Issues
Select Version
Translation
English
AI Translations
language.en-US
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

Tikanikkhepakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သဗ္ဗေသန္တိ၊ ကား၊ စိတ္တုပ္ပာဒဝသေန၊ စိတ္တုပ္ပာဒ်တို့၏ အပြားအား ဖြင့်လည်းကောင်း၊ ဝါ၊ စိတ်, စေတသိက်တို့၏ အပြားအားဖြင့်လည်းကောင်း၊ ရူပါသင်္ခတဝသေနစ၊ ရုပ်,အသင်္ခတတို့၏ အပြားအားဖြင့်လည်းကောင်း၊ ဘိန္နာနံ၊ ပြားကုန်သော၊ သဗ္ဗေသံ၊ အလုံးစုံကုန်သော၊ (ကုသလာဒိဓမ္မာနံ၌စပ်၊) ဖဿာဒိ၊ပေ၊နယေန၊ ဖဿအစရှိသောပုဒ်, စက္ခုအစရှိသောပုဒ်တို့ကို အကျယ်ဝေဖန်ကြောင်းနည်းအားဖြင့်၊ ဝိတ္ထာရိတော၊ ချဲ့အပ်ပြီးသည်၊ (ဟောတိ)။
ပန၊ ဆက်၊ တတ္ထ၊ ထို စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန်တို့တွင်၊ အသင်္ခတဿ၊ အသင်္ခတဖြစ်သော နိဗ္ဗာန်၏၊ ဘေဒါဘာဝတော၊ အကွဲအပြား၏ မရှိခြင်းကြောင့်၊ အသင်္ခတာ ဓာတူတွေဝ၊ အသင်္ခတာ ဓာတုဟူ၍သာ၊ ပဒဘာဇနံ၊ ကို၊ ဒဋ္ဌဗ္ဗံ၊

ပန၊ ဆက်၊ ယေဝါပနကာနံ၊ ယေဝါပနကတရားတို့၏လည်းကောင်း၊ သုခုမုပါဒါယရူပဿ၊ သုခုမရုပ်, ဥပါဒါရုပ်လည်းဖြစ်သော၊ ဣန္ဒြိယ ၊ပေ၊ရဟိတဿ၊ ဣန္ဒိယရုပ်၏အဖြစ်, ဝိကာရရုပ်၏အဖြစ်, ပရိစ္ဆေဒရုပ်၏ အဖြစ်, လက္ခဏရုပ်၏အဖြစ်, ရုပ်တို့ကို ထောက်ပံ့တတ်သော တရား၏အဖြစ်မှ ကင်းသော၊ ဟဒယဝတ္ထုဿစ၊ ဟဒယဝတ္ထု၏လည်းကောင်း၊ ပဒုဒ္ဓါရေန၊ ပုဒ်တို့ကို ထုတ်ပြခြင်းအားဖြင့်၊ ဣဓ၊ ဤအဘိဓမ္မာအရာ၌၊ နိဒ္ဒေသာနရဟတ္တာ၊ အကျယ်ညွှန်ပြခြင်းကို မထိုက်သည်၏အဖြစ်ကြောင့်၊ နိဒ္ဒေသော၊ ကို၊ န ကတော၊ အပ်၊ ဣတိ ဒဋ္ဌဗ္ဗော။

ယေဝါပနကာနံ၊ပေ၊အတ္ထိ ။ ။ “သရုပ်ထုတ်ပြအပ်သော ပုဒ်တို့၏ ပဒဘာဇနီကိုသာ ပါဠိတော်၌ ပြထား၏၊ ယေဝါပနကစေတသိက်တရားတို့၏လည်းကောင်း, သုခုမရုပ်, ဥပါဒါရုပ်ဖြစ်သော ဟဒယဝတ္ထု၏လည်းကောင်း၊ ပုဒ်နာမည်ကို ထုတ်ပြ သောအားဖြင့် ပဒဘာဇနီကို မပြ၊ ထိုသို့ မပြခြင်းသည် အဘယ်ကြောင့်ပါနည်း၊ အာစရိယမုဋ္ဌိ ချန်ထားခြင်း ရှိပါသလော”ဟု မေးဖွယ်ရှိသောကြောင့် “ယေဝါ ပနကာနံ”စသည်ကို မိန့်သည်။

သုခုမ၊ပေ၊ရဟိတဿ ။ ။ “သုခုမပါဒါယရူပဿ ဣန္ဒြိယ၊ပေ၊ရဟိတဿ”တို့သည် ဟဒယဝတ္ထုဿ၏ ဝိသေသနတို့တည်း၊ ဟဒယဝတ္ထုသည် သုခုမရုပ်,ဥပါဒါရုပ် ဖြစ်သောကြောင့် မဟာဘုတ်ရုပ်တို့တွင်လည်း မပါနိုင်၊ ဣန္ဒြိယရုပ်, ဝိကာရရုပ်, ပရိစ္ဆေဒရုပ်, လက္ခဏရုပ်အဖြစ်မှ ကင်းသောကြောင့် ထိုရုပ်တို့၌လည်း မပါနိုင်၊ ဝိညတ်ဒွေကဲ့သို့ ရုပ်ကို ထောက်ပံ့တတ်သည်၏ အဖြစ်မှလည်း ကင်းသောကြောင့် ဝိညတ်၌လည်း မပါနိုင်၊ ထို့ကြောင့် ဟဒယဝတ္ထုကို ဤနိဒ္ဒေသ၌ ညွှန်ပြခြင်းကို မပြုအပ်ဟု မှတ်ပါ၊ [သင်ပေးထိုက်သော ပညာရပ်ကို အကုန် သင်မပေးဘဲ လက်ထဲ၌ ဆုပ်ကိုင်ထားသကဲ့သို့ ချန်ထားအပ်သော ပညာကို “အာစရိယမုဋ္ဌိ”ဟု ဆိုသည်။]

ဟိ၊ မှန်၊ တထာဂတဿ၊ ၏၊ ဓမ္မေသု၊ ဟောထိုက်သောတရားတို့၌၊ အာစရိယမုဋ္ဌိ၊ ဆရာ၏လက်ဆုပ်သည်၊ န အတ္ထိ၊ မရှိ၊ (ဆရာစား မချန်၊) ဣတိ၊ ဤသို့ မှတ်အပ်၏။
နိက္ခိပိတွာတိ၊ ကား၊ ဝိတ္ထာရဒေသနံ၊ အကျယ်ဖြစ်သော ဒေသနာတော်ကို၊ ထပေတွာ၊ ချန်ထား၍၊ အပနေတွာ၊ ဖယ်ထား၍၊ ဣတိ အတ္ထော၊ ဝါ၊ တစ်နည်း၊ ဝိတ္ထာရဒေသနံ၊ ကို၊ အန္တောဂဓံ၊ အတွင်း၌ ပါဝင်သည်ကို၊ ကတွာ, ဣတိ (အတ္ထော)၊
ဂါထာအတ္ထော၊ ဂါထာ၏အနက်ကို၊ နိဒါနေ၊ နိဒါနကထာ၌ ဝုတ္တော ဧဝ၊ ဆိုအပ်ပြီးသည်သာ။
မူလဝသေန၊ ရေသောက်မြစ်နှင့် တူသည်၏အဖြစ်ဖြင့်၊ ပစ္စယဘာဝေါ၊ ကျေးဇူးပြုတတ်သည်၏အဖြစ်သည်၊ ဟေတုပစ္စယတ္ထော၊ ဟေတုပစ္စယတ္ထ မည်၏။
ဧတသ္မာ၊ ဤအကြောင်းမှ၊ ပဘဝတီ၊ စ၍ ဖြစ်တတ်၏၊ ဣတိ၊ ထိုသို့ စ၍ ဖြစ်ရာ၏အဖြစ်ကြောင့်၊ (သော၊ ထိုအကြောင်းသည်၊) ပဘဝေါ၊ ပဘဝ မည်၏၊ သော ဧဝ၊ ထို ပဘဝကိုပင်၊ ဇနကောတိ၊ ဇနကဟူ၍၊ ဝိသေသိတော၊ အထူးပြုအပ်ပြီ၊
ဧတေန၊ ဤအကြောင်းကြောင့်၊ သမုဋ္ဌာတိ၊ ထူထောင် ထကြွတတ်၏၊ ဝါ၊ ဖြစ်ပေါ်တတ်၏၊ ဣတိ၊ ထိုသို့ ထူထောင် ထကြွကြောင်း၏ အဖြစ်ကြောင့်၊ ဝါ၊ ထိုသို့ ဖြစ်ပေါ်ကြောင်း၏အဖြစ်ကြောင့်၊ (တံ၊ ထိုအကြောင်းသည်) သမုဋ္ဌာနံ၊ မည်၏၊ နိဗ္ဗတ္တကန္တိ၊ နိဗ္ဗတ္တကံဟူသော သဒ္ဒါသည်၊ တဿ၊ ထိုသမုဋ္ဌာနသဒ္ဒါ၏၊ ဝိသေသနံ၊ ဝိသေသနတည်း၊
ဝါ၊ တစ်နည်း၊ သဗ္ဗာနိ၊ န်သော၊ ဧတာနိ၊ ဤ ဟေတုပစ္စယစသော သဒ္ဒါတို့သည် ပရိယာယဝစနာနိ၊ ပရိယာယ်သဒ္ဒါတို့တည်း၊ [ဤဝါကျများ၏ အဓိပ္ပာယ်ကို အဋ္ဌကထာနိဿယ၌ ပြထားပြီ။]

အတ္ထဝသေနာတိ၊ ဟူ၍၊ ကသ္မာ၊ ကြောင့်၊ (သင်္ဂဟကာရေန) ဝုတ္တံ၊ နည်း၊ ကုသလမူလာနံ၊ ကုသိုလ်မူလတို့၏၊ ဟေတုဘာဝတော၊ အကြောင်း၏ အဖြစ်ကြောင့်၊ ဓမ္မဝသေနာတိ၊ ဟူ၍၊ (ဝတ္တု၊ ဆိုခြင်းငှာ) ယုတ္တံနနု၊ သင့်သည် မဟုတ်ပါလော၊ ဣတိ၊ ဤကား စေဒနာတည်း၊

**အတ္ထ၊ပေ၊ကသ္မာ ဝုတ္တံ** ။ ။အဋ္ဌကထာ၌ “ဧဝံ အတ္ထဝသေန ဒဿေတွာ”ဟု "တီဏိကုသလမူလာနိ”ကို အတ္တ၏အစွမ်းဖြင့်ပြသော စကားဟု ဆိုခြင်းကို စောဒက ပုဂ္ဂိုလ် မနှစ်သက်သောကြောင့် “ကသ္မာ ဝုတ္တံ”ဟု ပုစ္ဆာထုတ်၍ မိမိ၏အာဘောဂကို ပြလိုသောကြောင့် “နနု” စသည်ကို ဆိုသည်၊ ကုသိုလ်မူလဟူသည် အကျိုးမဟုတ်, ဟေတုပစ္စည်းတပ်သော အကြောင်းတရားဖြစ်သောကြောင့် “အတ္ထဝသေန”ဟု မဆိုဘဲ “ဓမ္မဝသေန”ဟု ဆိုထိုက်သည် မဟုတ်ပါလော-ဟူလို။

ဧတံ၊ ဤ အသင်စောဒက၏စကား သည်၊ သစ္စံ၊ မှန်ပါပေ၏၊ ပန၊ ထိုသို့ပင် မှန်ပါသော်လည်း၊ အလောဘာဒီနံ၊ အလောဘအစရှိကုန်သော၊ တိဏ္ဏံ၊ သုံးပါးသောတရားတို့၏၊ သမာနဿ၊ တူသော၊ မူလဋ္ဌဿ၊ မူလအနက်၏၊ ဝသေန၊ ဖြင့်၊ ဒဿိတတံ၊ ပြအပ်သည်၏အဖြစ်ကို၊ သန္ဓာယ, အတ္တ ဝသေနာတိ၊ ဟူ၍၊ ဝုတ္တံ၊ **သစ္စမေတံ** ။ ။ စေဒကပုဂ္ဂိုလ်၏ အလိုအတိုင်းဆိုလျှင် “ဓမ္မဝသေန”ဟု ဆိုသင့် သည်မှာ အမှန်ဖြစ်၏၊ အလောဘာဒီနံ ပန၊ပေ၊ ဝုတ္တံ-ထိုသို့ မှန်ပါသော်လည်း “အတ္ထဝသေန၌ အတ္ထသဒ္ဒါသည် အကျိုးအနက်ကို ဟောလိုရင်း မဟုတ်, ကိစ္စဟူသော အနက်ဟောတည်း၊ [မူလဿ-မူလတရား၏+အတ္ထော-ကောင်းစွာ တည်တံ့စေနိုင်ခြင်း ကိစ္စတည်း၊ မူလဋ္ဌော-မူလတရား၏ ကောင်းစွာတည်တံစေနိုင်ခြင်းကိစ္စ၊] ဤသို့ မူလ၏ သုပ္ပတိဋ္ဌိတဘာဝသာဓနကိစ္စအားဖြင့် ပြအပ်သည်၏အဖြစ်ကို ရည်ရွယ်၍ “အတ္ထဝသေန”ဟု အဋ္ဌကထာ၌ ဆိုအပ်ပါသည်-ဟူလို။
ဣမိနာ၊ ဤအတ္ထဝသေနဟူသောပါဌ်ဖြင့်၊ (ဝိညာယတိ ၌စပ်၊) ဓမ္မောတိ၊ ပါဌ်ဖြင့်၊ သဘာဝေါ၊ ပရမတ္ထအထည်ကိုယ်သဘောကို၊ (အဓိပ္ပေတော)၊ အတ္ထောတိ၊ ပါဌ်ဖြင့်၊ ဓမ္မကိစ္စံ၊ တရားတို့၏ကိစ္စကို၊ (မူလဖြစ်ခြင်းစသော ကိစ္စကို၊) အဓိပ္ပေေ၊ ၏၊ ဣတိ၊ သို့၊ ဝိညာယတိ၊ ၏။ [ဤစကားဖြင့် အဋ္ဌကထာဂါထာ၌ပါသော အတ္ထတော ဓမ္မတောအရ အတ္ထ ဓမ္မတို့၏ အနက်ကို ပြသည်။] **ဣမိနာ၊ပေ၊ဝိညာယတိ** ။ ။ “အတ္ထဝသေန ဒဿေတွာ”ဟူသော ဤစကားဖြင့် “အတ္ထဓမ္မနာမလိင်္ဂါနံဝသေန”၌ “ဓမ္မ”အရ ”အရ ပရမတ္တသဘာဝဓမ္မကို ကောက်ယူ၍ ထိုသဘာဝဓမ္မ၏ ဟေတုသတ္တိဖြင့် ကျေးဇူးပြုနိုင်ခြင်းစသော ကိစ္စကို ကောက်ပါဟု သိနိုင်၏၊ [အနု၌ကား "အတ္ထဝသေန”၌ အတ္ထအရကို သဘာဝအနက် ကောက်၍ တစ်နည်း ပြသေး၏။]
အလောဘော၊ပေ၊အာဒိဝစနတော၊ အစရှိသော ပါဠိတော်ကို ဟောတော်မူ ခြင်းကြောင့်၊ [အင်္ဂုတ္တိုရ် တိကနိပါတ် ဒေဝဒူတဝဂ် နိဒါနသုတ်၌ ဟောတော်မူ ခြင်းကြောင့်၊] ဧတဿ၊ ဤကံ၏၊ တာနိ ကုသလမူလာနိ၊ ထို ကုသိုလ်မူလတို့ ဟူကုန်သော၊ သမုဋ္ဌာနံ၊ ဖြစ်ကြောင်းသည်၊ (အတ္ထိ)၊ ဣတိ၊ ကြောင့်၊ တံ သမုဋ္ဌာနံ၊ မည်၏၊ [“ဧတဿာတိပိ”ဟု ပိသဒ္ဒါ ပါသည်ကား ပဌမနည်းဖြစ် သောကြောင့် ကောင်းမည်မထင်၊]
ပန၊ ထိုသို့ပင် ဖြစ်ပါသော်လည်း၊ [“တာနိ သမုဋ္ဌာနံ ဧတဿ”ဟု ဗဟုဟိ ပြုပါသော်လည်း၊) တံ၊ ထိုက်သည်၊ တေဟိ၊ ထိုအလောဘ,အဒေါသ,အမောဟတို့ကြောင့်၊ သမုဋ္ဌိတံ၊ ဖြစ်သည်၊ ဟောတိ၊ ဣတိ၊ ကြောင့်၊ အလောဘာဒီဟိ သမုဋ္ဌိတန္တိ၊ ဟူ၍၊ (သင်္ဂဟကာရော) အာဟ၊
ဧတဿ၊ ဤ ကံ၏၊ တေ ကုသလမူလတံသမ္ပယုတ္တာ၊ ထို ကုသိုလ်မူလ, ထို ကုသိုလ်မူလနှင့်ယှဉ်သော ခန္ဓာဟူကုန်သော၊ သမုဋ္ဌာနံ၊ သည်၊ (အတ္ထိ)၊ ဣတိပိ အတ္ထော၊ ဤအနက်သည်လည်း၊ သမ္ဘဝတိ၊ ဖြစ်သင့်၏၊ [ဤ၌ ဒုတိယ နည်းဖြစ်၍ ဣတိပိဟု ပိပါရသည်။] **တေ ကုသလ၊ပေ၊သမ္ဘဝတိ** ။ ။ ဤကား အဋ္ဌကထာနည်းမှ တစ်နည်းပြသော စကားတည်း၊ အဋ္ဌကထာ၌ “တံသမုဋ္ဌာနံ”ဝယ် တံသဒ္ဒါဖြင့် ပဌမဌာန၌ ပြအပ်သော ကုသလမူလ သုံးပါးကိုသာ စွဲ၏၊ ဒုတိယဌာန၌ ပြအပ်သော တံသမ္ပယုတ္တခန္ဓာကို မစွဲ၊ ဤဋီကာ ဒုတိယနည်း၌ကား ထိုနှစ်ဌာန၌ပါသော ကုသလမူလနှင့် တံသမ္ပယုတ္တ နှစ်မျိုးလုံးပင် လိုက်နိုင်သောကြောင့် ကုသလမူလကိုလည်းကောင်း, တံသမ္ပယုတ္တခန္ဓာ ကိုလည်းကောင်း စွဲနိုင်သည်ဟု ပြသည်။
ပန၊ ဆက်၊ ဧတ္ထ၊ ဤ တံသမုဋ္ဌာနံ ဟူသောပါဌ်၌၊ စေတနံ၊ စေတနာကို၊ ထပေတွာ၊ ချန်ထား၍၊ [“ကာယကမ္မံ” အရ၌ စေတနာကို ယူလတ္တံ့ ဖြစ်သောကြောင့် တံသမုဋ္ဌာနံအရ၌ စေတနာကို ချန်ထား၍၊] အညေ၊ စေတနာမှ အခြားသော တရားတို့ကို၊ တံသမ္ပယုတ္တာတိ၊ တို့ဟူ၍၊ သမုဋ္ဌာနဘာဝေ၊ ဖြစ်ကြောင်း၏အဖြစ်၌၊ ဝတ္တဗ္ဗာ၊ န်၏။ **ဧတ္ထ ပနု၊ပေ၊ဝတ္တဗ္ဗာ** ။ ။ ဤဋီကာ ဒုတိယနည်း၌ တံသမ္ပယုတ္တခန္ဓာအရတွင် စေတနာကို ချန်ထားပါ၊ ဘာကြောင့်နည်း “တံသမုဋ္ဌာနံ-ထိုသမ္ပယုတ်ခန္ဓာဟူသော ဖြစ်ကြောင်းရှိသောကံ”ဟူရာ၌ စေတနာကံကို အရကောက်ရမည် ဖြစ်ရကား စေတနာ ဟူသော အကျိုးက ဖြစ်ကြောင်းတရားတွင် မပါဝင်နိုင်သောကြောင့်တည်း။
တတ္ထ၊ ထို တီဏိ ကုသလမူလာနိဟူသောပါဌ်၌၊ (တစ်နည်း) တတ္ထ၊ ထို မူလ ခန္ဓ ကမ္မတို့တွင်၊ မူလေဟိ၊ မူလတို့ဖြင့်၊ အတ္တနော၊ မိမိ၏၊ ပစ္စယတော၊ အကြောင်းအားဖြင့်၊ ကုသလေ၊ ကုသိုလ်တို့ကို၊ ပရိယာဒိယတိ၊ ပိုင်းခြား၍ ယူတော်မူ၏၊ ဝါ၊ ကုန်ခန်းစေတော်မူ၏၊ ခန္ဓေဟိ၊ ခန္ဓာတို့ဖြင့်၊ သဘာဝတော၊ ကုသိုလ်တို့၏ သဘောအားဖြင့်၊ (ကုသလေ ပရိယာဒိယတိ)၊ ကမ္မေဟိ၊ ကံတို့ ဖြင့်၊ အညဿ၊ အခြားသောအကျိုးကို၊ [အညဿ အတ္တနော ဖလဿ၊ အနု။) နိဗ္ဗတ္တနကိစ္စတော၊ ဖြစ်စေခြင်း ကိစ္စအားဖြင့်၊ (ကုသလေ ပရိယာဒိယတိ)၊ **ခန္ဓေဟိ သဘာဝတော** ။ ။ “ကတမေ ဓမ္မာ ကုသလာ" ဟူသောပုစ္ဆာကို ဖြေရာ၌ “ဖဿော ဟောတိ, ဝေဒနာ ဟောတိ”စသည်ဖြင့် ဖဿ ဝေဒနာစသော ခန္ဓာတို့ကို ကုသိုလ်မည်၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် “ကုသိုလ်ဟူသည် နာမ်ခန္ဓာလေးပါးပင်တည်း”ဟု သိသာ၏။ ထို့ကြောင့် “ခန္ဓေဟိ သဘာဝတော” ဟု မိန့်သည်၊ “တံသမ္ပယုတ္တာ”ဟု ဆိုအပ်သော ခန္ဓာတို့ဖြင့် ကုသိုလ်တို့၏ သဘောအားဖြင့် ကုသလေ ပရိယာဒိယတိ"ဟု ဆိုသည်။

စ၊ သည်သာမကသေး၊ မူလေဟိ၊ တို့ဖြင့်၊ ကုသလာနံ၊ တို့၏၊ အနဝဇ္ဇတာယ၊ အပြစ်မရှိကုန်သည်၏အဖြစ်၏၊ ဟေတုံ၊ အကြောင်းကို၊ ဒဿေတိ၊ ခန္ဓေဟိ၊ တို့ဖြင်၊ (ကုသလာနံ၊ တို့၏၊) တံသမ္ပယောဂကတံ၊ ထိုကုသိုလ်မူလနှင့်ယှဉ်သောခန္ဓာသည် ပြုအပ်သော၊ အနဝဇ္ဇသဘာဝံ၊ အပြစ်မရှိသည်၏အဖြစ်ဟူသော သဘောကို၊ (ဒဿေတီ)၊ ကမ္မေဟိ၊ တို့ဖြင့်၊ (ကုသလာနံ၊ တို့၏၊) သုခဝိပါကတံ၊ ကောင်းသော ဣဋ္ဌအကျိုးရှိကုန်သည်၏အဖြစ်ကို၊ (ဒဿတိ) [ဤနည်းဖြင့် ကုသိုလ်တို့၏ အနဝဇ္ဇသုခဝိပါကလက္ခဏာကို ပြ၏၊]

အနဝဇ္ဇတာယ ဟေတုံ ။ ။ ဤစကားအတိုင်းဆိုလျှင် ကုသိုလ်တို့၏ အနဝဇ္ဇ အဖြစ်သည် အလောဘစသော မူလကြောင့်ဖြစ်၏ဟု အဓိပ္ပာယ်ရ၏၊ စင်စစ်ကား ထိုသို့ မဟုတ်ပါ၊ မူလတို့က ကုသိုလ်တို့၏ အနဝဇ္ဇအဖြစ်ဖြင့် ကောင်းစွာတည်တံ့မှုကို သာ ပြီးစေတတ်ပါသည်။ ဤသို့ အနဝဇ္ဇအဖြစ်ဖြင့် ကောင်းစွာတည်တံ့မှုကို ပြီးစေခြင်းကိုပင် အနဝဇ္ဇဖြစ်ခြင်း၏အကြောင်းဟု ဆိုထားပါသည်၊-အနု။

တံသမ္ပယောဂကတံ ။ ။ ဤ၌လည်း “ကုသိုလ်တို့ကို အနဝဇ္ဇသဘောရှိအောင် ယှဉ်ဖက်ခန္ဓာတို့က ပြု၏"ဟု အဓိပ္ပာယ်ထင်ရ၏၊ စင်စစ်ကား “အနဝဇ္ဇသဘောအား ဖြင့် ကောင်းစွာတည်တံ့အောင်သာ ယှဉ်ဖက်ခန္ဓာတို့က ပြုအပ်သည်”ဟု မှတ်ပါ။

ဝါ၊ တစ်နည်း၊ မူလေဟိ၊ တို့ဖြင့်၊ (ကုသလာနံ၊ တို့၏၊) နိဒါနသမ္ပတ္တိယာ၊ အကြောင်း၏ ပြည့်စုံခြင်းအားဖြင့်၊ အာဒိကလျာဏတံ၊ အစ၌ကောင်းကုန်သည်၏အဖြစ်ကို၊(ဒဿတိ)၊ ခန္ဓေဟိ၊ တို့ဖြင့်၊ (ကုသလာနံ၊ တို့၏၊) သဘာ၀သမ္ပတ္တိယာ၊ သဘော၏ ပြည့်စုံခြင်းအားဖြင့်၊ မဇ္ဈေကလျာဏတံ၊ ကို၊ (ဒဿေတီ)၊ ကမ္မေဟိ၊ တို့ဖြင့်၊ (ကုသလာနံ၊ တို့၏၊) နိဗ္ဗတ္တိသမ္ပတ္တိယာ၊ ပြီးစီးသော အကျိုး၏ ပြည့်စုံခြင်းအားဖြင့်၊ ပရိယောသာနကလျာဏတံ (ဒဿတိ)။
တံ၊ပေ၊နတ္တီတိ၊ ဟူ၍၊ ကသ္မာ(သင်္ဂဟကာရေန), ဝုတ္တံ၊ ဆိုအပ်ပါလိမ့်မည်နည်း၊ ဝိစိ၊ပေ၊မောဟော၊ ဝိစိကိစ္ဆာဥဒ္ဓစ္စနှင့်တကွဖြစ်သော မောဟသည်၊ အတ္ထိနနု၊ လော၊ ဣတိ၊ ဤကား စောဒနာတည်း၊ **ကသ္မာ ဝုတ္တံ၊ပေ၊အတ္တီတိ** ။ ။ အဋ္ဌကထာ၌ “တံသမ္ပယုတ္တစတက္ခန္ဓတောစ ဥဒ္ဓံ အကုသလံ နာမ နတ္ထိ”ဟု ဆိုထား၏၊ ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်မောဟသည် ယှဉ်ဖက် အကုသိုလ်မူလတစ်ပါး မရှိသောကြောင့် ထိုမူလနှင့်ယှဉ်သော နာမ်ခန္ဓာ လေးပါးမှ အလွတ်ဖြစ်နေရကား “တံ၊ပေ၊နတ္တိ”ဟု မဆိုသင့်၊ တံသမ္ပယုတ္တစတုက္ခန္ဓာမှ အထက်၌ အလွတ်ဖြစ်သော မောဟမူဒွေး၌ ယှဉ်သော မောဟတစ်ခု ရှိနေသေးသည်-ဟူလို။

ဧတံ၊ ဤစကားသည်၊ သစ္စံ၊ ၏၊ ပန၊ ထိုသို့ပင် မှန်ပါသော်လည်း၊ တေန၊ ထိုမောဟနှင့်၊ ဝိနာ၊ ကင်း၍၊ တံသမ္ပယုတ္တတာ၊ တံသမ္ပယုတ္တ၏အဖြစ်သည်၊ နတ္ထိ၊ ဣတိ၊ ကြောင့်၊ တံသမ္ပယုတ္တေသု၊ ထို မောဟနှင့်ယှဉ်သော ဝိစိကိစ္ဆာဥဒ္ဓစ္စတို့ကို၊ ဂဟိတေသု၊ ယူအပ်ပြီးကုန်လတ်သော်၊ မောဟော၊ မောဟကို၊ ဂဟိတောဧဝ၊ ယူအပ်ပြီး သည်သာ၊ ဣတိကတွာ၊ ဤသို့ နှလုံးသွင်း၍၊ တတော ဥဒ္ဓံ နတ္ထီတိ၊ ဟူ၍၊ ဝုတ္တံ၊ [အဋ္ဌကထာ၌“တတော ဥဒ္ဓံ”ဟု မရှိပါ၊ “တသမ္ပယုတ္တစတုက္ခန္ဓတော ဥဒ္ဓံ”ဟု သာ ရှိပါသည်၊ ဤစကားကိုပင် ချုံး၍“တတော”ဟု ဆိုထားသည်ဟု မှတ်ပါ။] (ကသ္မာ တံသမ္ပယုတ္တေသု ဂဟိတေသု မောဟော ဂဟိတော ဝ ဟောတိ-နည်း) အညတ္ထ၊ ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်စိတ်မှ တစ်ပါးသောစိတ်တို့၌၊ အဘာဝါ၊ ဤမောဟမျိုး၏ မရှိခြင်းကြောင့်၊ (တံသမ္ပယုတ္တေသု ဂဟိတေသု မောဟော ဂဟိတော ဧဝ ဟောတိ။)

သစ္စမေတံ၊ပေ၊ဝုတ္တံ ။ ။ ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်မောဟ ရှိနေခြင်း၏ မှန်ကြောင်း ကို “သစ္စမေတံ”ဟု ဝန်ခံပြီးလျှင် တိုက်ရိုက်အားဖြင့် ထိုမောဟကို မယူနိုင်သော်လည်း နာနာန္တရိကနည်းအားဖြင့် ယူပြီးဖြစ်ကြောင်းကို ပြလို၍ “တေန ပန၊ပေ၊ဝုတ္တိ”ဟု မိန့်သည်၊ ထိုမောဟနှင့် ကင်း၍ တံသမ္ပယုတ္တ(ထိုမောဟမူလနှင့်ယှဉ်သော) ဝိစိကိစ္ဆာ ဥဒ္ဓစ္စသမ္ပယုတ် မရှိ၊ ထိုသမ္ပယုတ် မောဟမူဒွေး စိတ္တုပ္ပာဒ်ကို ယူလိုက်လျှင် အရင်းခံ မောဟကိုလည်း ယူပြီးဖြစ်တော့သည်-ဟူလို။ [တံသမ္ပယုတ္တာတိ ပဒေန ကိဉ္စာပိ ယထာဝုတ္တ မောဟော ပဓာနဘာဝေန န ဂဟိတော၊ နာနာန္တရိကတာယ ပန ဂုဏဘာဝေန (အပဓာနအဖြစ်ဖြင့်) ဂဟိတော၊-အနု။)

အညတ္ထအဘာဝါ ။ ။ဘာ့ကြောင့် ဝိစိကိစ္ဆဒ္ဓစ္စ(မောဟမူဒွေး၌) မောဟကို ယူအပ်ပြီး ဖြစ်နိုင်သနည်းဟု မေးဖွယ်ရှိသောကြောင့် “အညတ္ထအဘာဝါ”ဟု မိန့်သည်၊ ထို ဝိစိကိစ္ဆာဥဒ္ဓစ္စသဟဂုတ်မောဟကား ဝိစိကိစ္ဆာဥဒ္ဓစ္စသမ္ပယုတ်စိတ်မှတစ်ပါး အခြား စိတ်၌ မရှိသောကြောင့် ဝိစိကိစ္ဆာဥဒ္ဓစ္စသမ္ပယုတ် တရားစုကို ယူလိုက်လျှင် ထိုမောဟကို လည်း ယူအပ်ပြီးဖြစ်သည်-ဟူလို။

ဧကသ္မိံ၊ တစ်ခုတည်းသောစိတ်၌၊ ဝါ၊ တစ်ဦးတည်းသော ပုဂ္ဂိုလ်၌၊ ဌိတံ၊ တည်သော အကုသိုလ်တည်း၊ ဧကဋ္ဌံ၊ တစ်ခုတည်းသောစိတ်၌ တည်သော အကုသိုလ်၊ ဝါ၊ တစ်ဦးတည်းသော ပုဂ္ဂိုလ်၌ တည်သောအကုသိုလ်၊ သဟဇ ဘာဝေန၊ တကွဖြစ်ဖက်၏အဖြစ်ဖြင့်၊ ဧကဋ္ဌံ၊ တစ်ခုတည်းသောစိတ်၌ တည်သော အကုသိုလ်တည်း၊ သဟဇေကဋ္ဌံ၊ တကွဖြစ်ဖက်၏အဖြစ်ဖြင့် တစ်ခုတည်း သောစိတ်၌တည်သော အကုသိုလ်၊
ပဟာတဗ္ဗ၊ ပယ်ထိုက်၏၊ ဣတိ၊ ကြောင့်၊ ပဟာနံ၊ ပဟာနမည်၏၊ ပဟာနဘာဝေန၊ ပယ်ထိုက်သည်အဖြစ်ဖြင့်၊ ဧကဋ္ဌံ၊ တစ်ဦးတည်းသောပုဂ္ဂိုလ်၌ တည်သော အကုသိုလ်တည်း၊ ပဟာနေကဋ္ဌံ၊ ပယ်ထိုက်သည်၏အဖြစ်ဖြင့် တစ်ဦးတည်းသောပုဂ္ဂိုလ်၌တည်သော အကုသိုလ်၊
ဟိ၊ မှန်၊ ယေန၊ အကြင်အကုသိုလ်နှင့်၊ သဟ၊ တကွ၊ ယံ၊ အကြင်အကုသိုလ်ကို၊ ပဟာတဗ္ဗံ၊ ၏၊ တေန၊ ထိုအကုသိုလ်နှင့်တကွ၊ တံ၊ ထိုအကုသိုလ်သည်၊ ဧကသ္မိံ ပုဂ္ဂလေ၊ ၌၊ ဌိတံ၊ တည်သည်၊ ဟောတိ၊ (ကသ္မာ၊ နည်း၊) ဧကသ္မိံ၊ တစ်ခုသောအကုသိုလ်ကို၊ သမုစ္ဆိန္နေစ၊ အကြွင်းမဲ့ ဖြတ်အပ်သော်လည်းကောင်း၊ အသမုစ္ဆိန္နေစ၊ အကြွင်းမဲ့ မဖြတ်အပ်သော်လည်းကောင်း၊ ဣတရဿ၊ အခြားသော အကုသိုလ်၏၊ သမုစ္ဆိန္နတာယ၊ အကြွင်းမဲ့ ဖြတ်အပ်သည်၏ အဖြစ်၏လည်းကောင်း၊ အသမုစ္ဆိန္နတာယ၊ အကြွင်းမဲ့ မဖြတ်အပ်သည်၏ အဖြစ်၏လည်းကောင်း၊ ဝသေန၊ ဖြင့်၊ အညမညာ ဝိရဟိတတော၊ အချင်းချင်း မကင်းသည်၏ အဖြစ်ကြောင့်တည်း။ [“ဧကသ္မိံ သမုစ္ဆိန္နေ ဣတရဿ သမုစ္ဆိန္နတာယ”ဟုလည်းကောင်း၊ “ဧကသ္မိံ အသမုစ္ဆိန္နေ ဣတရဿ အသမုစ္ဆိန္နာယ”ဟုလည်းကောင်း အစဉ်အတိုင်း တွဲပါ။]
တိဏိ လက္ခဏာနီတိ၊ ကား၊ အနိစ္စဒုက္ခအနတ္တတာ၊ အနိစ္စ၏အဖြစ်, ဒုက္ခ၏အဖြစ်, အနတ္တ၏အဖြစ်တို့တည်း၊ [“အနိစ္စတာလက္ခဏာ”စသည်ကို ဆိုသည်၊]
နာမ၊ပေ၊ပညတ္တိယော၊ နာမပညတ်, ကသိဏပညတ်, သတ္တပညတ် တို့သည်၊ တိဿော၊ န်သော၊ ပညတ္တိယော၊ ပညတ်တို့တည်း၊
ပရမတ္ထေ၊ ပရမတ္ထတရားတို့ကို၊ အမုဉ္စိတွာ၊ မလွှတ်မူ၍၊ ဝေါဟာရိယမာနာ၊ ခေါ်ဝေါ်အပ်ကုန်သော၊ ဝိဟာရမဉ္စာဒိကာ၊ ကျောင်းဟူသော ဝိဟာရပညတ်,ညောင်စောင်း ဟူသော မဉ္စပညတ်အစရှိသော၊ ဥပါဒါပညတ္တိ၊ ဥပါဒါပညတ်ကို၊ သတ္တပညတ္တိ ဂ္ဂဟဏေန၊ သတ္တပညတ္တိသဒ္ဒါဖြင့်၊ ဂဟိတာ၊ ယူအပ်ပြီ၊ ဣတိ၊ သို့၊ ဝေဒိတဗ္ဗာ။ စ၊ ဆက်၊ ဧတာနိ လက္ခဏာဒီနိ၊ ဤလက္ခဏာ အစရှိသည်တို့ ကို၊ ဟေဋ္ဌာ၊ အောက်၌၊ ဒွီသု၊ န်သော၊ ကဏ္ဍသု၊ ကဏ္ဍတို့၌၊ [စိတ္တုပ္ပာဒကဏ္ဍ ရူပကဏ္ဍတို့၌ ] ဝိညတ္တိအာဒီနိဝိယ၊ ဝိညတ်အစရှိသည်တို့ကဲ့သို့၊ န ဝုတ္တာနိ၊ ဟောတော်မမူအပ်ကုန်၊ [ဝိညတ်စသည်ကို ရူပကဏ္ဍ၌ ဟောသကဲ့သို့ ဤလက္ခဏစသည်တို့ကို အောက်နှစ်ကဏ္ဍ၌ ဟောတော်မမူအပ်ကုန်- ဟူလို၊] န စ သဘာဝဓမ္မာ၊ ပရမတ္ထသဘောတရားများလည်း မဟုတ်ကုန်၊ ဣတိ ကတွာ၊ ဤအကြောင်းကြောင့်၊ န လဗ္ဘန္တိ၊ ဣတိ၊ သို့၊ ဝုတ္တာနိ၊ ရှေးအဋ္ဌကထာ၌ ဆိုအပ်ကုန်ပြီ၊
ဟိ၊ မုန်၊ ကုသလတ္တိကာသင်္ဂဟိတော၊ ကုသလတိက်ဖြင့် မသိမ်းယူအပ်သော၊ ကောစိ၊ တစ်စုံတစ်ခုသော၊ သဘာဝေါ၊ ပရမတ္ထသဘောသည်၊ န၊ မရှိ၊ ဣတိ၊ သို့၊ ဝတ္တုံ၊ ငှာ၊ ယုတ္တံ၊ ၏၊ ဣတိ၊ ဤသို့မှတ်အပ်၏။
သုခဘူမီတိ၊ ဟူသောပါဌ်၌၊ ကာမာဝစရာဒယောပိ၊ ကာမာဝစရ စိတ္တုပ္ပာဒ် အစရှိသည်တို့သည်လည်း၊ ယုဇန္တိ၊ သင့်ကုန်၏၊ **ကာမာဝစရာဒယောပိ** ။ ။ပိဖြင့် အဋ္ဌကထာ၌ သုခဘူမိအရ ပြအပ်သော စိတ္တံကို ပေါင်းပါ ၊ “သုခဘူမိ”အရ အဋ္ဌကထာ၌ ပြအပ်သောစိတ်သာ အရကောက်သင့်သည် မဟုတ်သေး၊ ကာမာဝစရစသော စိတ်,စေတသိက်ကိုလည်း အရကောက်သင့်သည်- ဟူလို၊ ထို့ကြောင့် ဤဋီကာနည်းကို အဋ္ဌကထာနည်းမှ တစ်နည်းပြဟု မှတ်ပါ။ [သုခဘူမိယံ ကာမာဝစရေတီ ဒွေပိ ဘုမ္မဝစနာနိ ဘိန္နာဓိကရုဏဘာဝေန အဋ္ဌကထာယံ ဝုတ္တာနီကိ ဥဘယေသံပိ သမာနာဓိကရဏဘာဝေန အတ္ထယောဂံ ဒဿတုံ “သုခဘူမီတိ ကာမာဝစရာဒယောပိ ယုဇ္ဇန္တီ”တိ ဝုတ္တံ၊-အနု။]
ဟိ၊ မှန်၊ သုခ သဟဂတာ၊ သုခဝေဒနာနှင့် တကွဖြစ်သော၊ ကာမာဝစရာဒိဘူမိ၊ ကာမာဝစရ အစရှိသော စိတ္တုပ္ပာဒ်သည်၊ သုခဘူမိ၊ သုခဘုမိမည်၏၊
စ၊ ဆက်၊ ကာမာဝစရာဒီဘူမိတိ၊ ကာမာဝစရာဒိဘူမိဟူရာ၌၊ ကာမာဝစရာဒီတာယ၊ ကာမ တဏှာ၏ဖြစ်ရာ အစရှိသည်တို့၏အဖြစ်ကြောင့်၊ ဓမ္မာဧဝ၊ စိတ္တုပ္ပာဒ်ကရားတို့ ကိုသာ၊ ဝုစ္စန္တိ ၊ ဣတိ၊ ကြောင့်၊ ကာမာဝစရာဒိစိတ္တုပ္ပာဒေသု၊ ကာမာဝစရ အစရှိသောစိတ္တုပ္ပာဒ်တို့၌၊ ဣတိ၊ သို့၊ အတ္ထတော၊ လိုရင်းအနက်အားဖြင့်၊ ဝိညာယတိ-၏၊ **ကာမာ၀စရာဒိဘူမီတီ စ** ။ ။ ကာမတဏှာ၏ သက်ဝင်၍ဖြစ်ရာ (အာရုံပြုရာ) ဟူသည် ကာမစိတ်သာမက, ကာမစိတ် စေတသိက်ဟူသော စိတ္တုပ္ပာဒ်အားလုံးတည်း၊ ဤဋီကာအလို “သုခဘူမိယံ”နှင့် “ကာမာဝစရေ”စသော ပုဒ်တို့သည် “အရတူပုဒ်များ တည်း”ဟု မှတ်ပါ၊ “ဧဝဉ္စ ကတွာ”ကား မိမိအဆိုသည် ပါဠိတော်နှင့်ညီကြောင်းကို ပြသော လဒ္ဓဂုဏ်တည်း, တစ်နည်း သာဓကတည်း။
ဧဝဉ္စ ကတွာ၊ ဤအကြောင်းကြောင့်၊ သုခဘူမိယန္တိ၊ ဟူ၍၊ ဝတွာ၊ ဟောတော်မူပြီး၍၊ တဿာဇဝ၊ ထိုသုခဘူမိ၏ပင်၊ ဝိဘာဂဒဿနတ္ထံ၊ ဝေဖန်အပ်သော အပြားကို ပြခြင်းအကျိုးငှာ။ ကာမာဝစရေတိအာဒိ၊ စကားကို၊ (ဘဂဝတာ) ဝုတ္တံ။
စ၊ ဆက်၊ ဘူမိသဒ္ဒေါ၊ ဘူမိသဒ္ဒါသည်၊ အဘိဓမ္မေ၊ အဘိဓမ္မာအရာ၌၊ ကာမာဝစရာဒီသု၊ ကာမာဝစရစိတ္တုပ္ပာဒ်အစရှိသည်တို့၌၊ နိရုဠှော၊ ထင်ရှားသော သဒ္ဒါတည်း၊ ဣတိ၊ ကြောင့်၊ စတူသု၊ပေ၊အာဒီသု၊ ဟူသော ပါဠိရပ်တို့၌၊ အညဘူမိဂ္ဂဟဏံ၊ စိတ္တုပ္ပာဒ်မှ အခြားသော ဘုံကို ယူခြင်းသည်၊ န ဟောတိ၊ မဖြစ်တော့၊ ဣတိ၊ ဤသို့ မှတ်အပ်၏။ **ဘူမိသဒ္ဒါစ၊ပေ၊ န ဟောတီတိ** ။ ။ အဘိဓမ္မာအရာ၌ ဘူမိသဒ္ဒါသည် ဘုံဌာနကို မဟော၊ ကာမာဝစရစသော စိတ္တုပ္ပာဒ်ကိုဟောသော အထင်ရုဠှီသဒ္ဒါ ဖြစ်၏၊ ထို့ကြောင့် “စတူသု ဘူမီသု ကုသလံ”စသော ပါဠိတော်၌ ကာမာဝစရရူပါရူပါဝစရအပရိယာပန္န (လောကုတ္တရာ)လေးမျိုးကို ယူပြီးဖြစ်ရကား “ကာမာဝစရေ”စသည်ဖြင့် အထူးပြုဖွယ် မလိုတော့၍ “ကာမာဝစရေ”စသည်ကို ဟောတော်မမူ။
ပါဠိတောစာတိ၊ ကား၊ ဝိသိဋ္ဌာနံ၊ပေ၊ဝိဘာဝနေန၊ ဝိသိဋ္ဌာနံပါကာတိ ဝိပါကာ ဤသို့ အစရှိသော ဝစနတ္ထကို ထင်ရှားပြခြင်းအားဖြင့်၊ ပါဠိတော၊ ပါဠိအားဖြင့်လည်းကောင်း၊
ဝိပက္က၊ပေ၊အာဒိနာ၊ အစရှိသော၊ ဘာသိတတ္ထ ဝိဘာဝနေန၊ ဟောထိုက်သော အနက်ကို၊ ထင်ရှားပြခြင်းအားဖြင့်၊ အတ္ထတော စ၊ အနက်အားဖြင့်လည်းကောင်း၊ (ဝတ္ထုဗ္ဗ, ဝတ္တမေဝတို့၌စပ်ပါ၊) [ဘာသိတဗ္ဗတိ ဘာသိတံ (တပစ္စည်း အရာအနက်ပြ)၊ တဒေဝ+အတ္ထောတိ ဘာသိတတ္ထော အဘိဓေယျတ္ထော၊-အနု။]
ဝါ၊ တစ်နည်း၊ နာမပရိစ္ဆေဒါဒီဟိ၊ နာမည်ကို ပိုင်းခြားခြင်းအစရှိသည်တို့ဖြင့်၊ တိကဒုကာနံ၊ တိက်ဒုက်တို့ကို၊ ဝဝတ္ထာန ဒဿနေန၊ ပိုင်းခြားသတ်မှတ်ပုံကို ပြခြင်းအားဖြင့်၊ ပါဠိတော၊ ပါဠိအားဖြင့် လည်းကောင်း၊ တဒတ္ထဝိညာပနေန၊ ထို တိက်ဒုက်တို့၏အနက်ကို သိစေခြင်းအားဖြင့်၊ အတ္ထတော၊ အနက်အားဖြင့်လည်းကောင်း၊ [ဝတ္တဗ္ဗ သိယာ၌စပ်၊ တိကဒုကာနံ(တို့၏) ကုစ္ဆိတာနံ သလာနာဒိ အတ္ထဒီပကေန၊-အနု။]
သာလိပါကံ၊ သလေးမှည့်ကို၊ သာလိဖလန္တိ၊ ဟူ၍၊(သင်္ဂဟကာရော) အာဟ ။
အမှာကံ မာတုလတ္ထေရောတိ၊ ကား၊ ပုဂ္ဂလာရမဏဿပိ၊ ပုဂ္ဂိုလ် ပညတ်ဟူသော အာရုံရှိသည်လည်းဖြစ်သော၊ ဥပါဒါနဿ၊ ဥပါဒါန်၏၊ ဥပါဒါနက္ခန္ဓာ ဧ၀၊ ဥပါဒါန်၏ အာရုံဖြစ်သော လောကီခန္ဓာတို့သည်သာ၊ ပစ္စယော၊ အကြောင်းသည်၊ (ဟောတိ)၊ လောကုတ္တရာ၊ လောကုတ္တရာတို့သည်၊ (ပစ္စယာ) န (ဟောတိ)၊ ခန္ဓာရမဏဿ၊ ခန္ဓာဟူသော အာရုံရှိသော၊ (ဥပါဒါနဿ၊ ဥပါဒါန်၏။) (လောကုတ္တရာနံ၊ တို့၏၊ အပစ္စယဘာဝေ၊ အကြောင်းမဟုတ်သည်၏အဖြစ်၌၊) ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဖွယ်ရာ ရှိပါတော့အံ့နည်း?
တေန၊ ကြောင့်၊ အဂ္ဂဟိတာနိတိ၊ ဟူ၍၊ (သင်္ဂဟကာရော) အာဟ၊
ဥပါဒါနေဟိ၊ ဥပါဒါန်တို့သည်၊ အဂ္ဂဟေတဗ္ဗာ၊ မယူထိုက်ကုန်သော တရားတို့သည်၊ အနုပါဒါနိယာ၊ အနပါဒါနိယတို့သည်၊ (ဟောန္တိ) ယထာ၊ ဧဝံ၊ တူ၊ သံကိလေသေဟိ၊ သံကိလေသတရားတို့သည်၊ အဂ္ဂဟေတဗ္ဗာ၊ တို့သည်၊ အသံကိလေသိကာ၊ အသံကိလေသိကတို့သည်၊ (ဟောန္တိ)၊ ဣတိ ကတွာ၊ ကြောင့်၊ အသံ၊ပေ၊ နယောတိ၊ ဟူ၍၊ (သင်္ဂဟကာရော) အာဟ။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိသည်၊ ဂဟိတော၊ ယူအပ်သော၊ အတ္တာ၊ အတ္တသည်၊ န ဝိဇ္ဇတိ၊ ထင်ရှားမရှိ၊
ပန၊ အနွယကား၊ ယေသု၊ အကြင် ဥပါဒါနက္ခန္ဓာတို့၌၊ ဝိပလ္လတ္ထဂါဟော၊ ဖောက်ဖောက်ပြန်ပြန်ဖြစ်သော ယူခြင်းသည်၊(ဟောတိ)၊ တေ ဥပါဒါနက္ခန္ဓာ စ၊ ထို ဥပါဒါနက္ခန္ဓာတို့သည်သာ၊ ဝိဇ္ဇန္တိ၊ န်၏၊
တသ္မာ, ယသ္မိံ၊ အကြင် ဥပါဒါနက္ခန္ဓာ၌၊ အဝိဇ္ဇ၊ပေ၊ ဂဟဏံ၊ ပရမတ္ထအားဖြင့် ထင်ရှား မရှိသော နိစ္စအစရှိသော ဖောက်ဖောက်ပြန်ပြန်ဖြစ်သော အခြင်းအရာအားဖြင့် ယူခြင်းသည်၊ အတ္ထိ၊ ဥပါဒါနက္ခန္ဓပဉ္စကသင်္ခါတော၊ ဥပါဒါနက္ခန္ဓာငါးပါး အပေါင်းဟု ဆိုအပ်သော၊ သောဝ၊ ထိုအပေါင်းသည်သာ၊ ကာယော၊ ကာယ မည်၏၊
တတ္ထ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးအပေါင်း၌၊ နိစ္စာဒိအာကာရဿ၊ နိစ္စအစရှိသော အခြင်းအရာ၏၊ အဝိဇ္ဇမာနတာဒဿနတ္ထံ၊ ထင်ရှားမရှိသည်၏ အဖြစ်ကို ပြခြင်းအကျိုးငှာလည်းကောင်း၊ ရုပ္ပနာဒိသဘာဝဿေဝ၊ ရုပ္ပနအစရှိ သော သဘော၏သာလျှင်၊ ဝိဇ္ဇမာနတာဒဿနတ္ထံစ၊ ငှာလည်းကောင်း၊ ဝိဇ္ဇမာနော ကာယောတိ၊ ဟူ၍၊ ဝိသေသေတွာ၊ အထူးပြု၍၊ (ဝိဇ္ဇမာနောဟု အထူးပြု၍၊) ဝုတ္တော၊ [“သန္တော ကာယော”၌ သန္တောကို “ဝိဇ္ဇမာနော”ဟု ဆိုသည်။] ပန၊ ဆက်၊ လောကုတ္တရာ၊ လောကုတ္တရာတို့သည်၊ ဝါ၊ တို့ကို၊ ကဒါစီ၊ ၌၊ အဝိဇ္ဇမာနာကာရေန၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအခြင်းအရာအားဖြင့်၊ န ဂယှန္တိ၊ မယူအပ်ကုန်၊ ဣတိ၊ ကြောင့်၊ ဣဒံ ဝိသေသနံ၊ ဤ ဝိဇ္ဇမာနဟူသော ဝိသေသနကို၊ န အရဟန္တိ၊ မထိုက်ကုန်၊ [လောကုတ္တရာခန္ဓာကို နိစ္စစသည်ဖြင့် အရိယာပုဂ္ဂိုလ်တို့က မစွဲလန်းသောကြောင်, “ဝိဇ္ဇမာန”ဟု ဝိသေသနပြုဖွယ် မလို-ဟူလို။]
သက္ကာယေ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၌၊ (ပဝတ္တာ၊ သော၊) ဒိဋ္ဌိ၊ ဒိဋ္ဌိတည်း၊ သက္ကာယဒိဋ္ဌိ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိ သော ခန္ဓာငါးပါးအပေါင်း၌ဖြစ်သော ဒိဋ္ဌိ၊ ဝါ၊ တစ်နည်း၊ သတီ၊ ထင်ရှားရှိ သော၊(ဒိဋ္ဌိ၌စပ်၊) ကာယေ၊ ခန္ဓာငါးပါးအပေါင်း၌ (ပဝတ္တာ၊ သော၊) ဒိဋ္ဌိ၊ တည်း၊ သက္ကာယဒိဋ္ဌိ၊ ခန္ဓာငါးပါးအပေါင်း၌ဖြစ်သော ထင်ရှားရှိသောဒိဋ္ဌိ၊
အတ္တနာ၊ မိမိဟူသော ဒိဋ္ဌိသည်၊ ဂဟိတာကာရဿ၊ ယူအပ်သော အခြင်းအရာ၏၊ အဝိဇ္ဇမာနတာယ၊ ထင်ရှားမရှိသည်၏အဖြစ်ကြောင့်၊ သယမေဝ၊ မိမိဟူသော ဒိဋ္ဌိသည်သာ၊ သတီ၊ ထင်ရှားရှိ၏၊ တာယ၊ ထိုဒိဋ္ဌိသည်၊ ဂဟိတော၊ သော၊ အတ္တာ၊ သည်လည်းကောင်း၊ အတ္တနိယံဝါ၊ အတ္တ၏ဥစ္စာသည်လည်းကောင်း၊ န၊ ထင်ရှားမရှိ၊ ဣတိ အတ္ထော။
ပန၊ ဆက်၊ အယံ အတ္ထော၊ ဤ ဒုတိယာဝိကပ်အနက်ကို၊ သမ္ဘဝတိ၊ ဖြစ်သင့်၏၊ ဣတိ ကတွာ၊ ဤသို့ နှလုံးသွင်း၍၊ (သင်္ဂဟကာရေန) ဝုတ္တော၊ ပန၊ စင်စစ်ကား၊ ပုရိမောဧဝ၊ ရှေ့ဖြစ်သော အနက်သည်သာ၊ ပဓာနော၊ ပဓာနတည်း၊
ဟိ၊ မှန်၊ ဒုတိယေ၊ ဒုတိယာဝိကပ်၌၊ ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏၊ ဝတ္ထု၊ တည်ရာခန္ဓာသည်၊ အဝိသေသိတံ၊ အထူးမပြုအပ်သည်၊ (သန္တောဟု အထူးမပြု အပ်သည်၊) ဟောတိ၊
ဟိ၊ မှန်၊ ကာယောတိ၊ ဟူသောပါဌ်ဖြင့်၊ ခန္ဓပဉ္စကေ၊ ကို၊ ဝုစ္စမာနေ၊ သော်၊ လောကုတ္တရာပနာယနံ၊ လောကုတ္တရာခန္ဓာကိုပယ်နိုင်ခြင်းသည်၊ နတ္ထိ၊ (ကသ္မာ လောကုတ္တရာပနာယနံ နတ္ထိ-နည်း၊)
ဟိ(ယသ္မာ)၊ ကြောင့်၊ လောကုတ္တရေသု၊ လောကုတ္တရာခန္ဓာတို့၌၊ ကာယသဒ္ဓေါ၊ ကာယသဒ္ဒါသည်၊ န ဝတ္တတိ၊ မဖြစ်သည်ကား၊ န၊ မဟုတ်၊(ဝတ္တတိဧဝ) (တသ္မာ လောကုတ္တရာပနယနံ နတ္ထိ၊)
ဟိ၊ မှန်၊ ကာယပဿဒ္ဓိအာဒီသု၊ ကာယပဿဒ္ဓိ အစရှိကုန်သော၊ လောကုတ္တရေသု၊ လောကုတ္တရနိဒ္ဒေသတို့၌၊ ကာယသန္ဒေါပိ၊ ကာယသဒ္ဒါသည် လည်း၊ လောကုတ္တရုက္ခန္ဓဝါစကော၊ လောကုတ္တရာခန္ဓာကို ဟောနိုင်၏။
သီလေနာတိ၊ ကား၊ သုဒ္ဓိယာ၊ စင်ကြယ်ခြင်း၏၊ အဟေတုဘူတေန၊ အကြောင်း မဟုတ်သည်ဖြစ်၍ဖြစ်သော၊ သီလေန၊ ခွေးစသည်တို့၏ အလေ့ဖြင့်၊
ဂဟိတသမာဒါနန္တိ၊ ကား၊ ဥပ္ပာဒိတပရာမာသောဝ၊ ဖြစ်စေအပ်သော မှားသောအားဖြင့် သုံးသပ်တတ်သော အယူပင်တည်း၊
ဟိ၊ မှန်၊ သော၊ ထို အယူကို ဧတေန၊ ဤ အယူဖြင့်၊ ကုက္ကိုရသီလာဝတာဒီနိ၊ ခွေးတို့၏ အလေ့အကျင့် အစရှိသည်တို့ကို၊ သမာဒိယန္တိ၊ ကောင်းစွာယူကြကုန်၏၊ ဝါ၊ ဆောက်တည်ကြကုန်၏၊ ဣတိ၊ ကြောင့်၊ သမာဒါနန္တိ၊ ဟူ၍၊ (သင်္ဂဟ ကာရေန) ဝုတ္တော၊
တတ္ထ၊ ထိုသီလဝတတို့တွင်၊ အဝီတိက္ကမနီယတာယ၊ မလွန်ကျူးထိုက်သည်၏ အဖြစ်ကြောင့်၊ သီလံ၊ သီလဟူ၍၊ (ဒဋ္ဌဗ္ဗ)၊ ဘတ္တိဝသေန၊ ဆည်းကပ်ခြင်း၏အစွမ်းဖြင့်၊ သတတံ၊ အမြဲ၊ စရိတဗ္ဗတာယ၊ ကျင့်ထိုက်သည် ၏အဖြစ်ကြောင့်၊ ဝတံ၊ ဝတဟူ၍၊ ဒဋ္ဌဗ္ဗ။
ဣခေဝ တိဋ္ဌမာနဿာတိ၊ ကား၊ ဣမိဿာ၊ပေ၊ ဂုဟာယံ၊ ဤ ဣန္ဒသာလလိုဏ်ဂူ၌ပင်၊ တိဋ္ဌမာနဿ၊ တည်စဉ်၊ (လဒ္ဓေါ၌ စပ်)။
ဝါစုဂ္ဂတကရဏံ၊ နှုတ်တက်အောင် ပြုခြင်းသည်၊ ဝါ၊ နှုတ်တက်ရအောင် သင်ယူခြင်းသည်၊ ဥဂ္ဂဟော၊ ဥဂ္ဂဟမည်၏၊
အတ္ထပရိပုစ္ဆနံ၊ အနက်ကို အဖန်ဖန် မေးမြန်းခြင်းသည်၊ ပရိပုစ္ဆာ၊ မည်၏၊
ကုသလေဟိ၊ ကျွန်းကျင်သောပညာရှိတို့ နှင့်၊ သဟ, စေဒနာပရိဟရဏဝသေန၊ စောဒနာခြင်း,ဖြေခြင်း၏အစွမ်း ဝိနိစ္ဆယကရဏံ-ဆုံးဖြတ်မှုကိုပြုကြောင်းဉာဏ်သည်၊ ဝိနိစ္ဆယော၊ မည်၏။
ဗဟူနံ၊ န်သော၊ နာနဋ္ဌကာရာနံ၊ အထူးထူးသော အပြားရှိကုန်သော၊ သက္ကာယဒိဋ္ဌိနံ၊ သက္ကာယဒိဋ္ဌိတို့၏၊ ဝါ၊ တို့ကို၊ အဝိဟတတ္တာ၊ မပယ်သတ်အပ် ကုန်သေးသည်၏အဖြစ်ကြောင့်၊ တာ၊ ထိုသက္ကာယဒိဋ္ဌိတို့ကို၊ ဇနေန္တိ၊ ဖြစ်စေတတ်ကုန်၏၊ ဣတိ၊ ကြောင့်၊ ပုထုဇ္ဇနာ၊ ပုထုဇ္ဇနတို့မည်၏၊ ဝါ၊ တစ်နည်း၊ တာဟိ၊ ထို သက္ကာယဒိဋ္ဌိတို့သည်၊ ဇနိတာ၊ ဖြစ်စေအပ်သူတို့တည်း၊ ဣတိ, ပုထဇ္ဇနာ၊ တို့မည်၏၊
ဝါ၊ တစ်နည်း၊ အဝိဃာတမေဝ၊ မပယ်အပ်ဟူသော အနက်ကိုပင်၊ ဇနသဒ္ဓေါ၊ ဇနသဒ္ဒါသည်၊ ဝဒတိ၊ ဟော၏၊
ပုထု၊ပေ၊ဒတ္ထ၊ ၌၊ ဧတေသံ၊ ဤသတ္တဝါတို့၏၊ ပုထူ၊ များစွာကုန်သော၊ ဇနာ၊ ဆရာတို့သည်၊ (သန္တိ)၊ ဣတိ ပုထုဇ္ဇနာ၊ ဣတိ၊ သို့၊ ဝစနတ္ထော၊ သည်၊ (ဟောတိ)၊
ပုထု ၊ပေ၊ဧတ္ထ၊ ၌၊ ဇနေတဗ္ဗာ၊ ဖြစ်စေထိုက်ကုန်၏၊ (ဣတိ၊ ကြောင့်၊ ဇနာ၊ ဇနတို့ မည်၏။) ဝါ၊ တစ်နည်း၊ ဧတ္ထ၊ ဤဂတိတို့၌၊ ဇာယန္တိ၊ ဖြစ်ကြရကုန်၏၊ ဣတိ၊ ကြောင့်၊ ဇနာ၊ ဇနတို့မည်၏၊ ဂတိယော၊ ဂတိတို့တည်း၊
ဧတေသံ၊ ဤသတ္တဝါတို့၏၊ ပုထု၊ များစွာကုန်သော၊ ဇနာ၊ ဖြစ်စေထိုက်သောဂတိတို့ သည်၊ ဝါ၊ ဖြစ်ရာဂတိတို့သည်၊ (သန္တိ)၊ ဣတိ ပုထုဇ္ဇနာ၊
ဣတော၊ ဤ ပုထု သဗ္ဗဂတီဟိ အဝုဋ္ဌိတာဟူသောပါဌ်မှ၊ ပရေ၊ ၌၊ ဧတေဟိ၊ ဤအဘိသင်္ခါရ အစရှိသည်တို့ကြောင့်၊ ဇာယန္တိ၊ ဖြစ်ကြရကုန်၏။ ဣတိ, ဇနာ၊ တို့မည်၏၊ အဘိသင်္ခါရာဒယော၊ အဘိသင်္ခါရ အစရှိသည်တို့တည်း၊
ဧတေသံ၊ ဤ သတ္တဝါတို့၏၊ ပုထူ၊ န်သော၊ တေ၊ ထို အဘိသင်္ခါရ အစရှိသည်တို့သည် ဝိဇ္ဇန္တိ၊ ရှိကုန်၏၊ ဣတိ ပုထုဇ္ဇနာ၊
ဝါ၊ တစ်နည်း၊ ဇနသန္ဒေါ၊ ဇနသဒ္ဒါကို၊ အဘိသင်္ခရဏာဒိ အတ္ထောဒဝ၊ အဘိသင်္ခရဏအစရှိသောအနက်ရှိ၏ဟူ၍သာ၊ ဒဋ္ဌဗ္ဗော၊ ၏၊
ရာဂဂ္ဂိအာဒယော၊ ရာဂမီးအစရှိသော မီးတို့သည်၊ သန္တာပါ၊ သန္တာပတို့မည်၏၊
တေဧဝ၊ ထိုရာဂမီးအစရှိသော မီးတို့သည်ပင်၊ (ပရိဠာဟာ၊ ပရိဋ္ဌာဟတို့မည်၏၊) ဝါ၊ တစ်နည်း၊ သဗ္ဗေပိ၊ ကုန်သော၊ ကိလေသာ၊ တို့သည်၊ ပရိဠာဟာ၊ တို့မည်၏၊ (ဣတိ၊ သို့၊ အတ္ထော၊ ကို၊ ဒဋ္ဌဗ္ဗော၊ ၏”ဟု ထည့်ပါ၊ ဤသို့ ထည့်မှ ပရေ၏ စပ်ပုဒ်ရမည်။)
ပုထု၊ပေ၊ဧတ္ထ၊ ၌၊ ဇာယတိ၊ ဖြစ်တတ်၏၊ ဣတိ၊ ကြောင့်၊ ဇနော၊ မည်၏၊ ရာဂေါ၊ပေ၊ဧဝမာဒိကော၊ ရာဂေါ ဂေဓော ဤသို့ အစရှိသော တရားတည်း၊
ဧတေသံ၊ ဤသတ္တဝါတို့၏၊ ပုထု၊ များစွာသော၊ ဇနော၊ ဖြစ်တတ်သော ရာဂ အစရှိသော တရားသည်၊ (အတ္ထိ)၊ ဣတိ ပုထုဇ္ဇနာ၊
ဝါ၊ တစ်နည်း၊ ပုထူသု၊ များစွာသော ကာမဂုဏ်တို့၌ ဇနာ ဇာတာ၊ ဖြစ်တတ်ကုန်သော၊ ရတ္တာ၊ တပ်မက်တတ်သော သတ္တဝါတို့တည်း၊ ဣတိဧဝံ၊ သို့၊ ဇနသဒ္ဒါ၊ ဇနသဒ္ဒါကို၊ ရာဂါ ဒိအတ္ထောဧဝ၊ ရာဂအစရှိသော အဘိဓေယျအနက်ရှိ၏ဟူ၍သာ၊ ဒဋ္ဌဗ္ဗော၊ ၏၊
ပလိဗုဒ္ဓါတိ၊ ကား၊ သမ္ဗဒ္ဓါ၊ ဆက်စပ်ကုန်ပြီ၊ ဝါ၊ တစ်နည်း၊ ဥပဒ္ဒုတာ၊ ကပ်၍ နှိပ်စက်အပ်ကုန်ပြီ။
အဿုတဝါတိ ဧတေန၊ ပါဌ်ဖြင့်၊ အန္ဓတာ၊ ကာဏ်းသူ၏အဖြစ်ကို၊ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ၊ ဣတိ၊ ကြောင့် အန္ဓ၊ပေ၊ဝုတ္တောတိ၊ ဟူ၍၊ (သင်္ဂဟ ကာရော) အာဟ၊ **အဿုတဝါတိ၊ပေ၊အာဟ** ။ ။ ခန္ဓာစသည်ကို သိသောဉာဏ်သည် ခန္ဓာစသည်ကို ဟောပြသော တရားတော်ကို ကြားနာခြင်းဟူသော သုတသာလျှင် အရင်းခံရှိ၏၊ ထိုကဲ့သို့ သုတမရှိလျှင် ခန္ဓာစသည် မသိနိုင်၊ အဿုတဝါ၌ အဿုတပုဒ်ဖြင့် ထို ဉာဏ်မျိုးမရှိသော အန္ဓပုထုဇဉ်ဖြစ်ကြောင်းကို ပြသည်။ [ခန္ဓာယတနာဒီနံ သဝနာမိနတ္တာ ပညာစက္ခုပဋိလာဘဿ (ပညာစက္ခုရခြင်းက ခန္ဓာအာယတန အစရှိသည်တို့ကို ကြားနာခြင်းနှင့် စပ်သောကြောင့်) တေသံ သဝနာဘာဝဒီပကံ အဿုတဝါတိ ဣဒံ ပဒံ အန္ဓကံ ဝဒတိ၊-အနု။]
အနယေတိ၊ ကား၊ အဝဍ္ဎိယံ၊ မတိုးပွားကြောင်း အကျင့်၌၊
သဗ္ဗတ္ထ၊ အလုံးစုံသော ပုဒ်တို့၌၊ နိရုတ္တိလက္ခဏေန၊ နိရုတ္တိလက္ခဏာအားဖြင့်၊ ပဒသိဒ္ဓိ၊ ပုဒ်တို့၏ ပြီးခြင်းကို၊ ဝေဒိတဗ္ဗာ၊ ၏။

စ၊ ဆက်၊ ပစ္စေကဗုဒ္ဓါ၊ ပစ္စေကဗုဒ္ဓါတို့သည်၊ အနေကေသု၊ များစွာကုန် သော၊ ကပ္ပသတသဟဿေသု၊ ကပ္ပာအသိန်းတို့၌၊ ကတံ၊ ပြုအပ်ပြီးသော ပါရမီ ကောင်းမှုကို၊ ဇာနန္တိ၊ သိတော်မူကုန်၏၊ ဥပကာရသတိဇနနအာမိသပဋိဂ္ဂဟဏာ ဒိနာ၊ ကျေးဇူးကို အမှတ်ရသော သတိကို ဖြစ်စေခြင်း, အာမိသကို ခံယူခြင်း, အစရှိသည်ဖြင့်၊ ပါကဋံစ၊ ထင်ရှားသည်ကိုလည်း၊ ကရောန္တိ၊ ပြုတော်မူကုန်၏၊ တထေဝ၊ ထို့အတူပင်၊ ဒုက္ခိဿ(ဒုက္ခိတဿ)၊ ဒုက္ခရှိသူ(ဒုက္ခရောက်သူ)၏ ၊ ကာတဗ္ဗံ၊ ပြုဖွယ်ကိစ္စကို၊ သက္ကစ္စံ၊ ကောင်းစွာပြု၍၊ ဝါ၊ လေးလေးစားစား၊ ကရောန္တိ၊ န်၏၊

အနေကေသု၊ပေ၊ဇာနန္တိ ။ ။ကတံ ဇာနန္တိတိ အတ္တနာ ပရေဟိစ ကတံ ကုသလာ ကုသလံ (မိမိသည်လည်းကောင်း, သူတစ်ပါးတို့သည်လည်းကောင်း ပြုအပ်ပြီးသော ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊) တေဟိ နိပ္ဖာဒိတံ သုခဒုက္ခံ(ထိုမိမိ,သူတစ်ပါးတို့ ပြီးစီးစေအပ်ပြီးသော သုခ,ဒုက္ခကိုလည်းကောင်း၊) ယာထာဝတော ဇာနန္တိ (အနုဋီကာ)၊ ဤအဖွင့်ကိုကြည့်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အတွက် “ကတံ-မိမိ သူတစ်ပါးတို့ သည် ကမ္ဘာသိန်းပေါင်းများစွာတို့က ပြုအပ်ပြီးသော ကုသိုလ် အကုသိုလ် သုခ ဒုက္ခကို+ဇာနန္တိ ဣတိ ကတညုနော”ဟု ပြုပါ။

ပါကဋံစ၊ပေ၊ဂ္ဂဟဏာဒိနာ ။ ။ ပရေသံ အတ္တနာ အတ္တနောစ ပရေဟိ ကတံ ဥပကာရံ ယထာဝုတ္တာကာရေန ပါကဋံ ကရောန္တိ - သူတစ်ပါးတို့အတွက် မိမိသည် ပြုအပ်ပြီးသော, မိမိအတွက် သူတစ်ပါးတို့သည်လည်း ပြုအပ်ပြီးသော ကျေးဇူးကို သတိဇနန အာမိသပဋိဂ္ဂဟဏ စသော ဋီကာဝယ် ဆိုအပ်ပြီးသော အခြင်းအရာအား ဖြင့် ထင်ရှားအောင် ပြုတတ်ကြကုန်၏၊ အနု။

ဤအဖွင့်ကို ကြည့်၍ “ကတံ-ပြုအပ်ပြီးသော ကျေးဇူးကို+ဝေဒယန္တိ-သတိဇနန အာမိသပဋိဂ္ဂဟဏ စသောအားဖြင့် သိစေအပ်, ထင်စွာ ပြုတတ်ကုန်၏၊ ဣတိ ကတဝေဒိနော”ဟု ပြုပါ။ (သတိဇနနဟူသည် ထိုကျေးဇူးကို အမှတ်ရစေခြင်းတည်း၊အာမိသပဋိဂ္ဂဟဏဟူသည် ထိုကျေးဇူးကို ဆပ်သောအားဖြင့် သူ့မှာ အကျိုးရအောင် အာမိသကို အလှူခံခြင်းတည်း၊ ဥပမာ-ပဒုမဝတီမိဖုရား၏သားတော် (၅ဝဝ)တို့သည် နောက်တစ်ဘဝသို့ရောက်နေသော မိခင်ဟောင်း၏ဆွမ်းကို အလှူခံကြသကဲ့သို့တည်း။]

ပန၊ ကား၊ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အသင်္ချေယျ အပ္ပမေယျေသုပိ၊ မရေတွက်အပ်, မနှိုင်းယှဉ်အပ်သော ကာလတို့၌လည်း၊ ကတံ၊ ပြုအပ်ပြီးသော၊ ဥပကာရံ၊ လျော်စွာပြုတတ်သော ကျေးဇူးကိုလည်းကောင်း၊ မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏၊ ဥပနိဿယံစ၊ အားကြီးသော မှီရာ အကြောင်းကိုလည်းကောင်း၊ ဇာနာတိ၊ ၏၊ ပါကဋံစ၊ ကိုလည်း၊ ကရောတိ၊ ၏၊ စ၊ သည်သာမကသေး၊ သီဟော၊ ခြင်္သေ့သည်၊ ဇဝံ၊ အဟုန်ကို၊ (ကရောတိ) ဝိယ၊ ကဲ့သို့၊ (တထာ၊ တူ၊) သဗ္ဗတ္ထ၊ အလုံးစုံသောအရာတို့၌၊ သက္ကစ္စမေဝ၊ ကောင်းစွာပြု၍သာလျှင်၊ ဝါ၊ လေးလေးစားစားသာလျှင်၊ ဓမ္မဒေသနံ၊ တရား ဟောမှုကို ကရောတိ၊ ပြုတော်မူ၏။

တထေဝ၊ပေ၊ကရောန္တိ ။ ။ “တထေ-ထို့အတူပင်”ဟု ပေး၍“ပါကဋံ ကရောန္တိ" ကို ပြညွှန်းသည်ဟု ယူလျှင် “ဒုက္ခိတ”အရ ဗျာဒိစသော ဒုက္ခရောက်နေသူကိုလည်း ယူနိုင်၏။ ဤအလို “ကာတဗ္ဗံ”အရလည်း ပြုစုလုပ်ကျွေးခြင်းစသော ကိစ္စကို ယူပါ၊ [“ဗျာဓိအာဒီဟိ ဒုက္ခိတဿ ဥပဋ္ဌာနံ ကာတဗ္ဗံ"၊-အနု။] “တထေဝဖြင့် သတိဇနန အာမိသပဋိဂ္ဂဟဏာဒိကို ပြန်၍ညွှန်းသည်”ဟု ယူလျှင် ဒုက္ခိဿ အရ သံသာရဒုက္ခ ရောက်နေသူကို ယူပါ၊ ထို့ကြောင့် အနုဋီကာ၌ "သံသာရဒုက္ခဒုက္ခိတဿပဝါ ယထာဝုတ္တာကာရေန ကာတဗ္ဗံ ကရောန္တိ ”ဟု တစ်နည်းဖွင့်သည်။ [စာအုပ်တို့၌ “ဒုက္ခိဿ”ဟုလည်းကောင်း, “ဒုက္ခိတဿ”ဟုလည်းကောင်း ပါဌ်နှစ်မျိုး တွေ့ရ၏၊ “ဣန္ဒဝဇီရာဂါထာပါဒ”ဟု ယူလျှင် “ဒုက္ခဿ”ဟုရှိမှ “တ+တ+ဇ+ဂ+ဂ”ဟုဖြစ်၍ ဆန်းတည့်ပါသည်။

သမ္မာသမ္ဗုဒ္ဓေါပန ။ ။ပြခဲ့သော အဖွင့်သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အတွက် ဖြစ်၍, သမ္မာသမ္ဗုဒ္ဓအတွက် “ကတညူ ကတဝေဒီ ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ” ကို ဖွင့်ပြလိုသောကြောင့် သမ္မာသမ္ဗုဒ္ဓေါပန စသည်ကို မိန့်သည်၊ ဘုရားရှင်သည် သတ္တဝါတို့၏ အသင်္ချေယျကာလတို့က ပြုအပ်ဖူးသော ကျေးဇူးကိုလည်းကောင်း မဂ်ဖိုလ်၏အကြောင်း ကောင်းမှုကိုလည်းကောင်း သိတော်မူသောကြောင့် ကတညု မည်တော်မူ၏၊ ထိုကျေးဇူး, ထိုဥပနိဿယကို သတိပေးသောအားဖြင့် ထင်ရှားအောင် ပြုတော်မူတတ်သောကြောင့် ကတဝေဒီလည်း မည်တော်မူ၏၊ ကေသရာဇာခြင်္သေ့မင်းသည် သားကောင်ကို ဖမ်းရာ၌ မည်သည့်သားကောင်မဆို မိမိအဟုန်ကို မလျော့သကဲ့သို့ ဘုရားရှင်လည်း သံသရာဒုက္ခရောက်နေသော သတ္တဝါတို့ကို အကျွတ်တရားရစေတော် မူရာဝယ် မည်သည့်ပရိသတ်၌မဆို လေးလေးစားစား တရားဟောမှုကို ပြုတော်မူသော ကြောင့် “ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ”လည်း ဖြစ်တော်မူသည်-ဟူလို။

အရိယဘာပေါတိ၊ ကား၊ [အရိယဘာဝဂေါစရတောမှ “အရိယဘာဝ”ကို ခွဲ၍ ဖွင့်သည်၊] ယေဟိ၊ အကြင် မဂ်ဖိုလ်တရားတို့နှင့်၊ ယောဂတော၊ ယှဉ်ခြင်းကြောင့်၊ အရိယာ၊ အရိယာတို့ဟူ၍၊ ဝုစ္စန္တိ တေ မဂ္ဂဖလဓမ္မာ၊ ထိုမဂ်ဖိုလ်တရားတို့ကို၊ (အရိယဘာပေါတိ၊ ဟူ၍၊) ဒဋ္ဌဗ္ဗာ၊

အရိယကရဓမ္မာ၊ အရိယာအဖြစ်ကို ပြုတတ်သော တရားတို့ဟူသည်၊ အနိစ္စဒဿနာဒယော၊ အနိစ္စဟု ရှုတတ်သော ဝိပဿနာဉာဏ် အစရှိသည်တို့တည်း၊ [အာဒိဖြင့် ဒုက္ခဒဿန အနတ္တဒဿနတို့ကို ယူ။] ဝါ၊ တစ်နည်း၊ ဝိပဿိယမာနာ၊ ဝိပဿနာရှုတတ်ကုန်သော၊ အနိစ္စာဒယော၊ အနိစ္စအစရှိသောတရားတို့တည်း။

အရိယကရဓမ္မာ ။ ။ “အရိယဘာဝကရ”ဟု ဆိုလိုလျက် ဘာဝပုဒ် အကြေကြံပါ၊ “အရိယာအဖြစ်ကို ပြုတတ်(အရိယာဖြစ်အောင် ပြုတတ်)သော တရားများ”ဟူသည် လောကီရုပ်နာမ်ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုတတ်သော ဝိပဿနာဉာဏ်များတည်း၊ ထို ဝိပဿနာဉာဏ်များဖြင့် မဂ်ကိုရ၍ အရိယာဖြစ်ကြရသည်။

ဝိပဿိယမာနာဝါ ။ ။ ဤနည်း၌ အရိယသစ္စာတို့ကို “အရိယကရဓမ္မ”ဟု ဆို၏၊ ထိုသစ္စာလေးပါးတို့တွင် ဒုက္ခနှင့် သမုဒယ နှစ်ပါးကို ပြလို၍ “ဝိပဿိယမာနာဝါ အနိစ္စာဒယော”ဟု တစ်နည်းမိန့်သည်၊ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်သော အနိစ္စ ဒုက္ခ အနတ္တဖြစ်သောခန္ဓာငါးပါးကို “အရိယကရဓမ္မ”ဟုခေါ်သည်-ဟူလို။ [အရိယကရဓမ္မာ အရိယသစ္စာနီတိ ပုရိမဂ္ဂယသစ္စဝသေန ဝုတ္ထံ ဝိပဿိယမာနာ အနိစ္စာဒယောတိ-အနု။]

တစ်နည်း ။ ။ "ဝိပဿိယ”၌ “ဝိသေသေန+ပဿိယ-အထူးသဖြင့် ရှုအပ်”ဟု အနက်ယူလျှင် ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓကို မျက်မှောက်ပြုခြင်း, မဂ္ဂကို ပွားစေခြင်းအားဖြင့် လေးမျိုးလုံးသော ရှုခြင်းရ၏၊ ထိုသို့ရသောကြောင့် အနိစ္စာဒယော၌ အာဒိဖြင့် အနိစ္စဖြစ်သော နိဗ္ဗာန်ကို ယူပါဟု အနု၌ တစ်နည်းပြသေး၏။

သောတာနီတိ၊ ကား၊ တဏှာ၊ပေ၊ သောတာနိ၊ တဏှာ ဒိဋ္ဌိ, ကြွင်းသော ကိလေသာ, ဒုစရိုက် အဝိဇ္ဇာဟူကုန်သော အယဉ်တို့သည်၊ (သဝန္တိ၊ န်၏။)
သောတာနံ သံဝရံ ဗြူမီတီ၊ ဟူ၍၊ ဝတွာ၊ ဟောတော်မူပြီး၍၊ ပညာ၊ပေ၊ဝစနေန၊ စကားတော်ကြောင့်၊(ဝိညာယတိ၌စပ်၊) သောတာနံ၊ တဏှာသောအယဉ်တို့ကို၊ သံဝရော၊ စောင့်စည်းကြောင်းတရားသည်၊ ပိဒဟနံ၊ ပိတ်ဆို့ကြောင်းတရားသည်၊ သမုစ္ဆေဒဉာဏံ၊ အကြွင်းမဲ့ ဖြတ်ကြောင်းဉာဏ်တည်း၊ ဣတိ၊ သို့၊ ဝိညာယတိ။
အဓိဝါသနာ၊ မိမိအထက်၌ သက်ဝင်တည်နေစေခြင်းသည်၊ ဝါ၊ အရာရာဝယ် အနာခံခြင်းသည်၊ ခန္တီတိ၊ ခန္တိ မည်၏၊ သာစ၊ ထိုအဓိဝါသနာဟူသည်လည်း၊ တထာ၊ ထိုသည်းခံသော အခြင်းအရာအားဖြင့်၊ ပဝတ္တာ၊ သော၊ ခန္ဓာ၊ နာမ်ခန္ဓာတို့တည်း၊ **သာစ၊ပေ၊ခန္ဓာ** ။ ။ အဓိဝါသနာ(ခန္တီ)၏ တရားကိုယ်ပြစကားတည်း၊ အအေး အပူ ဍံသ မကသစသော သက်ရှိ သက်မဲ့ သင်္ခါရတို့၏ မိမိအပေါ်၌ ဖောက်ဖောက် ပြန်ပြန် ဖြစ်ခြင်း (သက်ရှိတို့က နှိပ်စက်ခြင်း, စော်ကားခြင်း)များကို သည်းခံသော အခြင်းအရာကို "တထာ”ဟု ဆိုသည်၊ [တထာဟိ သဗ္ဗသင်္ခါရာနံ ဝိပ္ပကာရဿ ခမနာကာရေန၊-အနု။] ထိုသို့ သည်းခံသော အခြင်းအရာအားဖြင့် ဖြစ်နေသော နာမ်ခန္ဓာလေးပါးကို ခန္တိ၏ တရားကိုယ်အဖြစ်ဖြင့် ကောက်ပါ။

ပညာ၊ ပညာတည်း၊ ဣတိ၊ သို့၊ ဧကေ၊ အချို့ဆရာတို့သည်၊ (ဝဒန္တိ)၊ ဝါ၊ တစ်နည်း၊ အဒေါသောဧဝ၊ အဒေါသသာတည်း။

ပညာတိ ဧကေ ။ ။ ဧကေဆရာတို့က ဉာဏ်ဖြင့်ဆင်ခြင်၍ သည်းခံရသောကြောင့်ခန္တိအရ ဉာဏ်ကို ကောက်ကြ၏၊ ဉာဏ်မရှိသော်လည်း(ဉာဏ်မရှိစေကာမူ ဉာဏ်မယှဉ်ခိုက်၌လည်း) ခန္တီ ဖြစ်နိုင်သောကြောင့် ထိုဝါဒကို “ဧကေဝါဒ”ဟု ဋီကာဆရာ ဆိုသည်။ [အဝိပရီတဓမ္မာ ဧတာယ နိဇ္ဈာယံ ခမန္တိတိ ပညာ ခန္တီတိ-အကြွင်းမဲ့ ရှုဆင်ခြင်၍ နှစ်သက်ကြောင်း၏အဖြစ်ကြောင့် ပညာကို ခန္တီဟု ဆိုသည်၊-အနု။]

အဒေါသောဧဝ။ ။ ထိုသည်းခံ၍ နေချိန်၌ ဒေါသမဖြစ်သောကြောင့် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော အဒေါသပြဓာန်းသော ခန္ဓာကို အရကောက်ခြင်းသာ ဋီကာ ဆရာ၏ အလိုတည်း၊ ထို့ကြောင့် “တထာ ပဝတ္တာ ခန္ဓာ”နှင့်“အဒေါသောဧ၀”သည် အချင်းချင်း မဆန့်ကျင်ကြဟု မှတ်ပါ။ [အဒုဋ္ဌဿဝ (ဒေါသမဖြစ်သူ၏သာ) တိတိက္ခဘာဝတော တထာ ပဝတ္တာ ခန္ဓာတိ အဒေါသပဋ္ဌာနာ ခန္ဓာ ဝုတ္တာတိ အဒေါသောဧ၀ဝါတိ တတိယဝိကပ္ပေါ ဝုတ္တော၊-အနု။]

ကာယဒုစ္စရိတာဒီနန္တိ၊ ကား၊ ဒုဿီလျသင်္ခါတာနံ၊ သီလမရှိသူ၏အဖြစ်ဟု ဆိုအပ်ကုန်သော၊ ကာယဝစီဒုစ္စရိတာနံ၊ ကာယဒုစရိုက်, ဝစီဒုစရိုက်တို့ကို လည်းကောင်း၊ မုဋ္ဌသစ္စသင်္ခါတာနံ၊ ပျောက်သော သတိရှိသူ၏ အဖြစ်ဟု ဆိုအပ်ကုန်သော၊ အဘိဇ္ဈာဒေါမနဿာနံ၊ အဘိဇ္ဈာ ဒေါမနဿ ဟူကုန်သော၊ ပါပကာနံ၊ အကုသိုလ်တရားတို့ကိုလည်းကောင်း၊ အက္ခန္တိ ၊ပေ၊ကောသဇ္ဇာနဉ္စ၊ သည်းမခံခြင်း, အညာဏ, ကောသဇ္ဇတို့ကိုလည်းကောင်း၊(သံဝရဏတော၌စပ်။)
သင်္ခါရေဟိ၊ သင်္ခါရတို့မှ၊ အဝိဝဋ္ဋန၊ မပြန်လည်ခြင်းသည်၊ အနုပေက္ခာ၊ အနုပေက္ခာ မည်၏၊ သာလယတာ၊ သင်္ခါရတရားတို့၌ တွယ်တာခြင်း ရှိကုန်သည်၏အဖြစ်တည်း၊ ဣတိ ဣတ္ထော၊ [“ဥပေက္ခာဉာဏ်ဖြင့် အနုပေက္ခာ ကို ပယ်ခြင်း”ဟူရာ၌ အနုပေက္ခာဟူသည် သင်္ခါရတို့မှ မပြန်လည်လိုဘဲ တွယ်တာနေခြင်းတည်း-ဟူလို။]
ဓမ္မဋ္ဌိတိယံ၊ သင်္ခါရစသော အကျိုးတရားတို့၏တည်ကြောင်းဖြစ်သော၊ ပဋိစ္စသမုပ္ပာဒေ၊ အဝိဇ္ဇာစသော ပဋိစ္စသမုပ္ပာဒ်၌၊ ပဋိလောမဘာဝေါ၊ ဆန့်ကျင်ဘက်၏အဖြစ်ဟူသည်၊ သဿတုစ္ဆေဒဂါဟော၊ သဿတဥစ္ဆေဒဟု ယူခြင်းတည်း၊ ဝါ၊ တစ်နည်း၊ တပ္ပဋိစ္ဆာဒကမောဟော၊ ထို ပဋိစ္စသမုပ္ပာဒ်ကို ဖုံးလွှမ်းတတ်သော မောဟတည်း။
နိဗ္ဗာနေ၊ ၌၊ ပဋိလောမဘာဝေါ၊ ဟူသည်၊ သင်္ခါရေသု၊ သင်္ခါရတို့၌၊ ရတိ၊ မွေ့လျော်ခြင်းတည်း၊ ဝါ၊ တစ်နည်း၊ နိဗ္ဗာနပ္ပဋိစ္ဆာဒကော၊ နိဗ္ဗာန်ကို ဖုံးလွှမ်တတ်သော၊ မောဟော၊ တည်း
ယာဒိသဿ၊ အကြင်ကဲ့သို့ ရှုအပ်သော၊ ကိလေသဿ၊ ၏၊ ဝါ၊ ကို၊ အပ္ပဟီနတ္တာ၊ မပယ်အပ် မပယ်နိုင်သည်၏အဖြစ်ကြောင့်၊ ဝိပဿနာ၊ ဝိပဿနာသည်၊ သင်္ခါရနိမိတ္တံ၊ သင်္ခါရအာရုံကို၊ န မုဉ္စတိ၊ မလွှတ်၊ သော ကိလေသော၊ ထိုကဲ့သို့သော ကိလေသာကို၊ သင်္ခါရနိမိတ္တဂ္ဂါ ဟောတိ၊ ဟူ၍၊ ဒဋ္ဌဗ္ဗော၊ [သင်္ခါရ အာရုံကို ယူကြောင်းကိလေသာကို“သင်္ခါရနိမိတ္တဂ္ဂါဟ”ဟု ခေါ်သည်။]
ဝါ၊ တစ်နည်း၊ သင်္ခါရနိမိတ္တဂ္ဂဟဏ္ဏဿ၊ သင်္ခါရအာရုံကို ယူခြင်းကို၊ အတိက္ကမနံ၊ လွန်ခြင်းသည်၊ ပဟာနံ၊ ပယ်ခြင်းတည်း။
စတုန္နံ၊ န်သော၊ အရိယမဂ္ဂါနံ၊ အရိယမဂ်တို့၏၊ ဝါ၊ တို့ကို၊ ဘာဝိတတ္တာ၊ မိမိသန္တာ၌ဖြစ်စေအပ်ကုန်သည်၏အဖြစ်ကြောင့်၊ အစ္စန္တံ၊ စင်စစ်၊ အပ္ပဝတ္တိ ဘာဝေန၊ ဖြစ်ခြင်းမရှိသည်၏အဖြစ်ဖြင့်၊ ယံ ပဟာနံ၊ သည်၊ (အတ္ထိ)၊ ဣတိ၊ သို့၊ ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းကို၊ ဝေဒိတဗ္ဗာ၊ [ယံပုဒ်,ဘာဝိတတ္တာပုဒ်, အပ္ပဝတ္တိဘာဝေနပုဒ်တို့ကို ပဟာနံ၌စပ်ပါ-ဟူလို၊]
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့၊ ကေန၊ အဘယ်တရားဖြင့်၊ ပဟာနံ၊ သည်၊ (ဟောတိ၊ နည်း) ဣတိ၊ ဤကားစောဒနာတည်း၊
အရိယမဂ္ဂေဟေဝ၊ အရိယမဂ်တို့ဖြင့်ပင်၊ (စတုန္နံ အရိယမဂ္ဂါနံဟု ဆိုအပ်ခဲ့သော အရိယမဂ်တို့ဖြင့်ပင်၊) (ပဟာနံ ဟောတိ)၊ ဣတိ၊ သို့၊ တေသံ ဘာဝိတတ္တာ အပ္ပဝတ္တိဝစနေန၊ တေသံ ဘာဝတတ္တာ အပ္ပဝတ္တိဟူသော စကားဖြင့်၊ [အဋ္ဌကထာ၌ “စတုန္နံ အရိယမဂ္ဂါနံ ဘာဝိတတ္တာ”ဟူသော စကားကိုယူ၍ “တေသံ ဘာဝတတ္တာ”ဟု ဆိုသည်၊ ‘အပ္ပဝတ္တိဘာဝေန”ကိုယူ၍ “အပ္ပဝတ္တိဝစနေန”ဟု ဆိုသည်၊] အယံ အတ္ထော၊ သည်၊ ဝါ၊ ကို၊ ဝိညာယမာနော၊ သိအပ် သိနိုင်သည်၊ (ဟောတိ)။
သမုဒယပဏ္ဍိကဿာတိ ဧတ္ထ၊ ၌၊ စတ္တာရောပိ၊ န်သော၊ မဂ္ဂါ၊ မဂ်တို့သည်၊ စတုသစ္စာဘိသမယာ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိနိုင်ကုန်၏၊ ဣတိ ကတွာ၊ ဤသို့ နှလုံးသွင်း၍၊ တေဟိ၊ ထိုမဂ်တို့ဖြင့်၊ ပဟာတဗ္ဗေန၊ သော၊ တေန တေန သမုဒယေန၊ ထိုထို သမုဒယ တဏှာလောဘနှင့်၊ သဟ၊ အတူတကွ၊ ပဟာတဗ္ဗတ္တာ၊ ကြောင့်လည်းကောင်း၊ သမုဒယသဘာဂတ္တာစ၊ သမုဒယနှင့်တူသောအဖို့ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သစ္စဝိဘင်္ဂေ= ၌၊ သဗ္ဗကိလေသာနံ၊ တို့၏၊ (ဘာဝ၌စပ်၊) သမုဒယဘာဝဿ၊ သမုဒယ အဖြစ်၏၊ ဝါ၊ ကို၊ ဝုတ္တတ္တာစ၊ ကြောင့်လည်းကောင်း၊ ဒိဋ္ဌိအာဒယော၊ ဒိဋ္ဌိ အစရှိသော ကိလေသာတို့ကို၊ သမုဒယပက္ခိကာတိ၊ ဟူ၍၊ ဝုစ္စန္တိ ။
ကာယဝါစာစိတ္တာနံ၊ ကိုယ်နှုတ်စိတ်တို့၏၊ ဝိရူပပ္ပဝတ္တိယာ၊ ဖောက်ဖောက် ပြန်ပြန် ဖြစ်ခြင်းကို၊ နယနံ အပယာပနံ၊ ပယ်ခြင်းသည်၊ ဝါ၊ ပယ်တတ်သော တရားသည်၊ (ဝိနယော၊ ဝိနယမည်၏။) ဝါ၊ တစ်နည်း၊ ကာယဒုစ္စရိတာဒီနံ၊ ကာယဒုစရိုက် အစရှိသည်တို့၏၊ ဝိနာသနယနံ၊ ပျက်စီးခြင်းသို့ ဆောင်ခြင်းသည်၊ ဝါ၊ ပျက်စီးခြင်းသို့ ဆောင်တတ်သောတရားသည်၊ ဝိနယော၊ မည်၏၊ ဝါ၊ တစ်နည်း၊ တေသံ၊ ထိုကာယဝါစာစိတ္တတို့၏ ၊ ဇိမုပ္ပဝတ္တိ၊ ကောက်ကောက် ကျစ်ကျစ် ဖြစ်ခြင်းကို၊ ဝိစ္ဆိန္ဒိတွာ၊ ဖြတ်၍၊ ဥဇုကနယနံ၊ ဖြောင့်မတ်ကုန်သည်၏ အဖြစ်သို့ ဆောင်ခြင်းသည်၊(ဆောင်တတ်သောတရားသည်၊) ဝိနယနံ၊ မည်၏။ **ကာယ၊ ပေ၊ ဝိနယနံ** ။ ။ “ဝိနယနဋ္ဌေန”မှ ဝိနယကိုဖွင့်သော စကားတည်း၊ ပဌမနည်း၌ “ကာယဝါစာစိတ္တာနံ ဝိရူပပ္ပဝတ္တိယာ"ဖြင့် ဝိ၏အနက်ကို ပြ၏၊ နယနံကို အပယာပနံဟု ဖွင့်၏။ “ဝိနယန-ကိုယ်နှုတ်စိတ်တို့၏ ဖောက်ဖောက်ပြန်ပြန်ဖြစ်ခြင်းကို ပယ်ရှားတတ်”ဟူလို၊ ဒုတိယနည်း၌ ဝိကို “ဝိနာသ”ဟုဖွင့်၏၊ “ဝိနယန-ကာယ ဒုစရိုက် စသည်တို့၏ ပျက်စီးခြင်းသို့ ဆောင်တတ်”ဟူလို၊ တတိယနည်း၌ ဝိကို “ဝိစ္ဆိန္ဒိတွာ”ဟု ဖွင့်၏၊ “ဝိနယန-ကိုယ်နှုတ်စိတ်တို့၏ ကောက်ကောက်ကျစ်ကျစ် ဖြစ်ခြင်းကို ဖြတ်၍ ဖြောင့်မတ်အောင် ဆောင်တတ်"ဟူလို။
ဧသေသေတိ၊ ကား၊ ဧသော၊ ဤ အရိယ,အရိယဓမ္မ,အရိယဝိနယသည်၊ သောဧဝ၊ ထို သပ္ပုရိသ,သပ္ပုရိသဓမ္မ,သပ္ပုရိသဝိနယပင်တည်း၊ (တစ်နည်း)၊ ဧသော၊ ဤသပ္ပုရိသ,သပ္ပုရိသဓမ္မ,သပ္ပုရိသဝိနယသည်၊ သောဧဝ၊ ထိုအရိယ, အရိယဓမ္မ,အရိယဝိနယပင်တည်း၊ အတ္ထတော၊ အနက်အားဖြင့်၊ အနညော၊ တစ်မျိုးတခြားမဟုတ်၊ ဣတိအတ္ထော၊
တဇ္ဇာတေတိ၊ ကား၊ အတ္ထတော၊ အနက် အားဖြင့်၊ တံသဘာဝေါဝ၊ ထိုသဘော ရှိသည်သာ၊
သပ္ပုရိသော၊ သူတော်ကောင်းသည်၊ အရိယသဘာဝေါ၊ အရိယာသဘောရှိ၏၊ အရိယောစ၊ အရိယာသည်လည်း၊ သပ္ပုရိသသဘာဝေါ၊ သူတော်ကောင်းသဘောရှိ၏၊ ဣတိအတ္ထော။
အဒ္ဒယန္တိ၊ ကား၊ ဥယတာရဟိတံ၊ နှစ်ပါးစုံ၏ အဖြစ်မှ ကင်းသည်ကို၊ (သမနုပဿတိ၌စပ်၊) ဝဏ္ဏမေဝ၊ အဆင်းအရောင်ကိုပင်၊ အစ္စတိ၊ မီးလျှံဟူ၍၊ ဂဟေတွာ၊ ယူပြီး၍၊ ဝါ၊ တစ်နည်း၊ အစ္စိံ၊ မီးလျှံကို၊ ဝဏ္ဏောဧဝ၊ အဆင်းအရောင်ပင်တည်း၊ ဣတိ၊ သို့၊ (ဂဟေတွာ၊ ၍) တေလံ၊ ထို အစ္စိဝဏ္ဏတို့၏၊ ဧကတ္တံ၊ တစ်ခုတည်း၏အဖြစ်ကို၊ ပဿန္တောဝိယ၊ ရှုသူကဲ့သို့၊ ယထာတက္ကိတံ၊ အကြင် အကြင် ကြံပေအပ်ပြီးသော၊ အတ္တာနံ၊ အတ္တကို၊ ရူပန္တိ၊ ရုပ်ဟူ၍၊ ဝါ၊ တစ်နည်း၊ ယထာဒိဠံ၊ အကြင်အကြင် မြင်အပ်သော၊ ရူပံ၊ ရုပ်ကို၊ အတ္တာတိ၊ ဟူ၍၊ ဂဟေတွာ၊ ၍၊ တေသံ၊ ထိုရူပအတ္တတို့၏၊ ဧကတ္တံ၊ ကို၊ ပဿန္တော၊ ရှုသူဟူ၍၊ ဒဋ္ဌဗ္ဗော။
စ၊ ဆက်၊ ဧတ္ထ၊ ဤသက္ကာယဒိဋ္ဌိတို့တွင်၊ ရူပံ အတ္တာတိ၊ ဟူ၍၊ ဝါ၊ ရုပ်သည် အတ္တဟူ၍၊ ဣမိဿာပဝတ္တိယာ၊ ဤဖြစ်ခြင်း၌၊ အဘာဝေပိ၊ အတ္တမှ တသီးတခြား မရှိပါသော်လည်း။ (မရှိသည်လည်းဖြစ်သော၊) ရူပ‌ေ၊ ရုပ်၌၊ အတ္တဂ္ဂဟဏံ၊ အတ္တဟု ယူခြင်းသည်၊ ပဝတ္တမာနံ၊ ဖြစ်သည်၊ (ဟောတိ၊ ကိမိဝ၊ နည်း၊) အစ္စိယံ၊ မီးလျှံ၌၊ ဝဏ္ဏဂ္ဂဟဏံ၊ အဆင်းအရောင်ကို ယူခြင်း သည်၊ (ပဝတ္တမာနံဝိယ၊ ကဲ့သို့တည်း၊) **အဘာဝေပိ ‌ရူပေ** ။ ။ ရုပ်ကို အတ္တဟု ယူဆရာ၌ ရုပ်ကတခြား အတ္တကတခြားဟု မကွဲပြားသောကြောင့် ရုပ်၏အတ္တမှ တသီးတခြား မရှိတော့ခြင်းကို “အဘာဝေပိ ရှုပေ”ဟု ဆိုသည်၊ အဆင်း၏ မီးအလျှံမှ တသီးတခြားခွဲ၍ မတည်ရှိသကဲ့သို့တည်း။

စ၊ ဆက်၊ ဥပမာယော၊ ဥပမာတို့ကို၊ အနညတ္ထာဒိဂ္ဂဟဏနိဒဿနဝသေနေဝ၊ တစ်မျိုးတခြားမဟုတ်ကုန်သည်၏ အဖြစ် အစရှိသည်ကို ယူခြင်းကို ညွှန်ပြခြင်း၏ အစွမ်းဖြင့်သာလျှင်၊ ဝုတ္တာ၊ ဆိုအပ်ကုန်ပြီး ဝဏ္ဏာဒီနံ၊ တို့၏။ (ဝိဇ္ဇမာနတ္တံဝိယ၊ ထင်ရှားရှိကုန်သည်၏ အဖြစ်ကဲ့သို့၊) အတ္တနော၊ အတ္တ၏၊ ဝိဇ္ဇမာနတ္တဿ၊ ကို၊ တစ်နည်း၊ အတ္တနော၊ အတ္တ၏၊ (အဝိဇ္ဇမာနတ္တဿ၊ ထင်ရှား မရှိကုန်သည်၏အဖြစ်ကို၊ ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ၊ န (ဝုတ္တာ)၊ ဆိုအပ်ကုန်သည်မဟုတ်။

အနညတ္တာဒိဂ္ဂဟဏ ။ ။ ရုပ်ကို အတ္တဟုယူရာ၌ မီးလျှံနှင့် အဆင်းကို ဥပမာ ပြထား၏။ ထိုသို့ပြရာ၌ အစ္စိနှင့် ဝဏ္ဏသည် နှစ်မျိုးမပြားသကဲ့သို့ ရုပ်ကို အတ္တဟု ယူရာ၌ ရုပ်နှင့် အတ္တသည် နှစ်မျိုးမပြားဟုသာ ဥပမာပြလိုရင်း ဖြစ်၏၊ ဝဏ္ဏသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသကဲ့သို့ “အတ္တသည် ထင်ရှားရှိ၏”ဟုလည်းကောင်း, အတ္တသည် ထင်ရှားမရှိသကဲ့သို့ "ဝဏ္ဏလည်း ထင်ရှားမရှိ" ဟုလည်းကောင်း ဥပမာပြလိုရင်း မဟုတ်ပါ။

အာဒိဖြင့် ယူဖွယ် ။ ။အာဒိဖြင့် (ရူပဝန္တံ ဝါ အတ္တာနံ စသည်၌ ရုပ်နှင့်အတ္တတို့ တစ်မျိုးတခြားစီ ဖြစ်ရကား) အညတ္ထကို ယူပါ၊ ဝဏ္ဏာဒိနံ၌ အာဒိဖြင့် နောက်လာမည့် ရုက္ခပုပ္ဖမဏိတို့ကို ယူပါ၊ ရုက္ခ စသည်တို့သည် ပရမတ္ထအားဖြင့် (သစ်ပင်ဟူ၍)မရှိ၊ သို့သော် ရုပ်အပေါင်းကို စွဲ၍ပညတ်ရသော ဥပါဒါပညတ်အနေအားဖြင့် ထင်ရှားရှိသောကြောင့် ရုက္ခစသည်ကို ထင်ရှားရှိသည့်အနေအားဖြင့် ဥပမာပြရသည်၊ (အနု)။

သရီရနိပ္ဖတ္တိယာတိ၊ ကား၊ သရီရပါရိပူရိယာ၊ ကိုယ်တော်၏ ပြည့်စုံခြင်းနှင့်၊ (သမန္နာဂတော၌စပ်၊)
နိစ္ဆိတုံ၊ ဆုံးဖြတ်ခြင်းငှာ၊ အသက္ကန္တော၊ မစွမ်းနိုင်သည်၊ (ဟုတွာ)၊ ဝိစိနန္တော၊ စူးစမ်းဆင်ခြင်လတ်သော်၊ ကိစ္ဆတိ၊ ပင်ပန်းရ၏၊ (စာကို စဉ်းစားရာ၌ ပင်ပန်းခြင်းမျိုးတည်း၊] ဣတိ၊ ကြောင့်၊ ဝိစိကိစ္ဆာ၊ မည်၏။
ဣဒပ္ပစ္စယာနံ ဘာဝေါတိ၊ ဟူသောပါဌ်ဖြင့်၊ ဇာတိအာဒိသဘာဝမေဝ၊ ဇာတိ အစရှိသည်တို့၏ သဘောကိုပင်၊ အာဟ၊ ဝါ၊ တစ်နည်း၊ ဇာတိ အာဒီနံ၊ ဇာတိ အစရှိသည်တို့၏၊ ဇရာ၊ပေ၊သမတ္ထတံ၊ ဇရာမရဏ အစရှိသည်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ကို (အာဟ)၊
ပန၊ ဆက်၊ ဇာတိအာဒိဝိနိမုတ္တာ၊ ဇာတိ အစရှိသည်မှ လွတ်သော၊ သာ၊ ထို ဇရာမရဏာဒိဥပ္ပာဒနသမတ္ထတာသည်၊ နတ္ထိ၊ ဣတိ၊ ကြောင့်၊ ဣဒပ္ပစ္စယတာတိ၊ ဣဒပစ္စယတာဟူသော အမည်သည်၊ တေသံယေဝ၊ ထို ဇာတိ အစရှိ သည်တို့၏ပင်၊ အဓိဝစနံ၊ အမည်သည်၊ ဟောတိ။
ဣဓ၊ ဤ ဒဿနေန ပဟာတဗ္ဗတိက်၌၊ အနာဂတကိလေသာ၊ ထိုက်ရိုက်မလာသော ကိလေသာတို့ကို၊ တဒေကဋ္ဌာကိလေသာတိ၊ ဟူ၍၊ ဝုစ္စန္တိ ၊ ဣတိ၊ ကြောင့်၊ တေ၊ ထို အနာဂတကိလေသာတို့ကို၊ ဒဿေတုံ၊ ငှာ၊ ဣမိဿာစ ပါဠိယာတိအာဒိ၊ ကို၊ (သင်္ဂဟကာရေန) အာရဒ္ဓံ၊
သဟ ဇေကဋ္ဌဝသေနာတိ၊ ကား၊ တတ္ထ၊ ထိုဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်၌၊ ဥပ္ပန္နဒိဋ္ဌိယာ၊ ဖြစ်သောဒိဋ္ဌိနှင့်၊ သဟဇေကဌဝသေန၊ အတူတကွဖြစ်ဖက်၏ အဖြစ်ဖြင့် တစ်ခုတည်းသောစိတ်၌ တည်သည်၏အဖြစ်ဖြင့်၊ (ပဟီယန္တိ၌ စပ်၊) ဣတိ၊ သို့၊ အတ္ထတော၊ သာမတ္ထိယတ္ထအားဖြင့်၊ ဝိညာယတိ၊ ၏၊ [“သဟဇေကဋ္ဌ”ဟု သာမညဆိုသော်လည်း၊ အရာဌာနအားလျော်စွာ “ထို ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်၌ဖြစ်သော ဒိဋ္ဌိနှင့် သဟဇေကဋ္ဌတည်း”ဟု ပြစွမ်းနိုင်ခြင်းကို သာမတ္ထိယတ္ထဟု ဆိုသည်။]
တံသမ္ပယုတ္တောတိ၊ ကား၊ တေဟိ သံယောဇနကိလေသေဟိ၊ ထိုသံယောဇဉ်, ထိုကိလေသာတို့နှင့်၊ သမ္ပယုတ္တော၊ သော၊ ဣတိပိ အတ္ထော၊ သည်လည်း၊ ယုဇ္ဇတိ၊ သင့်၏၊ [အဋ္ဌကထာဝယ် တံသမ္ပယုတ္တော၌ တံသဒ္ဒါဖြင့် တဒေကဋ္ဌ ကိလေသာကိုသာ ညွှန်ပြပါသော်လည်း ဤ ဋီကာဆရာက “တီဏိ သံယောဇနာနိ”အရ သံယောဇဉ်နှင့် “တဒေကဋ္ဌာစ ကိလေသာ”အရ ကိလေသာ၊ ဤနှစ်မျိုးလုံးကိုပင် တံသဒ္ဒါဖြင့် ညွှန်ပြသည်။]
တထာ၊ တူ၊ ဧတဿ၊ ဤကံ၏၊ (တံသမုဋ္ဌာနံ ကာယကမ္မံ စသည်၌ ကာယကံ စသည်၏၊) တေ သံယောဇနကိလေသာ၊ ထို သံယောဇဉ်, ထို ကိလေသာဟူကုန်သော၊ သမုဋ္ဌာနံ၊ ဖြစ်ကြောင်းသည်၊ (အတ္ထိ)၊ ဣတိ၊ ကြောင့်၊ တံသမုဋ္ဌာနံ၊ မည်၏၊ ဣတိဝါ၊ ဤသို့လည်း၊ (ယုဇ္ဇတိ)၊ [အဋ္ဌကထာမှ တစ်နည်းဖြစ်သောကြောင့် “ဣတိဝါ”ဟုဆိုသည်၊ တံသမုဋ္ဌာနံ၌ တံဖြင့် ကိလေသာကိုသာ အဋ္ဌကထာစွဲ၏၊ ဤဋီကာနည်းအလိုကား သံယောဇဉ်, ကိလေသာနှစ်မျိုးလုံးကို စွဲသည်။]
စပန၊ ထပ်၍ ဆက်ဦးအံ့၊ သံယောဇနရဟိတေဟိ၊ သံယောဇဉ်အဖြစ်မှ ကင်းကုန်သော၊ (သံယောဇဉ်အမည် မရကုန်သော၊) ကိလေသေဟိ၊ တို့နှင့်၊ [ထိန,ဥဒ္ဓစ္စ,အဟီရိက,အနောတ္တပ္ပကိလေသာတို့နှင့်၊ တစ်နည်း- ထိန,အဟီရိက, အနောတ္တပ္ပကိလေသာတို့နှင့် ] သမ္ပယုတ္တာနံ၊ ယှဉ်ကုန်သော ခန္ဓာတို့၏လည်း ကောင်း၊ (“တံသမ္ပယုတ္တော ဝေဒနက္ခန္ဓော”စသော ပါဠိတော်အရ ဝေဒနက္ခန္ဓာ စသော ခန္ဓာတို့၏လည်းကောင်း၊) သမုဋ္ဌိတာနံစ၊ ထိုကိလေသာတို့ကြောင့် ဖြစ်သောကံတို့၏လည်းကောင်း၊ (“တံသမုဋ္ဌာနံ ကာယကမ္မံ”စသော ပါဠိတော် အရ ကာယကံစသော ကံတို့၏လည်းကောင်း၊) သမ္ဘာဝတော၊ ထင်ရှားရှိကုန် သည်၏အဖြစ်ကြောင့်၊ ကိလေသေဟေဝ၊ ကိလေသာတို့နှင့်သာ၊ ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းကို၊ (သင်္ဂဟကာရေန) ကထာ၊ ပြုအပ်ပြီ။ [အဋ္ဌကထာ၌ သံယောဇဉ်ကိလေသာ နှစ်မျိုးလုံးကို တံသဒ္ဒါဖြင့် မညွှန်ပြဘဲ ကိလေသာ တစ်မျိုးကိုသာ ညွှန်ပြ၍ အနက်ယောဇနာမှုကို အဋ္ဌကထာဆရာပြုသည်-ဟူလို။]
သံယောဇနာဒီနံ ဝိယာတိ၊ ကား၊ ယထာဝုတ္တာနံ၊ အကြင်အကြင် ဟောတော်မူအပ်ပြီးကုန်သော၊ (“တီဏိ သံယောဇနာနိ, တဒေကဋ္ဌစ ကိလေသာ”စသည်ဖြင့် ဟောတော်မူအပ်ပြီးကုန်သော၊) သံယောဇနတဒေကဋ္ဌ ကိလေသာဒီနံ၊ သံယောဇဉ်, တဒေကဋ္ဌကိလေသာ အစရှိသည်တို့၏၊ ဝါ၊ တို့ကို၊ (ပဟာတဗ္ဗတာ)ဝိယ၊ ပယ်ထိုက်ကုန်သည်၏ အဖြစ်ကဲ့သို့၊
တေဟီတိ၊ ကား၊ ဒဿနဘာဝနာမဂ္ဂေဟိ၊ သောတာပတ္တိမဂ်, အထက်မဂ်သုံးပါးတို့သည်၊ (အပ္ပဟာတဗ္ဗတံ၌စပ်၊)
အဘိသင်္ခါရဝိညာဏံ၊ အဘိသင်္ခါရဝိညာဏ်ဟူသည် ကုသလာကုသလံ၊ ကုသိုလ် အကုသိုလ်တည်း၊ နာမရူပဉ္စ၊ နာမ်ရုပ်ဟူသည်လည်း၊ ဝိပါကံ၊ ဝိပါက်တည်း၊ (နာမ်ဝိပါက်နှင့် ကမ္မဇရုပ်ဝိပါက်တည်း) ဣတိ ကတွာ၊ ဤသို့ နှလုံးသွင်း၍၊ ကုသလာ၊ ပေ၊ အနုညာတန္တိ၊ ဟူ၍၊ (သင်္ဂဟကာရော) အာဟ။
ပဟာတဗ္ဗဟေတုကာတိ၊ ဟူသော၊ ဧတသ္မိံ သမာသပဒေ၊ ဤ သမာသ်ပုဒ်၌၊ ဧကဒေသ၊ တစ်စိတ်အားဖြင့်၊ သမာသပဒတ္ထံ၊ သမာသ်ပုဒ်၏အနက်ကို၊ ဟေတူစေဝါတိ၊ ဟူ၍၊ (သင်္ဂဟကာရော) ဝဒတိ၊
စ၊ ဆက်၊ ဧတ္ထ၊ ဤပါဠိတော်၌၊ ပုရိမနယေန၊ ဖြင့်၊ ဣမေ၊ပေ၊ဟေတုကာတိ၊ ဟေတုကာဟူသော ဤပုဒ်၌၊ ဝါ၊ ဤပုဒ်အရ၊ ဣမေယေဝ၊ ဤတရားတို့သည်သာ၊ ဒဿနေနပဟာတဗ္ဗဟေတုကာ၊ ဒဿနေပဟာတဗ္ဗဟေတုက တရားတို့တည်း၊ ဣတော၊ ဤတရားတို့မှ၊ အညေ၊ အခြားသော တရားတို့သည်၊ န (ဒဿနေနပဟာတဗ္ဗဟေတုကာ)၊ ဒဿနေနပဟာတဗ္ဗဟေတုက တရားတို့မဟုတ်၊ ဣတိ အယံနိယမော၊ ဤသတ်မှတ်ခြင်းသည်၊ ပညာယတိ၊ ထင်ရှား၏၊ ဣမေ၊ ဤတရားတို့သည်၊ ဒဿနေနပဟာတဗ္ဗဟေတုကာယေဝ၊ တို့သာတည်း၊ ဣတိ (အယံ နိယမော)၊ သည်၊ န (ပညာယတိ)၊ **ဧတ္ထစ ပုရိမနယေန** ။ ။ [ပါဠိတော်၌ နှစ်နည်းပြထားသောကြောင့် “ပုရိမနယေန” ဟုလည်းကောင်း, နောက်၌ “ဒုတိယနယော”ဟုလည်းကောင်း စကားသုံးသည်၊] [ကသ္မာ ပန ဘဂဝတာ ပဌမဒွယံ ဝတွာ ဒုတိယနယော ဝုတ္တော၊ နနု ပဌမနယေ ဝုတ္တဓမ္မာယေ၀ ဒုတိယနယေ ဝုတ္တောတိ ကတွာ “ဧတ္ထစာ”တိအာဒိမာဟ၊-မဓု။) ပါဠိတော်၌ ပဌမနည်းဝယ် “ဣမေ ဓမ္မာ ဒဿနေနပဟာတဗ္ဗဟေတုကာ”ဟူသော နိဂုံးဖြင့် “ဤတရားတို့သာ ဒဿနေနုပဟာတဗ္ဗဟေတုက”တို့မည်၏၊ အခြားတရား တို့ကား “ဒဿနေနပဟာတဗ္ဗဟေတုက မမည်”ဟူသော အနက်အဓိပ္ပာယ်သည် ထင်ရှား၏။

တသ္မာ, ဣမေသံ၊ ဤတရားတို့၏၊ ဒဿနေနပဟာတဗ္ဗဟေတုကဘာဝေါ၊ သည်၊ အနိယတော၊ မမြဲ၊(ကသာ)၊ ဝိစိကိစ္ဆာသဟဂတမောဟဿ၊ ဝိစိကိစ္ဆာသဟဂုတ် မောဟ၏၊ အဟေတုကတ္တာ၊ သမ္ပယုတ်ဟိတ် မရှိသည်၏ အဖြစ်ကြောင့်တည်း၊ ဣတိ၊ ကြောင့်၊ ပုရိမနယော၊ သည်၊ ဝိဝရဏီယတ္ထဝါ၊ ဖွင့်ပြထိုက် သော အနက်ရှိသည်၊ ဟောတိ၊

တသွာ၊ပေ၊အနိယတော ။ ။ ထိုသို့ မထင်ရှားသေးသောကြောင့် ဤတရားတို့၏ ဒဿနေနံပဟာတဗ္ဗဟေတုက အဖြစ်ကို အမြဲ မသတ်မှတ်နိုင်၊ ဘာကြောင့်နည်း- ဝိစိကိစ္ဆာသဟဂုတ်မောဟက ပဟာတဗ္ဗအဟေတုက ဖြစ်နေသောကြောင့်တည်း။

ဝိဝရဏီယတ္တဝါ ။ ။ ဤသို့ ပဌမနည်းသည် ဟေတုနှင့် ပဟာတဗ္ဗဟေတုကကို ခွဲခြား၍ မပြနိုင်သောကြောင့် ခွဲခြား၍ပြသောအားဖြင့် အကျယ်ဖွင့်ပြသင့်ရကား အနက်အားဖြင့် ခွဲခြား၍ ဖွင့်ပြဖို့ရန် ဒုတိယနည်းကို ဟောတော်မူရသည်။[ဝိစိကိစ္ဆာ သဟဂုတ်မောဟသည် ဒဿနေနပဟာတဗ္ဗသာ ဟုတ်၏, ဒဿနေနပဟာတဗ္ဗ ဟေတုက မဟုတ်ဟု အနက်အားဖြင့် ခွဲခြား၍ ဖွင့်ပြခြင်းကို “အတ္ထတော နိက္ခိပိတုံ”ဟု ဆိုသည်။]

တသ္မာ, ပုရိမနယေန၊ ဖြင့်၊ ဓမ္မတော၊ ဓမ္မအားဖြင့်၊ ဒဿနေနပဟာတဗ္ဗဟေတုကေ၊ တို့ကို၊ နိက္ခိပိတွာ၊ ချထားတော်မူ၍၊ အတ္ထတော၊ အနက်အားဖြင့်၊ နိက္ခိပိတုံ၊ ငှာ၊ ဒုတိယနယော (ဘဂဝတာ) ဝုတ္တော။ [နိက္ခေပကဏ္ဍဖြစ်၍ “နိက္ခိပိတွာ, နိက္ခိပိတုံ"ဟု ဆိုသည်။]
ဣဒ္ဓိဝိဓာဒယော၊ ဣဒ္ဓိဝိဓအဘိညာဉ် အစရှိကုန်သော၊ မဟဂ္ဂတာ ဝါ၊ မဟဂ္ဂုတ်တရားတို့သည်မူလည်း၊ (ဟောန္တု၊ ဖြစ်ပစေကုန်၊) [ပရိတ္တာဝါ ဟောန္တု မဟဂ္ဂတာ ဝါမှ မဟဂ္ဂတာ ဝါကို ဖွင့်သည်။]
အပ္ပမာဏာရမဏာ၊ အပ္ပမာဏတရားလျှင် အာရုံရှိကုန်သော၊ မဟဂ္ဂတာ၊ မဟဂ္ဂုတ်တရားတို့ဟူ သည်၊ စေတော၊ပေ၊သမ္ပယုတ္တာ၊ စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်, အနာဂတံသဉာဏ်နှင့်ယှဉ်သော တရားတို့တည်း။ [တေ ပန ပရိတ္တာပိ ဟောန္တိ မဟဂ္ဂတာပိ၏ အဖွင့်။]
အနန္တရေ၊ စုတိ၏ အခြားမဲ့အကျိုး၌၊ နိယုတ္တာနိ၊ ယှဉ်ကုန်သော ကံတို့သည်၊ အနန္တရဖလပ္ပယောဇနာနိ၊ စုတိ၏ အခြားမဲ့အကျိုးဟူသော ပယောဇဉ်ရှိသော ကံတို့သည်၊ (အာနန္တ ရိကာနိ၊ အာနန္တရိကတို့ မည်၏။) ဝါ၊ တစ်နည်း၊ အနန္တရဖလကရဏသီလာနိ၊ စုတိ၏ အခြားမဲ့အကျိုးကို ပြုခြင်း အလေ့ရှိသော ကံတို့သည်၊ အာနန္တရိကာနိ၊ တို့ မည်၏။ [ဤသို့ ဝစနတ္ထပြုရမည်ဖြစ်လျှင် အဘယ့်ကြောင့် အဋ္ဌကထာ၌“အနန္တ ရာ ယေန ဖလဒါရကာနိ”ဟု ဆိုပါသနည်းဟု မေးဖွယ်ရှိသောကြောင့်“တာနိပန” စသည်ကိုမိန့်၊] **အနန္တရေ၊ပေ၊အာနန္တရိကာနိ** ။ ။ မာတိကာအဖွင့်၌ “စုတိအနန္တရံ ပန အနန္တရံ နာမ၊ တသ္မိံ အနန္တရေ နိယုတ္တာနိ တံနိဗ္ဗတ္တနေန၊ အနန္တရကရဏသိလာနိ အနန္တရပ္ပယောဇနာနိစာတိ”ဟု သုံးဝိကပ်ပင်ပြခဲ့၏၊ သို့သော် ထို၌ “တတိယနည်းသည် ဤ၌ ဒုတိယနည်းအဖြစ်ဖြင့် လာ၏၊ ထို၌ “အနန္တရပ္ပယောဇနာနိ”ဟုသာ ရှိ၏၊ “အနန္တရဖလ”ဟု ဖလသဒ္ဒါ မပါ။
ပန၊ ဆက်၊ တာနိ၊ ထို အာနန္တရိကကံတို့သည်၊ ပဋိပက္ခေန၊ ဆန့်ကျင်ဘက် ကံတစ်ပါးသည်၊ အနိဝါရဏီယဖလတ္တာ၊ မတားမြစ်အပ် မတားမြစ်နိုင်သော အဝိစိအကျိုးရှိကုန်သည်၏အဖြစ်ကြောင့်၊ (အဝီစိအကျိုးကို မတားမြစ်နိုင်သည်၏အဖြစ်ကြောင့်) အန္တရာယရဟိတာနိ၊ အန္တရာယ်မှ ကင်းကုန်၏၊ ဣတိ၊ ကြောင့်၊ အနန္တရာယေန ဖလဒါရကာနီတိ၊ ဟူ၍၊ (သင်္ဂဟ ကာရေန) ဝုတ္တံ၊
ဝါ၊ တစ်နည်း၊ အနန္တရာယာနိ၊ အန္တရာယ်မရှိသော ကံတို့ သည်၊ အာနန္တရိကာနိ၊ အာနန္တရိကတို့ မည်၏၊ ဣတိ၊ သို့၊ နိရုတ္တိဝသေန၊ ဝဏ္ဏဝိကာရနိရုတ္တိနည်း၏အစွမ်းဖြင့်၊ ပဒသိဒ္ဓိ၊ ပုဒ်ပြီးခြင်းကို၊ ဝေဒိတဗ္ဗာ။
ဧကသ္မိံမ္ပီတိ(ဧတ္ထ)၊ ၌၊ ပိသဒ္ဒေန၊ ဖြင့်၊ အနေကသ္မိံ၊ တစ်ပါးမကများစွာ သောကံကို၊ အာယူဟိတေ၊ အားထုတ်အပ်ပြီးသော်၊ ဝတ္တဗ္ဗမေဝ၊ အာနန္တရိက ဟု ဆိုဖွယ်သည်ပင်၊ နတ္ထိ၊ ဣတိ၊ ဤအနက်ကို၊ ဒဿေတိ၊ [“အနေကသ္မိမ္ပိ” ဟု ပိပါသည်ကား အပို၊]
စ၊ ဆက်၊ တေသံ၊ ထို အာနန္တရိကကံတို့၏၊ အညမညပဋိဗာဟကတ္တံ၊ အချင်းချင်း တားမြစ်တတ်ကုန်သည်၏အဖြစ်သည်၊ န အတ္ထိ၊ (ကသ္မာ)၊ အပ္ပဋိပက္ခတာ၊ ဆန့်ကျင်ဘက် မဟုတ်ကုန်သည်၏အဖြစ် ကြောင့်တည်း၊ စ၊ ဆက်၊ အပ္ပဋိပက္ခတာ၊ ဆန့်ကျင်ဘက် မဟုတ်ကုန်သည်၏ အဖြစ်သည်၊ သမာနဖလတ္တာ၊ တူသော အဝီစိအကျိုးရှိကုန်သည်၏အဖြစ် ကြောင့်၊ ဝါ၊ အတွက်၊ (ဟိတ်ကူ)၊ အနုဗလပ္ပဒါနတော၊ လျော်သောအားကို ပေးတတ်ကုန်သည်၏ အဖြစ်ကြောင့်တည်း၊ (“ပဒါနတောစ” ဟု စသဒ္ဒါ ပါသည်ကား အပို။)
သတ္တာနံ၊ သတွာတို့၏၊ သံကိလေသာယ၊ ညစ်နွမ်းခြင်းငှာ၊ ဟေတု၊ ဇနက အကြောင်းသည်၊ နတ္ထိ၊ ပစ္စယော၊ ဥပထမ္ဘကအကြောင်းသည်၊ နတ္ထိ၊ ဣတိ ဧဝမာဒိကော၊ ဤသို့ အစရှိသော ဝါဒသည်၊ အဟေတုကဝါဒေါ၊ အဟေတုက ဝါဒတည်း၊
ကရောတော၊ ကိုယ်တိုင်ပြုသူသည်လည်းကောင်း၊ ကာရယတော၊ သူတစ်ပါးကို ပြုစေသူသည်လည်းကောင်း၊ ဆိန္ဒတော၊ ကိုယ်တိုင်ဖြတ်သူ သည်လည်းကောင်း၊ ဆိန္ဒာပယတော၊ သူတစ်ပါးကို ဖြတ်စေသူသည်လည်းကောင်း၊ပေ၊ ကရောတော၊ ကိုယ်တိုင်ပြုသူသည်၊ (ကိဉ္စိ၊ သော၊) ပါပံ၊ ကို၊ န ကရီယတိ၊ ပြုအပ်သည် မမည်၊ ဣတိ ဧဝမာဒိကော၊ သည်၊ အကရိယဝါဒေါ၊ တည်း၊ (ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုရာမရောက်ဟု ပြောဆိုကြောင်းဝါဒတည်း၊)
ဒိန္န၊ ပေးလှူကြောင်း ဒါနစေတနာ၏အကျိုး သည်၊ နတ္ထိ၊ ဣတိ ဧဝမာဒိကော၊ သည်၊ နိတ္ထိကဝါဒေါ၊ မည်၏၊
ဧတေသု၊ ဤ သုံးဝါဒတို့တွင်၊ ပုရိမဝါဒေါ၊ ရှေ့ဖြစ်သော အဟေတုကဝါဒသည်၊ ဗန္ဓမောက္ခာနံ၊ သံသရာ၌ နှောင်ဖွဲ့ခြင်း, သံသရာမှလွတ်ခြင်းတို့၏၊ ဟေတုံ၊ အကြောင်းကို၊ ပဋိသေဓေတိ၊ တားမြစ်၏၊ ဒုတိယော၊ ဒုတိယအကိရိယဝါဒ သည်၊ ကမ္မံ၊ ကံကို၊ (ပဋိသေဓေတိ)၊ တတိယော၊ တတိယနတ္ထိကဝါဒသည်၊ ဝိပါကံ၊ အကျိုးကို၊ (ပဋိသေဝေတိ)၊ ဣတိ အယံ၊ ကား၊ ဧတေသံ၊ ဤ သုံးဝါဒတို၏၊ ဝိသေသော၊ တည်း။ **ဗန္ဓမောက္ခာနံ** ။ ။ သံသရာ၌ နှောင်ဖွဲ့ထားခြင်းကို “ဗန္ဓ”, သံသရာမှ လွတ်မြောက် ခြင်းကို “မောက္ခ”ဟု ခွဲ၍ “နတ္ထိ ဟေတု၊ပေ၊သံကိလေသာယ"ဖြင့် သံသရာ၌ နှောင်ဖွဲ့ ထားခြင်း၏အကြောင်း မကောင်းမှုလည်း မရှိဟု ပယ်၏၊ “နတ္ထိ၊ပေ၊ဝိသုဒ္ဓိယာ”ဖြင့် သံသရာမှ လွတ်ခြင်း၏အကြောင်း ကောင်းမှုလည်း မရှိဟု ပယ်၏။ [ဗန္ဓမောက္ခကို မဓု၌ တစ်မျိုးဖွင့်ထားသေး၏။]
တန္တိ၊ ကား [အဋ္ဌကထာဝယ် တဉှိ ဂဟေတွာ၌ တံ၏အဖွင့်ဖြစ်သောကြောင့် “တန္တိ”ဟု ရှိစေ၊] အဟေတုကာဒိနိယတမိစ္ဆာဒိဋ္ဌိ၊ အဟေတုက အစရှိသော နိယတမိစ္ဆာအယူကို၊ ပန၊ ဗျတိရိက်ကား၊ နိယတဘာဝံ၊ မြဲသည်၏အဖြစ်သို့၊ န အပ္ပတ္တံ၊ မရောက်သည် မဟုတ်လော၊ (တံ)၊ ထိုမိစ္ဆာအယူကို၊ (ဂဟေတွာ၌ စပ်)။ (နိယတမိစ္ဆာဒိဋ္ဌိံကို “န ပန၊ပေ၊အပ္ပတ္တံ”ဟု ဝိသေသနပြုသည်။]
ပစ္စယဋ္ဌေနာတိ၊ ကား၊ မဂ္ဂပစ္စယသင်္ခါတေန၊ မဂ္ဂပစ္စည်းဟု ဆိုအပ်သော၊ သမ္ပယောဂဝိသိဋ္ဌေန၊ သမ္ပယောဂသည် အထူးပြုအပ်သော၊ ပစ္စယဘာဝေန၊ ပစ္စည်း၏အဖြစ်ဟူသော၊ (ဟေတုနာ၌စပ်၊) ဣတိ၊ သို့၊ ဝေဒိတဗ္ဗံ၊ **မဂ္ဂပစ္စယ၊ပေ၊ပစ္စယဘာဝေန** ။ ။ အဋ္ဌကထာ၌ ပစ္စယဋ္ဌေနကို“မဂ္ဂပစ္စယသင်္ခါတေန ပစ္စယဘာဝေန”ဟု ဖွင့်၏၊ ပစ္စယဟု သာမညဆိုသော်လည်း ဌာနအားလျော်စွာ မဂ္ဂပစ္စည်းကို ယူပါ၊ အဋ္ဌ(အတ္ထ)သဒ္ဒါလည်း ဘာဝအနက်ဟောဟု ကြံပါ-ဟူလို၊ မဂ္ဂပစ္စည်းတရားနှင့် သမ္ပယုတ်တရားတို့သည် အချင်းချင်း ယှဉ်ကြရသောကြောင့် သမ္ပယောဂဝိသိဋ္ဌေန ဟု ဝိသေသန အပို ထည့်သည်၊ ပါဠိတော်၌လည်း တံသမ္ပယုတ္တော” ဟု ဟောတော်မူသည်။
စ၊ ဆက်၊ ဧတ္ထ၊ ဤပဌမနည်း၌၊ (သုံးနည်းတို့တွင် ပဌမနည်း၌၊) မဂ္ဂပစ္စယ ဘာဝရဟိတေ၊ မဂ္ဂပစ္စည်းအဖြစ်မှ ကင်းကုန်သော၊ မဂ္ဂဟေတုကေ၊ မဂ္ဂ ဟေတုကတရားတို့ကို၊ ဒဿေတုံ၊ ငှာ၊ မဂ္ဂင်္ဂါနိ၊ မဂ္ဂင်တို့ကို၊ ထပနံ၊ ချန်ထား ခြင်းသည်၊ (ဟောတိ)၊ တေန၊ ထို ချန်ထားခြင်းဖြင့်၊ [မဓု၌ “တေနာတိ မဂ္ဂဝစနေန”ဟု တွေ့ရ၏၊] မဂ္ဂဟေတုကေ၊ မဂ္ဂဟေတုကတရားတို့ကို၊ အသင်္ကရတော၊ မဂ္ဂင်ရှစ်ပါးနှင့် မရောသောအားဖြင့်၊ (ဘဂဝါ)၊ ဝဝတ္ထပေတိ၊ ပိုင်းခြားသတ်မှတ်တော်မူ၏။
ပန၊ ဆက်၊ ကောစိ၊ တစ်စုံတစ်ယောက်သည်၊ သစေ ဝဒေယျ၊ အကယ်၍ ဆိုငြားအံ့၊ (ကိံ၊ အဘယ်သို့ ဆိုရာသနည်း၊) ဧကေကံ၊ တစ်ပါးပါးသော၊ အင်္ဂံ၊ အင်္ဂါကို၊ ထပေတွာ၊ ချန်ထား၍၊ (မဂ္ဂင်ရှစ်ပါးတွင် တစ်ပါးပါးသော မဂ္ဂင်ကို ချန်ထား၍၊) တံတံသမ္ပယုတ္တာနံ၊ ထိုထို မဂ္ဂင်နှင့် ယှဉ်ကုန်သော တရားတို့၏၊ မဂ္ဂဟေတုကဘာဝေပိ၊ မဂ္ဂဟေတုက၏ အဖြစ်၌လည်း၊ မဂ္ဂင်္ဂါနိ ထပေတွာတိ ဣဒံ ဝစနံ၊ မဂ္ဂင်္ဂါနိ ထပေတွာဟူသော ဤစကားသည်၊ ယုဇ္ဇတိ၊ သင့်သည်မဟုတ်လော၊ ဣတိ၊ သို့၊ (သစေ ဝဒေယျ၊) **ကောစိ၊ပေ၊ယုဒ္ဓတီတိ** ။ ။ [ပရဝါဒီ၏စကားတည်း၊] ပါဠိတော်၌ ပဌမနည်းဝယ် “မဂ္ဂင်္ဂါနိ ထပေတွာ”ဟု ရှိ၏၊ ထို ပါဠိတော်အရ မဂ္ဂင်ရှစ်ပါးတွင် တစ်ပါးပါးကို ချန်၍ ကျန်ခုနစ်ပါးနှင့်တကွ သမ္ပယုတ်တရားတို့ကို“မဂ္ဂဟေတုက”အရ ကောက်လျှင် သင့်သည်မဟုတ်လော၊ ထိုသို့သင့်လျှင် သမ္မာဒိဋ္ဌိကို ချန်ခိုက် ကျန်မဂ္ဂင်ခုနစ်ပါးသည် လည်းကောင်း, သမ္မာသင်္ကပ္ပ စသည်ကို ချန်ခိုက် ကျန်ခုနစ်ပါးသည်လည်းကောင်း မဂ္ဂဟေတုကအရ၌ ပါဝင်ရကား မဂ္ဂင်ရှစ်ပါးလုံးပင် မဂ္ဂဟေတုက ဖြစ်နိုင်သည် မဟုတ်လော၊ ဤသို့ဆိုငြားအံ့၊ ထိုသို့ဖြစ်လျှင်“မဂ္ဂပစ္စယဘာဝရဟိတေ မဂ္ဂဟေတုကေ ဒဿတုံ”ဟု အဋ္ဌကထာ၌ မဆိုသင့်တော့-ဟူလို။
ဟိ၊ အပြစ်ကို ပြဦးအံ့၊ ဧဝံသတိ၊ ဤသို့ ဆိုတိုင်းဖြစ်လတ်သော်၊ တတိယနယေဝိယ၊ တတိယနည်း၌ကဲ့သို့၊ ဣဓာပိ၊ ဤ ပဌမနည်း၌လည်း၊ ထပေတွာတိ၊ ဟူ၍၊ န ဝတ္တဗ္ဗံ၊ ဟောတော်မမူထိုက်သည်၊ သိယာ၊ ၏၊ စ၊ စင်စစ်ကား၊ ဧတံ၊ ထပေတွာဟူသော ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ၊ တသ္မာ, ဝုတ္တနယေ နေဝ၊ အဋ္ဌကထာ၌ဆိုအပ်ပြီးသော နည်းဖြင့်သာ၊ အတ္ထော ဝေဒိတဗ္ဗော၊[မဂ္ဂင် ရှစ်ပါးကို ချန်ထားသောနည်းသာ အမှန်-ဟူလို။] **ဧဝံ ဟိ၊ပေ၊ ဝေဒိတဗ္ဗော** ။ ။ ဤကား သကဝါဒီ၏စကားတည်း၊ ထိုသို့ တစ်စုံ တစ်ယောက်က ဆိုသည့်အတိုင်း မဂ္ဂင်ရှစ်ပါးကို မချန်ဘဲ ကောက်စေတော်မူလိုပါလျှင် တတိယနည်း၌“ထပေတွာ”ဟု မဟောသကဲ့သို့ ဤပဌမနည်း၌လည်း“ထပေတွာ”ဟု မဟောထိုက်ရာရောက်၏။ [တတိယနည်း၌ ထပေတွာ မပါသောကြောင့် ထိုတရားတို့ ကို မချန်ဘဲ ကောက်ရ၏၊ ဤ၌လည်း မဂ္ဂင်ရှစ်ပါးကို မချန်ဘဲ ကောက်ယူစေတော် မူလိုလျှင် ' “ထပေတွာ”ဟု မဟောဘဲ ထားသင့်၏- ဟူလို။] အမှန်အားဖြင့်ကား- ထို“ထပေတွာ”ပုဒ်ကို ဤပဌမနည်း၌ ဟောထားတော်မူ၏၊ ထို့ကြောင့် အဋ္ဌကထာ ဆိုသည့်အတိုင်း မဂ္ဂင်ရှစ်ပါးကို ချန်၍ ကျန်သော သမ္ပယုတ်တရားတို့ကိုသာ “မဂ္ဂဟေတုက”အရ ကောက်ယူခြင်းဟူသော အနက်ကို သိထိုက်ပါသည်။
ဟိ၊ မှန်၊ အယံ နယော၊ ဤ ပဋ္ဌမနည်းသည်၊ သမ္ပယုတ္တာနံ၊ သမ္ပယုတ်ဖြစ်ကုန်သော၊ မဂ္ဂင်္ဂါမဂ္ဂင်္ဂါနံ၊ မဂ္ဂင်ရှစ်ပါး, မဂ္ဂင်မဟုတ်သော တရားတို့၏၊ ဝိသေသဒဿနတ္ထော၊ အထူးကို ပြရခြင်းအကျိုးရှိ၏၊ ဣတိ၊ မှတ်အပ်၏၊ [မဂ္ဂင်္ဂါမဂ္ဂင်္ဂါနံကို “မဂ္ဂင်္ဂ+အမဂ္ဂင်္ဂါနံ” ဟု ပုဒ်ခွဲပါ။] **မဂ္ဂင်္ဂါ၊ပေ၊နယောတိ** ။ ။ ရှေ့စကားကို ခိုင်မြဲစေသော ဒဋိကရဏတည်း၊ ဤ ပဋ္ဌမနည်းသည် မဂ္ဂင်တရားနှင့် မဂ္ဂင်မဟုတ်ကြသော သမ္မယုတ်တရားတို့၏ အထူးကို ပြသောနည်း ဖြစ်၏၊ ထို့ကြောင့် မဂ္ဂင်ရှစ်ါးကို ချန်၍ ကောက်ရခြင်းသည် အမှန်ပင် ဖြစ်သည်-ဟူလို။ [မဓု၌ “မဂ္ဂင်္ဂါ-အမဂ္ဂင်္ဂါနံ”ဟု ပုဒ်ဖြတ်၍ မဂ္ဂင်္ဂါကို “မဂ္ဂင်္ဂတော”ဟုဖွင့်လေသည်၊ ဝိသေသံ၌ အပါဒါန်အဖြစ်ဖြ စပ်စေလိုဟန် တူ၏၊ စဉ်းစားပါ။]
ပုဗ္ဗေ၊ ရှေ့ပဌမနည်း၌၊ ထပိတာနံ၊ ချန်ထားအပ်ခဲ့ကုန်သော၊ သေသမဂ္ဂင်္ဂါနံ၊ ကြွင်းသော မဂ္ဂင်တို့၏၊ [သဟေတုကဘာဝေါ ဒဿိတော၌စပ်၊) ဣတိ၊ ကား၊ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏အလိုတည်း
ဟိ၊ မှန်၊ ဖဿာဒိနံ၊ ဖဿအစရှိသောတရားတို့၏၊ ပုရိမနယေပိ၊ ရှေ့ပဌမနည်း၌လည်း၊ [ပိဖြင့် ဒုတိယနည်းကိုပေါင်း၊] မဂ္ဂဟေတုကတာ၊ မဂ္ဂဟေတုကတို့၏အဖြစ်သည်၊ သိဒ္ဓါ၊ ပြီးခဲ့ပြီ၊ (အထူးဆိုဖွယ် မလိုပါ-ဟူလို၊) ဣတိ၊ ဤသို့ မှတ်အပ်၏။
ဒုတိယနယေပိ၊ ၌လည်း၊ ထပိတာယ၊ ချန်ထားအပ်ခဲ့သော၊ သမ္မာဒိဋ္ဌိယာ၊ သမ္မာဒိဋ္ဌိ၏၊ တတိယနယေ၊ ၌၊ သဟေတုကဘာဝေါ၊ သဟေတုက၏အဖြစ်ကို၊ ဒဿိတော၊ ပြတော်မူအပ်ပြီ၊
ကထံ၊ အဘယ်သို့လျှင်၊ ဝါ၊ အဘယ်နည်းဖြင့်၊ ဒဿိတော၊ နည်း၊ အရိယမဂ္ဂသမဂိဿ၊ပေ၊မဂ္ဂဟေတူတိ၊ ဟူ၍၊ အဝတွာ၊ ဟောတော်မမူဘဲ၊ အလောဘော၊ပေ၊မဂ္ဂဟေတူတိ၊ ဟူ၍၊ ဝိသုံ၊ သီးခြား၊ သမ္မာဒိဋ္ဌိအာဒိကေ၊ န်သော၊ မဂ္ဂဟေတူ၊ မဂ်၌ဖြစ်သော ဟိတ်တို့ကို၊ ဒဿတွာ၊ ပြတော်မူပြီး၍၊ တံ၊ပေ၊က္ခန္ဓောတိ၊ ဟူ၍၊ ဝိသုံ, မဂ္ဂဟေတုကာနံ၊ မဂ္ဂဟေတုကတရားတို့၏။ ဝါ၊ တို့ကို၊ ဒဿိတတ္တာ၊ ကြောင့်၊ မဂ္ဂဟေတူသု၊ မဂ္ဂဟေတု တရားတို့၌၊ အမောဟောတိ၊ အမောဟော ဟူ၍၊ ဝုတ္တာယ၊ ဟောတော်မူအပ်သော၊ သမ္မာဒိဋ္ဌိယာ၊ ၏၊ မဂ္ဂဟေတုကတာ၊ မဂ္ဂဟေတုက၏ အဖြစ်သည်၊ ဝါ၊ ကို၊ န ဒဿိတာ၊ ပြတော်မမူအပ်သည်၊ သိယာ နနု၊ ဖြစ်ရာသည် မဟုတ်လော၊ (ဣတိ-ဤကား စောဒနာတည်း။) **နနု၊ပေ၊န ဒဿိတာ သိယာ** ။ ။ စောဒက၏ အာဘောဂကိုပြသော စကားတည်း၊ ပါဠိတော်၌ “အရိယမဂ္ဂသမင်္ဂိဿ လာဘော အဒေါသော’ ”ဟု ဟိတ်နှစ်ပါးကိုသ မဂ္ဂဟေတူဟု ဟောတော်မမူဘဲ“အမောဟောတိုင်အောင် ဟိတ် စိတ်သုံးပါးလုံးကို မဂ္ဂဟေတူ (မဂ်နှင့်ယှဉ်သောဟိတ်, မဂ်တွင်ပါဝင်သော အမောဟဟိတ်)ဟု ဟောတော်မူသည်၊ ဤသို့ ဟိတ်သုံးပါးကို ဟောတော်မူပြီးနောက်“တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓာ” စသည်ဖြင့် သမ္မယုတ်တရားတို့ကို “မဂ္ဂဟေတုကာ"ဟု ဟောတော်မူသောကြောင့် အမောဟဟူသော နာမည်ဖြင့် ဟောတော်မူအပ် သမ္မာဒိဋ္ဌိသည် မဂ္ဂဟေတူ အရတွင် ပြအပ်ပြီးဖြစ်ရကား ဖြစ်ရကား တံသမ္ပယုတ္တခန္ဓာတို့ကို ကောက်ယူရသော ကောက်ယူရသော မဂ္ဂဟေတုကအရတွင် မပြအပ်ရာ မရောက်ပါလောဟု စောဒကပုဂ္ဂိုလ်က အာဘော်ပြုသည်။
နော န ဒဿိတာ၊ မပြအပ်မဟုတ်, ပြအပ်သည်သာ၊

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့၊ တီဏိ၊ န်သော၊ သံယောဇနာနိ၊ တို့ကို၊ ဒဿေတွာ၊ ၍ တဒေကဋ္ဌော၊ပေ၊ဟေတူတိ၊ ဟူ၍၊ ဝိသုံ, ပဟာတဗ္ဗဟေတူ၊ ပယ်ထိုက်သော ဟိတ်တို့ကို၊ နိယမေတွာ၊ သတ်မှတ်တော်မူပြီး၍၊ တဒေကဋ္ဌာစ ကိလေသာတိ အာဒိဝစနေန၊ အစရှိသောစကားဖြင့်၊ လောဘဒေါသမောဟာစ၊ တို့သည်လည်းကောင်း၊ ဝါ၊ တို့ကိုလည်းကောင်း၊ အညမညသဟဇေကဋ္ဌာ၊ အချင်းချင်း သဟ ဇေကဋ္ဌဖြစ်ကုန်သော၊ အညမညသမ္ပယုတ္တာ၊ အချင်းချင်း သမ္ပယုတ်ဖြစ်ကုန်သော၊ သင်္ခါရက္ခန္ဓဘူတာစ၊ သင်္ခါရက္ခန္ဓာဖြစ်၍ဖြစ်သော တရားတို့သည်လည်းကောင်း၊ ဝါ၊ တို့ကိုလည်းကောင်း၊ ဒဿနေနပဟာတဗ္ဗဟေတုကာတိ၊ ဟူ၍၊ ဒဿိတာ၊ န်သည်၊ ဟောန္တိယထာ၊ ဧဝံ၊ တူ၊ ဣဓာပိ၊ ဤတတိယနည်း၌လည်း၊ အလောဘာဒယော၊ တို့ကို၊ ဣမေ ဓမ္မာ မဂ္ဂဟေတူတိ၊ ဟူ၍၊ နိဂမိတာ၊ နိဂုံးအုပ်အပ်ပြီးကုန်သည်၊ (သမာနာ)ပိ၊ န်သော်လည်း၊ အညမညသမ္ပယုတ္တ သင်္ခါရက္ခန္ဓဘာဝတော၊ အချင်းအချင်းသမ္ပယုတ်ဖြစ်သော သင်္ခါရက္ခန္ဓာတို့၏ အဖြစ်ကြောင့်၊ တံသမ္ပယုတ္တသင်္ခါရက္ခန္ဓဝစနေန၊ ထို ဟိတ်နှင့်ယှဉ်သော သင်္ခါရက္ခန္ဓာဟူသော စကားဖြင့်၊ မဂ္ဂဟေတုကာတိ၊ ဟူ၍၊ ဒဿိတာဒဝ၊ န်သည်သာ၊ ဣတိ၊ ကြောင့်၊ အမောဟောတိ၊ ဟူ၍၊ ဝုတ္တာယ၊ သော၊ သမ္မာဒိဋ္ဌိယာပိ၊ ၏လည်း၊ မဂ္ဂရဟတုကဘာဝဒဿနံ၊ မဂ္ဂဟေတုက၏အဖြစ်ကို ပြခြင်းသည်၊ သိဒ္ဓံ၊ ပြီးသည်၊ ဟောတိ။

နော န ဒဿိတာ၊ပေ၊ဒဿနံ ။ ။ စောဒက၏အလို(အာဘောဂ)ကို ပယ်ချ၍ မိမိ၏အလိုကို ပြလိုသောကြောင့် “နော န ဒဿိတာ၊ ယထာဟိ”စသည်ကို မိန့်သည်၊ ဆိုလိုရင်းကား-ပါဠိတော်၌ အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးကို “ဣမေ ဓမ္မာ မဂ္ဂဟေတူ”ဟု နိဂုံးအုပ်ပြီးဖြစ်ပါသော်လည်း ထိုသုံးပါးသည် အချင်းချင်း သမ္ပယုတ်ဖြစ်သော သင်္ခါရက္ခန္ဓာများဖြစ်သောကြောင့် “တံသမ္ပယုတ္တော သင်္ခါရက္ခန္ဓော” ဟူသော နောက်စကားအရ မဂ္ဂဟေတုက အရတွင် ပြတော်မူအပ်ပြီးဖြစ်ရကား အမောဟဟူသော သမ္မာဒိဋ္ဌိ၏ မဂ္ဂဟေတုကအဖြစ်လည်း ပြီးစီးပြီး ဖြစ်တော့သည်- ဟူလို။ [“တီဏိ သံဟောဇနာနိ၊ပေ၊ဒဿိတာ ဟောန္တိ "ကား ဒဿနေနပဟာတဗ္ဗ ဟေတုက ပါဠိတော်ကို ဥပမာပြသောစကားတည်း၊ ထို၌ လောဘ ဒေါသ မောဟတို့ကို “ပဟာတဗ္ဗဟေ”ဟု ပြပြီးနောက် “ပဟာတဗ္ဗဟေတုက”တွင်လည်း ပါဝင်ကြသကဲ့သို့-ဟူလို။

သစေ ပန၊ပေ၊ တိပိ ဝုတ္တံ။ ။ သမ္မာဒိဋ္ဌိသည် မဂ္ဂဟေတုကအရတွင် ပါဝင်လျှင် “အရိယမဂ္ဂသမင်္ဂိဿ အလောဘော အဒေါသော၊ ဣမေ ဓမ္မာ မဂ္ဂဟေတူ”ဟု“အမောဟ မပါစေဘဲ ဟောတော်မူသင့်၏”ဟူသော စောဒနာဖွယ်ကို ထုတ်စေ၍ အဖြေကို ပြလို သောကြောင့် “သစေ ပန”စသည်ကို မိန့်သည်၊ ထိုစကားရပ်၌ “သစေ ပန”မှ စ၍ “ဝတ္တဗ္ဗံ သိယာ”တိုင်အောင် စောဒနာဖွယ်ကို ပြသောစကားတည်း၊ “ယသ္မာ၊ပေ၊ အမောဟောတိပိ ဝုတ္တံ"ကား အဖြေတည်း၊ [တတော အညဿဝါတိ တတော သမ္မာဒိဋ္ဌိသင်္ခါတဟေတုတော အညဿ အလောဘအဒေါသဿ၀-အနု။]

ပန၊ ဆက်၊ ယော၊ အကြင်သမ္မာဒိဋ္ဌိဟူသော အမောဟကို၊ ဒုတိယနယေ၊ ၌၊ မဂ္ဂေါစေဝ ဟေတုစာတိ၊ ဟူ၍၊ ဝုတ္တော၊ ဟောတော်မူအပ်ပြီ၊ (ပါဠိတော်၌ ဟောတော်မူအပ်ပြီ၊) တတော၊ ထို သမ္မာဒိဋ္ဌိဟူသော အမောဟဟိတ်မှ၊ အညဿဝ၊ အခြားသော အလောဘ အဒေါသ၏သာလျှင်၊ အညေန၊ မဂ္ဂေါဟေတုဟူသော ပရိယာယ်မှအခြားသော၊ အသာဓာရဏေန၊ အမောဟနှင့် မဆက်ဆံသော၊ ပရိယာယေန၊ မဂ္ဂဟေတုဟူသော ပရိယာယ်ဖြင့်၊ မဂ္ဂဟေတု ဘာဝံ၊ မဂ္ဂဟေတု၏အဖြစ်ကို၊ ဒဿေတွာ၊ ၍၊ တံသမ္ပယောဂတော၊ ထို အလောဘ အဒေါသနှင့် ယှဉ်ခြင်းကြောင့်၊ သမ္မာဒိဋ္ဌိယာ၊ ၏၊ မဂ္ဂဟေတုက ဘာဝဒဿနတ္ထော၊ မဂ္ဂဟေတုကအဖြစ်ကို ပြရခြင်းအကျိုးရှိသော၊ တတိယနယော၊ သည်၊ သစေ သိယာ၊ (ဧဝံသတိ)၊

ယော၊ပေ၊အညဿေဝ ။ ။ပါဠိတော်ဝယ် ဒုတိယနည်း၌ သမ္မာဒိဋ္ဌိကို “မဂ္ဂေါစေဝဟေတုစ”ဟု ဟောတော်မူ၏၊ [“မဂ္ဂေါဟေတု”ဟူသော အသုံးသည် သမ္မာဒိဋ္ဌိ (အမောဟ)အတွက် အသုံးတည်း၊] ထိုအမောဟမှတစ်ပါးသော အလောဘ အဒေါသ ကို “အညဿေဝ”ဟု ဆိုသည်၊ ဤ “အညဿေဝ”ကို မဂ္ဂဟေတုဘာဝံ၌ စပ်။

အညေန၊ပေ၊ပရိယာယေန ။ ။ စကားအသုံးအနှုန်း တစ်မျိုးကို ပရိယာယဟုဆိုသည်၊ စောဒကသည် “မဂ္ဂါဟေတု”ဟု သုံးလျှင် အမောဟသာ ရ၏၊ "မဂ္ဂဟေတူ”ဟု သုံးလျှင် အမောဟသာ ရ၏။ “မဂ္ဂဟေတူ”ဟု သမာသ်ဗဟုဝုစ်သုံးလျှင် မဂ်နှင့် ယှဉ်သော အလောဘ အဒေါသရ၏၊ ထို့ကြောင့် “မဂ္ဂဟေတူ”ဟု သုံးစွဲခြင်းကို “အသာဓာရဏပရိယာယ-အမောဟနှင့် မဆက်ဆံသော ပရိယာယ်”ဟု ယူသည်။

အရိယ၊ပေ၊အာဒိ၊ အစရှိသောစကားသည်၊ ဝါ၊ ကို၊ ဝတ္တဗ္ဗံ၊ ဟောတော်မူထိုက်သည်၊ သိယာ၊
ပန၊ စင်စစ်ကား၊ ယသ္မာ, မဂ္ဂဟေတူတိ၊ ဟူသော၊ အညေန၊ မဂ္ဂေါ ဟေတုဟူသော ပရိယာယ် မှ အခြားသော၊ သာဓာရဏေန၊ ဟိတ်သုံးပါးလုံးနှင့်ဆက်ဆံသော၊ ဣမိနာ ပရိယာယေန၊ ဤပရိယာယ်စကားဖြင့်၊ ယေသံ၊ အကြင် ဟိတ်သုံးပါးတို့၏၊ မဂ္ဂဟေတုဘာဝေါ၊ မဂ္ဂဟေတုတို့၏အဖြစ်သည်၊ သမ္ဘဝတိ၊ တေသဗ္ဗေ၊ ထို အလုံးစုံသော ဟိတ်သုံးပါးတို့ကို၊ မဂ္ဂဟေတူတိ၊ ဟူ၍၊ ဒဿေတွာ၊ ၍၊ တံသမ္ပယုတ္တာနံ၊ ထိုဟိတ်သုံးပါးနှင့် ယှဉ်ကုန်သော၊ တေသံ၊ ထိုဟိတ်တို့၏ လည်းကောင်း၊ (အချင်းချင်းယှဉ်ကြသော ဟိတ်သုံးပါးတို့၏လည်းကောင်း၊) အညေသံစ၊ ဟိတ်သုံးပါးမှအခြားသောဖဿစသောတရားတို့၏လည်းကောင်း၊ မဂ္ဂဟေတုကဘာဝဒဿနတ္ထော၊ သော၊ တတိယနယော၊ သည်၊ (ဟောတိ)၊ တသ္မာ, တတ္ထ၊ ထို တတိယနည်း၌၊ (တစ်နည်း) တတ္ထ၊ ထို မဂ္ဂဟေတုအရ၌၊ အမောဟောတိပိ၊ ဟူ၍လည်း၊ (ဘဂဝတာ) ဝုတ္တံ၊ **ယသွာ၊ပေ၊ ပရိယာယေန** ။ ။ ပရိဟာရ်ဆရာကား “မဂ္ဂဟေတူ”ဟူသော အသုံးကိုပင် ဟိတ်သုံးပါးလုံးနှင့် ဆက်ဆံသောကြောင့် “သာဓာရဏပရိယာယ”ဟု ဆိုသည်။ [တေသံတိ ဟေတု၊ အညေသံတိ ဟေတုသမ္မယုတ္တာနံ။-အနု။]
ဟိ၊ မှန်၊ သော၊ ထိုအမောဟသည်၊ မဂ္ဂဟေတု၊ မဂ္ဂဟေတုသည်၊ န ဟောတိ၊ မဟုတ်သည်ကား၊ န၊ မဟုတ်၊ (ဟောတိဧဝ၊ ဟုတ်သည်သာ) ဣတိ၊ ဤသို့ မှတ်အပ်၏။
ပန၊ ဆက်၊ တယောပိ၊ သုံးပါးလည်း ဖြစ်ကုန်သော၊ ဣမေနယာ၊ ဤ နည်းတို့ကို၊ အတ္ထဝိသေသဝသေန၊ အနက်အရကောက်အထူး၏အစွမ်းဖြင့်၊ (သုံးနည်းလုံး အနက်အရကောက် ထူးသည်၏အစွမ်းဖြင်း) နိက္ခိတ္တတ္တာ၊ ချထားအပ်ကုန်သည်၏အဖြစ်ကြောင့်၊ အတ္ထတော၊ အနက်အားဖြင့်၊ နိက္ခေပေါ၊ ချထားကြောင်းနည်းတို့ဟူ၍၊ ဒဋ္ဌဗ္ဗာ၊ ကုန်၏၊ **ဣမေ ပန၊ပေ၊ဒဋ္ဌဗ္ဗာ** ။ ။ ဤသို့ နည်းသုံးမျိုးကို ပြရာ၌ “မူလတော ခန္ဓတော စာပိ" စသော နိက္ခေပတို့တွင် အဘယ်နိက္ခေပအားဖြင့် ပြအပ်ပါကုန်သနည်းဟု မေးဖွယ်ရှိသောကြောင့် “ဣမေ ပန”စသည်ကို မိန့်သည်။ ဤနည်းသုံးမျိုးတို့ကို “မဂ္ဂဟေတုကာ”ဟူသော ပါဠိတော်၏ အနက်အထူးအားဖြင့် နိက္ခိပန(ဟောချမှု) ပြုအပ်သောကြောင့် “အတ္ထတော နိက္ခေပ”ဟူ၍ မှတ်ထိုက်ကြသည်-ဟူလို။
အထဝါ၊ ကား၊ သရူပေန၊ သရုပ်သကောင်အားဖြင့်၊ ဝစနံ၊ ဟောတော်မူကြောင်းစကားသည်၊ ဓမ္မတော၊ ဓမ္မအားဖြင့်၊ နိက္ခေပေါ၊ ချထားကြောင်းစကားတည်း၊ အတ္ထေ၊ အနက်အားဖြင့်၊ (ဝစနံ၊ သည်၊) အတ္ထတော၊ အားဖြင့်၊ (နိက္ခေပေါ၊ တည်း၊) ဣတိဧဝံပိ၊ သို့လည်း၊ ယောဇနာ၊ အဓိပ္ပာယ်ကို ယှဉ်စေခြင်းသည်၊ သမ္ဘ၀တိ၊ ဖြစ်သင့်၏၊ **အထဝါ** ။ ။ ဒုတိယ တတိယနည်းတို့သည် ဤတရားတို့သည် မဂ္ဂဟေတုတရားတို့ တည်း၊ ဤတရားတို့ကား မဂ္ဂဟေတုရှိကြသော မဂ္ဂဟေတုက (ဟေတုမန္တ)တရားတို့ တည်းဟု ဟေတုနှင့် ဟေတုမန္တ ကို ခွဲခြား၍ သရုပ်ထုတ်ပြသောကြောင့် “ဓမ္မတော နိက္ခေပ” တို့ ဖြစ်ကြ၏၊ ပဌမနည်းကား ထိုသို့ ဟေတုနှင့် ဟေတုမန္တခွဲ၍ သရုပ်ထုတ် မပြဘဲ “မဂ္ဂင်္ဂါနိ ထပေတွာ”စသည်ဖြင့် ဟောတော်မူသောကြောင့် အနက်အဓိပ္ပာယ်အားဖြင့်သာ “မဂ္ဂင်ရှစ်ပါးသည် ဟေတု, သမ္မယုတ်တရားတို့ကား ဟေတုမန္တ”ဟု ခွဲခြား၍ သိရသောကြောင့် အတ္ထတောနိက္ခေပဖြစ်သည်။ [တထာ အဒဿနတောတိ သရူပေန အဒဿနတော၊-အနု။]
တတ္ထ၊ ထိုနည်းတို့တွင်၊ ဒုတိယတတိယနယာ၊ တို့သည်၊ သရူပတော၊ သရုပ်သကောင် အားဖြင့်၊ ဟေတု၊ပေ၊ဝသေန၊ ဟိတ်, ဟိတ်ရှိသောတရားတို့ကို ပြခြင်း၏ အစွမ်းဖြင့်၊ နိက္ခေပေါ၊ သည်၊ (ဟောတိ)၊
ပဌမနယော၊ သည်၊ တထာ၊ ထို သရုပ်သကောင်အားဖြင့်၊ အဒဿနတော၊ မပြခြင်းကြောင့်လည်းကောင်း၊ အတ္ထေန၊ အားဖြင့်၊ မဂ္ဂင်္ဂတံသမ္ပယုတ္တာနံ၊ မဂ္ဂင်ရှစ်ပါး, ထို မဂ္ဂင်ရှစ်ပါးနှင့် ယှဉ်သောတရားတို့၏၊ ဟေတု၊ပေ၊ဂမနတောစ၊ ဟိတ်, ဟိတ်ရှိသောတရား၏အဖြစ်ကို သိစေခြင်းကြောင့်လည်းကောင်း၊ အတ္ထတော၊ အားဖြင့်၊ နိက္ခေပေါ၊ သည်၊ (ဟောတိ)၊ ဣတိ၊ အပြီးတည်း။ **အတ္ထေန၊ပေ၊ဂမနတော** ။ ။ “မဂ္ဂင်္ဂါနိ ထပေတွာ တံသမ္ပယုတ္တော”ဟု ဟောတော်မူခြင်းကြောင့် မဂ္ဂင်ရှစ်ပါးတရားတို့၏ မဂ္ဂပစ္စည်းဟူသော ဟေတုအဖြစ်ကို သရုပ်ထုတ်၍ ပြပြီးဖြစ်တော့၏၊ မဂ္ဂဟေတု (မင်္ဂလည်းဟုတ်, ဟိတ်လည်းဟုတ်သော) သမ္မာဒိဋ္ဌိက သမ္ပယုတ်တရားတို့၏ ဟေတုအဖြစ် (ဟိတ်ဖြစ်သောအကြောင်း၏အဖြစ်)ကိုကား တိုက်ရိုက်သရုပ်အားဖြင့် မပြဘဲ အနက်အရအားဖြင့် သိစေ၏၊ ထို့ကြောင့်လည်း “အတ္ထတောနိက္ခေပ”ဖြစ်သည်ဟု အနုဋီကာဖွင့်သေး၏။
ယသ္မိံ သဘာဝဓမ္မေ၊ အကြင် ပရမတ္ထသဘောတရား၌၊ နိန္န ၊ပေ၊ ဘာဝေန၊ ညွတ်သည်၏အဖြစ်၊, ကိုင်းသည်၏အဖြစ်, ရှိုင်းသည်၏အဖြစ် ဖြင့်၊ စိတ္တံ၊ စိတ်သည်၊ ပဝတ္တတိ၊ ၏၊ သော၊ ထို ပရမတ္ထသဘောတရားကို၊ တဿ၊ ထိုစိတ်၏၊ အာရမဏာဓိပတိ၊ အာရမဏာဓိပတိဟူ၍၊ ဝေဒိတဗ္ဗာ၊ [ဤစကားဖြင့် ပညတ်၏ အာရမဏာဓိပတိ မတပ်ကြောင်းကို ပြသည်၊]
စေတောပရိယဉာဏေန၊ ဖြင့်၊ ဇာနိတွာ၊ ရှေးဦးစွာသိပြီး၍၊ ပစ္စဝေက္ခမာနော၊ ကာမာဝစရဉာဏ်ဖြင့် ဆင်ခြင်သူကို၊ တေန၊ ထို စေတောပရိယဉာဏ်ဖြင့်၊ ပစ္စဝေက္ခမာနောတိ၊ ဆင်ခြင်သူဟူ၍၊ (သင်္ဂဟကာရေန) ဝုတ္တော၊ **ပစ္စဝေက္ခမာနော** ။ ။ စေတောပရိယဉာဏ်သည် သူတစ်ပါးစိတ်ကိုသိသော ဉာဏ် တည်း၊ ဆင်ခြင်သောဉာဏ် မဟုတ်၊ ထို့ကြောင့် ရှေးဦးစွာ စေတောပရိယဉာဏ်ဖြင့် သူတစ်ပါး၏စိတ်ကို သိပြီး၍ ကာမာဝစရဖြစ်သော ပစ္စဝေက္ခဏာဉာဏ်ဖြင့် သရာဂစိတ်, ဝီတရာဂစိတ် စသည်ဖြင့် ဆင်ခြင်သူကို “စေတောပရိယဉာဏေန ပစ္စဝေက္ခမာနော”ဟု အဋ္ဌကထာဆိုသည်။
ဧတ္ထာပီတိ၊ ကား၊ ဧတသ္မိံပိ အဋ္ဌကထာဝစနေ၊ ဤ ရှေးအဋ္ဌကထာစကား၌လည်း၊ ဝါ၊ တစ်နည်း၊ ပဋ္ဌာနေ၊ ပဋ္ဌာန်း၌၊ မဂ္ဂါဒီနိ၊ မဂ်အစရှိသည်တို့ကို၊ ထပေတွာ၊ ချန်ထား၍၊ အညေသံ၊ အခြားသော တရားတို့၏၊ အဓိပတိပစ္စယဘာဝဿ၊ အဓိပတိပစ္စည်း၏အဖြစ်ကို၊ အဝစနေနေဝ၊ ဟောတော်မမူခြင်းဖြင့်ပင်၊ ဧတ္ထ ပဋိက္ခေပပါဠိယံ၊ ဤ ပယ်မြစ်ကြောင်းပါဠိ၌။
အယမေဝတ္ထောတိ၊ ကား၊ အတ္တနော၊ ၏၊ မဂ္ဂဖလံ၊ မဂ်ဖိုလ်ကို၊ ထပေတွာ၊ ၍၊ ဣတိ အတ္ထော၊

ဝီမံသာဓိပတေယျန္တိ၊ ပါဌ်ဖြင့်၊ ပဓာနေန၊ ပဓာနဖြစ်သော၊ အဓိပတိနာ၊ အဓိပတိဖြင့်၊ သဟဇာတာဓိပတိ၊ သဟဇာတာဓိပတိကို၊ နိဒဿိတော၊ ညွှန်ပြတော်မူအပ်ပြီ၊ တယိဒံ၊ ထို ဝီမံသာဓိပတျေယျံဟူသော စကားသည်၊ နယဒဿနမတ္တမေဝ၊ ပဓာနနည်းကို ပြကြောင်းစကားမျှသည်သာ၊ ဟောတိ၊ ဣတိ၊ ကြောင့်၊ အညောပိ၊ အခြားလည်းဖြစ်သော၊ ဧဝံ ပကာရော၊ ဤသို့ အပြားရှိသော၊ ဝါ၊ ဤသို့ အလားတူဖြစ်သော၊ သဟဇာတော၊ တကွ ဖြစ်သော၊ မဂ္ဂါဓိပတိ၊ ဝီရိယဟူသော မဂ္ဂါဝိပတိသည်၊ ဝါ၊ ကို၊ နိဒဿိတော ဟောတိ၊ တသ္မာ ဝီရိယာဓိပတေယျန္တိစ၊ ဟူ၍လည်း၊ ယောဇေတဗ္ဗံ၊ ပါဠိ တော်၌ ယှဉ်စေထိုက်၏၊

ပဓာနေန အဓိပတိနာ ။ ။ သဟဇာတာဓိပတိကို ညွှန်ပြရာ၌ အဓိပတိလေးပါး ရှိသည်တွင် ဝီမံသာဓိပတိတစ်ပါးဖြင့်သာ ပါဠိတော်၌ ညွှန်ပြတော်မူ၏။ ထိုသို့ညွှန်ပြခြင်းသည် အဘယ့်ကြောင့်ပါနည်းဟု မေးဖွယ်ရှိသောကြောင့် “ပဓာနေန အဓိပတိနာ” စသည်ကို မိန့်သည်၊ “ဝီမံသာဓိပတိ"က ပဓာနဖြစ်သောကြောင့် ထို ဝီမံသာဓိပတိ ဖြင့်သာ ညွှန်ပြတော်မူအပ်သည်-ဟူလို၊ ဝီမံသာဓိပတိ၏ ပဓာနဖြစ်ခြင်းမှာလည်း ကုသိုလ်တရားတိုင်းမှာ ပညာဉာဏ်သာ အလွန်အကဲ ရှိသောကြောင့်လည်းကောင်း, ဤလောကုတ္တရာ(မဂ္ဂါဓိပတိ)အရာဝယ် ပညာပဓာနဖြစ်သောကြောင့်လည်းကောင်း တည်း။ [ပညုတ္တရတ္တာ ကုသလာနံ, လောကုတ္တရကထာယစ ပညာဓုရတာ ဝီမံသာဓိပတိဿ သေသာဓိပတိနံ ပဓာနတာ ဝေဒိတဗ္ဗာ၊-အနု။]

ဝီရိယာဓိပတေယျံတိစ ။ ။ ပါဠိတော်၌ “ဝီမံသာဓိပတေယျံ”ဟူသော စကားကို ပဓာနနည်း, နိဒဿနည်းဟုယူ၍ ထိုစကားဖြင့် ဝီမံသာဓိပတိနှင့်အလားတူ မဂ္ဂါဓိပတိ ရထိုက်သော တရားကိုလည်း ယူဖို့ရန် ညွှန်ပြထား၏ဟု ယူပါ၊ ထို့ကြောင့်(မဂ္ဂါဓိပတိ ဖြစ်နိုင်သော ဝီရိယကို ယူ၍) ဝီမံသာဓိပတေယျံဟူသော ပါဠိတော်နေရာဝယ် “ဝီရိယာ ဓိပတေယျံ မဂ္ဂံ ဘာဝယန္တဿ”ဟုလည်း ယှဉ်စေထိုက်, သုံးစွဲထိုက်ပါသည်-ဟူလို။ [တချို့စာအုပ်၌ “ဝီရိယာဓိပတေယျေနာတိစ”ဟု ပါဌ်ပျက်၏၊ “ဝီရိယာဓိပတေယျေန စ ယောဇေတဗ္ဗံ”ဟုသော်လည်း ဣတိ မပါဘဲရှိလျှင် ကောင်း၏။]

ဟိ၊ မှန်၊ ဣဒမ္ပိ၊ ဤ ဝီရိယာဓိပတေယျံဟူသော စကားကိုလည်း၊ အတ္တတော၊ သာမတ္တိယတ္တအားဖြင့်၊ ဝုတ္တမေဝ၊ ဟောတော်မူ အပ်ပြီးသည်သာ၊ ဣတိ၊ အပြီးတည်း၊ [ဝီမံသာဓိပတေယျပုဒ်သည် “ဝီရိယာ ဓိပတေယျ”ဟူသောအနက်ကို သာမတ္ထိယတ္ထအားဖြင့် ပြစွမ်းနိုင်သည်-ဟူလို။]
အတ္တနော၊ ၏၊ သဘာဝေါ၊ သဘောတည်း၊ အတ္တဘာဝေါ၊ မိမိ၏သဘော။ [အတ္တဘာဝေါ အရ ခန္ဓာငါးပါးကို ယူမည်စိုး၍ “အတ္တနော သဘာဝေါ အတ္တဘာဝေါ”ဟု ဖွင့်သည်။]
အနေကကပ္ပသဟဿာယုကာနံ၊ တစ်ပါးမက များစွာသော ကပ္ပာအထောင် အသက်ရှည်ကုန်သော၊ သတ္တာနံ၊ သတ္တဝါတို့၏အတွက်၊ လဒ္ဓေါကာသဿ၊ ရအပ်သော အကျိုးပေးခွင့်ရှိသော၊ ကမ္မဿ၊ ကံ၏၊ ဝိပါကော၊ အကျိုးသည်၊ ကပ္ပသဟဿာတိက္ကမေ၊ ကပ္ပာ တစ်ထောင် လွန်ရာအခါ၌၊ ဥပ္ပဇ္ဇတိ၊ ၏၊ ဝါ၊ တစ်နည်း၊ ကပ္ပသဟဿာ တိက္ကမေပိ၊ ကပ္ပာတစ်ထောင် လွန်ရာအခါ၌လည်း၊ လဒ္ဓေါကာသံ၊ ရအပ်သော အကျိုးပေးခွင့်ရှိသော၊ ယံ၊ အကြင်ကံသည်၊ ဘဝိဿတိ၊ ရောက်လတ္တံ့ [လဒ္ဓေါကာသံ ယံ ကမ္မံ ပါပုဏိဿတိ၊-အနု၊ ဘူဓာတ်၏ ပတ္တိအနက်ကို ဖွင့်သည်။] တဒပိ၊ ထိုကံသည်လည်း၊ လဒ္ဓေါကာသမေဝ၊ ရအပ်သောအကျိုးပေးခွင့်ရှိသော ကံသာတည်း၊ ဣတိ၊ ကြောင့်၊ အတ္တနော၊ မိမိဟူသော ကံ၏၊ ဝိပါကံ၊ ကို၊ သမ္မာယ၊ ၍၊ ဝုစ္စတိ၊ (ကပ္ပသဟဿာတိက္ကမေ)ဟု ဆိုအပ်၏။
နတ္ထိ၊ပေ၊ဟောတီတိ၊ ကား၊ အနုပ္ပန္နောနာမ၊ ဥပ္ပန္နမဟုတ်သည် မည်သည်၊ န ဟောတိ၊ ဣတိ၊ ကား၊ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏အလိုတည်း၊
ဥပ္ပာဒါဒီသု၊ ဥပါဒ်အစရှိသော ခဏတ္တယတို့၌၊ အန္တောဂဓတ္တာ၊ အတွင်းဝင်ကုန် သည်၏ အဖြစ်ကြောင့်၊ ဥပ္ပာဒိနော ဓမ္မာတိ ဧတေန ဝစနေန၊ စကားဖြင့်၊ ဝုစ္စတိ၊ ဆိုအပ်ဆိုနိုင်၏၊ ဣတိ ကတွာ၊ ဤအကြောင်းကြောင့်၊ ဥပ္ပာဒိ၊ပေ၊ ဇာတာတိ၊ ဟူ၍၊ (သင်္ဂဟကာရော) အာဟ။
အရူပသင်္ခါတော အတ္တာတိ၊ ပါဌ်ဖြင့်၊ အရူပဘဝင်္ဂံ၊ အရူပဘဝင်ကို၊ အာဟ၊
ဟိ၊ မှန်၊ တတ္ထ၊ ထို အရူပဘဝင်၌၊ (အတ္တာတိ ဝေါဟာရော ပဝတ္တော၌စပ်၊) အာကာသာနဉ္စာယတနသညာဒိမယော၊ အာကာသာနဉ္စာယတနသညာ အစရှိသည်ဖြစ်သော၊ အတ္တာ၊ အတ္တတည်း၊ ဣတိ၊ သို့၊ အတ္ထတော၊ သာမတ္ထိယတ္ထအားဖြင့်၊ ဝေါဟာရော၊ အခေါ်အဝေါ်သည်၊ ပဝတ္တော၊ ၏၊ ဣတိ၊ ဤသို့ မှတ်အပ်၏။ [ဤဝါကျများ၏ အဓိပ္ပာယ်ကို အဋ္ဌကထာနိဿယ၌ ပြထားပြီ။]

ပန၊ ဆက်၊ အာယူဟိတံ၊ အားထုတ်အပ်ပြီးသော၊ ကုသလာကုသလကမ္မံ၊ ကုသိုလ်,အကုသိုလ်ကံသည်၊ သဗ္ဗံ၊ အလုံးစုံသည်၊ ဝိပါကံ၊ အကျိုးကို၊ ယဒိ ဒဒေယျ၊ အကယ်၍ပေးအံ့၊ (ဧဝံသတိ)၊ အလဒ္ဓေါကာသဉ္စ၊ မရအပ်သော အခွင့်ရှိသော ကံသည်လည်း၊ ဝိပါကံ၊ ကို၊ ဒေတိ၊ ပေး၏၊ (ပေးနိုင်ရာ ရောက်၏၊) ဣတိ ကတွာ၊ ဤအကြောင်းကြောင့်၊ ဝိပက္ကဝိပါကဉ္စ၊ ရင့်ကျက် ပြီးသော အကျိုးရှိသောကံသည်လည်း၊ ဝါ၊ အကျိုးပေးပြီးသော ကံသည်လည်း၊ ဒဒေယျ၊ ထပ်၍ အကျိုးပေးရာ၏၊ တတော၊ ထို့ကြောင့်၊ ဧကဿေဝ၊ တစ်မျိုး သာလျှင်ဖြစ်သော၊ ကမ္မဿ၊ ကံ၏၊ သဗ္ဗဝိပါကေန၊ အလုံးစုံသောအကျိုးသည်၊ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏၊ ဣတိ၊ ကြောင့်၊ အညဿ၊ အခြားသော၊ ကမ္မဿ၊ ကံ၏၊ သြကာသော၊ အခွင့်သည်၊ န ဘဝေယျ၊ မဖြစ်တော့ရာ၊ (ကသ္မာ)၊ နိရတ္ထကတ္တာ၊ အကျိုးမရှိသည်၏ အဖြစ်ကြောင့်တည်း၊ ဝါ၊ တစ်နည်း၊ ဥပ္ပန္နဿ၊ ဖြစ်ပြီးသောကံ၏၊ ဖလဒါနေ၊ အကျိုးကို ထပ်၍ပေးခြင်းသည်၊ (သတိ၊ သော်၊ အညဿ၊ သော၊ ကမ္မဿ၊ ၏၊) ဥပ္ပတ္တိယာယေဝ၊ ဖြစ်ခြင်း၏ပင်၊ သြကာသော၊ သည်၊ န န ဘဝေယျ၊ တော့ရာ၊

ယဒိ ပန၊ပေ၊ ဒဒေယျ ။ ။ “ယဒိ ပန အာယူဟိတံ ကမ္မံ၊ပေ၊န ဘဝေယျ”ဟူသော အဋ္ဌကထာပါဌ်ကို ဖွင့်ပြလို၍ “ယဒိ ပန"စသည်ကို မိန့်သည်၊ အလဒ္ဓေါကာသည်၌ စဖြင့် လဒ္ဓေါကာသကို ငဲ့၏၊ “လဒ္ဓေါကာသကံသာမက အလဒ္ဓေါကာသကံလည်း အကျိုးပေးနိုင်ရာရောက်၏"ဟုလို၊ ဝိပက္ကံ+ဝိပါကံ ယဿာတိ ဝိပက္တဝိပါကံ”အရ “ရင့်ကျက်ပြီးသော အကျိုးရှိသောကံ”ဟူသည် အကျိုးပေးပြီးသောကံတည်း။

ဆက်ဦးအံ့

  • အလဒ္ဓေါကာသ(အကျိုးပေးခွင့်မရသော)ကံဟူသည် မိမိအကျိုးပေးခွင့် ရလောက်အောင် အထောက်အကူပြုမည့် အခြားအကြောင်းများဟူသော အဖော်မရ သောကံတည်း၊ ထိုကံသည် အကျိုးသို့ရှေးရှုပြုခြင်း မရှိသောကြောင့် ထိုအလဒ္ဓေါကာသ ကံနှင့် အကျိုးပေးပြီးသော ဝိပက္ကဝိပါကကံသည် သဘောတူ ဖြစ်၏၊ ထို့ကြောင့် “အလဒ္ဓေါကာသံ၊ပေ၊ ၊ ဒဒေယျ”ဟု ဆိုသည်၊ အလဒ္ဓေါကာသကံသည်လည်း အကျိုး ပေးနိုင်လျှင် ထိုကံနှင့်တူသော ဝိပက္ကဝိပါကကံလည်း အကျိုးကို ထပ်၍ ပေးနိုင်စရာ ရှိသည်-ဟူလို။ [အဝိပတ္ထဝိပါကံ ကမ္မံ သဟကာရီကာရဏသမဝါယာ လာဘေန အကတောကာသံ ဝိပါကာဘိမုခဘာဝါဘာဝတောဝိပက္ကဝိပါကကမ္မ သရိက္ခကံတိ ဝုတ္တံ၊ “အလဒ္ဓေါ၊ပေ၊ဒဒေယျာတိ"-အနု။]

တတော၊ပေ၊နိရတ္ထကတ္တာ။ ။ တတော-ထိုသို့ အကျိုးပေးပြီးသောကံက ထပ်၍ အကျိုးပေးနိုင်ရာ ရောက်သောကြောင့် ကံတစ်ခုတည်း၏ပင် အကျိုးအားလုံး ဖြစ်စရာ ရှိ၏။ အကုသိုလ်ကံတစ်ခုကြောင့် မကောင်းကျိုးအားလုံး, ကုသိုလ်ကတစ်ခုကြောင့် ကောင်းကျိုးအားလုံး ဖြစ်စရာရှိသည်-ဟူလို၊ ထို့ကြောင့် အခြားကံများ၏ အကျိုး ပေးခွင့် မရှိတော့ရာ၊ ဘာကြောင့်နည်း- အခြားကံများဖြစ်သည့်အတွက် အကျိုးမရှိသော ကြောင့်တည်း၊ (တစ်နည်း) ဥပ္ပတ္တိယာယေဝ၊ပေ၊ဒါနေ-ဖြစ်ပြီးသော ကံတစ်ခုက ထပ်၍အကျိုးပေးနေလျှင် (အခြားကံ)ဖြစ်ခြင်း၏ အခွင့်သည်ပင် မဖြစ်တော့ရာ၊ [ဤနည်းအလို “အညဿ-အခြားကံ၏၊ သြကာသော-အကျိုးပေးခွင့်သည်၊ ဝါ- ဖြစ်ခွင့်သည်၊ န ဘဝေယျ-မဖြစ်တော့ရာ”ဟု အဋ္ဌကထာ၌ပေးပါ။

အထဝါ၊ ကား၊ အလဒ္ဓေါကာသဿ၊ မရအပ်သော အခွင့်ရှိသောကံ၏၊ ပိပါကဒါနေ၊ အကျိုးကိုပေးခြင်းသည်၊ (သတိ၊ သော်၊) ပစ္စယန္တရဟိတဿပိ၊ အဝိဇ္ဇာ တဏှာစသော အကြောင်းတစ်ပါးမှကင်းသောကံ၏လည်း၊ ဝိပါက ဒါနံ၊ အကျိုးကို ပေးနိုင်ခြင်းသည်၊ အာပန္န၊ ရောက်၏၊ ဣတိ၊ ထို့ကြောင့်၊ အဝိဇ္ဇာ ၊ပေ၊ ခေပက‌ဿ၊ အဝိဇ္ဇာ တဏှာအစရှိသော အကြောင်းတစ်ပါးကို ကုန်စေတတ်သော၊ ကမ္မက္ခယကရဿ၊ ကံ၏ကုန်ခြင်းကို ပြုတတ်သော၊ အညဿ၊ အခြားသော၊ အပစယဂါမိကမ္မဿ၊ အပစယဂါမိ အမည်ရှိသော မဂ်ကံ၏၊ သြကာသော၊ သည်၊ န ဘဝေယျ၊ တော့ရာ၊

အထဝါ၊ ပေ၊ အတ္ထော။ ။ “အညဿ သြကာသော န ဘဝေယျ” ဟူသော အဋ္ဌကထာပါဌ်ကို တစ်နည်းဖွင့်ပြလို၍ “အထဝါ”စသည်ကို မိန့်သည်၊ ဤနည်း၌ “အညဿ”အရ အဝိဇ္ဇာ တဏှာစသော အကြောင်းတို့ကို ကုန်စေနိုင်သော (မိမိက ကံဖြစ်ပါလျက်) အခြားသောကံများကို ကုန်အောင်ပြုတတ်သော မဂ်ကံကို အရ ကောက်ရသည်၊ “အညဿ-အခြားသော မဂ်ကံ၏၊ သြကာသော-ဖြစ်ခွင့်သည်၊ န ဘဝေယျ”ဟု အဋ္ဌကထာ၌ ပေးပါ။

အလဒ္ဓေါ၊ပေ၊အာပန္နံတိ ။ ။ “ဘာ့ကြောင့် မဂ္ဂကံ၏ ဖြစ်ခွင့်မရဘဲရှိရအံ့နည်း”ဟု မေးဖွယ်ရှိသောကြောင့် “အလဒ္ဓေါ၊ပေ၊အာပန္နံ”ဟု မိန့်သည်၊ “အခွင့်မရသောကံက အကျိုးပေးနိုင်လျှင် “အဝိဇ္ဇာ တဏှာစသော အကြောင်းတစ်ပါး ကင်းသောကံကလည်း အကျိုးပေး၏" ဟူသော အဓိပ္ပာယ် ရောက်နေ၏၊ ထို့ကြောင့် အဝိဇ္ဇာ စသော အကြောင်းကို ကုန်စေတတ်သော မဂ္ဂကံသည် ဖြစ်ခွင့်မရှိ. ဖြစ်ဖွယ်မလို-ဟူလို။

စ၊ ဆက်၊ မဂ္ဂေ၊ မဂ်ကို၊ ဘာဝိတေပိ၊ ဖြစ်စေအပ်ပါသော်လည်း၊ အဝိဇ္ဇာဒိပစ္စယန္တ ရရဟိတဿ၊ အဝိဇ္ဇာအစရှိသော အကြောင်းတစ်ပါးမှကင်းသော၊ ကမ္မဿ၊ ကံ၏၊ ဝိပစ္စနတော၊ အကျိုးပေးခြင်းကြောင့်၊ သမတ္ထတာ၊ ကံကုန်အောင် ပြုစွမ်းနိုင်သည်၏ အဖြစ်သည်၊ န သိယာ၊ မဖြစ်တော့ရာ၊ ဣတိ အတ္တော၊ ဤကား အဓိပ္ပာယ်နက်။ **ဘာဝိတေပိ၊ပေ၊အတ္ထော** ။ ။ “ကမ္မက္ခယကရဿ ဩကာသော န ဘဝေယျ”ကို “ဘာဝိတေပိ၊ပေ၊အတ္ထော”ဟု အဓိပ္ပာယ်နက် ဖွင့်ပြသည်၊ အဝိဇ္ဇာ တဏှာစသော အကြောင်းနှင့်တကွ ကံကို ကုန်အောင်ပြုတတ်သော အပစယဂါမိမဂ်ကို မိမိသန္တာန်၌ ဖြစ်စေအပ်ပြီးပါသော်လည်း အဝိဇ္ဇာစသော အကြောင်းမရှိပါဘဲ ကံတွေက အကျိုးပေး နေလျှင် မဂ်တည်းဟူသောကံမှာ ကံကို ကုန်စေနိုင်သောသတ္တိ မရှိရာရောက်သည်- ဟူလို။ [မဓု၌ “ဘာဝတမဂ္ဂဿ ဝိကုပ္ပာဒနသမတ္ထဟာ န သိယာ၊ နိရတ္ထကတ္တာတိ အတ္ထော”ဟု ဖွင့်၏၊ စဉ်းစားပါ။]
ဝါ၊ တစ်နည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ဝိပါကပ္ပဝတ္တိယာဝ၊ ဝိပါက်၏ ဖြစ်ခြင်း၏ပင်၊ ဘဝိတဗ္ဗတ္တာ၊ ဖြစ်ထိုက်သည်၏အဖြစ်ကြောင့်၊ ဝိပါကတော၊ ဝိပါက်မှ၊ အညဿ၊ အခြားသော ကုသိုလ်၊,အကုသိုလ်,ကြိယာစိတ်၏၊ ပဝတ္တိဩကာသော၊ ဖြစ်ခြင်း၏အခွင့်သည်၊ နု ဘဝေယျ၊ တော့ရာ။ သဗ္ဗဒါ ဝါ၊ပေ၊န ဘဝေယျ။ [အညဿ၊ပေ၊ န ဘဝေယျ”ဟူသော အဋ္ဌကထာ ကိုပင် တစ်နည်းဖွင့်ပြန်သည်။] ဤနည်း၌ “အညဿ”အရ ဝိပါက်မှတစ်ပါးသော ကုသိုလ်,အကုသိုလ်,ကြိယာကို ကောက်ပါ၊ အခွင့်ရသော ကံကလည်း အကျိုးပေး, အခွင့်မရသော ကံကလည်း အကျိုးပေးနေလျှင် ဝိပါက်အစဉ်ချည်းသာ ဖြစ်နေစရာ ရှိသောကြောင့် ဝိပါက်မှတစ်ပါးသော အခြားကုသိုလ်,အကုသိုလ်,ကြိယာများ ဖြစ်ခွင့် မရတော့-ဟူလို၊ [တီသု ဝိကပ္ပေသု ပဌမေ အညဿာတိ ကုသလာကုသလကမ္မဿ၊ ဒုတိယေ အညဿာတိ အပစယဂါမိကမ္မဿ၊ တတိယေ အညဿာတိ ဝိပါကတော အညဿ ကုသလာကုသလကမ္မဿ ကြိယဿာတိ အယမေတေသံ ဝိသေသော၊-မဓု။]
တံ ပနာတိ၊ ကား၊ အာယူဟိတံ၊ အားထုတ်အပ်ပြီးသော၊ ကမ္မံ၊ ကံသည်၊ (တံ၏စွဲနက်ကို ဖွင့်သည်၊)
ပန၊ ဆက်၊ ဣဒံ၊ ဤတံ ပန အစရှိသောစကားကို၊ (အာရဒ္ဓံ၌ စပ်၊) ဓုဝဝိပါကဿ၊ မြဲသောအကျိုးရှိသော ကံ၏၊ ဝိပါကေန၊ အကျိုးဖြင့်၊ အဓုဝဝိပါကဿ၊ မမြဲသောအကျိုးရှိသည်လည်းဖြစ်သော၊ လဒ္ဓေါကာသဿ၊ ရအပ်သော အခွင့်ရှိသောကံ၏၊ ဝိပါကံ၊ အကျိုးသည်၊ ဥပ္ပာဒိ၊ ဥပ္ပာဒိမည်၏၊ ဣတိ၊ သို့၊ ဒဿေတုံ၊ ငှာ၊ အာရဒ္ဓံ၊ ဣတိ ဒဋ္ဌဗ္ဗ၊ **ဥပါဒိန္နာ**။ ။ ဥပါဒိန္ဒုပါဒါနိယတိက်၌ ဥပါဒိန္နာကို “ဥပေတေန+အာဒိန္နာ”ဟု ဖွင့်ခဲ့၏၊ ထိုအနက်ကို ဤ၌ မရနိုင်၊ ဥပကို အနက်မရှိကြ၍ “အာဒိန္နာ”ကိုသာ အနက်ပေးပါ၊ ထိုအာဒိန္နာ၏ အရကောက်ကိုပြလို၍ “ဥပါဒါနာရမဏာ, အညေစ”ဟု မိန့်သည်၊ [ဥပါဒါနာရမဏာ-ဥပါဒါန်၏အာရုံဖြစ်သော လောကီတရားများ၊ အညေစ- ဥပါဒါနာရမဏတရားတို့မှ တစ်ပါးကုန်သော လောကုတ္တရာ(မဂ်,ဖိုလ်)တရားများ၊ ဣစ္စေဝ၌ ဒဝဖြင့် ဥပ၏ အနက်ကို ကန့်။]
စ၊ ဆက်၊ အဋ္ဌသမာပတ္တိယော၊ တို့ကို၊ ဝါ၊ တို့သည်၊ ဗလဝဝိရဟေ၊ အားကြီး သော ကံတစ်ပါးမှ ကင်းသော်လည်းကောင်း၊ အဂ္ဂမဂ္ဂဘာဝနာဝိရဟေ စ၊ အရဟတ္တမဂ် ဘာဝနာမှ ကင်းသော်လည်းကောင်း၊ အပ္ပဟီနသဘာဝတော၊ မပယ်ထိုက်သော သဘောရှိသည်၏အဖြစ်ကြောင့်၊ ဓုဝံ၊ မချွတ်ဧကန်၊ ဝိပစ္စန္တိ၊ အကျိုးပေးကုန်၏၊ ဣတိ၊ ကြောင့်၊ ဓုဝဝိပါကာတိ၊ တို့ဟူ၍၊ ဝုတ္တာ၊ န်ပြီ၊
အာယူဟိတကမ္မ၊ အားထုတ်အပ်ပြီးသော ကံကို၊ ဝုစ္စမာနေ၊ ဆိုအပ်သော်၊ (ဆိုအပ်ရာ၌၊) အနုပ္ပန္နံ၊ အနုပ္ပန္နကံကို၊ ကသ္မာ ဝုတ္တံ၊
ယံ၊ အကြင်ကံသည်၊ အာယူဟိတံ၊ သည်၊ ဘဝိဿတိ၊ လတ္တံ့၊ တတ္ထာပိ၊ ထိုကံ၌လည်း၊ အာယူဟိတ သဒ္ဒပ္ပဝတ္တိသမ္ဘာဝါ၊ အာယူဟိတသဒ္ဒါ ဖြစ်ခြင်း၏ ဖြစ်သင့်သည်၏ အဖြစ် ကြောင့်၊ (ဝုတ္တံ၊ ဣတိ-အဖြေတည်း။) [ဤဝါကျများ၏ အဓိပ္ပာယ်ကို အဋ္ဌကထာနိဿယ၌ ပြထားပြီ။]
ဥပ္ပာဒိန္နာတိ ဧတ္ထ၊ ၌၊ ဥပေတေန၊ တဏှာဒိဋ္ဌိတို့သည် ကပ်အပ် သောကံသည်၊ အာဒိန္နာ၊ ယူအပ်သောတရားတို့တည်း၊ ဣတိ အယံ အတ္ထော၊ ဤအနက်သည်၊ န (ဟောတိ)၊ မဖြစ်၊ ပန၊ စင်စစ်ကား၊ ဥပသဒ္ဒေါ၊ ဥပသဒ္ဒါသည်၊ ဥပသဂ္ဂမတ္တမေဝ၊ ဥပသာရမျှသာတည်း၊ တသ္မာ, ဥပါဒါနာရမဏာ၊ ဥပါဒါန်၏ အာရုံဖြစ်သော လောကီတရားတို့ကို၊ ဥပါဒါနေဟိ၊ ဥပါဒါန်တရား တို့သည်၊ (အာဒိန္နာ၊ ယူအပ်ကုန်ပြီ၊) အညေ စ၊ ဥပါဒါနာရမဏတရားမှ အခြားသော မဂ်ဖိုလ်တရားတို့ကိုလည်း၊ အနဘိနိဝေသေန၊ စွဲစွဲလမ်းလမ်း နှလုံးသွင်းခြင်းမရှိသော၊ (ဂဟဏေန၊ ၌ စပ်၊) အဟံ၊ ငါသည်၊ မဂ္ဂံ၊ မဂ်ကို၊ ဘာဝယိ၊ ဖြစ်စေခဲ့ပြီ၊ မမ၊ ငါ၏၊ မဂ္ဂေါ၊ မဂ်သည်၊ ဥပ္ပန္နော၊ ဖြစ်ပြီ၊ ဣတိ အာဒိကေ၊ ဤသို့အစရှိသော၊ ဂဟဏေန၊ ယူကြောင်း ပစ္စဝေက္ခဏာဉာဏ်ဖြင့်၊ အာဒိန္နာ၊ န်ပြီ၊ ဣစ္စေဝ၊ ဤအကြောင်းကြောင့်သာ၊ ဥပါဒိန္နာ၊ ဥပါဒိန္နတို့ မည်၏၊ **အညေစ အန၊ပေ၊ဂဟဏေန** ။ ။ “ဥပါဒါနာရမဏဖြစ်သော လောကီတရားတို့ကို ဥါဒါန်(တဏှာဒိဋ္ဌိ)တို့သည် အာရုံပြုသောအားဖြင့် ယူအပ်ပါစေတော့၊ ဥပါဒါန်၏ အာရုံမဟုတ်သော မဂ်,ဖိုလ်တို့ကိုကား အဘယ်တရားသည် ယူအပ်ပါကုန်သနည်း”ဟု မေးဖွယ်ရှိသောကြောင့်“အညေစ”စသည်ကိုမိန့်သည်၊ မဂ်ဖိုလ်တို့ကိုကား ပစ္စဝေက္ခဏာ ဉာဏ်သည် ယူအပ်ကုန်၏၊ ထို့ကြောင့် ဥပါဒိန္နအမည်ရသည်-ဟူလို။ [ဂဟဏေနာတိ ပစ္စဝေက္ခဏညာဏေန၊ ထိုဉာဏ်သည် မှားသောအားဖြင့် မသုံးသပ်တတ်သောကြောင့် “အနဘိနိဝေသန”ဟု ဝိသေသနပြုသည်၊ “အဟံ မဂ္ဂေါ”စသည်ကား ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် ဆင်ခြင်ပုံ အခြင်းအရာတည်း၊ အာဒိဖြင့် “အဟံ ဖလံ သစ္ဆာကာသီ”ကို အနု၌ ပြ၏။]
ဝါ၊ တစ်နည်း၊ ဥပါဒိန္နသဒ္ဒေန၊ ဥပါဒိန္နသဒ္ဒါဖြင့်၊ အမဂ္ဂဖလဓမ္မာ ယေဝ၊ မဂ်ဖိုလ်မဟုတ်သောတရားတို့ကိုသာ၊ (ဘဂဝတာ)ဝုတ္တာ၊ ဣတရေဟိ၊ ဥပါဒိန္နသဒ္ဒါမှ အခြားသော အဇ္ဈတ္တံ ပစ္စတ္တံ စသောသဒ္ဒါတို့ဖြင့်၊ မဂ္ဂဖလ ဓမ္မာစ၊ မဂ်ဖိုလ်တရားတို့ကိုလည်း၊ (ဘဂဝတာ ဝုတ္တာ၊) ဣတိ ဝေဒိတဗ္ဗာ။ “အဇ္ဈတ္တံ, ပစ္စတ္တံ, နိယကာ, ပါဋိပုဂ္ဂလိကာ”၊ တို့ကို ပြသည်။
တိကနိက္ခေပကထာဝဏ္ဏနာ၊ သည်၊ နိဋ္ဌိတာ။