[စိတ္တုပ္ပါဒကဏ္ဍ မာတိကာအဖွင့်မှ စ၍ ကျမ်းရင်းစာသွားဖြစ်၏၊ ထို၏ရှေ့ဝစနတ္ထမှစ၍ သန္နိဝေသအားလုံးသည် အခြေခံနိဒါန်းနကထာချည်းဖြစ်သည်။]
အဋ္ဌသာလိနိံ၊ အဋ္ဌသာလိနီ အဋ္ဌကထာကို။
ဝဏ္ဏန္တေဟိ၊ ဖွင့်ပြလိုကုန်သော။
အာစရိယေဟိ၊ ဠီကာဆရာတို့သည်။
တာဝ၊ မဖွင့်ပြမီရှေးဦးစွာ။
တဿာ၊ ထိုအဋ္ဌသာလီနိ၏။
သန္နိဝေသော၊ စုဝေးတည်နေသော အပိုင်းအခန်းကို။
ဝိဘာဝေတဗ္ဗော၊ ထင်စွာပြထိုက်၏။တသ္မာ၊ ကြောင့်။
ဣဒံ၊ ဤအကျဉ်းချုပ် ဂါထာစကားရပ်ကို။
(မယာ၊ သည်)။
ဝုစ္စတိ၊ ၏။
[ဝစနတ္ထော၊ အဘိဓမ္မသဒ္ဒါ၏ အနက်လည်းကောင်း။
**အဋ္ဌသာလိနိံ တာဝ။ ။သာရော ဝိယာတိ သာရော−အနှစ်ကဲ့သို့ အဆီအနှစ် ကျစ်လျစ်သည် အတ္ထော+သာရော အတ္ထသာရော− အဆီအနှစ် ကျစ်လျစ်သော အနက် အဓိပ္ပာယ်၊ အတ္ထသာရော ဧတိဿာနိ (‘’အတ္ထသာရီ’’ဟု ဆိုသင့်လျက် တ္ထကို ဋ္ဌပြု၊ ရကို လပြု၍ ဣတ္ထိဇောတက ဣနီပစ္စည်းဖြင့်) အဋ္ဌသာလိနီ −အဆီအနှစ် ကျစ်လျစ်သော အနက်အဓိပ္ပာယ်ရှိသော အဋ္ဌကထာဟု−ဖြစ်၏။ [သာရသဒ္ဒါကို ဥတ္တမတ္ထဟု ကြံ၍ ‘’ကောင်းမြတ်သော အနက်အဓိပ္ပာယ်ရှိသော အဋ္ဌကထာ’’ဟု ကြံပါ၊] ‘’တာဝ’’ကားပဋ္ဌမတ္ထနိပါတ်၊ ‘’ဖွင့်ခြင်း၏ ရှေးဦးစွာ−မဖွင့်မီ ရှေးဦးစွာ’’ဟု ပေး။
ဝဏ္ဏေန္တေဟိ အာစရိယေဟိ။ ။စုရာဒိဝဏ္ဏဓာတ်သည်ဝိတ္ထာရ (ချဲ့ဖွင့်ခြင်း) အနက်ဟောတည်း၊ အဋ္ဌသာလိနီ အဋ္ဌထကာကို ဖွင့်သော ပုဂ္ဂိုလ်တို့ဟူသည် ဋီကာ ဆရာတို့သာတည်း၊ ထို့ကြောင့် ‘’အာစရိယေဟိ’’အရ ဋီကာဆရာတို့ကို ယူရသည်၊ အဋ္ဌသာလိနီကို ဖွင့်သူမှန်သမျှ မည်သူမဆို အားလုံးနှင့်ဆိုင်သောကြောင့် ‘’အာစရိယေဟိ’’ဟု ဗဟုဝုစ်ဆိုထားသည်၊ ဤမူလ ဋီကာဆရာလည်း အာစရိယေဟိ၌ ပါဝင်၏၊ [အာစရိယေဟိကို ‘’အဋ္ဌကထာဆရာတို့သည်’’ဟု ကေစိတို့ပေးကြ၏−ဟု မဓုဖွင့်သေး၏။]
သန္နိဝေသော။ ။သန္နိဝိသတိ− စုပေါင်း တည်နေတတ်၏၊ ဣတိ သန္နိဝေသော၊ [သံ+နိပုဗ္ဗ ဝိသဓာတ် ဏပစ္စည်း၊ မဓု၌ ‘’သန္နိဝိသယတိ−စုပေါင်းတည်နေစေတတ်’’ဟု ဟေတုဝါကျဖြင့် ဝိဂ္ဂဟပြု၏၊] ဝစနတ္ထစသည်ကို သူ့အခန်းနှင့်သူ ပိုင်းခြားထားကြောင်း ဖြစ်သော စကားရပ်ကို ‘’သန္နိဝေသ’’ဟု ခေါ်သည်။
ဝစနတ္ထော။ ။’’တတ္ထ ကေနဋ္ဌေန အဘိဓမ္မာ၊ ဓမ္မာတိရေက ဓမ္မဝိသေသဋ္ဌေန’’မှစ၍ ‘’အဘိဓမ္မာ ဝေဒိတဗ္ဗော’’တိုင်အောင် ပြအပ်သော အဘိဓမ္မသဒ္ဒါ၏ အနက်ကို ဝစနတ္ထဟု ေါခ်၏၊ အဘိဓမ္မသဒ္ဒါ၏ အနက်ကို ဖွင့်ပြသော စကားတစ်ပရပ်လည်း (အကြောင်းအနက်၏ အမည်ကို အကျိုးစကားတစ်ရပ်၌ တင်စား၍ ကာရဏူပစာရအားဖြင့်) ဝစနတ္ထမည်၏၊ ဤဝစနတ္ထကို ပြသော စကားတစ်ရပ်ကို သန္နိဝေသတစ်စု ဟု မှတ်ပါ။ [ဝစနတ္ထဟု ဆိုသောကြောင့် ဝိဂြိုဟ် ဝါကျဟု မမှတ်ပါနှင့် အဘိဓမ္မာသဒ္ဒါ၏ အနက်ပြစကားဟုမှတ်ပါ။]
တသ္မာ၊ ကြောင့်။
ဣဒံ၊ ဤအကျဉ်းချုပ် ဂါထာစကားရပ်ကို။
(မယာ၊ သည်)။
ဝုစ္စတိ၊ ၏။
[ဝစနတ္ထော၊ အဘိဓမ္မသဒ္ဒါ၏ အနက်လည်းကောင်း။
**အဋ္ဌသာလိနိံ တာဝ။ ။သာရော ဝိယာတိ သာရော−အနှစ်ကဲ့သို့ အဆီအနှစ် ကျစ်လျစ်သည် အတ္ထော+သာရော အတ္ထသာရော− အဆီအနှစ် ကျစ်လျစ်သော အနက် အဓိပ္ပာယ်၊ အတ္ထသာရော ဧတိဿာနိ (‘’အတ္ထသာရီ’’ဟု ဆိုသင့်လျက် တ္ထကို ဋ္ဌပြု၊ ရကို လပြု၍ ဣတ္ထိဇောတက ဣနီပစ္စည်းဖြင့်) အဋ္ဌသာလိနီ −အဆီအနှစ် ကျစ်လျစ်သော အနက်အဓိပ္ပာယ်ရှိသော အဋ္ဌကထာဟု−ဖြစ်၏။ [သာရသဒ္ဒါကို ဥတ္တမတ္ထဟု ကြံ၍ ‘’ကောင်းမြတ်သော အနက်အဓိပ္ပာယ်ရှိသော အဋ္ဌကထာ’’ဟု ကြံပါ၊] ‘’တာဝ’’ကားပဋ္ဌမတ္ထနိပါတ်၊ ‘’ဖွင့်ခြင်း၏ ရှေးဦးစွာ−မဖွင့်မီ ရှေးဦးစွာ’’ဟု ပေး။
ဝဏ္ဏေန္တေဟိ အာစရိယေဟိ။ ။စုရာဒိဝဏ္ဏဓာတ်သည်ဝိတ္ထာရ (ချဲ့ဖွင့်ခြင်း) အနက်ဟောတည်း၊ အဋ္ဌသာလိနီ အဋ္ဌထကာကို ဖွင့်သော ပုဂ္ဂိုလ်တို့ဟူသည် ဋီကာ ဆရာတို့သာတည်း၊ ထို့ကြောင့် ‘’အာစရိယေဟိ’’အရ ဋီကာဆရာတို့ကို ယူရသည်၊ အဋ္ဌသာလိနီကို ဖွင့်သူမှန်သမျှ မည်သူမဆို အားလုံးနှင့်ဆိုင်သောကြောင့် ‘’အာစရိယေဟိ’’ဟု ဗဟုဝုစ်ဆိုထားသည်၊ ဤမူလ ဋီကာဆရာလည်း အာစရိယေဟိ၌ ပါဝင်၏၊ [အာစရိယေဟိကို ‘’အဋ္ဌကထာဆရာတို့သည်’’ဟု ကေစိတို့ပေးကြ၏−ဟု မဓုဖွင့်သေး၏။]
သန္နိဝေသော။ ။သန္နိဝိသတိ− စုပေါင်း တည်နေတတ်၏၊ ဣတိ သန္နိဝေသော၊ [သံ+နိပုဗ္ဗ ဝိသဓာတ် ဏပစ္စည်း၊ မဓု၌ ‘’သန္နိဝိသယတိ−စုပေါင်းတည်နေစေတတ်’’ဟု ဟေတုဝါကျဖြင့် ဝိဂ္ဂဟပြု၏၊] ဝစနတ္ထစသည်ကို သူ့အခန်းနှင့်သူ ပိုင်းခြားထားကြောင်း ဖြစ်သော စကားရပ်ကို ‘’သန္နိဝေသ’’ဟု ခေါ်သည်။
ဝစနတ္ထော။ ။’’တတ္ထ ကေနဋ္ဌေန အဘိဓမ္မာ၊ ဓမ္မာတိရေက ဓမ္မဝိသေသဋ္ဌေန’’မှစ၍ ‘’အဘိဓမ္မာ ဝေဒိတဗ္ဗော’’တိုင်အောင် ပြအပ်သော အဘိဓမ္မသဒ္ဒါ၏ အနက်ကို ဝစနတ္ထဟု ေါခ်၏၊ အဘိဓမ္မသဒ္ဒါ၏ အနက်ကို ဖွင့်ပြသော စကားတစ်ပရပ်လည်း (အကြောင်းအနက်၏ အမည်ကို အကျိုးစကားတစ်ရပ်၌ တင်စား၍ ကာရဏူပစာရအားဖြင့်) ဝစနတ္ထမည်၏၊ ဤဝစနတ္ထကို ပြသော စကားတစ်ရပ်ကို သန္နိဝေသတစ်စု ဟု မှတ်ပါ။ [ဝစနတ္ထဟု ဆိုသောကြောင့် ဝိဂြိုဟ် ဝါကျဟု မမှတ်ပါနှင့် အဘိဓမ္မာသဒ္ဒါ၏ အနက်ပြစကားဟုမှတ်ပါ။]
ဒေသနာယ၊ အဘိဓမ္မာကို ဟောတော်မူရာအခါ၌။
သရီရဿ၊ မြတ်စွာဘုရားကိုယ်တော်၏။
ပဝတ္တိဂ္ဂဟဏံ၊ ဖြစ်ပုံကို ပြကြောင်း စကားလည်းကောင်း။
တထာ၊ ထိုမှတစ်ပါး။
ထေရဿ၊ အရှင်သာရိပုတ္တရာထေရ်၏။
ဝါစနာမဂ္ဂတပ္ပဘာဝတတာပိစ၊ ပို့ချအပ်သော အစဉ်၏အဖြစ်, ထို အရှင်သာရိပုတ္တရာလျှင် အစအမွန်ရှိသည်၏ အဖြစ်လည်းကောင်း။
ပရိစ္ဆေဒေါ။ ။’’အဘိဓမ္မာသည် ၇−ကျမ်းရှိ၏’’ဟု ကျမ်းအပိုင်းအခြားကို ပြသော ‘’ပကရဏ ပရိစ္ဆေဒတော’’မှစ၍ ‘’ဧဝံ ကထာဝတ္ထုနာဝ သဒ္ဓိံသတ္တပ္ပကရဏာနိ အဘိဓမ္မာနာမ’’တိင်အောင်သော စကားရပ်သည် ပရိစ္ဆေဒသန္နိဝေသ တစ်စုတည်း။
သန္နိဝေသောစ ပါဠိယာ။ ။’’ဓမ္မသင်္ဂဏီကျမ်း၌ ၄−ခန်း ၄−စုကဏ္ဍရှိ၏’’ဤသို့ စသည်ဖြင့် ပါဠိတော် ၇−ကျမ်းတွင် တစ်ကျမ်းတစ်ကျမ်း၌ တစ်စုစီ တစ်စုစီ စုပေါင်းတည်နေပုံကို ပြသော ‘’တ္ထ ဓမ္မသင်္ဂဏိပ္ပကရဏေ စတဿော ဝိဘတ္တိယော’’မှစ၍ ‘’ဣဒံ စတုဝီသတိသမ္နတ ပဋ္ဌာနသမောဓာနံ ပဋ္ဌာနံ မဟာပကရဏံနာမ’’ တိုင်အောင်သော စကားရပ်သည် ‘’ပါဠိသန္နိဝေသ’’ဟု ခေါ်အပ်သော သန္နိဝေသ တစ်ရပ်တည်း။ [‘’သန္နိဝေသီယတေ−စုဝေးတည်နေစေအပ်၏၊ ဣတိ သန္နိဝေသော။]
သာဂရေဟိတထာစိန္တာ။ ။ဇလသာဂရ စသည်တို့နှင့်တကွ နယသာဂရကို စဉ်းစားရာဖြစ်သော ‘’ဣဒါနိ ဣမဿ အဘိဓမ္မဿ ဂမ္ဘီရဘာဝ ဝိဇာနနတ္ထံ’’မှစ၍ ‘’ဣမသ္မိံ ဌာနေ နယသာဂရော အဓိပ္ပေတော’’တိုင်အောင်သော စကားရပ်သည် ‘’သာဂရေဟိ စိန္တာ’’မည်သော သန္နိဝေသ တစ်စုတည်း။
ဒေသနာဟိ ဂဘီရတာ။ ။မာနသ ဒေသနာ ဝစီဘေဒ ဒေသနာစသော ဒေသနာအပြားတို့ဖြင့် အဘိဓမ္မာ၏ နက်နဲပုံကို ပြသော ‘’အယမ္ပိ ဘဂဝါ’’မှစ၍ ‘’မတ္ထကံ ပါပေတုံ နသက္ကောတိ’’တိုင်အောင် စကားရပ်သည် ‘’ဒေသနာဟိ ဂမ္ဘီရတာ’’မည်သော သန္နိဝေသ တစ်တစုတည်း။ [ဂမုဓာတ် ကီရ (က်အနုဇန်ရှိသော ဤရပစ္စည်း) ဓာတ်နောင် ဘလာ၍ ဂမ္ဘီရဟုဖြစ် မ်ကိုချေလျှင် ‘’ဂဘီရ’’ဖြစ်၏−ဟု အဘယာရာမ ဆရာတော်၏ ဏွာဒိမောဂ္ဂလ္လာန်နိဿယ ၁၇၀−သုတ်၌ ရုပ်တွက်ပြသည်၊ သာဂရစိန္တော အခန်းဝယ် အဋ္ဌကထာဘာသာဋီကာ၌လည်’ ထောမနိဓိကို မှီး၍ တစ်တည်း ရုပ်တွက်ပြခဲ့သည်။]
ဒေသနာ၊ပေ၊ဂဟဏံ။ ။အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလကြာအောင် ဟောတော်မူသောအခါ၌ ခန္ဓာကိုယ်တော်၏ ဖြစ်ပုံကိုပြသော ‘’ဧဝံ တေမာသံ နိမန္တရံ ဒေသန္တဿ’’မှစ၍ ‘’သရေသုဝါ ဝစနေသုဝါ နာနတ္ထံ နတ္ထိ’’တိုင်အောင်သော စကားတစ်ရပ်သည် သရီရပဝတ္တိဂ္ဂဟဏ’’မည်သော သနီနိဝေသ တစ်စုတည်း။
ဣမံ သဗ္ဗံ၊ ဤအလုံးစုံကို။
ပကာသေတွာ၊ ထင်ရှားပြပြီး၍။
ပဋိညာတကထာ၊ ဝန်ခံအပ်ပြီးသော အဋ္ဌကထာကို။
ကတာ၊ ပြီ။
(ဣတိ၊ သို့)။
အဋ္ဌသာလိနိယာ၊ ၏။
ဧတံ သန္နိဝေသံ၊ ဤစုဝေးတည်နေပုံ အပိုင်းအခန်းကို။
ဝိဘာဝယေ၊ ထင်စွာပြရာ၏။
ထေရဿ၊ဗပ၊တာပိစ။ ။’’အဘိဓမ္မာ၌ ပို့ချအပ်သော လမ်းစဉ်၏ အရျင်သာရိပုတ္တရာ၏ ဝါစနာမဂ္ဂ၏အဖြစ် ငအရှင်သာရိပုတ္တရာလျှင် အစအမွန်ရှိသည်၏အဖြစ်ကိုပြသော ‘’သာရိပုတ္တတ္ထေရောပိ’’မှ စ၍ ‘’ဂဏနစာရံ ထပေသီ’’တိုင်အောင်သည် ‘’ထေရဝါစနာမဂ္ဂ−ထေရပ္ပ ဘဝိတတာ’’မည်သော သန္နိဝေသတစ်တစုတည်း။
ပဋိဝေဓာ၊ပေ၊သဗ္ဗဒဿိနော။ ။ဘုရားရှင်သာ ရှေးဦးစွာ အဘိဓမ္မာဆောင် ဖြစ်တော်မူပုံကိုပြသော ‘’ဧဝံ သန္တေ ထေရောဝ ပဋ္ဌမတရံ အာဘိဓမ္မိကော’’မှစ၍ ‘’ဝိဃာသာဒေါ ဟုတွာ ဇီဝိဿတိ’’တိုင်အောင်သော စကားတစ်ရပ်သည် ဘုရားရှင်၏ ရှေးဦးစွာ အာဘိဓမ္မိက၏ အဖြစ်ကိုပြီးစေတတ်သော သန္နိဝေသ တစ်စုတည်း။
ဝိနယေနာထ၊ပေ၊ဒီပိတာ။ ။ဝိနည်း စသည်ကို ထောက်၍ အဘိဓမ္မာ၏ ဗုဒ္ဓဘာသိတဖြစ်ကြောင်းကို ပြီးစေတတ်သော အထာပိ ဧဝံ ဝဒေယျ’’မှစ၍ ‘’အယံတာဝ နိဒါနကထာ’’တိုင်အောင်သော စကားတစ်ရပ်သည် သန္နိဝေသ တစ်စုတည်း။
ပကာသေတွာ၊ပေ၊ဝိဘာဝယေ။ ။ဤသို့ သန္နိဝေသပေါင်း ၉−ခန်ူကို ပိုင်းခြားပြပြီးမှ ဝန်ခံအပ်ပြီးသော အဋ္ဌကထာကို ပြုစီရင်တော်အူသည်၊ ဤသို့ အဋ္ဌသာလိနီ၏ စကားတစ်ရပ်တစ်ရပ်ကို ပိုင်းခြားသတ်မှတ်၍ ပြခြင်းသည် ကစ္စည်း−အဘိဓမ္မတ္ထသင်္ဂဟတို့၌ ပဌမပိုင်း ဒုတိယပိုင်သည်ဖြင့် သဘောတူရာကို ပိုင်းခြားထားပုံမျိုးတည်း၊ ဤသို့ ပိုင်းခြား၍ ပြခြင်းသည် စာရှုသူတို့၏ ဉာဏ်ကို ရှင်းလင်းစေ၏၊ ထို့ကြောင့် ကျမ်းပြုဆရာတိုင်းပင် ဤနည်းကို မှီး၍ မိမိကျမ်း၌လည်း သူ့အခန်းနှင့်သူ ပိုင်းခြားလျက် စီစဉ်လေ့ရှိဖို့ သတိပြုသင့်ကြပေသည်။
**သုတ္တန္တာဓိကာ ပါဠိ**။ ။အတိရေက (အဓိက) အပါဒါန်၌ အဘယ့်ကြောင့် ဝိနည်း မထည့်ဘဲ သုတ္တန်ကိုသာ ယူ၍ ‘’သုတ္တန္တဓိကာ’’ဟု ဆိုရပါသနည်း−ဟု မေးဖွယ်ရှိ၏၊ အဖြေကား−‘’ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော’’စသော ပါဠိတော်ဝယ် သုတ္တန်နှင့် အဘိဓမ္မကိုသာ ‘’ဓမ္မ’’ဟု တစ်ပေါင်းတည်း နာမည်ထပ်၍ ဝိနည်းကိုကား ‘’ဝိနယော’’ဟု သီးခြားနာမည်တတ်ထားသည်၊ ထို့ကြောင့် သုတ္တန်နှင့် အဘိဓမ္မာသာ ဓမ္မချင်းတူနေရကား အဘိ၏ အနက်ဖြစ်သော အတိရေက (အဓိက)၏ အပါဒါန်၌ နကိုက ဓမ္မချင်းတူနေသော သုတ္တန်ကိုသာ ယူရပါသည်။ အပါဒါန် အမျိုးမျိုးတွင် နကို တူနေရာမှ ဂုဏ်အားဖြင့် ခွဲထုတ်သော ဝိဘတ္တ ဝိဘဇန အပါဒါန်တည်း၊ ထို့ကြောင့်ပင် အဋ္ဌကထာ၌ ‘’သုတ္တန္တံ ဟိ ပတွာ’’စသည်ဖြင့် သုတ္တန်နှင့် အဘိဓမ္မာကိုသာ နှိုင်းယှဉ်၍ သုတ္တန်ထက် အဘိဓမ္မက သာလွန်ပုံကို အကျယ်ပြထားသည်။
ဓမ္မာတိရေက ဓမ္မဝိသေသာဧဝ၊ သုတ္တန်ပါဠိထက် သာလွန်သော ပါဠိတော်, ထူးဆန်းသော ပါဠိတော်တို့သည်ပင်။
အတ္ထော၊ အနက်တည်း။
ဓမ္မာတိရေက ဓမ္မဝိသေသဋ္ဌော၊ သုတ္တန်ပါဠိထက် သာလွန်သော ပါဠိတော်, ထူးဆန်းသော ပါဠိတော်တို့သည်ပင်အနက်။အဘိက္ကမန္တိ အဘိက္ကန္တ ဝဏ္ဏာတိဧတ္ထ၊ ဟူသောဤပါဌ်၌။
ဓာတုသဒ္ဒဿ၊ ကမုဓာတ်ဟူသော သဒ္ဒါ၏။
ပုရတော၊ ၌။
ပယုဇ္ဇမာနာ၊ ယှဉ်စပ် သုံးစွဲအပ်သော။
အဘိသဒ္ဒေါ၊ အဘိသဒ္ဒါသညိ။
ကိရိယာယ၊ ကမနကြိယာ, ကန္တိကြိယာ၏။
အတိရေက ဝိသေသ ဘာဝဒီပကော၊ လွန်ကဲ့သည်၏ အဖြစ်, ထူးဆန်းသည်၏ အဖြစ်ဟူသော အနက်ကိုပြတတ်သည်။
ဟောတိ၊ ၏။
ဓမ္မတိသယော ဝိစိတ္ထာ ပါဠိ။ ။ဓမ္မဝိသေသ၌ ‘’ဝိသေသ’’ကို အတိသယဟု ဖွင့်၏၊ ‘’အတိ−အလွန်+သယ ဖြစ်’’ဟူရာ၌ ရှည်လျားသော အလွန်ကို ယူမည်စိုး၍ ‘’ဝိစိတ္တာ’’ဟု ထပ်ဖွင့်သည်၊ သုတ္တန္တဘာဇနီယနည်း စသည်ဖြင့် ထူးကဲ့သည်ကို ‘’ဝိသေသ’’ဟု ယူစေလိုသည်၊ သုတ္တန်ပါဠိထက် ‘’ထူးပေသည်− ဆန်းပေသည်’’ဟု ချီးမွမ်းရလောက်သော ပါဠိတော်ဟူလို။
ဒွိန္နမ္ပိ၊ပေ၊ဧကဝစနနိဒ္ဒေသော။ ။အတိရေကဋ္ဌ ဝိသေသဋ္ဌဟု ၂−မျိုး ရှိသောကြောင့် ‘’ဓမ္မာတိရေက ဓမ္မဝိသေသဋ္ဌေဟိ’’ဟု ဗဟုဝုစ်ဆိုသင့်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ‘’ဓမ္မာ၊ပေ၊ သဋ္ဌေန’’ဟု ဧကဝုစ်ချရသနည်း−ဟု မေးဖွယ်ရှိသောကြောင့် ‘’ဒွိန္နမီပိ’’စသည်မိန့်၊ အနက် ၂မျိုးလုံးပင် အဘိဓမ္မသဒ္ဒါ၏ အနက်အဖြစ်ဖြင့် တူသောကြောင့် သာမညနိဒ္ဒေသနည်း (ဇာတျာပက္ခနည်း)အားဖြြင့် ဧကဝုစ်ချရပါသည်−ဟူလို။
ဣတိ၊ ဤသို့ ပြခြင်းသည်။ ဥပသဂ္ဂဘာဝတော၊ ဥပသာရပုဒ်၏ အဖြစ်ကြောင့်။ ယုတ္တံ၊ သင့်ပါပေ၏။ [‘’ဓာတွတ္ထံ ဥပေစ္စ သဇ္ဇေန္တီတိ ဥပသဂ္ဂါ’’ဟူသော ဝစနတ္ထနှင့်အညီ ကမုဓာတ်၏ အနက်ကို ဆင်ပြင်တတ်သောကြောင့် သင့်လျော်ပါပေသည်−ဟူလို။] ဓမ္မသဒ္ဒေါ ပန၊ ဓမ္မသဒ္ဒါသည်ကား။ န ဓာတုသဒ္ဒေါ၊ ဓာတုသဒ္ဒါ မဟုတ်။ ဣတိ၊ ကြောင့်။ ဧတသ္မာ၊ ဤဓမ္မသဒ္ဒါမှ။ ပုရတော၊ ၌။ အဘိသဒ္ဒေါ၊ သည်။ ပယောဂမေဝ၊ ယှဉ်စပ်သုံးစွဲခြင်းကိုပင်။ နာရဟတိ၊ မထိုက်သည်မဟုတ်ပါလော။အပ္ပမတ္တိကာဝ တန္တိ အဝသေသာတိ၊ ကား။
ဓမ္မဟဒယဝိဘင်္ဂေ၊ ၌။
အနာဂန္တွာ၊ မလာမူ၍။
ဝါ၊ မပါမူ၍။
မဟာဓမ္မဟဒယေ၊ မဟာဓမ္မဟဒယကျမ်း၌။
အာဂတတန္တိတော၊ လာသောပါဠိအောက်။
(အပ္ပမတ္တိကာဝ၊ ၌စပ်)။
ပထဝီအာဒီနံ၊ ပထဝီဓာတ်အစရှိသည်တို့၏။
ဝိတ္ထာရကထာ၊ အကျယ်ဆိုရာဆိုကြောင်း ကျမ်းသည်။
မဟာဓာတုကထာ၊ မဟာဓာတုကထာကျမ်းသည်။
ယဒိ (ဟောတိ, ဧဝံသတိ) ရူပကဏ္ဍဓာတု ဝိဘင်္ဂါဒီသု၊ ရူပကဏ္ဍ ပါဠိတော်, ဓာတုဝိဘင်းပါဠိတော် အစရှိသော ပါဠိတော်တို့၌။
(အနာဂန္တာ၊ ၍။
မဟာဓာတုကထာယ၊ မဟာဓာတုကထာကျမ်း၌။
အာဂတတန္တိ၊ လာသောပါဠိတော်သည်။
အပ္ပမတ္တိကာဝ၊ နည်းသော အတိုင်းအရှည်ရှိသည်သာ)။
အထ၊ သို့မဟုတ်။
ဓာတုကထာယ၊ ဓာတုကထာကျမ်း၏။
ဝိတ္ထာရကထာ၊ သည်။
(မဟာဓာတုကထာ၊ သည်။
ယဒိဟောတိ, ဧဝံသတိ)။
ဓာတုကထာယ၊ ဓာတုကထာကျမ်း၌။
အနာဂန္တာ၊ ၍။
မဟာဓာတုကထာယ၊ ၌။
အာဂတတန္တိ၊ သည်။
အပ္ပမတ္တိကာဝ၊ သည်သာ။
ဣတိ(အယံ)၊ သည်ကား။
အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏အလိုတည်း။
အပ္ပမတ္တိကာဝ တန္တိ အဝသေသာ။ ။ဓမ္မဟဒယဝိဘင်း မဟာဓမ္မဟဒယကျမ်းတို့သည် ဓာတ်အကြောင်းကိုပင် ဟောပြကုန်၏၊ ''မဟာဓာတုကထာ''ဆိုသော ရှေးကျမ်း တစ်မျိုးလည်း (ယခုဓာတုကထာမျိုး မဟုတ်ဘဲ) ဓမ္မဟဒယဝိဘင်း၌လာသော ဓာတ်တို့ကိုပင် ဆိုထား၏၊ ထို့ကြောင့် မဟာဓမ္မဟဒယကျမ်းနှင့် မဟာဓာတုကထာကျမ်းကို နှိုင်းယှဉ်၍ ပြရသည်၊ ဓမ္မဟဒယဝိဘင်း၌ မပါဘဲ မဟာဓမ္မဟဒယကျမ်း၌ ပါသော ပါဠိထက် မဟာဓာတုကထာ၌ ပါသော ပါဠိသည် အနည်းငယ်သာရှိ၏၊ ''တစ်ကျမ်းမဖွဲ့လောက်ပါ''ဟူလို။
ယဒိ၊ပေ၊အာဂတတန္တိ။ ။ဤစကားရပ်ကား ''မာဟဓာတုကထာ''ဟု ခေါ်အပ်သော ကျမ်းသည်ပင် မူလဋီကာဆရာတို့ လက်ထက်၌ မရှိတော့ပြီးဖြစ်၍ မည်သည့်ကျမ်းဟု မသေချာသောကြောင့် မှန်းဆ၍ယူအပ်သော မဟာဓာတုကထာကျမ်းကို (အမှန်အတားဖြင့်) ဖော်ပြသော စကားတည်း။ ပထဝီဓာတ် စသည်ကို အကျယ်ပြသော ကျမ်းကို ''မဟာဓာတုကထာ''ဟုဆိုလိုလျှင် ထိုအကျယ်စကားသည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ရူပကဏ္ဍ၌လည်းကောင်း၊ ဓာတုဝိဘင်း၌လည်းကောင်း များစွာပါပြီ ဖြစ်၏၊ သို့မဟုတ် ဓာတုကထာကို အကျယ်ပြသော ပါဠိကို ''မဟာဓာတုကထာ''ဟု ဆိုပြန်လျှင် မဟာဓာတုကထာ၌ ပါသော စကားသည် ဓာတုကထာ၌ များစွာပါပြီးဖြစ်၏၊ ထိုကျမ်းတို့၌ မပါသော စကားလည်း မဟာဓမ္မဟဒယကျမ်းစကားထက် အနည်းငယ်သာ ပိုပါသည်၊ ထိုပိုသမျှသည်လည်း အဓိပ္ပာယ်အားဖြင့် ဓမ္မဟဒယ ဝိဘင်း၌ သိမ်းယူနိုင်သောကြောင့် ''အပုဗ္ဗံ နတ္ထိ''ဟု ဆိုပြန်သည်။
**အနုလောမပစ္စနီယ**။ ။ဓမ္မတာယ အနုလော၊ ထုံးစံအားလျော်စွာ ဖြစ်သောကြောင့် အနုလောမမည်၏၊ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌ ပရမဋ္ဌေနကို အနုလောမဟု ထေါ်၏၊ ပဋိဝ်ရုဒ္ဓေါ+အနီကော ပစ္စနီကော၊ ပဋိဝိရုဒ္ဓေါ−မူလစကားနှင့် ဆန့်ကျင်ဘက်ဖြစ်သော၊ အနီကော−စကားအပေါင်းတည်း၊ ပစ္စနီကော−မူလစကားနှင့် ဆန့်ကျင်ဘက်ဖြစ်သော စကားအပေါင်း၊ အနုလောမောစ+သော+ပစ္စနီကောစာတိ အနုလောမပစ္စနီကော၊ ရှေးဦးစွာ သကဝါဒီပုဂ္ဂိုလ်၏ စကားကို အနုလောမ ပရဝါဒီပုဂ္ဂိုလ်၏ ဆန့်ကျင်ဘက်စကားကို ပစ္စနီက ဟု ဆိုသည်၊ အနုလောမပစ္စနီယပဉ္စက၌ သကဝါဒီစကားက ရှေ့သွားဖြစ်၍ ပရဝါဒီစကားက နောက်ထိုက်ဖြစ်၏၊ ပစ္စနီယာနုလောမပဉ္စက၌ကား ပရဝါဒီစကားက ရှေ့သွားဖြစ်၍ သကဝါဒီ စကားကနောက်လိုက်ဖြစ်သည်၊ ပစ္စနီက၌ ကကို ယပြု၍ ပစ္စနီယဟု ဖြစ်၏။ [မဓုဋီကာ၌ ''ပစ္စတိ ဝိရုဇ္ဈတီတိ ပစ္စနီကော''ဟု ပစ္စဓာတ် အနီယပစ္စည်း ကြံသည်ကို ဓာတ်ကျမ်း၌ ထိုဓာတ် ရှိ−မရှိ သတိထား၍ စဉ်းစားပါလေ။]သစ္စိကဋ္ဌပရမဋ္ဌေနာတိ၊ ကား။
မာယာမရီစိအာဒယော၊ မျက်လှည့်ရုပ်, တံလျှပ် အစရှိသော ဝတ္ထုတို့ကို။
(အဘူတာကာရေန၊ မဟုတ်မမှန်သောအခြင်းအရာအားဖြင့်။)။
ဥပလဗ္ဘန္တိဝိယ၊ ဉာဏ်ဖြင့်ကပ်၍ ရအပ်ကုန်သကဲ့သို့။
တထာ၊ ထို့အတူ။
အဘူတာကာရေန၊ ဖြင့်။
န(ဥပလဗ္ဘတိ)၊ ဉာဏ်ဖြင့်ကပ်၍ ရအပ်သည်မဟုတ်။
အနုဿာဝါဒီဟိ၊ တစ်ဆင့်ကြားခြင်း အစရှိသည်တို့ဖြင့်။
ဂဟေတဗ္ဗာ၊ မှတ်ယူအပ်သောအနက်တို့ကို။
(အကြောင်းအရာတို့ကို)။
အနုတ္တမတ္ထဘာဝေန၊ မမြတ်သော အနက်တို့၏အဖြစ်ဖြင့်။
ဥပလဗ္ဘန္တိဝိယ၊ ကဲ့သို့။
(တထာ၊ တူ)။
အနုတ္တမတ္ထဘာဝေန၊ ဖြင့်။
န(ဥပလဗ္ဘတိ)၊ မဟုတ်။
အထခေါ၊ စင်စစ်ကား။
ဘူတေန၊ ဟုတ်မှန်သောအားဖြင့်။
ဥတ္တမတ္ထဘာဝေန၊ မြတ်သောအနက်၏အဖြစ်ဖြင့်။
ဥပလဗ္ဘတိ၊ ဉာဏ်ဖြင့်ကပ်၍ရအပ်ပါသလော။
(အစစ်အမှန် ရှိနိုင်ပါသလော၊−ဟူလို)။
ဣတိ၊ သို့။
ပုစ္ဆတိ၊ သကဝါဒီမေး၏။
မာယာ မရီစိ အာဒယောဝိယ။ ။မာဓာတ် ယပစ္စည်းဖြင့်ပြီးသော မာယာသဒ္ဒါသည် မျက်လှည့်အတတ် (မန္တန်−ဆေး)တို့ကိုဟော၏၊ ''မာတိ မိနာတိ−နှိုင်းယှဉ်တတ် တူအောင်ပြုတတ်၏၊ ဣတိ မာယာ''ဟု ပြု၊ ထိုအတတ်ဖြင့် ပြုလုပ်ဖန်ဆင်းပြအပ်သော မျက်လှည့်အရုပ်ကိုလည်း ကာရဏူပစာရအားဖြင့် ''မာယာ''ဟုခေါ်ပါ၊ ''မရီစိ''ဟူသည်ကား တံလျှပ် (ရေရောင်)တည်း၊ ''ရေကို ''တံ''ဟုလည်းကောင်း၊ အရောင်ကို ''လျှပ်''ဟုလည်းကောင်းရှေးက ခေါ်သည်၊ မျက်လှည့် အရုပ်သည် ကျောက်ခဲအစစ်ဖြစ်ပါလျက် ''ရွှေခဲ''ကဲ့သို့ ထင်ရ၏၊ တံလျှပ်သည် ရေ၏ အရောင်သာဖြစ်ပါလျက် ရေအစစ်ကဲ့သို့ထင်ရ၏၊ ''အာဒိဖြင့် ဘီလူးမက ဖန်ဆင်း၍ ပြအပ်သော မိန်းမပျိုရုပ် ညဉ့်အခါဝယ် တစ္ဆေကဲ့သို့ ထင်ရသော သစ်ငုတ်တို စသည်ကိုယူပါ။
နာဘူတာကာရေန။ ။''အဘူတာကာရေန ဥပလဗ္ဘန္တိဝိဘ''ဟု ဥပမာန အတွက်ပြင်ပေး၊ မျက်လှည့်ရုပ် တံလျှပ်အစရှိသော အရာဝတ္ထတို့ကို ဉာဏ်ဖြင့်ကပ်၍ ရူသောအခါ (ဉာဏ်ဖြင့်စဉ်းစားကြည့်သောအခါ) မဟုတ်မမှန်သော အခြားအရာအားဖြင့် သိအပ်ကုန်သကဲ့သို့ ထို့အတူ ''ပုဂ္ဂလ''ဟု ခေါ်ဝေါ်အပ်သော အတ္တ သတ္တ ဇီဝကိုလည်း မဟုတ်မမှန်သော အခြင်းအရာအားဖြင့် သိအပ်သည်မဟုတ်၊ အထ ဖေါ ဘူတေန ဥပလဗ္ဘတိ−စင်စစ်ကား ဟုတ်မှန်သောအားဖြင့် သိအပ်ပါရဲ့လော−ဟူလို။ ''မာယာမရီစိအာဒယော အဘူတာကာရေန''သည် သစ္စိကဋ္ဌအတွက် ဝိသဒိသူပမာ စကားတည်း။
အနုဿဝါဒီဟိ ဂဟေတဗ္ဗာ။ ။သူတစ်ပါးထံမှ တစ်ဆင့်ကြားအပ်သော အကြောင်းအရာ (အာဒိအရ−မိမိစိတ်ကူးဉာဏ်ဖြင့် ကြံစည်အပ်သော အကြောင်းအရာ ဓာတ်ချောက်ချား၍ အိပ်မက်၍ မြင်ရသော အကြောင်းအရာစသည်) တို့သည် ကြားတိုင်း ထင်တိုင်းမဟုတ်တတ်သောကြောင့် ''မမြင်သော အရာဝတ္ထုအဖြစ်ဖြင့် သိအပ်ကုန်သကဲ့သို့ သတ္တ အတ္တ ဇီဝဟူသော ပုဂ္ဂိလ်ကို မမြတ်သော အရာဝတ္ထုအဖြစ်ဖြင်ါ မရအပ်သည် မဟုတ်၊ ''အထ ခေါ ဥတ္တမတ္ထဘာဝေန ဥပလဗ္ဘတိ''ဟု မေးသည်၊ ''အနုဿ−ဝါဒီဟိ''စသည်ကား ပရမတ္ထအတွက်ပိသဒိသူပမာ စကားတည်း။
ပုန၊ ဖန်။
(အာဟ၊ ၌စပ်)။
သကဝါဒီ၊ သည်။
ပဋိညာယ၊ အာမန္တာဟု ဝန်ခံခြင်းနှင့်။
ဧကတ္တာပန္နံ၊ တစ်ခုတည်း၏အဖြစ်သို့ ရောက်သော။
ဝါ၊ တစ်ခုတည်း၏ အဖြစ်သို့ရောက်သည်၏အဖြစ်ကြောင့်။
ရုပ္ပနာဒိ သပ္ပစ္စယာဒိ။ ။ရုပ္ပနာဒိဖြင့် ရုပ် ဝေဒနာ သညာ သင်္ခါရဝိညာဉ်တို့၏ ရုပ္ပနစသော ဝိသေသလက္ခဏာကိုပြ၏၊ သပ္ပစ္စယာဒိဖြင့် ထိုရုပ်စသည်တို့၏ သာမည လက္ခဏာကို ပြ၏၊ [ဝိဇ္ဇာ တဏှာ ကံစသော အကြောင်းရှိခြင်းသည် ခန္ဓာ ၅−ပါးလု့းနှင့် ဆိုင်သော သာမညလက္ခဏာဖြစ်၏၊ အာဒိဖြင့် သင်္ခတ စသည်ကိုယူ။]
အညတ္တံ အနိစ္ဆန္တော။ ။ပုဂ္ဂိုလ်ဟု ခေါ်အပ်သော အတ္တသည် ရုပ် ဝေဒနာ စသည်တို့မှ (တစ်မျိုးတစ်ခြား ဆိုလျှင် ထင်ရှားမရှိသော အရာဝတ္ထု ဖြစ်နေသောကြောင့် သစ္စိကဋ္ဌပရမဋ္ဌမဖြစ်နိုင်၊ ထို့ကြောင့် ပရဝါဒီသည် ပုဂ္ဂလအတ္တကို ရုပ်ဝေဒနာစသည်မှ တစ်မျိုးတစ်ခြားဟုလည်းမယူလို။
အနညတ္ထံ အနိစ္ဆန္တော။ ။ပုဂ္ဂလအတ္တသည် ရုပ်စသည်မှ တစ်မျိုးတစ်ခြားမဟုတ် ရုပ်စသည်ပင်ဖြစ်သည်−ဟု ယူပြန်လျှင် ရုပ်ဝေဒနာ စသည်တို့ကဲ့သို့ ရုပ္ပန (ဖောက်ပြန်ခြင်း သဘော) သပ္ပစ္စယ (အကြောင်းရှိခြင်း သဘော) ရှိရလိမ့်မည်၊ ပုဂ္ဂလအတ္တကား ထိုသို့ ရုပ္ပန (ဖောက်ပြန်ခြင်း သဘော) သပ္ပစ္စယ (အကြောင်းရှိခြင်း သဘော) ရှိရလိမ့်မည်၊ ပုဂ္ဂလအတ္တကား ထိုသို့ ရုပ္ပန သပ္ပစ္စယ သဘောမရှိ၊ ထို့ကြောင့် ပုဂ္ဂလအတ္တကို ရုပ်ဝေဒနာ စသည်မှ တစ်မျိုးတစ်ခြားဟုလည်း ပရဝါဒီအလိုမရှိ။ ထို့ကြောင့် သကဝါဒီ၏ ဒုတိယအမေးကို ''နဟေဝံ''ဟု ပယ်သည်။
ဧကတ္တာပန္နံ အပ္ပဋိက္ခိပိတဗ္ဗံ။ ။ထိုသို့ ပယ်သောအခါ ပထမမေးခွန်းနှင့် ဒုတိယမေးခွန်းသည် တစ်သဘောတည်းဖြစ်ရကား ပထမမေးခွန်းတုန်းက ''အာမန္တာ''ဟု ဝန်ခံသကဲ့သို့ ဒုတိယ မေးခွန်း၌လည်း ''အာမန္တာ''ဟု ပင် ဝန်ခံသင့်၏ မပယ်သင့်၊ ထိုသို့ မပယ်သင့်ဘဲလျက် ပယ်သောကြောင့် သကဝါဒီက ပရဝါဒီကို ''အာဇာနာဟိ နိဂ္ဂဟံ''ဟု ဆို၍ နှိပ်သည်။
(ဟေတုမန္တ ဝိသေသန)။ အပ္ပဋိက္ခိပိတဗ္ဗံ၊ မပယ်ထိုက်သောပြဿနာကို။ ပဋိက္ခိပတိ၊ ၏။ ဣတိကတွာ၊ ဤသို့ နှလုံးသွင်းမှုကိုပြု၍။ နိဂ္ဂဟံ၊ နှိပ်ကြောင်း အပြစ်သို့။ အာရောပေန္တော၊ တင်လိုသည်။ (ဟုတွာ)။ အာဇာနာဟိ နိဂ္ဂဟန္တိ၊ ဟူ၍။ အာဟ၊ ။**အနနုယောဂေါ**။ ။သကဝါဒီသည် မူလကပင် ''ပုဂ္ဂလ(အတ္တ)မရှိ''ဟု ဝန်ခံပြီးဖြစ်သည်၊ ထို့ကြောင့် ''ထိုမရှိသော ပုဂ္ဂလသည် သစ္စိကဋ္ဌပရမဋ္ဌမှတစ်ပါး တခြားလား တစ်ပါးတခြားမဟုတ်ဖူးလား''ဟု မေးဖို့ရန်ပင် မသင့်တော့၊ ထိုအမေးသည် ''မိန်းမမြုံမ၏ သားသည် အရပ်ရှည်သလား အရပ်ပုသလား''ဟု မေးခြင်းမျိုးကဲ့သို့ မဖြစ်နိုင်သော အမေးသာ ဖြစ်၏၊ သို့အတွက် ''န ဟေဝံ''ဟု သကဝါဒီ ပယ်သည်။
အတ္ထံ၊ အနက်ကို။
အသမ္ဗဇ္ဈန္တော၊ ထိုးထွင်း၍မသိသည်။
(ဟုတွာ)။
ဧဝံ၊ သာလျှင်။
အာဇာနာဟိ နိဂ္ဂဟန္တိ၊ ဟူ၍။
နိဂ္ဂဟံ၊ နှိပ်ကြောင်းအပြစ်သို့။
အာရောပေတိ၊ တင်၏။−−−ပပဉ္စသညာသင်္ခါတိ၊ ကား။
တဏှာ မာန ဒိဋ္ဌိ ပပဉ္စသမ္ပယုတ္တာ၊ သံသရာကုချဲ့ထွင် တတ်သော တဏှာ မာနဒိဋ္ဌိတို့နှင့်ယှဉ်ကုန်သော။
ဣတရော၊ပေ၊နိဂ္ဂဟံ။ ။’’ပုဂ္ဂလော နုပလဗ္ဘတိ’’တုန်းက ‘’အာမန္တာ’’ဟု ဝန်ခံပြီးသောသကဝါဒီသည် ‘’ယော သစ္စိကဋ္ဌော၊ပေ၊နုပလဗ္ဘတိ−ထိုပုဂ္ဂိုလ်ကို သစ္စိကဋ္ဌပရမဋ္ဌမှ အညအဖြစ်ဖြင့် မရအပ်သလော အနညအဖြစ်ဖြင့် မရအပ်သလော’’ဟု ဒုတိယတစ်ဆင့်မေးရာ၌ တစ်နည်းနည်းကို ဝန်ခံသင့်၏ဟု ပရဝါဒီက ယူဆ၏၊ ထို့ကြောင့် ‘’နဟေဝံ’’ဟု ပယ်သင့်သည်ကို ရှေ့နောက် မညီဟု ထင်သောကြောင့် ‘’အာဇာနာဟိ နိဂ္ဂဟံ’’ဟု ဆို၍ အပြစ်တင်သည်။
အဝိပရီတံ အတ္ထံ အသမ္ဗဇ္ဈန္တော။ ။ထိုအပြစ်သည် တင့်တယ်သော အပြစ်မဟုတ်၊ မမေးသင့်သည်ကို မေးသောကြောင့် သကဝါဒီက ‘’န ဟေတံ’’ဟု ပယ်သည်ကို ‘’အည−အနညအပြစ်ကို ပယ်သည်’’ဟု ပရဝါဒီက အထင်မှားသဖြင့် တင်သောအပြစ်သာ ဖြစ်သည်။
ဣတီတိယံ အတ္ထံ ဒိသွာ မာတိကာ ထပိတာ ဧဝံ။ ။’’ဣတိ သတ္ထာရာ’’ဟူသော အဋ္ဌကထာ၌ ဣတိကို ‘’ယဒိသွာ၊ပေ၊ဧဝံ’’ဟု ဖွင့်သည်၊ ထိုသို့ ဖွင့်သဖြင့် ‘’ဣတိ(တသ္မာ) ဒေသိတ္တာ’’ဟု မပေးစေလိုကြောင်း သိစေသည်၊ ထိုသို့ ဖွင့်ပုံကို ထောက်လျှင် ဋီကာ ဆရာ့လ်ထက်၌ ‘’သတ္ထာရာ ဒိန္နနယေန ထပိတမာတိကာယ’’ဟူသော ပါဌ်သည် မရှိဟုသိသာ၏၊ အကယ်၍ရှိလျှင် ထိုသို့ ဖွင့်ဖွယ်မလို။−−−ဆက်ဦးအံ့၊−−ဋီကာဖွင့်ပုံနှင့် သတ္ထာရာ၊ပေ၊မာတိကာယ’’သည် နောက်ဆရာတို့ ထည့်ပါဟု မှတ်ပါ၊ ဤသို့ ထည့်ပါဌ်ရှိပြီး ဖြစ်ရကား’’ဣတိ−ဤသို့ မြတ်စွာဘုရား မြော်မြင်တော်မူအပ်သည့်အတိုင်း’’ဟုသာ အဋ္ဌကထာ၌ အနက်ပေးရတော့သည်။
သညာကောဋ္ဌာသာ၊ သညာအစုတို့သည်။ဉာဏဘူတောတိ ဧတဿစ၊ ဤပုဒ်၏လည်း။
ပညာစက္ခုမယတ္တာ။ ။’’သုဝဏ္ဏမယော ရထော’’စသော ပုဒ်တို့၌ ရွှေဖြင့်ပြုလုပ်အပ်သော (ရွှေအတိပြီးသော+ရွှေအထည်ကိုယ်ဖြစ်သော) ရထားကို ‘’သုဝဏ္ဏမယ’’ဟု ခေါ်၏၊ ဤ၌လည်း ဘုရားရှင်၏ တစ်ကိုယ်တော်လုံး ပညာစက္ခုတုံးကြီးဖြစ်နေသည်ကို (မည်သည့်ကိစ္စကို ပြုပြု ပညာစက္ခုရှေ့သွားရှိနေသည်ကို) ‘’ပညာစက္ခုမယ’’ဆိုသည်ဟု ကြံသည်၏ ပညာစက္ခု+ပကတိ ယဿာတိ ပညာစက္ခုမယော၊ တပ္ပကတိအနက်၌ မယပစ္စည်းသက်။ ဤအဖွင့်အရ ‘’စက္ခု− ပညာစက္ခုသည်+ဟုတွာ+ဘူတော စက္ခုဘူတော’’ဟု ပြုပါ၊ နောက်ဟိတ်အတွက်လည်း ဤဝိဂ္ဂဟပင်တည်း။
သတ္တေသုစ တဒုပ္ပါဒနတော။ ။’’စက္ခုဘူတော’’စသော စကားသည် အရှင်မဟာကစ္စည်း ထေရ်က ရဟန်းတို့အား ပြောပြသောစကားတည်း၊ ထိုသို့ ပြောပြခြင်းမှာလည်း ဘုရားရှင်အား ပြဿနာမေးထိုက်ကြောင်း ဘုရားရှင်သည် ဉာဏ်ပညာတော် ကြီးမားရကား သတ္တလောက တစ်ခုလုံး၏ ဉာဏ်ပညာကြီး ဖြစ်နေကြောင်းကို သိစေလိုရင်းဖြစ်၏၊ ထို့ကြောင့် ဘုရားရှင် ကိုယ်တော်တိုင် ပညာစက္ခုကြီး ဖြစ်နေရုံမျှဖြင့် သတ္တလောက၏ စက္ခုမဖြစ်နိုင်သောကြောင့် ‘’သတ္တေသုစ တဒုပ္ပါဒနတော’’ဟူသော ဟိတ်အကူကို ပြရပြန်သည်၊ သတ္တဝါတို့ကသန္တိန်၌လည်း တရား၏အဓိပ္ပာယ်ကို သိသော ပညာစက္ခု ဝိပဿနာပညာ မဂ်ပညာစသော ပညာစက္ခု ဖြစ်စေနိုင်သောကြောင့် သတ္တလောကတစ်ခုလုံး၏ စက္ခုဘူတ ဖြစ်နိုင်ပါသည်−ဟူလို။
ဧဝမေဝ၊ ဤအတူသာလျှင်။ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ဗြဟ္မာ၊ ဗြဟ္မာဟူသည်။
မဂ္ဂေါ၊ မဂ်တည်း။
တေဟိ၊ ထိုဗောဓိပက္ခိတရား, မဂ်တရားတို့ကြောင့်။
ဥပ္ပန္နတ္တာ၊ ဖြစ်သည်၏အဖြစ်ကြောင့် လည်းကောင်း။
လောကဿ၊ သတ္တလောက၏ (သန္တာန်၌)။
တဒုပ္ပာဒနတောစ၊ ထိုဗောဓိပက္ခိယတရား, မဂ်တရားတို့ကို ဖြစ်စေ တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
တဗ္ဘူတော၊ ထို ဗောဓိပက္ခိယတရားဖြစ်၍ ဖြစ်တော်မူပါပေ၏။
ဝါ၊ ထိုမြတ်သော မဂ်တရားဖြစ်၍ ဖြစ်တော်မူပါပေ၏။
မဓုဋီကာ။ ။မဓုဋီကာ၌ ‘’ပညာစက္ခုမယတ္တာ’’ဖြင့် ‘’စက္ခုတော+ဘူတောဇာတောတိ စက္ခုဘူတာ’’ဟူသော ဝစနတ္ထကိုပြ၏−ဟူသော ဝဒန္တိဝါဒကို လည်းကောင်း ဌာနီ ပညာစက္ခု၏ အမည်ကို ဌာန ဘုရားရှင်၌ တင်စားသောဌာနျူပစာရကို ပြသည်ဟု လည်းကောင်း ဆို၏၊ တဒုပ္ပာဒနတောဖြင့် ‘’စက္ခုံ ဘာဝေတိ ဥပ္ပာဒေတီတိ စက္ခုဘူတော’’ဟူသော ဝစနတ္ထကို ပြသည်ဟု ဝဒန္တိဝါဒကိုလည်းကောင်း ဝေနေယျတို့၌ ဖြစ်သော အကျိုးစက္ခု၏အမည်ကိုအကြောင်း ဘုရားရှင်၌ တင်စားသော ဖလူပစာရကို ပြသည်ဟု လည်းကောင်း ဆို၏၊ စဉ်းစားပါ။
အနုဋီကာ။ ။အနုဋီကာ၌ကား ‘’ပညာစက္ခုနာ+ဥပ္ပန္နတ္တာ ဝါစက္ခုဘူတော− သဗ္ဗညုတဉာဏ်စက္ခုကြောင့် ဘုရားဖြစ်ရသည့်အတွက် စက္ခုဘူတမည်၏’’ဟု ဝါသဒ္ဒါဖြင် လည်းကောင်း ‘’အထဝါဖြင့်လည်းကောင်း (မူလဋီကာနည်းမဟုတ်ဘဲ) သူ့အလိုကျ ၂−နည်းဖွင့်ပြ၏။
တေဟိ ဥပ္ပန္နတ္တာ တဗ္ဘူတော။ ။ဗောဓိပက္ခိယတရား မဂ်တရားတို့၏ ဓမ္မအမည် ဗြဟ္မအမည်ကို (ထိုဗောဓိပက္ခိယတရား မဂ်တရားတို့ကြောင့် ဘုရားဖြစ်ရသော) ဘုရားရှင်၌ တင်စား၍ ကာရဏူပစာရအားဖြင့် ဘုရားရှင်ကိုလည်း ဓမ္မ−ဇြဟ္မ ခေါ်ရကြောင်းကိုပြလို၍ ‘’တေဟိ+ဥပ္ပန္နတ္တာ’’ဟု မိန့်သည်၊ ဤအလို ‘’ဓမ္မော+ဟုတွာ+ဘူတော ဓမ္မဘူတော’’ဟု ပြု၊ ဗြဟ္မဘူတော၌လည်း နည်းတူ၊တဒုပ္ပါစနတော’’၏ အဓိပ္ပာယ်ကို စက္ခုဘူတော အဖွင့်တုန်းကကဲ့သို့ သိပါ။
မှတ်ချက်။ ။စက္ခုဘူတောတုန်းက ‘’ပညာစက္ခုမယတ္တာ’’ဟု ဆိုခဲ့၍ ဤ၌ ‘’တေဟိ+ဥပ္ပန္နတ္တာ’’ဟု ဆိုသောကြောင့် စက္ခုဘူတော၌ ဥပစာလည်း မကြံစေလို၊ ‘’စက္ခုဘူတော+ဘူတော’’ဟု လည်း ဝစနတ္ထမပြုစေလို၊ ‘’စက္ခု+ဟုတွာ+ဘူတော’’ဟုသာ ဝနတ္ထ ပြုစေလိုကြောင်း ‘’ပညာစက္ခု မယတ္တာ’’၌လည်း ပကတိတဒ္ဓိတ်ဖြစ်ကြောင်း သာ၍ သိသာပြန်သည်။
စ၊ ဆက်။
တေသံ၊ ထိုပါဠိရပ်တို့၏။
သမုဒါယော၊ အပေါင်းသည်။
စိတ္တဝိဘတ္တိ၊ စိတ္တဝိဘတ္တိမည်၏။
တသ္မာ၊ ကြောင့်။
ဧကူန၊ပေ၊ဝိဘတ္တီတိဧတံ၊ ဟူသော ဤ အဋ္ဌကထာစကားသည်။
ဥပပန္နံ၊ သင့်လျော်သော စကားဖြစ်၏။
ပဌမဝိဘတ္တီတိပိ။ ။ဤပါဌ်၌ အယူအမျိုးမျိုးရှိပုံကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ၊ မဓုဋီကာ၌ကား− ‘’ဧတံ အဋ္ဌာနန္တိ ကေစိ’’ဟု ကေစိဝါဒပြ၏၊ ထိုဝါဒအလိုမှာ ‘’ပဌမဝိဘတ္တိ’’ဟူသော စကားသည် ဤနေရာ၌မရှိသင့်၊ စိတ္တဝိဘတ္တိ၏ နောက်၌သာ ရှိသင့်သည်၊ စိတ္တဝိဘတ္တီကို (ပဌမဆုံးဖြစ်သောကြောင့်) ‘’ပဌမဝိဘတ္တိ’’ဟုလည်းခေါ်ကြသည်−ဟဒလိုသတတ်၊ ဋီကာဆရာ၏ အာဘော်ကျမည်မထင်။
တေသဉ္စ၊ပေ၊ဥပပန္နမေတံ။ ။စိတ်တို့ကိုပြရာ ပါဠိရပ်တို့ကိုသာ ‘’ဧကူနနဝုတိစိတ္တာနိ’’ဟု ဌာဣျူပစာရအားဖြင့်ဆိုလျှင် ထိုပါဠိရပ်တို့သည် အဘယ်နည်းဖြင့် စိတ္တဝိဘတ္တိအမည် ရသင့်ပါသနည်းဟု မေးဖွယ်ရှိသောကြောင့် ‘’တေသဉ္စ’’စသည်မိန့်၊ အစိတ်စိတ်ပါဠိ၏ စိတ္တဝိဘတ္တိအမည်ကို အပေါင်း၌ တင်စားသော ဧကဒေသူပစာရအားဖြင့် စိတ္တဝိဘတ္တိဟုခေါ်ရသောကြောင့် ‘’ဧကူနနဝုတိစိတ္တာနိ စိတ္တဝိဘတ္တိနာမ’’ဟူသော စကားသည် သင့်ပါ၏−ဟူလို။
တီဏီ၊ပေ၊အာဒိနာ၊ နည်းဖြင့်။
ဟေတုဝသေန၊ အကြောင်း၏အစွမ်းဖြင့်။
မာတိကဉ္စ၊ပေ၊ယုဇ္ဇတိ။ ။ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ‘’ကုသလာဓမ္မာ အကုသလာဓမ္မာ’’စသော မာတိကာပုဒ်များပါရှိ၏၊ ထိုမာတိကာကို ဝိဘတ္တိ(ကဏ္ဍ) ၄−ရပ်တွင် အဘယ်၌ သွင်းယူရမည်နည်း−ဟု မေးဖွယ်ရှိသောကြောင့် ‘’မာတိကဉ္စ’’စသည်မိန့်၊ ကုသလာဓမ္မာ စသော မာတိကာပုဒ်တို့ကို တစ်ပုဒ်စီထုတ်၍ စိတ်တို့ကို အကယ်ဝေဖန်သောကြောင့် မာတိကာသည်လည်း စိတ္တဝိဘတ္တိ (ဝိတ္တုပ္ပါဒကဏ္ဍ)၌ပင် အတွင်းဝင်သည်ဟုမှတ်ပါ၊ ထိုသို့ စိတ္တုပ္ပါဒကဏ္ဍ၌ ဝင်သောကြောင့်ပင် ‘’စိတ္တုပ္ပါဒကဏ္ဍမ္ပိမာတိကာ ပဒဘာဇနီယဝသေန ဒုဝိဓံ’’ဟု မိတကာပဒ အဖွင့်အစ၌ ဆိုလတ္တံ့သော စကားလည်း အသင့်ယုတ္တိရှိသော စကားဖြစ်နိုင်ပါသည်။
အနုဋီကာ။ ။မူလဋီကာ၌ကား ‘’ဧကေကံ ပဒံ ဥဒ္ဓရိတွာ’’ဟု ဆိုသောကြောင့် စိတ္တုပ္ပါဒကဏ္ဍဝယ် တိက် ဒုက်အားလုံး၏ တစ်ပုဒ်စီကိုထုတ်၍ အကျယ်ဝေဖန်သည်ဟု ထင်စရာရှိ၏၊ အမှန်အားဖြင့်ကား စိတ္တုပ္ပါဒကဏ္ဍာဝယ် ကုသလတိက်၏ ၃−ပုဒ်ကိုသာထုတ်၍ အကျယ်ဝေဖန်တော်မူ၏၊ သို့သော် နောက်နောက် တိက် ဒုက်ပုဒ်များ၏ အရကောက်မှာလည်း ကုသလတိက်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ကုသလတိက်ပုဒ်များကို အကျယ်ဝေဖန်လိုက်လျှင် အားလုံးတိက် ဒုက်၏ ပုဒ်များကိုလည်း အကျယ်ဝေဖန်ပြီးဖြစ်၏၊ ထို့ကြောင့် ‘’ဧကေကံ ပဒံ ဥဒ္ဓရိတွာ’’ဟု ဋိကာဆိုကြောင်းကို အနုဋီကာဖွင့်သည်။
သင်္ဂဟော၊ သိမ်းယူခြင်းသည်။ ဓမ္မတော၊ အကြောင်းအားဖြင့်။ နိက္ခေပေါ၊ ချုံးခြင်းတည်း။လိင်္ဂတောတိ၊ ကား။
ဥဒ္ဒိဋ္ဌဿ၊ အကျဉ်းပြအပ်ပြီးသော။
ဧကဿေဝ၊ တစ်ပါးသာလျှင်ဖြစ်သော။
အထဝါ။ ။ဤနည်း၌ ဓမ္မောအရ ပါဠိကိုလည်းကောင်း အတ္ထောအရ ပါဠိတော်၏ အနက်ကိုလည်းကောင်းယူပါ၊ ‘’တယော ကုသလာဟေတူ’’ဟူသောစကားသည် အနက်မထင်ရှားသေးသောကြောင့် ပါဠိဟု ခေါ်အပ်သောဓမ္မမည်၏၊ ‘’တတ္ထ ကတမေ တယော ကုသလဟေတူ အလောဘော အဒေါသော အမောဟော’’စသည်ကား ကုသလဟိတ် ၃−ပါးကို အဋ္ဌကထာဖွင့်သကဲ့သို့ ပါဠိတော်ချင်း ဖွင့်ပြသောကြောင့် အတ္ထမည်၏။
သော စ ဓမ္မော၊ပေ၊အတ္ထော။ ။’’အလောဘော အဒေါသော အမောဟော’’ဟူသော ရျေးစကားသည်ပင် အလောဘ၏အကြောင်းအရာစသည်တို့ မထင်ရှားသေးသောကြောင့် ပါဠိဟူသော ဓမ္မပင်မည်ပြန်၏၊ ‘’တတ္ထ ကတမော အလောဘော၊ ယော အလောဘော အလုဗ္ဘနာ အလုဗ္ဘိတတ္တံ’’စသော အဖွင့်သည်သာ ထိုအလောဘ စသည်တို့ကို ထင်ရှားအောင် ဖွင့်ပြသောကြောင့် အတ္ထမည်၏၊ အချုပ်မှာ−‘’ပစ္ဆိမံ ပစ္ဆိမံ ပုရိမဿ အတ္ထဝစနံ−နောက်နောက်စကားသည် ရှေးရှေးစကား၏အနက်ပြတည်း’’ဟူသော ပရိဘာသာနှင့်အညီ နောက်နောက်အနက်ဖြစ်သော စကားကို အတ္ထဟုခေါ်ရသည်။...[သောဓ ဓမ္မောတိ−တယော ကုသလဟေတူဟိ အာဒိ ပုရိမာယ ပုရိုမာယ ပါဠိယာ ပစ္ဆိမာ ပစ္ဆိမာ အတ္ထနိဒ္ဒေသောတိ ဝုတ္တံ။−အနုဋီကာ။]
ဓမ္မဿ၊ ကို။ (နိက္ခေပေါ၊ ၌စပ်)။ အလောဘော အလုဗ္ဘနာ အလုဗ္ဘိတတ္တန္တိ၊ ဟူ၍။ ပုရိသာဒိလိင်္ဂဝသေန၊ ပုလ္လိင် အစရှိသည်တို့၏အစွမ်းဖြင့်။ ဝါ၊ ပုလ္လိင်, ဣတ္ထိလိင်, နပုလ္လိင်တို့၏အစွမ်းဖြင့်။ နိက္ခေပေါ၊ ချုံးခြင်းတည်း။ခုဒ္ဒကဝတ္ထု ဝိဘင်္ဂေ၊ ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်၌။
အာဂတေသု၊ လာကုန်သော။
ဧကာဓိကေသု၊ တစ်ခုအပိုအလွန်ရှိကုန်သော။
အဋ္ဌသု ကိလေသသတေသု၊ ရှစ်ရာသော ကိလေသာတို့တွင်။
အဋ္ဌသတတဏှာ ဝိစရိတာနိ၊ တစ်ရာ့ရှစ်ပါးသောတဏှာဝိစရိတ်တို့ကို။
အပနေတွာ၊ ဖယ်ရှား၍။
သေသာ၊ ကြွင်းသော ခြောက်ရာ့ကိုးဆယ့်သုံးပါးသော ကိလေသာတို့သည်လည်းကောင်း။
ဗလဝတာ၊ပေ၊ဘာဝတော။ ။သမန္တပဋ္ဌာန်း ကျမ်းကြီးကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်အဟုန်၏ အားကြီးသော ဗလဝအမည်ကို ပီတိ၌တင်စား၍ ကာရဏူပစာရအားဖြင့် ပီတိတကိုလည်း ‘’ဗလဝ’’ ခေါ်ကြောင်းကိုပြ၍ ‘’ဗလဝတာ၊ပေ၊ ပဝတ္တတ္တာ’’ဟု မိန့်သည်၊ (တစ်နည်း) ကိလေသာအားလုံးကို ကုန်ဆုံးနိုင်သောကြောင့် အရဟတ္တမဂ်ဉာဏ်သည် ‘’ဗလဝ−အားကြီးသောတရား’’ဖြစ်၏၊ ဤပီတိကို အရင်းခံ၍ အရဟတ္တမဂ်ဉာဏ်ကိုရသောကြောင့် အကျိုးအရဟတ္တမဂ်၏ ဗလဝအမည်ကို အကြောင်းပီတိ၌ တင်စား၍ ပီတိကိုလည်း ဗလဝခေါ်ကြောင်းပြလိုရကား ‘’ဗလဝတော၊ပေ၊နိမိတ္တဘာဝတော’’ဟု မိန့်သည်။
ခုဒ္ဒက၊ပေ၊ဝုတ္တံ။ ။ဝိဘင်းပါဠိတော်ဝယ် ခုဒ္ဒကဝတ္ထုဝိဘင်း၌ တစ်ပါးအလွန်ရှိသော ရှစ်ရာ(ရှစ်ရာ့တစ်ပါး) ကိလေသာတို့ကို ဟောထားတော်မူ၏၊ [ထိုပါဠိတော်၏ မာတိကာကိုကြည့်ပါ၊] ထိုတွင် တစ်ရာ့ရှစ်ပါးသော တဏှာဝိစရိတ်တို့ကို ဖယ်လိုက်လျှင် ခြောပ်ရာ့ကိုးဆယ့်သုံးပါးသာကျန်၏၊ ထို ၆၂−ပါးသော မိစ္ဆာဒိဋ္ဌိတို့ကို ထပ်၍ဖြည့်လျှင် ‘’ခုနစ်ရာ့ခုနစ်ဆယ့်ငါးပါး’’ဖြစ်၏၊ ထိုကို ဥပ္ပန္နကိလေသာ အနုပ္ပန္နကိလေသာ ၂−မျိုးဖြင့်မြှောက်လျှင် ‘’တစ်ထောင့်ငါးရာ့တစ်ဆယ်’’ဖြစ်၏၊ ဤသို့ တစ်ဆယ်ပိုလွန်သော်လည်း ‘’အနည်းငယ်အပိုအလိုမှာ ဂဏန်းမဖွဲ့လောက်’’ဟူသော ပရိဘာသာ(ပြောရိုး) နှင့်အညီ အပိုတစ်ဆယ်ကိုဂဏန်းမဖွဲ့ဘဲ ‘’ဒိယဍ္ဎကိလေသသဟဿံ− တစ်ထောင့်ငါးရာ ကိလေသာ’’ဟု အဋ္ဌကထာဆိုသည်။
ဒွါသဋ္ဌိ၊ ခြောက်ဆယ့်နှစ်ပါးသော။ ဒိဋ္ဌိယောစ၊ ဒိဋ္ဌိတို့သည်လည်းကောင်း။ ဥပ္ပန္နာနုပ္ပန္န ဘာဝေန၊ ဥပ္ပန္န အနုဥပ္ပန္န၏အဖြစ်ဖြင့်။ ဝါ၊ ဖြစ်ဆဲကိလေသာ, ဖြစ်ဆဲမဟုတ်သော ကိလေသာတို့၏အဖြစ်ဖြင့်။ ဒိဂုဏိတာနိ၊ ၂−ခုဖြင့်မြှောက်အပ်ကုန်သည်။ သမာနာနိ၊ ကုန်လသော်)။ ဒသာဓိကာနိ၊ ဆယ်ခုအပိုအလွန်ရှိကုန်သော။ ဒိယဍ္ဎကိလေသ သဟဿာနိ၊ အခွဲအားဖြင့် ၂−ထောင်သောကိလေသာတို့သည်။ ဝါ၊ တစ်ထောင့်ငါးရာသော ကိလေသာတို့သည်။ ဟောန္တိ၊ ကုန်၏။ ပန၊ ထိုသို့ပင် တစ်ဆယ်ပိုလွန်ပါသော်လည်း။ အပ္ပကံ၊ အနည်းငယ်သော။ ဦနံဝါ၊ ယုတ်လျော့သော အရာဝတ္ထုသည်လည်းကောင်း။ အဓိကံဝါ၊ ပိုလွန်သော အရာဝတ္ထုသည်လည်းကောင်း။ ဂဏနူပဂံ၊ ရေတွက်အပ်သည်၏အဖြစ်သို့ရောက်သည်။ ဝါ၊ ဂဏန်းဖွဲ့လောက်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ ဤပရိဘာသာကြောင့်။ ဒိယဍ္ဎကိလေသသဟဿန္တိ၊ ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ဆိုအပ်ပြီ။ဣတရေသံ၊ တစ်ထောင့်ငါးရာတစ်ဆယ်သော ကိလေသာမှ တစ်ပါးကုန်သော, တစ်ရာ့ရှစ်ပါးသော တဏှာဝိစရိတ်တို့ကို။
ဝါ၊ တို့၏။
အတီတာဒိဘာဝါနာမသနာ၊ အတိတ် အစရှိသည်တို့၏အဖြစ်ကို မသုံးသပ်ခြင်းကြောင့်။
ခေပနေ၊ ကိလေသာတို့ကို ကုန်စေခြင်း၌။
ဝါ၊ ကိလေသာတို့ကို ကုန်လွန်စေရာအခန်း၌။
အဂ္ဂဟဏံ၊ မယူခြင်းကို။
ဒဋ္ဌဗ္ဗံ၊ ၏။
ဣတရေသံ၊ပေ၊ဒဋ္ဌဗ္ဗံ။ ။ထို ခုဒ္ဒကဝတ္ထုဝိဘင်းဝယ်ပါရှိသော တဏှာတို့ကို အဘယ့်ကြောင့် ဤနေရာ၌မယူပါသနည်း−ဟု မေးဖွယ်ရှိသောကြောင့် ‘’ဣတရေသံ’’စသည်မိန့်၊ ‘’တဏှာ တစ်ရာ့ရှစ်ပါး’’ဟူသည်မှာ တဏှာ ၃−တန်အရင်းခံ၍ ကာလ ၃−ပါး အာရုံ ၆−ပါး သန္တာန်၂−ပါးဖြင့် မြှောက်ထားအပ်သော တဏှာများတည်း၊ အရဟတ္တမဂ်ဖြင့် ကိလေသာကို ကုန်စေရာ၌ကား အနုသယတဏှာ (လောဘကိလေသာ)ကိုသာကုန်စေ၏၊ တဏှာ ၃−တန်အရင်းခံ၍ အာ−ကာသန်ဖြင့် မြှောက်ထားသော ကိလေသာတို့ကို လိုက်နေဖွယ်မလို၊ ထို့ကြောင့် ထိုအတိတ်စသည်ကို သုံးသပ်၍ ယူရသော တစ်ရာ့ရှစ်ပါး တဏှာအပြားတို့ကို ကိလေသာကုန်စေခန်းဝယ် မယူရတော့−ဟူလို။
မှတ်ချက်။ ။သဂြိုဟ်ကျမ်း ‘’ဒသကိလေသာ’’အခန်း၌ တစ်ထောင့်ငါးရာ ကိလေသာမြှောက်ပုံ တစ်မျိုးရှိသေး၏၊ ထိုနည်းကား အနုဋီကာ၌ (နည်းအမျိုးမျိုးတွင်) တစ်မျိုးသော မြှောက်နည်းဟု မှတ်ပါ။
အထဝါ၊ ကား။
စိတ္တသမုဋ္ဌာနေ ဝဏ္ဏဓာတူတိ ဧတ္ထ၊ ၌။
ပစ္စယဥတုသဒ္ဒါနံ၊ ပစ္စယသဒ္ဒါ ဥတုသဒ္ဒါတို့၏။
လောပံ၊ ကျေခြင်းကို။
ကတွာ၊ ၍။
ပုဗ္ဗေ၊ ရှေး၌။
သောယေဝအတ္ထော၊ ထိုစိတ္တပစ္စယ ဥတုသမုဋ္ဌာနာဟူသောအနက်ကိုပင်။
ဝုတ္တော၊ ပြီ။
(ကိမိဝ၊ အဘယ်ကဲ့သို့နည်း)။
သုဝဏ္ဏတာ သုသရတာဝိယ၊ သုဝဏ္ဏတာ သုသရတာဟူသောပါဌ်၌ သုသရတာဟု ဟောတော်မူသကဲ့သို့တည်း။
စိတ္တသမုဋ္ဌာနံ။ ။ဘုရားရှင်၏ ရောင်ခြည်တော်တို့သည် ကိုယ်တော်မှ အပြင်သို့ ထွက်လာကုန်၏၊ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကား ကိုယ်မှ အပြင်သို့ မထွက်နိုင်၊ ထို့ကြောင့် ‘’စိတ္တသမုဋ္ဌာနာ ဝဏ္ဏဓာတု’’ပါဌ်၌ အဘယ်သို့မှတ်ရပါမည်နည်းဟု မေးဖွယ်ရှိသောကြောင့် ‘’စိတ္တပစ္စယ ဥတုသမုဋ္ဌာနာ ဝဏ္ဏဓာတု’’ဟု ဖွင့်သည်၊ ဆိုလိုရင်းကား စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တွင် ဥတုပါဝင်၏၊ ထိုဥတုသည် ရုပ်ကိုဖြစ်စေနိုင်၏၊ ထိုဥတုဇရုပ်တွင် ဥတုပါဝင်ပြန်၏၊ ထိုဥတုကလည်း ရုပ်ကိုဖြစ်စေပြန်၏၊ ဤသို့အားဖြင့် ဥတုဇရုပ် အဆက်ဆက်ဖြစ်သောအခါကိုယ်တော်မှ အပြင်သို့ ရောင်ခြည်တော် ဥတုဇရုပ် ဝဏ္ဏဓာတ်တွေ ထွက်ပေါ်နိုင်သည်−ဟူလို၊ ဤစကားအရ အကြောင်း စိတ္တသမုဋ္ဌာန်၏အမည်ကို အကျိုးဥတုသမုဋ္ဌာန်တင်စား၍ ကာရဏူပစာရအားဖြင့် ‘’စိတ္တသမုဋ္ဌာနာ’’ဆိုသည်ဟု မှတ်ပါ။
အထဝါ။ ။ဤနည်းကား ဥပစာမဟုတ်၊ ပစ္စယနှင့် ဥတုပုဒ်တို့ကို ချေထားသော မုချစကားပင်တည်း၊ ‘’သုဝဏ္ဏတာ သုသရတာ’’သည် ခုဒ္ဒကပါဌ နိဓိကဏ္ဍလာစကားတည်း၊ ‘’ကုသိုလ် ရွှေအိုးကြောင့် အသံကောင်း၏’’ဟူရာ၌ အသံသည် ကမ္မဇမဟုတ်၊ စိတ္တဇရုပ်တည်း၊ သို့သော် နှုတ်ခမ်းအာစောက် လည်ချောင်း စသည်ရှိသော ကမ္မဇရုပ်တို့ကို ထိခိုက်ရမှ အသံဖြစ်သောကြောင့် ထိုကမ္မဇရုပ် ကောင်းသလောက် အသံလည်းကောင်း၏၊ ထို့ကြောင့် အရင်းခံ ကမ္မဇကောင်းခြင်းကို ‘’သုသရတာ−အသံကောင်းခြင်း’’ဟု (ကာရဏူပစာရအားဖြင့်) ဟောတော်မူသည်။
[သုဝဏ္ဏတာ၊ ကောင်းသော အဆင်းရှိသူ၏ အဖြစ်ကိုလည်းကောင်း။ ဝါ၊ အဆင်းလှခြင်းကိုလည်းကောင်း။ သုသရတာ၊ ကောင်းသော အသံရှိသူ၏ အဖြစ်ကိုလည်းကောင်း။ ဝါ၊ အသံကောင်းခြင်းကိုလည်းကောင်း။ ဧတေန၊ ဤကုသိုလ်ရွှေအိုးကြောင့်။ လဗ္ဘတိ၊ ရအပ်နိုင်၏။]**ဓမ္မဿရဝသေန**။ ။ဣန္ဒြိယသံဝရသီလကိုပြရာ ပါဠိတော်များ၌ ‘’သောတေန သဒ္ဒံ သုတွာန နိမိတ္တဂ္ဂါဟီ ဟောတိ’’ဤသို့ စသည်ဖြင့်ရှိ၏၊ ထို၌ ‘’နိမိတ္တ’’ဟူသည် သီချင်းသံ စသည်၏ သာယာဖွဘ် (တယ်ကောင်းပါလား)စသည်ဖြင့် မှတ်သားမှုတည်း၊ ‘’သရေ နိမိတ္တံ ဂဟေတွာ’’ဟူသော ဤပါဌ်၌လည်း ထိုကဲ့သို့ နိမိတ္တဂ္ဂါဟမျိုးဟု ထင်မှားမည်စိုးသောကြောင့် ‘’ဓမ္မဿရဝသေန’’ဟု ဝိသေသန ကူမရသည်၊ ‘’တရားသံ၏ အဖြစ်ဖြင့် အမှတ်အသားကို ယူသည်၊ ဝါ−အမှတ်အသားသည်၊ သာယာဖွယ်ကောင်းသောအသံဟု မမှတ်ပါ’’ဟူလို။
ကိလေသာနုဗျဉ္ဇနဝသေန၊ ကိလေသာတို့ကို အဖန်ဖန် ထင်ရှားပြတတ်သော ဂီတသံစသည်တို့၏ အစွမ်းဖြင့်။**န ကိလေသာနုဗျဉ္ဇနေန**။ ။’’ဓမ္မဿရဝသေန’’အတွက် အညတ္ထာပေါဟန (အခြားအနက် အဓိပ္ပာယ်ကို ပယ်ရှားကြောင်း) နည်းအားဖြင့် ရအပ်သော ဝိသေသနတည်း။ ဧဝသဒ္ဒါ၏ နိဝတ္တေတဗ္ဗတ္ထမျိုးပင်။ ကိလေသာတို့ကို အဖန်ဖန် ထင်ရှားပြတတ် ဖြစ်စေတတ်သော ဂီတသံ၏ ကောင်းခြင်း သာယာခြင်း စသည်ကို ‘’အနုဗျဉ္ဇန’’ဟု ခေါ်၏၊ ထိုအနုဗျဉ္ဇန၏အဖြစ်ဖြင့် နိမိတ်ကိုယူသည် မဟုတ်ပါ−ဟူလို။
လောကိယလောကုတ္တရတ္ထေ၊ လောကီစီးပွား, လောကုတ္တရာစီးပွားတို့လည်းကောင်း။
ဣတိ ဧဝ မာဒိဘေဒေ၊ ဤသို့ အစရှိသော အပြားရှိကုန်သော။
အတ္ထေ၊ စီးပွားတို့ကို။
အာဒိသဒ္ဒေန၊ ဖြင့်။
[အတ္ထတ္ထ ပရတ္ထာဒိ၌ အာဒိသဒ္ဒါဖြင့်။]
သင်္ဂဏှာတိ၊ သိမ်းယူ၏။ယဒိသိယာ၊ အံ့။
(ဧဝံသတိ)။
သုတ္တံ၊ သုတ်သည်။
အတ္တနောပိ၊ မိမိသုတ်၏လည်း။
ဘာသိတတ္ထံ၊ ဘုရားဟောတော်မူအပ်သော ပါဠိတော်၏အနက်ကို။
သူစေတိ၊ ပြနိုင်၏။
ပရသုတ္တဿပိ၊ အခြားသုတ်၏လည်း။
(ဘာသိတတ္ထံ သူစေတိ)။
ဣတိ အယံ အတ္ထော၊ သည်။
သိယာ၊ ဖြစ်ရာ၏။
စ၊ စင်စစ်ကား။
သုတ္တေန၊ သုတ်သည်။
ယောအတ္ထော၊ ကို။
ပကာသိတော၊ ထင်ရှားပြအပ်ပြီ။
သော၊ ထိုအနက်သည်။
တဿေဝ၊ ထိုသုတ်၏သာလျှင်။
(အတ္ထော၊ သည်)။
ဟောတိ ဣတိ၊ ကြောင့်။
တေန၊ ထိုသုတ်သည်။
ပရတ္ထော၊ အခြားသုတ်၏ အနက်သည်။
ဝါ၊ ကို။
သူစိတော၊ ပြအပ်သည်။
န ဟောတိ၊ မဖြစ်နိုင်။
န ဘာသိတတ္ထဝစနံ။ ။ဤနေရာ၌ ယုံမှားဖွယ်ရှိသော ဘာသိတတ္ထကိုသာမှတ်၍ ဆိုသော်လည်း အဘိဓာန်လာ အတ္ထသဒ္ဒါ၏အနက်တို့တွင် ဟိတအနက်မှတစ်ပါး အခြားအနက်အားလုံးကိုပင် ကန့်သည်၊ ဘာသိတတ္ထဟူသည် ဘုရားဟောတော်မူအပ်သော ပါဠိတော်၏ အနက်တည်း၊ အတ္ထသဒ္ဒါသည် ထိုပါဠိတော်၏ အနက်ကိုဟောသော သဒ္ဒါမဟုတ်−ဟူလို၊ ဤစကားအရ ‘’အတ္တတ္ထ ပရတ္ထာဒိဘေဒေ−မိမိစီးပွား သူတစ်ပါးစီးပွား အစရှိသော အပြားရှိကုန်သော၊ အတ္ထေ−စီးပွားတို့ကို’’ဟု အနက်ပေးစေလို၏။
ယဒိသိယာ။ ။’’အတ္ထေ သုစေတိဂ၌ အတ္ထအတွက် ဘာသိတ္တ(ဘုရားဟောပါဠိတော်၏ အနက်)ကိုယူလျှင် အဘယ်အပြစ်ရှိသနည်း−ဟု မေးဖွယ်ရှိသောကြောင့် ‘’ယဒိ သိယာ’’စသည်မိန့်၊ အတ္ထအရ ဘာသိတတ္ထကိုယူလျှင်။...
သုတ္တံ၊ပေ၊သူစိတော ဟောတိ။ ။’’အတ္တတ္ထ ပရတ္ထ’’ဟု ဆိုသောကြောင့် သတ္တန် တစ်ပါးပါးသည် မိမိသုတ္တန်၏အနက်အဓိပ္ပာယ်ကိုလည်းကောင်း အခြားသုတ္တန်၏ အနက်အဓိပ္ပာယ်ကိုလည်းကောင်း ပြနိုင်ရာရောက်၏၊ ဥပမာ−ဗြဟ္မာဇာလသုတ် တစ်သုတ်တည်းကပင် မိမိအနက်ဖြစ်သော သီလနှင့် ၆၂−ပါးသော မိစ္ဆာအယူ သဗ္ဗညုတဉာဏ်တော်ကိုလည်းကောင်း သာမညဖလသုတ်၏အနက်ဖြစ်သော ရဟန်းပြုရကျိုးစသ်ကိုလည်းကောင်း ပြနိုင်ရာရောက်၏၊ စင်စစ်ကား ထိုသို့ မိမိအနက် တစ်ပါးသုတ်၏အနက် ၌ ၂−ချက်ကိုမပြနိုင်ပါ၊ မိမိသုတ်၏ အနက်ကိုသာပြနိုင်ပါသည်၊ ထိုသို့အနက်၂−မျိုးကို မပြနိုင်ဘဲလျက် ‘’အတ္တတ္ထ ပရတ္ထ သူစန’’ဟု ပရတ္ထထည့်၍ ဆိုချေသော် ထိုပရတ္ထအတွက် အနတ္ထက (အနက်အဓိပ္ပာယ် မရှိခြင်းဟူသော) အပြစ်ရောက်စရာရှိသည်−ဟူလို။
စ၊ သည်သာမကေး။ တေန၊ ထိုသုတ်သည်။ သူစေတဗ္ဗဿ၊ ပြထိုက်သော။ နိဝတ္တေတဗ္ဗဿ၊ တားမြစ်ထိုက်သော။ ပရတ္ထဿ၊ အခြားသုတ်၏ အနက်၏။ အဘာဝါ၊ မရှိတော့ခြင်းကြောင့်။ အတ္တဂ္ဂဟဏံ၊ အတ္တသဒ္ဒါကိုယူခြင်းကို။ န ကတ္တဗ္ဗံ၊ မပြုထိုက်။ အတ္တတ္ထ ပရတ္ထ ဝိနိမုတ္တဿ၊ အတ္တတ္ထ ပရတ္ထမှလွတ်သော။ ဘာသိတတ္ထဿ၊ ၏။ အဘာဝါ၊ မရှိခြင်းကြောင့်။ အာဒိဂ္ဂဟဏဉ္စ၊ အာဒိသဒ္ဒါကိုလည်း။ န ကတ္တဗ္ဗံ၊ ထိုက်။ တသ္မာ၊ ကြောင့်။ ယထာဝုတ္တဿ၊ အကြင်အကြင် ဆိုအပ်ပြီးသော။ အတ္ထဿ၊ ဟိတအနက်၏။ သုတ္တေ၊ ၌။ အသမ္ဘဝတော၊ မဖြစ်နိုင်ခြင်းကြောင့်။ ဝါ၊ မရနိုင်ခြင်းကြောင့်။ သုတ္တာဓာရဿ၊ သုတ်၏တည်ရာဖြစ်သော။ ပုဂ္ဂလဿ၊ ၏။ ဝသေန၊ ဖြင့်။ အတ္တတ္ထ ပရတ္ထာ၊ အတ္တတ္ထ ပရတ္ထာတို့ကို။ ဝုတ္တာ၊ ဆိုအပ်ကုန်ပြီ။အထဝါ၊ ကား။
သုတ္တံ၊ ပါဠိတော်ရင်းကို။
အနပေက္ခိတွာ၊ မရှုမငဲ့မူ၍။
အတ္တတ္ထော၊ မိမိ၏စီးပွားလည်းကောင်း။
ပရတ္ထော၊ သူတစ်ပါး၏စီးပွားလည်းကောင်း။
ဥဘယတ္ထော၊ မိမိ သူတစ်ပါး ၂−ဦးသားတို့၏ စီးပွားလည်းကောင်း။
ဒိဋ္ဌဓမ္မိကော၊ မျက်မှောက်ဘဝ၌ဖြစ်သော။
အတ္ထော၊ စီးပွားလည်းကောင်း။
သမ္ပရာယိကော၊ တမလွန်ဘဝ၌ဖြစ်သော။
တေနစ၊ပေ၊ ကတ္တဗ္ဗံ။ ။ပရတ္ထကို မပြနိုင်လျှင် တားမြစ်ဖို့ရာ ပရတ္ထမရှိသောကြောင့် ‘’အတ္တတ္ထ’’ဟု အတ္တဟူသော ဝိသေသနကိုလည်း(မ)မဖွယ်မလို၊ ထိုသို့မလိုဘဲလျက် ထည့်အပ်သော အတ္တသဒ္ဒါအတွက်လည်ူ အနတ္ထက ဒေါသပင် ရောက်စရာရှိပြန်သည်−ဟူလို။ [ပဌမအပြစ်ပြရာ၌ ‘’ပရတ္ထ’’ထည့်ရခြင်းအပြစ်ကိုပြ၍ ဤဒုတိယအပြစ်ပြရာ၌ အတ္တသဒ္ဒါ ထည့်ရခြင်း၏အပြစ်ကိုပြသည်။]
အာဒိဂ္ဂဟဏဉ္စန ကတ္တဗ္ဗံ။ ။အတ္ထအတွက် ဘာသိတ္ထကိုယူလျှင် အတ္တတ္ထပရတ္ထမှ အလွတ်ဖြစ်သော အနက်ဟူ၍မရှိတော့ရကား’’ပရတ္ထာဒိ ဘေဒေ’’ဟု အာဒိသဒ္ဒါကိုလည်း ထည့်ဖွယ်မလို၊ ထိုအာဒိသဒ္ဒါဖြင့် ယူဖို့ရာအနက်မရှိ−ဟူလို၊ ဤတိုင်အောင် ‘’အတ္တ−ပရတ္ထ−အာဒိ’’ ၃−မျိုးလုံး ထည့်ထားရခြင်း၏အပြစ်ကိုပြသည်။[အတ္ထအတွက် ဟိတအနက်ကို ယူရာ၌ကား အာဒိဖြင့် ဒိဋ္ဌဓမ္မိကတ္ထ သမ္ပရာယိကတ္ထ လောကိယတ္ထ လောကုတ္တရတ္ထစသော အတ္ထတို့ကိုယူ−ဟု ရှေ့၌ ပြခဲ့ပြီ။]
တသ္မာ၊ပေ၊ဝုတ္တာ။ ။အတ္ထအတွက် ဘာသိတတ္ထကိုယူလျှင် ပြခဲ့ပြီးသော အပြစ်များရောက်နိုင်သောကြောင့် ဘာသိတတ္ထကိုမယူဘဲ အတ္ထအတွက် ဟိ(စီးပွား)အနက်ကိုသာ အဋ္ဌကထာဆိုလိုသည်၊ ထိုစီးပွားဟူသည်လည်း သုတ္တန်ပါဠိတော်၏ စီးပွားမဟုတ်၊ ထိုသုတ်ကိုလေ့ကျက်သော ပုဂ္ဂိုလ်(သုတ်၏တည်ရာပုဂ္ဂိုလ်)အတွက်ရနိုင်သော စီးပွားတည်း−ဟု မှတ်ပါ။
အထဝါ၊ပေ၊သူစေတီတိ အတ္ထော။ ။မဟာနိဒ္ဒေသ−အဋ္ဌကဝဂ္ဂ ပသုရသုတ္တ နိဒ္ဒေသ၌ ‘’ဧတေ ဝိဝါဒါ သမဏေသုဇာတာ၊ပေ၊ဣ ဟညဒတ္ထတ္ဌိ ပသံသလာဘာ’’ဟု ဂါထာသုတ်ရှိ၏၊ ထိုဂါထာသုတ်၌ ‘’ပသံသလာဘာ အညော အတ္တော နတ္ထိ−ချီးမွမ်းခမရခြင်းမှတစ်ပါးသော အခြား အတ္ထမရှိ’’ဟု ရှေးဦးစွာ ဖွင့်ပြီးလျှင် အတ္ထောအရ အတ္ထကိုပြရာ၌ကား ‘’အတ္ထတ္ထောဝါ ပရတ္ထောဝါ၊ပေ၊ ပရမတ္ထောဝါ အတ္ထောဝါ အတ္ထော နတ္ထိ’’ဟု ၁၅−ပါးသော အတ္ထအပြားကိုပြထား၏ ထိုအားလုံးပင် မူရင်းသုတ်နှင့် ဆိုင်သည်မဟုတ်၊ အတ္ထအတွက် ရသင့်သမျှကို ပြခြင်းသာတည်း၊ ထို့ကြောင့် ‘’သုတ္တံ အနပေက္ခိတွာ’’ဟု ဆိုသည်၊ ထိုအတ္ထအားလုံးကိုပင်တစ်သုတ်တည်းက မပြနိုင်သော်လည်း သတ္တန်ပါဠိတော်အများကား ထိုအတ္ထတို့ကို ထိုက်သင့်သလို ပြနိုင်ကြပေ၏၊ ထို့ကြောင့် ‘’အတ္တတ္ထ ပရတ္ထာဒိဘေဒေ’’ဟု အာဒိသဒ္ဒါဖြင့် အဋ္ဌကထာဆရာ မိန့်သည်−ဟူလို။
အတ္ထော၊ စီးပွားလည်းကောင်း။ ဥတ္တာနော၊ ပေါ်လွင်သော။ အတ္ထော၊ အနက်အဓိပ္ပာယ်လည်းကောင်း။ ဂမ္ဘီရော၊ နက်နဲသော။ အတ္ထော၊ လည်းကောင်း။ ဂူဠှော၊ လျှို့ဝှက်အပ်သော။ အတ္ထော၊ လည်းကောင်း။ ပဋိစ္ဆန္နော၊ ဖုံးကွယ်အပ်သော။ အတ္ထော၊ လည်းကောင်း။ နေယျော၊ ဆောင်ထိုက်သိထိုက်သော။ အတ္ထော၊ လည်းကောင်း။ နီတော၊ ထိုက်ရိုက်သိအပ်သော။ အတ္ထော၊ အနက်အဓိပ္ပာယ်လည်းကောာင်း။ အနဝဇ္ဇော၊ အပြစ်မရှိသော။ အတ္ထော၊ စီးပွား, အနက်အဓိပ္ပာယ်လည်းကောင်း။ နိက္ကိလေသော၊ ကိလေသာမှ ထွက်မြောက်တတ်သော။ အတ္ထော၊ လည်းကောင်း။ ဝေါဒါနော၊ ဖြူစင်သော။ အတ္ထော၊ လည်းကောင်း။ ပရမတ္ထော၊ မြတ်သောအတ္ထဖြစ်သော။ အတ္ထော၊ စီးပွားအနက်, အဓိပ္ပာယ်လည်းကောင်း။ ဣတိ၊ ဤသို့။ အတ္တတ္ထာဒယော၊ အတ္တတ္ထအစရှိကုန်သော။ ယေပိ အတ္ထပ္ပဘေဒါ၊ အကြင်အတ္ထအထူးအပြားတို့ကိုလည်း။ နိဒ္ဒေသေ၊ မဟာနိဒ္ဒေသ၌။ (ဓမ္မသေနာပတိနာ၊ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည်)။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ တေ၊ အတ္တတ္ထ အစရှိသော စီးပွားအနက်ဟူသော အထူးအပြားတို့ကို။ သုတ္တံ၊ သုတ်သည်။ သူစေတိ၊ ၏။ အတ္ထော၊ နက်။မှတ်ချက်။ ။ဤ အတ္ထ ၁၅−ပါးတွင် ရှေ့ ၅−ပါးသည် ဟိတ(စီးပွား)အနက် ဟော၊ ‘’ဥတ္တာနော၊ပေ၊နီတော’’ဟူသော ၆−ပါးကား ဘာသိတတ္ထ(ဟောနက်)ဟးသော အနက်ကိုဟော၏၊ အနဝဇ္ဇစသော နော်ဆုံး ၄−ပါးကား ဟိတအနက်ဘာသိတ္ထအနက် ၂−မျိုးတို့ကိုဟော၏၊ ထို့ကြောင့် ဤအဖွင့်အတိုင်းဆိုလျှင် ‘’အတ္ထေ−စီးပွား အနက်တို့ကို ‘’ဟု ပေးရပေလိမ့်မည်။
ဂဗ္ဘီရတ္ထ စသည်။ ။ဒူရဓိဂမတာယ ဝိဘာဝနေ အလဒ္ဓဂါဓော ဂမ္ဘီရော−ဝေးသော သိရခြင်းရှိသည်၏အဖြစ်ကြောင့် ထင်ရှားပြဖို့ရန် ထောက်တည်ရာမရနိုင်သောအနက်သည် ဂမ္ဘီရတ္ထမည်၏၊ နိဗ္ဗာန်ကို ‘’ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံ’’ဟု ဟောတော်မူပုံကိုထောက်ပါ၊ န ဝိဝဋော ဂူဠော−အကျယ်မဖွင့်အပ်သဖြင့် လျှို့ဝှက်တိမ်မြုပ် ငုပ်နေသောအနက်သည် ဂူဠတ္ထမည်၏၊ မူလုဒကာ ဒယောဝိယ ပံသုနာ (အမြစ် မြေတွင်းက ရေစသည်တို့ကို မြေက ေုံးအပ်သကဲ့သို့) အက္ခရ သန္နိဝေသာဒိနာ တိရောဟိတော ပဋိစ္ဆန္တော−အက္ခရာ အစုအဝေးစသည်ဖြင့် ကွယ်ထားအပ်သော အနက်သည် ပဋိစ္ဆန္နတ္ထမည်၏၊ နိဒ္ဓါရေတွာ ဉာပေတဗ္ဗော နေယျော၊ ယထာရုတဝသေန ဝေဒိတဗ္ဗော နီတော အနဝဇ္ဇနိက္ကိလေသဝေါဒါနာ ပရိယာယေန ဝုတ္တာ၊ ကုသလဝိပါကကြိယာ ဓမ္မဝသေန ဝါ (ကုသိုလ်သည် အနဝဇ္ဇ ဝိပါက်သည် နိက္ကိလေသ ကြိယာသည် ဝေါဒါနတ္ထတည်း)၊ ပရမတ္ထော နိဗ္ဗာနံ၊ အဝိပရီတသဘာဝေါဧဝ ဝါ၊−အနုဋီကာ။ [နိဒ္ဒေသအဋ္ဌကထာ ဖွင့်ပုံနှင့် မတူတတ်သော်လည်း သာ၍ ကျယ်သောကြောင့် အနုဋီကာကို ပြလိုက်ပါသည်။]
ဧတဿာတိ၊ ကား။
သုတ္တဿ၊ သုတ္တသဒ္ဒါ၏။
[‘’ဧတဿ ဝိနယဿ’’တုန်းကနှင့် အတူပင်တည်း၊ မဓုဋီကာ၌ ဝိနယဿတုန်းက ‘’ဝိနယပါဠိယာ’’ဟု ဖွင့်ခဲ့၏၊ ဤနေရာ၌ ‘’သုတ္တသဒ္ဒဿ’’ဟု ဖွင့်ပြန်၏။]
အတ္ထတ္ထ၊ပေ၊ယောဇေတဗ္ဗံ။ ။ဤစကားသည် ‘’ယထာ ဟိ တစ္ဆကာနံ’’စသည်ကိုရည်ရွယ်၍ဖွင့်သော စကားတည်း၊ ရှေးခေတ်လက်သမားတို့မှာ မျဉ်းကြိုးသည် ပမာဏဖြစ်သကဲ့သို့ အတ္တတ္ထ ပရတ္ထ စသည်ကိုပြုစီမံခြင်းတို့၌ သုတ္တန်၏ ပမာဏဖြစ်ပုံကိုလည်းကောင်း ပန်းသီးချည်သည်ပန်းတို့ကို ဖရိုဖရဲမကြဲအောင် သိမ်းယူတတ်သကဲ့သို့ သုတ္တန်၏ အတ္တတ္ထ ပရတ္ထ စသည်သိမ်းယူတတ်ပုံကိုလည်းကောင်း ဥပမာနှင့် နှိုင်းယှဉ်ပါလေ−ဟူလို။
တဒတ္ထပကာသနေ ပဓာနတ္တာ။ ။ဘာကြောင့် ပမာဏဖြစ်ရ ဘာ့ကြောင့် သင်္ဂါဟကတ္တ ဖြစ်ရသနည်း−ဟု မေးဖွယ်ရှိသောကြောင့် ‘’တဒတ္ထ၊ပေ၊ပဓာနတ္တာ’’ဟု မိန့်သည်၊ သုတ္တန်ဒေသနာတော်ကို ထိုအတ္ထများအတွက် သက်သက် ဟောတော်မူခြင်း ဖြစ်ရကား ထိုအတ္ထတို့ကိုပြဖို့ရန် ပဓာနတရားတော် ဖြစ်သောကြောင့် ထိုအတ္ထတို့ကို ပြုစီမံခြင်း၌ ပမာဏလည်းဖြစ်ရ ထိုအတ္ထတို့ကို သိမ်းယူနိုင်သော တရားလည်းဖြစ်ရသည်−ဟူလို။
သုတ္တဿ၊ပေ၊ဝိသေသနဉ္စ။ ။’’တဒတ္ထပကာသနေ ပဓာနတ္တာ’’ဟူသော ဟိတ်သည် ကာကောလောကန (ဥဘယပေက္ခ) နည်းအားဖြင့် ရှေ့နောက်ကိုငဲ့သော ဟိတ်တည်း၊ ထိုပြခဲ့သော အကြောင်းကြောင့်ပင် ဝိနည်း အဘိဓမ္မာတရားတို့မှ သုတ္တန်၏ အတ္တတ္ထ ပရတ္ထ စသည်တို့ကို ပြနိုင်လောက်အောင် ထူးခြားပုံကိုလည်း ‘’ယောဇေတဗ္ဗံ−ယှဉ်စပ်ပါလေ’’ဟူလို။
မှတ်ချက်။ ။ဤဝိသေသနံကို ထောက်၍ ဝိနည်းအဘိဓမ္မာတို့လည်း အတ္ထတို့ကို ပြနိုင်ပါ၏၊ သို့သော် ဝိနည်းအဘိဓမ္မာတို့ထက် သာလွန်၍ သုတ္တန်က အတ္ထတို့ကို ပြနိုင်သောကြောင့် အတိသယ နည်းအားဖြင့် သုတ္တန်အတွက်သာ ‘’အတ္ထာနံ သူစနတော’’စသော ဟိတ်များကိုဆိုရသည်−ဟုမှတ်ပါ။ [ဝိသေသနန္တိစ ဝိနယာဘိဓမ္မာနံ အတ္ထ သူစနတော အတိငယသူစနန္တိ အတ္ထော၊−မဓု။]
လက္ခဏကရဏ၊ပေ၊ဒီပနတော၊ အမှတ်အသားပြုခြင်း အမှတ်အသားဖြင့်သိခြင်းကြိယာ, ပူဇော်ခြင်းကြိယာ, ပိုင်းခြားခြင်းကြိယာတို့ကို ထင်ရှားပြတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။
တာဟိ ကြိယာဟိ၊ ထိုကြိယာတို့နှင့်။
ရတ္တိရာဇဝိနယာနံ၊ ရတ္တိ ရာဇ ဝိနယသဒ္ဒါတို့၏။
အဘိက္ကမန္ဝိ၊ပေ၊ဥပသဂ္ဂ။ ။’’ဓာတွတ္ထံ ဥပေစွ သဇ္ဇေန္တီတိ ဥပသဂ္ဂါ’’နှင့်အညီ ဥပသာရပုဒ်တို့သည် ဓာတ်၏အနက်သို့ ကပ်ရောက်၍ ထိုဓာတ်၏အနက်ကို (နကိုအနက်ထက် အပိုအမှိ ဝေဝေဆာဆာရှိအောင်) ပြင်ဆင်တတ်ကြကုန်၏၊ ထို့ကြောင့် အဘိက္ကမန္တိ၌ အဘိဥပသာရသည် ကမနကြိယာ၏ တိုးပွားခြင်းအနက်ကိုပြ၏၊ အဘိက္ကန္တေန၌ အဘိလည်း ကန္တိကြိယာ၏ လွန်ကဲခြင်းအနက်ကိုပြ၏၊ ထိုသို့ပြခြင်းသည် ဓာတ်နက်ဖြစ်သော ကြိယာကို ပြင်ဆင်ရာ ရောက်သောကြောင့် သဒ္ဒသဘောအားဖြင့် သင့်လျော်ပါပေသည်၊ သဒ္ဒယုတ္တိ ရှိပါပေသည်−ဟူလို။
အဘိညာတာ၊ပေ၊ကထမေတံ ယုဇ္ဇေယျ။ ။အဘိညာတာ၌ ‘’ဉာတာ’’အရ ညဉ့်ဟူသော ဒြပ်အနက်ကိုရ၏၊ အဘိသဒ္ဒါလည်း ထိုအနက်ကိုပင် ဟောရ၏၊ အဘိရာဇာ၌ မင်းဒြပ် အဘိဝိနယ၌ ဝိနည်းတရားဒြပ်ရ၍ အဘိသဒ္ဒါတို့သည်လည်း ထိုဒြပ်အနက်ကိုပင် ဟောရ၏၊ သို့ဖြစ်လျှင် ဓာတ်၏အနက်ဖြစ်သော ကြိယာကို အထူးမပြုနိုင် မပြင်ဆင်နိုင်သောကြောင့် ‘’ဓာတွတ္ထံ ဥပေစ္စ သဇ္ဇေန္တီတိ ဥပသဂ္ဂါ’’နှင့်မညီရကား အဘိညာတာစသော သဒ္ဒါစုသည် အဘယ့်ကြောင့် သင့်နိုင်ပါအံ့နည်းဟု စောဒနာသည်။
လက္ခဏ၊ပေ၊ဒီပနတော။ ။အဘိညာတာ၌ အဘိသည် လက္ခဏကရဏညာဏ(အမှတ်သားပြုခြင်း အမှတ်အသားဖြင့်သိခြင်း) ဟူသော လက္ခဏညာဏကြိယာကို အဘိရာဇာ၌ အဘိသည် ပူဇနကြိယာကို၊ အဘိဝိနယ၌ အဘိသည် ပရစ္ဆေဒ (ပိုင်းခြားခြင်း)ကြိယာကိုပြ၏၊ ထိုသို့ ကြိယာအနက်ကို ပြနိုင်သောကြောင့် ‘’ဓာတွတ္ထံ ဥပေစ္စသဇ္ဇေန္တီတိ ဥပသဂ္ဂါ’’နှင့် သင့်လျော်ပါ၏−ဟူလို။
ယုတ္တတ္တာစ၊ ယှဉ်ကုန်သည်၏အဖြစ်ကြောင့်လည်းကောင်း။ (ဧတံ၊ ဤအဘိညာတာ အစရှိသော သဒ္ဒါသည်။ ယုဇ္ဇတိ၊ သင့်၏။ (ဣတိ၊ ဤကား အဖြေတည်း)။အဝိသိဋ္ဌန္တိ၊ ကား။
အညမည ဝိသိဋ္ဌေသု၊ အနက်အားဖြင့် အချင်းချင်းထူးကုန်သော။
ဝိနယသုတ္တန္တာဘိဓမ္မေသု၊ ဝိနည်း, သုတ္တန်, အဘိဓမ္မာတို့၌။
အဝိသိဋ္ဌံ၊ မထူးသော။
သမာနံ၊ တူသော။
ပိဋကသဒ္ဒံ၊ ပဋိကသဒ္ဒါကို။
(‘’အာဟဟု−ဆိုကုန်ပြီ’’ဟုအဋ္ဌကထာ၌စပ်)။
တာဟိစ၊ပေ၊ယုတ္တတ္တာ။ ။အဘိသဒ္ဒါက အမှတ်အသားပြု၍ သိခြင်းစသော ကြိယာကိုပြသော်လည်း ရတ္တိ ရာဇ ဝိနယတို့က ထိုကြိယာတို့နှင့်မယှဉ်လျှင် အဘိညာတာစသော ပုဒ်သည် မသင့်ပင်ဖြစ်ရာ၏ဟု ထပ်၍ စောဒနာဖွယ်ရှိသောကြောင့် ‘’တာဟိစ’’စသည်မိန့်၊ ရတ္တိစသည်တို့ကလည်း ထိုကြိယာနှင့်ယှဉ်သောကြောင့် အဘိညာတာ’’စသော သဒ္ဒါသည် သင့်ပါ၏−ဟူလို။
ကြိယာနှင့်ယှဉ်ပုံ။ ။အဘိညာတာ၌ အဘိသဒ္ဒါသည် လက္ခဏညာဏကြိယာကိုဟော၏၊ သိုသော့်ထိုကြိယာကိုချည်း ဟောသည်မဟုတ်၊ ‘’မှတ်သားကြောင်း’’ဟူသော ကဂဏသာဓနကိုလည်း ဟော၏၊ ထို့ကြောင့် ‘’သသညာဏေန−လထက်ဝက် စသော မှတ်သားကြောင်း အမှတ်အသားဖြင့်+ဉာတာ−သိအပ်ကုန်သော ညဉ့်တို့တည်း၊ အဘိညာတာ−တို့’’ဟု ပြု၊ ဤ၌ ‘’အမှတ်အသားဖြင့် သိခြင်း’’ဟူသော ကြိယာအနက် ‘’ကြောင်း’’ဟူသော သာဓနအနက်ကို အဘိသဒ္ဒါက ဟော၏၊ အဘိညာတာအရ ညဉ့်တို့လည်း ထိုကြိယာနှင့်ယှဉ်ကြသည်၊ ထိုသို့ယှဉ်ကြောင်းမှာလည်း ‘’အဘိညာတာ−အမှတ်အသားဖြင့် သိအပ်ကုန်သော ညဉ့်တို့’’ဟု အနက်ပေးပုံကိုကြည့်၍ သိနိုင်သည်၊ ‘’ပူဇိတော+ရာဇာ အဘိရာဇာ’’ဟုလည်းကောင်း ‘’ပရိစ္ဆိန္နော+ဝိနယော အဘိဝိနယော’’ဟုလည်းကောင်း ပြု၍ အဘိသဒ္ဒါက ကမ္မသာဓနနှင့်တကွ ပူဇနကြိယာ ပရိစ္ဆေဒကြိယာ ဟောပုံကိုလည်းကောင်း ရာဇ−ဝိနယ တို့က ထိုကြိယာနှင့် တွဲယှဉ်နေရပုံကို လည်းကောင်း သိပါ။...ဧတ္ထ အတိမာလာဒီသု အတိသဒ္ဒေါဝိယ အဘိသဒ္ဒေါသဟသာဓနေန ကြိယံ ဝဒတိ၊−သာရတ္ထဋီကာ။
အဝိသိဋ္ဌံ၊ပေ၊အတ္ဌော။ ။’’အဝိသိဋ္ဌံ−မထူး’’ဟုဆိုသဖြင့် ‘’တူသည်’’ဟု အနက်အဓိပ္ပာယ်ရောက်ရကား အတ္ထာပန္နနည်းအားဖြင့် ‘’သမာနံ’’ဟု ဖွင့်သည်၊ ထို အဝိသိဋ္ဌံသည် ဂါထာအတွင်း၌ ပါသော ပိဋကံနှင့် စပ်ရမည်ဟုလည်းကောင်း ထိုပိဋကံကိုလည်း သင်ယူအပ်သော ပါဠိစသည်ဖြင့် အနက်ပေးရသော အတ္ထပဒတ္ထကပုဒ်မဟုတ်၊ ‘’ပိဋကသဒ္ဒါ’’ဟု အနက်ပေးရသော သဒ္ဒပဒတ္ထကပုဒ်ဟုလည်းကောင်း သိစေလို၍ ‘’ပိဋကသဒ္ဒံ’’ဟု သဒ္ဒါ သဒ္ဒါ ထည့်၍ဖွင့်သည်။
ဣတိ အတ္ထော၊ ။**မှတ်ချက်**။ ။အဋ္ဌကထာစာအုပ်တို့၌ ‘’ယံ ပနေတ္ထ အဝိသိဋ္ဌံ တံ’’ဟု ရှိ၏၊ ဤဋီကာ၌ ထို ဧတ္ထနှင့် ယ−တ တို့ကို လုံးလုံးမဖွင့်ဘဲ ချုံး၍ ဖွင့်သွားသည်ဟု မှတ်ပါ၊ တစ်နည်း−ထိုသို့ မဖွင့်သောကြောင့် ဋီကာဆရာလက်ထက်က စာအုပ်များ၌ ဧတ္ထနှင့် ယံ−တံ သဒ္ဒါတို့ မပါဘဲသော်လည်း ရှိတန်ရာ၏။**အနုလောမာဒိဝသေန၊ပေ၊ဒဿေတိ**။ ။ဤဝါကိဖြင့် အဋ္ဌကထာ၌လာသော ‘’အနုလောမ ပဋိလောမ သင်္ခေပ ဝိတ္ထာရဝသေန ကထနံ’’ဟူသော စကားကို ကောက်ချက်ခပြသည်၊ အနုလောမာဒိ၌ အာဒိဖြင့် ပဋိလောမ သင်္ခေပ ဝိတ္ထာရတို့ကိုချုံး၍ပြသည်၊ ဓမ္မာဘိလာပေါ ဖြင့် ဒေသနာအရ ပရမတ္ထသဒ္ဒကို ပြ၍ အနုလောမာဒိ ဝသေန စသော ဝါကျဖြင့် ဒေသနာအရ ဟောကြောင်း စိတ္တုပ္ပါဒ်ကိုပြသည်ဟုမှတ်ပါ။ [ဝစနဿ ပဝတ္တနန္တိစ ယထာဝုတ္တိစိတ္တုပ္ပာဒံ အာဟ၊သော ဟိ ဝစနံ ပဝတ္တေတိ၊ တံ ဝါ ဧတေန ပဝတ္တီယတီတိ ပဝတ္တနံ။−အနုဋီကာ။]
တေဟိ၊ ထိုအပြား, သိအပ်သောအနက်, သိအပ်သောသဘောတို့ဖြင့်။
(ယေန, ယဉ္စ, ယောစတို့ကိုပြန်စွဲသည်)။
ပါကဋံ၊ ထင်ရှားအောင်။
ကာတုံ၊ ငှာ။
ဝိသယတော၊ပေ၊အဝဗောဓောတိ၊ ဟူ၍။
(သင်္ဂဟကာရော၊ သည်)။
အာဟ၊ ။
[အတ္ထာနုရူပံ ဓမ္မေသု ဓမ္မနူရူပံ အတ္ထေသု ပညတ္တိ ယထာနုရူပံ ပညတ္တီသုဟု အဋ္ဌကထာ၌လာသော စကားကိုပင် ‘’အတ္ထာဒိ အနုရူပံ ဓမ္မာဒီသု’’ဟု အာဒိသဒ္ဒါဖြင့်ချုံးပြသည်။]**တတ္တဟိ၊ကေ၊အဘိသမယောတိ**။ ။ဤစကားအရ လောကီအဘိသမယဟူသောဉာဏ်သည် အတ္ထ−ဓမ္မ−နိရုတ္တိတို့၌ အာရုံပြသောအားဖြင့်သိ၏၊ လောကုတ္တရာ အဘိသမယသည် နိဗ္ဗာန်ကို အာရုံပြုရသောကြောင့် အတ္တ−ဓမ္မ−နိရုတ္တိတို့၌ မတွေဝေသော (အသမ္မောဟပဋိဝေဓ)အားဖြင့်သိ၏၊ မဂ်ဉာဏ် ဖိုလိဉာဏ်ရခိုက်၌ ပဋိစ္စသမုပ္ပါဒ်ကိုလည်းကောင်း ထိုအကြောင်းအကျိုး၏ နာမည်ပညတ်ကိုလည်းကောင်း အာရုံမပြုနိုင်သော်လည်း ရှင်းပြီး လင်းပြီးအားဖြင့် သိသည်−ဟူလို။