ကမ္မကထာဝဏ္ဏနာ
ကမ္မကထာအဖွင့်
ကမ္မကထာဝဏ္ဏနာ
ကမ္မကထာအဖွင့်
၂။ အထ ဝါ။ပ။ယုတ္တာ။ ။ ပြခဲ့သော နည်း၌"စေတယိတွာ"အရ ပုရိမစေတနာကို ရ၍ "ကမ္မံ ကရောတိ"အရ ပစ္ဆိမစေတနာကို ရသောကြောင့် ကာလအားဖြင့် ကွဲပြားနေရကား ထိုသို့ မကွဲပြားသော အခြားတစ်နည်းကို ပြလို၍ "အထ ဝါ" စသည် မိန့်။ "စေတယိတွာ ကမ္မံ ကရောတိ"ဟု ဆိုရာ၌ ကာလတူသော်လည်း "စေတယိတွာ"အရ စေ့ဆော်ခြင်း ကိရိယာသည် အကြောင်းကြိယာ၊ "ကရောတိ"အရ ပြုခြင်းကြိယာသည် အကျိုးကြိယာ ဖြစ်သောကြောင့်အကြောင်းကြိယာကို ပုဗ္ဗကာလ၊ အကျိုးကြိယာကို အပရကာလကဲ့သို့ ဆိုသင့်၏။ ဆိုရိုးထုံးစံလည်း ရှိ၏။
ဥပမာ- "စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ" ဟူရာ၌ စက္ခု ရူပတို့ကို စွဲမှီရာကာလနှင့် စက္ခုဝိညာဉ်စိတ်၏ ဖြစ်ရာကာလသည် သမာနကာလ ဖြစ်သော်လည်း အကြောင်းဖြစ်သော စက္ခု ရူပ ပဋိစ္စကြိယာကို ပုဗ္ဗကာလကဲ့သို့ ရှေ့က ထား၍၊ စက္ခုဝိညာဉ်၏ ဥပ္ပဇ္ဇနကြိယာကို အကျိုးကြိယာ ဖြစ်သောကြောင့် နောက်က ထားလျက်ဆိုသကဲ့သို့တည်း။ [စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် စေတနာစေတသိက် ပါဝင်၏။ ထို စိတ်ကြောင့်ပင် ကာယဝိညတ် ဝစီဝိညတ်နှင့်တကွ လှုပ်ရှားခြင်း ကြိယာ၊ အဘိဇ္ဈာဒိကြိယာလည်း ဖြစ်ရကား တစ်ပြိုင်နက် သမာနကာလ ဖြစ်ပုံကို သိပါ။]
အထ ဝါ၊ ကား။ သမာနကာလတ္တေ၊ တူသော ကာလရှိကုန်သည်၏ အဖြစ်သည်။ (သတိ) ပိ၊ သော်လည်း။ ကာရဏကိရိယာ၊ အကြောင်း ကြိယာသည်။ ပုဗ္ဗကာလာ ဝိယ၊ ပုဗ္ဗကာလ ကြိယာကဲ့သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တာ၊ သင့်၏။ ဖလကိရိယာ စ၊ အကျိုးကြိယာသည်လည်း။ အပရကာလာ ဝိယ၊ အပရကာလ ကြိယာကဲ့သို့။ (ဝတ္တုံ ယုတ္တာ။)**၁။ ယသ္မာ။ပ။ကရောတိ**။ ။ စေတယိတွာနှင့် ကရောတိကို တစ်ပြိုင်နက်ဖြစ်သော သမာန ကာလကြိယာဟု ယူ၍ "ကမ္မံ" အရ စေတနာကိုမယူဘဲ အမူအရာ ကြိယာကိုယူသည်။ "ကရဏံ၊ ပြုခြင်းအမူအရာ။ ကမ္မံ၊ ရာ"ဟုပြု။ ထိုကြိယာ ဟူသည် ကာယဝိညတ် ဝစီဝိညတ် တို့နှင့်တကွ ပြုအပ်သော စောပနကြိယာ၊ မနောဒွါရသက်သက်ဖြင့် ပြုအပ်သော အဘိဇ္ဈာစသော အမူအရာတည်း။ [စောပန၌ စုပဓာတ်သည် မန္ဒဂတိနှေးနှေးသွားခြင်း (လှုပ်ရှားခြင်း) အနက် ဟောတည်း။ "စောပနကြိယာ"အရ ကာယဝိညတ် ဝစီဝိညတ်ကိုလည်း အနုဖွင့်သေး၏။ ထိုအလို ရှေးရှေး ကာယ-ဝစီဝိညတ်ကို "ကာယဝါစာဟိ" အရ ယူ၍၊ နောက်နောက် ဝိညတ်ကို "စောပနကြိယံ" အရ ယူပါ။]
ယသ္မာ။
စေတနာယ၊ ဖြင့်။
စေတယိတွာ၊ စေ့ဆော်၍။
ကာယဝါစာဟိ၊ ကာယဒွါရ ၀စီဒွါရတို့ဖြင့်။
စောပနကိရိယံ၊ စောပနကြိယာကိုလည်းကောင်း။ (ဝါယောဓာတ်၏ အစွမ်းအားဖြင့် လှုပ်ရှား ကြွမြှောက်ခြင်း ဟူသော အမူအရာ ကြိယာ, ပထဝီဓာတ်၏ အစွမ်းအားဖြင့် ထိခိုက် လှုပ်ရှားခြင်း ဟူသော အမူအရာ ကြိယာကိုလည်းကောင်း။)
မနသာ၊ မနောဒွါရဖြင့်။
အဘိဇ္ဈာဒိ ကိရိယံစ၊ အဘိဇ္ဈာ အစရှိသော ကြိယာကိုလည်းကောင်း။
ကရောတိ၊ ၏။
**၂။ တသ္မာ တဿာ။ပ။စေတနံ**။ ။ [တသ္မာဖြင့် "ယသ္မာ။ ။ကရောတိ" ဝါကျကို ပြန်စွဲပါ။ မဓု၌ "သမာန ကာလတ္တေပိ။ပ။ယုတ္တာ" ဝါကျနှင့်ယသ္မာ-စသော နောက်ဝါကျကို အစွဲပြထား၏၊ စဉ်းစားပါ။] "တဿာကြိယာယ ကာရိကံ"ဖြင့် "စေတနာဟံဘိက္ခဝေ"ဟူသော ဝါကျ၌ စေတနာ၏ ဝိသေသနကိုပြ၏။ ဤအလို "စေတနာ ဟံဘိက္ခဝေ" စသော ပါဠိတော်၌ "ယသ္မာ။ စေတယိတွာ၊ စေတနာဖြင့် စေ့ဆော်၍။ ကာယေန၊ ဖြင့်လည်းကောင်း။ပ။မနသာ၊ ဖြင့်လည်းကောင်း။ ကမ္မံ၊ စောပနကြိယာ အဘိဇ္ဈာ-စသော ကြိယာကို။ ကရောတိ။ တသ္မာ၊ ကြောင့်။ တဿ ကမ္မဿ၊ ထို စောပနကြိယာ အဘိဇ္ဈာဒိကြိယာကို။ ကာရိကံ၊ ပြုတတ်သော။ စေတနံ၊ ကို။ ကမ္မံ၊ ကံဟူ၍။ ၀ဒါမိ၊ ၏" ဟု ပေးပါ။ ဤနည်း၌ "အကျိုးကြိယာ၏ ကမ္မ အမည်ကို အကြောင်း စေတနာ၌ တင်စား၍ ဖလူပစာရအားဖြင့် စေတနာကို ကမ္မဟု ခေါ်သည်" ဟု ဆိုလိုသည်။
တသ္မာ။
တဿာ ကိရိယာယ၊ ထို စောပန ကြိယာ, အဘိဇ္ဈာဒိ ကြိယာကို။
ကာရိကံ၊ ပြုတတ်သော။
စေတနံ၊ ကို။
အဟံ ကမ္မံ ဝဒါမီတိ အတ္ထော။**၁။ ယထာ ပန။ပ။ တထာ**။ ။အဋ္ဌကထာဝယ် ကမ္မဒွါရကထာတုန်းက ကံနှင့်ဒွါရတို့၏ မရောပုံကိုလည်းကောင်း၊ အချင်းချင်း ပိုင်းခြားသတ်မှတ် နာမည်တပ်ရပုံကိုလည်းကောင်း ယေဘုယျနည်း တဗ္ဗာဟုလ္လနည်းတို့၏ အစွမ်းဖြင့် ဆိုအပ်သကဲ့သို့ ထို့အတူ ဤကံသုံးပါးတို့ကို ပြရာအခန်း၌ အဘယ့်ကြောင့် မဆိုအပ်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "ယထာ ပန"စသည်ကို မိန့်သည်။ [ပြတ်ပြီးစကားကို စောဒနာဖွယ်ရှိ၍ တက်လာသော ဝါကျာရမ္ဘတည်း။ တထာကို ဒွါရာနိ၊ ကမ္မံ ဒိဿတိ-တို့၌ စပ်ပါ။] ဆိုလိုရင်းကား-ယထာ သုတ္တာနိ ဌိတာနိ၊ တထာ ဒွါရာနိ ကမ္မန္တိ ဒိဿတိ-ကာယေဝါ ဟိ သတိ-စသော ပါဠိတော်များ တည်ရှိသည့် အတိုင်းပင် "မည်သည့် တရားတို့က ဒွါရ၊ မည်သည့်တရားတို့က ကံ"ဟု သတ်မှတ်ပုံ ထင်ရှားပါသည်။ ထို့ကြောင့် ကမ္မဒွါရကထာတုန်းကကဲ့သို့ ယေဘုယျနည်း တဗ္ဗာဟုလ္လနည်း အားဖြင့် မဆိုအပ်တော့ပါ။-ဟူလို။
ပန၊ ဆက်။
ယထာ၊ အကြင် အခြင်းအရာအားဖြင့်။
သုတ္တာနိ၊ ကာယေ ဝါ၊ သတိ-အစရှိသော သုတ်တို့သည်။
ဌိတာနိ၊ တည်ရှိကုန်၏။
တထာ၊ ထိုသုတ်တို့၏ တည်ရှိတိုင်းသော အခြင်းအရာအားဖြင့်။
**၁။ စောပနကြိယာ။ပ။ဒွါရာနိ**။ ။ စိတ္တဇဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်ဝယ် ဝါယောဓာတ်၏ ရူပကာယကို တောင့်ထားခြင်း လှုပ်ရှားစေခြင်း ကြိယာ၊ စိတ္တဇ ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ်ဝယ် ပထဝီဓာတ်၏ ဥပါဒိန္နက ပထဝီဓာတ်တို့၌ ထိုခိုက်ခြင်း ကြိယာကို "စောပနကြိယာ"ဟုခေါ်သည်။ ထိုကြိယာတို့၏မှီရာ ဥပနိဿယသည် ကာယဝါစာ ဟူသော ဝိညတ် ၂-ပါးတည်း။ အဘိဇ္ဈာဒိကြိယာ၏မှီရာ ဥပနိဿယသည် မနတည်း။ ထို ၃-ပါးကို "ဒွါရ"ဟုခေါ်၏။
စောပန။ပ။
ဘူတာ၊ စောပန ကြိယာ၏ မှီရာဖြစ်၍ ဖြစ်ကုန်သော။
ကာယဝါစာ၊ ကာယဝါစာ တို့သည်လည်းကောင်း။ (ကာယ ဝိညတ် ဝစီဝိညတ်တို့သည်လည်းကောင်း။)
အဘိဇ္ဈာဒိကိရိယာ နိဿယော၊ အဘိဇ္ဈာအစရှိသော ကြိယာ၏ မှီရာဖြစ်သော။
မနောစ၊ မနသည် လည်းကောင်း။
ဒွါရာနိ၊ ဒွါရတို့မည်၏။
ပန၊ ဆက်။
(တစ်နည်း) ပန၊ ဒွါရမည်ပုံမှတစ်ပါး ကံမည်ပုံကား။
ဝါသိအာဒီဟိ၊ ဓား အစရှိသည်တို့ဖြင့်။
ဆေဒနာဒိံ၊ ဖြတ်ခြင်း အစရှိသော အမှုကို။
(ကရောန္တိ) ၀ိယ၊ ကဲ့သို့။
(တထာ၊ တူ။)
**၂။ ယာယပန။ပ။ကမ္မံ**။ ။ ["တေဟိ ကာယာဒီဟိ"ပုဒ်က ကရိုဏ်းဖြစ်သောကြောင့် ယာယ စေတနာယ-ကို ဟိတ်အနက်ပေးရသည်။] ဓား စသည်တို့ဖြင့် ဖြတ်မှုစသည်တို့ကို ပြုရသကဲ့သို့၊ ကာယ- စသည်တို့ဖြင့် စောပနကြိယာ စသည်ကို ပြုကြောင်း စေတနာသည် ကံမည်၏။
ယာယ စေတနာယ၊ ကြောင့်။
ကရဏဘူတေဟိ၊ ကရိုဏ်းဖြစ်၍ ဖြစ်ကုန်သော။
တေဟိ ကာယာဒီဟိ၊ ထို ကာယ-အစရှိသည်တို့ဖြင့်။
စောပနာဘိဇ္ဈာဒိ ကိရိယံ၊ စောပနကြိယာ, အဘိဇ္ဈာ-အစရှိသော ကြိယာကို။
ကရောန္တိ၊ ကုန်၏။
သာ စေတနာ၊ သည်။
ကမ္မံ၊ ကံမည်၏။
**၃။ ဣတိ-ဒွါရပ္ပဝတ္တိယံ။ပ။ဒိဿတိ**။ ။ ဣတိကို တသ္မာ-ဟု မဓုဖွင့်၏။ ထိုတသ္မာဖြင့် ရှေ့၌ပြခဲ့သော စောပနကြိယာနိဿယဘူတာ-စသည်ကို (နိဿယအတိုင်း)စွဲပါ။ ဒွါ ရပ္ပဝတ္တိယမ္ပိကို "အညသ္မိံ ဒွါရေ အညေသံ ကမ္မာနံ ပဝတ္တိယံသတိပိ-ပါဏာတိပါတ-စသော ကံက ဝစီဒွါရ၌ လည်းကောင်း၊ မုသာဝါဒစသောကံက ကာယဒွါရ၌လည်းကောင်း ဤသို့စသည်ဖြင့် အခြားဒွါရ၌အခြားကံတို့ ဖြစ်ပါသော်လည်း"ဟု မဓုဖွင့်၏၊ "ကမ္မဒွါရာနံ အသံမိဿနံ"ဟူသော မဓုအဖွင့်ကို ကြည့်၍ "ကမ္မဒွါရဘေဒနဉ္စ"ဟု ရှိသင့်၏။ ကမ္မဒွါရဝဝတ္ထာနံ၏ အဖွင့်ကိုလည်း "ကမ္မဒွါရာနဉ္စ အညမညနိယမနံ" ဟု မဓု၌ ပါဌ်ရှိသင့်၏။ ဆိုလိုရင်းကား-ပါဏာတိပါတ-စသော ကံတို့သည် အခြားဒွါရ၌ဖြစ်သော်လည်း "ကာယေ ဝါ ဟိ သတိ" စသော သုတ်တို့အတိုင်း ခွဲခြားလျှင် ကာယဒွါရ၌ ဖြစ်သမျှကံသည် မုသားပင် ဖြစ်သော်လည်း ကာယကံ ဟုလည်းကောင်း၊ ၀စီဒှါရ၌ ဖြစ်သမျှကံသည် ပါဏာတိပါတပင် ဖြစ်သော်လည်း ဝစီကံဟုလည်းကောင်း ဤသို့စသည်ဖြင့် ကမ္မဒွါရတို့ကို မရောယှက်အောင် ခွဲခြားခြင်း နာမည်တပ်ခြင်းသည် ထင်ရှားပါသည်-ဟူလို။
ဣတိ၊ ကြောင့်။
(စောပနကြိယာ၏ မှီရာဖြစ်၍ဖြစ်သော ကာယဝါစာ, အဘိဇ္ဈာဒိကြိယာ၏ မှီရာဖြစ်သော မနတို့၏ ဒွါရ- မည်ကုန်သည်၏ အဖြစ်, ကာယ-အစရှိသည်တို့ဖြင့် စောပနကြိယာ အဘိဇ္ဈာဒိ ကြိယာကို ပြုကြောင်း စေတနာ၏ ကံမည်သည်၏ အဖြစ်ကြောင့်။)
ဒွါရပ္ပဝတ္တိယံ၊ ဒွါရတစ်ပါး၌ ကံတစ်ပါးတို့၏ ဖြစ်ခြင်းသည်။
(သတိ) ပိ၊ သော်လည်း။
ကမ္မဒွါရဘေဒနံ စ၊ ကံနှင့် ဒွါရတို့ကို ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည် လည်းကောင်း။
ဒိဿတိ၊ ကွဲကွဲပြားပြား ထင်ရှား၏။
**၁။ဧဝဉ္စ။ပ။ယုဇ္ဇန္တိ**။ ။ ဤဝါကျသည် လဒ္ဓဂုဏ ဝါကျတည်း။ ဤပြခဲ့သော အဓိပ္ပာယ် အရ ယေဘုယျနည်း တဗ္ဗာဟုလ္လနည်းအားဖြင့် မဟုတ်ဘဲ ပါဠိတော် တည်ရှိသည့်အတိုင်း ကမ္မဒွါရကို ခွဲခြား၍ နာမည်တပ်နိုင်သောကြောင့် "ကာယေန စေ ကတံကမ္မံ" စသော ဂါထာတို့သည် အလွန်ပင် သင့်လျော်ခြင်းဂုဏ်ကို ရကြပေသည်၊ ထိုဂါထာတို့ကလည်း ကာယဒွါရဖြင့် ပြုအပ်လျှင် မုသားပင်ဖြစ်သော်လည်း ကာယကံ၊ ဝစီဒွါရဖြင့် ပြုအပ်လျှင် ပါဏာတိပါတပင်ဖြစ်သော်လည်း ဝစီကံဟူသော အဓိပ္ပာယ်ကိုပြကြ၏။ ထိုအဓိပ္ပာယ်သည် အလွန်သင့်မြတ်ပါသည်-ဟူလို။
စ၊ လဒ္ဓဂုဏ်ကို ပြဦးအံ့။
ဧဝံ သတိ၊ သော်။
ကာယေန။ပ။
ဂါထာယော၊ တို့သည်။
အတိဝိယ၊ အလွန်အကဲ သာလျှင်။
ယုဇ္ဇန္တိ၊ သင့်မြတ်ကုန်၏။**၁။မနေန ဒုဿီလျံ**။ ။ကာယေန ဒုသီလျံဖြင့် ကာယဒွါရ၌ဖြစ်သော လွန်ကျူးမှုကိုသာ ယူသကဲ့သို့လည်းကောင်း၊ ဝါစာယ ဒုဿီလျံဖြင့် ဝစီဒွါရ၌ဖြစ်သော လွန်ကျူးမှုကိုသာ ယူသကဲ့သို့ လည်းကောင်း။ မနေန ဒုဿီလျံဖြင့် မနောဒွါရ၌ ဖြစ်သော လွန်ကျူးမှုကိုသာ ယူရပါသလောဟု မေးဖွယ်ရှိသောကြောင့် "မနေန ဒုဿီလျန္တိ"စသည်ကို မိန့်သည်။ ဤမနဒုဿီလျ၌ မနောဒုစရိုက် ၃-ပါးသာမက၊ကာယိက ဝါစသိက လွန်ကျူးမှုမှ ကြွင်းသော အကုသိုလ်အားလုံးကို ယူနိုင်၏။ တစ်နည်း-ဝိရတိ ၃-ပါးမှ ကြွင်းသော မဂ္ဂင် ၅-ပါး၏ ပြောင်းပြန်ဖြစ်သော မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာ ဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိတို့ကို ယူရ၏။ ထို့ကြောင့် "တမှာ သံဝရော" ၌လည်း သမ္မာဒိဋ္ဌိ-စသော ၅-ပါးကိုသာ အဋ္ဌကထာပြသည်။
န္တိ၊ ပါဌ်ဖြင့်။
ကာယိက။ပ။
ဝဇ္ဇံ၊ ကာယဒွါရ၌ ဖြစ်သော လွန်ကျူးမှု, ဝစီဒွါရ၌ ဖြစ်သော လွန်ကျူးမှုသည် ကြဉ်အပ်သော။
သဗ္ဗံ၊ သော။
အကုသလံ၊ ကို။
သင်္ဂဏှာတိ၊ ၏။
ဝါ၊ တစ်နည်း။
မိစ္ဆာဒိဋ္ဌိ။ပ။
သမာဓိံ၊ မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါယာမ, မိစ္ဆာသတိ, မိစ္ဆာသမာဓိကို။
(သင်္ဂဏှာတိ)။**၂။ အပိစေတံ**။ ။ စာအုပ်များ၌ "တမ္ပိစေတံ"ဟု တွေ့ရ၏။ မဓုဋီကာ၌ ဧတံကို "မနေန ဒုဿီလျံ"ဟု စွဲ၍ "အပိစသဒ္ဒေါနိပါတသမုဒါယော အာရမ္ဘတ္တော"ဟု ရှိသောကြောင့် "အပိစေတံ"ဟု ရှေးပါဌ် ရှိဟန်တူသည်။ ဆိုလိုရင်းကား-မနေန ဒုဿီလျံ-စသောစကားကို သီလဝိပတ္တိဖြစ်သော ဒုဿီလျကိုရည်ရွယ်၍ ဆိုသည်မဟုတ်၊ "မနသာ သံဝရော သာဓု"ဟု ဟောတော်မူအပ်သော သံဝရ၏ ဆန့်ကျင်ဘက် အနေအားဖြင့် ဆိုအပ်သည်-ဟူလို။
အပိစ၊ သည်သာမကသေး။
ဝါ၊ ဆက်ဦးအံ့။
ဧတံ၊ ဤမနေန ဒုဿီလျကို။
မနသာ။ပ။
ဝုတ္တဿ၊ ဟောတော်မူအပ်သော။
သံဝရဿ၊ သံဝရ၏။
ပဋိပက္ခသေန၊ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့်။
ဝုတ္တံ၊ ဆိုအပ်ပြီ။
သီလဝိပတ္တိဝသေန၊ သီလပျက်စီးခြင်း၏ အစွမ်းဖြင့်။
နဝုတ္တံ၊ ဆိုအပ်သည်မဟုတ်။**၃။ မဂ္ဂဿေဝ**။ ။ စေတနာ သမ္မယုတ္တဓမ္မတို့ကို ပြရာ၌ ဗောဇ္ဈင်နှင့် မဂ္ဂင်၂-မျိုးကို ပြထားသော်လည်း ကံသို့ သွင်းရာဝယ် လောကုတ္တရာမဂ်ကိုသာပြ၍ ဗောဇ္ဈင်ကို မပြခြင်းမှာ မဂ်က ကံ-၃ပါးလုံး၌ ဝင်နိုင်သည့်အတွက် အရာကျယ်သောကြောင့်လည်းကောင်း၊ မဂ်ကိုသွင်းပြလိုက်လျှင် မနောကံ၌သာ ဝင်နိုင်သည့်အတွက် အရာကျဉ်းသော ဗောဇ္ဈင် သွင်းနည်းကိုလည်း သိနိုင်သောကြောင့်လည်းကောင်းတည်း။
၊ မဂ်ကိုသာလျှင်။
ဘဇာပနံ၊ ကပ်ဝင်စေခြင်းသည်။
မဟာ ဝိသယတ္တာ၊ ဗောဇ္ဈင်ထက်ကျယ်သော အရာရှိသည်၏ အဖြစ်ကြောင့်။
(ဟောတိ။)
[မဓုဋီကာ၌ "ဟောတိ" ဟု မထည့်ဘဲ "ကတံ" ဟုထည့်သည်။]**၁။ သသာရမ္ဘာပထဝီအာဒီသု**။ ။ ပကတိမြေကြီးကို ပထဝီမှကြွင်းသော အာပေါစသော အဆောက်အဦတို့နှင့် တကွဖြစ်သောကြောင့် "သသမ္ဘာရပထဝီ"ဟု ခေါ်၏။ ထိုမြေကြီး၌ အာပေါ တေဇော ဝါယောတို့ ပါသော်လည်း "ရေ,မီး,လေ"ဟူသော ဝေါဟာရကို မရဘဲ မြေအမည်၌ ပါဝင်ကြရတော့၏။ အာဒိဖြင့် သသမ္ဘာရ ရေ, မီး,လေ တို့ကို ယူပါ။ ပကတိရေ၌ မြေ, မီး, လေတို့ ပါဝင်ကြသော်လည်း ရေဟူသော ဝေါဟာရ၌ ပါဝင်ကြရ၏။ မြေဟူသော မီးဟူသော လေဟူသော ဝေါဟာရ(နာမည်)ကို မရတော့၊ ဤသို့စသည်ဖြင့် သိပါ။
၊ အဆောက်အဦနှင့်တကွ ဖြစ်သော မြေကြီးအစရှိသည်တို့၌။
အာပါဒယော၊ အာပေါ-အစရှိသည်တို့သည်။
ဧတ္ထ၊ ဤ အဗ္ဗောဟာရိက အရာ၌။
နိဒဿနံ၊ ညွှန်ပြကြောင်း ဥဒါဟရုဏ်တည်း။ပဉ္စဝိညာဏစသည်အဖွင့်
စက္ခုဝိညာဏဒွါရန္တိ၊ ကား။ စက္ခုဝိညာဏဿ၊ စက္ခုဝိညာဉ်၏။ ဒွါရံ၊ ဒွါရတည်း။
**၁။ ဧဝဉ္စ ကတွာ။ပ။အဝိရုဒ္ဓံ**။ [ဧဝဉ္စ ကတွာတိ-၀စီဒွါရေ ဥပ္ပဇ္ဇမာနဿပိ ကာယကမ္မဿ ကာယဒွါရေ အသံဝရဘာဝတော။-မဓု။] နောက်၌ ကမ္မပထသံသန္ဒနအခန်း လာလတ္တံ့။ ထို၌ "စောပနကာယ အသံဝရဒွါရဝ ရဝသေန ဥပ္ပန္နော (အသံဝရော) အကုသလံ ကာယကမ္မမေဝ ဟောတိ၊ ဝါစာအသံဝရ ဒွါရဝသေန ဥပ္ပန္နော အကုသလံ ဝစီကမ္မမေဝ ဟောတိ" ဟူသော စကားပါရှိ၏။ ထိုစကားသည် နောက်၌လာသော "အကုသလံ ကာယကမ္မံ။ ပ။စောပနကာယ အသံဝရ ဒွါရဝသေန ဝါစာအသံဝရဒွါရဝသေန စ ဥပ္ပဇ္ဇတိ" စသော စကားနှင့် ဆန့်ကျင်ပါ-ဟူလို။ ထို့ကြောင့် ဤ ဝါကျသည် မဆန့်ကျင်ခြင်း အကျိုးရပုံကို ပြသော လဒ္ဓဂုဏ ဝါကျတည်း။ ["ဧဝဉ္စ ကတွာ"ဟု စချီရာ၌ တချို့နေရာဝယ် သာဓကလည်း ဖြစ်တတ်၏။ ထို့ကြောင့် "ဧဝဉ္စ ကတွာ, သာဓကာ, တဖြာလဒ္ဓဂုဏ်"ဟု ရှေးဆရာတို့ မိန့်တော်မူကြသည်။]
ဧဝဉ္စ ကတွာ၊ ဤ အကြောင်းကြောင့်။
ကမ္မပထသံသန္ဒနေ၊ ကမ္မပထသံသန္ဒန အခန်း၌။
စောပနကာယ အသံဝရ အသံဝရဒွါရဝသေန ဥပ္ပန္နော အကုသလံ ကာယကမ္မမေဝ ဟောတီတိ အာဒိ၊ အစရှိသော စကားသည်။ (အဝိရုဒ္ဓံ ဟောတိ-၌ စပ်။)
အကုသလံ ကာယကမ္မံ။ပ။
စောပန ကာယကမ္မ။ မ္မံ။ပ။
စောပနကာယ အသံဝရဒွါရဝသေန ဝါစာအသံဝရ ဒွါရဝသေန စ ဥပ္ပဇ္ဇတီတိ အာဒိနာ၊ အစရှိသော စကားနှင့်။
သဟ။
အဝိရုဒ္ဓံ၊ မဆန့်ကျင်သည်။
ဟောတိ။**၁။ အသံဝရော ဟိ။ပ။ဧဝံ အဝိရုဒ္ဓံ**။ ။ မဆန့်ကျင်ပုံ အခြင်းအရာကို ပြလို၍ "အသံဝရောဟိ"စသည်ကို မိန့်။ ကာယအသံဝရသည်ဝစီဒွါရဟူသော ဒွါရတစ်ပါး၌ ဖြစ်စေကာမူ "မိမိဟူသော ဒွါရ၌သာ ဖြစ်၏"ဟု ဆို၏။ ဝါစာအသံဝရလည်း ကာယဒွါရဟူသောဒွါရ တစ်ပါး၌ ဖြစ်စေကာမူ မိမိဟူသော ဝစီဒွါရ၌သာဖြစ်၏ ဟု ဆိုရ၏။ ["သဒွါရေ ဧဝါတိ ဝုစ္စတိ"ကိုပင် "သဒွါရဝသေန ဥပ္ပန္နောတိ"ဟု ထပ်၍ဆိုသည်။ ထို့ကြောင့် စာအုပ်များ၌ "ဥပ္ပန္နောတိ စ"ဟု စသဒ္ဒါပါနေသည်မှာ ပိုဟန်တူသည်။]
ဟိ၊ မှန်။
(တစ်နည်း) ဟိ၊ မဆန့်ကျင်ပုံ အခြင်းအရာကား။
အသံဝရော၊ အသံဝရသည်။
ဒွါရန္တ ရေ၊ ဒွါရတစ်ပါး၌။
ဥပ္ပဇ္ဇမာနောပိ၊ သော်လည်း။
သဒွါရေ ဧဝ၊ မိမိဒွါရ၌သာ။
(ဥပ္ပန္နော) တိ၊ ဖြစ်၏ဟူ၍။
ဝုစ္စတိ။
သဒွါရဝသေန၊ မိမိဒွါရ၏ အစွမ်းဖြင့်။
ဥပ္ပန္နောတိ၊ ဟူ၍။
(ဝုစ္စတိ။)
**၂။ ကမ္မံ။ပ။အညဒွါရဝသေန စာတိ**။ ။ကမ္မံအရ ကာယကံကိုယူလျှင် "အညဒွါရေ"အရ ဝစီဒွါရကို ယူ၍ "အညဒွါရဝသေန"အရ ဝစီဒွါရမှတစ်ပါးသော ကာယဒွါရကိုပင် ယူပါ။ ကမ္မံအရ ဝစီကံကို ယူလျှင်လည်း အညဒွါရဝသေနတို့အရ ယူရပုံကို ဤနည်းမှီးပါ။ ဤစကားဖြင့် "ကံလည်း အသံဝရကဲ့သို့ မိမိဒွါရ၌သာဖြစ်သည်"ဟု ပြသည်။ "ဝသေန စ"မှ စ-ကို ကမ္မံ၌ ယှဉ်ပါစေ။ [ဧဝံ အဝိရုဒ္ဓံကား မဆန့်ကျင်ပုံ အခြင်းအရာ၏ နိဂုံးတည်း။]
ကမ္မံ စ၊ ကံကိုလည်း။
အညဒွါရေ၊ ၌။
(ဥပ္ပဇ္ဇမာနံပိ၊ သော်လည်း။)
အညဒွါရဝသေန၊ အခြားဒွါရ၏ အစွမ်းဖြင့်။
(ဥပ္ပန္နံတိ ဝုစ္စတိ။)
ဣတိ ဧဝံ၊ ဤသို့။
ဝါ၊ ဤ အခြင်းအရာအားဖြင့်။
အဝိရုဒ္ဓံ၊ မဆန့်ကျင်။**၃။ အထဝါ**။ ။ ဤ အထဝါ၏ နယ်ကား "ကမ္မပထာဝိရောဓော န သိယာ" တိုင်အောင်တည်း။ ဤသို့ သုဒ္ဓကာယဒွါရ သုဒ္ဓဝစီဒွါရ ဟု လည်းကောင်း၊ အသုဒ္ဓကာယဒွါရ အသုဒ္ဓဝစီဒွါရဟု လည်းကောင်း မစိစစ်ဘဲ သာမညအားဖြင့် ဧတ္တကို "ဧတသ္မိံ စောပနေ"ဟု ဆိုလျှင် ဟု အထဝါ အတွက် အဓိပ္ပာယ်မှတ်ပါ။ ထို့ကြောင့် အထဝါ၊ သုဒ္ဓကာယဒွါရေန ဥပလက္ခိတော-စသောနည်းမှ တစ်နည်းကား"ဟု ပေးပါ။ [အညံ အတ္ထံ ဝိကပ္ပေတွာ တဿ (ထိုအခြား တစ်နည်း၏) ကမ္မပထသံသန္ဒနဝိရောဓံ ဒဿေတုံ အထဝါတိ အာဒိမာဟ။-မဓု။ ဧတသ္မိံ စောပနေကို "ဧတသ္မိံ စောပနကာယအသံဝရဒွါရေ"ဟု အနက်မှတ်ပါ။]
၊ တစ်နည်းကား။
ဧတ္ထာတိ၊ ဧတ္ထ ဟူသော ဤပါဌ်၌။
သုဒ္ဓံ အသုဒ္ဓံတိ ဧတံ၊ သုဒ္ဓံ အသုဒ္ဓံ ဟူသော ဤ ၂-ပါးကို။
အဝိစာရေတွာ၊ မခွဲခြား စိစစ်မူ၍။
ဧတသ္မိံ စောပနေ၊ ဤ စောပနကာယ အသံဝရဒွါရ၌။
ဣတိ၊ ဤအနက်သည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဆိုအပ်သည်။
ဝါ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်အံ့။**၄။ ဧဝံ သတိ။ပ။ဝုစ္စတိ**။ ။[ဧဝံ သတီတိ စောပနကာယအသံဝရဒွါရေတိ အတ္ထေသတိ၊ ဒွါရန္တ ရောပလက္ခိတံတိ ဝစီမနောကမ္မဒွါရေဟိ ဥပလက္ခိတ္တာတိ အတ္ထော။ ဝုစ္စတီတိ ဝုစ္ဆေယျ။-မဓု။] ဆိုလိုရင်းကား "ဝစီဒွါရ မနောဒွါရတို့ဖြင့် မှတ်သားအပ်သော ကမ္မပထမြောက်သော ဝစီကံ မနောကံကို စောပနကာယ အသံဝရဒွါရ၌ဖြစ်လျှင် စောပနကာယအသံဝရ ဟု ဆိုအပ်ရာ ရောက်သည်"ဟူလို။
ဧဝံ သတိ။
ဒွါရန္တ ရောပလက္ခိတံ၊ ဝစီဒွါရ မနောဒွါရဟူသော ဒွါရတစ်ပါးဖြင့်မှတ်သားအပ်သော။
ကမ္မပထဘာဝပ္ပတ္တတာယ၊ ကမ္မပထ၏အဖြစ်သို့ ရောက်သည်၏ အဖြစ်ကြောင့်။
စောပနကာယ အသံဝရဒွါရေ၊ စောပနကာယ အသံဝရ- ဒွါရ၌။
ဥပ္ပန္နံ၊ သော။
ဝစီမနောကမ္မံ၊ ဝစီကံ မနောကံကို။
**၁။ သေသံ သဗ္ဗံ။ပ။ဝိယ**။ ။ ဥပမာ-တံ ဒွါရုပ္ပန္န(ထို ကာယဒွါရ၌ဖြစ်သော) ကမ္မပထ မြောက်သော ဝစီကံ မနောကံမှ ကြွင်းသမျှ အကုသိုလ်ကို စောပနကာယအသံဝရဟု ဆိုအပ် သကဲ့သို့တည်း။
သေသံ၊ ကမ္မပထမြောက်သော စေတနာမှ ကြွင်းသော။
သဗ္ဗံ၊ သော။
(တံဒွါရုပ္ပန္နာကုသလံ ဝိယ၊ ထိုဒွါရ၌ဖြစ်သော အကုသိုလ်ကိုကဲ့သို့။)
စောပနကာယ အသံဝရောတိ၊ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်ရာ ရောက်၏။ (ဆိုစရာ ဖြစ်၏။)**၂။ ကမ္မပထ။ပ။တထာ န ဝုစ္စတိ**။ ။ ကမ္မပထ မြောက်သောအားဖြင့် ဝစီဒွါရ၌ဖြစ်သော (အသတ်ခိုင်းခြင်း စသော) ကာယကံလည်း (၀စီဒွါရ၌ ဖြစ်သည့်အတွက်) ကာယကံဟု မဆိုအပ်ရာရောက်၏။
ကမ္မပထဘာဝပ္ပတ္တိယာ၊ ကမ္မပထ၏အဖြစ်သို့ ရောက်ခြင်းကြောင့်။
ဒွါရန္တ ရုပ္ပန္နံ၊ ကာယဒွါရမှတစ်ပါးသော ဝစီဒွါရ၌ဖြစ်သော။
ကာယကမ္မဉ္စ၊ ကိုလည်း။
တထာ၊ ထို စောပနကာယအသံဝရ ဟူ၍။
န ဝုစ္စတိ၊ မဆိုအပ်ရာ ရောက်၏။ (မဆိုစရာ ဖြစ်၏။)
ဣတိ၊ ကြောင့်။
ကမ္မပထသံ သန္ဒနဝိရောဓော၊ ကမ္မပထသံသန္ဒန အခန်းနှင့်ဆန့်ကျင်ခြင်းသည်။
သိယာ။
["ကမ္မပထသံသန္ဒနာဝိရောဓော နသိယာ"] ဟုလည်း ရှိ၏။ အဓိပ္ပာယ် အတူပင်။]
တဒဝိရောဓံ၊ ထိုကမ္မပထသံသန္ဒန အခန်းနှင့် မဆန့်ကျင်ပုံကို။
တတ္ထေဝ၊ ထို ကမ္မပထသံသန္ဒနအခန်း၌သာ။
ဝက္ခာမ၊ ကုန်အံ့။**၃။ ဉာဏသံဝရေ။ပ။ဒဋ္ဌဗ္ဗာ**။ ။ ဤစကားဖြင့် ပစ္စယသန္နိဿိတနှင့် အာဇီဝပါရိသုဒ္ဓိ ကို သီလသံဝရ၌ မသွင်းဟုသိပါ။ ပစ္စည်း ၄-ပါးကို ပဋိသင်္ခါ ယောနိသော-စသည်ဖြင့် ဉာဏ်ကိုဖြစ်စေ၍ ဆင်ခြင်ရသောကြောင့် ဉာဏသံဝရ၌ ပစ္စယသန္နိဿိတသီလကို သွင်းရ၏။ ပစ္စည်းကို ရှာဖွေရာဝယ် အချောင်သုံးစွဲလိုသူ၊ ဝီရိယနည်းသူတို့သာ မတရားရှာဖွေတတ်၏။ ဝီရိယရှိသူကား တရားသဖြင့်ရအောင် (ဆွမ်းခံသွားခြင်း-အစရှိသည်ဖြင့်) ဝီရိယအားထုတ်၍ ရှာ၏။ ထို့ကြောင့် အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယသံဝရ၌ သွင်းရသည်။
ဉာဏသံဝရေ၊ ဉာဏ သံဝရ၌။
ပစ္စယ သန္နိဿိတသီလဿ၊ ပစ္စယ သန္နိဿိတသီလ၏။
(အန္တောဂဓတာ၊ အတွင်းဝင်သည်၏ အဖြစ်ကိုလည်းကောင်း။)
ဝိရိယသံဝရေ၊ ၌ ။
အာဇီဝပါရိသုဒ္ဓိယာ၊ အာဇီဝပါရိသုဒ္ဓိသီလ၏။
အန္တောဂဓတာ စ၊ ကိုလည်းကောင်း။
ဒဋ္ဌဗ္ဗာ၊ ၏။