ဂါထာအနက်
ပါတိမောက္ခော၊ ပါတိမောက္ခသံဝရသီလလည်းကောင်း။ သတီစေဝ၊ သတိတရားလည်းကောင်း။ ဉာဏံ၊ ဉာဏ်လည်းကောင်း။ ဝါ၊ ဉာဏ်ပစ္စည်းကို မှီဝဲခြင်း လည်းကောင်း။ တထေဝစ၊ ထို့အတူသာလျှင်။ ခန္တီ၊ သည်းခံခြင်း လည်းကောင်း။
အထဝါ၊ ကား။ ဟေတုအတ္ထေဝါ၊ အနက်၌လည်း။ သုတွာနဝစနဿ၊ သုတွာန ဟူသော သဒ္ဒါ၏။ ဝါ၊ သုတွာန ဟူသော သဒ္ဒါ၌ အကျုံးဝင်သော တွာ ပစ္စည်း၏။ သမ္ဘဝတော၊ ဖြစ်ခြင်းကြောင့်။ ဝါ၊ သက်ခြင်းကြောင့်။ သုတဟေတုနာ၊ ကြားနာအပ်သော ပါဠိဓမ္မတည်းဟူသော အကြောင်းကြောင့်။ သံဝရေ၊ ကြားနာပြီးသည်၎ျ နောက်ကာလ၌ သီလကို စောင့်ရှောက်ခြင်း၌။ ပဝတ္တာ၊ ဖြစ်သော။ တံသမ္ပယုတ္တာ၊ သော။ ပညာ၊ ကို။ သုတွာန သံဝရေပညာတိ၊ ဟူ၍။ ဝုတ္တာ၊ ၏။ ဣတိပိ အတ္ထော၊ ဤသို့ ဟိတ်အနက်ကိုလည်း။ ဝေဒိတဗ္ဗော၊ ၏။ တနည်း၊ သုတဟေတုနာ၊ ရှေးရှေးသော ဘဝတို့၌ ကြားနာဖူးသော ပါဠိဓမ္မဟူသော အကြောင်းကြောင့်။ သံဝရေ၊ စောင့်ရှောက်ခြင်း၌။ ပဝတ္တာ၊ သော။ တံသမ္ပယုတ္တာ၊ သော။ ပညာ၊ ကို။ သုတွာန သံဝရေ ပညာတိ၊ ဟူ၍။ ဝုတ္တာ၊ ၏။ ဣတိပိ အတ္ထော၊ ဤသို့သော ဟိတ်အနက်ကိုလည်း။ ဝေဒိတဗ္ဗော၊ ၏။ အမှာ- ဤ၌ ပါတိမောက္ခ သံဝရသီလသည် ဝိနည်းဒေသနာဖြင့် ပြီး၏။ ကြွင်းသော သံဝရတို့သည် မူလပဏ္ဏာသ သဗ္ဗာသဝသုတ်ဖြင့် ပြီးကုန်၏။ လေ့လာကြပါကုန်။ ထိုတွင် အဋ္ဌကထာဆရာသည် သီလ၏ အရာဖြစ်သောကြောင့်။ ဉာဏခန္တီဝီရယသံဝရ သုံးပါးကို မယူဘဲလေးပါးသော သံဝရကိုသာ စတ်တာရောသံဝရာ ဣဓာဓိပ္ပေတာဟု ဆို၏။ ယင်းသို့ ဆိုလင့်စကားဉာဏသံဝရ ဝီရယ သံဝရတို့သည်လည်း သီလ၏ အစိတ်ဖြစ်သောကြောင့်လည်းကောင်း။ ထိုသီလတို့၏ အကြောင်းအရင်းဖြစ်သင့်သောကြောင့်လည်းကောင်း ထိုသုံးပါးသော သံဝရတို့ကို ယူလျှင်မူလည်း သင့်ပါသတည်း။ ထိုသို့ပင် သင့်ပါလျက်လည်း ထိုသုံးပါးသော သံဝရတို့ကို တေသုစ ဝိသေသေန စသည်ဖြင့် အဋ္ဌကထာဆရာ ပယ်တော်မူခဲ့သည်။ ဂဏ္ဌိမှာ အကျယ်ရှုပါ။ အဓိပ္ပါယ်ကွယ်ပျောက်မည်စိုး၍ ရေးလိုက်သည်။
ပါဠိဓမ္မကို နာကြားပြီးသည်မှ ကာလတစ်ပါး၌ ဖြစ်သော သံဝရ၏ ဖြစ်သော သံဝရ၏ ကြားနာအပ်သော ပါဠိဓမ္မ၏ အကြောင်းအရင်းရှိသည်၏ အဖြစ်ကြောင့် အထဝါ စသည်ကို မိန့်သတည်း။ တနည်း- ဆရာတို့ ၏ အထံ၌ ပါဠိဓမ္မကို ကြားနာ၍ ဤပစ္စုပ္ပန်ဘဝ၌ ကျင့်သော ပုဂ္ဂိုလ်၏ သံဝရကို ပြခြင်းငှါ သုတမယဉာဏေ ဝုတ္တံ ဓမ္မံ ဟူသော ရှေ့နည်းကို မိန့်သတည်း။ ရှေးရှေးသော ဘဝတို့၌ ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့၏အထံ၌ နာကြားခဲ့သော ပါဠိဓမ္မတည်းဟူသော အကြောင်းကြောင့် ဤပစ္စုပ္ပန် ဘဝ၌ ပင်ဖြစ်သော သံဝရကို ပြခြင်းငှါ အထ ဝါ စသော နောက်နည်းကို မိန့်သည်။ ဤနောက်ဝိကပ်၌ ပစ္စုပ္ပန်ဘဝ၌ ကြားနာအပ်သော ပါဠိဓမ္မနှင့် ကင်း၍ ရှေးရှေးသော ဘဝတို့၌ ကြားနာအပ်သော ပါဠိဓမ္မသည်။ ဤပစ္စုပ္ပန်ဘဝ၌ ကျင့်သော သီလမယသံဝရအား ပကတူပပစ္စည်း သတ္တိထိုနှစ်ပါးတွင် နောက်ဝိကပ်ဖြင့် အတိတ်ဖြစ်သော များစွာသော ဘဝတို့၌ ကြားနာအပ်သော ပါဠိဓမ္မလျှင် အကြောင်းအရင်းရှိသော ဘုရားပစ္စေကဗုဒ္ဓါ၏ သန္တာန်၌ဖြစ်သော သီလသံဝရ ပညာကိုလည်း သိမ်းဆည်းအပ်သတည်း။ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဇ္ဈတိ ဟူ၍လာခြင်းကြောင့် ထိုဘုရားပစ္စေကဗုဒ္ဓါတို့၏ ဝိပဿနာ ဉာဏ်တည်းဟူသော သစ္စာနုလောမိကဉာဏ်တို့သည် ထိုဘဝ၌ နာကြားခြင်းနှင့် ကင်း၍ ရှေးရှေးသော ဘာဝတို့က ကြားနာဖူးသော ပါဠိဓမ္မကြောင့်ဖြစ်၏။ ထိုဘုရားပစ္စေကဗုဒ္ူါတို့၏ အလောင်းတို့တွင် "ဟန္ဒ ဗုဒ္ဓကရေ ဓမ္မေ ဝိစိနာမိ" ဟူ၍ ဟောတော်မူအပ်သော ဒေသနာ လာသောကြောင့် ရှင်သုမေဓာဘုရားလောင်းသည် ဆယ်ပါးသော ပါရမီဉာဏ်တည်းဟူသော သံဝရကို သူတစ်ပါး မပြောကြားဘဲ အလိုလိုသိ၏။ ထိုသို့ 'သိခြင်းသည်လည်း ရှေးရှေးသော ဘဝတို့၌ ကြားနာဖူးသော တရားမှ ပကတူပပစ္စည်းကို ရ၍ သိသတည်း။ ဤ၌ ဘဝအကြောင်းကင်း၏။ ထိုကြောင့် ရှင်သုမေဓာတို့၏ ပါရမီဉာဏ်ဟု ဆိုအပ်သော သံဝရပညာသည် ပစ္စုပ္ပန်၌ ကြားနာခြင်းအကြောင်းမရှိ။ အတိတ်အကြောင်းသာ ရှိခြင်းကြောင့်လည်းကောင်း၊ သတ္တဟုသာ အမည်နာမပညတ်ရှိသော ပုဂ္ဂိုလ်အား ဗောဓိမဏ္ဍိုင်၌ ဗုဒ္ဓဟူသော အမည်နာမ ပညတ်ပြီးခြင်းကြောင့် လည်းကောင်း၊ ဒီပင်္ကရာ ဘုရားကို ဖူးမြော်ပြီး၍ဘုရားလောင်းတို့ ပြုအပ်ပြီးသော အခြင်းအရာကို ပြုပြီး၍ ကိစ္စံဝတ စသည်ဖြင့် နိဗ္ဗာန်ကို မြင်ပြီးသည်ရှိသော် အစစွာဖြစ်သော ပညာဖြင့် ခပ်သိမ်းသော ပါရမီဖြစ်ရာ ဘဝတို့၏ အစဖြစ်သော ရှင်သုမေဓာ၏ သံဝရပညာတို့မှာ အခြင်းခပ်သိမ်း ပစ္စုပ္ပန်အကြောင်း ကင်းသည်၏ အဖြစ်သည် ိုဖွယ်မရှိ။ အဓိကအားဖြင့် ပြီးတသည်း။
အကျဉ်းအဓိပ္ပါယ်ကား- ပစ္စေကဗုဒ္ဓါ ဘုရားသခင်တို့၏ ပါတိမောက္ခသံဝရ ပညာမဂ်ပညာတို့သည် လည်းကောင်း၊ ရှင်သုမေဓာ တို့ကဲ့သို့ အစစွာ ဘုရားလောင်းတို့၏ ပါရမီတည်းဟူသော သံဝရ ပညာနှင့် နိဗ္ဗာန်ကို မြင်သော ပညာသည်လည်းကောင်း ပစ္စုပ္ပန်ကြားနာခြင်းမရှိ၊ အတိတ်အကြောင်းသာ ရှိသည်။ ထို့ကြောင့် ဟိတ်၏ အနက်၌ သက်သော တွာ ပစ္စည်းဖြင့် ဒုတိယ ဝိကပ်ကို ပြသတည်း။ ဂဏ္ဌိကို စေ့စေ့ရှုပါ။
ဧတ္တာဝတာ၊ ဤသို့ ညွတ်တာတည်းဖြင့်။ တဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။ နိဗ္ဗိဒါ နုပဿနာဉာဏံ၊ သည်။ ဥပ္ပန္နံ၊ ဖြစ်သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။ ဤဘယတုပဋ္ဌာန အစရှိသော သုံးပါးသော ဉာဏ်တို့တွင် အသက်ရှည်ခြင်းကို အလိုရှိသော သူအား ခြင်္သေ့ သစ် ကျား တို့ကို ရှုသကဲ့သို့၊ သင်္ခါရတရားတို့ကို ဘေးအားဖြင့် ရှုခြင်းသည် ဘယတုပဋ္ဌာန ဉာဏ်မည်၏။ ရေပူမီးပူ၌ဖြစ်သော ဘေးကို မြင်သကဲ့သို့ ၊ထိုသို့ဘေးဟူသော အခြင်းအရာဖြင့် ထင်သော သင်္ခါရတရား၌ ဘေးဟူသော အကြောင်းကြောင့် မိမိအား ဖြစ်ရာသော ဆင်းရဲကို သီခြင်းသည် အာဒီနဝဉာဏ်မည်၏။ ဤသို့အားဖြင့် မြင်အပ်သော သင်္ခါရတရား၌ မမွေ့လျော်ခြင်းသည် နိဗ္ဗိဒါဉာဏ်မည်၏။ ထိုသုံးပါးတို့တွင် သင်္ခါရတရားတို့၏ ဘေးရန်လျှင်ရှေ့သွားရှိသည်၏ အဖြစ်ဖြင့် အပြစ်နှင့်တကွဖြစ်သည်အဖြစ်ကြောင့် ဘယတုပဋ္ဌာနဉာဏ်၏ အခြားမဲ့၌ အာဒီနဝဉာဏ်ကို ဆိုအပ်၏။ ဘေးနှင့် တကွ အပြစ်နှင့် တကွဖြစ်သော သင်္ခါရတရား၌ မမွေ့လျော်ခြင်း၏ ပြီးခြင်းကြောင့် အဆုံး၌ နိဗ္ဗိဒါဉာဏ်ကို ဆိုအပ်၏။
ထိုသို့ ဘေးအပြစ်နှင့် တကွဖြစ်၍ သင်္ခါရတရား၌ ငြီးငွေ့လျှင်မူလည်း သမုဒ္ဒရာ၏ အလယ်၌ တည်အပ်သော ကျီးသည် သောင်ကမ်းကို မရသော် လင်းယင်တိုင်၌ ပြန်၍ နားသကဲ့သို့လည်းကောင်း၊ စတုတ္ထာရုပ္ပဝီညာဉ်သည် အာရုံတပါးကို မရသည်ဖြစ်၍ တတိယာရုပ္ပဝိညာဉ်ကိုအာရုံပြုသကဲ့သို့ လည်းကောင်း။ ဤနိဗ္ဗိဒါဉာဏ်သည် လည်းကောင်း၊ ထိုနိဗ္ဗိဒါဉာဏ်မှ အထက်ဖြစ်သော မုစ္စိတုကမျတာ စသော ဉာဏ်တို့သည် လည်းကောင်း သင်္ခါရတရားတို့၏ ဘင်၌သာလျှင် ထြစ်သတည်း။ (ဂဏ္ဌိ)။
လောကုတ္တရံ ဈာနံ ။လ။ အနဝသေသပ္ပဟာနာယာတိ၊ ဟူ၍လည်း။ ကိလေသပ္ပဟာနံယေဝ၊ ကိလေသာ တို့ကို ပယ်ခြင်းကိုသာလျှင်။ အဓိကံ၊ အကြီးအမှူးကို။ ကတွာ၊ ၍။ မဂ္ဂပဋိပတ္တိယာ၊ မဂ်ကို ကျင့်ခြင်း၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊ ဓမ္မသင်္ဂဏီငါဠိ၌ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ ပဋိပတ္တာနုရူပေနေဝ၊ ကျင့်အပ်သော မဂ်အား လျော်သဖြင့် သာလျှင်။ ကိလေသ ပစ္စဝေက္ခဏဿ၊ ပယ်ပြီး မပယ်သေးသော ကိလေသာတို့ကို ဆင်ခြင်ခြင်း၏။ အာဒိဘာဝေါ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆင်ခြင်သည်တို့မှ အစ၏ဖြစ်သည်။ ယုဇ္ဇတိ၊ သင့်မြတ်၏။ သာဓကပါဠိ အနက်ကား နိယျာနိတံ၊ ဝဋ်မှ ထွက်မြောက်စေတတ်သော။ အပစယဂါမိံ၊ ကိလေသာကို ဖျက်ဆီး၍ သွားတတ်သော။ လောကုတ္တရံ၊ လောကုတ္တရာဖြစ်သော။ ဈာနံ၊ ကို။ ဒိဋ္ဌိဂတာနံ၊ မိစ္ဆာဒိဋ္ဌိတို့ကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ ဘာဝေတိ၊ ပွားစေ၏။ ကာမရာဂဗျာပါဒါနံ၊ ကာမရာဂသံယောဇဉ် ဗျာပါဒသံယောဇဉ်တို့ကို။ တနုဘာဝါယ၊ ခေါင်းပါးခြင်းကို ပြုခြင်းငှါ။ ကာမရာဂ ဗျာပါဒါနံ၊ ကာမရာဂသံယောဇဉ် ဗျာပါဒသံယောဇဉ်တို့ကို။ အနဝသေသပ္ပဟာနာယ၊ အကြွင်းမဲ့ပယ်ခြင်းငှါ။ ရူပ ရာဂအရူပရာဂမာနဥဒ္ဓစ္စအဝိဇ္ဇာနံ၊ ရူပရာဂသံယောဇဉ် ။လ။ အဝိဇ္ဇာ သံယောဇဉ် တို့ကို။ အနဝသေသပ္ပဟာနာယ၊ အကြွင်းမဲ့ပယ်ခြင်း ငှါ။ ပနတထာပိ၊ ထိုသို့ပင် ပဋိသမ္ဘိဒါမဂ်ပါဠိ၌ ဟောတော်မူအပ်သော်လည်း။ အဋ္ဌကထာယံ၊ ၌။ ဝုတ္တက္ကမော၊ မဂ္ဂံ ပစ္စဝေက္ခတိ၊ ဖလံ ပစ္စဝေက္ခတိ စသည်ဖြင့် ဆိုအပ်သော အစဉ်ကို။ အာစရိယေဟိ၊ တို့သည်။ ဒဿိတောယေဝ၊ ပြအပ်သည် သာတည်း။
အောက်၌ ပြဆိုခဲ့သော ယေသံ ဥပ္ပတ္တိယာ ဧတမဂ္ဂံ ပစ္စဝေက္ခတိ အစရှိသော အဋ္ဌကထာ၌ လာသော အစဉ်ကို အဋ္ဌကထာဆရာ မပယ်ခြင်းကြောင့် အဋ္ဌကထာနည်းသည် သေက္ခ အသေက္ခ ပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့်လည်း သင့်လျော်၏။ ဤပါဠိနည်းမူကား အသေက္ခပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် သာလျှင် သင့်လျော်သတည်း။ ဝိမုတ္တသ္မိံ ဝိမုတ္တမှိ ဟူ၍ ဖြစ်သော ပစ္စဝေက္ခဏာဉာဏ်၏ ပြီးခြင်းကြောင့်လည်းကောင်း။ အသေက္ခအဖြစ်ကို ဆောင်တတ်သော အရဟတ္တမဂ်၏သာလျှင် ကိလေသာကို ပယ်ခြင်း၌ လွန်ကဲ့သည်၏ အဖြစ်ကြောင့် လည်းကောင်း အချင်းချင်း မဆန့်ကျင်ဟူ၍ ယူအပ်၏။ ဝဏ္ဌိ။ ငါးပါးသော ကာမကို သမ္မောဝိဘင်း ခန္ဓဝိဘင်းနှင့် တိုက်ဆိုင်၍ ရှုပါ။
ဟိ သစ္စံ၊ မှန်၏။ ဝါ၊ ယံ ရိဂ္ဂဟေတုံ စသည်ဖြင့် ငါဆိုအပ်သော စကားသည်မှန်၏။ အနဂိဓတတ္တာ၊ မရဖူးသေးသည်၏ အဖြစ်ကြောင့်။ လောကုတ္တရနာမံ၊ လောကုတ္တရာ ကုသိုလ် ဝိပါက် တည်းဟူသော နာမည်ကို။ ပရိဂ္ဂဟေတုံစ၊ အနိစ္စစသည်ဖြင့် သိမ်းဆည်းခြင်းငှါ လည်း။ နသက္ကာ၊ မတတ်ကောင်း။ အဝိပဿနူပဂတတ္တာ၊ ဝိပဿနာ ရခြင်းငှါ မခံ့သည်၏ အဖြစ်ကြောင့်။ နစပရိဂ္ဂဟေတဗ္ဗံ၊ အနိစ္စ အစရှိသည်ဖြင့် မသိမ်းဆည်းအပ်။ အမှာအဓိပ္ပါယ် စရိယာ ဝဝတ္ထာနေ ပညာ၊ စတုဓာတု ဝဝတ္ထာနေ ပညာ ဟူ၍ ဟောတော်မူအပ်သာ ပါဠိ၌ အလုံးစုံသော ဘုံလေးပါး၌ဖြစ်သော တရားကိုမိန့်ဆိုလျှင်မူလည်း ဝိပဿနာ ရှုခြင်းငှါ ထိုက်သော တေဘူမက တရားကိုသာ သိအပ်မှတ်အပ်၏။ ဝိပဿနာ ရှုခြင်းငှါ မထိုက်သော လောကုတ္တရာ တရားကို မယူအပ်။ ထိုကြောင့် နာမရူပဝဝတ္ထာန ဉာဏ်ကို ပြခြင်းငှါ အဇ္ဈတ္တံ ဝဝတ္ထာနေ ပညာ စသော ပါဠိကို မိန့်သတည်းဟု ငါဆိုသော စကားသည်မှန်၏ ဟူလို သတည်း။စတုဘူမက တရားကို ပြသော ပါဠိဖြစ်၍ နာမရူပဝဝတ္ထာနဉာဏ်၏ အရာမဟုတ်လေတကားဟု မဆိုအပ် ငါတို့၏ အလိုတည်း။ ဝိပဿနာ အာရုံဟူသည်ကား တေဘူမကသာတည်း ဟူသည်နှင့်အညီတည်း။ ဂဏ္ဌိအလိုကား - အောက်ဖြစ်သော သမာဓိဘာဝနာ နာမ ယညာနံ ဟူသော ပုဒ်၏ နောက် ပစ္စယပရိဂ္ဂဟေ ပညာ ဟူသော ပုဒ်၏ ရှေ့၌ နာမရူပဝဝတ္ထာနဉာဏ်ကို သရုပ်အားဖြင့် မဟောခဲ့ခြင်း၏ အကြောင်းကို ပြလို၍ သကလေဟိ စသည်ကို မိန့်သတည်း။
ဟိယသ္မာ၊ အကြင်ကြောင့်။ ဟေဋ္ဌာ၊ အောက်၌ဖြစ်သော ပစ္စယ ပရိဂ္ဂဟဉာဏ်၏ ရှေ့၌။ နာမရူပ ဝဝတ္ထာပနဿ၊ ဉာဏ်၏။ ဝိသယဝသေန၊ အရာ၏ အစွမ်းဖြင့်။ သကလေ၊ အလုံးစုံသော။ နာမရူပေ၊ စတုဘူမက နာမ်ရုပ်တရားကို။ ဝုတ္တေ၊ ဟောချေသည် ရှိသော်။ ဧတ္ထ၊ ဤစတုဘူမကတရားအပေါင်းတို့တွင်။ ယံ၊ အကြင် မဟဂ္ဂုတ်ဖြစ်သော နာမ်တရားသည်။ အတ္ထိ၊ ၏။ တံ၊ ထို မဟဂ္ဂိုတ်ဖြစ်သော နာမ်တရားကို။ ပရိဂ္ဂဟေတုံ၊ သိမ်းဆည်းခြင်းငှါ။ သက္ကာ၊ တတ်ကောင်းရာ၏။ ယဉ္စ၊ အကြင် ကာမာဝစရ ဖြစ်သော နာမ်တရားကိုလည်း။ ဂရိဂ္ဂဟေတဗ္ဗံ၊ သိမ်းဆည်းအပ်၏။ တံ၊ ထိုကာမာဝစရ တရားကို။ ပရိဂ္ဂဟေဿတိ၊ သိမ်းဆည်းလတ္တံ့။ (ပရိဂ္ဂဟိယတိ- ဟု ဂဏ္ဌိ၌ ရှိ။) ဟိယသ္မာ၊ အကြင်ကြောင့်။ လောကုတ္တရနာမံ၊ လောကုတ္တရာ ကုသိုလ်ဝိပါက်ဟု ဆိုအပ်သော နာမ်ကို။ ပရိဂ္ဂဟေတုံစ၊ သိမ်းဆည်းခြင်းငှါလည်း။ နသက္ကာ၊ မတတ်ကောင်း။ ကသ္မာ၊ ကား။ အနဓိဂတတ္တာ၊ မသိသေးသည်၏ အဖြစ်ကြောင့်တည်း။ နပရိဂ္ဂဟေတဗ္ဗံ၊ သိမ်းလည်း မသိမ်းဆည်းအပ်။ တသ္မာ၊ ကြောင့်။ နပရိဂ္ဂဟေတဗ္ဗံ၊ အပ်။ ဣဒါနိ၊ ပစ္စဝေက္ခဏာဉာဏ်ကို ပြသည်၏ အခြားမဲ့ဖြစ်သော ဤကာလ၌။ ပဉ္စဓာ၊ ဖြင့်။ နာမရူပပဘေဒံ၊ ကို။ ဒဿေတုံ၊ ငှါ။ အဇ္ဈတ္တဝဝတ္ထာနေနာနာတ္တဉာဏန္တိအာဒီနိ၊ ကုန်သော။ ပဉ္စဉာဏာနာနိ၊ တို့ကို။ ဥဒ္ဒိဋ္ဌာနိ၊ ကုန်၏။ အကျယ်အဓိပ္ပါယ် သမာဓိဘာဝနာမယ ဉာဏ်၏ အခြားမဲ့၌ ဤနာမရူပဝတ္တာန ဉာဏ်ကို ပြခေသေ၊ သုနန္တ ဓမ္မသဝနယောဂီ ပုဂ္ဂိုလ်တို့သည် လောကုတ္တရာတရားကို မသိသေးသောကြောင့် လောကီတရားကိသာ သိမ်းဆည်းနိုင်၏။ လောကုတ္တရာ တရားကို မသိမ်းဆည်းနိုင်ရာ။ ပစ္စဝေက္ခဏာဉာဏ်၏ နောက်ဖြစ်သော ဤကာလ၌ နာမရူပဝဝတ္ထာနဉာဏ်ကို ပြမူကား ဓမ္မသဝနယောဂီ ပုဂ္ဂိုလ်တို့သည် လောကုတ္တရာတရားကို သိပြီးဖြစ်၍ အလုံးစုံသော တရားကို သိမ်းဆည်းနိုင်ရာ၏။ ထို့ကြောင့် ရှေ့၌ မဟော၊ ဤနောက်၎င်းမှာမှ ဟောသတည်း။ ထိုထက် အကျဉ်းကား ရှေ့၌ ပြမူ ဝိညာဏစရိယ၊ အဝိညာဏစရိယ နှစ်ပါးကိုသာ ဟောရရာ၏။ ဝိညာဏစိရိယကို မဟောရရာ၊ ဤနောက်ပြမူကား- သုံးပါးလုံးကို ဟောကြရာ၏။ ရှေ့၌ ပြမူကား တိဓမ္မာဝဝတ္ထာနေ- ဟူ၍ ဟောကြရာ၏။ ဤနောက်၌ ပြမူကား စတုဓမ္မဝဝတ္ထာနေ ဟု ဟောရာ၏။ ဂဏ္ဌိဆရာ၏ အဓိပ္ပါယ်မှာ သဗ္ဗေ ဓမ္မာ အနတ္တာ- ဟူ၍ လက္ခဏာရေးသို့ ထင်ရာ၌ နိဗ္ဗာန်ကို သင်္ဂြိုဟ်လို၍ ဓမ္မတရားကို ဆိုသည်ဟူသော အထက်အဘိညေယျ၌ သဗ္ဗေ ဓမ္မာတိ နိဗ္ဗာနမ္ပိ အန္တော ကတွာ ဝုတ္တာ ဟူ၍ အဋ္ဌကထာဆိုလတ္တံ့သည်နှင့်အညီ အတ္ထုဒ္ဓါရနှင့်တကွ အဇ္ဈတ္တသဒ္ဒါ၏ ဝိဂ္ဂဟသည် အဋ္ဌသာလိနီ အဇ္ဈတ္တိကတိက်အဖွင့်နှင့် တူ၏။
ဘာဝနာသစ္ဆိကရိယာ၊ ဘာဝနာပညာ သစ္ဆိကိရိယာ ပညာတို့သည်။ ဝါ၊ မဂ်နှင့် ယှဉ်သော ပညာဖိုလ်နှင့် ယှဉ်သော ပညာတို့သည်။ တံသမ္ဗန္ဓာ၊ ထိုပဟာနပဝိညာနှင့် ကုန်သည်လည်း။ ဝါ၊ ထိုပရိညာ သုံးပါးနှင့် အာသေဝန အာသေဝိတအားဖြင့် စစ်ဟန်သည်လည်း။ ဝါ၊ ပရိညာ သုဝါနှင့် အကြောင်းအကျိုးအားဖြင့် စပ်ကုန်သည်လည်း။ ဟောတိ၊ ကုန်၏။ တသ္မာ၊ ကြောင့်။ ဓမ္မနာနတ္တဉာဏာနန္တရံ၊ ဓမ္မနာနတ္တဉာဏ်၏ အခြားမဲ့၌။ ဉာတဋ္ဌေ ဉာဏာဒီနိ ဉာဏာနိ၊ အစရှိကုန်သော။ ပဉ္စဉာဏာနိ၊ တို့ကို။ ဥဒ္ဒိဋ္ဌာနိ၊ အကျဉ်းပြအပ်ကုန်၏။
အင်္ဂါနုပဿနာဉာဏ်မှ စ၍ အနုလုံတိုင်အောင်သော ဉာဏ်သည် ပဟာနပရိညာမည်၏။မဂ် ပညာသည် ဘာဝနာမယပညာ မည်၏။ ထိုဘာဝနာပရိညာ ဘာဝဣာယေပညာတို့သည် ဂေါတြဘူ အခြားရှိသောကြောင့် အနန္တရပစ္စည်း ပစ္စယုပ္ပန်မကပ်ကြ။ ထို့ကြောင့် တဒနန္တရံဟု မဆိုကောင်း မဂ်ပညာတည်းဟူသော ဘာဝနာမယပညာနှင့် ဖိုလ်ပညာတည်းဟူသော သစ္ဆိကိရိယာ ပညာသည် အနန္တရပစ္စည်း တပ်ကြသော်လည်း သစ္ဆိကိရယာဟူသော ပုဒ်၌ ဖိုလ်လေးခုသာမဟုတ်သေး၊ နိဗ္ဗာန်ကိုပါ ထည့်သွင်း၍ ယူရခြင်းကြောင့် တဒနန္တရံဟု မဆိုထိုက်။ ထို့ကြောင့် တဒနန္တရံ ဘာဝနာ၊ တံဒနန္တရံ သစ္ဆိကိရိယာဟူ၍ မဆိုလျှင်းမူဘဲ တသမ္ဗန္ဓာ စ ဘာဝနာ သစ္ဆိကိရိယာ ဟူ၍ အဋ္ဌကထာဆရာတို့ ဆိုအပ်သတည်း။ ဂဏ္ဌိ။