အမ္ဗပါလီထေရီဂါထာ
(၆၆)
မမ၊ ငါအမ္ဗပါလိ၏ ။
မုဒ္ဓဇာ၊ ဦးခေါင်း၌ရောက်သောဆံတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
ကာဠကာ၊ မည်းနက်သောအဆင်းရှိကုန်သည်။
ဘမရဝဏ္ဏသဒိသာ၊ ပိတုန်းတောင်ကဲ့သို့သိမ်မွေ့စွာစိမ်းညိုသောအဆင်းရှိကုန်သည်။
ဝလ္လိတဂ္ဂါ၊ ဆံရင်းမှစ၍အဖျားတိုင်အောင်သားလှီးဓားကဲ့သို့ ကော့တော့ညွတ်ကုန်သည်။
အဟုံ၊ ဖြစ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တေ၊ ထိုဦးခေါင်း၌ရောက်သောဆံတို့သည်။
သာဏဝါကသဒိသာ၊ ပိုက်ဆံလျှော်မြှင်နှင့်တူခဲ့ကုန်၏ ။
သစ္စဝါဒိဝစနံ၊ ဟုတ်မှန်သောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ ခပ်သိမ်းသောရုပ်သည် အမြဲမရှိအိုခြင်းဖြင့် နှိပ်စက်အပ်၏အစရှိသောစကားတော်သည်။
အနညထာ၊ ဟောတော်မူတိုင်း မှန်လှသည်သာတည်း။
မမ၊ ငါ၏ ။
ဥတ္တမင်္ဂဘူတော၊ မြတ်သောအင်္ဂါဟုဆိုအပ်သော ဦးခေါင်း၌ရောက်သောဆံထုံးသည်လည်း။
ဝါသိတော၊ ပန်းနံံ့သာလွင်မှုန့် အစရှိသည်တို့ဖြင့်ထုံအပ်သော။
ကရဏ္ဍကောဣဝ၊ နံံ့သာကြုတ်ကဲ့သို့။
သုရဘိ၊ ကောင်းစွာမွှေးကြိုင်သောအနံံ့ရှိ၏ ။
ပုပ္ဖပူရော ပုပ္ဖပူရိတော၊ စံကားပန်း မုလေးပါး ကြက်ရုံးပန်း စသောပန်းတို့ဖြင့်ပြည့်သည်ဖြစ်၍ အညစ်အကြေးကင်း၏ ။
အထ၊ ယခုအိုသောအခါမူကား။
တံ၊ ထိုငါ့ဦးခေါင်းသည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
သလောမဂန္ဓိကံ၊ ပြကတေ့သောဆံ၏အနံံ့သာလျှင် ညှီညှီနံစော်ဘိ၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သော မြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ အချည်းစည်းမဟုတ်သည်သာလျှင်တည်း။
မမ၊ ငါ၏ ။
ကေသာ၊ ဆံတို့သည်။
ပုဗ္ဗေ၊ ရှေး၌။
သုရောဗိတံ၊ ကောင်းစွာ တစ်ညီတစ်ညွတ်စိုက်ပျိုးအပ်သော။
သယိတံ၊ တစ်ခဲနက်ထူထပ်စွာသော ဖြူဖြူသွယ်သွယ်ရောက်သောအခက်ရှိသော။
ကာနနံဣဝ၊ ဥယျာဉ်ပိတောက်ပန်းကဲ့သို့။
ကောစ္ဆသုစီဝိစိတဂ္ဂသောဘိတံ၊ ခေါင်းဖြီးရွှေဆံကျင်တို့ဖြင့် သင်အပ်ပြီးသောအဖျားရှိသည်ဖြစ်၍ တင့်တယ်၏ ။
တံ၊ ထိုဦးခေါင်း၌ရောက်သောဆံပင်တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသော အကြောင်းကြောင့်။
တဟိံ တဟိံ၊ ထိုထိုသို့သောအရပ်၌။
ဝိရဋ္ဌံ၊ ကြဲသည်ဖြစ်ခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
တံ၊ ထိုဦးခေါင်းသည်။
ပုဗ္ဗေ၊ ရှေးပျိုစဉ်ကာလ၌။
ကဏှဂန္ဓကသုဝဏ္ဏမဏ္ဍိတံ၊ ရွှေဆံကျင်အစရှိသည်တို့ဖြင့်တန်ဆာဆင်အပ်သောမည်းသောဆံရှိသည်ဖြစ်၍။
သုဝေဏီဟိ၊ ငုသီးနှင့်တူသောကောင်းသောဆံစည်းတို့ဖြင့်။
အလင်္ကတံ၊ တန်ဆာဆင်အပ်သည်ဖြစ်၍။
သောဘတေ၊ ရှေး၌တင့်တယ်၏ ။
တံသီရံ၊ ထိုဦးခေါင်းကို။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းသည်။
စလိတံ၊ ဆံကျွတ်သည်ဖြစ်၍ဦးထင်းခြင်းကို။
ကတံ၊ ပြုအပ်၏။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
သုဘမုကာ၊ ကောင်းစွာတင့်တယ်ခြင်းသို့ရောက်သောမျက်မှောက်တို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
စိတ္တကာရသုကတာ၊ ပန်းချီသမားသည်ညိုသောအဆင်းဖြင့် ကောင်းစွာရေးအပ်ကုန်သော။
လေခိကာဣဝ၊ အရေးတို့ကဲ့သို့။
သောဘရေ၊ တင့်တယ်ကုန်၏ ။
တာ၊ ထိုငါ့မျက်မှောက်တို့သည်။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဝလီဟိ၊ နဖူးစွန်း၌ဖြစ်သော အရေတွန့်တို့ဖြင့်။
ပလမ္ဗိတာ၊ တွဲရရွဲရှည် တွန့်ကုန်၏ ။
သစ္စဝါဒိဝနံ၊ မှန်သည်ကိုသာ ဆိုတော်မူတတတ်သော မြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်ယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
နေတ္တာ၊ မျက်စိတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောကာလ၌။
မဏိယထာ၊ မြညိုအမျက်ကောင်းကဲ့သို့။
ပဘဿရာ၊ ပြိုးပြိုးပြက်သောအရောင်ရှိကုန်သည်။
သုရုစိရာ၊ သူတစ်ပါးတို့အလွန်နှစ်သက်ဖွယ်ရှိကုန်သည်။
အတိနီလမာယထာ၊ အလွန်ညိုသည်ဖြစ်၍ရှည်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏ ။
တေ၊ ထိုငါ၏မျက်စိတို့သည်။
ဇရာယ၊ အိုခြင်းသည်။
အဘိဟတာ၊ နှိပ်စက်ကုန်သည်ဖြစ်၍။
နသောဘရေ၊ မတင့်တယ်ကုန်။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
နှာသိကာ၊ နှာခေါင်းနှာတံသည်အလွန်ပျိုနုသောအရွယ်ကို။
ပတိ၊ စွဲ၍။
သဏှတုင်္ဂသဒိသီစ၊ သိမ်မွေ့စွာမြင်ကုန်သည်ဖြစ်၍ကြွင်းသော မျက်နှာအစိတ်တို့နှင့်လျောက်ပတ်ကုန်သည်ဖြစ်၍။
သောဘတေ၊ လုံး၍ထားအပ်သောဆေးဒန်းမြင်းသီလာတောင်ကဲ့သို့တင့်တယ်၏ ။
ဣဒါနိ၊ ယခုမူကား။
သာ၊ ထိုနှာခေါင်းသည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဥပကုလိတာဝိယ၊ ပြုတ်ဖြော၍ဖိန်းသကဲ့သို့။
ဇာတာ၊ ဖြစ်ခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
ကဏ္ဏပါဠိယော၊ နာတွေ့တို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောကာလ၌။
သုကတံ၊ ရှေး၌ကောင်းစွာပြုအပ်သော။
သုနိဋ္ဌိတံ၊ ကောင်းစွာစိုက်၍ထားအပ်သော။
ကင်္ကဏံဝ၊ ရွှေတွေ့တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဝလီဟိ၊ ထိုထိုသို့သောအရပ်၌ဖြစ်သောအတွန့်တို့ဖြင့်။
ဝလီ၊ တွန့်ကုန်သည်ဖြစ်၍။
ပလမ္ဗိတာ၊ ရှည်သည်ဖြစ်၍တွဲရရွဲကျခဲ့ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာ ဆိုတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
သုဒန္တာ၊ ကောင်းသောသွားတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
ပတ္တလိမကုဠဝဏ္ဏသာဒိသာ၊ ငှက်ပျောငုံနှင့်တူသောသဏ္ဌာန်ရှိကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
တေ၊ ထိုငါ၏သွားတို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ခဏ္ဍာစ၊ ကွဲခြင်း ကျွတ်ခြင်းတို့ဖြင့် ကျိုးသောအဖြစ်သို့ရောက်ကုန်၏ ။
ပီတကာ၊ အဆင်းပျက်သဖြင့် ရွှေသောအဖြစ်သို့ရောက်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ဝနသဏ္ဍစာရိနီ၊ တောအုပ်၌ကျက်စားလေ့ရှိသော။
ကာနနမှိ၊ တော၌။
နိဝါသိနီ၊ နေလေ့ရှိသေ။
ကောကိလာဝ၊ ဥဩမကဲ့သို့။
မဓုရံ၊ သာယာစွာသောအသံကို။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးအခါ၌။
နိကူဇိံ၊ ဆိုပြီ။
တံ၊ ထိုသာယာစွာဆိုသောအသံသည်။
ဣဒါနိ၊ ယခု။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တဟိံ တဟိံ၊ ထိုထိုသောစကား၌။
ခလိတံ၊ ချွတ်ယွင်းခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
သုဂီဝါ၊ ကောင်းစွာလုံးဖြိုးသောလည်တို့သည်။
ပုရေ၊ ရှေးအခါ၌။
သုပ္ပမဇ္ဇိတာ၊ ကောင်းစွာသုတ်သင်အပ်သော။
သဏှကမ္ဗုရိဝ၊ သိမ်မွေ့သော ပြေပြစ်သောရွှေစင်ပေါက်ကဲ့သို့။
သောဘရေ၊ တင့်တယ်ကုန်၏ ။
သော၊ ထိုလည်သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဘဂ္ဂါ၊ အကြောပြိုင်းပြိုင်းထသဖြင့် ပျက်စီးကုန်သည်ဖြစ်၍။
ဝိနာမတာ၊ ပျက်စီးခြင်းသို့ရောက်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
ဥဘော၊ နှစ်ဘက်ကုန်သော။
သုဗာဟာ၊ ကောင်းသောဆက်မောင်းတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
ဝဋ္ဋပလိဃသဒိသောပမာ၊ ပွတ်တိုက်အပ်သောလုံးသောတံခါးတိုင်နှင့်တူကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
တာ၊ ထိုငါ့လက်မောင်းနှစ်ဖက်တို့သည်။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ပါဋလိဗ္ဗလိတာယတာ၊ အသီးသီးသောသခွတ်ပင်၏အခက်နှင့်တူကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါသည်။
သုဟတ္ထာ၊ ကောင်းသောလက်ချောင်းတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောကာလ၌။
သဏှမုဒ္ဓိကာသုဝဏ္ဏမဏ္ဍိထာ၊ ရွှေဖြင့်ပြီးသော သိမ်မွေ့ပြေပြစ်သောလက်စွပ်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသော အကြောင်းကြောင့်။
တာ၊ ထိုလက်ချောင်းတို့သည်။
မူလမူလိကာယထာ၊ ကညို့မြစ်ချင်းသီးကဲ့သို့ဖြစ်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏။
ဥဘော၊ နှစ်ခုကုန်သော။
သုထနကာ၊ ကောင်းသောသမြတ်တို့သည်။
ပိနဝဋ္ဋသဟိတာ၊ ဖြိုးပြည့်လုံးလျောင်း တစ်ပေါင်းတည်းအချင်းချင်းတကွ စပ်ကုန်သည်ဖြစ်၍သာလျှင်။
ဥဂ္ဂတာ၊ အထက်သို့မျက်နှာပြုကုန်သည်ဖြစ်၍။
သောဘရေ၊ ရွှေစိုင်ကဲ့သို့တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တေ၊ ထိုသမြတ်နှစ်ခုတို့သည်။
အနောဒကာ၊ ရေမရှိသော။
ထေရီတိဝ၊ တွဲလွဲဆွဲ၍ ထားအပ်သောရေစစ်အိမ်ကဲ့သို့။
လမ္ဗန္တိ၊ ရှည်ခဲ့ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏ ။
သုကာယော၊ ကောင်းသောကိုယ်သည်။
သုမဋ္ဌံ၊ ဟင်းသပတားဖြင့် ရှည်မြင့်စွာပွတ်နယ်အပ်သော။
ကဉ္စနဿဖလကံဣဝ၊ ရွှေဖြင့်ပြီးသောပျဉ်ပြားကဲ့သို့။
သောဘတေ၊ တင့်တယ်၏ ။
သော၊ ထိုငါ၏ကိုယ်သည်။
ဣဒါနိ၊ ယခုမူကား။
သုခုမာဟိ၊ သိမ်မွေ့ကုန်သော။
ဝလီဟိ၊ အတွန့်တို့ဖြင့်။
ဩတတော၊ အရေတွန့်သောအဖြစ်သို့ရောက်ခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
ဥဘော၊ နှစ်ဘက်ကုန်သော။
မမ၊ ငါ၏ ။
သုဦရူ၊ ကောင်းသောပေါင်တို့သည်။
နာဂဘောဂသဒိသောပမာ၊ ဆင်နှာမောင်းနှင့်တူကုန်သည်ဖြစ်၍သာလျှင်။
သောဘရေ၊ တင့်တယ်ကုန်၏ ။
တာ၊ ထိုငါ၏ပေါင်နှစ်ဘက်တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဣဒါနိ၊ ယခုမူကား။
ဝေဠုနာရိယောယထ၊ ဝါနုပိန်ကျူဝိန်နှင့်တူကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏ ။
သုဇင်္ဃာ၊ ကောင်းသောမြင်းခေါင်းတို့သည်။
သဏှနုပူရသုဝဏ္ဏမဏ္ဍိကာ၊ သိမ်မွေ့ပြေပြစ်သောရွှေခြေကျင်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
တာ၊ ထိုမြင်းခေါင်းတို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တိလဒဏ္ဍကာရိဝ၊ ရိတ်၍ကြွင်းသောခြောက်သောနှမ်းရိုးတို့ကဲ့သို့။
အဟေသုံ၊ ဖြစ်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏။
ဥဘော၊ နှစ်ဘက်ကုန်သော။
သုပါဒါ၊ ကောင်းသောခြေတို့သည်။
တူလပုဏ္ဏသဒိသောပမာ၊ လက်ပံလဲဖြင့်ပြည့်သောဖနှောင့်ဖုံး ဖမိုးဖုံးတပ်သောဖိနပ်နှင့်အတူနူးညံ့ကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခု။
တေ၊ ထိုခြေနှစ်ဖက်တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဖုဠိတာ၊ ကွဲခဲ့ကုန်သည်။
ဗလီမတာ၊ တွန့်သောအရေရှိခဲ့ကုန်သည်။
ဇာတာ၊ ဖြစ်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
အယံသမုဿယော၊ ဤငါ၏ကိုယ်သည်။
ဧဒိသော၊ ဤသို့သဘောရှိသည်။
အဟု၊ ဖြစ်၏ ။
ဇဇ္ဇရော၊ လျော့သောအကြောင်းရှိသည်။
ဗဟုဒုက္ခာနံ၊ အိုခြင်းစသောအကြောင်းရှိသော များစွာသောအဆင်းရဲတို့၏ ။
အာလယော၊ တည်ရာဖြစ်၍ဖြစ်သည်။
အဟု၊ ဖြစ်၏ ။
သော၊ ထိုငါ၏ကိုယ်သည်။
အပလေပပတိတော၊ ကုသိုလ်ကံသည် အလွန်ပြုပြင်အပ်သောအသားအသွေးကုန်သဖြင့်လည်းခြင်းသို့ရှေးရှုသည်။
ဇရာဃရော၊ အိုခြင်း၏တည်ရာဖြစ်သည်။
အဟု၊ ဖြစ်၏ ။
တသ္မာ၊ ထိုကြောင့်။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
အမ္ဗပါလီ၊ အမ္ဗပါလိမည်သော ထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။