**မနုဿဘာဝဒေဝဘာဝါဒိဘူတံ** ။ ။ “ဘူတံ” ဟု ထည့်၍ ဖွင့်သောကြောင့် ဣတ္ထဘာဝဒေဝဘာဝါဒိနှင့် သံသရာကို အရတူဟုသိစေသည်၊ စတုက္ကင်္ဂုတ္တရ, တဏှာ ယောဂဝဂ်, ၉ သုတ်၏ အဋ္ဌကထာ၌ကား “ဣတ္ထံဘာဝေါ နာမ အယံ အတ္တဘာဝေါ၊ အညထာဘာဝေါနာမ အနာဂတတ္တဘာဝေါ”စသည်ဖြင့် အတ္တဘောကိုအရကောက်၏၊ ထိုဋီကာ၌ ထိုနှစ်ပုဒ်ကို ဒွန်တွဲ၍ “သော ဧတဿ အတ္ထိတိ ဣတ္ထဘာဝညထာဘာပေါ (သံသာရော)”ဟု ဗဟုဗ္ဗိဟိသမာသ်ပြုသည်၊ “ဣတ္တဘာဝညထာဘာဝံ-ဤသို့ပြားသော ခန္ဓာငါးပါး၏ ဖြစ်ကြောင်းဖြစ်ရာ ဤ ပစ္စုပ္ပန်အတ္တဘော, အခြားသော အပြား၏ ဖြစ်ကြောင်းဖြစ်ရာ အနာဂတ်အတ္တဘောရှိသော၊ သံသာရံ-ခန္ဓာ ဓာတ် အာယတန တို့၏ အဆက်မပြတ်ဖြစ်ခြင်းဟူသော သံသရာကို၊ နာတိဝတ္တတိ-မလွန်မြောက်နိုင်” ဟု အနက်ပေးပါ။အနိဒ္ဓါရှိတပရိစ္ဆေဒေ၊ မထုတ်ဆောင်အပ်သော အပိုင်းအခြားရှိ သော၊ (မာတိကုဒ္ဒေသေ၌စပ်၊)
ဓမ္မာနံ၊ ပရမတ္ထတရားတို့၏၊
အတ္ထိတာမတ္တ ဒီပကေ၊ ရှိကုန်သည်၏အဖြစ်မျှကို ပြတတ်သော၊
မာတိကုဒ္ဒေသေ၊ မာတိကာ ဥဒ္ဒေသ၌၊ (မာတိကာဥဒ္ဒေသတုန်းက၊)
အပရိစ္ဆေဒေန၊ အပိုင်းအခြားမရှိသော၊
ဗဟုဝစနေန၊ ဗဟုဝုစ်သဒ္ဒါဖြင့်၊ (အရိစ္ဆေဒဗဟုဝုစ်ဖြင့်၊)
ဥဒ္ဒေသော၊ ဥဒ္ဒေသကို၊
ကတော၊ ပြုတော်မူအပ်ပြီ၊
ဣတိ၊ ကြောင့်၊ (မာတိကာဥဒ္ဒေသ၌ ဗဟုဝုစ် သဒ္ဒါဖြင့် ဥဒ္ဒေသကို ပြုတော်မူအပ်ပြီး၏ အဖြစ်ကြောင့်။)
အနိဒ္ဓါရိတ၊ပေ၊အပစ္စယာတိ
။ ။ ဤစကားသည် အဋ္ဌကထာကိုဖွင့်သောစကား မဟုတ်၊ ပါဠိတော်ကို မိမိအလိုအတိုင်းဖွင့်သော စကားတည်း၊ ပါဠိတော်၌ နိဗ္ဗာန် တစ်ပါးတည်းကို အဘယ့်ကြောင့် မာတိကာဥဒ္ဒေသ၌ “အပစ္စယာဓမ္မာ”ဟုလည်း ကောင်း, ဤ၌ “ကတမေ ဓမ္မာ အပစ္စယာ”ဟုလည်းကောင်း ဗဟုဝုစ်ဖြင့် ဟောတော်မူ အပ်ပါသနည်းဟု မေးဖွယ်ရှိ၍ ထိုအမေးကို ဖြေရာရောက်အောင် “အနိဒ္ဓါရိတ”စသည် ကို မိန့်သည်၊ ဤဝါကျ၌ “အနိဒ္ဓါရိတ၊ပေ၊ကတော”သည် မာတိကာဥဒ္ဒေသ၌ ဗဟုဝုစ်ဖြင့် ဟောတော်မူခဲ့ခြင်း၏ အကြောင်းပြစကားတည်း၊ ထိုသို့ ဗဟုဝုစ်ဖြင့် ဟောတော်မူခဲ့ခြင်းသည်ပင် ဤ၌ ဗဟုဝုစ်ဖြင့် ပုစ္ဆာထုတ်ရခြင်း၏ အကြောင်းဖြစ်သော ကြောင့် “ဣတိ၊ပေ၊ပုစ္ဆတိ၊ ကတမေ ဓမ္မာ အပစ္စယာတိ”ဟု ဆိုသည်။
ဆိုလိုရင်းကား
- မာတိကာ၌ မည်သို့သော သဘာဝဓမ္မဟု သဘာဝကိုလည်း မပိုင်းခြားရသေး, မည်၍မည်မျှဟု အရေအတွက်ကိုလည်း မပိုင်းခြားရသေးဘဲ “ကုသလာ ဓမ္မာ-ကုသိုလ်တရားတို့ ရှိကုန်၏”ဟူသကဲ့သို့ “အပစ္စယာဓမ္မာ-အပစ္စယ တရားတို့ ရှိကုန်၏”ဟု သဘာဝဓမ္မတို့၏ ရှိရုံမျှကိုသာ ပြသေး၏၊ ထိုသို့ ရှိရုံမျှကို သာ ပြသောအရာဖြစ်၍ “ကုသလာ ဓမ္မာ အကုသလာ ဓမ္မာ”ဟူသော ဒေသနာအယဉ် အတိုင်း “အပစ္စယာ ဓမ္မာ”ဟု ဗဟုဝုစ်ဖြင့် ပြုတော်မူခဲ့ရသည်၊ မာတိကာဥဒ္ဒေသ၌ ဗဟုဝုစ်ဖြင့် ဟောတော်မူခဲ့ခြင်းကြောင့် ဤ၌လည်း ဗဟုဝုစ်ဖြင့်ပင် ပုစ္ဆာထုတ်တော်မူ ရသည်-ဟူလို၊ [“ဒွေ, တယော”စသည်ဖြင့် အပိုင်းအခြား မရှိဘဲ “ဓမ္မာ”ဟု သာမညဆိုအပ်သော ဗဟုဝုစ်ကို “အပရိစ္ဆေဒေန ဗဟုဝစနေန”ဟု ဆိုသည်။]
**သဘာဝ၊ပေ၊ပစ္ဆိတာစ** ။ ။ရှေ့စကားကိုပင် ခိုင်မြဲစေသော ဒဠိစကားတည်း၊ တရားဟောခြင်းဟူသည် ကြားနာသူတို့ သိဖို့ရန်ဖြစ်၏၊ အဘိဓမ္မာမာတိကာဥဒ္ဒေသကို ကြားနာသူသည် “အပစ္စယတရား”ဟူသည် “မည်သည့်တရားတည်း”ဟု သဘာဝ အပိုင်းအခြားကိုလည်းကောင်း, သင်္ခါ(သင်္ချာ)အပိုင်းအခြားကိုလည်းကောင်း အာဒိဖြင့် မည်သည့်ဘုံ၌ဖြစ်သောတရား, အကြောင်းတရား သို့မဟုတ် အကျိုးတရားဟူသော အပိုင်းအခြားကို ယူပါ၊ ဤသို့ အပိုင်းအခြားများကို မသိသေးပါ၊ ထို မသိသေးသူများ အတွက် မာတိကာဥဒ္ဒေသကိုလည်းကောင်း, ဤ နိက္ခေပကဏ္ဍ၌ ပုစ္ဆာကိုလည်းကောင်း ပြုရသောကြောင့် မာတိကာ-ဥဒ္ဒေသ၌ အပိုင်းအခြား မထားဘဲ “ကုသလာ ဓမ္မာ” စသော ဗဟုဝုစ်ဒေသနာအယဉ်အတိုင်း “အပစ္စယာ ဓမ္မာ”ဟု အကျဉ်းမာတိကာကို ပြခဲ့ရ၏၊ ထို မာတိကာအတိုင်းပင် ဤ နိက္ခေပ၌လည်း ပုစ္ဆာကို ထုတ်ရပါသည်။**ရူပါဝစရ၊ပေ၊ဝိညေယျာ** ။ ။ ကာမာဝစရကုသလကြိယဝိညာဏေန မဟဂ္ဂတ ဓမ္မာနံ သမ္မသနဝသေန ယထာယောဂံ မဟဂ္ဂတပ္ပမာဏဓမ္မာနံ ပစ္စဝေက္ခဏာဒိဝသေန, ရူပရာဂါရူပရာဂသမ္ပယုတ္တေန အကုသလမနောဝိညာဏေန မဟဂ္ဂတဓမ္မာနံ အဘိနိဝိသ န အဿာဒနဝသေန, တံတံ ပညတ္တိံ စ တံတံဝေါဟာရဝသေန ပဝတ္တေန အာဝဇ္ဇနေနစ ယထာဝုတ္တ ဝိညာဏာနံ ပုရေစာရိကေန (အာဝဇ္ဇနေန၏ ဝိသေသန) ကာမာဝစရဓမ္မာ နံ ဝိညေယျာ၊ ဣတရေနာတိ-ပရိတ္တာရမဏေန၊-အနု။ **အထဝါ** ။ ။ အထဝါတက်သော ဤနည်းကား အဋ္ဌကထာနည်းမဟုတ်, ဋီကာ ဆရာ၏နည်းတည်း၊ ဤနည်း၌ သမ္ပဋိစ္ဆိုင်းကို မပြဘဲ သန္တီရဏကို ပြသည်မှာ သမ္ပဋိစ္ဆိုင်းက မာနောဝိညာဓာတ် မဟုတ်သောကြောင့်တည်း၊ “သဗ္ဗတ္ထ”ဟု ဆိုသောကြောင့် “စိတ်အားလုံးကို အာရုံခွဲ၍ ရသမျှ ယှဉ်စပ်ပါလေ"ဟု ပြသည်။ရူပါဝစရာဒယော၊ ရူပါဝစရအစရှိသော အာရုံတို့ကို၊
ကာမာဝစရဝိပါကာ ဒီဟိ၊ ကာမာဝစရဝိပါက် အစရှိသော တရားတို့သည်၊
အဝိညေယျာ၊ မသိ ထိုက်ကုန်။
ကေစိဒေဝ၊ အချို့သော အရူပါဝစရတရားတို့ကိုသာ၊
အရူပါဝစရေဟိ၊ အရူပါဝစရတရားတို့သည်၊
ပိညေယျာ၊ ကုန်၏၊
ဣတိ၊ သို့၊
ယောဇေတဗ္ဗံ၊ ၏၊ (ကသ္မာ)၊
အနုဝတ္တမာနတ္တာ၊ အစဉ်လိုက်လာသည်၏အဖြစ်ကြောင့်တည်း။
ရူပါဝစရ၊ပေ၊ဝိပါကာဒီဟိ
။ ။ ရူပါဝစရာရူပါဝစရလောကုတ္တရပညတ္တိယော (ရူပါဝစရာဒယော၏အဖွင့်) ကာမာဝစရဝိပါကေဟိ, လောကုတ္တရာ(လောကုတ္တရာအာရုံ တို့ကို) ကာမာဝစရတော-တို့မှ၊ (ဝါ-တို့တွင်) ဉာဏဝိပ္ပယုတ္တကုသလကြိယေဟိ (တို့သည်လည်းကောင်း) အကုသလေဟိစ(တို့သည်လည်းကောင်း) အဝိညေယျာတိ ယောဇေတဗ္ဗံ၊-အနု။
အနုဝတ္တမာနတ္တာ ။ ။ “တေပိစ ကေစိဒေဝ ဝိညေယျာ၊ ကေစိ အဝိညေယျာ” ဟူသော ဝါကျ၌ ကတ္တားပုဒ် မပါ၊ ထို ကတ္တားပုဒ်ကို ရှေ့မှ လိုက်လာသော “အရူပါဝစရေဟိ”သဒ္ဒါ ရှိသောကြောင့် ထို အရူပါဝစရေဟိ”သဒ္ဒါကို ကတ္တားအဖြစ် ဖြင့် ထည့်၍ အနက်ယောဇနာပါ-ဟူလို။
**နိဗ္ဗာနေန၊ပေ၊ဘာဝတော** ။ ။ရှေ့၌“မနောဝိညာဏန္တိဟိ သင်္ချံ ဂတေဟိ”ဟူသော အဋ္ဌကထာဝယ် မနောဝိညာဏပုဒ်သည် “ကာမာဝစရဓမ္မေဟိ, ရူပါဝစရေဟိပိ, အရူပါဝစရေဟိ, အပရိယာပန္နေဟိ” တိုင်အောင် လိုက်လာ၏၊ နိဗ္ဗာနေန အဝိညေယျတ္တာ ၌ “နိဗ္ဗာနေန”ဟူသောကတ္တားသို့လည်း ထိုမနောဝိညာဏပုဒ် လိုက်လာ၍ “နိဗ္ဗာနေန ကို ကတ္တားအဖြစ်ဖြင့် ဆိုအပ်ပါသလော”ဟု မေးဖွယ်ရှိ၍ “နိဗ္ဗာနေန အဝိညေယျတ္တာ တ်”စသည်ကို မိန့်သည်၊ “အဝိညေယျ”အရ “နိဗ္ဗာန်သည် မသိနိုင်”ဟူသောအနက်၏ ဖြစ်သင့်ခြင်းမျှကို ရည်ရွယ်၍ ဆိုပါသည်၊ (နိဗ္ဗာနေနေတိုင်အောင် မနောဝိညာဏပုဒ်က လိုက်လာသောကြောင့် ဆိုအပ်သည်မဟုတ်ပါ၊) နိဗ္ဗာန်သည် မနောဝိညာဏ် မဖြစ်နိုင် ပါ-ဟူလို၊ နိဗ္ဗာန်ကို မသိခြင်းသဘောကို(သိတတ်သောတရား မဟုတ်ခြင်းသဘောကို) “အတ္ထသမ္ဘဝ”ဟုဆိုသည်၊ ထို့ကြောင့် အဝိညေယျ၏ကတ္တားကို“နိဗ္ဗာနေန”ဟု ထည့် ထားသည်ဟု မှတ်ပါ။ [နိဗ္ဗာနဿ အဝိဇာနနသဘာဝေါဝ အတ္ထသမ္ဘဝေါ-အနု။]ပန၊ ထိုသို့ပင် ပယ်မြစ် ပါသော်လည်း၊
ကာမာ၊ပေ၊ဝိနိမုတ္တော၊ ကာမာသဝ ဘဝါသဝမှ လွတ်သော၊
လောဘော၊ သည်၊
ယဒိ အတ္ထိ၊ အကယ်၍ ရှိသေးအံ့၊ (ဧဝံသတိ)၊
သော၊ ထို လောဘသည်၊ (အာသဝမှလွတ်သော လောဘသည်၊)
ယဒါ၊ အကြင် အခါ၌၊
ဒိဋ္ဌိဂတဝိပ္ပယုတ္တေသု၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တို့၌၊
ဥပ္ပဇ္ဇတိ၊ ၏၊
တဒါ၊ ၌၊
တေန၊ ထိုလောဘနှင့်၊ (အာသဝမှလွတ်သော လောဘနှင့်၊)
သမ္ပယုတ္တော၊ ယှဉ်သော၊
အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာသဝသည်၊
အာသဝဝိပ္ပယုတ္တော၊ အာသဝ ဝိပ္ပယုတ္တတည်း၊[ယှဉ်စရာ အာသဝေါတရား မရှိ-ဟူလို၊]
ဣတိ၊ ကြောင့်၊
ဒေါမန၊ပေ၊သမ္ပယုတ္တဿ၊ ဒေါမနဿနှင့်သမ္ပယုတ်ဖြစ်သော မောဟ, ဝိစိကိစ္ဆာ နှင့် သမ္ပယုတ်ဖြစ်သော မောဟ, ဥဒ္ဓစ္စနှင့်သမ္ပယုတ်ဖြစ်သော မောဟ၏၊ (အာသဝဝိပ္ပယုတ္တတာ-အသဝဝိပ္ပယုတ္တ၏အဖြစ်ကို၊ ဝုတ္တာ)
ဝိယ၊ ဟောတော်မူ အပ်သကဲ့သို့၊
တဿပိ၊ ထို ဒိဋ္ဌိဂတဝိပ္ပယုတ်မောဟ၏လည်း၊
အာသဝ ဝိပ္ပယုတ္တတာ၊ သည်၊
ဝါ၊ ကို၊
ဝတ္တဗ္ဗာ၊ ဟောတော်မူထိုက်သည်၊ သိယာ၊
(ကိ၊ အဘယ်သို့၊
ဝတ္တဗ္ဗာ, သိယာ၊ နည်း၊)
စတူသု၊ပေ၊ဝိပ္ပယုတ္တောတိ၊ ဟူ၍၊ (ဝတ္တဗ္ဗာ သိယာ၊)
[စတူသု၊ ကုန်သော၊
ဒိဋ္ဌိဂတဝိပ္ပယုတ္တေသု၊ န်သော၊
လောဘသဟဂတေသု၊ န်သော၊
စိတ္တုပ္ပာဒေသု၊ တို့၌၊
ဥပ္ပန္နော၊ သော၊
မောဟော၊ သည်၊
သိယာ၊ ရံခါ၊
အာသဝသမ္ပယုတ္တော၊ အာသဝသမ္ပယုတ္တ သည်၊(ဟောတိ၊)
သိယာ၊ ခါ ၊
အာသဝဝိပ္ပယုတ္တော၊ သည်၊ ဟောတိ၊]
ယဒိ ပန၊ပေ၊ဝတ္တဗ္ဗာသိယာ
။ ။ ဗြဟ္မာတို့၏ ဝိမာန စသည်၌ဖြစ်သော ရာဂကို ကာမာသဝမဟုတ်ဟု ပယ်ခြင်း၌ အပြစ်ပြလိုသောကြောင့် "ယဒိ ပန" စသည်ကို မိန့်သည်၊ ကာမာသဝ ဘဝါသဝမှလွတ်သော လောဘတစ်မျိုးရှိလျှင် ထိုလောဘသည် ဒိဋ္ဌိဂတဝိပ္ပယုတ်လေးခု၌ ယှဉ်ခိုက် ထို လောဘနှင့်ယှဉ်သော အဝိဇ္ဇာသဝဟူသော မောဟမှာ ယှဉ်စရာအာသဝေါတရား မရှိတော့၊ ထို့ကြောင့် ထိုမောဟသည် “အာသဝ ဝိပ္ပယုတ္တ”ဖြစ်နေရကား (ဒေါမနဿသဂဟမောဟ, ဝိစိကိစ္ဆဒ္ဓစ္စမောဟကို အာသဝ ဝိပ္ပယုတ္တဟု ဟောတော်မူသကဲ့သို့) ထို ဒိဋ္ဌိဂတဝိပ္ပယုတ်မောဟ၏လည်း အာသဝ ဝိပ္ပယုတ္တအဖြစ်ကို ဟောတော်မူထိုက်၏။
စတူသု၊ပေ၊ဝိပ္ပယုတ္တောတိ ။ ။ ဟောတော်မူထိုက်ပုံ အခြင်းအရာပြသော ပါဠိတည်း၊ အဋ္ဌကထာကဏ္ဍ အာသဝနိဒ္ဒေသ၌ “ဒီသု ဒေါမနဿ သဟ၊ ပေ၊ ဥဒ္ဓစ္စ သဟဂတော မောဟော”ဟု ဒေါမနဿ ဝိစိကိစ္ဆဒ္ဓစ္စသမ္ပယုတ်မောဟ၏ အာသဝ ဝိပ္ပယုတ္တအဖြစ်ကို ဟောတော်မူထား၏၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တမောဟလည်း အာသဝ ဝိပ္ပယုတ္တရှိလျှင် “စတူသု ဒိဋ္ဌိ၊ပေ၊ဝိပ္ပယုတ္တော”ဟု ဟောတော်မူထိုက်-ဟူလို၊ ထို ပါဠိ၌ “သီယာ အာသဝသမ္မယုတ္တော”သည် လောဘက ကာမာသဝ သို့မဟုတ် ဘဝါသဝဖြစ်ခိုက်၌ ထိုမောဟ၏ ရံခါ အာသဝသမ္ပယုတ္တ ဖြစ်ပုံတည်း၊ “သိယာ အာသဝဝိပ္ပယုတ္တော"ကား ထိုလောဘက အာသဝမဖြစ်ခိုက်၌ မောဟ၏ အာသဝ ဝိပ္ပယုတ်ဖြစ်ပုံတည်း၊ ထိုသို့ အာသဝနိဒ္ဒေသ၌ ဟောတော်မမူသောကြောင့် လောဘ မှန်လျှင် ကာမာသဝသော်လည်း ဖြစ်ရ, သို့မဟုတ် ဘဝါသဝသော်လည်း ဖြစ်ရမည်၊ ထို ကာမာသဝ ဘဝါသဝမှ လွတ်သော လောဘဟူ၍ မရှိပါ-ဟူလို။
**ကာမာသဝေါ၊ ပေ၊ န သက္ကာ ဝတ္ထု** ။ ။ ဤစကားသည် ဒိဋ္ဌိသဟဂုတ်ရာဂ၏ ကာမာသဝ မဖြစ်ဟူသော အဋ္ဌကထာကို ပယ်သောစကားတည်း၊ အဋ္ဌကထာကဏ္ဍ ပါဠိတော်၌ “ကာမာသဝေါ၊ပေ၊ဥပ္ပဇ္ဇတိ”ဟုလည်းကောင်း, ပဋ္ဌာန်းပါဠိတော်၌ “ကာမာသဝ ပဋိစ္စ အဝိဇ္ဇာသဝေါ”ဟုလည်းကောင်း ဟောတော်မူသောကြောင့် “ဒိဋ္ဌဂတ သမ္မယုတ်ရာဂ”ကို ကာမာသဝအမည်မရဟု မဆိုထိုက်၊ ထိုပါဠိတော်များအရ“ဒိဋ္ဌိဂတ သမ္ပယုတ်ရာဂ”ကို “ဒိဋ္ဌိရာဂ”ဟုမဆိုဘဲ “ကာမာသဝ”ဟုသာ ဆိုထိုက်သည်’ဟူလို။**ပဌမကမာနဘာဇနိယေ** ။ ။ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်၌ သေယျမာန်, ဟီန မာန်, သဒိသမာန်တို့ကို ဝေဖန်ရာပါဠိ သုံးရပ်ရှိ၏။ ထိုသုံးရပ်တွင် သေယျမာန်ကို ဝေဖန်ရာ ပါဠိရပ်ကို "ပဌမကမာနဘာဇနိယ”ဟု ခေါ်ကြောင်းသိစေလို၍ “သေယျောဟမသ္မိံတိ မာနဿ နိဒ္ဒေသေ”ဟု ဖွင့်သည်၊ ထိုပါဠိတော်၌ “တတ္ထ ကတမော သေယျောဟမသ္မိံတိ မာနော”ဟု စချီ၍ “ဣဓေကစ္စော”စသည်ဖြင့် ဟောတော်မူသည်၊[ထို ပါဠိတော်ကို ကြည့်ပါ။]ဟိ၊ ချဲ့၊
တတ္ထ၊ ထို ပဌမကမာနဘာဇနီယ၌၊(“ဝိဘတ္တော”၌စပ်၊)
ဧကစ္စော၊ အချို့ပုဂ္ဂိုလ်သည်၊
ဇာတိယာဝါ၊ ခတ္တိယစသော ဇာတ်ကြောင့်သော်လည်းကောင်း၊
ဂေါတ္တေနဝါ၊ ဂေါတမစသော အနွယ်ကြောင့်သော်လည်းကောင်း၊
လောကပုတ္တိယေန၊ အမျိုးကောင်းသားတို့၏အဖြစ်ကြောင့်သော်လည်းကောင်း၊
ဝဏ္ဏပေါက္ခရတာယဝါ၊ အဆင်းနှင့်ပြည့်စုံသော ကိုယ်ရှိသူ၏အဖြစ်ကြောင့် သော်လည်းကောင်း၊
ဓနေနဝါ၊ ဥစ္စာကြောင့်သော်လည်းကောင်း၊
အချွေနေနေ ဝါ၊ ရွတ်ဆို သင်ယူအပ်ပြီးသော ဝေဒကြောင့်သော်လည်းကောင်း၊
ကမ္မာ ယတနေနဝါ၊ အသက်မွေးခြင်း၏အကြောင်းဖြစ်သော “ကသိ,ဝါဏိဇ္ဇ”စသော အလုပ်ကြောင့်သော်လည်းကောင်း၊
သိပ္ပာယတနေနဝါ၊ အသက်မွေးခြင်း၏ အကြောင်းဖြစ်သော “ဟတ္ထိသိပ္ပ”စသော အတတ်ကြောင့်သော်လည်းကောင်း၊
ဝိဇ္ဇာဋ္ဌာနေနဝါ၊ အသက်မွေးခြင်း၏ တည်ရာအကြောင်းဖြစ်သော “ခေတ္တဝိဇ္ဇာ” စသော အသိဉာဏ်ကြောင့်သော်လည်းကောင်း၊
သုတေနဝါ၊ ကြားနာအပ်သော အတတ်ကြောင့်သော်လည်းကောင်း၊
ပဋိဘာနေနဝါ၊ ရှေးရှုထင်လာသော ဉာဏ်ပညာကြောင့်သော်လည်းကောင်း၊
အညတရညတရေန၊ တစ်ပါးပါးသော၊
ဝတ္ထုနာ၊ အကြောင်းကြောင့်၊
မာနံ၊ မာနကို၊
ဇပွေတိ၊ ဖြစ်စေ၏(စာအုပ်တို့၌ “အညတရညတရေနဝါ”ဟု “ဝါ”သဒ္ဒါ ပါနေ၏။ ပါဠိတော်အရင်း၌မပါ]
ဧဝရူပေါ၊ ဤသို့သဘောရှိသော၊
ယော မာနော၊ အကြင် မှတ်ထင်ခြင်းသည်၊
(ယာ)မညနာ၊ အကြင် မှတ်ထင်ခြင်းဟူသော အခြင်းအရာသည်၊ပေ၊
စိတ္တဿ၊ ၏၊
(ယာ)ကေတုကမျတာ၊ အကြင် အမြင့်ဆုံးအလံကဲ့သို့ အလွန်တက်ကြွခြင်း ကို အလိုရှိသူ၏အဖြစ်သည်၊ (အတ္ထိ)၊
ဣတိ၊ သို့၊
သေယျဿ၊ သေယျပုဂ္ဂိုလ် ၏သန္တာန်၌လည်းကောင်း၊
သဒိသဿ၊ သဒိသပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း၊
ဟီနဿစ၊ ဟီနပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း၊
ပုဂ္ဂလဝိသေသံ၊ ပုဂ္ဂိုလ်အထူးကို၊ (သေယျ, သဒိသ, ဟီနဟူသော ပုဂ္ဂိုလ်အထူးကို၊)
အနာမသိတွာ၊ မသုံးသပ်မူ၍၊
သေယျမာနော၊ သေယျမာနကို၊
ဝိဘတ္တော၊ ဝေဖန်တော်မူအပ်ပြီ၊
ဣတိ ဣမအတ္ထံ၊ ကို၊
သန္ဓာယ၊ ၍၊
ဧကော၊ပေ၊ကထိတော တိ၊ ဟူ၍၊ (သင်္ဂဟကာရော) အာဟ၊
အနုဋီကာ
။ ။ဇာတိယာတိ ခတ္တိယဘာဝါဒိ ဇာတိယာ၊ ဂေါတ္တေနာတိ ဂေါတမ ဂေါတ္တာဒိ ဥက္ကဋ္ဌဂေါတ္တေန၊ (သေယျမာန်ဖြစ်၍ ဥက္ကဋ္ဌဂေါတ္တကို ဖွင့်သည်၊) ကောလ ပုတ္တိယေနာတိ မဟာကုလဘာဝေန၊ [ကုလပုတ္တဿ+ဘာဝေါ ကောလပုတ္တိယံ] ဝဏ္ဏ ပေါက္ခရတာယာတိ ဝဏ္ဏသမ္ပန္ဓသရီရတာယ၊ ပေါက္ခရံ ဟိ သရီရံ ဝုစ္စတိ၊ အမွှေးနေနာတိ ဝေဒေန၊ ကသိဝါဏိဇ္ဇာဒိကမ္မံဧဝ အာယတနံ၊ သိပ္ပံ နာမ ဟတ္ထိသိပ္ပာဒိကံ၊ တံဒဝ အာယတနံ၊ ဝိဇ္ဇာဋ္ဌာနံနာမ ခေတ္တဝိဇ္ဖာဒိ၊-မဓု။
သေယျဿ၊ပေ၊ကထိတောတိ အာဟ ။ ။ထိုသေယျမာန်ကို ဝေဖန်ရာ ပဌမက ဘာဇနီယပါဠိတော်၌ သေယျပုဂ္ဂိုလ်၏ သေယျမာန်ဖြစ်ပုံဟုလည်းကောင်း, သဒိသ ပုဂ္ဂိုလ်၏ သေယျမာန်ဖြစ်ပုံဟုလည်းကောင်း, ဟီနပုဂ္ဂိုလ်၏ သေယျမာန်ဖြစ်ပုံဟု လည်းကောင်း, ပုဂ္ဂိုလ်အထူးကို မသုံးသပ်ဘဲ သေယျမာန်ကို ဝေဖန်တော်မူသောကြောင့် ထိုသေယျမာန်သည် ပုဂ္ဂိုလ်သုံးမျိုးလုံးနှင့်ဆိုင်၏၊ ထိုသို့ ဆိုင်ပုံကို ရည်ရွယ်၍ “ဧကော မာနော၊ပေ၊ကထိတော”ဟု အဋ္ဌကထာ၌ ဆိုသည်။
**န ကေဝလဉ္ဇ၊ပေ၊ဒဋ္ဌဗ္ဗ** ။ ။သေယျမာန်ကို အကျယ်ပြရာ ပဌမကမာနဘာဇနီယ ၌သာ ဤသို့ ဟောတော်မူသည် မဟုတ်သေး၊ သဒိသမာန်ကို အကျယ်ပြရာ ဒုတိယက မာနဘာဇနီယ၌လည်းကောင်း, ဟိနမာန်ကို အကျယ်ပြရာ တတိယကမာနဘာဇနီယ၌ လည်းကောင်း ဤအတိုင်း ဟောတော်မူသောကြောင့် “ပဌမကမာနဘာဇနီယေ" ဟူသော စကားကို နိဒဿနနည်းဟု မှတ်ပါ။ဟိ၊ ချဲ့၊
သေယျဿ၊ ၏၊
သေယျောဟမသ္မီတိ မာနောတိအာဒီနံ၊ အစရှိကုန်သော၊ (မာနာနံ၌စပ်၊)
ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊
အာမသိတွာ၊ သုံးသပ်၍၊ (သေယျဿ, သဒိသဿ, ဟီနဿဟု သုံးသပ်၍၊)
ဝုတ္တာနံ၊ န်သော၊
နဝန္နံ၊ ကိုးမျိုးကုန်သော၊
မာနာနံ၊ မာနတို့၏၊
ဘာဇနီယံ၊ ဘာဇနီယသည်၊
ဒုတိယကမာနဘာဇနိယံ၊ ဒုတိယကမာနဘာဇနိယသည်၊ ဟောတိ၊ (ကသ္မာ)၊
တဿ မာနရာသိဿ၊ ထိုမာနအစု၏၊
ပုဂ္ဂလံ၊ ကို၊
အနာမသိတွာ၊ ၍၊
ဝုတ္တမာနရာသိတော၊ ဟောတော်မူအပ်သော မာနအစုမှ၊
ဒုတိယကတ္တာ၊ နှစ်ခုမြောက်၏အဖြစ်ကြောင့်တည်း၊
ဣတိ၊ ဤသို့ မှတ်အပ်၏၊ [စာအုပ်တို့၌ “ဒုတိယတတိယကတ္တာ”ဟု ရှိသည်ကားပါဌ်ပျက်၊ “ဒုတိယ ကတ္တာ”ဟုသာရှိရမည်၊ ဘာ့ကြောင့်နည်း၊“ဒုတိယကမာနဘာဇနီယံ ဟောတိ” ဟူသော ဝါကျ၏အကြောင်းကိုပြသော ဟိတ်ဖြစ်သောကြောင့်တည်း။]
စ၊ သည်သာမကသေး၊
ယထာဝုတ္တေ၊ အကြင် အကြင် ဟောတော်မူအပ် ပြီးသော၊
ဒုတိယကမာနဘာဇနိယေ၊ ၌၊
ဧကေကဿ၊ တစ်ယောက်တစ်ယောက် သော ပုဂ္ဂိုလ်၏၊
တယော တယော၊ သုံးပါးသုံးပါးကုန်သော၊
မာနာ၊ တို့သည်၊
ဥပ္ပဇ္ဇန္တိ၊ န်၏၊
ဣတိ၊ သို့၊
ကထိတံ၊ ပြီ၊
ဣတိ၊ ကြောင့်၊
ဣဓ၊ ဤအဋ္ဌကထာ၌၊
ဝုတ္တာယ၊ ဆိုအပ်ပြီးသော၊
အတ္ထဝဏ္ဏနာယ၊ အနက်အဖွင့်နှင့်၊
သမာနဒဿနတ္ထံ၊ တူသည်၏အဖြစ်ကို ပြခြင်းအကျိုးငှာ၊
ပဌမကမာနဘာဇနီယေတိ၊ ဟူ၍၊
(သင်္ဂဟကာရေန) အထာပိ ဝုတ္တံ၊ အကယ်၍လည်း ဆိုအပ်သည်ဖြစ်အံ့၊ (ဧဝံသတိ)၊
အထဝါ၊ပေ၊ဒုတိယကတ္တာ
။ ။ ထိုပါဠိတော်၌ ပုဂ္ဂိုလ်ကို မသုံးသပ်ဘဲ မာနသုံးမျိုး ကို အကျယ်ဟောတော်မူပြီးနောက်“တတ္ထ ကတမော သေယျဿ သေယျောဟမသ္မီတိ မာနော”စသည်ဖြင့် ပုဂ္ဂိုလ်ကို သုံးသပ်၍ ဟောတော်မူအပ်သော ပါဠိတော်တစ်ရပ် ဆက်၍ လာသေး၏၊ ထို ပါဠိတော်၏ မာနအစုက ဒုတိယမြောက် ဖြစ်သောကြောင့် ပုဂ္ဂိုလ်ကို မသုံးသပ်ဘဲ ရှေးဦးစွာ ဟောတော်မူအပ်သော (သေယျမာန်,သဒိသမာန်, ဟီနမာန်) သုံးမျိုးလုံးအစုကိုပင် “ပဌမကမာနဘာဇနီယ"ဟု ခေါ်ထားသည်။ [ဤ ဒုတိယနည်း၌ နိဒဿနနည်း ကြံဖွယ်မလို။]
အထာပိစ၊ပေ၊ဝုတ္တံ။ ။ ဤနည်းကား အဋ္ဌကထာအဖွင့်ကို ဒုတိယကမာန ဘာဇနီယဟု ယူ၍ ခုဒ္ဒကဝတ္ထုပါဠိတော်ဝယ် ဒုတိယအကျယ်ပြအပ်သော စကားကို ပဌမကမာနဘာဇနီယဟု ယူလိုသည်၊ အထဝါတက်သောနည်း၌ ဆိုအပ်ပြီးသော ဒုတိယက မာနဘာဇနီယပါဠိတော်ဝယ် သေယျပုဂ္ဂိုလ်၌ မာန်သုံးမျိုး, သဒိသပုဂ္ဂိုလ်၌ မာန်သုံးမျိုး, ဟီနပုဂ္ဂိုလ်၌ မာန်သုံးမျိုး “ဤသို့ တစ်ယောက်တစ်ယောက်မှာ မာန် သုံးမျိုးစီ ဖြာကုန်၏”ဟု ဟောထားတော်မူ၏၊ ထို့ကြောင့် ဤ၌ ဆိုအပ်သော အဖွင့်နှင့် ညီမျှ၏ဟု ပြခြင်းငှာ ထိုပါဠိတော်ကို ပဌမကမာနဘာဇနီယဟု အဋ္ဌကထာ ဆရာ ဆိုလိုအပ်သည် ဖြစ်အံ့-ထိုသို့ဖြစ်လျှင်
**သောဧဝ၊ပေ၊အဓိပ္ပာယော** ။ ။ “ထို ခုဒ္ဒကဝတ္ထုပါဠိတော် ဒုတိယမာနရာသိ၌ ဟောတော်မူအပ်သော မာနကိုပင် ဤ နိက္ခေပကဏ္ဍ၌ ယှဉ်စပ်သင့်, သုံးစွဲသင့်၏ဟု ယူဆ၍ ယှဉ်စပ်သုံးစွဲထားပါသည်”ဟူသော အနက်သည် ဤ အဋ္ဌကထာဆရာ၏ ဆိုလိုရင်းအဓိပ္ပာယ်ဖြစ်သည်-ဟူလို။အဘိဇ္ဈာကာမရာဂါနံ၊ အဘိဇ္ဈာ, ကာမရာဂတို့၏၊
ဝိသေသော၊ အထူးသည်၊
အာသဝဒွယဧကာသဝဘာဝေါ၊ အာသဝနှစ်ပါးအပေါင်း၏အဖြစ်, တစ်ပါးသော အာသဝ၏အဖြစ်သည်၊ [ဘာဝေါနေရာ၌ “ဘဝေန‘အဖြစ်ဖြင့်” ဟုရှိလျှင် စာသွားကောင်း၏၊]
အဘိဇ္ဈာယ၊ အဘိဇ္ဈာ၏၊
နောအာသဝဘာဝေါ စ၊ အာသဝ မဟုတ်သည်၏အဖြစ်သည်လည်း၊
န၊ မရှိ၊
ဣတိ၊ ကြောင့်၊
နော အာသဝလောဘဿ၊ အာသဝမဟုတ်သော လောဘ၏၊
သမ္ဘာဝေါ၊ ထင်ရှား ရှိသည်၏အဖြစ်ကို၊
ဝိစာရေတဗ္ဗော၊ စိစစ်ထိုက်၏၊ (တသ္မာ ဝိစာရေဗ္ဗော၊)
အဘိဇ္ဈာ၊ပေ၊ဝိစာရေတဗ္ဗော။ ။အဘိဇ္ဈာဟူသော လောဘ၏ ကာမာသဝ, ဘဝါသဝဟု နှစ်မျိုးဖြစ်ခြင်း, ကာမရာဂဟူသော လောဘ၏ ကာမာသဝ တစ်မျိုးသာ ဖြစ်ခြင်းသည် အဘိဇ္ဈာနှင့် ကာမရာဂတို့၏ အထူးဖြစ်စရာရှိ၏၊ အဘိဇ္ဈာ၏ အာသဝ အမည် မရသော အဘိဇ္ဈာတစ်မျိုး ရှိနိုင်ခြင်းဟူသော (အဘိဇ္ဈာနှင့် ကာမရာဂ)အထူးကား မဖြစ်နိုင်၊ ထို့ကြောင့် “အာသဝအမည် မရသော အဘိဇ္ဈာ(လောဘ)တစ်မျိုး ရှိ၏”ဟူသော အဋ္ဌကထာ၏စကားကို စိစစ်ထိုက်သည်။
အမှာ။ ။အဋ္ဌကထာ၌ “ဗြဟ္မာတို့၏ ဝိမာနစသည်၌ တပ်မက်မှုသည် ကာမာသဝ မဖြစ်၊ ဂန္ထဂေါစ္ဆကသို့ ရောက်သောအခါ အဘိဇ္ဈာကာယဂန္ထ ဖြစ်၏”ဟု ဆိုထား၏၊ ထိုစကားအရ “အာသဝအမည် မရသော အဘိဇ္ဈာ(လောဘ)တစ်မျိုး ရှိသေး၏"ဟု ဆိုရာရောက်သောကြောင့် ထို စကားကို ယူ၍ “နောအာသဝလောကဿ သဗ္ဘာဝေါ ဝိစာရေတဗ္ဗော”ဟု ဋီကာဆိုသည်။
**န ဟိ၊ပေ၊ဒေါသောတိ**။ ။ဤကား စိစစ်ထိုက်ခြင်း၏ အကြောင်းပြတည်း၊ အာသဝအမည် မရသော လောဘရှိသေးလျှင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်အတွက် ထို လောဘကို ရည်ရွယ်၍ “အာသဝေါ စ (မောဟ) နောအာသဝေါ စ (ဆိုအပ်ပြီးသော လောဘ) ဓမ္မာ အာသဝေါ စ ဓမ္မဿ (ဒိဋ္ဌိအား) ဟေတုပစ္စယေန ပစ္စယော”ဟုလည်း ကောင်း, အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ ဟေတုပစ္စယေနပစ္စယော”ဟု လည်းကောင်း သတ္တမ, နဝမပဉှာတို့ကို ဟောတော်မူရာ၏၊ [“ရှိရင်းစွဲ သတ္တမပဉှာ”ကို အဋ္ဌမအရာ၌ ထား၍ဆိုသည်၊] ထိုသို့ကား ဟောတော်မမူ၊ ထိုသို့ ဟောတော်မမူရကား အာသဝအမည် မရသော လောဘဟူ၍ မရှိ၊ ထိုသို့ မရှိသောကြောင့် အဋ္ဌကထာ၏ “ဗြဟ္မာနံ ဝိမာနာဒီသု”စသော စကားကို စိစစ်ထိုက်သည်ဟူလို။**ဒိဋ္ဌိဝိပ္ပယုတ္တေ စ** ။ ။ ဒိဋ္ဌိသမ္ပယုတ်စိတ်၌ အာသဝအမည်မရသော လောဘ၏ မရှိနိုင်ပုံကို ပြပြီး၍ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ မရှိနိုင်ပုံကို ပြလိုသောကြောင့် “ဒိဋ္ဌိ ဝိပ္ပယုတ္တေ စ”စသည်ကို မိန့်သည်၊ “ပုဗ္ဗေ ဒဿိတဒေါသ”ဟူသည် ရှေ့အာသဝ နိဒ္ဒေသ၌ ပြအပ်ခဲ့သော “ယဒိ ပန လောဘော ကာမာသဝဘဝါသဝဝိနိမုတ္တော အတ္ထိ၊ပေ၊သိယာ အာသဝဝိပ္ပယုတ္တောတိ”ဟူသော အပြစ်တည်း။**ကာမစ္ဆန္ဒ၊ ပေ၊ နိဝရဏန္တိ** ။ ။အဋ္ဌကထာ၌ မဖွင့်ပြအပ်သော ပါဠိတော်ကို ဋီကာဆရာက ဖွင့်ပြသော စကားတည်း၊ ထိုသို့ အဋ္ဌကထာမဖွင့်ဘဲ ဋီကာဖွင့်ခြင်းမှာ လည်း ကာမစ္ဆန္ဒ ကာမရာဂမှ အလွတ်ဖြစ်သော လောဘဟူ၍ မရှိဟု သိစေလိုသော ကြောင့်တည်း၊ ထိုသို့ သိစေခြင်းအားဖြင့် “ကာမာသဝ, ဘဝါသဝမှ အလွတ်ဖြစ်သော လောဘလည်း မရှိ”ဟု ထပ်၍ ပယ်ရှားရခြင်း အကျိုးရှိသည်ဟု မှတ်ပါ၊ မှန်၏- ထို ကာမာသဝ ကာမရာဂသည် ဗြဟ္မာတို့၏ ဝိမာနစသည်၌သာမက အရူပဘုံတိုင် အောင်ပင် ဖြစ်ရကား “ဗြဟ္မာတို့၏ ဝိမာနစသည်၌ တပ်မက်မှုကို ကာမရာဂဟု မဆိုရ”ဟူသော အဋ္ဌကထာစကားကို ထပ်၍ ပယ်ရှားသည်။**ရူပကာယဿ၊ပေ၊နာဟာစ**။ ။အဋ္ဌကထာကို ဖွင့်သောစကား မဟုတ်၊ မိမိ အလိုအတိုင်း ပါဠိတော်ကို ဖွင်ပြသော စကားတည်း၊ ထိုသို့ ဖွင့်ပြရာ၌ အဋ္ဌကထာဝယ် ဖလူပစာရဟု ဆိုသကဲ့သို့ ဥပစာမတင်ဘဲ မုချအားဖြင့် ဖွင့်ပြခြင်းတည်း၊ ရူပကာယက အတွင်း၌ ပိတ်ချုပ်ထားနိုင်ခြင်း မရှိ၊ ထို့ကြောင့် “ထို အန္တောသမောရောဓကို နာမကာယ၌သာ ဟောတော်မူအပ်၏” ဟု သိသာ၏၊ အန္တောသမောရောဓနှင့် အတူတကွ ဟောတော်မူအပ်သော သြနာဟ ပရိယောနာဟတို့ကိုလည်း (သဟစရဏ နည်းအားဖြင့်) နာမကာယ၌သာ ဟောတော်မူအပ်သော တရားများတည်း၊ [အတ္တနော မတိယာ မုချတော ပါဠိအတ္ထံ ဒဿေတုံ ရူပကာယဿာတိအာဒိမာဟ၊-မဓု။]**ရူပကာယဿ ဝါ ၊ပေ၊ ဝိညာယတိ**။ ။ အန္တောသမောရောဓ၏ နာမကာယ၌ သိထိုက်ပုံကိုလည်းကောင်း, သဟစရဏဖြစ်သောကြောင့် ဩနာဟ-ပရိယောနာဟတို့ ကိုလည်း သိထိုက်ပုံကိုလည်းကောင်း ပြပြီး၍ ဩနာဟ ပရိယောနာဟ အန္တောသမော ရောဓတို့အတွက် အခြားအကြောင်းကို တစ်နည်းပြလိုသောကြောင့် “ရူပကာယဿ ဝါ”စသည်ကို မိန့်သည်၊ နာမကာယသည် အခြားအာရုံတို့၌ ဝိပ္ဖာရိက (ပျံ့ပျံ့နှံ့နှံ့) ဖြစ်နေလျှင် လဟုကဖြစ်၏၊ ဝိပ္ဖာရိက မဖြစ်လျှင် ဂရုကဖြစ်၏၊ ဤသို့လျှင် နာမ ကာယ၏ အဝိပ္ဖာရိက ဖြစ်သောကြောင့် ဩနာဟ,ပရိယောနာဟ,အန္တောသမောရောဓ လည်း နာမကာယအတွက်သာ ဖြစ်၏၊ ထို့ကြောင့် ဩနာဟ စသည်တို့ကို နာမကာယ အတွက်သာ သိအပ် သိနိုင်ကြပါသည်-ဟူလို၊ တေနာဟ စသည်ကား အဋ္ဌကထာကို သာဓကပြုသောစကားတည်း။**ပရဿ အဓိပ္ပာယံ၊ပေ၊အနုဇာနိတွာ** ။ ။ သုရာမေရယကို သောက်ခြင်းဟူရာ၌ သောက်ကြောင်း အကုသိုလ်စေတနာကို အရကောက်လျှင် ဥပက္ကိလေသ ဖြစ်သည်မှာ အမှန်ပင်တည်း၊ အကုသိုလ်စေတနာ ဖြစ်သောကြောင့် ကုသိုလ်ပညာကို အားနည်း အောင် ပြုနိုင်သည်မှာလည်း အမှန်ပင်တည်း၊ သို့သော် စောဒကပုဂ္ဂိုလ်က စေတနာတို့ အရမကောက်ဘဲ သောက်မှုကိုလည်းကောင်း, အားထုတ်ခြင်းဟူသော မျိုချခြင်းကို လည်းကောင်း အရကောက်၏၊ ထို့ကြောင့် “စောဒက၏အလိုကို ခွင့်ပြု၍" ဟုဆိုသည်။**ယထာ ၊ပေ၊ ဧဝမေဝ** ။ ။။အဋ္ဌကထာ၌ “ဧဝမေဝ ခေါ ဘိက္ခဝေ” စသည်ဖြင့် ဥပမေယျဝါကျသာပါ၍ ဥပမာနဝါကျ မပါသောကြောင့် “ယထာ၊ပ၊ကမ္မာယ”ဟု ဥပမာနဝါကျထည့်၍ ဖွင့်သည်၊ ထို ဥပမာနဝါကျများလည်း မဟာဝဂ္ဂသံယုတ် နီဝရဏဝဂ်, ဥပက္ကိလေသသုတ်၌ အကျယ်လာ၏၊ ဋီကာဆရာက ထိုအကျယ်ကို ချုံး၍ ပြထားသည်။ [“လောဟံ” အရ “ကြေး”သာမက, တွဲဖက် “အယ”စသော လေးမျိုးမှ ကြွင်းသမျှ သတ္တုမျိုးကို လောဟအရ ယူပါဟု ထိုအဋ္ဌကထာ၌ ဖွင့်၏၊ “ပဘင်္ဂုကိုလည်း “ပဘိဇ္ဇနသဘာဝံ”ဟု ဖွင့်သည်။]နိဝရဏံ၊ နီဝရဏသည်၊ ဟုတွာ၊ ဖြစ်ပြီး၍သာ၊ နိဝရဏသမ္ပယုတ္တေ၊ နီဝရဏသမ္ဗယုတ်အဖြစ်ကို၊ ဒဿိယမာနေ၊ ပြအပ်သော်၊ အာရမ္ဘော၊ အား ထုတ်အပ်သောပါဠိတော်သည်၊ နီဝရဏတာဒဿနတ္ထော၊ နီဝရဏ၏အဖြစ်ကို ပြရခြင်းအကျိုးရှိသည်၊ န၊ မဟုတ်၊ အထ ခေါ၊ အဟုတ်ကား၊ သိဒ္ဓနီဝရဏ ဘာဝဿ၊ ပြီးပြီးသောနီဝရဏအဖြစ်ရှိသော ထိနမိဒ္ဓ၏၊ နီဝဏသမ္ပယုတ္တတာ ဒဿနတ္ထော၊ နီဝရဏသမ္ပယုတ္တ၏အဖြစ်ကို ပြရခြင်းအကျိုးရှိ၏၊ ဣတိ၊ ကြောင့်၊ ယထာလာဘဝသေန၊ ယထာလာဘ၏အစွမ်းဖြင့်၊ အသမ္ပယုတ္တဿ၊ သမ္ပယုတ် မဟုတ်သည်၏အဖြစ်ကို၊ ဝစနံ စ၊ ဆိုခြင်းသည်ကား၊ န ယုဇ္ဇတိ၊ မသင့်တော့၊ (ကသ္မာ၊ နည်း၊) ဟိ (ယသ္မာ၊)
နီဝရဏံ ၊ပေ၊ အာရမ္ဘော။ ။အထာပိစသော စောဒကစကား၌ “ယထာလာဘ နည်းအားဖြင့်”ဟု စောဒက၏အလိုကို ပြသော်လည်း ထိုနည်းသည်ပင် မဖြစ်နိုင်ဟု ပြလို၍ “နီဝရဏံ ဟုတွာဝ”စသည်ကို မိန့်သည်၊ [သဒ္ဒါကျမ်းတို့၌ သုတ်ကို အာရပ္ဘ ဟု ခေါ်၍, ရှေ့သုတ်ဖြင့်ပြီးလျက် အားထုတ်သောဤသုတ်သည် နိယမ (တစ်နည်း) “အတ္ထန္တရအကျိုးရှိ၏”ဟုဆိုသကဲ့သို့ ဤ၌လည်း] “ထိနမိဒ္ဓ နီဝရဏံ”ဟု နီဝရဏအဖြစ် က သေချာပြီးဖြစ်သောကြောင့် "နီဝရဏဉ္စေဝ နီဝရဏသမ္ပယုတ္တဉ္စ”ဟု ထုတ်ပြအပ်သော ပါဠိတော်သည် နီဝရဏအဖြစ်ကိုပြခြင်းက လိုရင်းအကျိုး မဟုတ်, နီဝရဏသမ္ပယုတ် အဖြစ်ကို ပြရခြင်းသာ လိုရင်းအကျိုးဖြစ်သည်ဟု အတ္ထန္တရကို ပြသည်ဟုမှတ်ပါ။
ဣတိ ယထာလာဘ ၊ပေ၊ န ယုဇ္ဇတိ ။ ။ ဤသို့ နီဝရဏသမ္မယုတ် အဖြစ်ကို ပြရခြင်းက လိုရင်းအကျိုးဖြစ်သောကြောင့် ထိုပါဠိတော်အရ မိဒ္ဓ၏ နီဝရဏသမ္ပယုတ် မဟုတ်ဟူသော အဓိပ္ပာယ်ကို ယထာလာဘနည်းအရ ယူခြင်းငှာမသင့်၊ [အဋ္ဌကထာ ဝယ် စောဒက၏အလိုကို ပြရာ၌ ယထာလာနည်းကို ပြထားသော်လည်း ထိုနည်းသည်ပင် မဖြစ်သင့်-ဟူလို။
**ယထာဟိ၊ပေ၊ သမ္ဘဝေယျာတိ**။ ။ဘာ့ကြောင့် မဖြစ်သနည်းဟု မေးဖွယ်ရှိသော ကြောင့် “ယထာဟိ” စသည်ကို မိန့်၊ သိပ္ပိက + သမ္ဗုကစသည်တို့၏ သွားလည်း သွား, ရပ်လည်း ရပ်ဟု နှစ်မျိုးရသောကြောင့် တိဋ္ဌန္တစရန္တ နှစ်မျိုးကို ဟောထား သကဲ့သို့ ဤ၌ “သမ္ပယုတ္တ အသမ္ပယုတ္တ”ဟု နှစ်မျိုး ဟောထားရိုးစကား မရို၊ ဤသို့ အသမ္ပယုတ္တကို ယူဖို့ရန် စကားနှစ်မျိုး မပါသောကြောင့် ယထာလာဘနည်း မဖြစ်သင့်ပါ-ဟူလို၊ [ဤကား အဋ္ဌကထာ၌ ပြထားအပ်သော စောဒနာစကားသည် မဖြစ်သင့်ဟု ပယ်ကြောင်းစကားတည်း။]တေန၊ ထို ယော ဘိက္ခဝေ ရူပေ ဆန္ဒရာဂဝိနယော အစရှိသောပါဌ်ဖြင့်၊
ရူပဿ၊ ရုပ်၏၊
အပ္ပဟာတဗ္ဗတ္တမေဝ၊ မပယ်ထိုက်သည်၏ အဖြစ်ကိုသာ၊
ဒဿေတိ၊ ပြတော်မူ၏၊
ပန၊ ဗျတိတိက်ကား၊
ဆ ဓမ္မေ ပဟာယာတိအာဒီသု၊ ဆ ဓမ္မေ ပဟာယအစရှိသောပါဠိရပ်တို့၌၊
မိဒ္ဓဿ၊ မိဒ္ဓ၏၊
အပ္ပဟာတဗ္ဗတာ ဒဿနကော၊ မပယ်ထိုက်သည်၏အဖြစ်ကို ပြတတ်သော၊
အညော၊ တစ်ပါးသော၊
ပကာရော၊ အပြားကို၊
န ဝုတ္တော၊ ဟောတော်မမူအပ်။
တေန၊ပေ၊ ဒဿေတိ။ ။တေနဖြင့် ထိုသုတ္တန်ပါဠိတော်ဝယ်လာသော “ယော ရူပေ ဆန္ဒရာဂဝိနယော၊ တံ တတ္ထပဟာနံ”ဟူသောစကားကို ပြန်ညွှန်းသည်၊ ထို့ကြောင့် “တေန-ထိုရုပ်ကို အာရုံပြုသော ဆန္ဒရာဂကိုပယ်ခြင်းကို ဟောတော်မူကြောင်းဖြစ်သော ယော ၊ပေ၊ ပဟာနံဟူသော စကားဖြင့်”ဟု အကျယ်စွဲပါ၊ [တေနာတိ-ရူပါရမဏဿ ဆန္ဒရာဂဿ ပဟာနဝစနေနေ-အန။]
န ပန၊ပေ၊ ပကာရော ဝုတ္တော။ ။ "ရူပံ ဘိက္ခဝေ န တုမှာကံ”စသော ပါဠိတော်၌ “တံပဇဟထ-ထိုရုပ်ကိုပယ်ကြလော့”ဟု ဟောတော်မူပြီးနောက် “ယော ဘိက္ခဝေရူပေ ဆန္ဒရာဂဝိနယော၊ တံ တတ္ထ ပဟာနံ”ဟု တစ်ပါးသော အပြားကို ဆက်၍ ဟောတော်မူ၏၊ ထိုသို့ဟောတော်မူသောကြောင့် “ရုပ်ကို တိုက်ရိုက် ပယ်ရမည်မဟုတ်၊ ရုပ်၌ တပ်မက်သော ဆန္ဒရာဂကိုသာ ပယ်ရမည်"ဟု ပြတော်မူ၏၊ “ဆဓမ္မေပဟာယ” စသော ပါဠိတော်များ၌ကား ထိုကဲ့သို့ (မပယ်ထိုက်ဟု ပြသော) တစ်ပါးသောအပြားကို ဟောတော်မမူအပ်၊ ထိုသို့ မဟောသောကြောင့် “ဆ ဓမ္မ စသည်တို့မှာ ဧကန်မုချ ပဟာတဗ္ဗ ဖြစ်ကြသည်” ဟု သိသာသည်-ဟူလို၊ [“ဒ အပ္ပဟာတဗ္ဗတာဒဿနတော”ဟု တောပစ္စယန္တ ပုဒ်ကို စာအုပ်တို့၌ တွေ့ရ၏၊ “အပ္ပဟာတ ပ္ပဟာတဗ္ဗတာဒဿနကော”ပ ပကာရော၏ ဝိသေသနအဖြစ်ဖြင့် ပါဌ်ရှိသင့်သည်။]
**အရူပဿေဝ ယုဇ္ဇတိ**။ ။ အရုပဿဝ ယုဇ္ဇတီတိ သုဒုဒ္ဒသံ ဒူရင်္ဂမာဒိပ္ပဝတ္တက စိတ္တံ တံသမ္ပယုတ္တော အရူပဓမ္မောယေဝ ဝိဗန္ဓိတုံ သမတ္ထောတိ ဒဿတိ-အလွန် မြင်နိုင်ခဲသော, အဝေးအာရုံသို့လည်း သွားနိုင်, တစ်ပါးတည်းသာလျှင် ဖြစ်နိုင်, အထည်ကိုယ်လည်း မရှိ, စသည်ဖြင့် ဟောတော်မူအပ်သော အလွန်သိမ်မွေ့သော စိတ်ကို ရုပ်တရားသည် လိုက်၍ နှောင်ဖွဲ့ခြင်းငှာ မစွမ်းနိုင်၊ ယှဉ်ဖက်ဖြစ်သော မိဒ္ဓ စေတသိက်ကသာ တစ်ပြိုင်နက်ဖြစ်၍ (အတူလိုက်၍) နှောင်ဖွဲ့နိုင်၏၊ ထို့ကြောင့် “အရူပဿေဝ ယုဇ္ဇတိ”ဟု ဆိုသည်။**စေတသော ၊ပေ၊ အရူပဿဝ** ။ ။ “ဧဝေမေဝ ခေါ ဗြဟ္မဏ ယသ္မိံ သမယေ ထိနမိဒ္ဓ ပရိယုဋ္ဌိတေန စေတသာ”စသော ပါဠိတော်ကို ရည်ရွယ်၍ စေတသော ပရိယုဋ္ဌာနံဟုလည်းကောင်း, “အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နော စေဝ ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ”စသော ပါဠိတော်ကို ရည်ရွယ်၍ အယောနိသော မနသိ ကာရတော ဥပ္ပတ္တိဟု လည်းကောင်း, “ကေဝလော ဟာယံ ဘိက္ခဝေ အကုသလာရာသိ, ယဒိဒံ ပဉ္စနီဝရဏာနိ”ဟူသော ပါဠိတော်ကို ရည်ရွယ်၍ အကုသလရာသိ ဘာဝေါစဟု လည်းကောင်း ဆိုသည်။**ဥက္ကဋ္ဌနီဝရဏဝသေန**။ ။သာမည ကာမစ္ဆန္ဒကို အနာဂါမိမဂ်ဖြင့် ပယ်သည်ဟု မဆိုလို၊ သြရမ္ဘာဂိယ (အောက်ကာမဘုံ၌ ဖြစ်စေနိုင်သော) သံယောဇဉ်ဖြစ်သော ကာမစ္ဆန္ဒသည် ရူပရာဂ, အရူပရာဂ ကာမစ္ဆန္ဒတို့ထက် ကြမ်းသောကြောင့် ဥက္ကဋ္ဌ ကာမစ္ဆန္ဒဖြစ်၏၊ ထိုသို့ လွန်ကဲသော ကာမစ္ဆန္ဒကိုသာ ရည်ရွယ်၍ “အနာဂါမိမဂ်သည် ပယ်အပ်၏”ဟု အဋ္ဌကထာဆိုသည်၊ [ကာမစ္ဆန္ဒဿ ဥက္ကဋ္ဌနီဝရဏတာ သြရမ္ဘာဂိယဘာဝေါ၊-အနု။]**အတ္တဝါဒမတ္တံတိဝါ**။ ။အဋ္ဌကထာစကားကို ထပ်၍ တစ်နည်း ဖွင့်ပြသော စကားတည်း၊ [အတ္တဝါဒ-အတ္တဟု ပြောဆိုအပ်သောစကား၊ ထိုစကားဖြင့် စကား၏ တည်ရာတိုင်အောင် ဌာနျူပစာရအားဖြင့် ယူပါ၊ မတ္တဖြင့် “တည်ရာဖြစ်ခြင်းမျှမှတစ်ပါးအနက်အစစ်အမှန် မရှိ”ဟု ကန့်၊] ဤအတ္တဝါဒုပါဒါန်ဖြင့် စွဲလမ်းရာ၌ အတ္တသည် ထင်ရှားမရှိရကား အတ္တဟု ပြောဆိုအပ်သော စကား၏တည်ရာမျှသာ ဖြစ်၏။ ဥပမာ-“ဂဂနကုသုမံ-ကောင်းကင်ပန်း”ဟု ပြောဆိုရာ၌ ထိုပန်းသည် တကယ်အားဖြင့် မရှိရကား “ကောင်းကင်ပန်း”ဟူသော စကား၏တည်ရာမျှသာ ဖြစ်သကဲ့သို့တည်း၊ ထိုအတ္တကို+စွဲလမ်းတတ်သောကြောင့် “အတ္တဝါဒုပါဒါန်”ဟု ခေါ်သည်။ပန၊ ဆက်၊
အရဏဝိဘင်္ဂသုတ္တေ၊ ၌၊
ကာမပဋိ သန္ဓိသုခိနော၊ ကာမနှင့်စပ်သော သုခအားဖြင့် သုခရှိသောပုဂ္ဂိုလ်၏၊ [ပဋိသန္နိ ကို “ဥပသံဟိတ”ဟု ဋီကာဖွင့်သည်၊]
ဟိနော၊ ယုတ်ညံ့သော၊
ဂမ္မော၊ ရွာ၌ ဖြစ်သော၊
ပေါထုဇ္ဇနိကော၊ ပုထုဇဉ်တို့၏ဥစ္စာဖြစ်သော၊
အနရိယော၊ မမြတ် သော၊
အနတ္ထသမဟိတော၊ စီးပွားနှင့် မစပ်ယှဉ်သော၊
ယော သောမနဿာ နုယောဂေါ၊ အကြင်သောမနဿကို အဖန်ဖန်အားထုတ်ခြင်းသည်၊ (အတ္ထိ၊)
ဧသော၊ ဤသောမနဿကို အဖန်ဖန်အားထုတ်ခြင်းဟူသော၊
ဓမ္မော၊ သဘော သည်၊
သဒုက္ခော၊ ဒုက္ခနှင့်တကွဖြစ်၏၊ (ဝိပါကဒုက္ခ, သံကိလေသဒုက္ခနှင့် တကွဖြစ်၏၊)
သဥပါဃာတော၊ ကပ်၍ နှိပ်စက်တတ်သော ဒုက္ခနှင့်တကွ ဖြစ်၏၊
သဥပါယာသော၊ လွန်စွာပင်ပန်းခြင်းဟူသော ဒေါမနဿနှင့်တကွ ဖြစ်၏၊
သပရိဠာဟော၊ ပူလောင်ခြင်းနှင့်တကွဖြစ်၏၊
မိစ္ဆာပဋိဒါ၊ မှားယွင်း သော အကျင့်တည်း၊
အရဏဝိဘင်္ဂသုတ္တေ
။ ။ အဋ္ဌကထာဆရာသည် သမ္ပယုတ်အားဖြင့်လည်း ကောင်း, ပဟာနေကဋ္ဌအားဖြင့်လည်းကောင်း ရာဂစသည်တို့၏ (တစ်နည်း-အကု သိုလ်အားလုံးတို့၏) သရဏအဖြစ်ကို ပြထား၏၊ ထိုပြပုံသည် အရဏဝိဘင်္ဂသုတ် (ဥပရိပဏ္ဏာသ)နှင့်မညီဟု ပြလို၍ အရဏဝိဘင်္ဂသုတ္တေ ပနဟု မိန့်သည်၊ ထိုသုတ်၌ ဒုက္ခစသော အကျိုးနှင့်တကွဖြစ်သောကြောင့်လည်းကောင်, သံကိလေသစေတသိက ဒုက္ခနှင့်တကွဖြစ်သောကြောင့်လည်းကောင်း, ဤသို့စသောအကြောင်းကြောင့် သရဏ ဟု ဟောတော်မူသည်။
ကာမပဋိသန္တိသုခိနော ။ ။ ကာမပဋိသန္ဓိနာ ကာမူပသံဟိတေန သုခေန သုခိတဿ၊ သဒုက္ခောတိ ဝိပါကဒုက္ခေန သံကိလေသဒုက္ခေနာပိ သဒုက္ခော၊ သဥပဃာတောတိ- ဝိပါကုပဃာတသံကိလေသုပဃာတေဟေဝ သဥပဃာတော၊ တထာ သပရိဠာဟော၊ မိစ္ဆာပဋိပဒါတိ-အယာထာဝပဋိပဒါ အကုသလပဋိပဒါ၊ [ပါဠိတော် ရင်း၌ “ယော ၊ပေ၊ သုခိနောသောမနဿာနုယောဂေါ ဟီနော ၊ပေ၊ အနတ္ထသံဟိတော၊ သဒုက္ခော သော မမှော ၊ပေ၊ မိစ္ဆာပဋိပဒါ၊ တသ္မာ ဧသော ဓမ္မော သရဏော”ဟု ရှိ၏၊ ရှေ.စာအုပ်များ၌ ပေယျာလမြှုပ်ထားဟန်တူသည်၊ ပဋိပဒါနောက်၌ ဘာဝေါလည်း မပါ။]