၁. ပုဏ္ဏာထေရီဂါထာ
(၆၅)
အဟံ၊ ငါပုဏ္ဏားသည်။
ဥဒဟာရီ၊ ရေခပ်ရသည်ဖြစ်၍။
အယျာနံ၊ အရှင်မတို့၏ ။
ဒဏ္ဍဘယဘီတာ၊ လှံတန်တပျာဘေးမှကြောက်သည်ဖြစ်၍။
ဝါစာဒေါသဘယဋ္ဋိတာ၊ ဆိုမြည်ဆဲရေးခြင်း အမျက်ထွက်ခြင်းတည်းဟူသောဘေးဖြင့်နှိပ်စက်သည်ဖြစ်၍။
သီတေ၊ ချမ်းသောအခါ၌သော်လည်းကောင်း။
သဒါ၊ အခါခပ်သိမ်း။
ဥဒကံ၊ ရေထဲသို့။
ဩတရိံ၊ ဆင်းရပြီ။
အထ၊ ထိုအခါ၌။
ဥဒကတိတ္ထံ၊ ရေဆိပ်သို့။
ဂတာ၊ သွားသည်ရှိသော်။
ဗြာဟ္မဏံ၊ ပုဏ္ဏားတစ်ယောက်ကို။
ဒိတွာ၊ မြင်၍။
ဧဝံ၊ ဤသို့။
အဝစ၊ ဆို၏ ။
ဗြာဟ္မဏ၊ အိုပုဏ္ဏား။
တွံ၊ သင်သည်။
ကဿ၊ အဘယ်မည်သောဘေးမှ။
ဘီတော၊ ကြောက်သည်ဖြစ်၍။
သဒါ၊ အခါခပ်သိမ်း။
ဥဒကံ၊ ရေထဲသို့။
ဩတရိ၊ ဆင်းရသနည်း။
ဩတရိတွာ၊ ဆင်းပြီး၍။
ဝေဓမာနေဟိ၊ ချမ်းသည်ဖြစ်၍တုန်လှုပ်ကုန်သော။
ဂတ္တေဟိ၊ ကိုယ်အင်္ဂါကြီးငယ်တို့ဖြင့်။
ဘုသံ၊ ပြင်းလှစွာသော။
သီတံ၊ ချမ်းခြင်းတည်းဩူသောဆင်းရဲကို။
ဝေဒယသေ၊ ခံစားရလေသနည်း။
ပုဏ္ဏိကေ၊ ပုဏ္ဏမည်သော။
ဘောတိ၊ အိုရှင်မ။
တုဝံ၊ ရှင်မသည်။
ပါပကံ၊ ယုတ်မာစွာသော။
ကမ္မံ၊ မကောင်းမှုကို။
ရုဓန္တံ၊ တားမြစ်နိုင်ထသော။
ကုသလံ၊ ကုသိုလ်ဖြစ်သော။
ကမ္မံ၊ ကောင်းမှုကံကို။
ကရောန္တံ၊ ရေသို့ဆင်းသောအားဖြင့်ပြုသောငါ့ကို။
ဇာနန္တီစ၊ သိလျက်လည်း။
ပရိပုစ္ဆသိ၊ မေး၏ ။
ဝုဍ္ဎောဝါ၊ အသက်ကြီးသည်လည်းဖြစ်သော။
ဒဟရောဝါ၊ ငယ်သည်မူလည်းဖြစ်ထသော။
ယော၊ အကြင်သူသည်။
ပါပကမ္မံ၊ မကောင်းမှုကို။
ပကုဗ္ဗတိ၊ အလွန်ပြုမိ၏ ။
သောဝိ၊ ထိုသူသည်လည်း။
ဥဒကာဘိသေစနာ၊ ရေသွန်းသဖြင့်။
ပါပကမ္မာ၊ မကောင်းမှုမှ။
ပမုစ္စတိ၊ စင်စစ်လျှင်လွတ်၏ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
အဇာနန္တဿ၊ ကံ၏အကျိုးကိုမသိသော။
တေ၊ သင်အား။
အဇာနန္တော၊ ကံ၏အကျိုးကိုအလျှင်မသိသော။
ကော၊ အဘယ်သူမိုက်သည်။
ဥဒကာဘိသေစနေန၊ ရေကိုချိုးခြင်းတည်းဟူသောအကြောင်းကြောင့်။
ပါပကမ္မာ၊ မကောင်းမှုကို။
ပမုစ္စတိ၊ လွတ်၏ ။
ဣတိ၊ ဤသို့။
ဣဒံအတ္ထံ၊ ဤသို့သောအနက်ကို။
အက္ခာသိနု၊ ပြောလေဘူးသနည်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
မဏ္ဍူကကစ္ဆပါ၊ ဖား လိပ်တို့သည်လည်းကောင်း။
နာဂါစ၊ နဂါးတို့သည်လည်းကောင်း။
သုသုမာရာစ၊ မိကျောင်း လင်းပိုင်တို့သည်လည်းကောင်း။
အညေ၊ တစ်ပါးကုန်သော။
ယေ၊ အကြင်ငါးမကာရ်း စသောသတ္တဝါတို့သည်။
ဥဒကေစရာ၊ ရေ၌ကျက်စားကုန်၏ ။
တေစ၊ ထိုငါးမကာရ်းစသော ရေနေသတ္တဝါတို့သည်လည်းကောင်း။
သဂ္ဂံ၊ နတ်ပြည်သို့။
ဂမိဿန္တိနုန၊ သွားရလေကုန်ယောင်တကား။
ဩရမ္ဘိကာ၊ ဆိတ်သတ်မုဆိုးတို့သည်လည်းကောင်း။
သုကရိတာ၊ ဝက်သတ်မုဆိုးတို့သည်လည်းကောင်း။
မစ္ဆိကာ၊ ငါးကိုသတ်သော တံငါတို့သည်လည်းကောင်း။
မိကဗန္ဓကာ၊ သမင်သတ်မုဆိုးတို့သည်လည်းကောင်း။
စောရာစ၊ ခိုးသူတို့သည်လည်းကောင်း။
ဝဇ္ဈဃာတာစ၊ သူတစ်ပါးကိုသတ်ခြင်း ဖြတ်ခြင်းအမှု၌ယှဉ်ကုန်သောသူတို့သည်လည်းကောင်း။
အညေ၊ တစ်ပါးကုန်သော။
ယေ၊ အကြင်သူတို့သည်။
ပါပကမ္မိနော၊ မကောင်းမှုကို ပြုလေ့ရှိကုန်၏ ။
တေပိ၊ ထိုသူတို့သည်လည်း။
ဥဒကာဘိသေစနာ၊ ရေသွန်းခြင်းကြောင့်။
ပါပကမ္မာ၊ မကောင်းမှုမှ။
ပမုစ္စရေ၊ လွတ်ကုန်ယောင်တကား။
ဣမာနဒိယော၊ ဤအစီရဝတီစသောမြစ်တို့သည်။
တေ၊ သင်၏ ။
ပုဗ္ဗေ၊ ရှေး၌။
ကထံ၊ ပြုအပ်ပြီးသော။
ပါပံ၊ မကောင်းမှုကို။
သစေဝါဟေယျုံ၊ အကယ်၍မျှောနိုင်ကုန်သည်ဖြစ်အံ့။
တထာ၊ ထိုသို့မျှောနိုင်သည်ရှိသော်။
ဣမာ၊ ဤအစီရဝတီစသောမြစ်တို့သည်။
တေ၊ သင်၏ ။
ပုညမ္ပိ၊ ကောင်းမှုကိုလည်း။
ဝဟေယျုံ၊ မျှောလေကုန်ရာ၏ ။
တွံ၊ သင်သည်။
တေန၊ ထိုကောင်းမှုကံမှ။
ပရိဗာဟိရော၊ အပဖြစ်သည်။
အဿ၊ ဖြစ်၏ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
တွံ၊ သည်။
ယဿ၊ အကြင်မကောင်းမှုမှ။
ဘီတော၊ ကြောက်သည်ဖြစ်၍။
သဒါ၊ အခါခပ်သိမ်း။
ဥဒကံ၊ ရေသို့။
ဩတရိ၊ ဆင်း၏ ။
ဗြဟ္မေ၊ အိုပုဏ္ဏား။
တမေဝ၊ ထိုကြောက်သောမကောင်းမှုကိုသာလျှင်။
အကာသိ၊ သင်မပြုလင့်။
သီတံ၊ ဤသို့သဘောရှိသောချမ်းသောကာလ၌ရေသွန်းခြင်းကြောင့်ဖြစ်သောအချမ်းသည်။
တေ၊ သင်၏ ။
ဆဝိံ၊ ကိုယ်အရေကို။
မာဟနေ၊ မညှဉ်းဆဲမနှိပ်စက်စေလင့်။
ဘောတိ၊ အိုရှင်မပုဏ္ဏ။
တွံ၊ သင်သည်။
ဥဒကာဘိသေစနံ၊ မကောင်းမှုကိုပျောက်စေခြင်းငှါရေကိုသွန်းခြင်းတည်းဟူသော။
ကုမ္မဂ္ဂံ၊ မှားသောခရီးသို့။
ပဋိပန္နံ၊ သွားသော။
ဓံ၊ ငါ့ကို။
အရိယမဂ္ဂံ၊ ဘုရားအစရှိသောအရိယာပုဂ္ဂိုလ်တို့သည် သွားမြဲဖြစ်သောခမ်းခရီးသို့။
သမာနယိ၊ ကောင်းစွာဆောင်ပေ၏ ။
တသ္မာ၊ ထိုကြောင့်။
ဣမံသာဋကံ၊ ဤနှစ်သက်အစွန်းရှိသော ဆရာစားဖြစ်သောပုဆိုးကို။
တေ၊ သင်အား။
ဒဒါမိ၊ ငါပေး၏ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
သာဋကော၊ ပုဆိုးသည်။
တုယှေဝ၊ သင်အားသာလျှင်။
ဟောတု၊ ဖြစ်စေလော။
အဟံ၊ ငါသည်။
သာဋကံ၊ ပုဆိုးကို။
နဣစ္ဆာမိ၊ အလိုမရှိ။
တွံ၊ သင်သည်။
ဒုက္ခဿ၊ ဆင်းရဲခြင်းမှ။
သစေဘာယသိ၊ အကယ်၍ကြောက်သည်ဖြစ်အံ့။
တေ၊ သင်သည်။
ဒုက္ခံ၊ ဆင်းရဲခြင်းကို။
သစေအပ္ပိယံ၊ အကယ်၍မချစ်မြတ်နိုးသည်မှန်အံ့။
ဧဝံ၊ ဤသို့မချစ်မြတ်နိုးသည်ရှိသော်။
အာဝ်ိဝါ၊ မျက်မှောက်၌လည်းကောင်း။
ယဒိ၊ ထိုမြို့။
ရဟောဝါ၊ မျက်ကွယ််၌လည်းကောင်း။
ပါပကံ၊ ယုတ်မာစွာသော။
ကမ္မံ၊ အကုသိုလ်ကံကို။
မာအကာသိ၊ သင်မပြုလေလင့်။
တွံ၊ သင်သည်။
ပါပကံ၊ ယုတ်မာစွာသော။
ကမ္မံ၊ အကုသိုလ်ကံကို။
သစေဝါကရိဿတိ၊ အကယ်၍နောင်အခါမူလည်းပြုအံ့။
သစေကရောသိဝါ၊ အကယ်၍ယခုမူလည်းပြုအံ့။
ဧဝံ၊ ဤသို့ပြုသည်ရှိသော်။
ဥပစ္စသဉ္စိစ္စ၊ မကောင်းမှု၏အကျိုးငါသို့မလိုက်လတ္တံ့ဟုစေတနာရှိ၍။
ပလာယတောပိ၊ ပြေးသော်လည်း။
တေ၊ သင်အား။
ဒုက္ခာ၊ အကုသိုလ်ကံ၏အကျိုးဖြစ်သောဆင်းရဲမှ။
ပမုတ္တိ၊ လွတ်ခြင်းသည်။
နအတ္ထိ၊ မရှိသည်သာလျှင်လည်း။
ဒုက္ခဿ၊ ဆင်းရဲမှ။
တွံ၊ သင်သည်။
သစေဘာယသိ၊ အကယ်၍ကြောက်သည်ဖြစ်အံ့။
တေ၊ သင်သည်။
ဒုက္ခံ၊ ဆင်းရဲခြင်းကို။
သစေအပ္ပိယံ၊ အကယ်၍မချစ်မြတ်နိုးသည်ဖြစ်အံ့။
တာဒိနံ၊ ဣဋ္ဌာရုံအနိဋ္ဌာရုံစသည်တို့၌မတုန်လှုပ်သောကျေးဇူးနှင့်ပြည့်စုံတော်မူသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။
တာဒိနံ၊ ဣဋ္ဌာနံအနိဋ္ဌာရုံစသည်တို့၌မတုန်လှုပ်သောကျေးဇူးနှင့်ပြည့်စုံတော်မူသော။
ဓမ္မံ၊ ကိုးပါးသောလောကုတ္တရာတရားကိုလည်းကောင်း။
သံဃဉ္စ၊ ရှစ်ယောက်သောအရိယာပုဂ္ဂိုလ်တို့၏အပေါင်းကိုလည်းကောင်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဥပေဟိ၊ ဆည်းကပ်လေလော။
သီလာနိ၊ သီလတို့ကို။
သမာဒိယာဟိ၊ ဆောက်တည်လေလော။
တံ၊ ထိုရတနာသုံးပါးကိုကိုးကွယ်ရာဟူ၍ဆည်းကပ်ခြင်းသီလတို့ကိုဆောက်သည်ခြင်းသည်။
တေ၊ သင်အား။
အတ္ထာယ၊ အကျိုးငှါ။
ဟေဟိတိ၊ ဖြစ်လတ္တံ့။
ဘောတိ၊ အိုရှင်မပုဏ္ဏ။
တာဒိနံ၊ လောကဓံတရားရှစ်ပါးတို့၌မတုန်လှုပ်သောဂုဏ်နှင့်ပြည့်စုံတော်မူသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။
တာဒိနံ၊ လောကဓံတရားရှစ်ပါးတို့မှမတုန်လှုပ်သောဂုဏ်နှင့်ပြည့်စုံတော်မူသော။
ဓမ္မဉ္စ၊ ဆယ်ပါးသောတရားတော်ကိုလည်းကောင်း။
သံဃဉ္စ၊ အရိယာပုဂ္ဂိုလ်ရှစ်ယောက်အပေါင်းကိုလည်းကောင်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
အဟံ၊ ငါ့သည်။
ဥပေမိ၊ ဆည်းကပ်ပါအံ့။
သီလာနိ၊ သီလတို့ကိုလည်း။
သမာဒိယာမိ၊ ဆောက်တည်ပါအံ့။
တံ၊ ထိုရတနာသုံးပါးကိုကိုးကွယ်ရာဟူ၍ဆည်းကပ်ခြင်းသိလကိုဆောက်တည်ခြင်းသည်။
မေ၊ ငါ့အား။
အတ္ထာယ၊ အကျိုးငှါ။
ဟေဟိတိ၊ ဖြစ်လတ္တံ့။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးပုဏ္ဏားဖြစ်သောအခါ၌။
ဗြဟ္မဗန္ဓု၊ ပုဏ္ဏားအမျိုး၌ဖြစ်သောကြောင့် ဗြဟ္မဗန္ဓုမည်သည်။
ဗြာဟ္မဏော၊ ဣရုအစရှိသောဗေဒင်ကိုသရဇ္ဈာယ်တတ်သောကြောင့် ဗြာဟ္မဏဟူသောအမည်ရှိသည်။
တေဝိဇ္ဇော၊ ဣရုအစရှိသော ဗေဒင်သုံးပုံတည်းဟူသောအတတ်ရှိသောကြောင့်
တေဝိဇ္ဇမည်သည်။
ဝေဒသမ္ပန္နော၊ ဗေဒင်နှင့်ပြည့်စုံသောကြောင့် ဝေဒသမ္ပန္နမည်သည်။
သောတ္ထိယောစ၊ သောတ္ထိယပုဏ္ဏားမျိုး၌ဖြစ်သောကြောင့် သောတ္တိယမည်သည်။
နှာတကော၊ ညနံနက်ရေချိုးတတ်သောကြောင့် နှာတကမည်သည်။
အာသိ၊ ဖြစ်၏ ။
အဇ္ဇ၊ ယခုမူကား။
ဘူတံ၊ ဟုတ်မှန်သောအတိုင်း။
ဗြာဟ္မဏော၊ အချင်းခပ်သိမ်းမကောင်းမှုကိုအပပြုသောကြောင့် ဗြာဟ္မဏမည်သည်။
တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသောကြောင့်တေဝိဇ္ဇာမည်သည်။
ဝေဒသမ္ပန္နော၊ မဂ်ဉာဏ်တည်းဟူသောပညာနှင့်ပြည့်စုံသောကြောင့်ဝေဒသမ္ပန္နမည်သည်။
အမှိ၊ ဖြစ်၏ ။
သောတ္ထိယောစ၊ ကိလေသာတို့မှစင်ကြယ်သောကြောင့် သောတ္တိယမည်သည်။
နှာတကော၊ ဆေးလျှော်အပ်ပြီးသောမကောင်းမှုရှိသောကြောင့် နှာတကမည်သည်။
အမှိ၊ ဖြစ်၏ ။
ပုဏ္ဏိကာ၊ ပုဏ္ဏဝါမည်သောထေရီသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
သောဠသကနိပါတော၊ သောဠသကနိပါတ်သည်။
သမတ္တော၊ ပြီးပြီ။