၃. ခေမာထေရီဂါထာ
(၅၂)
ခေမေ၊ အိုခေမာ။
တုဝံ၊ သင်သည်။
ဒဟရာ၊ ငယ်လျနုနယ်၏ ။
ရူပဝတီ၊ အဆင်းလည်းလှ၏ ။
မဟမ္ပိ၊ ငါမာရ်နတ်သည်လည်း။
ဒဟရော၊ ငယ်လျနုနယ်၏ ။
ယုဝါ၊ လုလင်ပျိုသာတည်း။
ဧဟိ၊ လာလှည့်။
မယံ၊ ငါတို့သည်။
ပဉ္စင်္ဂိကေန၊ အင်္ဂါငါးပါးရှိသော။
တူရိယေန၊ တူရိယာမျိုးကိုတီးမှုတ်ခြင်းဖြင့်။
ရမာမသေ၊ မွေ့လျော်မြူးတူးကစားကြကုန်အံ့။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ မာရ်နတ်ကဆိုအပ်သည်ရှိသော်။
ပါပိမ၊ မာရ်နတ်ယုတ်။
အဟံ၊ ငါသည်။
အာတုရေန၊ ကြင်နာစွာထသော။
ပဘင်္ဂုနာ၊ ဖျက်ဆီးတတ်သော သဘောရှိသော။
ဣမိနာပူတိကာယေန၊ ဤအကောင်ပုပ်ဖြင့်။
အဋ္ဋိယာမိ၊ ငြီးငွေ့၏ ။
ဟရာယာမိ၊ စက်ဆုပ်၏ ။
ကာမတဏှာ၊ ကာမတဏှာကို။
သမူဟတာ၊ မဂ်ဖြင့်ဖျက်ဆီးအပ်ပြီ။
ကာမာ၊ ကာမဂုဏ်တို့သည်။
သတ္တိသူလူပမာ၊ လှံသွားနှင့်တူကုန်၏ ။
အထ၊ ထိုမှတစ်ပါး။
ခန္ဓာနံ၊ ဥပါဒါနက္ခန္ဓာတို့၏ ။
အဓိကုဋ္ဋနာ၊ တည်ရာဖြစ်ကုန်၏ ။
တွံ၊ သင်မာရ်နတ်သည်။
ယံကာမရတိံ၊ အကြင်ကာမဂုဏ်ဖြင့်မွေ့လျော်ခြင်းကို။
ဗြူသိ၊ ငါ့အားဆို၏ ။
သာ၊ ထိုကာမဂုဏ်ဖြင့်မွေ့လျော်ခြင်းသည်။
ဣဒါနိ၊ ယခုအခါ၌။
မမ၊ ငါ့အား။
အရတိ၊ ထိုကာမဂုဏ်၌တပ်ခြင်းကိုပယ်သောအားဖြင့် မမွေ့လျော်သောစိတ်ရှိ၏ ။
မယာ၊ ငါသည်။
သဗ္ဗတ္ထ၊ ခပ်သိမ်းသောအာရုံတို့၌။
နန္ဒီ၊ နှစ်သက်ခြင်းတဏှာကို။
ဝိဟတာ၊ ဖျောက်အပ်ပြီ။
ထမောခန္ဓော၊ မောဟအစုကို။
ပဒါလိတော၊ ဖောက်ခွဲအပ်ပြီ။
ပါပိမ၊ မာရ်နတ်ယုတ်။
ဧဝံ၊ ဤသို့ဖြစ်သည်ကို။
ဇာနာဟိ၊ သင်သိလော။
အန္တက၊ ဟယ်မာရ်ယုတ်။
တွံ၊ သင်သည်။
နိဟတော၊ ငါမှရှုံးလေသည်။
အသိ၊ ဖြစ်၏ ။
ဗာလာ၊ သူမိုက်တို့သည်။
နက္ခတ္တာနိ၊ ကြယ်တို့ကို။
နမဿန္တာ၊ ရှိခိုးကုန်လျက်။
ဝနေ၊ တော၌။
အဂ္ဂိံ၊ မီးကို။
ပရိစရံပရိစရန္တာ၊ လုပ်ကျွေးကုန်သည်ဖြစ်၍။
ယထာဘုစ္စံ၊ ဟုတ်မှန်သောအတိုင်း။
အဇာနန္တာ၊ မသိကုန်သည်ဖြစ်၍။
သုဒ္ဓိံ၊ ကိလေသာ၏ စင်ကြယ်ခြင်းကို။
အမညိတ္ထ၊ အောက်မေ့ကုန်၏ ။
အဟဉ္စခေါ၊ ငါသည်ကား။
ပုရိသုတ္တမံ၊ ယောက်ျားမြတ်ဖြစ်တော်မူသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
နမဿန္တီ၊ ရှိခိုးလျက်။
သတ္ထုသာသနကာရိကာ၊ မြတ်စွာဘုရားအဆုံးအမတော်ကိုလိုက်နာသည်ဖြစ်၍။
သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသောဆင်းရဲတို့မှ။
ပမုတ္တာ၊ လွတ်ပြီ။
ခေမာ၊ ခေမာမည်သောထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးသောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။