(၃၆) သောမေ၊ သောမာမည်သောထေရီမ။
ယန္တံဋ္ဌာနံ၊ အကြင်အရဟတ္တဖိုလ်တည်းဟူသောနှစ်သိမ့်ရာကို။
ဣသီဟိ၊ ဘုရားအစရှိသောပညာရှိတို့သည်။
ပတ္တဗ္ဗံ၊ ရောက်အပ်၏။
ဒုရဘိၐသမ္ဘဝံ၊ သူတပါးတို့သည်ဖြစ်စေနိုင်ခဲ၏။
တံ၊ ထိုအရဟတ္တဖိုလ်တည်းဟူသောနှစ်သိမ့်ရာကို။
ဒွင်္ဂုလိပညာယ၊ လက်နှစ်ချောင်းတို့ဖြင့်ထမင်းအိုး၌ထမင်းကိုစမ်းမှသာနပ်မှန်းမနပ်မှန်းကိုသိနိုင်သောလက်သစ်မျှသောပညာရှိသော။
ဣတ္ထိယာဝါ၊ သင်ကဲ့သို့သောမိန်းမသည်။
ပပ္ပေါတုံ၊ ရောက်ခြင်းငှါ။
နသက္ကာ၊ မတတ်ကောင်း။
ပါပိမ၊ မာရ်ယုတ်။
ဣတ္ထိဘာဝေါ၊ မိန်းမ၏အဖြစ်သည်။
နော၊ ငါတို့အား။
ကိံ၊ အဘယ်ကဲ့သို့သောတားမြစ်ခြင်းကို။
ကယိရာ၊ ပြုတတ်သနည်း။
ဓမ္မံ၊ သစ္စာလေးပါးတရားကို။
သမ္မာ၊ ကောင်းစွာ။
ဝိပဿတော၊ မြင်သော။
မေ၊ ငါ့အား။
စိတ္တမှိ၊ စိတ်သည်။
သုသမာဟိတေ၊ ကောင်းစွာတည်ကြည်သည်ရှိသော်။
ဉာဏမှိ၊ အရဟတ္တမဂ်ဉာဏ်သည်။
ဝတ္တမာနမှိ၊ ဖြစ်သည်ရှိသော်။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ဂတံ၊ ရောက်သည်။
ဟောတိ၊ ဖြစ်၏။ ။
မယာ၊ ငါသည်။
သဗ္ဗတ္တ၊ အလုံးစုံသောအာရုံတို့၌။
နန္ဒီ၊ နှစ်သက်ခြင်းတဏှာကို။
ဝိဟတာ၊ ဖျောက်အပ်ပြီ။
တမောခန္ဓော၊ မောဟအစုကို။
ပဒါလိတော၊ ဖေါက်ခွဲအပ်ပြီ။
ပါပိမ၊ ဟဲ့မာရ်ယုတ်။
ဧဝံ၊ ဤသို့တဏှာအဝိဇ္ဇာကိုပယ်သောသူဟူ၍။
မံ၊ ငါ့ကို။
ဇာနာဟိ၊ သင်သိလော။
အန္တက၊ ဟဲ့မာရ်ယုတ်။
တွံ၊ သင်မာရ်ယုတ်သည်။
နိဟတော၊ ငါမှရှုံးလေသည်။
အသိ၊ ဖြစ်၏။
သောမာ၊ သောမာသည်သောထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြိီ။ ။
တိကနိပါတော၊ တိကနိပါတ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။