Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

၁. ကိသာဂေါတမီထေရီဂါထာ

Author: နိဿယ @ IAPT

၁. ကိသာဂေါတမီထေရီဂါထာ

(၆၃) မုနိနာ၊ မြတ်စွာဘုရားသည်။ ကလျာဏမိတ္တတာ၊ ကောင်းသောအဆွေခင်ပွန်းရှိသောသူ၏အဖြစ်ကို။ လောကံ၊ သတ္တလောကကို။ အာဒိဿ၊ ရည်၍။ ဝဏ္ဏိတာ၊ ခြီးမွမ်းအပ်၏ ။ ကလျာဏမိတ္တေ၊ အဆွေခင်ပွန်းကောင်းတို့ကို။ ဘဇမာနော၊ မှီဝဲဆီးကပ်ရသောပုဂ္ဂိုလ်သည်။ ဗာလောအပိ၊ ရှေးကပင်မိုက်သော်လည်း။ ပဏ္ဍိတော၊ ပညာရှိပြန်သည်။ အဿ၊ ဖြစ်ရာ၏ ။
တသ္မာ၊ ထိုကြောင့်။ သပ္ပုရိသာ၊ ဘုရားအစရှိသောသူတော်ကောင်းတို့ကို။ ဘဇိတဗ္ဗာ၊ အခါခပ်သိမ်းမှီဝဲဆည်းကပ်အပ်ကုန်၏ ။ တထာ၊ ထိုငါဆိုတိုင်းမှန်၏ ။ ဘဇန္တာနံ၊ သူတော်ကောင်းတို့ကို။ ဘဇိတဗ္ဗာ၊ အခါခပ်သိမ်းမှီဝဲဆည်းကပ်အပ်ကုန်၏ ။ တထာ၊ ထိုငါဆိုတိုင်းမှန်၏ ။ ဘဇန္တာနံ၊ သူတော်ကောင်းတို့သို့ ဆည်းကပ်ကုန်သောသူတို့အား။ ပညာ၊ ပညာသည်။ ပဝဍ္ဎတိ၊ ပွားများ၏ ။ သပ္ပုရိသေ၊ ဘုရားအစရှိသောသူတော််ကောင်းတို့ကို။ ဘဇမာနော၊ မှီဝဲဆည်းကပ်ရသော ပုဂ္ဂိုလ်သည်။ သဗ္ဗေဟိပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ဒုက္ခေဟိ၊ ပဋိသန္ဓေနေခြင်း စသောဝဋ်ဆင်းရဲတို့မှ။ မုစ္စေယျ၊ လွတ်လေရာ၏ ။
ဒုက္ခဉ္စ၊ ဝဋ်ဆင်းရဲဟုဆိုအပ်သော ဒုက္ခသစ္စာကိုလည်းကောင်း။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏ ။ သမုဒယဉ္စ၊ ဖြစ်ခြင်း၏အကြောင်းဖြစ်သော တဏှာဟုဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း။ နိရောဓဉ္စ၊ ဝဋ်ဆင်းရဲ၏ချုပ်ရာနိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။ မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကိုလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ ဝိဇာနေယျ၊ သိရာ၏ ။
ဣတ္ထိဘာဝေါ၊ မိန်းမဖြစ်ရခြင်းကိုလည်း။ ဒုက္ခော၊ လျှပ်ပေါ်ခြင်းကိုယ်ဝန်ဆောင်ခြင်းသူတစ်ပါးတို့နှင့်စပ်၍ ဖြစ်ခြင်းစသောအပြစ်တို့ဖြင့်ဆင်းရဲ၏ဟူ၍။ ပုရိသဒမ္မသာရထိနာ၊ ယောက်ျားတကာတို့ကိုဆုံးမတတ်သည်ဖြစ်၍ ရထားမှူးနှင့်တူသောမြတ်စွာဘုရားသည်။ အက္ခာတော၊ ဟောတော်မူအပ်၏။ သပတ္တိကမ္ပိ၊ ရန်သူနှင့်ပေါင်းဖော်၍နေရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏ ။ အပ္ပေကစ္စာ၊ အချို့မိန်းမတို့သည်။ သကိံ ဝိဇာတာယော၊ တစ်ကြိမ်သားဖွားရကုန်သည်ရှိသော်။ ဒုက္ခံ၊ ‌ရှေးဦးစွာသားဖွားခြင်းကြောင့်ဖြစ်သောဆင်းရဲကို။ အသဟန္တိယော၊ သည်းမခံနိုင်ကုန်သည်ဖြစ်၍။
ဂလေ၊ မိမိလည်တို့ကို။ အပကန္တန္တိ၊ ဖြတ်ကုန်၏ ။ သုခုမာလိနိယော၊ သိမ်မွေ့သောကိုယ်ရှိသောမိန်းမမျိုးတို့သည်။ ဝိသာနိ၊ အဆိပ်တို့ကို။ ခါဒန္တိ၊ ပင်ပန်းခြင်းကိုသည်းမခံနိုင်သည်ဖြစ်၍စားကုန်၏ ။ ဇနမာရကမဇ္ဈဂတာ၊ တွေဝေသဖြင့် ပဋိသန္ဓေနေသောသူငယ်တို့ကို ကိုယ်ဝန်ဆောင်ရသည်ဖြစ်၍။ ဥဘောပိ၊ သားအမိနှစ်ယောက်တို့သည်။ ဗျာသနာနိ၊ သေခြင်းလျှင်အဆုံးရှိသောပျက်စီးခြင်းတို့သို့။ အနုဘောန္တိ ပါပဏန္တိ၊ ရောက်ကုန်၏ ။
ဥပဝိဇညာ၊ သားဖွားကာနီးသောကာလ၌။ ဂစ္ဆန္တီ၊ ခရီးသွားသော။ အဟံ၊ ငါပဋစာရာသည်။ သကံဂေဟံ၊ မိမိအိမ်သို့။ အပတ္တာ၊ မ‌ရောက်မှီ။ ပန္ထေ၊ ခရီး၌။ ဝိဇာယိတွာန၊ သားဖွား၍။ ပတိမတံ၊ မြွေကိုက်၍သေသောလင်ကို။ အဒ္ဒသံ၊ မြင်ရပြီ။
မေ၊ ငါ၏ ။ ဒွေစပုတ္တာ၊ သားငယ်နှစ်ယောက်တို့သည်လည်း။ ကာလကတာ၊ သေခဲ့ကုန်၏ ။ ပတိစ၊ လင်သည်လည်း။ ပန္ထေ၊ ခရီး၌။ မထော၊ သေခဲ့၏ ။ ပကဏိကာယ၊ လင်သားသေသည်ဖြစ်၍ အထီးကျန်သော။ မေ၊ ငါ၏ ။ မာတာပိတာစ၊ အမိအဘတို့သည်လည်းကောင်း။ ဘာတာစ၊ မောင်တို့သည်လည်းကောင်း။ ဧကစိတကာယံ၊ တစ်ခုတည်းသောထင်းပုံ၌။ ဍယှန္တိ၊ မီးလောင်ခဲ့ကုန်၏ ။
ခီဏကုလိနေ၊ စည်းစိမ်ဥစ္စာစသည်တို့ဖြင့် ပျက်စီးခြင်းကုန်ခမ်းခြင်းသို့ရောက်သောအမျိုးရှိသော။ ကပဏေ၊ သူတစ်ပါးတို့သည် မထီမဲ့မြင်ပြုအပ်သောအဖြစ်သို့ရောက်သောကိလေသာဂေါတမီ။ တေတယာ၊ သင်သည်။ အပရိမာဏံ၊ အတိုင်းမသိသော။ ဒုက္ခံ၊ ဆင်းရဲခြင်းကို။ အနုဘူတံ၊ ခံစားရဖူးလေပြီ။ ဗဟူနိဇာတိသဟဿာနိ၊ များစွာသောဘဝအထောင်တို့ပတ်လုံး။ တေ၊ သင်၏ ။ အဿုစ၊ မျက်ရည်သည်လည်း။ ပဝတ္တံ၊ ယိုစီးလှဘူးလေပြီ။
အထောပိ၊ ထိုမှတစ်ပါးလည်း။ သုသာနမဇ္ဈေ၊ သာသာန်အလယ်၌။ ပုတ္တမံသာနိ၊ သား၏အသားတို့ကို။ ခါဒိတာနိ၊ စားဘူးသည်တို့ကို။ ပဿိတံ၊ မြင်ရလေပြီ။ ဟတကုလိကာ၊ ပျက်စီးသောအမျိုးအနွယ်ရှိသည်။ သဗ္ဗဂရဟိတာ၊ သူခပ်သိမ်းတို့ကဲ့ရဲ့အပ်သောအဖြစ်သို့ရောက်သည်။ မတပတိကာ၊ လင်သေမုဆိုးမသည်။ ဟုတွာ၊ ဖြစ်လျက်။ ကလျာဏမိတ္တသေဝါယ၊ အဆွေခင်ပွန်းကောင်းကိုမှီဝဲသဖြင့်။ အမတံ၊ သေခြင်းကင်းသောနိဗ္ဗာန်ကို။ အဓိဂစ္ဆိံ၊ ရပြီ။
မေမယာ၊ ငါသည်။ အရိယော၊ ကိလေသာတည်းဟူသောအပြစ်မရှိထသော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံထသော။ အမထဂါမီ၊ သေခြင်းကင်းသောနိဗ္ဗာန်သို့ရောက်စေတတ်ထသော။ မဂ္ဂေါ၊ မဂ်ကို။ ဘာဝိတော‌၊ ပွါးစေအပ်ပြီ။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ပြီ။ ဓမ္မာဒါသံ၊ တရားဖြင့်ပြီးသောကြေးမုံကို။
အဟံ၊ ငါသည်။ ကန္တသလ္လာ၊ အရိယာမဂ်ဖြင့်ဖြတ်အပ်သောရာဂစသောငြောင့်ရှိသည်။ ဩဟိတဘာရာ၊ ချအပ်ပြီးသောကိလေသာအဘိသင်္ခါရတည်းဟူသောဝန်ရှိသည်။ အမှိ၊ ဖြစ်၏ ။ မေ၊ ငါသည်။ ကရဏီယံ၊ ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်းအစရှိသောတစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကို။ ကတံ၊ ပြုအပ်ပြီ။ ကိသဂေါတမီ၊ ကိသဂေါတမီမည်သောထေရီမသည်။ သုဝိမုတ္တစိတ္တာ၊ အချင်းခပ်သိမ်းကိလေသာတို့မှ လွတ်သောစိတ်ရှိသည်ဖြစ်၍။ ဣမံအတ္ထံ၊ ဤသို့အနက်ကို။ ဘဏိ၊ ဆိုပြီ။
ကိသဂေါတမီ၊ ကိသဂေါထမီထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဧကဒသကနိပါတော၊ ဧကာဒသကနိပါတ်သည်။ သမတ္တော၊ ပြီးပြီ။