အဋ္ဌမေ၊ ရှစ်ခုမြောက်သောသုတ်၌။
အနုတ္တရိယာနီတိ၊ အနုတ္တရိယာနိဟူသည်ကား။
အညေန၊ တပါးသော။
ဥတ္တရိတရေန၊ အထူးသဖြင့်လွန်မြတ်သောတရားဖြင့်။
နိရုတ္တရာနိ၊ လွန်မြတ်သောတရားမရှိကုန်။
ဒဿနာနုတ္တရိယန္တိ၊ ဒဿနာနုတ္တရိယံဟူသည်ကား။
ရူပဒဿနေသု၊ ရူပါရုံကိုမြင်ခြင်းတို့၌။
အနုတ္တရံ၊ အတုမရှိမြတ်သော။
သဗ္ဗပဒေသု၊ အလုံးစုံသောပုဒ်တို့၌။
ဧသနယော၊ ဤနည်းကို။
ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
တိဝိတ္ထာရေမိ၊ ချဲ့ဦးအံ့။
ဟတ္ထိရတနာဒီနံ၊ ဆင်ရတနာအစရှိသည်တို့ကို။
ဒဿနံ၊ မြင်ခြင်းမည်သည်။
ဒဿနာနုတ္တရိယံ၊ မြင်ခြင်းတကာတို့ထက်အတုမရှိမြတ်သောမြင်ခြင်းမည်သည်။
န၊ မဟုတ်။
ပန၊ စင်စစ်သော်ကား။
နိဝိဋ္ဌသဒ္ဓဿ၊ သက်ဝင်သောသဒ္ဓါတရားရှိသောပုဂ္ဂိုလ်၏။
နိဝိဋ္ဌပေမဝသေန၊ သက်ဝင်သောချစ်ခြင်း၏အစွမ်းအားဖြင့်။
ဒသဗလဿဝါ၊ မြတ်စွာဘုရားကိုလည်းကောင်း။
ဘိက္ခုသံဃဿဝါ၊ ရဟန်းသံဃာကိုလည်းကောင်း။
ကသိဏအသုဘနိမိတ္တာဒီနံ၊ ကသိုဏ်းနိမိတ်အသုဘနိမိတ်အစရှိသည်တို့တွင်။
အညတရဿဝါ၊ တပါးပါးသောအာရုံကိုလည်းကောင်း။
ဒဿနံ၊ မြင်ခြင်းသည်။
ဒဿနာနုတ္တရိယံနာမ၊ မြင်ခြင်းတကာတို့ထက်အတုမရှိမြတ်သောမြင်ခြင်းမည်၏။
ခတ္တိယာဒီနံ၊ မင်းအစရှိသည်တို့၏။
ဂုဏကထာသဝနံ၊ ဂုဏ်ကျေးဇူးစကားကိုကြားခြင်းသည်။
သဝနာနုတ္တရိယံ၊ ကြားခြင်းတကာတို့ထက်အတုမရှိမြတ်သောကြားခြင်းမည်သည်။
န၊ မဟုတ်။
ပန၊ စင်စစ်သော်ကား။
နိဝိဋ္ဌသဒ္ဓဿ၊ သက်ဝင်သောသဒ္ဓါတရားရှိသောပုဂ္ဂိုလ်၏။
နိဝိဋ္ဌပေမဝသေန၊ သက်ဝင်သောချစ်ခြင်း၏အစွမ်းအားဖြင့်။
တိဏ္ဏံ၊ သုံးပါးကုန်သော။
ရတနာနံ၊ ရတနာတို့၏။
ဂုဏကထာယ၊ ဂုဏ်ကျေးဇူးစကားကို။
သဝနံဝါ၊ ကြားခြင်းသည်လည်းကောင်း။
တေပိဋကဗုဒ္ဓဝစနဿ၊ ပိဋကတ်သုံးပုံဟုဆိုအပ်သောမြတ်စွာဘုရားစကားတော်ကို။
သဝနံဝါ၊ ကြားနာခြင်းသည်လည်းကောင်း။
သဝနာနုတ္တရိယံနာမ၊ ကြားခြင်းတကာတို့ထက်အတုမရှိမြတ်သောကြားခြင်းမည်၏။
မဏိရတနာဒိလာဘော၊ ပတ္တမြားရတနာအစရှိသည်ကိုရခြင်းသည်။
လာဘာနုတ္တရိယံ၊ ရခြင်းတကာတို့ထက်အတုမရှိမြတ်သောရခြင်းမည်သည်။
န၊ မဟုတ်။
ပန၊ စင်စစ်သော်ကား။
သတ္တဝိဓအရိယဓနလာဘော၊ ခုနစ်ပါးအပြားရှိသောအရိယာပုဂ္ဂိုလ်တို့၏ဥစ္စာကိုရခြင်းသည်။
လာဘာနုတ္တရိယံနာမ၊ ရခြင်းတကာတို့ထက်အတုမရှိမြတ်သောရခြင်းမည်၏။
ဟတ္ထိသိပ္ပာဒိသိက္ခနံ၊ ဆင်အတတ်အစရှိသည်ကိုသင်ယူခြင်းသည်။
သိက္ခာနုတ္တရိယံ၊ သင်ယူခြင်းတကာတို့ထက်အတုမရှိမြတ်သောသင်ယူခြင်းမည်သည်။
န၊ မဟုတ်သေး။
ပန၊ စင်စစ်သော်ကား။
သိက္ခတ္တယဿ၊ သိက္ခာသုံးပါးအပေါင်းကို။
ပူရဏံ၊ ဖြည့်ခြင်းသည်။
သိက္ခာနုတ္တရိယံနာမ၊ သင်ယူခြင်းတကာတို့ထက်အတုမရှိမြတ်သောသင်ယူခြင်းမည်၏။
ခတ္တိယာဒီနံ၊ မင်းအစရှိသည်တို့ကို။
ပါရိစရိယာ၊ လုပ်ကျွေးခြင်းသည်။
ပါရိစရိယာနုတ္တရိယံ၊ လုပ်ကျွေးခြင်းတကာတို့ထက်အတုမရှိမြတ်သောလုပ်ကျွေးခြင်းမည်သည်။
န၊ မဟုတ်သေး။
ပန၊ စင်စစ်သော်ကား။
တိဏ္ဏံ၊ သုံးပါးကုန်သော။
ရတနာနံ၊ ရတနာတို့ကို။
ပါရိစရိယာ၊ လုပ်ကျွေးခြင်းသည်။
ပါရိစရိယာနုတ္တရိယံနာမ၊ လုပ်ကျွေးခြင်းတကာတို့ထက်အတုမရှိမြတ်သောလုပ်ကျွေးခြင်းမည်၏။
ခတ္တိယာဒီနံ၊ မင်းအစရှိသည်တို့၏။
ဂုဏာနုဿရဏံ၊ ဂုဏ်ကျေးဇူးကိုအောက်မေ့ခြင်းသည်။
အနုဿတာနုတ္တရိယံ၊ အောက်မေ့ခြင်းတကာတို့ထက်အတုမရှိမြတ်သောအောက်မေ့ခြင်းမည်သည်။
န၊ မဟုတ်သေး။
ပန၊ စင်စစ်သော်ကား။
တိဏ္ဏံ၊ သုံးပါးကုန်သော။
ရတနာနံ၊ ရတနာတို့၏။
ဂုဏာနုဿရကံ၊ ဂုဏ်ကျေးဇူးကိုအဖန်တလဲလဲအောက်မေ့ခြင်းသည်။
အနုဿတာနုတ္တရိယံနာမ၊ အောက်မေ့ခြင်းတကာတို့ထက်အတုမရှိမြတ်သောအောက်မေ့ခြင်းမည်၏။
ဣတိ၊ ဤသို့။
ဆ၊ ခြောက်ပါးကုန်သော။
ဣမာနိအနုတ္တရိယာနိ၊ ဤအတုမရှိမြတ်သောတရားတို့ကို။
လောကိယလောကုတ္တရာနိ၊ လောကီလောကုတ္တရာတို့ကို။
ကထိတာနိ၊ ဟောအပ်ကုန်၏။
နဝမေ၊ ကိုးခုမြောက်သောသုတ်၌။
ဗုဒ္ဓါနုဿတီတိ၊ ဗုဒ္ဓါနုဿတိဟူသည်ကား။
ဗုဒ္ဓဂုဏာရမ္မဏာနုဿတိ၊ အရဟတာအစရှိသောမြတ်စွာဘုရားဂုဏ်တော်လျှင်အာရုံရှိသောအဖန်တလဲလဲအောက်မေ့ခြင်းသတိတည်း။
သေသပဒေသုပိ၊ ကြွင်းသောပုဒ်တို့၌လည်း။
ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။