၁၃. ဝီသတိနိပါတော
အမ္ဗပါလီထေရီဂါထာ
(၆၆)
မမ၊ ငါအမ္ဗပါလိ၏ ။
မုဒ္ဓဇာ၊ ဦးခေါင်း၌ရောက်သောဆံတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
ကာဠကာ၊ မည်းနက်သောအဆင်းရှိကုန်သည်။
ဘမရဝဏ္ဏသဒိသာ၊ ပိတုန်းတောင်ကဲ့သို့သိမ်မွေ့စွာစိမ်းညိုသောအဆင်းရှိကုန်သည်။
ဝလ္လိတဂ္ဂါ၊ ဆံရင်းမှစ၍အဖျားတိုင်အောင်သားလှီးဓားကဲ့သို့ ကော့တော့ညွတ်ကုန်သည်။
အဟုံ၊ ဖြစ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တေ၊ ထိုဦးခေါင်း၌ရောက်သောဆံတို့သည်။
သာဏဝါကသဒိသာ၊ ပိုက်ဆံလျှော်မြှင်နှင့်တူခဲ့ကုန်၏ ။
သစ္စဝါဒိဝစနံ၊ ဟုတ်မှန်သောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ ခပ်သိမ်းသောရုပ်သည် အမြဲမရှိအိုခြင်းဖြင့် နှိပ်စက်အပ်၏အစရှိသောစကားတော်သည်။
အနညထာ၊ ဟောတော်မူတိုင်း မှန်လှသည်သာတည်း။
မမ၊ ငါ၏ ။
ဥတ္တမင်္ဂဘူတော၊ မြတ်သောအင်္ဂါဟုဆိုအပ်သော ဦးခေါင်း၌ရောက်သောဆံထုံးသည်လည်း။
ဝါသိတော၊ ပန်းနံံ့သာလွင်မှုန့် အစရှိသည်တို့ဖြင့်ထုံအပ်သော။
ကရဏ္ဍကောဣဝ၊ နံံ့သာကြုတ်ကဲ့သို့။
သုရဘိ၊ ကောင်းစွာမွှေးကြိုင်သောအနံံ့ရှိ၏ ။
ပုပ္ဖပူရော ပုပ္ဖပူရိတော၊ စံကားပန်း မုလေးပါး ကြက်ရုံးပန်း စသောပန်းတို့ဖြင့်ပြည့်သည်ဖြစ်၍ အညစ်အကြေးကင်း၏ ။
အထ၊ ယခုအိုသောအခါမူကား။
တံ၊ ထိုငါ့ဦးခေါင်းသည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
သလောမဂန္ဓိကံ၊ ပြကတေ့သောဆံ၏အနံံ့သာလျှင် ညှီညှီနံစော်ဘိ၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သော မြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ အချည်းစည်းမဟုတ်သည်သာလျှင်တည်း။
မမ၊ ငါ၏ ။
ကေသာ၊ ဆံတို့သည်။
ပုဗ္ဗေ၊ ရှေး၌။
သုရောဗိတံ၊ ကောင်းစွာ တစ်ညီတစ်ညွတ်စိုက်ပျိုးအပ်သော။
သယိတံ၊ တစ်ခဲနက်ထူထပ်စွာသော ဖြူဖြူသွယ်သွယ်ရောက်သောအခက်ရှိသော။
ကာနနံဣဝ၊ ဥယျာဉ်ပိတောက်ပန်းကဲ့သို့။
ကောစ္ဆသုစီဝိစိတဂ္ဂသောဘိတံ၊ ခေါင်းဖြီးရွှေဆံကျင်တို့ဖြင့် သင်အပ်ပြီးသောအဖျားရှိသည်ဖြစ်၍ တင့်တယ်၏ ။
တံ၊ ထိုဦးခေါင်း၌ရောက်သောဆံပင်တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသော အကြောင်းကြောင့်။
တဟိံ တဟိံ၊ ထိုထိုသို့သောအရပ်၌။
ဝိရဋ္ဌံ၊ ကြဲသည်ဖြစ်ခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
တံ၊ ထိုဦးခေါင်းသည်။
ပုဗ္ဗေ၊ ရှေးပျိုစဉ်ကာလ၌။
ကဏှဂန္ဓကသုဝဏ္ဏမဏ္ဍိတံ၊ ရွှေဆံကျင်အစရှိသည်တို့ဖြင့်တန်ဆာဆင်အပ်သောမည်းသောဆံရှိသည်ဖြစ်၍။
သုဝေဏီဟိ၊ ငုသီးနှင့်တူသောကောင်းသောဆံစည်းတို့ဖြင့်။
အလင်္ကတံ၊ တန်ဆာဆင်အပ်သည်ဖြစ်၍။
သောဘတေ၊ ရှေး၌တင့်တယ်၏ ။
တံသီရံ၊ ထိုဦးခေါင်းကို။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းသည်။
စလိတံ၊ ဆံကျွတ်သည်ဖြစ်၍ဦးထင်းခြင်းကို။
ကတံ၊ ပြုအပ်၏။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
သုဘမုကာ၊ ကောင်းစွာတင့်တယ်ခြင်းသို့ရောက်သောမျက်မှောက်တို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
စိတ္တကာရသုကတာ၊ ပန်းချီသမားသည်ညိုသောအဆင်းဖြင့် ကောင်းစွာရေးအပ်ကုန်သော။
လေခိကာဣဝ၊ အရေးတို့ကဲ့သို့။
သောဘရေ၊ တင့်တယ်ကုန်၏ ။
တာ၊ ထိုငါ့မျက်မှောက်တို့သည်။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဝလီဟိ၊ နဖူးစွန်း၌ဖြစ်သော အရေတွန့်တို့ဖြင့်။
ပလမ္ဗိတာ၊ တွဲရရွဲရှည် တွန့်ကုန်၏ ။
သစ္စဝါဒိဝနံ၊ မှန်သည်ကိုသာ ဆိုတော်မူတတတ်သော မြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်ယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
နေတ္တာ၊ မျက်စိတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောကာလ၌။
မဏိယထာ၊ မြညိုအမျက်ကောင်းကဲ့သို့။
ပဘဿရာ၊ ပြိုးပြိုးပြက်သောအရောင်ရှိကုန်သည်။
သုရုစိရာ၊ သူတစ်ပါးတို့အလွန်နှစ်သက်ဖွယ်ရှိကုန်သည်။
အတိနီလမာယထာ၊ အလွန်ညိုသည်ဖြစ်၍ရှည်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏ ။
တေ၊ ထိုငါ၏မျက်စိတို့သည်။
ဇရာယ၊ အိုခြင်းသည်။
အဘိဟတာ၊ နှိပ်စက်ကုန်သည်ဖြစ်၍။
နသောဘရေ၊ မတင့်တယ်ကုန်။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
နှာသိကာ၊ နှာခေါင်းနှာတံသည်အလွန်ပျိုနုသောအရွယ်ကို။
ပတိ၊ စွဲ၍။
သဏှတုင်္ဂသဒိသီစ၊ သိမ်မွေ့စွာမြင်ကုန်သည်ဖြစ်၍ကြွင်းသော မျက်နှာအစိတ်တို့နှင့်လျောက်ပတ်ကုန်သည်ဖြစ်၍။
သောဘတေ၊ လုံး၍ထားအပ်သောဆေးဒန်းမြင်းသီလာတောင်ကဲ့သို့တင့်တယ်၏ ။
ဣဒါနိ၊ ယခုမူကား။
သာ၊ ထိုနှာခေါင်းသည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဥပကုလိတာဝိယ၊ ပြုတ်ဖြော၍ဖိန်းသကဲ့သို့။
ဇာတာ၊ ဖြစ်ခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
ကဏ္ဏပါဠိယော၊ နာတွေ့တို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောကာလ၌။
သုကတံ၊ ရှေး၌ကောင်းစွာပြုအပ်သော။
သုနိဋ္ဌိတံ၊ ကောင်းစွာစိုက်၍ထားအပ်သော။
ကင်္ကဏံဝ၊ ရွှေတွေ့တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဝလီဟိ၊ ထိုထိုသို့သောအရပ်၌ဖြစ်သောအတွန့်တို့ဖြင့်။
ဝလီ၊ တွန့်ကုန်သည်ဖြစ်၍။
ပလမ္ဗိတာ၊ ရှည်သည်ဖြစ်၍တွဲရရွဲကျခဲ့ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာ ဆိုတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
သုဒန္တာ၊ ကောင်းသောသွားတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
ပတ္တလိမကုဠဝဏ္ဏသာဒိသာ၊ ငှက်ပျောငုံနှင့်တူသောသဏ္ဌာန်ရှိကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
တေ၊ ထိုငါ၏သွားတို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ခဏ္ဍာစ၊ ကွဲခြင်း ကျွတ်ခြင်းတို့ဖြင့် ကျိုးသောအဖြစ်သို့ရောက်ကုန်၏ ။
ပီတကာ၊ အဆင်းပျက်သဖြင့် ရွှေသောအဖြစ်သို့ရောက်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ဝနသဏ္ဍစာရိနီ၊ တောအုပ်၌ကျက်စားလေ့ရှိသော။
ကာနနမှိ၊ တော၌။
နိဝါသိနီ၊ နေလေ့ရှိသေ။
ကောကိလာဝ၊ ဥဩမကဲ့သို့။
မဓုရံ၊ သာယာစွာသောအသံကို။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးအခါ၌။
နိကူဇိံ၊ ဆိုပြီ။
တံ၊ ထိုသာယာစွာဆိုသောအသံသည်။
ဣဒါနိ၊ ယခု။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တဟိံ တဟိံ၊ ထိုထိုသောစကား၌။
ခလိတံ၊ ချွတ်ယွင်းခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
သုဂီဝါ၊ ကောင်းစွာလုံးဖြိုးသောလည်တို့သည်။
ပုရေ၊ ရှေးအခါ၌။
သုပ္ပမဇ္ဇိတာ၊ ကောင်းစွာသုတ်သင်အပ်သော။
သဏှကမ္ဗုရိဝ၊ သိမ်မွေ့သော ပြေပြစ်သောရွှေစင်ပေါက်ကဲ့သို့။
သောဘရေ၊ တင့်တယ်ကုန်၏ ။
သော၊ ထိုလည်သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဘဂ္ဂါ၊ အကြောပြိုင်းပြိုင်းထသဖြင့် ပျက်စီးကုန်သည်ဖြစ်၍။
ဝိနာမတာ၊ ပျက်စီးခြင်းသို့ရောက်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါ၏ ။
ဥဘော၊ နှစ်ဘက်ကုန်သော။
သုဗာဟာ၊ ကောင်းသောဆက်မောင်းတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောအခါ၌။
ဝဋ္ဋပလိဃသဒိသောပမာ၊ ပွတ်တိုက်အပ်သောလုံးသောတံခါးတိုင်နှင့်တူကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
တာ၊ ထိုငါ့လက်မောင်းနှစ်ဖက်တို့သည်။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ပါဋလိဗ္ဗလိတာယတာ၊ အသီးသီးသောသခွတ်ပင်၏အခက်နှင့်တူကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
မမ၊ ငါသည်။
သုဟတ္ထာ၊ ကောင်းသောလက်ချောင်းတို့သည်။
ပုရေ၊ ရှေးပျိုရွယ်သောကာလ၌။
သဏှမုဒ္ဓိကာသုဝဏ္ဏမဏ္ဍိထာ၊ ရွှေဖြင့်ပြီးသော သိမ်မွေ့ပြေပြစ်သောလက်စွပ်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသော အကြောင်းကြောင့်။
တာ၊ ထိုလက်ချောင်းတို့သည်။
မူလမူလိကာယထာ၊ ကညို့မြစ်ချင်းသီးကဲ့သို့ဖြစ်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏။
ဥဘော၊ နှစ်ခုကုန်သော။
သုထနကာ၊ ကောင်းသောသမြတ်တို့သည်။
ပိနဝဋ္ဋသဟိတာ၊ ဖြိုးပြည့်လုံးလျောင်း တစ်ပေါင်းတည်းအချင်းချင်းတကွ စပ်ကုန်သည်ဖြစ်၍သာလျှင်။
ဥဂ္ဂတာ၊ အထက်သို့မျက်နှာပြုကုန်သည်ဖြစ်၍။
သောဘရေ၊ ရွှေစိုင်ကဲ့သို့တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တေ၊ ထိုသမြတ်နှစ်ခုတို့သည်။
အနောဒကာ၊ ရေမရှိသော။
ထေရီတိဝ၊ တွဲလွဲဆွဲ၍ ထားအပ်သောရေစစ်အိမ်ကဲ့သို့။
လမ္ဗန္တိ၊ ရှည်ခဲ့ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏ ။
သုကာယော၊ ကောင်းသောကိုယ်သည်။
သုမဋ္ဌံ၊ ဟင်းသပတားဖြင့် ရှည်မြင့်စွာပွတ်နယ်အပ်သော။
ကဉ္စနဿဖလကံဣဝ၊ ရွှေဖြင့်ပြီးသောပျဉ်ပြားကဲ့သို့။
သောဘတေ၊ တင့်တယ်၏ ။
သော၊ ထိုငါ၏ကိုယ်သည်။
ဣဒါနိ၊ ယခုမူကား။
သုခုမာဟိ၊ သိမ်မွေ့ကုန်သော။
ဝလီဟိ၊ အတွန့်တို့ဖြင့်။
ဩတတော၊ အရေတွန့်သောအဖြစ်သို့ရောက်ခဲ့၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
ဥဘော၊ နှစ်ဘက်ကုန်သော။
မမ၊ ငါ၏ ။
သုဦရူ၊ ကောင်းသောပေါင်တို့သည်။
နာဂဘောဂသဒိသောပမာ၊ ဆင်နှာမောင်းနှင့်တူကုန်သည်ဖြစ်၍သာလျှင်။
သောဘရေ၊ တင့်တယ်ကုန်၏ ။
တာ၊ ထိုငါ၏ပေါင်နှစ်ဘက်တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဣဒါနိ၊ ယခုမူကား။
ဝေဠုနာရိယောယထ၊ ဝါနုပိန်ကျူဝိန်နှင့်တူကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏ ။
သုဇင်္ဃာ၊ ကောင်းသောမြင်းခေါင်းတို့သည်။
သဏှနုပူရသုဝဏ္ဏမဏ္ဍိကာ၊ သိမ်မွေ့ပြေပြစ်သောရွှေခြေကျင်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
တာ၊ ထိုမြင်းခေါင်းတို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
တိလဒဏ္ဍကာရိဝ၊ ရိတ်၍ကြွင်းသောခြောက်သောနှမ်းရိုးတို့ကဲ့သို့။
အဟေသုံ၊ ဖြစ်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
ပုရေ၊ ရှေးအခါ၌။
မမ၊ ငါ၏။
ဥဘော၊ နှစ်ဘက်ကုန်သော။
သုပါဒါ၊ ကောင်းသောခြေတို့သည်။
တူလပုဏ္ဏသဒိသောပမာ၊ လက်ပံလဲဖြင့်ပြည့်သောဖနှောင့်ဖုံး ဖမိုးဖုံးတပ်သောဖိနပ်နှင့်အတူနူးညံ့ကုန်သည်ဖြစ်၍။
သောဘရေ၊ တင့်တယ်ကုန်၏ ။
ဣဒါနိ၊ ယခု။
တေ၊ ထိုခြေနှစ်ဖက်တို့သည်။
ဇရာယ၊ အိုခြင်းတည်းဟူသောအကြောင်းကြောင့်။
ဖုဠိတာ၊ ကွဲခဲ့ကုန်သည်။
ဗလီမတာ၊ တွန့်သောအရေရှိခဲ့ကုန်သည်။
ဇာတာ၊ ဖြစ်ကုန်၏ ။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
အယံသမုဿယော၊ ဤငါ၏ကိုယ်သည်။
ဧဒိသော၊ ဤသို့သဘောရှိသည်။
အဟု၊ ဖြစ်၏ ။
ဇဇ္ဇရော၊ လျော့သောအကြောင်းရှိသည်။
ဗဟုဒုက္ခာနံ၊ အိုခြင်းစသောအကြောင်းရှိသော များစွာသောအဆင်းရဲတို့၏ ။
အာလယော၊ တည်ရာဖြစ်၍ဖြစ်သည်။
အဟု၊ ဖြစ်၏ ။
သော၊ ထိုငါ၏ကိုယ်သည်။
အပလေပပတိတော၊ ကုသိုလ်ကံသည် အလွန်ပြုပြင်အပ်သောအသားအသွေးကုန်သဖြင့်လည်းခြင်းသို့ရှေးရှုသည်။
ဇရာဃရော၊ အိုခြင်း၏တည်ရာဖြစ်သည်။
အဟု၊ ဖြစ်၏ ။
တသ္မာ၊ ထိုကြောင့်။
သစ္စဝါဒိဝစနံ၊ မှန်သည်ကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရား၏ စကားတော်သည်။
အနညထာ၊ မချွတ်မယွင်းသည်သာလျှင်တည်း။
အမ္ဗပါလီ၊ အမ္ဗပါလိမည်သော ထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
၂. ရောဟိနီထေရီဂါထာ
(၆၇)
ဘောတိ၊ ချစ်သမီးရောဟိနီ။
တွံ၊ သင်သည်။
သမဏာတိဣမံ၊ ရဟန်းဟူသောစကားကိုသာလျှင်။
ကိတ္တေန္တီ၊ ဆိုလျက်။
ဝိသယိ၊ အိပ်သောအခါလည်းအိပ်၏ ။
သမဏာတိဣမံ၊ ရဟန်းဟူသောစကားကိုသာလျှင်။
ကိတ္တေန္တီ၊ ဆိုလျက်။
ပဗုဇ္ဈသိ၊ နိုးသောအခါလည်းနိုး၏ ။
သမဏာနမေဝ၊ ရဟန်းတို့၏သာလျှင်။
ဂုဏေ၊ ဂုဏ်ကျေးဇူးတို့ကို။
ကိတ္တေသိ၊ ချီးမွမ်းဘိ၏ ။
ဂိဟိရူပေန၊ လူ၏အသွင်ဖြင့်။
ဌိတာပိ၊ တည်သော်လည်း။
စိတ္တေန၊ စိတ်ဖြင့်။
သမဏီ၊ ရဟန်းမိန်းမသည်။
ဘဝိဿသိနုန၊ ဖြစ်လိမ့်ယောင်တကား။
ဝိပုလံ၊ များစွာသော။
အန္နဉ္စ၊ ထမင်းကိုလည်းကောင်း။
ပါနဉ္စ၊ အဖျော်ကိုလည်းကောင်း။
သမဏာနံ၊ ရဟန်းတို့အား။
ပဝေစ္ဆသိ၊ လှူ၏ ။
ရောဟိနီ၊ အမိရောဟိနီ။
တံ၊ သင့်ကို။
ဣဒါနိ၊ ယခုအခါ၌။
ပုစ္ဆာမိ၊ မေးပါ၏ ။
ကေန၊ အဘယ်အကြောင်းကြောင့်။
တေ၊ သင်သည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်သနည်း။
သမဏာ၊ ရဟန်းတို့သည်။
အကမ္မကာမာ၊ အကျိုးစီးပွားကိုဆောင်တတ်သောအမှုကိုပြုခြင်းငှါအလိုမရှိကုန်။
အလသာ၊ ပျင်းရိကုန်၏ ။
ပရဒတ္တုပဇိဝိနော၊ သူတစ်ပါးတို့သည်ပေးအပ်သောဥစ္စာကိုသာလျှင်မှီ၍အသက်မွေးလေ့ရှိကုန်၏။
အာသံသုကာ၊ ထိုသူတစ်ပါးတို့မှ အဝတ်အစားအစရှိသည်တို့ကိုတောင့်တတတ်ကုန်၏။
သာဓုကာမာ၊ ချိုမြိန်ကောင်းမွန်သောအစာကိုသာအလိုရှိကုန်၏ ။
ကေန၊ အဘယ်အကြောင်းကြောင့်။
တေ၊ သင်သည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်သနည်း။
တာတ၊ ဘခင်ပုဏ္ဏား။
စိရဿံဝတ၊ ကြာမြင့်မှလျှင်။
မံ၊ ငါ့ကို။
သမဏာနံ၊ ရဟန်းတို့ကို။
ပိယာယိတဗ္ဗံ၊ ချစ်အပ်သည်ကို။
ပရိပုစ္ဆသိ၊ မေးလေဘိ၏တကား။
တေသံ၊ ထိုရဟန်းတို့၏ ။
ပညာသီလပရက္ကမံ၊ ပညာသီလလုံ့လကို။
တေ၊ သင်ဘခင်အား။
ကိတ္တယိဿာမိ၊ ငါကြားပေအံ့။
သမဏာ၊ ရဟန်းတို့သည်။
ကမ္မကာမာ၊ ဝတ်ကြီးဝတ်ငယ်စသော ရဟန်းအမှုကိုဖြည့်ကျင့်ခြင်းငှါအလိုရှိကုန်၏ ။
အနလသာ၊ ပျင်းရိခြင်းမရှိကုန်။
ကမ္မသေဋ္ဌဿ၊ နိဗ္ဗာန်သို့ဆောင်တတ်သောမြတ်သောအမှုကို။
ကာရကာ၊ ပြုတတ်ကုန်၏ ။
ရာဂံ၊ တပ်ခြင်းကိုလည်းကောင်း။
ဒေါသဉ္စ၊ အမျက်ထွက်ခြင်းကိုလည်းကောင်း။
ပဇဟန္တိ၊ စွန့်နိုင်ကုန်၏ ။
တေန၊ ထိုသို့ကောင်းစွာကျင့်ခြင်းတည်းဟူသောအကြောင်းကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
ပါပဿ၊ မကောင်းမှု၏ ။
တီဏိ၊ သုံးပါးကုန်သော။
မူလာနိ၊ လောဘ ဒေါသ မောဟတည်းဟူသောအမြစ်အရင်းတို့ကို။
မုနန္တိ၊ ခါထွက်နိုင်ပေကုန်၏ ။
သုစိကာရိနော၊ အပြစ်မရှိစင်ကြယ်သောအမှုကိုပြုတတ်ကုန်၏ ။
ဧသံ၊ ထိုရဟန်းတို့အား။
သဗ္ဗံ၊ အလုံးစုံလည်းဖြစ်သော။
ပါပံ၊ မကောင်းမှုကို။
ပဟီနံ၊ ပယ်အပ်ပြီ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
နေသံ၊ ထိုရဟန်းတို့၏။
ကာယကမ္မံ၊ ကိုယ်ဖြင့်ပြုအပ်သောအမှုသည်လည်း။
သုစိ၊ စင်ကြယ်၏ ။
ဝစီကမ္မဉ္စ၊ နှုတ်ဖြင့်ပြုအပ်သောအမှုသည်လည်း။
တာဒိသံ၊ ထိုကာယကံအတူစင်ကြယ်၏ ။
နေသံ၊ ထိုရဟန်းတို့၏ ။
မနောကမ္မံ၊ စိတ်ဖြင့်ပြုအပ်သောအမှုသည်။
သုစိ၊ စင်ကြယ်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့ကို။
သံခမုတ္တာဝ၊ စင်စွာပွတ်သောခရုသင်းရတနာ ပုလဲရတနာတို့ကဲ့သို့။
ဝိမလာ၊ ရာဂစသောအညစ်အကြေးမှကင်းကုန်၏ ။
သန္တရဗာဟိရာ၊ ကိုယ်တွင်းကိုယ်ပမှ။
သုဒ္ဓါ၊ စင်ကြယ်သောအလိုလုံ့လရှိကုန်၏ ။
သုက္ကေဟိ၊ စင်စစ်ဖြူစင်ကုန်သော။
ဓမ္မေဟိ၊ အပြစ်မရှိကုန်သောသီလစသောကျေးဇူးတို့နှင့်။
ပုဏ္ဏာ၊ ပြည့်စုံကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့သည်။
ဗဟုဿုတာ၊ ပရိယတ္တိပဋိဝေဓတည်းဟူသောများသောအကြားအမြင်ရှိကုန်၏ ။
ဓမ္မဒ္ဓရာ၊ ပရိယတ္တိပဋိဝေဓတရားကိုဆောင်တတ်ကုန်၏ ။
အရိယာ၊ ကိလေသာတည်းဟူသောအပြစ်မရှိကုန်။
ဓမ္မဇီဝိနော၊ အသင့်အားဖြင့်အသက်မွေးတတ်ကုန်၏ ။
အတ္ထံ၊ အနက်ကိုလည်းကောင်း။
ဓမ္မဉ္စ၊ ပါဠိကိုလည်းကောင်း။
ဒေသေန္တိ၊ ပြောဟောတတ်ကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့သည်။
ဗဟုဿုတာ၊ ပရိယတ္တိပဋိဝေဓတည်းဟူသော များသောအကြားအမြင်ရှိကုန်၏။
ဓမ္မဒ္ဓရာ၊ ပရိယတ္တိ ပဋိဝေဓတရားကို ဆောင်ကုန်၏ ။
အရိယာ၊ ကိလေသာတည်းဟူသောအပြစ်မရှိကုန်။
ဓမ္မဇီဝိနော၊ တရားသဖြင့်အသက်မွေးမြူကုန်၏ ။
ဧကဂ္ဂစိတ္တာ၊ တည်ကြည်သောစိတ်ရှိကုန်၏ ။
သတိမန္တော၊ သတိရှိကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့သည်။
ဒူရင်္ဂမာ၊ လူနှင့်ဝေးသောတောအရပ်သို့သွားတတ်ကုန်၏ ။
သတိမန္တော၊ ထင်သောသတိရှိကုန်၏ ။
မန္တဘာဏိ၊ ဖြည်းညင်းစွာဆိုတတ်သောအလေ့ရှိကုန်၏ ။
အနုဒ္ဓတာ၊ ပျံ့လွင့်ခြင်းမရှိကုန်။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏ ။
အန္တံ၊ အဆုံးဖြစ်သောနိဗ္ဗာန်ကို။
ပဇာနန္တိ၊ ထိုးထွင်း၍သိနိုင်ကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့သည်။
ယသ္မာဂါမာ၊ အကြင်ရွာမှ။
ပက္ကမန္တိ၊ ဖဲကုန်၏ ။
တသ္မိံ ဂါမေ၊ ထိုရွာ၌။
ကိဉ္စိနံ၊ တစ်စုံတစ်ခုသော သတ္တဝါသင်္ခါရကို။
နဝိလောကေန္တိ၊ တပ်ငဲ့ကွက်သောအားဖြင့်မကြည့်ကုန်။
အနပေက္ခာဝ၊ တပ်ခြင်းငဲ့ကွက်ခြင်ကင်းကုန်သည်ဖြစ်၍သာလျှင်။
ဂစ္ဆန္တိ၊ ရွာမှဖဲကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေသံ၊ ထိုရဟန်းတို့အား။
အတ္တနော၊ မိမိ၏ ။
သန္တကံ၊ ဥစ္စာကို။
ကောဋ္ဌေ၊ ကျီကြ၌။
နဩပေန္တိ၊ မသိုမှီးကုန်။
ကုမ္ဘိံ ကုမ္ဘိယံ၊ အိုး၌။
နဩပေန္တိ၊ မသိုမှီးကုန်။
ကဠောပိယံ၊ ခြင်း၌။
နဩပေန္တိ၊ မသိုမှီးကုန်။
ပရိနိဋ္ဌိတမေသနာ၊ တစ်ပါးသောအမျိုးတို့၌ သူတစ်ပါးတို့အကျိုးငှါချက်ပြီးသောအစာကိုသာလျှင် ရှာမှီးလေ့ရှိကုန်။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့သည်။
ဟိရညံ၊ အသပြာကို။
နဂဏှန္တိ၊ မခံကုန်။
သုဝဏ္ဏံ၊ ရွှေကို။
နဂဏှန္တိ၊ မခံကုန်။
ရူပိယံ၊ ငွေကို။
နဂဏှန္တိ၊ မခံကုန်။
ပစ္စုပ္ပန္နေန၊ ပစ္စုပ္ပန်၌ဖြစ်သောပစ္စည်းဖြင့်။
ယာပေန္တိ၊ မျှကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
တေ၊ ထိုရဟန်းတို့သည်။
နာနာကုလာ၊ အထူးထူးသောအမျိုးမှလည်းကောင်း။
နာနာဇနပဒေဟိစ၊ အထူးထူးသောဇနပုဒ်တို့မှလည်းကောင်း။
ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်သည်ဖြစ်၍အမျိုးအရည်မတူဘဲလျက်။
အညမညံ၊ အချင်းချင်း။
ပိဟယန္တိ၊ ချစ်မြတ်နိုးပေကုန်၏ ။
တေန၊ ထိုကြောင့်။
မေ၊ ငါသည်။
သမဏာ၊ ရဟန်းတို့ကို။
ပိယာ၊ ချစ်အပ်ကုန်၏ ။
ဘောတိရောဟိနီ၊ အိုချစ်သမီးရောဟိနီ။
တွံ၊ သင်ချစ်သမီးသည်။
နော၊ ငါတို့၏ ။
အတ္ထာယ၊ အကျိုးအစီးအပွါးအလို့ငှါ။
ကုလေ၊ ငါတို့အမျိုး၌။
ဇာတာသိဝတ၊ ဖြစ်တော်လေစွတကား။
တွံ၊ သင်သည်။
ဗုဒ္စေစ၊ ဘုရား၌လည်းကောင်း။
ဓမ္မေစ၊ တရား၌လည်းကောင်း။
သံဃေစ၊ သံဃာ၌လည်းကောင်း။
သဒ္ဓါ၊ ယုံကြည်ပေစွ။
တိဗ္ဗဂါရဝါ၊ အလွန်ရိုသေခြင်းငှါရှိပေစွ။
ဟိသစ္စံ၊ မှန်၏ ။
တုဝံ၊ သင်ချစ်သမီးသည်။
အနုတ္တရံ၊ အလွန်အကဲမရှိထသော။
ပုညခေတ္တံ၊ ကောင်းမှုတည်းဟူသောမျိုးစေ့တို့၏စိုက်ပျိုးရာလယ်မြေကောင်းသဖွယ်ဖြစ်တော်မူထသော။
ဧတံ၊ ထိုရတနာသုံးပါးကို။
ပဇာနာသိ၊ သိပေ၏ ။
ဧတေသမဏာ၊ ထိုရဟန်းတို့သည်။
အမှမ္ပိ၊ ငါတို့၏လည်း။
ဒက္ခိဏံ၊ လှူဘွယ်ဝတ္ထုကို။
ပဋိဂ္ဂဏှန္တိ၊ ခံပေကုန်၏ ။
ဧတ္ထ၊ ဤရဟန်းတို့၌။
ပတိဋ္ဌိတော၊ တည်းထားအပ်သော။
ယညော၊ လှူဖွယ်ဝတ္ထုသည်။
နော၊ ငါတို့အား။
ဝိပုလောဟိဝိပုလောဧဝ၊ ပြန့်ပြောများမြတ်သော အကျိုးရှိသာလျှင်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
တာတ၊ ဘခင်ပုဏ္ဏား။
တွံ၊ သင်ဘခင်သည်။
ဒုက္ခဿ၊ အပါယ်စသောဆင်းရဲမှ။
သစေဘာယသိ၊ အကယ်၍ကြောက်သည်ဖြစ်အံ့။
တေ၊ သင်ဘခင်သည်။
ဒုက္ခံ၊ အပါယ်စသောဆင်းရဲကို။
သစေအပ္ပိယံ၊ အကယ်၍မချစ်မြတ်နိုးသည်ဖြစ်အံ့။
တာဒိနံ၊ ရှေးဘုရားတို့ကဲ့သို့ရှုအပ်သောသဘောရှိတော်မူထသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။
ဓမ္မံ၊ တရားကိုလည်းကောင်း။
သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဥပေဟိ၊ ဆည်းကပ်လေလော။
သီလာနိ၊ သီလတို့ကို။
သမာဒိယာဟိ၊ ဆောက်တည်လေလော။
တံ၊ ထိုရတနာသုံးပါးကိုကိုးကွယ်ခြင်း သီလဆောက်တည်ခြင်းသည်။
တေ၊ သင်ဘခင်၏ ။
အတ္ထာယ၊ အကျိုးငှါ။
ဟေဟိတိ၊ ဖြစ်လတ္တံ့။
ဘောတိ၊ အိုချစ်သမီးရောဟနီ။
အဟံ၊ ငါသည်။
တာဒိနံ၊ သည်းခံခြင်းစသောကျေးဇူးနှင့်ပြည့်စုံတော်မူသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။
ဓမ္မံ၊ တရားတော်ကိုလည်းကောင်း။
သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဥပေမိ၊ ဆည်းကပ်၏ ။
သီလာနီ၊ သီလတို့ကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏ ။
တံ၊ ထိုရတနာသုံးပါးသို့ဆည်းကပ်ခြင်းသီလကိုဆောက်တည်ခြင်းသည်။
မေ၊ ငါ၏။
အတ္ထာယ၊ အကျိုးငှါ။
ဟေဟိတိ၊ ဖြစ်လတ္တံ့။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးပုဏ္ဏားဖြစ်သောအခါ၌။
ဗြဟ္မဗန္ဓု၊ ပုဏ္ဏား၏အမျိုး၌ဖြစ်သောကြောင့်ဗြဟ္မဗန္ဓုမည်သည်။
ဗြာဟ္မဏော၊ ဗေဒင်ကိုသရဇ္ဈာယ်သောကြောင့် ဗြာဟ္မဏမည်သည်။
တေဝဇ္ဇာ၊ ဣရုစသောဗေဒင်သုံးပုံအတတ်ရှိသောကြောင့် တေဝိဇ္ဇမည်သည်။
သောတ္ထိယော၊ သောတ္ထိယပုဏ္ဏားမျိုး၌ဖြစ်သောကြောင့်သောတ္ထိယမည်သည်။
ဝေဒဂူ၊ ဣရုစသောဗေဒင်သုံးပုံ၏ ကမ်းတစ်ဖက်သို့ရောက်သောကြောင့် ဝေဒဂူ မည်သည်။
နှာတကော၊ ည နံနက်ရေချိုးတတ်သောကြောင့် နှာတကမည်သည်။
အာသိ၊ ဖြစ်ဖူးပြီ။
ဣဒါနိ၊ ယခုမူကား။
သောအဟံ၊ ထိုငါသည်။
ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုတတ်သောကြောင့် ဗြာဟ္မဏမည်သည်။
တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသောကြောင့် တေဝိဇ္ဇမည်သည်။
သောတ္ထိယောစ၊ ကိလေသာတို့မှစင်ကြယ်သောကြောင့် သောတ္ထိယမည်သည်။
အမှိ၊ ဖြစ်၏ ။
ဝေဒဂူစ၊ မဂ်ဉာဏ်ဖြင့်နိဗ္ဗာန်တည်းဟူသောကမ်းတစ်ဖက်သို့ ရောက်တတ်သောကြောင့် ဝေဒဂူမည်သည်။
နှာတကော၊ ဆေးလျှော်အပ်ပြီးသောမကောင်းမှုရှိသောကြောင့် နှာတကမည်သည်။
အမှိ၊ ဖြစ်၏ ။
ရောဟိနီ၊ ရောဟနီမည်သောထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
၃. စာပါထေရီဂါထာ
(၆၈)
စာပေ၊ စာပါ။
အဟံ၊ ငါဥပကသည်။
ပုရေ၊ ရှေးပရိဗိုဇ်ရဟန်းဖြစ်သောအခါ၌။
လဋ္ဌိဟတ္ထော၊ ခွေးနက်နှင့်တကွ လှံတံလက်စွဲ၍သွားသောတက္ကတွန်းသည်။
အာသိံ၊ ဖြစ်ဘူးပြီ။
သောအဟံ၊ ထိုငါသည်။
ဒါနိဣဒါနိ၊ ယခုအခါ၌။
မိဂလုဒ္ဒကော၊ သားမုဆိုးနှင့်အတူတကွ သုံးဆောင်းခြင်း ပေါင်းဖော်ခြင်းတို့ကြောင့် သားမုဆိုးသည်။
ဇာတော၊ ဖြစ်၏ ။
အာသာယ၊ တပ်မက်မောခြင်းကြောင့်။
ဃောရာ၊ နှုတ်ဖြင့်ဂုံးတိုက်ခြင်းထက်ကြမ်းခြင်းကြောင့် ကြမ်းတမ်းစွာသော။
ပလိပါ၊ ကာမဂုဏ်ဒိဋ္ဌိတည်းဟူသော ညွန်စေးမှ။
တဿ၊ ထိုညွန်စေး၏ ။
ပါရံ၊ ကမ်းသဖွယ်ဖြစ်၍ဖြစ်သောနိဗ္ဗာန်သို့။
ဧတုံဂန္တုံ၊ ရောက်ခြင်းငှါ။
နာသက္ခိံ၊ မစွမ်းနိုင်။
သုမတ္တံ၊ မိမိ၌အလွန် ကာမဂုဏ်၏အစွမ်းဖြင့်တပ်သည်ဖြစ်၍။
မံ၊ ငါဥပကကို။
မညမာနာ၊ ကောင်းစွာမှတ်၍။
စာပါ၊ မုဆိုးသမီးဖြစ်သောငါ့မယားစာပါသည်။
မံ၊ ငါ့ကို။
ဃဋ္ဋေန္တီ၊ ချုပ်ချယ်လိုသည်ဖြစ်၍။
ပုတ္တံ၊ သားကို။
တောသယိ၊ တက္ကတွန်းသားစသည်ဖြင့်သားကိုကျူးဘိ၏ ။
စာပေ၊ စာပါ။
အဟံ၊ ငါသည်။
စာပါယ၊ သင်စာပါ၌။
ဗန္ဓနံ၊ ချစ်ခြင်းကိလေသာတည်းဟူသောအနှောင်အဖွဲ့ကို။
ဆေတွာ၊ ဖြတ်၍။
ပုနောပိ၊ နှစ်ကြိမ်မြောက်လည်း။
ပဗ္ဗဇိဿံ၊ ရဟန်းပြုတော့အံံ။
မဟာဝီရ၊ ကြီးသောလုံ့လရှိသောဥပက။
မေ၊ ငါ့အား။
မာကုဇ္ဈ၊ ပြက်ရယ်မှုပြုကာမျှဖြင့်အမျက်မထွက်ပါလင့်။
မဟာမုနိ၊ မြတ်သောရဟန်းဖြစ်သော အရှင်ဥပက။
မေ၊ ငါ့အား။
မာကုဇ္ဈ၊ ပြက်ရယ်မှုပြုကာမျှဖြင့်အမျက်မထွက်ပါလင့်။
ဟိသစ္စံ၊ မှန်၏ ။
ကောဓပရေတဿ၊ အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သောအရှင်ဥပကအား။
သုဒ္ဓိ၊ သီလ၏စင်ကြယ်ခြင်းသည်။
နအတ္ထိ၊ မရှိနိုင်ရာ။
တပေါ၊ ခြိုးခြံသောအကျင့်သည်။
ကုတောအတ္ထိ၊ အတီမှာရှိနိုင်အံ့နည်း။
စာပေ၊ စာပါ။
ကော၊ အဘယ်မည်သောသူသည်။
ဣဓနာဠာယ၊ ဤငါမွေးဖွားရာ နာဠရွာ၌။
ဝစ္ဆတိ၊ နေလတ္တံ့နည်း။
အဟံ၊ ငါသည်။
နာဠတော၊ နာဠရွာမှ။
ပက္ကမိဿဉ္စပက္ကမိဿံဧဝ၊ သွားအံ့သည်မချွတ်သာလျှင်တည်း။
စာပေ၊ စာပါ။
တွံ၊ သင်သည်။
ဓမ္မဇီဝိနေ၊ တရားသဖြင့်အသက်မွေးကုန်သော။
သမဏေ၊ ငါကဲ့သို့သော ရဟန်းကောင်းတို့ကို။
ဣတ္ထိရူပေန၊ မိန်းမတို့၏အမူအယာအသွင်အပြင်ဖြင့်။
ဗန္ဓန္တီ၊ နှောင်ဖွဲ့လျက်။
တိဋ္ဌသိ၊ တည်ဘိ၏ ။
တသ္မာ၊ ထိုကြောင့်။
တံ၊ သင့်ကို။
ပရိစ္စဇာမိ၊ ငါစွန့်တော့အံ့။
ကာဠ၊ မည်းသောအဆင်းရှိသော အရှင်ဥပက။
ဧဟိ၊ လာလှည့်ဦး။
နိဝတ္တဿု၊ ပြန်ပါဦး။
ပုရေယထာ၊ ရှေးအခါကဲ့သို့။
ကာမေ၊ ကာမဂုဏ်တို့ကို။
ဘုဉ္ဇ၊ ခံစားဦးလော။
အဟဉ္စ၊ ငါသည်လည်းကောင်း။
မေ၊ ငါ၏ ။
ယေပိဉာတကာ၊ အကြင်အဆွေအမျိုးတို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏ ။
တေသဗ္ဗေ၊ ထိုငါနှင့်တကွအလုံးစုံသောဆွေမျိုးတို့ကို။
တေ၊ သင်၏ ။
ဝသီ၊ အလိုသို့လိုက်သည်တို့ကို။
ကတာ၊ ပြုအပ်ကုန်၏ ။
စာပေ၊ စာပါ။
တွံ၊ သင်သည်။
ယထာယာဒိသံ၊ အကြင်သို့သဘောရှိသောစကားကို။
ဘာသသိ၊ ယခုအခါဆို၏ ။
ဧတ္တော၊ ဤသင်ယခုဆိုသောစကားထက်။
စတုဗ္ဘာဂံ၊ လေးဆတက်ဖြစ်သော။
ဝိယသမုဒါဟာရံ၊ ချစ်ဖွယ်သောစကားကိုဆိုခြင်းကို။
စေကရေယျာသိ၊ အကယ်၍မူလည်းသင်ပြုအံ့။
တံ၊ ထိုချစ်ဖွယ်သောစကားကိုဆိုခြင်းသည်။
တယိ၊ သင်၌။
ရတ္တဿ၊ တပ်မက်မောသောရာဂဖြင့်နှိပ်စက်သော။
ပေါသဿ၊ ယောက်ျားအား။
ဥဠာရံဝတ၊ မြတ်သည်သာလျှင်။
သိယာ၊ ဖြစ်ရာ၏ ။
အဟံပန၊ ငါသည်ကား။
တယိ၊ သင်၌။
ဝိရတ္တော၊ တပ်ခြင်းကင်းခဲ့ပြီ။
ကာဠ၊ မည်းသောအဆင်းရှိသောဥပက။
ဂိရိမုဒ္ဓနိ၊ တောင်ထိပ်၌။
ပုပ္ဖိတံ၊ လှိုင်စွာပွင့်သော။
တက္ကာရိဣဝ၊ မုနားနွယ်ငယ်ပင်ကဲ့သို့လည်းကောင်း။
ဖုလ္လံ၊ လှိုင်စွာပွင့်သော။
ဒါလိမာကဋ္ဌီဝ၊ တလည်ပင်ကဲ့သို့လည်းကောင်း။
အန္တောဒီပေ၊ လေးကျွန်းအချာအသုရာပြည်၌။
ပါဋလိဣဝ၊ လှိုင်စွာပွင့်သောသခွတ်ပင်ကဲ့သို့လည်းကောင်း။
အင်္ဂိနိံ၊ ထွတ်ထွတ်နုနယ်လှတင့်တယ်သောကိုယ်အင်္ဂါရှိသော။
ဟရိစန္ဒနလိတ္တင်္ဂိံ၊ စန္ဒကူးနီဖြင့်လိမ်းကျံအပ်သောရွှေရွှေဝါဝါ ကိုယ်အင်္ဂါရှိထသော။
ကာသိကုတ္တမ ဓာရိနိံ၊ မြတ်သောကာသိကတိုင်း၌ဖြစ်သောပုဆိုးကိုပတ်ရုံထသော။
တံ၊ ထိုသို့သဘောရှိသော။
မံ၊ ငါစာပါကို။
ရူပဝတိံ၊ အဆင်းလှခြင်းနှင့်ပြည့်စုံသည်။
သန္တိံ၊ ဖြစ်လျက်။
ကဿ၊ အဘယ်အကြောင်းကြောင့်။
ဩဟာယ၊ စွန့်၍။
ဂစ္ဆသိ၊ သင်သွားအံ့သနည်း။
စာပေ၊ စာပါ။
သာကုန္တိကောဝ၊ ငှက်မုဆိုးသည်သာလျှင်။
သကုဏိံ၊ ငှက်အပေါင်းကို။
ဗန္ဓိတုံ၊ ထောင်ခြင်းငှါ။
ဣစ္ဆတိယထာ၊ အလိုရှိသကဲ့သို့။
တထာ၊ ထိုအတူ။
တွံ၊ သင်သည်။
အာဟာရိမေန၊ ဆံကိုတန်ဆာဆင်ခြင်းအစရှိသည်ဖြင့်ကိုယ်ကိုသုတ်သင်ခြင်း အဝတ်တန်ဆာဆင်ခြင်းအစရှိသည်ဖြင့် ပြုပြင်ခြင်းရှိသော။
ရူပေန၊ အဆင်းဖြင့်။
မံ၊ ငါ့ကို။
ဗန္ဓိတုံ၊ ကာမဂုဏ်ဖြင့်နှောင်ဖွဲ့ခြင်းငှါ။
ဣစ္ဆသိ၊ အလိုရှိခဲ့၏ ။
ဣဒါနိ၊ ယခုမှာမူကား။
မံ၊ ငါ့ကို။
တွံ၊ သင်သည်။
နဗာဓယိဿသိ၊ မညှဉ်းဆဲနိုင်လတ္တံ့။
ကာဠ၊ မည်းသောအဆင်းရှိသောအရှင်ဥပက။
တဿာမေ၊ ထိုငါ့အား။
တထာ၊ သင်သည်။
ဥပ္ပါဒိတံ၊ ဖြစ်စေအပ်သော။
ဣမံစပုတ္တဖလံ၊ ဤသား၏စီးပွားခြင်းသည်။
အတ္ထိ၊ ရှိ၏ ။
တံထာဒိသိံ၊ ထိုသို့သဘောရှိသော။
မံ၊ ငါ့ကို။
ပုတ္တဝတိံ၊ တရားဖြင့်ရအပ်သောသားရှိသည်။
သန္တိံ၊ ဖြစ်လျက်။
ကဿ၊ အဘယ်ကြောင့်။
ဩဟာယ၊ စွန့်၍။
ဂစ္ဆသိ၊ သွားအံ့နည်း။
စာပေ၊ စာပါ။
သပ္ပညာ၊ သံသရာ၌ အပြစ်ကိုသိနိုင်သောပညာနှင့်ပြည့်စုံသောသူတော်ကောင်းတို့သည်။
ပုတ္တေ၊ သားတို့ကို။
ဇဟန္တိ၊ စွန့်ကုန်၏ ။
တတော၊ ထိုနောင်မှ။
ဉာတိ၊ ဆွေမျိုးတို့ကို။
ဇဟန္တိ၊ စွန့်ကုန်၏ ။
တတော၊ ထိုနောင်မှ။
ဓနံ၊ ဥစ္စာကို။
ဇဟန္တိ၊ စွန့်ကုန်၏ ။
နာဂေါ၊ ဆင်ပြောင်သည်။
ဗန္ဓနံ၊ သံကြိုးကို။
ဆေတွာ၊ ဖြတ်၍။
ဂစ္ဆတိဣဝ၊ သွားသကဲ့သို့။
မဟာဝီရာ၊ ကြီးသောလုံ့လရှိသောသူတော်ကောင်းတို့သည်။
ဗန္ဓနံ၊ လူ၏အနှောင်အဖွဲ့ကို။
ဆေတွာ၊ ဖြတ်၍။
ပဗ္ဗဇန္တိ၊ ရဟန်းပြုကုန်၏ ။
ကာဠ၊ မည်းသောအဆင်းရှိသောအရှင်ဥပက။
ဣဒါနိ၊ ယခု။
တေ၊ သင်၏ ။
ဣမံပုတ္တံ၊ ဤသုဘဒ်မည်သောသားကို။
ဒဏ္ဍေန၊ တစ်စုံတစ်ခုသောလှံတံဖြင့်လည်းကောင်း။
ဆုရိကာယဝါ၊ သန်လျက်ငယ်ဖြင့်လည်းကောင်း။
ပဟရိဿာမိ၊ ရိုက်ခတ်ပေအံ့။
ဘူမိယံဝ ဘူမိယံဝါ၊ မြေ၌မူလည်း။
ပါတေတွာ၊ ချ၍။
နိသုမ္ဘိဿံ၊ ညှဉ်းဆဲပေအံ့။
ပုတ္တသောကာ၊ သား၌စိုးရိမ်ခြင်းကြောင့်။
နဂစ္ဆသိ၊ သင်မသွားရလတ္တံ့။
ပုတ္တကတေ၊ သားကိုရိုက်မည်နှိပ်စက်မည်ဆို၍ ဖျားယောင်းတတ်သော။
ဇမ္မိ၊ ဟယ်သူယုတ်မ။
တွံ၊ သင်သည်။
ပုတ္တံ၊ ငါ့သားသုဘဒ်ကို။
သိင်္ဂါလာနံ၊ မြေခွေးတို့အားလည်းကောင်း။
ကုက္ကူရာနံ၊ အိမ်ခွေးတို့အားလည်းကောင်း။
သစေပဒါဟိသိ၊ အကယ်၍မူလည်းကိုက်စေအံ့။
ပုတ္တကာရဏာ၊ သားတည်းဟူသောအကြောင်းကြောင့်။
မံ၊ ငါ့ကို။
တွံ၊ သင်သည်။
ပုန၊ တစ်ဖန်။
နအာဝတ္တယိဿသိ၊ လူ့ဘောင်သို့ မလည်စေနိုင်လတ္တံ့။
ကာဠ၊ မည်းသောအဆင်းရှိသော။
ဘဒ္ဒန္တေ၊ ကောင်းသောကျေးဇူးနှင့်ပြည့်စုံသောအရှင်ဥပက။
ဟန္ဒခေါဒါနိ၊ ယခု။
ကုဟိံ၊ အဘယ်အရပ်သို့။
ဂမိဿသိ၊ သင်သွားလတ္တံ့နည်း။
ကတမံ၊ အဘယ်မည်သော။
ဂါမနိဂမံ၊ ရွာနိဂုံးသို့။
ကတမံ၊ အဘယ်မည်သော။
နဂရံ၊ မြို့သို့။
ကတမာ၊ အဘယ်မည်ကုန်သော။
ရာဇဋ္ဌာနိယော၊ မင်းနေပြည်တို့သို့။
ဂမိဿသိ၊ သင်သွားလတ္တံ့နည်း။
စာပေ၊ စာပါ။
မယံ၊ ငါတို့သည်။
ပုဗ္ဗေ၊ ရှေးအခါ၌။
ဂဏိနော၊ ဂိုဏ်းကိုဆောင်သောတက္ကတွန်းတို့သည်။
အဟုမှ၊ ဖြစ်ခြေကုန်၏ ။
အသမဏာ၊ ရဟန်းမဟုတ်ကုန်ဘဲလျက်။
သမဏမာနိနော၊ ရဟန်းဟုအမှတ်ရှိကုန်၏။
ဂါမေန၊ တစ်ရွာမှ။
ဂါမံ၊ တစ်ရွာသို့။
နဂရေ၊ မြို့တို့သို့။
ရာဇဋ္ဌာနိယော၊ မင်းနေပြည်သို့။
ဝိစရိမှ၊ တက္ကတွန်းဖြစ်၍ လှည့်ပတ်ဘူးကုန်၏ ။
ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။
ဧသောဗုဒ္ဓေါ၊ ဤမြတ်စွာဘုရားသည်။
နေရဉ္ဇရံနေရဉ္ဇရာယ၊ နေရဉ္ဇရာမည်သော။
နဒိံ နဒိယာ၊ မြစ်၏ ။
ပတိသမီပေ၊ အနီး၌။
ပါဏိနံ၊ သတ္တဝါတို့၏။
သဗ္ဗဒုက္ခပဟာနာယ၊ အလုံးစုံသောဆင်းရဲကိုပယ်ခြင်းငှါ။
ဓမ္မံ၊ တရားကို။
ဒေသေသိ၊ ဟော၍နေတော်မူ၏ ။
အဟံ၊ ငါသည်။
တဿ၊ ထိုမြတ်စွာဘုရား၏ ။
သန္တိကံ၊ အထံသို့။
ဂစ္ဆ၊ သွားလေအံ့။
သော၊ ထိုမြတ်စွာဘုရားသည်။
မေ၊ ငါ၏ ။
သတ္ထာ၊ ဆရာသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့သတည်း။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ကာဠမည်ရဥပက ကဆိုအပ်သည်ရှိသော်။
ကာဠ၊ အိုမောင်ကာဠဥပက။
ဒါနိဣဒါနိ၊ ယခုအခါ၌။
မမံ၊ အကျွန်ုပ်၏ ။
ဝန္ဒနံ၊ ဘုရားရှင်အားရှိခိုးခြင်းကို။
အနုတ္တရံ၊ ပြိုင်ဘက်ကင်းမြောက် တစ်ယောက်တည်းသာဖြစ်တော်မူသော။
လောကနာထံ၊ လူသုံးပါးတို့၏ကိုးကွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားကို။
ဝဇ္ဇာသိ၊ အကျွန်ုပ်စာပါကရှိခိုးလိုက်ကြောင်းကိုလျှောက်ထားပါလေ။
ပဒက္ခိဏဉ္စ၊ မြတ်စွာဘုရားကိုသုံးပတ် လက်ျာရစ်လှည့်ခြင်းကိုလည်း။
ကတွာန၊ ပြု၍။
ဝန္ဒိတွာ၊ ရှိခိုးပြီး၍။
တတော၊ ထိုကောင်းမှုမှ။
မေ၊ ငါ့အား။
ဒက္ခိဏံ၊ ရှိခိုးခြင်းတည်းဟူသောကောင်းမှု၏အဘို့ကို။
အာဒိသေယျာသိ၊ အကျွန်ုပ်အားအမျှပေးဝေလိုက်ပါ။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ စာပါကကိုဆိုအပ်သည်ရှိသော်။
စာပေ၊ အိုနှမစာပါ။
တွံ၊ သင်သည်။
ယထာယံဝစနံ၊ အကြင်လက်ျာရစ်လှည့်၍ရှိခိုးပါလေ ကောင်းမှုအဘို့ကိုလည်း ငါ့အားဝေလိုက်ပါဟူသောစကားကို။
ဘာသသိ၊ သင်ဆို၏ ။
ဧတံခေါပဒက္ခိဏကရဏပုညံ၊ ထိုလက်ျာရစ်လည်၍ သုံးကြိမ်ရှိခိုးခြင်းတည်းဟူသောကောင်းမှု၏အဘို့ကိုသင်အားပေးဝေခြင်းကို။
အမှေဟိ၊ ငါတို့သည်။
တဝ၊ သင်အား။
ဒါတုံ၊ ပေးခြင်းငှါ။
လဗ္ဘံ၊ ရခြင်းငှါ တတ်ကောင်း၏ ။
ဣဒါနိ၊ ယခုအခါ၌။
တေ၊ သင်၏ ။
ဝန္ဒနံ၊ ရှိခိုးခြင်းကို။
အနုတ္တရံ၊ အတုမရှိသော။
လောကနာထံ၊ လူသုံးပါးတို့၏ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားကို။
ဝဇ္ဇံ၊ ငါလျှောက်လိုက်ပါအံ့။
ပဒက္ခိဏဉ္စ၊ မြတ်စွာဘုရားကိုသုံးပတ်လည်၍ရှိခိုးခြင်းကိုလည်း။
ကတွာန၊ ပြု၍။
ဒက္ခိဏံ၊ ရှိခိုးခြင်းတည်းဟူသောကောင်းမှုအဘို့ကို။
တေ၊ သင်စာပါအား။
အာဒိသိဿာမိ၊ အမျှပေးဝေလိုက်အံ့။
ဣတိ၊ ဤသို့။
ဝတွာ၊ ဆို၍။
ကာဠော၊ မည်းသောအဆင်းရှိသော ဥပကသည်။
တတောစ၊ ထိုနာဠရွာမှလည်း။
ပက္ကမိ၊ ဖဲလေ၏ ။
သော၊ ထိုမည်းသောအဆင်းရှိသောဥပကသည်။
နေရဉ္ဇရံနေရဉ္ဇရာယ၊ နေရဉ္ဇရာအမည်ရှိသော။
နဒိံ နဒိယာ၊ မြစ်၏ ။
ပတိသမီပေ၊ အနီးဖြစ်သောကမ်းနား၌။
အမတံ၊ သေခြင်းကင်းသော။
ပဒံ၊ နိဗ္ဗာန်ကို။
ဒေသေန္တံ၊ ဟောတော်မူတတ်သော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဒ္ဒသာသိ၊ မြင်ရာ၏ ။
သောအဟံ၊ ထိုငါသည်။
ဒုက္ခံ၊ ဝဋ်ဆင်းရဲဟုဆိုအပ်သောဒုက္ခသစ္စာကိုလည်းကောင်း။
ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခ၏အကြောင်းဖြစ်သောတဏှာဟုဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။
အဘိက္ကမံ၊ လွန်ရာဖြစ်သောနိဗ္ဗာန်ဟုဆိုအပ်သောနိရောဓသစ္စာကိုလည်းကောင်း။
အရိယံ၊ မြတ်သော။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။
ဒုက္ခုပသမဂါမိနံ၊ ဒုက္ခ၏ငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။
မဂ္ဂံ၊ မဂ္ဂသစ္စာကိုလည်းကောင်း။
ဒေသေန္တံ၊ ဟောတော်မူတတ်သော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဒ္ဒသာသိ၊ မြင်ရပြီ။
ဒိသွာ၊ မြင်ပြီး၍။
တဿ၊ ထိုမြတ်စွာဘုရား၏။
ပါဒါနိ၊ ခြေတော်တို့ကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
အဂ္ဂဒက္ခိဏံ၊ လက်ျာရစ်လှည့်၍ရှိခိုးခြင်းတည်းဟူသောမြတ်သောကောင်းမှုကို။
ကတွာ၊ ပြု၍။
စာပါယ၊ စာပါအား။
အာဒိသိတွာန၊ ကောင်းမှုအဘို့ကို အမျှပေးဝေ၍။
သော၊ ထိုဥပကသည်။
အနဂါရိယံ၊ ရဟန်းဘောင်၌။
ပဗ္ဗဇိံ၊ ရဟန်းပြု၏ ။
တေန၊ ထိုဥပကသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာ၊ ရအပ်ကုန်၏ ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ လိုက်နာအပ်၏ ။
စာပါ၊ စာပါ ထေရီမသည်။
ဣမဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
၄. သုန္ဒရီထေရီဂါထာ
(၆၉)
ဘောတိ၊ အိုဝါသိဋ္ဌိထေရီမ။
တုဝံ၊ သင်သည်။
ပုရေ၊ ရှေးအခါ၌။
ပေတာနိပေတေ၊ သေကုန်သော။
ပုတ္တာနိပုတ္တေ၊ သားတို့ကို။
ခါဒမာနာ၊ စားသည်ဖြစ်၍။
ဒိဝါစ၊ နေ့၌လည်းကောင်း။
ရတ္တောစ၊ ညဉ့်၌လည်းကောင်း။
အတိဝ၊ ပြင်းစွာလျှင်။
တုဝံ၊ သင်သည်။
ပရိတပ္ပသိ၊ ပင်ပန်း၏။
ဗြာဟ္မဏီ၊ ပုဏ္ဏားမျိုးဖြစ်သော။
ဝါသိဋ္ဌီ၊ ဝါသိဋ္ဌိထေရီမ။
သာတွံ၊ ထိုသင်သည်။
သဗ္ဗာနိသဗ္ဗေ၊ အလုံးစုံကုန်သော။
သတပုတ္တာနိသတပုတ္တေ၊ အရာသောသားတို့ကို။
ခါဒိတွာ၊ စား၍။
အဇ္ဇ၊ ယခု။
ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။
ဗာဠံ၊ ပြင်းစွာ။
နပရိတပ္ပသိ၊ မပင်ပန်းလေသနည်း။
ဗြာဟ္မဏ၊ အိုသုဇာတာမည်သောပုဏ္ဏား။
အတီတံသေ၊ သေလွန်လေပြီးသောဘဝ၌။
မေ၊ ငါ၏ ။
ဗဟူနိ၊ များစွာကုန်သော။
ပုတ္တသတာနိ၊ အရာသောသားတို့ကိုလည်းကောင်း။
ဉာတိသင်္ဃသတာနိစ၊ အရာသောဆွေမျိုးအပေါင်းတို့ကိုလည်းကောင်း။
မမစ၊ ငါသည်လည်းကောင်း။
တုယှဉ္စ၊ သင်ပုဏ္ဏားသည်လည်းကောင်း။
ခါဒိတာနိ၊ စားအပ်ကုန်ပြီ။
သာအဟံ၊ ထိုငါသည်။
ဇာတိယာ၊ ပဋိသန္ဓေနေခြင်း၏လည်းကောင်း။
မရဏဿစ၊ အိုခြင်းသေခြင်း၏လည်းကောင်း။
နိဿရဏံ၊ ထွက်မြောက်ရာဖြစ်သောနိဗ္ဗာန်ကို။
ဉတွာ၊ မဂ်ဉာဏ်ဖြင့်သိ၍။
နသောစာမိ၊ မစိုးရိမ်ပြီ။
နရောဒါမိ၊ ငိုလည်းမငိုပြီ။
အဟံ၊ ငါသည်။
နစပရိတပ္ဗယိံ၊ ပင်လည်းမပင်ပန်းပြီ။
ဝါသိဋ္ဌီ၊ အရှင်မဝါသိဋ္ဌိမည်သောထေရီ။
တွံ၊ အရှင်မသည်။
အဗ္ဘုတံ၊ မဖြစ်ဘူးမြဲ။
ဧဒိသိံ၊ ဤသို့မစိုးရိမ်ခြင်း ငိုကြွေးခြင်း ပင်ပန်းခြင်းတို့၏မရှိခြင်းကိုပြုတတ်သောသဘောရှိသော။
ဝါစံ၊ နသောစာမိ နရောဒါမိံ နစာယံပရိတပ္ပယိံ ဟူသောစကားကို။
ဘာသသိဝတ၊ ဆိုပေစွတကား။
တွံ၊ သင်သည်။
ကဿ၊ အဘယ်မည်သောဆရာ၏။
ဓမ္မံ၊ တရားကို။
အညာယ၊ သိရ၍။
ဧဒိသံ၊ ဤသို့ သဘောရှိသော။
ဂိရံ၊ စကားကို။
ဘာသသိ၊ ဆိုသနည်း။
ဗြာဟ္မဏ၊ သုဇာကာပုဏ္ဏား။
သမ္ဗုဒ္ဓေါ၊ ခပ်သိမ်းသောတရားတို့ကို အလိုလိုသိတော်မူတတ်သော။
ဧသဧသောဘဂဝါ၊ ဤမြတ်စွာဘုရားသည်။
မိဓိလံနဂရံ၊ မိမိလာမည်သောပြည်ကို။
ပတိဥပနိဿာယ၊ အမှီပြု၍။
ပါဏိနံ၊ သတ္တဝါတို့အား။
သဗ္ဗဒုက္ခပ္ပဟာနာယ၊ ခပ်သိမ်းသောဆင်းရဲကိုပယ်ခြင်းငှါ။
ဓမ္မံ၊ တရားကို။
ဒေသေသိ၊ ဟော၍နေတော်မူ၏ ။
ဗြာဟ္မဏ၊ သုဇာတာပုဏ္ဏား။
အယံ၊ ငါသည်။
အရဟတော၊ ပစ္စည်းလေးပါးကိုခံတော်မူထိုက်သော။
တဿ၊ ထိုမြတ်စွာဘုရား၏ ။
နိရူပဓိံ၊ ဆင်းရဲကျဉ်းမြောင်းခြင်းမရှိထသော။
ဓမ္မံ၊ တရားတော်ကို။
သုတွာ၊ နာ၍။
တတ္ထ၊ ထိုမြတ်စွာဘုရားအထံတော်၌။
ဝိညာတသဒ္ဓမ္မာ၊ သိအပ်ပြီးသောသစ္စာလေးပါးတရားရှိသည်ဖြစ်၍။
ပုတ္တသောကံ၊ သား၌စိုးရိမ်ခြင်းကို။
ဗျပါနုဒိံ၊ ပယ်နိုင်၏ ။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
ဝါသိဋ္ဌိ၊ ဝါသိဋ္ဌိထေရီမ။
သောအဟမ္ပိ၊ ထိုငါသည်လည်း။
မိဓိထနဂရံ မိဓိထဿနဂရဿ၊ မိဓိလာပြည်၏။
ပတိသမီပေ၊ အနီးသို့။
ဂမိဿာမိ၊ သွားပေအံ့။
သောဘဂဝါ၊ ထိုဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်။
မံ၊ ငါ့ကို။
သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသောဆင်းရဲမှ။
အပ္ပေဝနာမပမောစယေ၊ လွတ်စေပါမည်လည်းမသိ။
ဣတိ၊ ဤသို့။
ဝတွာ၊ ဆို၍။
ဗြာဟ္မဏော၊ သုဇာတာပုဏ္ဏားသည်။
ဂန္တွာ၊ မိဓိလာပြည်သို့သွား၍။
ဝိပ္ပမုတ္တံ၊ အချင်းခပ်သိမ်းအလုံးစုံသောကိလေသာဘဝမှလွတ်တော်မူထသော။
နိရူပဓိံ၊ ဆင်းရဲခြင်းလည်းမရှိထသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဒ္ဒသံ၊ ဖူးမြင်ရလေ၏ ။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲတည်းဟူသောရေအယဉ်၏ ။
ပါရဂူ၊ ကမ်းသဖွယ်ဖြစ်သောနိဗ္ဗာန်သို့ရောက်တော်မူပြီးထသော။
မုနိ၊ ဉေယျတရားငါးပါးကိုသိတော်မူတတ်သော သဗ္ဗညုတညာဏ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။
တဿ၊ ထိုသုဇာတာပုဏ္ဏားအား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲတည်းဟူသောဒုက္ခသစ္စာကိုလည်းကောင်း။
ဒုက္ခသမုပ္ပါဒံ၊ ဝဋ်ဆင်းရဲ၏ဖြစ်ကြောင်းသဖြစ်သောတဏှာဟုဆိုအပ်သောသမုဒယသစ္စာကိုလည်းကောင်း။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။
အတိက္ကမံ၊ လွန်ရာဖြစ်သောနိဗ္ဗာန်ဟုဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း။
အရိယံ၊ ဖြူစင်သော။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။
ဒုက္ခုပသမဂမိနိံ၊ ဝဋ်ဆင်းရဲ၏ငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။
မဂ္ဂံ၊ မဂ္ဂသစ္စာကိုလည်းကောင်း။
ဣတိ၊ ဤသို့။
ဓမ္မံ၊ သစ္စာလေးပါးတရားကို။
ဒေသေသိ၊ ဟောတော်မူ၏ ။
သုဇာတော၊ သုဇာတာပုဏ္ဏားသည်။
တတ္ထ၊ ထိုမြတ်စွာဘုရားသာသနာတော်၌။
ဝိညာတသဒ္ဓမ္မော၊ သိအပ်ပြီးသောသစ္စာလေးပါးတရားတည်းဟူသော သူတော်ကောင်းတရားရှိသည်ဖြစ်၍။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
သမရောစယိ၊ ကြားလျှောက်၏။
တီဟိရတ္တီဟိ၊ သုံးညဉ့်တို့ဖြင့်။
တိဿောဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးတို့ကို။
အဖဿယိ၊ ရလေ၏ ။
တိဿောဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးတို့ကို။
ဖုသိတွာ၊ ရ၍။
ဧဝံ၊ ဤသို့။
အာဟ၊ ဆို၏။
သာရထိ၊ ရထားထိန်း။
ဧဟိ၊ လာလှည့်။
တွံ၊ သင်သည်။
ဂစ္ဆာဟိ၊ သွားချေလော။
ဣမံရထံ၊ ဤရထားကို။
နိယျာဒယာဟိ၊ ပုဏ္ဏေးမအားအပ်နှင်းပါချေလော။
အာရောဂျံ၊ ငါ၏အနာကင်းသောအဖြစ်ကိုလည်း။
ဗြာဟ္မဏိံ၊ ပုဏ္ဏေးမကို။
ဝဇ္ဇ၊ သင်ပြောပါချေလော။
ဒါနိ၊ ယခု။
သုဇာတော၊ သုဇာတာမည်သော။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
ပဗ္ဗဇိ၊ ရဟန်းပြုပြီ။
တီဟိရတ္တိဟိ၊ သုံးညဉ့်တို့ဖြင့်။
တိဿောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့ကို။
အဖဿယိ၊ ရပြီ။
ဣတိ၊ ဤသို့။
ဝိဇ္ဇ၊ ဆိုပါချေလော။
သာရထိ၊ ရထားထိန်းသည်။
တတော၊ ထိုမိဓိလာပြည်မှ။
ရထဉ္စ၊ ရထားကိုလည်းကောင်း။
သဟဿဉ္စပိ၊ လမ်းစာရိက္ခာအလို့ငှါယူခဲ့သောအသပြာတစ်ထောင်ကိုလည်းကောင်း။
သမာဒါယ၊ ကောင်းစွာယူခဲ့၍။
နိယျာဒေသိ၊ ပုဏ္ဏေးမအားဆောင်နှင်းပေး၏ ။
အာရောဂျဉ္စ၊ သုဇာတာပုဏ္ဏား၏ အနာမရှိခြင်းကိုလည်း။
ဗြာဟ္မဏိံ၊ ပုဏ္ဏေားမကို။
အဝေါစ၊ ဆိုလေ၏။
ဗြာဟ္မဏိ၊ အိုအရှင်ပုဏ္ဏေးမ။
သုဇာတော၊ သုဇာတာမည်သော။
ဗြဟ္မဏော၊ သင့်ခင်ပွန်းပုဏ္ဏားသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုပြီ။
တီဟိရတ္တီဟိ၊ သုံးညဉ့်တို့ဖြင့်။
တိဿောဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးကို။
အဖဿယိ၊ ရလေပြီ။
ဣတိ၊ ဤသို့။
အဝေါစ၊ ပုဏ္ဏေးမအားပြောဆို၏။
သာရထိ၊ ရထားထိန်း။
ဧတဉ္စအဿရထံ၊ ထိုမြင်းကသောရထားကိုလည်းကောင်း။
သဟဿစာပိ၊ အသပြာတစ်ထောင်ကိုလည်းကောင်း။
ဗြာဟ္မဏံဗြာဟ္မဏဿ၊ ငါ့ခင်ပွန်းပုဏ္ဏား၏။
တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသောအကြောင်းကို။
သုတွာ၊ သင့်အထံမှကြားရသောကြောင့်။
တေ၊ သင့်အား။
ပုဏ္ဏပတ္တံ၊ နှစ်သက်သောပေးခြင်းကို။
ဒဒါမိ၊ ငါပေး၏ ။
ဗြာဟ္မဏီ၊ ပုဏ္ဏေးမ။
အဿရထော၊ မြင်းကသောရထားသည်လည်းကောင်း။
သဟဿဉ္စာပိ၊ အသပြာတစ်ထောင်သည်လည်းကောင်း။
တုမှေဝ၊ အရှင်မတို့အားသာလျှင်။
ဟောတု၊ ဖြစ်စေသတည်း။
အဟံပိ၊ ငါသည်လည်း။
ဝရပညဿ၊ မြတ်သောသဗ္ဗညုတညာဏ်စသောပညာရှိတော်မူသောမြတ်စွာဘုရား၏ ။
သန္တိကေ၊ အထံ၌။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။
ဣဒံဝစနံ၊ ဤသို့သောစကားကို။
သုတက္ခဏေယေဝ၊ ကြားသောခဏ၌သာလျှင်။
သုန္ဒရီ၊ ချစ်သမီးသုန္ဒရီ။
တုယှံ၊ သင်ချစ်သမီး၏ ။
ပိတာ၊ ဘခင်သုဇာတာပုဏ္ဏားသည်။
ဟတ္ထီ၊ ဆင်တို့ကိုလည်းကောင်း။
ဂါဝေါ၊ နွားတို့ကိုလည်းကောင်း။
အဿံအဿေ၊ မြင်းတို့ကိုလည်းကောင်း။
မဏီစ၊ ပတ္တမြားတို့ကိုလည်းကောင်း။
ကုဏ္ဍလံကုဏ္ဍလာနိစ၊ နားဍောင်းတို့ကိုလည်းကောင်း။
ဣမံ၊ ဤဆိုအပ်ခဲ့ပြီးသောဆင်စသော အပြားရှိသောဥစ္စာမဆိုသေးသောလယ်ယာရွှေငွေစသောဥစ္စာကိုလည်းကောင်း။
ဖီတံ၊ များစွာထသော။
ဂေဟဝိဂတဉ္စ၊ အိမ်၏အဆောက်အဦ ကျွန်မိန်းမ ကျွန်ယောက်ျားစသည်ကိုလည်းကောင်း။
ပဟာယ၊ စွန့်၍။
ပဗ္ဗဇိတော၊ ရဟန်းပြု၏ ။
သုန္ဒရီ၊ ချစ်သမီးသုန္ဒရီ။
တွံ၊ သင်သည်။
ဘောဂါနိ၊ စည်းစိမ်တို့ကို။
ဘုဉ္ဇ၊ ခံစားလော။
တုဝံ၊ သင်သည်။
ကုလေ၊ ငါတို့အမျိုး၌။
ဒါယာဒိကာ၊ အမွေကိုခံခြင်းငှါထိုက်၏ ။
အမ္မ၊ မိခင်။
မယှံ၊ အကျွန်ုပ်၏ ။
ပိတာ၊ ဘခင်ပုဏ္ဏားသည်။
ပုတ္တသောကေန၊ သား၌စိုးရိမ်ခြင်းဖြင့်။
အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဟတ္ထိံ ဟတ္ထီ၊ ဆင်တို့ကိုလည်းကောင်း။
ဂါဝေါ၊ နွားတို့ကိုလည်းကောင်း။
အဿံအဿေ၊ မြင်းတို့ကိုလည်းကောင်း။
မဏိံ မဏီ၊ ပတ္တမြားတို့ကိုလည်းကောင်း။
ကုဏ္ဍလံကုဏ္ဍာနိစ၊ နားဍောင်းတို့ကိုလည်းကောင်း။
ဣမံ၊ ဤဆိုအပ်ခဲ့ပြီးသောဆင်အစရှိသော ဥစ္စာမဆိုသေးသောရွှေငွေလယ်ယာအစရှိသောဥစ္စာတို့ကိုလည်းကောင်း။
ရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဂေဟဝိဂတံ၊ အိမ်၏အဆောက်အဦကိုလည်းကောင်း။
ပဟာယ၊ စွန့်၍။
ပဗ္ဗဇိတော၊ ရဟန်းပြု၏ ။
အဟမ္ပိ၊ ငါသည်လည်း။
ဘာတုသောကေန၊ မောင်နှိုက်စိုးရိမ်ခြင်းဖြင့်။
အဋ္ဋိတာ၊ နှိပ်စက်အပ်သည်ဖြစ်၍။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပေအံံ့။
သုန္ဒရိ၊ ချစ်သမီးသုန္ဒရီ။
ယံ၊ အကြင်ရဟန်းအဖြစ်ကို။
ပတ္ထေသိ၊ တောင့်တ၏ ။
တေ၊ သင်၏ ။
သောသင်္ကပ္ပေါ၊ ထိုရဟန်းဖြစ်ခြင်း၌အကြံသည်။
ဣဇ္ဈတု၊ အန္တရာယ်ကင်းသဖြင့်ပြည့်စုံစေသတည်း။
ဥတ္တိဋ္ဌပိဏ္ဍော၊ အိမ်တိုင်းအိမ်တိုင်းရပ်၍ရအပ်သောဆွမ်းရှိသည်လည်းကောင်း။
ဥဉ္ဇောစ၊ ဆွမ်းအလို့ငှါအိမ်စဉ်အိမ်တိုင်းလည်ခြင်းရပ်ခြင်းဟုဆိုအပ်သောဆွမ်းကိုရှာမှီခြင်းလည်းကောင်း။
ပံသုကူလံ၊ မြေမှုန့်ကဲ့သို့စက်ဆုပ်ဖွယ်ရှိသောအဖြစ်သို့ရောက်သော။
စီဝရဉ္စ၊ တံမြက်ချေးစုစသည်တို့၌ ရသောသင်္ကန်းလည်းကောင်း။
ဧတာနိ၊ ထိုဥတ္တိဋ္ဌပိဏ္ဍစသည်တို့ကို။
အဘိသမ္ဘောန္တီ၊ မငြီးငွေ့ပြီးစေနိုင်သည်ဖြစ်၍။
အနာသဝါ၊ အာသဝေါကင်းလျက်။
လောကေ၊ လောက၌။
စရ၊ ချမ်းသာစွာအိပ်နေသွားရသည်ဖြစ်စေသတည်း။
အယျေ၊ ဥပဇ္ဈာယ်ဖြစ်သောအရှင်မ။
မေမယာ၊ ငါသည်။
သိက္ခမာနာယ၊ သိက္ခမာန်သည်။
သမာနာယ၊ ဖြစ်လျက်။
ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခုကို။
ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။
ယတ္ထ၊ အကြင်ဘုံ၌။
မေ၊ ငါသည်။
ပုရေ၊ ရှေးရှေးဘဝ၌။
ဝုသိတံ၊ နေခဲ့ဘူး၏ ။
တတ္ထ၊ ထိုဘုံ၌။
ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို။
ဇာနာမိ၊ သိ၏ ။
သံဃဿ၊ သံဃာ၏။
ထေရီ၊ ထေရီဖြစ်သော။
သောဘဏေ၊ တင့်တယ်သောသီလစသောဂုဏ်နှင့်ပြည့်စုံသော။
ကလျာဏီ၊ အဆွေခင်ပွန်းကောင်းဖြစ်သော။
အယျေ၊ အရှင်ဥပဇ္ဈာယ်မ။
တုဝံ၊ အရှင်မကို။
နိဿာယ၊ မှီ၍။
မယာ၊ အကျွန်ုပ်သည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာ၊ ရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ လိုက်နာအပ်ပြီ။
အယျေ၊ အရှင်ဥပဇ္ဈာယ်မ။
အဟံ၊ အကျွန်ုပ်သည်။
ဣတော၊ ဤဗာရာဏသီပြည်မှ။
သာဝတ္ထိံ၊ သာဝတ္ထိပြည်သို့။
ဂန္တဝေ၊ သွားခြင်းငှါ။
ဣစ္ဆေဣစ္ဆာမိ၊ အလိုရှိ၏ ။
မေ၊ အကျွန်ုပ်အား။
အနုဇာနာဟိ၊ ခွင့်ပြုပါလော။
ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရား၏ ။
သန္တိကေ၊ အထံ၌။
သီဟနာဒံ၊ အရဟတ္တဖိုလ်ကိုကြားခြင်းတည်းဟူသော ခြင်္သေ့ဟောက်သကဲ့သို့ အသံကို။
နဒိဿာမိ၊ မရွံ့မရှာဆိုချေအံ့။
သုန္ဒရိ၊ သုန္ဒိရီရဟန်းမိန်းမ။
ဟေမဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းတော်ရှိထသော။
ဟရိတ္တစံ၊ ရွှေနှင့်တူသောတောက်ပသောအရောင်ရှိသောအရေတော်လည်းရှိထသော။
အဒန္တာနံ၊ မယဉ်ကျေးသောသူတို့ကို။
ဒမေတာရံ၊ ယဉ်ကျေးအောင်ဆုံးမတော်မူတတ်ထသော။
သမ္ဗုဒ္ဓံ၊ ခပ်သိမ်းသောတရားတို့ကို မိမိအလိုလိုသာလျှင် မဖောက်မပြန်သိတော်မူပြီးထသော။
အကုတောဘယံ၊ တစ်စုံတစ်ခုသောဘေးလည်းမရှိပြီးထသော။
သတ္ထာရံ၊ မြတ်စွာဘုရားကို။
ပဿ၊ သင်ရှုလေလော။
ဝိပ္ပမုတ္တံ၊ ကိလေသာဘဝတို့မှ လွတ်ပြီးထသော။
နိရူပဓိံ၊ ဆင်းရဲခြင်းလည်းမရှိထသော။
ဝီတရာဂံ၊ ရာဂလည်းကင်းပြီးထသော။
ဝိသံယုတ္တံ၊ သံယောဇဉ်တို့မှလည်းကင်းပြီးထသော။
ကတကိစ္စံ၊ ပြုအပ်ပြီးသော တစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စလည်းရှိထသော။
အနာသဝံ၊ အာသဝေါလည်းကင်းပြီးထသော။
အာယန္တိံ၊ ဘုရားအထံတော်သို့လာသော။
သုန္ဒရိံ၊ သုန္ဒရီအမည်ရှိသော။
မံ၊ အကျွန်ုပ်ထေရီမကို။
ပဿ၊ ဉာဏ်တော်ဖြင့်ရှုတောမူပါလော။
မဟာဝီရ၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား။
တေ၊ အရှင်ဘုရား၏။
သာဝိကာ၊ တပည့်မဖြစ်သော။
သုန္ဒရီ၊ သုန္ဒရီမည်သောရဟန်းမိန်းမသည်။
ဗာရာဏသိတော၊ ဗာရာဏသီပြည်မှ။
နိက္ခမ္မ၊ ထွက်၍။
တဝ၊ အရှင်ဘုရား၏ ။
သန္တိကံ၊ အထံသို့။
အာဂတာ၊ လာသည်ဖြစ်၍။
ပါဒေ၊ အရှင်ဘုရား၏ခြေတော်တို့ကို။
ဝန္ဒတိ၊ ရှိခိုးပါ၏ ။
ဗြာဟ္မဏ၊ မကောင်းမှုကိုအပပြုတော်မူပြီးသောမြတ်စွာဘုရား။
တုဝံ၊ အရှင်ဘုရားသည်။
ဗုဒ္ဓေါ၊ နတ်နှင့်တကွသောလူ၌တစ်ဆူတည်းသောသဗ္ဗညုဘုရားပေတည်း။
တုဝံ၊ အရှင်ဘုရားသည်။
မေ၊ အကျွန်ုပ်၏ ။
သတ္ထာ၊ ပစ္စုပ္ပန်သံသရာ၌ဖြစ်သောအကျိုးတို့ဖြင့်ဆုံးမတတ်သောဆရာပေတည်း။
အဟံ၊ အကျွန်ုပ်သည်။
တုယှံ၊ အရှင်ဘုရား၏ ။
ဩရသာ၊ ရင်၌ဖြစ်သော။
မုခတော၊ အရှင်ဘုရားခံတွင်းတော်မှ။
ဇာတာ၊ ဖြစ်သော။
ဓီတာ၊ သမီးတော်သည်။
အမှိ၊ ဖြစ်ပေ၏ ။
ကတကိစ္စာ၊ တစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကိုလည်းပြုအပ်ပြီ။
အနာသဝါ၊ အာသဝေါလည်းကင်းပြီ။
ဘဒ္ဒေ၊ ကောင်းသောကျေးဇူးနှင့်ပြည့်စုံသောသုန္ဒရီ။
တတော၊ ထိုဗာရာဏသီပြည်မှ။
တဿာတေ၊ ထိုသင်၏ ။
အာဂတံ၊ ငါဘုရားအထံတော်သို့လာခြင်းသည်။
သွာဂတံသုအာဂတံ၊ ကောင်းသောလာခြင်းတည်း။
တေ၊ သင်၏ ။
အာဂတံ၊ ငါဘုရားအထံတော်သို့လာခြင်းသည်။
အဒုရာဂတံ၊ အပြစ်မရှိသောလာခြင်းတည်း။
သုန္ဒရီ၊ သုန္ဒရီ။
ဧဝံ၊ ဤ ယခုသင်လာသောအတူလျှင်။
ဒန္တာ၊ အရိယမဂ်တည်းဟူသော ယဉ်ကျေးခြင်းဖြင့်ယဉ်ကျေးကုန်ပြီးထသော။
ဝီတရာဂါ၊ ရာဂလည်းကင်းကုန်ပြီးထသော။
ဝိသံယုတ္တာ၊ သံယောဇဉ်တို့မှကင်းကုန်ပြီးထသော။
ကတကိစ္စာ၊ ပြုအပ်ပြီးသောတစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စရှိကုန်သော။
အနာသာဝါ၊ အာသဝေါကင်းသောရဟန္တာတို့သည်။
သတ္ထုပါဒါနိ၊ ငါဘုရားခြေတော်တို့ကို။
ဝန္ဒိကာ၊ ရှိခိုးကုန်သည်ဖြစ်၍။
ဟိယသ္မာ၊ အကြင့်ကြောင့်။
အာယန္တိ၊ လာကုန်မြဲတည်း။
တသ္မာ၊ ထိုကြောင့်။
တဿာတေ၊ ထိုသင်၏ ။
အာဂတံ၊ ငါဘုရားအထံတော်သို့လာခြင်းသည်။
သွာဂတံသု အာဂတံ၊ ကောင်းသောလာခြင်းတည်း။
အဒုရာဂတံ၊ အပြစ်မရှိသောလာခြင်းတည်း။
သုန္ဒရီ၊ သုန္ဒရီထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
၅. သုဘာကမ္မာရဓီတုထေရီဂါထာ
(၇၀)
ဘောန္တောဉာတကာ၊ အိုအဆွေအမျိုးအပေါင်းတို့။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးလူဖြစ်သောအခါ၌။
ဒဟရာ၊ အငယ်သာဖြစ်လျက်။
သုဒ္ဓဝသနာ၊ စင်ကြယ်သောအဝတ်ကိုဝတ်သည်ဖြစ်၍။
သတ္ထု၊ မြတ်စွာဘုရား၏ ။
သန္တိကေ၊ အထံတော်၌။
ဓမ္မံ၊ တရားတော်ကို။
ယံယသ္မာ၊ အကြင့်ကြောင့်။
အသုဏိံ၊ နာရ၏ ။
တသ္မာ၊ ထိုကြောင့်။
အပ္ပမတ္တာယ၊ မမေ့မလျော့သောသတိဖြင့်။
အာရဗ္ဘန္တီယာ၊ သီလကိုဆောက်တည်၍ ကမ္မဋ္ဌာန်းကိုစီးဖြန်းခြင်းကိုအားထုတ်သော။
တဿာမေ၊ ထိုငါ့အား။
သစ္စာဘိသမယော၊ သစ္စာလေးပါးကိုထိုးထွင်း၍သိခြင်းသည်။
အဟု၊ ဖြစ်ပြီ။
တတောတေနကာရဏေန၊ ထိုဘုရားအထံတော်၌တရားတော်ကိုနာရခြင်း သစ္စာလေးပါးကိုသိခြင်းကြောင့်။
အဟံ၊ ငါသည်။
သဗ္ဗကာမေသု၊ အလုံးစုံသောကာမဂုဏ်တို့၌။
ဘုသံ၊ ပြင်းစွာ။
အရတိံ၊ မမွေ့လျော်ခြင်းကို။
မဇ္ဈဂံ၊ ရပြီ။
သက္ကာယသ္မိံ၊ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ဤကိုယ်၌။
ဘယံ၊ ဘေးရှိသည်၏အဖြစ်ကို။
ဒိသွာ၊ ဉာဏ်မျက်စိဖြင့်မြင်ရ၍။
နေက္ခမမေဝ၊ ကာမဂုဏ်မှထွက်မြောက်ကြောင်းထွက်မြောက်ရာဖြစ်သောရဟန်းအဖြစ်နိဗ္ဗာန်ကိုသာလျှင်။
ပိဟယေ၊ တောင့်တ၏ ။
အဟံ၊ ငါသည်။
ဉာတိဂဏံ၊ ဆွေမျိုးအပေါင်းကိုလည်းကောင်း။
ဒါသကမ္မကရာနိစ ဒါသကမ္မကရေစ၊ ကျွန်အမှုလုပ်တို့ကိုလည်းကောင်း။
ပိတာနိ၊ ပြည့်စုံကုန်သော။
ဂါမခေတ္တာနိ၊ ရွာလယ်ယာတို့ကိုလည်းကောင်း။
ရမဏီယေ၊ နှစ်သက်ဖွယ်ရှိကုန်သော။
ပမောဒိတေ၊ ဝမ်းမြောက်အပ်ကုန်သော။
ဘောဂက္ခန္ဓေ၊ စည်းစိမ်အစုတို့ကိုလည်းကောင်း။
ဟိတွာန၊ စွန့်၍။
အနပ္ပကံ၊ များစွာသော။
သာပတေယျံ၊ ကျောက်သံပတ္တမြား ရွှေငွေစသောဥစ္စာကိုလည်း။
ပဟာယ၊ စွန့်၍။
ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။
သဒ္ဓါယ၊ ကံကံ၏အကျိုးရတနာသုံးပါးကို ယုံကြည်သည်ဖြစ်၍။
နိက္ခမ္မ၊ အိမ်မှထွက်၍။
သုပ္ပဝေဒိတေ၊ မြတ်စွာဘုရားသည် ကောင်းစွာဟောတော်မူအပ်သော။
သဒ္ဓမ္မေ၊ သူတော်ကောင်းတရားတည်းဟူသော အရိယဝိနည်း၌။
အဟံ၊ ငါသည်။
ပဗ္ဗဇိတာ၊ ရဟန်းပြု၏ ။
ဧဝံ၊ ဤသို့။
ပဗ္ဗဇိတာ၊ ရဟန်းပြုပြီးသော်။
မေ၊ ငါ့အား။
ဧတံ၊ ထိုစွန့်အပ်ပြီးသောကာမဂုဏ်တို့ကို တစ်ဖန်ပြန်ခြင်းသည်။
ပတိရူပံ၊ လျောက်ပတ်သည်။
နအဿ၊ မဖြစ်။
အာကိဉ္စညံဟိအာကိဉ္စညံဧဝ၊ ဥစ္စာသိမ်းဆည်းခြင်းမရှိသောရဟန်းအဖြစ်ကိုသာလျှင်။
ပတ္ထယေပတ္ထယာမိ၊ ငါတောင့်တ၏ ။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
ဇာတရူပရဇတံ၊ ရွှေငွေစသောဥစ္စာကို။
ဌပေတွာ၊ စွန့်ပစ်ထားခဲ့၍။
ပုန၊ တစ်ဖန်။
အာဂဟေ၊ ယူပြန်ငြားအံ့။
သော၊ ထိုပုဂ္ဂိုလ်သည်။
ပဏ္ဍိတာနံ၊ ပညာရှိတို့၏ ။
အန္တရေ၊ အလယ်၌။
ကထံ၊ အသို့လျှင်။
သီသံ၊ ဦးခေါင်းကို။
ဥက္ခိပေယျ၊ ချီဝံ့ပါအံံ့နည်း။
ရဇတံဝါ၊ ငွေသည်လည်းကောင်း။
ဇာတရူပံဝါ၊ ရွှေသည်လည်းကောင်း။
ဗောဓာယ၊ သစ္စာလေးပါးကိုသိတတ်သောမဂ်ဉာဏ်အကျိုးငှါ။
နဟောတိ၊ မဖြစ်။
သန္တိယာ၊ ကိလေသာတို့မှငြိမ်းရာဖြစ်သောနိဗ္ဗာန်အကျိုးငှါ။
နဟောတိ၊ မဖြစ်။
ဧတံ၊ ဤရွှေငွေစသော သိမ်းဆည်းအပ်သောဝတ္ထု ထိုဝတ္ထုကိုခံခြင်းသည်။
သမဏသာရုပ္ပံ၊ ရဟန်းတို့အား လျောက်ပတ်သည်။
နဟောတိ၊ မဖြစ်။
ဧတံ၊ ထိုရွှေစသောသိမ်းဆည်းအပ်သောဝတ္ထုသည်။
အရိယဓနံ၊ အရိယာတို့၏သနားသဖြင့် ပြီးသောဥစ္စာသည်။
နဟောတိ၊ မဖြစ်။
ဧတံ၊ ထိုရွှေငွေစသောသိမ်းဆည်းအပ်သောဝတ္ထုသည်။
လောဘနံ၊ တပ်မက်မောခြင်းကိုလည်းဖြစ်စေတတ်၏ ။
မဒနံစ၊ မာန်ယစ်ခြင်းမေ့လျော့ခြင်းကိုလည်းဆောင်တတ်၏ ။
မောဟနံ၊ ပြင်းစွာတွေဝေခြင်းကို ဖြစ်စေတတ်၏ ။
ရဇဝဍ္ဎနံ၊ ရာဂစသောကိလေသာမြူကိုလည်းပွါးစေတတ်၏ ။
သာသင်္ကံ၊ ရွံရှာဖွယ်ဘေးဘျမ်းနှင့်တကွဖြစ်၏ ။
ဗဟုအာယာသံ၊ စီရင်ခြင်းစောင့်ရှောက်ခြင်းအစရှိသည်ဖြင့်များသောပင်ပန်းခြင်းရှိ၏ ။
ဧတ္ထ၊ ဤဥစ္စာတည်းဟူသောအရာ၌။
ဓုဝံစ၊ မြဲခြင်းသည်လည်းကောင်း။
ဌိတိစ၊ တည်ခြင်းသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
ဧတ္ထ၊ ထိုဥစ္စာ၌။
ရတ္တာ၊ တပ်ကုန်သော။
နရာစ၊ သတ္တဝါတို့သည်လည်းကောင်း။
ပမတ္တာ၊ ကုသိုလ်တရားတို့၌သတိကင်းသဖြင့်မေ့လျော့ကုန်သော။
နရာစ၊ သတ္တဝါတို့သည်လည်းကောင်း။
သံကိလိဋ္ဌမနာ၊ ညစ်ညူးကုန်သောစိတ်ရှိကုန်၏ ။
တတောစ၊ ထိုကြောင့်လည်း။
အညမညေန၊ တစ်ယောက်သည်တစ်ယောက်နှင့်။
ဗျာရုဒ္ဓါ၊ ဆန့်ကျင်ဘက်ရန်သူဖြစ်ကုန်၏။
ပုထု၊ များစွာသောသတ္တဝါတို့သည်။
မေဓဂံ၊ ငြင်းခုံခြင်းကို။
ကုဗ္ဗန္တိ၊ ပြုကုန်၏ ။
ကာမေသု၊ ကာမဂုဏ်တို့၌။
အဓိပန္နာနံ၊ လွှမ်းမိုးနှိပ်စက်အပ်ကုန်သောသူတို့အား။
ဝဓော၊ သတ်ခြင်းသည်လည်းကောင်း။
ဗန္ဓော၊ နှောင်ဖွဲ့ခြင်းသည်လည်းကောင်း။
ပရိက္လေသော၊ လက်ဖြတ်ခြင်းစသော ပူပန်နှိပ်စက်ခြင်းသို့ရောက်ခြင်းသည်လည်းကောင်း။
ဇာနိ၊ ဥစ္စာအခြွေအရံမှယုတ်ခြင်းသည်လည်းကောင်း။
သောကပရိဒ္ဒဝေါ၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းသည်လည်းကောင်း။
ဧဝမာဒိကံ၊ ဤသို့သဘောရှိသော။
ဗဟုံ၊ များစွာသော။
ဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသည်။
ကာမေသု၊ ကာမဂုဏ်တို့၌။
ဒိဿတေ၊ ထင်သည်သာတည်း။
တံတာဒိသံ၊ ထိုသို့ကာမဂုဏ်တို့၌တပ်ခြင်းကင်းသောသဘောရှိသော။
မံ၊ ငါ့ကို။
တုမှေ၊ သင်တို့သည်။
ဉာတီ၊ ဆွေမျိုးဖြစ်ပါကုန်လျက်။
အမိတ္တာဝါ၊ ငါ့အကျိုးစီးပွါးကို အလိုမရှိသောရန်သူတို့ကဲ့သို့။
ကိံ၊ အဘယ်အကြောင်းကြောင့်။
ကာမေသု၊ ကာမဂုဏ်တို့၌။
ယုဉ္ဇထ၊ တိုက်တွန်းကုန်ဘိသနည်း။
ကာမေသု၊ ကာမဂုဏ်တို့၌။
ဘယဒဿိနိံ၊ ဘေးအားဖြင့်မြင်ထသော။
ပဗ္ဗဇိတံ၊ ရဟန်းပြုသော။
မံ၊ ငါ့ကို။
ဇာနာထ အနုဇာနာထ၊ ခွင့်ပြုကုန်လော။
ဟိရည သုဝဏ္ဏေန၊ ရွှေငွေဖြင့်။
အာသဝါ၊ ကာမာသဝါစသောလေးပါးသော အာသဝေါတို့သည်။
နပရိက္ခိယန္တိ၊ တစ်ရံတစ်ဆစ်မျှမကုန်နိုင်ကုန်။
ကာမာ၊ ကာမဂုဏ်တို့သည်။
အမိတ္တာ၊ အကျိုးစီးပွါးမဲ့ကိုဆောင်တတ်သည်၏အဖြစ်ကြောင့် ချစ်ခြင်းမရှိသဖြင့် အဆွေခင်ပွန်းမဟုတ်ကုန်။
ဝဓကာ၊ သေခြင်း၏အကြောင်းဖြစ်သောကြောင့်သန်လျက်ကိုချီ၍ရအပ်သော သူသတ်ယောက်ျားနှင့်တူကုန်၏ ။
သပတ္တာ၊ အစဉ်တစ်စိုက်လိုက်၍လည်းအကျိုးမဲ့ကို ဆောင်တတ်သောကြောင့်ရန်သူနှင့်တူကုန်၏ ။
သလ္လဗန္ဓနာ၊ ရာဂစသောငြောင့်ငါးစင်းကိုဖွဲ့တတ်ကုန်၏ ။
တံတာဒိသံ၊ ထိုသို့ကာမဂုဏ်တို့၌တပ်ခြင်းကင်းသောသဘောရှိသော။
မံ၊ ငါ့ကို။
တုမှေ၊ သင်တို့သည်။
ဉာတီ၊ ဆွေမျိုးဖြစ်ပါကုန်လျက်။
အမိတ္တာဝ၊ ငါ၏အကျိုးစီးပွါးမဲ့ကိုအလိုရှိသော ရန်သူတို့ကဲ့သို့။
ကိံ၊ အဘယ်ကြောင့်။
မံ၊ ငါ့ကို။
ကာမေသု၊ ကာမဂုဏ်တို့၌။
ယုဉ္ဇထ၊ တိုက်တွန်းကုန်ဘိသနည်း။
မုဏ္ဍံ၊ ဦးပြည်းသောဆံလည်းရှိထသော။
သံဃာဋ်ိပါရုတံ၊ ဒုကုဋ်ဖြင့်ရုံအပ်သော ကိုယ်လည်းရှိထသော။
ပဗ္ဗဇိတံ၊ ရဟန်းပြုသော။
မံ၊ ငါ့ကို။
ဇာနာထအနုဇာနာထ၊ ခွင့်ပြုကုန်လော။
ဥတ္တိဋ္ဌပဏ္ဍော၊ အိမ်တိုင်းအိမ်တိုင်းရပ်၍ ရအပ်သောဆွမ်းလည်းကောင်း။
ဥဉ္ဆောဇ၊ ဆွမ်းအလို့ငှါရှာမှီးခြင်းလည်းကောင်း။
ပံသုကူလံ၊ မြေမှုန့်ကဲ့သို့စက်ဆုပ်ဘွယ်ရှိသောအဖြစ်သို့ရောက်သော။
စီဝရဉ္စ၊ သင်္ကန်းလည်းကောင်း။
ဧတံခေါ၊ ထိုသုံးပါးသည်လျှင်။
မမ၊ ငါ့အား။
သာရုပ္ပံ၊ လျောက်ပတ်၏ ။
အနဂါရူပ နိဿယော၊ အိမ်ရာထောင်ခြင်းမရှိသောရဟန်းတို့မှ မှီရာအသက်မွေးခြင်း၏ အရံအတားဖြစ်၏ ။
ဒိဗ္ဗာ၊ နတ်ပြည်၌ဖြစ်ကုန်သော။
ယေစကာမာ၊ အကြင်ကာမဂုဏ်တို့သည်လည်းကောင်း။
မာနုသာ၊ လူ၌ဖြစ်ကုန်သော။
ယေစကာမာ၊ အကြင်ကာမဂုဏ်တို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏ ။
တေ၊ ထိုကာမဂုဏ်တို့ကို။
မဟေသိနာ၊ မြတ်သောသီလစသောကျေးဇူးကိုရှာတော်မူတတ်သောဘုရားအစရှိသောသူတော်ကောင်းသည်။
ဝန္တာ၊ စွန့်အပ်ကုန်၏ ။
တေ၊ ထိုဘုရားအစရှိသောသူတော်ကောင်းတို့သည်။
ဝိမုတ္တာ၊ ကိလေသာဘဝတို့မှလွတ်ကုန်သည်ဖြစ်၍။
ခေမဋ္ဌာနေ၊ ကာမယောဂအစရှိသောယောဂလေးပါးတို့ဖြင့် ဥပဒ္ဒဝေါမရှိရာဖြစ်သောနိဗ္ဗာန်၌။
အစလံ၊ တုန်လှုပ်ခြင်းမရှိသော။
သုခံ၊ နိဗ္ဗာန်ချမ်းသာကို။
ပတ္တာ၊ ရကုန်၏ ။
ယေသု၊ အကြင်ကာမဂုဏ်တို့၌။
တာဏံ၊ ကိုးကွယ်ရာမည်သောအကျိုးစီးပွါးသည်။
ယသ္မာ၊ အကြင်ကြောင့်။
နဝိဇ္ဇတိ၊ မရှိ။
တသ္မာ၊ ထိုကြောင့်။
တေဟိကာမေဟိ၊ ထိုကာမဂုဏ်တို့နှင့်။
အဟံ၊ ငါသည်။
မာသင်္ဂစ္ဆိံ၊ ပေါင်းဘော်ခြင်းသို့မရောက်ပြီ။
ကာမာ၊ ကာမဂုဏ်တို့သည်။
အမိတ္တာ၊ စီးပွါးမဲ့ကိုဆောင်တတ်သောကြောင့်ချစ်ခြင်းမရှိသဖြင့် အဆွေခင်ပွန်းမဟုတ်ကုန်။
ဝဓကာ၊ သေခြင်း၏အကြောင်းဖြစ်သောကြောင့်သန်လျက်ကိုချီ၍ ရပ်သောသူသတ်ယောက်ျားနှင့်တူကုန်၏ ။
အဂ္ဂိက္ခန္ဓူပမာ၊ ပြင်းစွာပူပန်စေတတ်သောသဘောကြောင့် မီးပုံကြီးနှင့်တူကုန်၏။
ဒုခါ၊ သည်းခံနိုင်ခဲသောကြောင့်ဆင်းရဲကုန်၏ ။
ဧသဧသော၊ ဤကာမဂုဏ်သည်။
ပရိဗန္ဓော၊ မသိအပ်သောများသောအကျိုးစီးပွါးမဲ့ကိုဆောင်တတ်သောကြောင့် နှိပပ်စက်တတ်သော။
ဘယော၊ ဘေးရန်မည်၏ ။
သဝိဃာတော၊ စိတ်၏ပင်ပန်းခြင်းကိုဖြစ်စေတတ်သောသဘောရှိ၏ ။
သကဏဋကော၊ စူးဝင်တတ်သောကြောင့် ဆူးငြောင့်နှင့်တကွဖြစ်၏ ။
ဂေဓော၊ စိတ်၏တပ်မက်မောခြင်းအကြောင်းဖြစ်၏ ။
ဧသော၊ ဤကာမဂုဏ်သည်။
သုဝိသမောစ၊ ပြင်းစွာလည်းနှိပ်စက်တတ်၏ ။
မဟန္တော မောဟနာမုခေါ၊ အားကြီးစွာတွေဝေခြင်းသို့ရောက်ခြင်း၏အကြောင်းဖြစ်၏ ။
ဥပသဂ္ဂေါ၊ ဘေးရန်ကဲ့သို့လည်းဖြစ်၏ ။
ဘိမ္မရူပေါစ၊ အလွန်ကြောက်မက်ဖွယ်သော သဘောလည်းရှိ၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။
သပ္ပဘိရူပမာ၊ မကုစားနိုင်သောဆင်းရဲကိုဆောင်တတ်သောကြောင့် မြွေဦးခေါင်းနှင့်တူကုန်၏ ။
ယေ၊ အကြင်မြွေဦးခေါင်းနှင့်တူသောကာမဂုဏ်တို့ကို။
ဗာလာ၊ မိုက်ကုန်သော။
အန္ဓဘူတာ၊ ပညာမရှိသည်ဖြစ်၍ သူကန်းသဖွယ်ဖြစ်ကုန်သော။
ပုထုဇ္ဇနာ၊ ပုထုဇဉ်တို့သည်။
အဘိနန္ဒန္တိ၊ အလွန်နှစ်သက်ကုန်၏ ။
ကာမပင်္ကေန၊ ကာမဂုဏ်တည်းဟူသော ညွန်ပျောင်းဖြင့်။
သတ္တာ၊ ကပ်ငြိကုန်သော။
ဇနာ၊ သတ္တဝါတို့သည်။
လောကေ၊ လောက၌။
ဗဟူ၊ များစွာသောဆင်းရဲတို့ကို။
အဝိန္ဒသု၊ ခံစားကုန်၏ ။
တေဇနာ၊ ထိုကာမဂုဏ်၌ မက်မောကုန်သောသတ္တဝါတို့သည်။
ဇာတိယာစ၊ ပဋိသန္ဓေနေခြင်း၏လည်းကောင်း။
မရဏဿစ၊ အိုခြင်းသေခြင်း၏လည်းကောင်း။
ပရိယန္တံ၊ အဆုံးဖြစ်သောနိဗ္ဗာန်ကို။
နာဘိဇာနန္တိ၊ မသိကုန်။
မနုဿာ၊ လူတို့သည်။
အတ္တနော၊ မိမိ၏ ။
ရောဂမာဝဟံ၊ ကြင်နာတတ်သော သဘောဖြင့်စ္စုပ္ပန်အတ္တဘော၌ ဖြစ်ခြင်းစသောအပြားရှိသောဆင်းရဲကိုဆောင်တတ်သော။
ကာမဟေတုကံ၊ ကာမဂုဏ်ကိုခံစားခြင်းလျှင်အကြောင်းရှိသော။
ဗဟုံ၊ ပါဏာတိပါတစသော အားဖြင့်များသော အပြားရှိသော။
ဒုဂ္ဂတိဂမနံ၊ ငရဲစသော အပါယ်လေးဘုံသို့လားစေတတ်သော။
မဂ္ဂံ၊ အကြောင်းဖြစ်သော အကုသိုလ် ဒုစရိုက်ကို။
ဝေ၊ စင်စစ်သဖြင့်။
ပဋိပဇ္ဇန္တိ၊ ကျင့်ကုန်၏ ။
ဧဝံ၊ ဤသို့အမိတ္တာဝဓစသော ဆိုအပ်ခဲ့ပြီးသောအပြားဖြင့်။
ကာမာ၊ ကာမဂုဏ်တို့သည်။
အမိတ္တဇနနာ၊ အဆွေခင်ပွန်းမဟုတ်သောအပြစ်ကိုဖြစ်စေကုန်၏ ။
တာပနာ၊ ပူပန်စေတတ်သောသဘောရှိကုန်၏။
သံကိလေသိကာ၊ နှိပ်စက်ခြင်းပူပန်ခြင်းကို ဆောင်တတ်ကုန်၏ ။
လောကာမိသာ၊ လူ၌ဆွမ်းသင်္ကန်းစသော အာမိသသဖွယ်ဖြစ်၍ ဖြစ်ကုန်၏ ။
ဗန္ဓနိယာ၊ သံယောဇဉ်တို့သည်နှောင်ဖွဲ့အပ်ကုန်၏ ။
မရဏဗန္ဓနာ၊ ဘဝတို့၌ဖြစ်ခြင်းအကြောင်းဖြစ်၍သေခြင်းနှင့်စပ်ကုန်၏ ။
ဥမ္မာဒနာ၊ ဖောက်ပြန်ခြင်း ကွေကွင်းခြင်းဖြင့်စိုးရိမ်ခြင်းရူးခြင်းကို ပြုတတ်ကုန်၏ ။
ဥလ္လပနာ၊ ဩချမ်းသာစွာ ဩချမ်းသာစွဟုအထက်အထက်၌ပလွှား၍ဆိုတတ်ကုန်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။
စိတ္တပ္ပမဒ္ဒိနော၊ စိတ်ကိုနှိပ်စက်သောအလေ့ရှိကုန်၏ ။
သတ္တာနံ၊ သတ္တဝါတို့ကို။
သံကိလေသာယ၊ နှိပ်စက်ပူပန်စေခြင်းဖြင့်။
ခိပ္ပံ၊ လျှင်စွာ။
မာရေန၊ မာရ်နတ်သားသည်။
ဩဋ္ဋိတံ၊ ထောင်အပ်သောမြုံးသဖွယ်ဖြစ်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။
အနန္တာဒီနဝါ၊ တပ်မက်မောခြင်းစသော အဆုံးအဆမရှိသောများသောအပြစ်ရှိကုန်၏ ။
ဗဟုဒုက္ခာ၊ အပါယ်ဆင်းရဲစသောများသောအပြားရှိသောဆင်းရဲဖြင့် အဖန်တလဲလဲဖွဲ့တတ်ကုန်၏ ။
မဟာဝိသာ၊ လတ်တလောသေစေတတ်သောပြင်းသောအဆိပ်နှင့်တူကုန်၏ ။
အပ္ပဿာဒါ၊ ဓားသွားဖျား၌တည်သောပျားရည်ကဲ့သို့နည်းသောသာယာခြင်းရှိကုန်၏ ။
ရဏကရာ၊ ရာဂစသည်နှင့်စပ်သောငိုကြွေးကြောင်းစသောကိလေသာကို ပြုတတ်ကုန်၏။
ဒုက္ခပက္ခဝိသောသနာ၊ သတ္တဝါတို့၏အပြစ်မရှိဖြူစင်သောကုသိုလ်အဘို့ကို ခြောက်စေတတ်ကုန်၏ ။
သာအဟံ၊ ထိုကာမဂုဏ်တို့ကိုစွန့်၍ရဟန်းပြုပြီးသောငါသည်။
ကတွာဣတိ ကတွာဣမိနာ ကာရဏေန၊ ဤဆိုအပ်ခဲ့ပြီးသောအကြောင်းကြောင့်။
ဧတာဒိသံ၊ ထိုဆိုအပ်ခဲ့ပြီးသောသဘောရှိသော။
ကာမဟေတုကံ၊ ကာမဂုဏ်ချမ်းသာကို ခံစားခြင်းလျှင်အကြောင်းရှိသော။
ဗျသနံ၊ ပျက်စီးခြင်း၏အကြောင်းဖြစ်ထသော။
တံ၊ ထိုကာမဂုဏ်ကို။
သဒါ၊ အခါခပ်သိမ်း။
နိဗ္ဗာနာဘိရတာ၊ နိဗ္ဗာန်၌မွေ့လျော်သည်ဖြစ်၍။
နပစ္ဆာဂမိဿာမိ၊ နောင်တဖန်မခံစားအံ့။
အဟံ၊ ငါသည်။
ကာမာနံ၊ ကာမဂုဏ်တို့ကို။
ရဏံ၊ အရိယမဂ်တည်းဟူသောစစ်ထိုးခြင်းကို။
ကရိတွာ၊ ပြု၍။
သီတိဘာဝါဘိသင်္ကခိနီ၊ ကိလေသာတည်းဟူသောပူပန်ခြင်း၏ ငြိမ်းကြောင်းဖြစ်သောအရဟတ္တဖိုလ်ကိုအလိုရှိသည်ဖြစ်၍။
သံယောဇနက္ခယေ၊ သံယောဇဉ်တို့၏ကုန်ရာဖြစ်သောနိဗ္ဗာန်၌။
ရတာ၊ မွေ့လျော်သည်ဖြစ်၍။
အပ္ပမတ္တာ၊ မမေ့မလျော့။
ဝိဟရိဿာမိ၊ နေတော့အံ့။
မဟေသိနော၊ သီလစသောကျေးဇူးကိုရှားတတ်ကုန်သောဘုရားအစရှိသော သူတော်ကောင်းတို့သည်။
ယေနမဂ္ဂေန၊ အကြင်မဂ္ဂင်ရှစ်ပါးတည်းဟူသောခရီးဖြင့်။
တိဏ္ဏာ၊ သံသရာတည်းဟူသောကြီးစွာသောရေအယဉ်ကိုကူးကုန်၏ ။
အဟမ္ပိ၊ ငါသည်လည်း။
တေဟိ၊ ထိုဘုရားအစရှိသောသူတော်ကောင်းတို့သည်။
ဂတမဂ္ဂံ၊ သွားရာခရီးလည်းဖြစ်ထသော။
အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိထသော။
ဝိရဇံ၊ ကိလေသာတည်းဟူသောမြူလည်းမရှိထသော။
ခေမံ၊ ကြောင့်ကြခြင်းတည်းဟူသော ဘေးလည်းမရှိထသော။
အရိယံ၊ ဖြူစင်စွာထသော။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။
ဥဇုံ၊ ဖြောင့်မတ်စွာထသော။
တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါးတည်းဟူသောခရီးသို့။
အနုဂစ္ဆာမိ၊ လိုက်ပေအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။
တုမှေ၊ သင်တို့သည်။
ဓမ္မဋ္ဌံ၊ အရိယဖိုလ်တရား၌တည်ထသော။
ကမ္မာရဓီတရံ၊ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော။
သုဘံ၊ သုဘမည်သော။
ဣမံ၊ ဤရဟန်းမိန်းမကို။
ပဿထ၊ ရှုကုန်လော။
အယံ၊ ဤသုဘမည်သောရဟန်းမိန်းမသည်။
အနေဇံ၊ တဏှာကင်းပြီးသောအရဟတ္တဖိုလ်ကို။
ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။
ရုက္ခမူလမှိ၊ သစ်ပင်ရင်း၌။
ဈာယတိ၊ အရဟတ္တဖိုလ်ဈာန်ကိုဝင်စား၏ ။
သုဘာ၊ သုဘာမည်သောရဟန်းမိန်းမသည်။
ပဗ္ဗဇိတာ၊ ရဟန်းပြုသည်ဖြစ်၍။
အဇ္ဇ၊ ယနေ့။
အဋ္ဌမီ၊ ရဟန်းပြုသည်မှရှစ်ရက်မြောက်သောနေ့တည်း။
သဒ္ဓါ၊ သဒ္ဓါတရားနှင့်ပြည့်စုံစေ၏။
သဒ္ဓမ္မသောဘနာ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုရသဖြင့်သူတော်ကောင်းတို့၏တရားကို တင့်တယ်စေတတ်၏။
ဥပ္ပလဝဏ္ဏာယ၊ ဥပ္ပသဝဏ်ထေရီမသည်။
ဝိနီတာ၊ ဆုံးမအပ်၏ ။
တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံ၏ ။
မစ္စုဟာယိနီ၊ သေးခြင်းတရားမှယုတ်၏ ။
သာအယံဘိက္ခုနီ၊ ထိုသုဘာရဟန်းမိန်းမသည်။
ဘုဇိဿာ၊ တော်လှန်ပြီးဖြစ်၍ ကိလေသာတည်းဟူသောအရှင်၏လက်မှလွတ်၏ ။
အနဏာ၊ ကိလေသာတည်းဟူသောကြွေမြီလည်းမရှိပြီ။
ဘာဝိတိန္ဒြိယာ၊ သဒ္ဓါစသောဣန္ဒြေငါးပါးကိုလည်းပွါးစေအပ်ပြီ။
သဗ္ဗယောဂဝိသံယုတ္တာ၊ အလုံးစုံသောယောဂလေးပါးတို့မှလည်းကင်းပြီ။
ကတကိစ္စာ၊ တစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကိုလည်းပြုအပ်ပြီ။
အနာသဝါ၊ အာသဝေါကင်းသောရဟန္တာမိန်းမတည်း။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါစ၊ မိန့်တော်မူ၏ ။
ဘူတပတိ၊ လူ့ဘုံစာတုမဟာရာဇ်ဘုံ တာဝတိံသာဘုံတည်းဟူသောကာမသုဂတိဘုံ၌ ဖြစ်သောသတ္တဝါတို့၏အရှင်ဖြစ်သော။
သက္ကော၊ သိကြားနတ်မင်းသည်။
ဒေဝသံဃေန၊ တာဝတိံသာနတ်သားအပေါင်းနှင့်တကွ။
ကမ္မာရဓီတရံ၊ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော။
သုဘံ၊ သုဘာမည်သော။
တံ၊ ထိုရဟန္တာမသို့။
ဣဒ္ဓိယာ၊ မိမိနတ်တန်ခိုးဖြင့်။
ဥပသင်္ကမ္မ၊ ကပ်လေ၍။
နမဿတိ၊ ငါးပါးသောရှိခိုးခြင်းဖြင့်ရိုသေစွာရှိခိုး၏ ။
ကမ္မာရဓီတာ၊ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော။
သုဘာ၊ သုဘာမည်သောထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဝီသတိနိပါတော၊ ဝီသတိနိပါတ်သည်။
သမတ္တော၊ ပြီးပြီ။