ဓမ္မော ၊ပေ၊ နိပတန္တိ”စသည်ဖြင့် ပညတ်ထိုက်သော တရားအားလုံးတို့၏ ပညတ္တိပထအမည်ကို ပြပြီးဖြစ်သောကြောင့် ဒုတိယပုဒ်အရ ပညာပိတဗ္ဗအားလုံးသည် (ဝိဇ္ဇာမာနပညတ်ဟု ဆိုအပ်သော အာစရိယတို့၏အလိုအရ) ပညတ္တိအမည် ရနေလျှင် ဒုတိယပုဒ်အရ ပညတ္တိပထဓမ္မတို့ကို ပညတ္တိဟူသော ပဌမပုဒ်က ဟောအပ်ကုန်ပြီးဖြစ်နေ၏၊ ထို့ကြောင့် “ပညတ္တိပထာ”ဟူသော ဒုတိယပုဒ် သည်ပင် ဟောဖွယ်မလိုရာ ရောက်နေသည်၊ [ဧကောဓမ္မော စသည်တို့၏အဓိပ္ပာယ်မှာ အဋ္ဌကထာ၌ တိုက်ရိုက်လာလိမ့်မည်။]
နာပိ၊ပေ၊ သမာနတ္တတ္တာ။ ။ “အထ ပညာပိတဗ္ဗ ပညာပနဝိသေသ ဒဿနတ္ထော သင်္ခါဒိနိဒ္ဒေသော”ဟူသော ရှေ့စကားကိုပင် “ထိုသို့ ကြံဖွယ်မရှိ”ဟု ပယ်လို၍ “နာပိ”စသည်ကို မိန့်သည်၊ ပါဠိတော်၌လာသော သင်္ခါသမညာစသော သဒ္ဒါဆယ်မျိုး လုံးပင် နာမည်ပညတ်ဟူသော အနက်အားဖြင့် အနက်တူသဒ္ဒါများ ဖြစ်ရကား သင်္ခါစသော နိဒ္ဒေသဆယ်မျိုးသည် ပညာပိတဗ္ဗပညတ် ပညာပနပညတ်ကို ပြသည် ဟု အထူးပြရခြင်းအကျိုးရှိ၏ဟု ဆိုခြင်းငှာလည်း မတတ်ကောင်းပါ။
**ဝုတ္တံဟိ ၊ပေ၊ အာဒိ** ။ ။သင်္ခါသမညာစသော နိဒ္ဒေသဆယ်ပုဒ်တို့၏အနက် အရတူကြောင်းကိုပြသော သာဓကတို့တည်း၊ ထိုတွင် “မရဏေနပိ”စသော သာဓက သည် မဟာနိဒ္ဒေသ-ဇရာသုတ္တနိဒ္ဒေသ ပါဠိတော်တည်း၊ ထို၏နိဒ္ဒေသ၌ “တံတိ ရူပဂတံ ၊ပေ၊ ဝိညာဏဂတ်”ဟုလည်းကောင်း, ပုရိသောတိ သင်္ခါ ၊ပေ၊ အဘိလာပေါ” ဟုလည်းကောင်း ဖွင့်သည်၊ မာဂဏ္ဍိယာတိစသောပါဠိလည်း မဟာနိဒ္ဒေသ-မာဂဏ္ဍိယ သုတ္တနိဒ္ဒေသပင်တည်း၊ ထိုနိဒ္ဒေသ၌ ပုရိသောကို “သင်္ခါသမညာ”စသော ပုဒ်ဆယ် မျိုးတို့ဖြင့် ဖွင့်ပြ၏၊ ထို့ကြောင့် “သင်္ခါသမည”စသော ပုဒ်ဆယ်မျိုးသည် ပုရိသော ဟူသောနာမည်ကို ဟောခြင်းအားဖြင့် အနက်တူ၏၊ မာဂဏ္ဍိယောကိုလည်း “သင်္ခါ သမညာ"စသော ပုဒ်ဆယ်မျိုးဖြင့် ဖွင့်ပြထား၏၊ မာဂဏ္ဍိဟူသောအမည်သည် သင်္ခါ စသော ဆယ်မျိုးလုံး၏နာမည်တည်းဟု ဆိုလိုသည်။စ၊ ဆက်၊
အယံ၊ ဤအနက်ဒြဗ်သည်၊
ဣတ္ထန္ဒာမေ၊ ဤအမည်ရှိ၏၊
ဣတိ၊ သို့၊
သင်္ကေတဂ္ဂဟဏံ၊ အမှတ်အသားကို ယူခြင်းကိုလည်းကောင်း၊
ရုပံ၊ပေ၊ ဂ္ဂဟဏဉ္စ၊ ရူပံ တိဿောအစရှိသောစကားသံကို ယူခြင်းကိုလည်းကောင်း၊ (စကားသံကို ကြားရခြင်းကိုလည်းကောင်း၊)
မုဉ္ဇိတွာ၊ လွှတ်၍၊
အညဿ၊ အခြားသော၊
အသိဒ္ဓသဘာဝဿ၊ မထင်ရှားသော သဘောရှိသောပညတ်၏၊
အတ္ထပညာပနေ၊ အနက်ကို သိစေခြင်း၌၊
သမတ္တတာ၊ စွမ်းနိုင်သည်၏အဖြစ် သည်၊
န သမ္ဘဝတိ၊ မဖြစ်သင့်၊
တေသံစ၊ ထိုသင်္ဂဟတဂ္ဂဟဏ, ဝစနဂ္ဂဟဏ တို့၏လည်း၊ (အတ္တပညာပနေ-၌၊)
အသမတ္ထတာ၊ မစွမ်းနိုင်ကုန်သည်၏ အဖြစ်သည်၊ (န သမ္ဘဝတိ၊)
နစ၊ပေ၊သမတ္ထတာ သမ္ဘဝတိ။ ။[အညဿာတိနာမပညတ္တိ သန္ဓာယာဟ၊- အနု] “ဤတရားသည် ရုပ်အမည်ရှိ၏၊ ဤတရားသည် ပထဝီအမည်ရှိ၏၊ ဤသူ သည် တိဿအမည်ရှိ၏" ဤသို့ ရှေးကမှတ်သားထားခြင်းကို “သင်္ကေတဂ္ဂဟဏ- (အမှတ်အသားကို ယူခြင်း)”ဟု ခေါ်၏၊ ရူပံဟုလည်းကောင်း, ပြောဆိုအပ်သော စကားသံကို ယူ ခြင်း, ကြားခြင်းကို “ဝစနဂ္ဂဟဏ”ဟု ဆို၏၊ ထိုသင်္ကေတဂ္ဂဟဏ ဝစနဂ္ဂဟဏနှစ်မျိုးကို လွှတ်၍ (ထိုနှစ်မျိုးမရှိဘဲ) မည်သည့်နာမည်ပညတ်မျှ အနက်ကို သိစေနိုင်သောအစွမ်း မရှိပါ။
တေသံ စ အသမတ္ထတာ။ ။[တေသန္တိ သင်္ကေတဂ္ဂဟဏဝစနဂ္ဂဟနံ၊ - - အသမတ္ထတာ န သမ္ဘဝတီတိ ယောဇနာ၊-အနု၊] ထိုနှစ်မျိုးရှိလျှင်လည်း အနက်ကို သိစေခြင်း၌ မစွမ်းနိုင်ဘဲ မဖြစ်တော့၊ (ဧကန် စွမ်းနိုင်တော့သည်သာ၊) [“နစ ၊ပေ၊ အသမတ္ထတာ”ဟူသော ဤစကားနှစ်ရပ်သည် “သောတာလမ္ဗနမာပန္နော”စသည်ဖြင့် ဘေဒစိန္တာ၌လာသော ဂါထာအသွားနှင့် သဘောတူပင် ဖြစ်သည်။]
ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့၊
(တစ်နည်း၊) ဟိ၊ ချဲ့၊
တေသံ၊ ထို သင်္ကေတဂ္ဂဟဏ ဝစနဂ္ဂဟဏတို့၏၊
ပညတ္တိယာ၊ ပညတ်နှင့်၊
ဝိနာ၊ ကင်း၍၊
အတ္ထပညာပနေ၊ ၌၊
အသမတ္တတာ၊ သည်၊ ယဒိ သိယာ၊ (ဧဝံသတိ၊)
ပညတ္တိပညာပနေစ၊ ပညတ်ကို အပြားအားဖြင့်သိစေခြင်း၌လည်း၊
အသမတ္ထတာ၊ သည်၊ (သိယာ၊)
ဣတိ၊ ကြောင့်၊
တဿာ၊ ထိုပညတ်၏ ၊
အညာ၊ အခြားသော၊
ပညတ္တိ၊ နာမည်ပညတ်တစ်မျိုးတည်း၊
ဝတ္တဗ္ဗာ၊ ဆိုထိုက်သည်၊ သိယာ၊
တဿာ၊ ထိုဒုတိယပညတ်တစ်မျိုး၏၊
(အညာ၊ သော၊
ပညတ္တိ၊ နာမည်ပညတ်တစ်မျိုးသည်၊ ဝတ္တဗ္ဗာ သိယာ၊)
တဿာ၊ ထိုတတိယပညတ် တစ်မျိုး၏၊(အညာ ပညတ္တိ ဝတ္တဗ္ဗာ သိယာ၊)
ဣတိ၊ ဤသို့လျှင်၊
အနဝဋ္ဌာနံ၊ မတန့်မရပ်နိုင်ခြင်းသည်၊
ဝါ၊ မပြီးမပြတ်နိုင်ခြင်းသည်၊ (သိယာ၊) [“တဿာ တဿာ”ဟူသောဝိစ္ဆာဖြင့် နောက်ထပ်ပညတ်တွေ မဆုံးနိုင်ကြောင်းကိုပြသည်၊ “အဝ-ဆုံးဖြတ်သောအားဖြင့်+ဌာနံ- တည်ခြင်း၊]
တတော၊ ထိုသို့ မပြီးပြတ်နိုင် ခြင်းကြောင့်၊
အတ္ထဝိဇာနနမေ၀၊ မူလအနက်ကို သိခြင်သည်ပင်၊
န သိယာ၊ မဖြစ်တော့ရာ၊
သင်္ကေတဿ၊ သင်္ကေတ၏၊
ပညတ္တိဘာဝေ၊ ပညတ္တိ၏အဖြစ်သည်၊
(သတိ၊ သော်၊)
အယံ၊ ဤအနက်သည်၊
ဣမဿ ဘာသိတဿ၊ ဤ ပြောဆိုအပ်သောစကား၏၊
အတ္ထော၊ အနက်တည်း၊
ဣတိဝါ၊ ဤသို့သော် လည်းကောင်း၊
ဣမဿ အတ္ထဿ၊ ဤအနက်ကို၊
ဣဒံ ဝစနံ၊ ဤသဒ္ဒါသည်၊
ဇောတကံ၊ ထွန်းပြတတ်၏၊ ခွန်းပြတတ်၏။ (ဟောတတ်၏။) )
ဣတိဝါ၊ သို့သော်လည်းကောင်း၊
သင်္ကေတဂ္ဂဟဏံပိ၊ သင်္ကေတကို ယူနိုင်ခြင်းသည်လည်း၊
န (ဟောတိ)၊ မဖြစ်နိုင်၊
ယဒိ ဟိ၊ပေ၊အသမတ္ထတာတိ
။ ။တမေဝ အသမ္ဘဝံ ယဒိဟီတိအာဒိနာ ဝိဝရတိ၊- အနု၊] သင်္ကေတဂ္ဂဟဏ ဝစနဂ္ဂဟဏ နှစ်မျိုးရှိပါလျက် နာမည်ပညတ် မပါသော ကြောင့် အနက်ကို ထင်ရှားမပြနိုင်ဟုဆိုလျှင် (နာမည်ပညတ်လည်း ပြောဆိုအပ်သော စကားသံ၏အနက်ပင် ဖြစ်ရကား) နာမည်ပညတ်ကိုလည်း ထိုနှစ်မျိုးက ထင်ရှား မပြနိုင်ရာရောက်၏၊ ထိုသို့ မပြနိုင်ခြင်းကြောင့် …
တဿာ၊ပေ၊ န သိယာ။ ။ထိုနာမပညတ်ကို သိဖို့ရာ ထိုနာမပညတ်မှာလည်း အခြား နာမည်ပညတ်တစ်မျိုး မှည့်ရပေလိမ့်မည်၊ တစ်ဖန် ထိုဒုတိယနာမည်မှာလည်း တတိယနာမည်ပညတ်တစ်မျိုး ရှိရပေလိမ့်မည်၊ ဤနည်းအားဖြင့် နာမည်ပညတ် အသစ်အသစ်တွေ မပြီးပြတ်နိုင်ဘဲ ရှိပေလိမ့်မည်၊ ထိုသို့ မပြီးပြတ်လျှင် မူလဆိုလိုရင်း အနက်ကိုပင် သိနိုင်တော့မည် မဟုတ်ရာ။
နာပိ၊ပေ၊ ပညတ္တိဘာဝေ။ ။“သင်္ကေတ”ဟူသည် အရာဝတ္ထု အထင်အရှားမရှိ၊ မှတ်သားအပ်သော အရာဝတ္ထုကိုလည်းကောင်း, ထိုဝတ္ထုကို မှတ်သားခြင်းကိုလည်း ကောင်း စွဲ၍ ခေါ်ဝေါ်အပ်သော ဝေါဟာရများသာတည်း၊ ဥပမာ-“ကသိုဏ်း”ဟု ခေါ်ဝေါ်ရာ၌ မြေဝိုင်းစသော အဝန်းအပိုင်း စသည်ကိုလည်းကောင်း, ဘာဝနာအထူးကို လည်းကောင်း စွဲ၍ “ကသိုဏ်း”ဟူသော ဝေါဟာရဖြစ်သကဲ့သို့တည်း ဤသို့ အချို့က ယူကြ၏၊ ထိုအယူအတိုင်းဆိုလျှင် သင်္ကေတလည်း ပညတ်ပင်ဖြစ်ရကား ထိုသင်္ကေတကိုလည်း နာမည်ပညတ်မပါဘဲ မယူနိုင်, မသိနိုင်ဘဲရှိရာ၏။
မှတ်ချက်။ ။“အယံ ဣမဿ၊ပေ၊ ဇောတကံတိဝါ"တို့ကား နာပိ သင်္ကေတဂ္ဂဟဏံ ဝယ် သင်္ကေတယူပုံကို ပြသော အာကာရဝါကျတည်း၊ အတ္ထောတိဝါ ဇောတကန္တိဝါတိ ဣဒံ သင်္ကေတဂ္ဂဟဏန္တိ ဧတေန သမ္ဗန္တိတဗ္ဗ၊-မဓု။
**ဝစန၊ပေ၊ ယောဇနံ နတ္ထိ**။ ။ရူပံ, ဝေဒနာ, တိဿာစသောသဒ္ဒါ, ထိုသဒ္ဒါ၏ အနက်ဖြစ်သော ရုပ်, ဝေဒနာ, တိဿအမည်ရှိသူ, ဤသို့ ဝစနနှင့် ဝစနတ္ထနှစ်မျိုးသာ လိုရင်းဖြစ်၏၊ နာမည်ပညတ်ဆိုတာ ရုပ်,ဝေဒနာ,တိဿစသော ဝစန(စကား)ပင် ဖြစ်၍ ရုပ်တရာ, ဝေဒနာတရား, တိဿမည်သူတို့မှာ ထိုစကား၏အနက် (ဝစနတ္ထ)များ ဖြစ်သောကြောင့် ထိုနှစ်မျိုးမှ အလွတ်ဖြစ်သော အမှတ်သညာ ဖြစ်ရုံမျှဖြစ်သော သင်္ကေတကို ကြံခြင်းသည် အပိုအလုပ်မျှဖြစ်၍ အကျိုးမရှိပါ-ဟူလို။**ဗုဒ္ဒဿ၊ပေ၊ သိဒ္ဓေါ**။ ။ဤပါဠိသုံးရပ်သည် နာမပညတ်နှင့် စကားသံဝစနတို့၏ အဓိပ္ပာယ် အရတူကြောင်းကို ပြီးစေသော သာဓကတို့တည်း၊ မှန်၏-ပဌမပါဠိ၌ “ဝေါဟာရသည် သောတပသာဒ၌ ထိခိုက်၏”ဟု ဆိုသဖြင့် ဝေါဟာရဟူသည် စကားသံ(ဝစန)ပင်ဖြစ်ကြောင်း သက်သေရ၏၊ ဒုတိယပါဠိ၌ “နာမဓေယျံ သုတ” ဟု ဆိုသဖြင့် နာမ,နာမကမ္မ,နာမခေယျတွင် ပါဝင်သော နာမခေယျ (နာမည်ပညတ်)နှင့် ကြားအပ်သော စကားသံသည် သဘောတူဖြစ်၏ဟု သိရပြန်၏၊ တတိယပါဠိ၌ “နာမဉ္စ သာဝေတိ”ဟု ဆိုသဖြင့် နာမဟူသော နာမည်ပညတ်သည်ပင် ကြားစေအပ် သော စကားသံသဒ္ဒဖြစ်ကြောင်း ထင်ရှားပြန်၏၊ အာဒိဖြင့် “အတ္ထိ ကေစိ ဗုဒ္ဓဿ ဘဂဝတော ဝေါဟာရံ သုဏန္တိ”ဟူသော ပါဠိ, နိရုတ္တိ ပဋိသမ္ဘိဒါ ပစ္စုပ္ပန္နာရမဏာ” ဟူသော ပါဠိများကို ယူပါ-ဟု အနုဋီကာ မိန့်သည်။**တသ္မာ ၊ပေ၊ ဂဟေတဗ္ဗော**။ ။တသ္မာဖြင့် ဆိုအပ်ပြီးသော အပြစ်တို့ကို ပြန်ညွှန်ပြသည်၊ အာစရိယဝါဒအရ ပညာပိတဗ္ဗပညတ်, ပညာပနပညတ် နှစ်မျိုးကို ယူလျှင် မာတိကာအဋ္ဌကထာနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း, အဋ္ဌကထာ၌ မဖွင့်ဆိုခြင်း ဤပါဠိတော်၌ သင်္ခါ သမညာစသော နာမည်ပညတ်ကိုသာ ဟောတော်မူသောကြောင့် ထိုနှစ်ပါးသော ပညတ်၏ဤပါဠိတော်သို့ အစဉ်မလိုက်ခြင်း, (ပညတ္တိဓမ္မအရ အတ္ထ ပညတ်တို့ကိုပါ ယူလျှင်) ပညတ္တိပထပုဒ်ကို ဟောဖွယ်မလိုတော့ခြင်း, (နာမပညတ်ပါမှ အနက်ကို သိရမည်ဆိုလျှင်) နာမည်ပညတ်တွေ မပြီးမပြတ်နိုင်ဘဲ အထပ်ထပ် လာစရာ ရှိခြင်း, မူလ အနက်အဓိပ္ပာယ်ကိုပင် သိနိုင်ဖွယ် မရှိတော့ခြင်းဟူသော များစွာသော အပြစ်တို့ကိုလည်းကောင်း, (ဝိညတ်ဟူသော ဝိကာရရုပ်နှင့် တကွဖြစ်သော သဒ္ဒရုပ် နာမည်ပညတ်ကို ပညတ္တိပုဒ်အရ ကောက်ယူလျှင်) ဆိုအပ်ခဲ့သော ထိုအပြစ်တို့ မရှိ ခြင်း, ပါဠိတော်များစွာနှင့် လိုက်လျောခြင်းကိုလည်းကောင်း တသ္မာဖြင့် ပြန်ညွှန်သည်၊ ဤသို့လျှင် ပါဠိတော်အဋ္ဌကထာနှင့် မဆန့်ကျင်အောင် ပညတ္တိဓမ္မအရ ဝိညတ္တိဟူသော ဝိကာရရုပ်နှင့် တကွဖြစ်သော သဒ္ဒရုပ်ကိုပင် နာမည်ပညတ်ဟု ခေါ်ရသောကြောင့် ထိုသဒ္ဒရုပ် နာမည်ပညတ်ကို ပညတ္တိပုဒ်အရ ကောက်ပါ၊’ဟူလို။**ယဒိ ၊ပေ၊ အဝိဇ္ဇမာနပညတ္တိနာမ**။ ။ရှေ့၌ ပရဝါဒီပုဂ္ဂိုလ်၏အလိုကို ပြရာဝယ် “ယဒိ သတ္တရထဃဋာဒိ၊ပေ၊ အဝိဇ္ဇမာနပညတ္တိ"ဟုဆို၍ ထိုစကားကို သကဝါဒီက ပယ်ခဲ့၏၊ ထိုသို့ ပယ်ခဲ့သည်ကို မကျေနပ်၍ “ယဒိ၊ပေ၊ အဝိဇ္ဇမာနပညတ္တိ နာမ- သတ္တရထ စသောပညတ်တို့သည် အဝိဇ္ဇမာနပညတ် မဟုတ်လျှင် အဘယ်ပညတ်သည် အဝိဇ္ဇမာနပညတ် မည်သနည်း”ဟု ပရဝါဒီက ပြန်၍ မေးသည်။**ပကာသိတော ၊ပေ၊ ပညတ္တီတိ**။ ။ အဝိဇ္ဇမာနဖြစ်သော သတ္တရထ စသည်တို့ ၏ သင်္ခါသမညာစသော အမည်ကိုသာ အဝိဇ္ဇမာနပညတ်ခေါ်သည်ဟူသော အဓိပ္ပာယ် ကို “အဝိဇ္ဇမာနဿစ သင်္ခါ သင်္ခါဒိတာ အဝိဇ္ဇမာန ပညတ္တိ"ဟူသော စကားဖြင့် ပြခဲ့ပြီး မဟုတ်ပါလော၊ “အသင်က နာမည်ကို အဝိဇ္ဇမာနပညတ်”ဟု မဆိုဘဲ “သတ္တဝါဒြဗ်ကို အဝိဇ္ဇမာနပညတ်"ဟု ဆိုခဲ့သောကြောင့် အသင့်စကားကို ပယ်ရှားခဲ့ရသည်-ဟူလို။ စ၊ ဆက်၊
သတ္တာဒီနံ၊ သတ္တအစရှိသည်တို့၏၊
အဝိဇ္ဇမာနတ္တာ၊ အဝိဇ္ဇမာန တို့၏ အဖြစ်ကြောင့်၊
အတ္ထိတာ၊ ရှိကုန်သည်၏အဖြစ်ကို၊
နေဝဝတ္တဗ္ဗာ၊ မဆိုထိုက်သည်သာ၊
စ၊ ဆက်၊
ယေစ၊ အကြင်ပရဝါဒီပုဂ္ဂိုလ်တို့သည်လည်း၊ ဝဒေယျုံ၊ (ကိ ၊)
ရူပါဒီနိ၊ ရုပ် အစရှိသည်တို့သည်၊ (ဝိဇ္ဇမာနာနိ)
ဝိယ၊ ထင်ရှားရှိကုန်သကဲ့သို့၊
(တထာ,သတ္တာဒီနံ၊ တို့၏၊)
အဝိဇ္ဇမာနတ္တာ၊ ကြောင့်၊
အဝိဇ္ဇမာနတာ၊ အဝိဇ္ဇမာန၏အဖြစ်ကို၊
ဝုတ္တာ၊ ပြီ၊
နတ္ထိဘာဝတော၊ လုံးလုံး မရှိသည်၏အဖြစ်ကြောင့်၊
န (ဝုတ္တာ)၊ ဆိုအပ်သည် မဟုတ်၊
ဣတိ၊ သို့၊ (ဝဒေယျုံ၊)
စ၊ ဆက်၊
အယဉ္စ ဝါဒေါ၊ ဤဝါဒကိုလည်း၊
ဟေဝတ္ထိကထာယ၊ ဟေဝတ္ထိကထာ၌၊
ပဋိသိဒ္ဓေါ၊ တားမြစ်အပ်ပြီ၊
စ၊ ဆက်၊
ရူပံ၊ ရုပ်သည်၊
ဝေဒနာ၊ သည်၊
န ဟောတိ၊ မဟုတ်၊
ဣတိ၊ ကြောင့်၊
အဝိဇ္ဇမာနံနာမ၊ အဝိဇ္ဇမာနမည်သည်၊
န ဟောတိ (ယထာ)၊ မဖြစ်နိုင်သကဲ့သို့၊
သတ္တာဒီနဉ္စ ၊ပေ၊ ဝတ္တဗ္ဗာ။ ။သတ္တ ရထ ဃဋ စသည်တို့သည်ပရမတ္ထ အားဖြင့် ထင်ရှားမရှိသောကြောင့် “ရှိသည်”ဟု ဘယ်ကာလ၌မျှ မဆိုရာ၊ ဤစကားဖြင့် “အဝိဇ္ဇမာနဿ+ပညတ္တိ အဝိဇ္ဇာမာနပညတ္တိ”ဟူသော ဝိဂ္ဂဟကို ပြသည်။
ယေစ၊ပေ၊ ဝဒေယျုံ။ ။ ပရဝါဒီပုဂ္ဂိုလ်တို့က ဆိုကြသည်မှာ‘ရုပ်သည် ရုပ်အဖြစ် ဖြင့်သာရှိ၍ (ဝေဒနာအစရှိသည်အဖြစ်ဖြင့် မရှိခြင်းကို ရည်ရွယ်၍) ရုပ်ကို မရှိဟု ဆိုရ သကဲ့သို့(ဝေဒနာစသော ခန္ဓာတို့၌ နည်းတူဆိုရကဲ့သို့) သတ္တ ရထ ဃဋ စသည်တို့လည်း သတ္တအဖြစ် ဃဋအဖြစ် စသည်မှတစ်ပါး အခြားသောအဖြစ်ဖြင့် မရှိသောကြောင့်သာ အဝိဇ္ဇမာနအဖြစ်ကို ဆိုအပ်ပါသည်၊ န နတ္ထိဘာဝတော- လုံးလုံးမရှိ၊ (ဘယ်နည်းနှင့်မျှ မရှိ)သောကြောင့် မရှိဟု ဆိုအပ်သည် မဟုတ်ပါ၊ ဤသို့ ဆိုကြပါသည်။
အယဉ္စ ဝါဒေါ ။ ။သတ္တ ရထ ဃဋ ပညတ်တို့သည် ထင်ရှားရှိပါလျက် ရုပ် ဝေဒနာ စသည်တို့၏အဖြစ်ဖြင့် မရှိသောကြောင့်သာ “အဝိဇ္ဇမာန”ဟု ဆိုအပ်ကြ၏။ အခါခပ်သိမ်း (ဘယ်နည်းနှင့်မျှ) ထင်ရှားမရှိသောကြောင့် “အဝိဇ္ဇမာန”ဟု ဆိုအပ်ကြ သည် မဟုတ်”ဟူသော ဝါဒကို “အယဉ္စဝါဒေါ”ဟု ဆိုသည်။
ဟေဝတ္ထိကထာယ။ ။“ရူပံ အတ္ထိ- ရုပ်ရှိသလော”ဟု သကဝါဒီက မေးသော အခါ “သောဝ အတ္ထိ-ထိုရုပ်ဟူင ဟူသော သဘောတရားသည် ရှိ၏၊ သောဝ နတ္ထိ-(ထို ရုပ်က ထိုဝေဒနာစသည် မဖြစ်နိုင်သောကြောင့်)ထိုဝေဒနာစသော သဘောသည် မရှိ" ဤသို့စသည်ဖြင့် ကထာဝတ္ထု-မဟာဝဂ္ဂအဆုံး၌လာသော ကထာကို “သောဝတ္ထိ ကထာ”ဟု ခေါ်၏။ (ယခုစာအုပ်များ၌ “သောဝတ္တိကထာ”ဟု တွေ့ရသည်။]
ပဋိသိဒ္ဓေါ။ ။“ရုပ်သည် ရုပ်အဖြစ်ဖြင့်ရှိ၏၊ ဝေဒနာစသောအဖြစ်ဖြင့် မရှိ၊”ဟု ဆိုရာ၌ ရုပ်သည် ရုပ်အဖြစ်ဖြင့်ရှိတာ အမှန်ဖြစ်၏၊ သတ္တရထ စသည်တို့ကား သတ္တာအဖြစ် ရထအဖြစ် စသည်ဖြင့် ထင်ရှားမရှိ၊ ပညတ်သဘောအားဖြင့်သာ “ရှိသည်”ဟု ဆိုရ၏၊ ထို့ကြောင့် “ရူပံ ရူပန္တိ သောဝ အတ္ထိ၊ (ယခုစာအုပ်များ၌ “ဟေဝတ္တိ-ဟေဝံ အတ္ထိ”ဟု ရှိ၏။) ရုပ် ဝေဒနာတိ ဟေဝံ နတ္ထိဟူသော စကားဖြင့် ပယ်အပ်ပြီးဟူရာ၌” တိုက်ရိုက်ပယ်အပ်သည် မဟုတ်၊ ရုပ်သည် ရုပ်အဖြစ်ဖြင့် ရှိသ ကဲ့သို့ သတ္တသည် သတ္တဝါအဖြစ်ဖြင့် ထင်ရှားမရှိသောကြောင့် “ထို သတ္တပညတ်ကို ပယ်အပ်ရာ ရောက်ပြီးဖြစ်သည်”ဟု ဆိုလိုသည်။
ပန၊ စင်စစ်ကား၊
ယသ္မာ, ယေသု ရူပါဒီသု၊ အကြင် ရုပ်အစရှိသည်တို့သည်လည်းကောင်း၊
(ယေသု) စက္ခာဒီသုစ၊ အကြင် စက္ခုအစရှိသည်တို့သည်လည်းကောင်း၊
တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်၊
ပဝတ္တမာနေသု၊ ဖြစ်ကုန်လသော်၊
သတ္တော၊ သတ္တဝါ၊
ဣတ္တီ၊ မိန်းမ။
ရထော၊ ရထား။
ဃဋေ၊ အိုး၊
ဣတိအာဒိကာ၊ ဤသို့အစရှိသော၊
ဝိစိတ္တသညာ၊ ဆန်းကြယ်သောအမှတ်သညာသည်၊ ဥပ္ပဇ္ဇတိ၊
သညာနုလောမာနိ၊ သညာအားလျော်ကုန်သော၊
အဓိဝစနာနိ စ၊ သဒ္ဒါတို့သည်လည်း၊ (ဥပ္ပဇ္ဇန္တိ ၊)
တေဟိ ရူပစက္ခာဒီဟိ၊ ထို ရုပ်စက္ခုပသာဒ အစရှိသည်တို့မှ၊
အညော၊ သော၊
သတ္တ ၊ပေ၊ လမ္ဗိတော၊ သတ္တရထအစရှိသော အမှတ်သညာ သည် ဆွဲမှီအပ်သော၊
ဝစနတ္ထော၊ သဒ္ဒါ၏အနက်ဒြဗ်သည်၊
ဝိဇ္ဇမာနော၊ ထင်ရှားရှိသည်၊
န ဟောတိ၊
တသ္မာ,သတ္တ၊ပေ၊ လာပါ၊ သတ္တရထ အစရှိသော အမည်တို့ကို၊
အဝိဇ္ဇမာနပညတ္တီ တိ၊ ဟူ၍၊ ပုစ္ဆန္တိ။
စ၊ ဆက်၊
တေ (အဘိလာပါ)၊ ထိုသဒ္ဒါတို့ကို၊
မုသာတိ၊ အလွဲအမှားတို့ ဟူ၍၊ န ဝုစ္ဆန္တိ ၊
(ကသ္မာ၊) လောကသမညာဝသေန၊ လောကအမှတ်အသား ၏အစွမ်းဖြင့်၊
ပဝတ္တတ္တာ၊ ဖြစ်ကုန်သည်၏အဖြစ်ကြောင့်တည်း၊
ယသ္မာ ပန ၊ပေ၊ ဝုစ္စန္တိ
။ ။ “သတ္တာဒယောပိ အဝိဇ္ဇမာနာတိ န ဝတ္တဗ္ဗာ"ကို အဖြောင့်ဆိုလျှင် “သတ္တာဒယောပိ ဝိဇ္ဇမာနာတိ ဝတ္တဗ္ဗာ"ဟု ဖြစ်၏၊ ထိုသို့ ဝိဇ္ဇမာန ဟု ဆိုထိုက်လျှင် အဘယ့်ကြောင့် “အဝိဇ္ဇမာနပညတ်”ဟု ဆိုအပ်ကုန်သနည်း ဟု မေးဖွယ်ရှိသောကြောင့် “ယသ္မာ ပန”စသည်ကို မိန့်သည်၊ [တထာ တထာတိသမူဟသန္တာနာဒိ ဝသေန၊-အနု၊] ရုပ် ဝေဒနာစသော ခန္ဓာငါးပါးအပေါင်း, စက္ခု စသော ရုပ်အပေါင်း ဖြစ်ရာဝယ် ထိုအပေါင်းကို ကြည့်၍ သတ္တဝါဟူသော သညာ, မိန်းမစသော သညာ အမျိုးမျိုးသည် ဆန်းကြယ်စွာ ဖြစ်၏၊ ရုပ်ကလာပ်အပေါင်းတွေ စီကာစဉ်ကာ ဖြစ်နေသော သက်မဲ့သန္တာန်တို့၌လည်း ရထား, အိုးစသော သညာတို့သ အမျိုးမျိုး ဆန်းကြယ်စွာ ဖြစ်ကြကုန်၏၊ ထိုအမှတ်သညာ အမျိုးမျိုးအားလျော်စွာ ခေါ်ဝေါ်ပြောဆိုဖို့ရာ သတ္တ,ဣတ္တိ,ရထစသော အမျိုးမျိုးသောဝေါဟာရ(စကားလုံး) တို့လည်း ဖြစ်ကြကုန်၏၊ ထိုသို့ဖြစ်ရာ၌ ရုပ်ဝေဒနာစသည် စက္ခုစသည်ကိုဖယ်ထားလျှင် သတ္တ,ရထစသော နာမည်တို့၏ စွဲမှီတည်နေဖို့ရာ အနက် ဒြဗ် တစ်စုံတစ်ခုမျှ မရှိတော့ရကား ဝိဇ္ဇမာန မဟုတ်တော့၊ “အဝိဇ္ဇမာနအနက်များ ဖြစ်နေသည် ဟူလို၊ ထို့ကြောင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်များကို ခေါ်ဆိုဖို့ရာ သတ္တ, ရထစသောနာမည် သဒ္ဒါများကိုလည်း “အဝိဇ္ဇမာနဿ+ပညတ္တိ”နှင့် အညီ “အဝိဇ္ဇမာနပညတ်”ဟု ခေါ်အပ်ကြသည်။
နစ ၊ပေ၊ ဝုစ္စန္တိ ။ ။ထိုသို့ဖြစ်လျှင် ထိုထင်ရှားမရှိသော အနက်တို့ကို ခေါ်ပေါ် ပြောဆိုကြောင်း စကားတို့သည် မုသားမဖြစ်ပါလောဟု မေးဖွယ်ရှိသောကြောင့် “နစ ၊ပေ၊ ဝုစ္စန္တိ”ဟု မိန့်သည်၊ လောက၌ အများက အသိအမှတ်ပြုအပ်သော ဝေါဟာရ (စကားလုံး)အဖြစ်ဖြင့် ဖြစ်နေသောကြောင့် မုသားမဖြစ်ကြပါ၊ မုသား မဖြစ်သော ကြောင့် ထိုသဒ္ဒါ(စကားလုံး)ဝေါဟာရများကို “သမ္မုတိသစ္စာ”ဟု ခေါ်ရပါသည်။
သော စ ဝစနတ္ထော၊ ထိုသဒ္ဒါ၏အနက်သည် လည်း၊
သယံ၊ မိမိကိုယ်တိုင်၊
အဝိဇ္ဇမာနောပိ၊ ထင်ရှားမရှိပါသော်လည်း၊
ဝိဇ္ဇမာနဿ၊ ထင်ရှားရှိသော၊
ဝစနဿေဝ၊ စကားသံ၏သာလျှင်၊
ဝသေန၊ အစွမ်းကြောင့်၊
ပညတ္တိဝေါဟာရံ၊ ပညတ်ဟူသော အခေါ်အဝေါ်ကို၊ လဘတိ၊
သမ္မုတိသစ္ဆန္တိ စ၊ ဟူ၍လည်း၊ ဝုစ္စတိ၊
(ကသွာ) ယထာဂဟိတသညာဝသေန၊ အကြင်အကြင် မှတ်ယူအပ်သောသညာ၏အစွမ်းဖြင့်၊
ပဝတ္တစနဝတ္ထဘာဝတော၊ ဖြစ်သောသဒ္ဒါအနက်၏ အဖြစ်ကြောင့်တည်း။
သောစ၊ပေ၊ လဘဟိ
။ ။ထိုသတ္တ ရထစသော ဝစနတ္ထ (သဒ္ဒါ၏ ဒါ၏ဟောနက်)သည် ပရမတ္ထအားဖြင့် ထင်ရှားမရှိလျှင် သတ္တ ရထစသော နာမည်ပညတ်ကို အဘယ့်ကြောင့် ရနိုင်သနည်းဟု မေးဖွယ်ရှိသောကြောင့် မိမိကို ဟောသော သဒ္ဒါက သဒ္ဒရုပ်အဖြစ်ဖြင့် ထင်ရှားရှိ၏၊ ထိုသဒ္ဒါ၏အစွမ်းကြောင့် ထိုသဒ္ဒရုပ်သည်ပင် နာမည်ပညတ်ဟူသော အခေါ်အဝေါ်ကို ရနိုင်ပါသည်။
သမ္မုတိ၊ပေ၊ ဘာဝတော။ ။ထင်ရှားမရှိသော အနက်ဒြဗ်ကို အဘယ့်ကြောင့် သမ္မုတိသစ္စာဟု ဆိုရပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “သမ္မုတိ”စသည်ကိုမိန့်၊ “ ထိုယူအပ် မှည့်အပ်သော မှည့်အပ် နာမည်အတိုင်းဖြစ်နေသော ဝစနတ္ထဖြစ်သောကြောင့် ထို ဝစနတ္ထကို သမ္မုတိသစ္စာ(အများသမုတ်ထားသည့်အတိုင်း အမှန်)ဟု ဆိုရပါသည်။
**သမ္မုတိ၊ပေ၊ ဝိညာယတိ**။ ။သမ္မုတိသစ္စန္တိ စ ဝုစ္စတိနှင့်စပ်၍ ကထာဝတ္ထုစကား နှင့် နီးနှောပြလိုသောကြောင့် “သမ္မုတိ ဉာဏံ”စသည်ကိုမိန့်၊ ထိုပါဠိတော် ပဉ္စမဝဂ် သမ္မုတိဉာဏကထာကို ရည်ရွယ်၍ "သမ္မုတိ ၊ပေ၊ ကထာယ”ဟု ဆိုသည်၊ ထိုကထာ၌ ပထဝီကသိုဏ်းစသည်ကိုလည်းကောင်း, သင်္ကန်း စသည်ကိုလည်းကောင်း ပြထား၏၊ ထိုကသိုဏ်း ထိုပစ္စည်းဝတ္ထုများကို “သမ္မုတိသစ္စာမည်၏”ဟူသောစကားကို “သယံ အဝိဇ္ဇမာနောပိ ဝိဇ္ဇမာနဿ ဝစနဿေဝဝသေန ပညတ္တိဝေါဟာရံ လဘတိ"ဟု ဆိုအပ် ပြီးသော အဓိပ္ပာယ်အားဖြင့် မိန့်တော်မူအပ်သည်ဟု သိနိုင်သည်၊ (ဣမိနာဝ အဓိပ္ပာယေ နာတိအာဒိ သယံ အဝိဇ္ဇမာနောပီတိအာဒိနာ ဝတ္တမေဝတ္ထံ သန္ဓာယာဟ၊-အနု။]**ယသ္မာ ၊ပေ၊ န ဝတ္ထဗ္ဗံန္တိ ဝုတ္တံ**။ ။ထိုသို့ သမ္မုတိသစ္စာဖြစ်လျှင် သတ္တစသည့် ကို အဘယ်ကြောင့် “န န ဝတ္တတ္တံ”ဟု ဆိုအပ်ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “ယသ္မာ”စသည်ကို မိန့်၊ ရုပ်ဝေဒနာစသော ခန္ဓာတို့သည် အစဉ်သန္တာန်အားဖြင့် ဆက်၍ဖြစ်ကြရာ၌ တစ်ခုတည်းအဖြစ်ဖြင့် မှတ်ယူပြီးလျှင် ထိုရုပ်စသည်တို့ကို မလွှတ်ဘဲ အာရုံပြု၍ဖြစ်သော သတ္တဝါ, ယောက်ျား, , မိန်းမ, ရထား, အိုးစသောအားဖြင့် မှတ်ယူတတ်သော စိတ်သည် ရုပ်ဝေဒနာစသော ခန္ဓာတို့၌လည်းကောင်း, စက္ခုစသည် တို့၌လည်းကောင်း ထင်ရှားမရှိသောသတ္တဝါ, ရထားစသောအာရုံကို ယူ၏၊ ဥပမာ- စက္ခုဝိညာဉ်စသည်တို့က ရူပါရုံစသည်ကို ယူရာ၌ ထင်ရှားရှိသောအာရုံကို ယူ၏၊ သတ္တစသည်ကို ယူရာ၌ကား ထင်ရှားမရှိသောအာရုံကို ယူ၏၊ ဤသို့အာရုံချင်းမတူသော် လည်း အာရုံယူပုံချင်းတူသောကြောင့် “စက္ခုဝိညာဏာဒီနိဝိယ”ဟု ဥပမာပြုသည်၊ ထိုသို့ အဝိဇ္ဇမာနဖြစ်သောကြောင့် ထိုသတ္တစသော အာရုံများကို “နဝတ္တဗ္ဗအာရုံ”ဟုဆိုရသည်။ **တထာယံ ၊ပေ၊ ပစ္စယောတိ ဝုတ္တ**။ ။ထို ထင်ရှားမရှိသော န ဝတ္တဗ္ဗအာရုံကလည်း ကုသိုလ်ာကုသိုလ်ဖြစ်ဖို့ရန် ကျေးဇူးပြုနိုင်ကြောင်းကို ပြလို၍ “တထာယံ” စသည်ကို မိန့်၊ ရုပ်ဝေဒနာ စသော ခန္ဓာအပေါင်းအစဉ်ကိုပင် တစ်ခုတည်းအဖြစ်ဖြင့် မှတ်ယူအပ် အာရုံပြုအပ်သည်ကို အကြောင်းပြု၍ ကလျာဏမိတ္တပုဂ္ဂိုလ်, ပါပမိတ္တ ပုဂ္ဂိုလ်ဟု ယူကြောင်းစိတ်အစဉ်သည်လည်းကောင်း, ထိုယူပုံ အချင်းအရာအားလျော်စွာ မှည့်ခေါ်အပ်သော ကလျာဏမိတ္တပုဂ္ဂိုလ်စသော နာမည်ပညတ်သည်လည်းကောင်း ဖြစ်၏၊ ထိုခန္ဓာအပေါင်းဟူသော အစဉ်သည် ထိုမှတ်ယူထားအပ်သော ကလျာဏမိတ္တ, ပါပမိတ္တကို ပုဂ္ဂိုလ်ဟူသောအမှတ်သညာအားဖြင့် မှီဝဲပေါင်းသင်းလတ်သော် ကလျာဏ မိတ္တ ပေါင်းသူ့ အတွက် ကုသိုလ်ဖြစ်၍ ပါပမိတ္တ ပေါင်းသူ့အတွက် အကုသိုလ်ဖြစ်ဖို့ရန် ကျေးဇူးပြု၏။**ယသ္မာ ပန၊ပေ၊ ဥပလဗ္ဘတိ**။ ။ထိုပုဂ္ဂိုလ်ကို ခန္ဓာငါးပါးအပေါင်းမှ ခွဲ၍ တသီးတခြား ရနိုင်ပါသလောဟု မေးဖွယ်ရှိသောကြောင့် “ယသ္မာ ပန”စသည်ကို မိန့်၊ ပုဂ္ဂိုလ်ဟူသော အမည်သည် (ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား မိန်းမဟူသော အမည်သည်) တစ်စုံတစ်ခုသော သဘာဝဓမ္မမဟုတ်၊ ထို့ကြောင့် ဓာတ်လေးပါး တွင် အာပေါဓာတ်စသည်တို့ကို စိတ်ကူးအားဖြင့် ခွဲ၍ ဖယ်ထားသော အခါ ပထဝီဓာတ်ဟု သီးခြားရကောင်းသကဲ့သို့ ရုပ်ခန္ဓာစသည်တို့ကို တသီးတခြား ခွဲထားလိုက်လျှင် ပုဂ္ဂိုလ်ဟူ၍ တသီးတခြား မရတော့၊ (ပုဂ္ဂိုလ်,သတ္တဝါ,ငါ,သူတစ်ပါး, ယောက်ျား, မိန်းမ မရှိတော့’ဟူလို၊) [ယထာ၊ပေ၊ ဥပလဗ္ဘတိကား ဝိသဒိသူပမာတည်း။] **ပဋိသေဓိတာစ၊ပေ၊ လဗ္ဘတီတိ**။ ။ဤသို့ပုဂ္ဂိုလ်ဟူ၍ သီးခြားမရှိသောကြောင့် ကထာဝတ္ထုပါဠိတော် ပုဂ္ဂလကထာ၌ ပုဂ္ဂိုလ်ရှိ၏ဟူသောအယူကို တားမြစ် အပ်ပြီးဖြစ်သည်၊ ဝဇီရာမည်သော ဘိက္ခုနီလည်း “ပုဂ္ဂိုလ်၏ပရိယာယ်ဖြစ်သော သတ္တဟူသော အရာဝတ္ထုကို မရနိုင်”ဟု မာရ်နတ်အား ပြန်၍ ပြောဖူးလေသည်။ **ယဒိ ပုဂ္ဂလော၊ပေ၊သိယာတိ**။ ။ပရဝါဒိဘက်က ပြန်၍မေးသောစကားတည်း၊ ပုဂ္ဂိုလ်ဟူ၍ ထင်ရှားမရှိလျှင် ပုဂ္ဂိုလ်ကို အာရုံပြုသော စိတ်အစဉ်သည် အဘယ်နည်းဖြင့် “သာရမဏ-အာရုံပြုသောစိတ်အစဉ် ဖြစ်နိုင်သနည်း”ဟူသောအမေးကို “အဝိဇ္ဇမာန ဿပိ အာရမဏဿ ဂဟဏတော”ဟု သကဝါဒီ ပြန်၍ ဖြေသည်။**အဝိဇ္ဇမာနံပိ ဟိ ၊ပေ၊ ဝုတ္တာ**။ ။ရှေ့ဟိတ်ပါဌ်ကို အကျယ်ချဲ့လို၍ “အဝိဇ္ဇ မာနံပီ ဟိ"စသည်ကို မိန့်၊ ထိုစကားရပ်၌ “ပရိကပ္ပိတံ”ဟူသည် ထင်ရှားမရှိဘဲ ယုန့်ချို လိပ်မွေး စသည်အားဖြင့် ကြံစည်အပ်သော အာရုံတည်း၊ “လောကသညာတ” ဟူသည် လူအပေါင်းတို့ မှည့်ခေါ်အပ်သော နာမည်ပညတ်တည်း၊ “ဝိဇ္ဇမာနံ ဝါ သဘာဝဘူတံ”ကား ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ် ဝေဒနာစသော အာရုံတည်း၊ စိတ်သည် ထိုအာရုံများကို အာရုံပြုနိုင်သောကြောင့် ထင်ရှားမရှိသော ယုန့်ချိုစသည်ကို အာရုံပြုသော်လည်း သာရမဏတရားဟု ဆိုနိုင်ပါသည်၊ “သာရမဏန္တိ ဟိ”စသော ဝါကျကား ထိုစကားကို ခိုင်မြဲစေသော ဒဠှီဝါကျတည်း။အယံ၊ ဤဆိုအပ်ပြီးကား၊
သင်္ခတာသင်္ခတဝိနိမုတ္တဿ၊ သင်္ခတဖြစ်သော ရုပ် နာမ်, အသင်္ခတဖြစ်သော နိဗ္ဗာန်မှ လွတ်သော နာမည်ပညတ်ဟူသော အနက်တစ်မျိုး၏၊
အတ္တိတာ ပဋိသေဓံ၊ ထင်ရှားရှိသည်၏အဖြစ်ကိုတားမြစ်ခြင်းသို့
သဗ္ဗထာ၊ အလုံးစုံသော အပြားအားဖြင့်၊ (ချွင်းချက်မရှိ)
အနုဝတ္တန္တာနံ၊ အစဉ်လိုက်ကုန်သော ဆရာတို့ ၏၊
ဝိနိစ္ဆယော၊ တည်း။
အယံ သင်္ခတာ၊ပေ၊ ဝိနိစ္ဆယော။ ။ဤကားပြခဲ့သော အဆုံးအဖြတ်ကို နိဂုံးအုပ်သော စကားတည်း၊ ဤအဆုံးအဖြတ်သည် သင်္ခတဖြစ်သော ရုပ် နာမ်, အသင်္ခတဖြစ်သောနိဗ္ဗာန်မှ အလွတ်ဖြစ်သော ဉေ ယျဂိသေသ - သိထိုက်သော တရားအထူး ရှိသေး၏ဟူသောအယူကို တားမြစ်သောအယူသို့ အလုံးစုံအကုန်လိုက်၍ ထောက်ခံ ကြသော ဆရာတို့၏အဆုံးအဖြတ် ဖြစ်သည်၊ ဤအဆုံးအဖြတ်အတိုင်းဆိုလျှင် နာမည် ပညတ်ဟူသည်လည်း ဝစန-(စကားသံ)တည်း၊ ထိုအသံဟူသည်လည်း ဝိညတ်ဟူသော ဝိကာရရုပ်နှင့်တကွဖြစ်သော သဒ္ဒရုပ်ပင်တည်း၊ ထိုသဒ္ဒမှ အလွတ်ဖြစ်သော နာမည် ပညတ် မရှိနိုင်-ဟု ဆိုရာရောက်သည်။
သင်္ဂဟ ။ ။အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းပြု အရှင်အနုရုဒ္ဓါဆရာတို့၏ အလိုမူကား ပညတ်ဟူသည် စကားသံ သဒ္ဒရုပ်မဟုတ်, ရုပ်-ဝေဒနာစသည်ကို အကြောင်းပြု၍ ခေါ်ဝေါ်ပြောဆိုဖို့ရန် ပညတ်အပ်သော အနက်တစ်မျိုးသာတည်းဟု မှတ်ပါ၊ ထို့ကြောင့် ၀စီဃောသာနုသာရေနစသောဂါထာနှင့်တကွ “သဒ္ဒံ ပဌမစိတ္တေန, တီတံ ဒုတိယ စေတသာ၊ နာမံ တတိယစိတ္တေန, အတ္တံ စတုတ္ထစေတသာ”ဟု သဒ္ဒရုပ်ကို သိသော ဝီထိမှ တသီးတခြား နာမည်ပညတ်ကိုသိသောဝီထိကို ရှေးဆရာတို့ ပြကြပေသည်။
**အညံ အနပေက္ခိတွာ**။ ။“နာမကရဏဋ္ဌေန”၌ “နာမည်ကို ပြုတတ်သော အနက်သဘောကြောင့် နာမမည်၏"ဟု ဆို၏၊ ထိုသို့ဖြစ်လျှင် များစွာသောလ အပေါင်းသည် “မဟာသမ္မတ”ဟူသော နာမည်ကို ပြု၏၊ ဉာတိ ဂုဏတို့လည်း ကိတ္တိမနာမည်, ဂုဏနာမည်တို့ကို ပြုကြ၏၊ ထို့ကြောင့် ထိုလူအပေါင်းစသည်သည် နာမကရဏ ဖြစ်သောကြောင့် “နာမ်”ဟု အမည်မရထိုက်ပါသလောဟု စောဒနာဖွယ် ရှိရကား “အညံ အနုပေက္ခိတွာ”စသည်ကို မိန့်သည်။ မဟာဇန စသည်တို့သည် နာမည်၏အရှင်ဖြစ်သော သူတစ်ပါးကို ငဲ့ရသေး၏။ ထိုသို့ မငဲ့ဘဲ မိမိဘာသာ မိမိ နာမည်ကို ပြုတတ်သောသဘောရှိမှ “နာမကရဏ”ဆိုသည်-ဟူလို၊ ယံ ဟိ မှစ၍ “နာမတာ ဝုတ္တာ"တိုင်အောင် အကျယ်ပြသော စကားတည်း၊ ယန္တိ ယံ ဓမ္မဇာတ်တာပေက္ခာတ္တာတိ ပရဿာ ပေက္ခတ္တာ၊-ပ။]**ပထဝီ အာဒိနိဒဿနေန ၊ပေ၊ ဘာဝေါ**။ ။အဋ္ဌကထာ၌ ပထဝီစက္ကဝါဠ စသည်တို့ကို (မိမိနာမည်ကို မိမိဘာသာပြုရာ၌) ဥပမာပြထား၏၊ “ထို ဥပမာဖြင့် အဘယ်ကို ပြုပါသနည်း, ပထဝီစသည်တို့လည်း နာမအမည်ရနိုင်ပါသလော”ဟု မေးဖွယ်ရှိ၍ “ပထဝီအာဒိ စသည်ကို မိန့်သည်၊ ထိုဥပမာဖြင့် ပထဝီစသော နာမည်၏ သဘာဝသိဒ္ဓအမည်ဖြစ်ကြောင်းကိုသာ ပြပါသည်၊ နာမအမည်ရခြင်း တူသည်၏အဖြစ်ကို မပြပါ၊ နာမသဒ္ဒါသည် အရူပတရားတို့အပေါ်၌ ထင်ရှားသော အထင်ရုဠှီသဒ္ဒါဖြစ်သောကြောင့် ပထဝီစသည်တို့သည် နာမအမည် မရနိုင်ပါ။**န ဟိ၊ပေ၊ အတ္တီတိ**။ ။ “မာတိကာ၌ ပထဝီစသည်တို့ကို ရုပ်ဟု ဟောတော်မူထားသဖြင့် နာမ်မဟုတ်ကြောင်းကိုလည်း ဟောတော်မူပြီးဖြစ်၏”ဟူသော စကားကို စကားကို ခိုင်မြဲစေလို၍ (တစ်နည်း-အကြောင်းပြလို၍) “နဟိ“စသည်ကို မိန့်သည်၊ ပထီဓာတ် သည် ပထဝီဓာတ်များစွာ အပေါင်းသဘောအားဖြင့် ဖြစ်သောအခါ ကေသ (ဆံပင်)ဟု နာမည်တစ်မျိုး ပြောင်းသွားသကဲ့သို့, (အာပေါစသည်တို့လည်း ထို့အတူ ပြောင်သွား သကဲ့သို့) ဝေဒနာစသည်တို့သည် ထိုကဲ့သို့ ပြောင်းသွားလောက်အောင် အပေါင်းသဘော အားဖြင့် ဖြစ်ခြင်းမရှိပါ၊ ရအပ်ပြီးသော နာမည်မပျက်သောကြောင့်လည်း “နာမကရဏ- ကိုယ့်နာမည်ကို မပျက်အောင် ပြုနိုင်ပါသည်”-ဟူလို။အထဝါ၊ အဋ္ဌကထာနည်းမှ တစ်နည်းကား၊
ရူပဓမ္မော၊ ရုပ်တရားတို့သည်၊ (သာမည၊)
စက္ခာဒယော၊ စက္ခု အစရှိသည်တို့သည်လည်းကောင်း၊
ရူပါဒယော စ၊ ရူပါရုံ အစရှိသည်တို့သည်လည်းကောင်း၊ (ဝိသေသ၊)
တေသံ၊ ထိုစက္ခု စသည်, ရူပါရုံစသည်တို့၏၊
ပကာသက ၊ပေ၊ ဘာဝတော၊ ထင်ရှားပြတတ် သည်၏အဖြစ်, ထင်ရှားပြတိုက်သည်၏အဖြစ်ကြောင့်၊
နာမေန၊ နာမည်နှင့်၊
ဝိနာ၊ ကင်း၍၊
ပါကဋာ၊ ထင်ရှားကုန်သည်၊ ဟောန္တိ (ယထာ၊)
ဧဝံ၊ တူ၊
အရူပဓမ္မာ၊ နာမ်တရားတို့သည်၊ (နာမေန ဝိနာ ပါကဋာ) န (ဟောန္တိ ၊)
ဣတိ၊ ကြောင့်၊
အဓိဝစနသမ္ဖသောဝိယ၊ အဓိဝစနသမ္ဖဿကဲ့သို့၊
နာမာ ၊ပေ၊ ဘာဝေန၊ နာမည်နှင့်စပ်သော ယူထိုက်သောသဘောရှိသည်၏အဖြစ်ကြောင့်၊
နာမန္တိ၊ နာမဟူ၍၊
ဝုတ္တာ၊ န်ပြီ၊
ပဋိဃသမ္ဖဿောပိ၊ ပဋိဃသမ္ဖဿသော်မှလည်း၊
စက္ခာဒီနိဝိယ၊ တို့ကဲသို့၊
နာမေနဝိနာ နပါကဋော၊ မထင်ရှား၊
ဣတိ၊ ကြောင့်၊
နာမန္တိ၊ ဟူ၍၊ ဝုတ္တော။
အထဝါ။ ။အဋ္ဌကထာနည်းမှ တစ်ပါးသော် မိမိနည်းကို ပြလို၍ အထဝါစသည် မိန့်၊ စက္ခုပသာဒ ရူပါရုံစသော ရုပ်တရားတို့သည် နာမည်မှည့်၍ မထားသော်လည်း စက္ခုပသာဒသည် ပကာသက(အာရုံကိုထင်ရှားပြတတ်သော)တရား,ရူပရုံသည် ပကာသိ တဗ္ဗ(စက္ခုပသာဒသည် ထင်ရှားပြထိုက်သော)တရားဖြစ်၍ နာမည်မပါဘဲပင် အများ၏ စိတ်၌ ထင်ရှားနေ၏၊ ရူပါရုံကို မည်သူကမျှ ရူပါရုံဟု မပြောရဘဲသိနိုင်၏၊ စက္ခုကို လည်း“စက္ခုဟု နာမည်မသိဘဲ ထိုစက္ခုကရူပါရုံကို မြင်အောင်ပြသည်”ဟု သိရ၏။
န ဧဝံ အရူပဓမ္မာ။ ။နာမ်တရားတို့ကား နာမည်မပါလျှင် တွေ့ထိခံစားခြင်းစသော သဘောကို မသိရ၊ “ထိနေ-ခံစားနေသော်လည်း ဖဿ၏သဘော ဝေဒနာ၏သဘောဟု မသိရ"-ဟူလို၊ ဤသို့ နာမည်နှင့်စပ်၍ (နာမည်တပ်ထားလိုက်မှ)တရား ၏သဘောကို ယူရ သိရသောကြောင့် နာမ်တရားများကို “နာမ-နာမည်၊ ဝါ-နာမည်မှည့်ရသော သဘော”ဟု ဆိုသည်၊ ဥပမာ-မနောသမ္ဖဿကို “အဓိဝစနသမ္ဖ ဿ-နာမည်ရှိသော သမ္ဖဿ”ဟု ခေါ်၏၊ ထိုနာမည်မရှိလျှင် မနောသမ္ဖဿကို မသိနိုင်သောကြောင့် “အဓိဝစနသမ္ဖဿ”ဟု နာမည် မှည့်ရသကဲ့သို့တည်း၊ [အဓိဝစနသမ္ဖဿော မနော သမ္ဖဿော၊ သော နာမံ အန္တရေန ဂဟေတုံ အသက္ကုဏေယျတာယ ပါကဋောတိ နိဒဿနဘာဝေန ဝုတ္တော၊-အနု။]
ပဋိဃ၊ပေ၊ နာမန္တိ ဝုတ္တော။ ။ပဉ္စဝတ္ထု ပဉ္စာရုံတို့၏ထိခိုက်ခြင်းကြောင့်ဖြစ်သော ဖဿကို “ပဋိဃသမ္ဖဿ”ဟု ခေါ်၏၊ ထိုသမ္ဖဿသည် အဓိဝစနသမ္မဿထက် သိဖို့ရန်လွယ်ကူ၏၊ ဘာ့ကြောင့်နည်း . ..စက္ခုဝတ္ထုနှင့် ရူပါရုံစသည်တို့ ထိခိုက်မှုက [ရုပ်သဘောပါနေ၍] ထင်ရှားသောကြောင့်တည်း၊ ထိုမျှလောက် ထင်ရှားသော ဖဿသော်မှလည်း “ပဋိဃသမ္ဖဿ"ဟူသော နာမည်မပါလျှင် စက္ခုနှင့်ရူပါရုံ ထင်ရှားသလောက် မထင်ရှားပါ၊ ထို့ကြောင့် ဖဿစသော တရားအားလုံးကို “နာမ”ဟု ဆိုရပါသည်။
**အရူပတာယဝါ**။ ။(တစ်နည်း) ပဉ္စဝတ္ထု ပဉ္စာရုံတို့၏ထိခိုက်မှု ထင်ရှားသဖြင့် ထိုပဋိဃသမ္ဖဿလည်း နာမည်မပါဘဲ ထင်ရှား၏"ဟု ဆိုနိုင်ပါ၏၊ သို့သော် ထိုပဋိဃသမ္ဖဿသည် နာမ်တရားဖြစ်၍ နာမ်ချင်းသဘောတူသောကြောင့်, (တစ်နည်း) အခြားသော ဖဿတို့နှင့် ဖဿချင်း သဘောတူသောကြောင့် နာမ်တရား၌ သွင်းယူ ထားအပ်၏။ဝစနတ္ထောပိ၊ပေ၊ သမ္ဘဝတိ။ ။“ရုပ်တရားတို့က နာမည်မပါဘဲ ထင်ရှား၏” ဟူသောအနက်ကို ခိုင်မြဲစေလို၍ "ဝစနတ္ထောပိ ဟိ"စသည်ကို မိန့်သည်၊ ပါဠိတော်၌ “နာမဉ္စ ရူပဥ္စ”ဟု နာမကို ရှေ့, ရူပကို နောက်၌ စဉ်ထားသောကြောင့် ပစ္ဆိမ ပုရိမာနံဝယ် ပစ္ဆိမအရ ရုပ်ကို ယူ၍, ပုရိမအရ နာမ်ကို ယူရသည်၊ ဤ ပစ္ဆိမ ပုရိမာနံကို ဝစနတ္ထော၌ သမ္ဘန်အဖြစ်ဖြင့် စပ်ပါ။**ဝဋ္ဋမူလဒဿနေန၊ပေ၊ န္တီ တိ အတ္ထော**။ ။ပါဠိတော်၌ “အဝိဇ္ဇာ-ဘ၀တဏှာ” ဟု ဝဋ္ဋမူလတရားနှစ်ပါးကိုသာ တိုက်ရိုက်ပြ၏၊ ထိုသို့ ဝဋ္ဋမူလတရား နှစ်ပါးကို တိုက်ရိုက်ပြခြင်းအားဖြင့် ထို ဝဋ္ဋမူလတရားတို့၏ဖြစ်ပုံ ဖြစ်ဟန်ကိုလည်း ပြပြီး ဖြစ်တော့သည်၊ [ဌာနကို ပြသဖြင့် ဌာနီကို သိရသော ဌာနူပစာတည်း၊] ဤအလို- “ဝဋ္ဋမူလသမုဒါစာရဒဿနတ္တံ-ဝဋ်မြစ်ဖြစ်သော အဝိဇ္ဇာ ဘဝတဏှာတို့၏ လွန်စွာအထက်အထက်၌ ဖြစ်ပုံကို ပြခြင်းအကျိုးငှာ”ဟု ပေးပါ။မစ္ဆိမပဒေ၊ (မနသိကာရကုသလတာဟူသော)နောက်ပုဒ်၌၊
ပဉ္စဝိဓာပိ၊ သော၊
သာ ပညာ၊ ထိုပညာကို၊
ဥဂ္ဂဟောတိ၊ ဥဂ္ဂဟောဟူ ၍လည်းကောင်း၊
တတော၊ ထိုဥဂ္ဂဟပညာမှနောက်၌၊
ပဝတ္တော၊ ဖြစ်သော၊
အနိစ္စာဒိမနသိ ကာရော၊ အနိစ္စအစရှိသောအားဖြင့် နှလုံးသွင်းခြင်းကို၊
ဥဂ္ဂဟမနသိကာရောတိ စ၊ ဥဂ္ဂဟမနသိကာရောဟူ၍လည်းကောင်း၊ ဝုတ္တော၊
တဿ၊ ထိုဥဂ္ဂဟမနသိကာရကို၊
ဇာနနံ၊ သိခြင်းဟူသည်၊
ပဝတ္တနမေဝ၊ ဖြစ်စေခြင်းပင်တည်း။
ဝါ၊ တစ်နည်း၊
ယထာပဝတ္တံ၊ အကြင်အကြင်ဖြစ်သော၊
ဥဂ္ဂဟံ၊ သင်ယူခြင်း ကို၊
ဧဝမေဝ၊ ဤသို့သော၊
ပဝတ္တော၊ ဖြစ်သော၊
ဥဂ္ဂဟော၊ သင်ယူခြင်းတည်း၊
ဣတိ၊ သို့၊
ဇာနနံ၊ သိခြင်းတည်း၊
ဥဂ္ဂဟဇာနနံ၊ မည်၏
ပစ္ဆိမပဒေ။ ။မနသိကာရ ကုသလတာကို ပစ္ဆိမပဒဟု ဆိုသည်၊ အဋ္ဌကထာ၌ “ဥဂ္ဂဟမနသိကာရကို သိသောပညာသည် မနသိကာရကုသလတာမည်၏”ဟု ဆိုရာ ၌ ဓာတုကုသလတာ၌ ပြခဲ့သော ဥဂ္ဂဟမနသိကာရနှင့်မတူသော တစ်နည်းကို ပြလို ၍ “ပစ္ဆိမပဒေ”စသည်ကို မိန့်သည်၊ [“ပုရိမပဒေဝါ”ဟု ဆိုခဲ့သောကြောင့် ဤပစ္ဆိမ ပဒေကိုလည်း ရှေ့နည်းမှ တစ်နည်းပြဟု သိသာ၏၊] ဓာတုမနသိကာရတာ၌ ပြခဲ့ သော ပညာငါးမျိုးကိုပင် (ရှေးဦးစွာ နားလည်အောင် သင်ယူရမည်ဖြစ်သောကြောင့်) ဥဂ္ဂဟဟု ဆိုရ၏၊ ထိုသို့ သင်ယူပြီးနောက် ထိုဓာတ်တို့ကို အနိစ္စစသောအားဖြင့် နှလုံး သွင်းခြင်းကို “ဥဂ္ဂဟမနသိကာရ”ဟုဆိုရသည်{“ဥဂ္ဂဟ+ဥဂ္ဂဟမနသိကာရ"ဟု နှစ်မျိုး ခွဲ၍ နောက်ပုဒ်၌ “ဥဂ္ဂဟတော+မနသိကာရော ဥဂ္ဂဟမနသိကာရော”ဟု ပြု။]
တဿဇာနနံ ပဝတ္တနမေဝ။ ။သင်ယူခြင်းကို ဥဂ္ဂဟ, အနိစ္စစသောအားဖြင့် နှလုံးသွင်းခြင်းကို မနသိကာရဟု ဆိုလျှင် ဇနေနအတွက် သိခြင်းဟူသောအနက် မဖြစ် နိုင်တော့ရကား အဘယ်သို့ မှတ်ရမည်နည်း-ဟု မေးဖွယ်ရှိသောကြောင့် “ပဝတ္တန မေဝ”ဟု မိန့်သည်၊ ထိုဥဂ္ဂဟမနသိကာရကို ဖြစ်စေခြင်းကိုပင် ထိုနှစ်မျိုးကို သိခြင်းဟု မှတ်ပါ-ဟူလို။
ယထာပဝတ္တံ ဝါ။ ။ပစ္ဆိမပဒ၌ဖွင့်ပြသော၊ ဥဂ္ဂဟနှင့်မနသိကာရကို တစ်နည်းပြလို၍ “ယထာပဝတ္တံဝါ”စသည်ကို မိန့်သည်၊ ယထာပဝတ္တံဖြင့် ရိုးရာဖြစ်သော သင်ယူခြင်းအနက်ကို ပြ၏၊ “သင်ပုံသင်နည်း ဖြစ်စေထိုက်၏"ဟု သင်ယူခြင်းကို သိခြင်းသည် ဥဂ္ဂဟဇာနနမည်၏၊ မနသိကာရကိုလည်း “သည်ပုံသည်နည်း ဖြစ်စေ ထိုက်၏, သည်ပုံသည်နည်း ဖြစ်ခဲ့ပြီ”ဟု သိခြင်းသည် မနသိကာရဇာနနမည်၏၊ ထို နှစ်ပါးစုံသော သိခြင်းကို “မနသိကာရကောသလ္လ”ဟု ဆိုအပ်၏၊ [ကောသလ္လနှင့် ကုသလတာသည် အနက်တူပင်တည်း။
**ဥဂ္ဂဟောပ ၊ပေ၊ ဝဋ္ဋတိ**။ ။ဥဂ္ဂဟကို မနသိကာရကုသလတာ၌ သွင်းယူထား ရာဝယ် ထိုဥဂ္ဂဟကို အဘယ့်ကြောင့် “မနသိကာရ”ဟု ဆိုနိုင်ပါသနည်း, မနသိကာရ ကား ဘယ်နှစ်မျိုး ပြားပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “ဥဂ္ဂဟောပိ”စသည်ကို မိန့်သည်၊ ဥဂ္ဂဟ၏နောက်၌ မနသိကာရ (နှလုံးသွင်းမှု)ပါရကား ထိုမနသိကာရနှင့် ယှဉ်သောကြောင့်ဥဂ္ဂဟကိုလည်း (သဟစရဏနည်းအားဖြင့်) မနသိကာရဟူသော နိရုတ္တိကို (နာမည်ကို) ရသင့်ပါ၏၊ မနသိကာရကား မနသိကာတဗ္ဗဖြစ်သော အနိစ္စ စသောလက္ခဏာ, နှလုံးသွင်းခြင်း၏အကြောင်းပညာဟူသော မနသိကရဥပါယ ဤသို့အားဖြင့် နှစ်ပါးပြားသည်-ဟူလို။**တတ္ထ ၊ပေ၊ ဝိသေသနတ္ထံ**။ ။ဤဋီကာ အဖွင့်ကိုကြည့်၍ မဒ္ဒဝတာနိဒ္ဒေသ ဝယ် ပါဠိတော်၌ “ယာ မုဒုတာ ၊ပေ၊ နီစစိတ္တတာ မုဒုတာ”ဟု မုဒုတာပုဒ် နှစ်ထပ်ရှိ ရမည်၊ စာအုပ်များ၌ကား “နီစစိတ္တတာ၏နောက်၌ မုဒုတာမပါ၊ ထိုမုဒုတာသည် နီစစိတ္တတာကို နောက်မှနေ၍ (ဩမာနဖြစ်သော နီစစိတ္တတာမှ ကွဲပြားအောင်) အထူးပြုသော ဝိသေသနတည်း။**စိတ္တဿ ၊ပေ၊ ဘာဝေါတိ အတ္ထော**။ ။စိတ်၏ဖောက်ပြန်ခြင်းသို့ မရောက်သော (ဒေါသ, ဒေါမနဿဖြစ်၍ မနေသော) သဘောသည် သကမန၏အဖြစ်တည်း၊ ဝါ- မိမိစိတ်၏အဖြစ်ဟူသော သဘောတည်း၊ [စာအုပ်တို့၌ “သကော မနောဘာဝေါ”ဟု တွေ့ရ၏၊ ပီတိနိဒ္ဒေသ အဋ္ဌကထာ၌ “သကမနသဘာဝေါတိ အတ္ထော”ဟု ဖွင့်ခဲ့သောကြောင့် ဤ၌လည်း ထိုအဋ္ဌကထာကို နည်းမှီ၍ “သကမနသဘာဝေါတိ အတ္ထော"ဟုရှိလျှင် ကောင်းမည်ထင်သည်။**စိတ္တန္တိ ဝါ**။ ။ဤနည်းကား အဋ္ဌကထာအတိုင်းကိုပင် အဓိပ္ပာယ်အရကောက် တစ်မျိုးပြသော တစ်နည်းတည်း၊ “စိတ္တဿ”အရ စိတ်တစ်ခုတည်းကိုမယူဘဲ စိတ် အစဉ်အတန်းကို ဧကတ္တနည်းအားဖြင့် တစ်ခုတည်းယူ၍ ထို စိတ်အစဉ်တွင်ပါဝင်သော ပီတိသဟဂုတ်စိတ်ကို သကမနတ္တဟု ဆိုသည်၊ “အတ္တမနတာ”အရ ပီတိသဟဂုတ် စိတ်ကို ကောက်ပါ-ဟူလို၊ [အဋ္ဌကထာ၌ကား သောမနဿကို ကောက်သည်။]**အတ္တမနော ဝါ**။ ။ဤနည်းကား အဋ္ဌကထာနည်းမှ တစ်နည်းသက်သက် တည်း၊ “အတ္တနော+မနော ယဿာဘိ အတ္တမနော"ဟုပြု၍ မိမိစိတ်ရှိသော ပုဂ္ဂိုလ် ကို အရကောက်ပါ၊ ထို့နောက် “အတ္တမနဿ+ဘာဝေါ အတ္တမနတာ”ဟု တွဲ၍ ပီတိကို အရကောက်ပါ၊ “ထို အတ္တမနတာဟူသည် ပုဂ္ဂိုလ် သတ္တဝါ၏ အတ္တမနတာ မဟုတ်, စိတ်၏ အတ္တမနတာတည်း”ဟု သိစေလို၍ “စိတ္တဿ”ဟု ဟောတော်မူသည်၊ ဤနည်းကို ပီတိနိဒ္ဒေသ၌လည်း ဋီကာပြခဲ့သည်။**န အသံဝရဿာတိ**။ ။အနိယမဝါကျ၌ “ယဿ စက္ခုန္ဒြိယာသံဝရဿ”ဟု ဆိုခဲ့၏။ နိယမဝါကျ၌ကား “တဿ စက္ခုန္ဒြိယဿ”ဟု ဆိုထား၏၊ “တဿ စက္ခုန္ဒြိယာသံဝရဿ”ဟု “အသံဝရဿ”ထည့်၍ မဆို၊ ထိုသို့ မဆိုသောကြောင့် နိယမ အနိယမ ထုံးစံမကျ-ဟူလို။တဒိဒံ၊ ထိုအသံဝရသဒ္ဒါကို မဆိုခြင်းကို၊ (ဝေဒိတဗ္ဗံ၌ စပ်၊)
စက္ခုန္ဒြိယာ သံဝရဿ၊ စက္ခုန္ဒြေကို မစောင့်စည်းခြင်း၏၊
ဟေတု၊ အကြောင်းကြောင့်၊
ယံ အဘိဇ္ဈာဒိ အန္ဓာဿဝနံ၊ အကြင်အဘိဇ္ဈာအစရှိသော တရားတို့၏အစဉ်တစိုက်လိုက်ခြင်းကို၊ ဒဿိတံ၊
တံ၊ ထို အဘိဇ္ဈာအစရှိသော တရားတို့၏အစဉ်တစိုက် လိုက်ခြင်းကို၊
အသံဝုတစက္ခုန္ဒြိယဿေ၀၊ မစောင့်ရှောက်အပ်သောစက္ခုန္ဒြေ၏ သာလျှင်၊
ဟေတု၊ အကြောင်းကြောင့်၊
ပဝတ္တံ၊ ဖြစ်၏ဟူ၍၊
ဒဿိတံ၊ ပြအပ် ပြီ၊
ဣတိကတွာ၊ ဤသို့နှလုံးသွင်း၍၊ ဝုတ္တံ၊ ဣတိ ဝေဒိတဗ္ဗံ၊
ဟိ၊ မှန်၊
ယတွာဓိကရဏံတိ (ပဒဿ)၊ ၏၊
ယဿ စက္ခုန္ဒြိယဿ၊ အကြင်စက္ခုန္ဒြေ၏၊
ကာရဏာ၊ အကြောင်းကြောင့်၊
ဣတိ အတ္ထော၊ သည်၊ (ဟောတိ၊)
တဒိတံ၊ပေ၊ ဝုတ္တံတိ။ ။“တဿ စက္ခုန္ဒြိယဿ သတိကဝါဋေန ပိဒဟနတ္ထာယ” ဟူသော စကားကို အဘယ်သို့ နှလုံးသွင်း၍ အဋ္ဌကထာဆရာ ဆိုအပ်ပါသနည်းဟု မေးဖွယ်ရှိ၍ “တဒိတံ”စသည်ကို မိန့်သည်၊ ဆိုလိုရင်းကား-“စက္ခုန္ဒြေကို မစောင့်စည်း ခြင်းကြောင့် အကြင်အဘိဇ္ဈာဒိ အန္မာဿဝကို (အနိယမဝါကျ၌) ပြအပ်ခဲ့၏၊ ထို အဘိဇ္ဈာဒိ အနုဿဝသည် (အရင်းစစ်လျှင် အမြစ်မြေကဟူသကဲ့သို့) မစောင့်စည်းအပ်သော စက္ခုန္ဒြေကြောင့် ဖြစ်၏”ဟု ပြအပ်ရာရောက်၏၊ ထို့ကြောင့် အနိယမ၌အသံဝရထည့်သော်လည်း နိယမ၌ အသံဝရ မထည့်ဘဲ ဆိုထားသည်-ဟူလို။
ယာဓိကရဏန္တိ ဟိ။ ။[ဣဒါနိ ယထာဝုတ္တေ အဓိပ္ပာယေ ဌတွာ ယတွာဓိ ကရဏန္တိ ဟီတိအာဒိနာ ပါဠိယောဇနံ (ပါဠိတော်၌ အနက်ယှဉ်စေပုံ, အနက်ပေးပုံ ကို) ဒဿေတိ၊] ဤအဖွင့်အတိုင်း ပါဠိတော်၌ “ယတွာဓိကရဏံ-အကြင် မစောင့် စည်းအပ်သော က စက္ခုနြေဟူသော အကြောင်းကြောင့် ၊ပေ၊ အန္ဒာဿဝေယျုံ-အစဉ် လိုက်ကုန်ရာ၏၊ တဿ-ထိုစက္ခုန္ဒြေကို၊ သံဝရာယ-စောင့်စည်းခြင်းငှာ၊ န ပဋိပဇ္ဇ တိ-မကျင့်”ဟု အနက်ပေးပါ၊ [အနွာဿဝန္တိ အဘိဇ္ဈာဒယော၊ တဒုပလက္ခိတန္တိ အန္ဒာဿပလက္ခိတံ (အနွာဿဝဖြင့် မှတ်သားအပ်သော အသံဝရ၊)-အနု။]
**သတိ ဝါ၊ပေ၊သမာနံ** ။ ။“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ အာဂန္တုကေ ဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ”ဟူသော ပါဠိတော်နှင့်အညီ, ဇောသည် အာဂန္တုကတရား ဖြစ်၍ အပြင်ကျသောကြောင့် “မြို့တံခါးနှင့်တူ၏”ဟုလည်းကောင်း, အခြားသောဒွါရ ဘဝင်တို့ကို မြို့တွင်းက"အိမ်တံခါးနှင့်တူ၏”ဟုလည်းကောင်း ဥပမာပြထားသည်။**ဇဝနေ ဝါ ပေ၊ ကထတံ**။ ။ဤနည်း၌ “တတောပရံ”ဟု ဆိုသောကြောင့် စက္ခုဒွါရဝီထိ၏ ဇောခဏ၌ အသံဝရဖြစ်လျှင် နောက် တဒနုဝတ္တိကဝီထိများ၏ ဒွါရဘဝင်စသည်တို့၏လည်း အသံဝရဖြစ်ဖို့ရန် အကြောင်းဖြစ်စရာရှိသောကြောင့် စက္ခုဒွါရိကဝီထိ၌ပါသော ဇောကို နဂရုဒွါရနှင့် ဥပမာပြု၍ ထိုဇောခဏ၌ဖြစ်သော ဒုဿီလျစသော ခိုးသူတို့က ဒွါရဘဝင်စသည်တို့၌ ကုသိုလ်ဘဏ္ဍာဖြစ်ခြင်း၏အကြောင်း ဥပနိဿယမဖြစ်ရအောင် ခိုးယူပုံကို ပြဆိုအပ်၏၊ [“ကုသလဘဏ္ဍဝိနာသနံ”ကား ဒွါရဘဝင်္ဂါဒိမူသနံ၏ အဓိပ္ပာယ်တည်း၊ ဒွါရဘဝင်ကို တိုက်ရိုက်ခိုးယူ၍ အကျိုးမရှိ၊ ဒွါရဘဝင်စသည်တို့က ကုသိုလ်ဖြစ်ခြင်း၏အကြောင်း ဥပနိဿယကို ဖျက်ဆီးခြင်းကို “ဒွါရဘဝင်စသည်တို့၌ ခိုးခြင်း”ဟု ဆိုလိုသည်၊ ဤသို့ အဓိပ္ပာယ်တူလျှင် ဇောက ရှေ့ကျသောကြောင့် နဂရဒွါရနှင့် တူနိုင်ပါသည်-ဟူလို။]**ဒဝတ္ထာဒိ အဘိလာဘော**။ ။ဒဝေါဧဝ အတ္ထော ပယောဇနံတိ ဒဝတ္ထော၊ (ဒဝ ဟူသော အကျိုး၊) သော အာဒိ ယေ တေသံ ဒဝတ္ထာဒယော၊ (ဒဝတ္ထအစရှိသော မဒ, မဏ္ဍန, ဝိဘူသနတို့၊) တေသု, တေသံ ဝါ အဘိလာသော (မြောက်လင့်ခြင်း, တောင်းတခြင်း၊)-အနု။**ပုရိမာ ၊ပေ၊ ဥပ္ပဇ္ဇတီတိ**။ ။ဝေဒနာဟူသည် ကာယိကဒုက္ခ, စေတသိကဒုက္ခ ဝေဒနာတည်း၊ ထမင်းဆာခြင်းသည် အကြောင်း, ထိုထမင်းဆာခြင်းကြောင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းသည် ဖြစ်ရိုးဖြစ်စဉ် ဒုက္ခဝေဒနာအကျိုးတည်း၊ ထမင်း မစားရသည် ရှိသော် ဖြစ်ရိုးဖြစ်စဉ်မှ တိုး၍ မနေနိုင် မထိုင်နိုင်အောင် ဖြစ်ပေါ်လာသော ဝေဒနာ ကို “အဘုတ္တပစ္စယာ ဥပ္ပဇ္ဇနကဝေဒနာ”ဟု ခေါ်သည်။**ပစ္ဆိမာပိ ၊ပေ၊ န ဥပ္ပဇ္ဇိဿတိ** ။ ။ထမင်းဆာခြင်းဟူသော အကြောင်းကြောင့် ပင် ဝမ်းဗိုက်စသော ကိုယ်အင်္ဂါတို့၏ ပူလောင်လာခြင်း, လေတံကျင် အစရှိသောဝေဒနာသည် ဖြစ်လာတ်၏၊ ထိုသို့ ဖြစ်လာတတ်သော ဝေဒနာ၏ မဖြစ်ခြင်းသည် “ဘုစ္စပစ္စယာ န ဥပ္ပဇ္ဇနကဝေဒနာ”မည်၏။**ဝိဟိံသာ ၊ပေ၊ ဝိသေသော**။ ။ဤပြခဲ့သော ဝေဒနာနှစ်မျိုးသည် ဝိဟိံ'သာဟု ခေါ်အပ်သော ခုဒ္ဒါမဟုတ်သေး၊ ဝိဟိံသာဟု ခေါ်အပ်သော ခုဒ္ဒါကို အကြောင်းခံ၍ ဖြစ်ရသော ဝေဒနာများတည်း၊ ထို့ကြောင့် ဝိဟိံသာနှင့် ဤဝေဒနာနှစ်မျိုးတို့၏ ထူးခြားပုံကိုလည်း သိပါ။ဧတ္တကဉ္စိ ၊ပေ၊ ပဝတ္တန္တိတိ၊ ဟူသော ဤ စကားကို၊ (ဝုတ္တံ၌ စပ်၊)
ဣရိယာပထာနံ၊ ဣရိယာပုတ်တို့၏၊
သုခပ္ပဝတ္တိယာ၊ ချမ်းသာစွာ ဖြစ်ခြင်း၏၊
ကာရဏဘူတံ၊ အကြောင်းဖြစ်၍ဖြစ်သော၊
ဘုဉ္ဇနံ (စ)၊ စားခြင်းကိုလည်းကောင်း၊ (လေးလုပ် ငါးလုပ်လျှော့၍ စားခြင်းကိုလည်းကောင်း၊)
ပိဝနဉ္စ၊ ရေသောက်ခြင်းကိုလည်းကောင်း၊
ဣရိယာပထေဟိ၊ တို့သည်၊
ကာရဏဘာဝေန၊ ဖြင့်၊
ဂဟိတတ္တာ၊ ကြောင့်၊
တေဟိ၊ ထို ဣရိယာပုတ်တို့သည်၊
သာဓိတံဝိယ-ပြီးစေအပ်သကဲ့သို့၊ (သင်္ဂဟကာရေန) ဝုတ္တံ။
ဧတ္တကဉ္စိ ၊ပေ၊ ဝုတ္တံ
။ ။အဋ္ဌကထာ၌ “ဧတ္ထကဉှိ ဘုဉ္ဇိတွာ ပါနီယံ"စသော စကားဝယ် “ဣရိယာပထာ သုခေန ပဝတ္တန္တိ”ဟု ဣရိယာပထတို့ကို ကတ္တားအဖြစ်ဖြင့် ဆိုထား၏၊ ထိုသို့ ဆိုရာ၌ တစ်ဝါကျတည်းဝယ် ကတ္တားသည် ပဓာန ဖြစ်ရကား ဘုဉ္စနပိဝနကြိယာတို့ကိုလည်း ထိုဣရိယာပထတို့က ပြီးစေနိုင်ပါသလော, အဘယ်နည်းဖြင့် ထိုသို့ ဆိုထားပါသနည်းဟု မေးဖွယ်ရှိ၍ “ဧတ္ထကဉှိ ၊ပေ၊ ဝုတ္တံ”ဟု မိန့် သည်၊ ဆိုလိုရင်းကား-လေးလုပ် ငါးလုပ်လျှော့၍ စားခြင်း, ရေကို သောက်နေခြင်း ကြောင့် ဣရိယာပုတ်တို့ ချမ်းသာစွာ ဖြစ်နိုင်ကြ၏၊ ထို့ကြောင့် ဘုဉ္ဇန ပိဝနသည် ဣရိယာပုတ်တို့ သုခပဝတ္တန၏ အကြောင်းသာ ဖြစ်၏၊ ထို အကြောင်းကိုပင် ဣရိယာပုတ်တို့က ငါတို့၏အကြောင်းဟု ယူအပ်(အသိအမှတ် ပြုအပ်)သောကြောင့် ထိုဣရိယာပုတ်တို့ကပင် ပြီးစေအပ်သကဲ့သို့ (ကတ္တုသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တင်စား၍) တဒ္ဓမ္မူပစာရအားဖြင့် ဆိုထားအပ်သည်-ဟူလို။
အနုဋီကာ။ ။ဣရိယာ ၊ပေ၊ ဝုတ္တန္တိ သုခံ ပဝတ္တမာနေဟိ ဣရိယာပတ္ထေဟိ တေသံ (ထိုဣရိယာပုတ်တို့၏) တထာပဝတ္တိယာ ကာရဏန္တိ ဂဟိတတ္တာ ဝိဒိတတ္တာ ယထာဝုတ္တဘုဉ္ဇနပိဝနာနိ ပုဗ္ဗကာလကြိယာဘာဝေန ဝုစ္စမာနာနိ ဣရိယာပထကတ္တု ကာနိဝိယ (ဣရိယာပုတ်ဟူသော ကတ္တားရှိကုန်သကဲ့သို့) ဝုတ္တာနီတိ အတ္ထော၊-အနု၊ ဤဋီကာနှင့် အနုဋီကာဖွင့်ပုံ ထောက်လျှင် အဋ္ဌကထာ၌ “ဧတ္ထကဉှိ ဘုဉ္ဇတွာ ပါနီယံ ပိဝိတွာ”ဟု ရှေးပါဌ်ရှိသည်ဟု မှတ်ပါ၊ ရှေးနိဿယ၌လည်း “ပိဝိတွာ” "ဟုပင် ရှိသည်။
**ဘုတွာန ပန ပါဌော**။ ။ တိံ သနိပါတ် ထေရဂါထာပါဠိတော်၌ “အဘုတွာ”ဟု မရှိဘဲ “ဘုတွာန”ဟုပါ၌ရှိ၏၊ ဘုတွာနပါဌ်ရှိကြောင်းကို ထိုဂါထာ၏ နောက်၌ဆက်၍ မိန့်ဆိုအပ်သော “ကပ္ပိယံစ တံ ဆာဒေတိ”စသောဂါထာ, “ပလ္လင်္ကေန နိသိန္နဿ” စသော ဂါထာ, ဤနှစ်ဂါထာတို့ကို ထောက်၍ သိနိုင်ပါသည်၊ မှန်၏-ထိုနှစ်ဂါထာ ၌ သင်္ကန်းသည် အမျိုးဇာတ်အားဖြင့် အပ်လည်းအပ်၏၊ ဖုံးလွှမ်းထိုက်သောကိုယ်အင်္ဂါ ကိုလည်း ဖုံးလွှမ်းနိုင်၏၊ ဣဒမတ္တိက (သီတာဒိပဋိဃာတဟိရိကောပိနပဋိစ္ဆာဒန အကျိုးလည်း ရှိ၏။) ထိုသင်္ကန်းသည် သင့်လျော်လောက်ပါပြီဟု သင်္ကန်းပစ္စည်းအတွက် အနည်းဆုံးကို ခွင့်ပြုတော်မူ၏၊ ကျောင်းပစ္စည်းအတွက်လည်း ထက်ဝယ်ဖွဲ့ခွေ ကမ္မဋ္ဌာန်းထိုင်နေသောပုဂ္ဂိုလ်၏ ပုဆစ်ဒူဝန်းနှစ်ဘက် မိုးလုံလျှင် သင့်လျော်လောက်ပြီဟု အနည်းဆုံး(အညံ့ဆုံး)ကျောင်းကို ခွင့်ပြုတော်မူ၏၊ ထို့ကြောင့် ဤဂါထာ၌လည်း လေးလုပ် ငါးလုပ်လောက်ကိုသာ စား၍ ရေသောက်နေလျှင် ကမ္မဋ္ဌာန်းအားထုတ်နေ သော ပုဂ္ဂိုလ်အတွက် သင့်လျော်ပြီးဟု မူလဋီကာဆရာ ဆိုလိုသတတ်။