Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

၅. သုဘာကမ္မာရဓီတုထေရီဂါထာ

Author: နိဿယ @ IAPT

၅. သုဘာကမ္မာရဓီတုထေရီဂါထာ

(၇၀) ဘောန္တောဉာတကာ၊ အိုအဆွေအမျိုးအပေါင်းတို့။ အဟံ၊ ငါသည်။ ပုရေ၊ ရှေးလူဖြစ်သောအခါ၌။ ဒဟရာ၊ အငယ်သာဖြစ်လျက်။ သုဒ္ဓဝသနာ၊ စင်ကြယ်သောအဝတ်ကိုဝတ်သည်ဖြစ်၍။ သတ္ထု၊ မြတ်စွာဘုရား၏ ။ သန္တိကေ၊ အထံတော်၌။ ဓမ္မံ၊ တရားတော်ကို။ ယံယသ္မာ၊ အကြင့်ကြောင့်။ အသုဏိံ၊ နာရ၏ ။ တသ္မာ၊ ထိုကြောင့်။ အပ္ပမတ္တာယ၊ မမေ့မလျော့သောသတိဖြင့်။ အာရဗ္ဘန္တီယာ၊ သီလကိုဆောက်တည်၍ ကမ္မဋ္ဌာန်းကိုစီးဖြန်းခြင်းကိုအားထုတ်သော။ တဿာမေ၊ ထိုငါ့အား။ သစ္စာဘိသမယော၊ သစ္စာလေးပါးကိုထိုးထွင်း၍သိခြင်းသည်။ အဟု၊ ဖြစ်ပြီ။
တတောတေနကာရဏေန၊ ထိုဘုရားအထံတော်၌တရားတော်ကိုနာရခြင်း သစ္စာလေးပါးကိုသိခြင်းကြောင့်။ အဟံ၊ ငါသည်။ သဗ္ဗကာမေသု၊ အလုံးစုံသောကာမဂုဏ်တို့၌။ ဘုသံ၊ ပြင်းစွာ။ အရတိံ၊ မမွေ့လျော်ခြင်းကို။ မဇ္ဈဂံ၊ ရပြီ။ သက္ကာယသ္မိံ၊ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ဤကိုယ်၌။ ဘယံ၊ ဘေးရှိသည်၏အဖြစ်ကို။ ဒိသွာ၊ ဉာဏ်မျက်စိဖြင့်မြင်ရ၍။ နေက္ခမမေဝ၊ ကာမဂုဏ်မှထွက်မြောက်ကြောင်းထွက်မြောက်ရာဖြစ်သောရဟန်းအဖြစ်နိဗ္ဗာန်ကိုသာလျှင်။ ပိဟယေ၊ တောင့်တ၏ ။
အဟံ၊ ငါသည်။ ဉာတိဂဏံ၊ ဆွေမျိုးအပေါင်းကိုလည်းကောင်း။ ဒါသကမ္မကရာနိစ ဒါသကမ္မကရေစ၊ ကျွန်အမှုလုပ်တို့ကိုလည်းကောင်း။ ပိတာနိ၊ ပြည့်စုံကုန်သော။ ဂါမခေတ္တာနိ၊ ရွာလယ်ယာတို့ကိုလည်းကောင်း။ ရမဏီယေ၊ နှစ်သက်ဖွယ်ရှိကုန်သော။ ပမောဒိတေ၊ ဝမ်းမြောက်အပ်ကုန်သော။ ဘောဂက္ခန္ဓေ၊ စည်းစိမ်အစုတို့ကိုလည်းကောင်း။ ဟိတွာန၊ စွန့်၍။
အနပ္ပကံ၊ များစွာသော။ သာပတေယျံ၊ ကျောက်သံပတ္တမြား ရွှေငွေစသောဥစ္စာကိုလည်း။ ပဟာယ၊ စွန့်၍။ ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ သဒ္ဓါယ၊ ကံကံ၏အကျိုးရတနာသုံးပါးကို ယုံကြည်သည်ဖြစ်၍။ နိက္ခမ္မ၊ အိမ်မှထွက်၍။ သုပ္ပဝေဒိတေ၊ မြတ်စွာဘုရားသည် ကောင်းစွာဟောတော်မူအပ်သော။ သဒ္ဓမ္မေ၊ သူတော်ကောင်းတရားတည်းဟူသော အရိယဝိနည်း၌။ အဟံ၊ ငါသည်။ ပဗ္ဗဇိတာ၊ ရဟန်းပြု၏ ။
ဧဝံ၊ ဤသို့။ ပဗ္ဗဇိတာ၊ ရဟန်းပြုပြီးသော်။ မေ၊ ငါ့အား။ ဧတံ၊ ထိုစွန့်အပ်ပြီးသောကာမဂုဏ်တို့ကို တစ်ဖန်ပြန်ခြင်းသည်။ ပတိရူပံ၊ လျောက်ပတ်သည်။ နအဿ၊ မဖြစ်။ အာကိဉ္စညံဟိအာကိဉ္စညံဧဝ၊ ဥစ္စာသိမ်းဆည်းခြင်းမရှိသောရဟန်းအဖြစ်ကိုသာလျှင်။ ပတ္ထယေပတ္ထယာမိ၊ ငါတောင့်တ၏ ။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဇာတရူပရဇတံ၊ ရွှေငွေစသောဥစ္စာကို။ ဌပေတွာ၊ စွန့်ပစ်ထားခဲ့၍။ ပုန၊ တစ်ဖန်။ အာဂဟေ၊ ယူပြန်ငြားအံ့။ သော၊ ထိုပုဂ္ဂိုလ်သည်။ ပဏ္ဍိတာနံ၊ ပညာရှိတို့၏ ။ အန္တရေ၊ အလယ်၌။ ကထံ၊ အသို့လျှင်။ သီသံ၊ ဦးခေါင်းကို။ ဥက္ခိပေယျ၊ ချီဝံ့ပါအံံ့နည်း။
ရဇတံဝါ၊ ငွေသည်လည်းကောင်း။ ဇာတရူပံဝါ၊ ရွှေသည်လည်းကောင်း။ ဗောဓာယ၊ သစ္စာလေးပါးကိုသိတတ်သောမဂ်ဉာဏ်အကျိုးငှါ။ နဟောတိ၊ မဖြစ်။ သန္တိယာ၊ ကိလေသာတို့မှငြိမ်းရာဖြစ်သောနိဗ္ဗာန်အကျိုးငှါ။ နဟောတိ၊ မဖြစ်။ ဧတံ၊ ဤရွှေငွေစသော သိမ်းဆည်းအပ်သောဝတ္ထု ထိုဝတ္ထုကိုခံခြင်းသည်။ သမဏသာရုပ္ပံ၊ ရဟန်းတို့အား လျောက်ပတ်သည်။ နဟောတိ၊ မဖြစ်။ ဧတံ၊ ထို‌ရွှေစသောသိမ်းဆည်းအပ်သောဝတ္ထုသည်။ အရိယဓနံ၊ အရိယာတို့၏သနားသဖြင့် ပြီးသောဥစ္စာသည်။ နဟောတိ၊ မဖြစ်။
ဧတံ၊ ထို‌ရွှေငွေစသောသိမ်းဆည်းအပ်သောဝတ္ထုသည်။ လောဘနံ၊ တပ်မက်မောခြင်းကိုလည်းဖြစ်စေတတ်၏ ။ မဒနံစ၊ မာန်ယစ်ခြင်းမေ့လျော့ခြင်းကိုလည်းဆောင်တတ်၏ ။ မောဟနံ၊ ပြင်းစွာတွေဝေခြင်းကို ဖြစ်စေတတ်၏ ။ ရဇဝဍ္ဎနံ၊ ရာဂစသောကိလေသာမြူကိုလည်းပွါးစေတတ်၏ ။ သာသင်္ကံ၊ ရွံရှာဖွယ်‌ဘေးဘျမ်းနှင့်တကွဖြစ်၏ ။ ဗဟုအာယာသံ၊ စီရင်ခြင်းစောင့်ရှောက်ခြင်းအစရှိသည်ဖြင့်များသောပင်ပန်းခြင်းရှိ၏ ။ ဧတ္ထ၊ ဤဥစ္စာတည်းဟူသောအရာ၌။ ဓုဝံစ၊ မြဲခြင်းသည်လည်းကောင်း။ ဌိတိစ၊ တည်ခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိ။
ဧတ္ထ၊ ထိုဥစ္စာ၌။ ရတ္တာ၊ တပ်ကုန်သော။ နရာစ၊ သတ္တဝါတို့သည်လည်းကောင်း။ ပမတ္တာ၊ ကုသိုလ်တရားတို့၌သတိကင်းသဖြင့်မေ့လျော့ကုန်သော။ နရာစ၊ သတ္တဝါတို့သည်လည်းကောင်း။ သံကိလိဋ္ဌမနာ၊ ညစ်ညူးကုန်သောစိတ်ရှိကုန်၏ ။ တတောစ၊ ထိုကြောင့်လည်း။ အညမညေန၊ တစ်ယောက်သည်တစ်ယောက်နှင့်။ ဗျာရုဒ္ဓါ၊ ဆန့်ကျင်ဘက်ရန်သူဖြစ်ကုန်၏။ ပုထု၊ များစွာသောသတ္တဝါတို့သည်။ မေဓဂံ၊ ငြင်းခုံခြင်းကို။ ကုဗ္ဗန္တိ၊ ပြုကုန်၏ ။
ကာမေသု၊ ကာမဂုဏ်တို့၌။ အဓိပန္နာနံ၊ လွှမ်းမိုးနှိပ်စက်အပ်ကုန်သောသူတို့အား။ ဝဓော၊ သတ်ခြင်းသည်လည်းကောင်း။ ဗန္ဓော၊ နှောင်ဖွဲ့ခြင်းသည်လည်းကောင်း။ ပရိက္လေသော၊ လက်ဖြတ်ခြင်းစသော ပူပန်နှိပ်စက်ခြင်းသို့ရောက်ခြင်းသည်လည်းကောင်း။ ဇာနိ၊ ဥစ္စာအခြွေအရံမှယုတ်ခြင်းသည်လည်းကောင်း။ သောကပရိဒ္ဒဝေါ၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းသည်လည်းကောင်း။ ဧဝမာဒိကံ၊ ဤသို့သဘောရှိသော။ ဗဟုံ၊ များစွာသော။ ဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသည်။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဒိဿတေ၊ ထင်သည်သာတည်း။
တံတာဒိသံ၊ ထိုသို့ကာမဂုဏ်တို့၌တပ်ခြင်းကင်းသောသဘောရှိသော။ မံ၊ ငါ့ကို။ တုမှေ၊ သင်တို့သည်။ ဉာတီ၊ ဆွေမျိုးဖြစ်ပါကုန်လျက်။ အမိတ္တာဝါ၊ ငါ့အကျိုးစီးပွါးကို အလိုမရှိသောရန်သူတို့ကဲ့သို့။ ကိံ၊ အဘယ်အကြောင်းကြောင့်။ ကာမေသု၊ ကာမဂုဏ်တို့၌။ ယုဉ္ဇထ၊ တိုက်တွန်းကုန်ဘိသနည်း။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဘယဒဿိနိံ၊ ဘေးအားဖြင့်မြင်ထသော။ ပဗ္ဗဇိတံ၊ ရဟန်းပြုသော။ မံ၊ ငါ့ကို။ ဇာနာထ အနုဇာနာထ၊ ခွင့်ပြုကုန်လော။
ဟိရည သုဝဏ္ဏေန၊ ‌ရွှေငွေဖြင့်။ အာသဝါ၊ ကာမာသဝါစသောလေးပါးသော အာသဝေါတို့သည်။ နပရိက္ခိယန္တိ၊ တစ်ရံတစ်ဆစ်မျှမကုန်နိုင်ကုန်။ ကာမာ၊ ကာမဂုဏ်တို့သည်။ အမိတ္တာ၊ အကျိုးစီးပွါးမဲ့ကိုဆောင်တတ်သည်၏အဖြစ်ကြောင့် ချစ်ခြင်းမရှိသဖြင့် အဆွေခင်ပွန်းမဟုတ်ကုန်။ ဝဓကာ၊ သေခြင်း၏အကြောင်းဖြစ်သောကြောင့်သန်လျက်ကိုချီ၍ရအပ်သော သူသတ်ယောက်ျားနှင့်တူကုန်၏ ။ သပတ္တာ၊ အစဉ်တစ်စိုက်လိုက်၍လည်းအကျိုးမဲ့ကို ဆောင်တတ်သောကြောင့်ရန်သူနှင့်တူကုန်၏ ။ သလ္လဗန္ဓနာ၊ ရာဂစသောငြောင့်ငါးစင်းကိုဖွဲ့တတ်ကုန်၏ ။
တံတာဒိသံ၊ ထိုသို့ကာမဂုဏ်တို့၌တပ်ခြင်းကင်းသောသဘောရှိသော။ မံ၊ ငါ့ကို။ တုမှေ၊ သင်တို့သည်။ ဉာတီ၊ ဆွေမျိုးဖြစ်ပါကုန်လျက်။ အမိတ္တာဝ၊ ငါ၏အကျိုးစီးပွါးမဲ့ကိုအလိုရှိသော ရန်သူတို့ကဲ့သို့။ ကိံ၊ အဘယ်ကြောင့်။ မံ၊ ငါ့ကို။ ကာမေသု၊ ကာမဂုဏ်တို့၌။ ယုဉ္ဇထ၊ တိုက်တွန်းကုန်ဘိသနည်း။ မုဏ္ဍံ၊ ဦးပြည်းသောဆံလည်းရှိထသော။ သံဃာဋ်ိပါရုတံ၊ ဒုကုဋ်ဖြင့်ရုံအပ်သော ကိုယ်လည်းရှိထသော။ ပဗ္ဗဇိတံ၊ ရဟန်းပြုသော။ မံ၊ ငါ့ကို။ ဇာနာထအနုဇာနာထ၊ ခွင့်ပြုကုန်လော။
ဥတ္တိဋ္ဌပဏ္ဍော၊ အိမ်တိုင်းအိမ်တိုင်းရပ်၍ ရအပ်သောဆွမ်းလည်းကောင်း။ ဥဉ္ဆောဇ၊ ဆွမ်းအလို့ငှါရှာမှီးခြင်းလည်းကောင်း။ ပံသုကူလံ၊ မြေမှုန့်ကဲ့သို့စက်ဆုပ်ဘွယ်ရှိသောအဖြစ်သို့ရောက်သော။ စီဝရဉ္စ၊ သင်္ကန်းလည်းကောင်း။ ဧတံခေါ၊ ထိုသုံးပါးသည်လျှင်။ မမ၊ ငါ့အား။ သာရုပ္ပံ၊ လျောက်ပတ်၏ ။ အနဂါရူပ နိဿယော၊ အိမ်ရာထောင်ခြင်းမရှိသောရဟန်းတို့မှ မှီရာအသက်မွေးခြင်း၏ အရံအတားဖြစ်၏ ။
ဒိဗ္ဗာ၊ နတ်ပြည်၌ဖြစ်ကုန်သော။ ယေစကာမာ၊ အကြင်ကာမဂုဏ်တို့သည်လည်းကောင်း။ မာနုသာ၊ လူ၌ဖြစ်ကုန်သော။ ယေစကာမာ၊ အကြင်ကာမဂုဏ်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏ ။ တေ၊ ထိုကာမဂုဏ်တို့ကို။ မဟေသိနာ၊ မြတ်သောသီလစ‌သောကျေးဇူးကိုရှာတော်မူတတ်သောဘုရားအစရှိသောသူတော်ကောင်းသည်။ ဝန္တာ၊ စွန့်အပ်ကုန်၏ ။ တေ၊ ထိုဘုရားအစရှိသောသူတော်ကောင်းတို့သည်။ ဝိမုတ္တာ၊ ကိလေသာဘဝတို့မှလွတ်ကုန်သည်ဖြစ်၍။ ခေမဋ္ဌာနေ၊ ကာမယောဂအစရှိသောယောဂလေးပါးတို့ဖြင့် ဥပဒ္ဒဝေါမရှိရာဖြစ်သောနိဗ္ဗာန်၌။ အစလံ၊ တုန်လှုပ်ခြင်းမရှိသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ ပတ္တာ၊ ရကုန်၏ ။
ယေသု၊ အကြင်ကာမဂုဏ်တို့၌။ တာဏံ၊ ကိုးကွယ်ရာမည်သောအကျိုးစီးပွါးသည်။ ယသ္မာ၊ အကြင်ကြောင့်။ နဝိဇ္ဇတိ၊ မရှိ။ တသ္မာ၊ ထိုကြောင့်။ တေဟိကာမေဟိ၊ ထိုကာမဂုဏ်တို့နှင့်။ အဟံ၊ ငါသည်။ မာသင်္ဂစ္ဆိံ၊ ပေါင်းဘော်ခြင်းသို့မရောက်ပြီ။ ကာမာ၊ ကာမဂုဏ်တို့သည်။ အမိတ္တာ၊ စီးပွါးမဲ့ကိုဆောင်တတ်သောကြောင့်ချစ်ခြင်းမရှိသဖြင့် အဆွေခင်ပွန်းမဟုတ်ကုန်။ ဝဓကာ၊ သေခြင်း၏အကြောင်းဖြစ်သောကြောင့်သန်လျက်ကိုချီ၍ ရပ်သောသူသတ်ယောက်ျားနှင့်တူကုန်၏ ။ အဂ္ဂိက္ခန္ဓူပမာ၊ ပြင်းစွာပူပန်စေတတ်သောသဘောကြောင့် မီးပုံကြီးနှင့်တူကုန်၏။ ဒုခါ၊ သည်းခံနိုင်ခဲသောကြောင့်ဆင်းရဲကုန်၏ ။
ဧသဧသော၊ ဤကာမဂုဏ်သည်။ ပရိဗန္ဓော၊ မသိအပ်သောများသောအကျိုးစီးပွါးမဲ့ကိုဆောင်တတ်သောကြောင့် နှိပပ်စက်တတ်သော။ ဘယော၊ ဘေးရန်မည်၏ ။ သဝိဃာတော၊ စိတ်၏ပင်ပန်းခြင်းကိုဖြစ်စေတတ်သောသဘောရှိ၏ ။ သကဏဋကော၊ စူးဝင်တတ်သောကြောင့် ဆူးငြောင့်နှင့်တကွဖြစ်၏ ။ ဂေဓော၊ စိတ်၏တပ်မက်မောခြင်းအကြောင်းဖြစ်၏ ။ ဧသော၊ ဤကာမဂုဏ်သည်။ သုဝိသမောစ၊ ပြင်းစွာလည်းနှိပ်စက်တတ်၏ ။ မဟန္တော မောဟနာမုခေါ၊ အားကြီးစွာတွေဝေခြင်းသို့ရောက်ခြင်း၏အကြောင်းဖြစ်၏ ။ ဥပသဂ္ဂေါ၊ ဘေးရန်ကဲ့သို့လည်းဖြစ်၏ ။
ဘိမ္မရူပေါစ၊ အလွန်ကြောက်မက်ဖွယ်သော သဘောလည်းရှိ၏ ။ ကာမာ၊ ကာမဂုဏ်တို့သည်။ သပ္ပဘိရူပမာ၊ မကုစားနိုင်သောဆင်းရဲကိုဆောင်တတ်သောကြောင့် မြွေဦးခေါင်းနှင့်တူကုန်၏ ။ ယေ၊ အကြင်မြွေဦးခေါင်းနှင့်တူသောကာမဂုဏ်တို့ကို။ ဗာလာ၊ မိုက်ကုန်သော။ အန္ဓဘူတာ၊ ပညာမရှိသည်ဖြစ်၍ သူကန်းသဖွယ်ဖြစ်ကုန်သော။ ပုထုဇ္ဇနာ၊ ပုထုဇဉ်တို့သည်။ အဘိနန္ဒန္တိ၊ အလွန်နှစ်သက်ကုန်၏ ။
ကာမပင်္ကေန၊ ကာမဂုဏ်တည်းဟူသော ညွန်ပျောင်းဖြင့်။ သတ္တာ၊ ကပ်ငြိကုန်သော။ ဇနာ၊ သတ္တဝါတို့သည်။ လောကေ၊ လောက၌။ ဗဟူ၊ များစွာသောဆင်းရဲတို့ကို။ အဝိန္ဒသု၊ ခံစားကုန်၏ ။ တေဇနာ၊ ထိုကာမဂုဏ်၌ မက်မောကုန်သောသတ္တဝါတို့သည်။ ဇာတိယာစ၊ ပဋိသန္ဓေနေခြင်း၏လည်းကောင်း။ မရဏဿစ၊ အိုခြင်းသေခြင်း၏လည်းကောင်း။ ပရိယန္တံ၊ အဆုံးဖြစ်သောနိဗ္ဗာန်ကို။ နာဘိဇာနန္တိ၊ မသိကုန်။
မနုဿာ၊ လူတို့သည်။ အတ္တနော၊ မိမိ၏ ။ ရောဂမာဝဟံ၊ ကြင်နာတတ်သော သဘောဖြင့်စ္စုပ္ပန်အတ္တဘော၌ ဖြစ်ခြင်းစသောအပြားရှိသောဆင်းရဲကိုဆောင်တတ်သော။ ကာမဟေတုကံ၊ ကာမဂုဏ်ကိုခံစားခြင်းလျှင်အကြောင်းရှိသော။ ဗဟုံ၊ ပါဏာတိပါတစသော အားဖြင့်များသော အပြားရှိသော။ ဒုဂ္ဂတိဂမနံ၊ ငရဲစသော အပါယ်လေးဘုံသို့လားစေတတ်သော။ မဂ္ဂံ၊ အကြောင်းဖြစ်သော အကုသိုလ် ဒုစရိုက်ကို။ ဝေ၊ စင်စစ်သဖြင့်။ ပဋိပဇ္ဇန္တိ၊ ကျင့်ကုန်၏ ။
ဧဝံ၊ ဤသို့အမိတ္တာဝဓစသော ဆိုအပ်ခဲ့ပြီးသောအပြားဖြင့်။ ကာမာ၊ ကာမဂုဏ်တို့သည်။ အမိတ္တဇနနာ၊ အဆွေခင်ပွန်းမဟုတ်သောအပြစ်ကိုဖြစ်စေကုန်၏ ။ တာပနာ၊ ပူပန်စေတတ်သောသဘောရှိကုန်၏။ သံကိလေသိကာ၊ နှိပ်စက်ခြင်းပူပန်ခြင်းကို ဆောင်တတ်ကုန်၏ ။ လောကာမိသာ၊ လူ၌ဆွမ်းသင်္ကန်းစသော အာမိသသဖွယ်ဖြစ်၍ ဖြစ်ကုန်၏ ။ ဗန္ဓနိယာ၊ သံယောဇဉ်တို့သည်နှောင်ဖွဲ့အပ်ကုန်၏ ။ မရဏဗန္ဓနာ၊ ဘဝတို့၌ဖြစ်ခြင်းအကြောင်းဖြစ်၍သေခြင်းနှင့်စပ်ကုန်၏ ။
ဥမ္မာဒနာ၊ ဖောက်ပြန်ခြင်း ကွေကွင်းခြင်းဖြင့်စိုးရိမ်ခြင်းရူးခြင်းကို ပြုတတ်ကုန်၏ ။ ဥလ္လပနာ၊ ဩချမ်းသာစွာ ဩချမ်းသာစွဟုအထက်အထက်၌ပလွှား၍ဆိုတတ်ကုန်၏ ။ ကာမာ၊ ကာမဂုဏ်တို့သည်။ စိတ္တပ္ပမဒ္ဒိနော၊ စိတ်ကိုနှိပ်စက်သောအလေ့ရှိကုန်၏ ။ သတ္တာနံ၊ သတ္တဝါတို့ကို။ သံကိလေသာယ၊ နှိပ်စက်ပူပန်စေခြင်းဖြင့်။ ခိပ္ပံ၊ လျှင်စွာ။ မာရေန၊ မာရ်နတ်သားသည်။ ဩဋ္ဋိတံ၊ ထောင်အပ်သောမြုံးသဖွယ်ဖြစ်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။ အနန္တာဒီနဝါ၊ တပ်မက်မောခြင်းစသော အဆုံးအဆမရှိသောများသောအပြစ်ရှိကုန်၏ ။ ဗဟုဒုက္ခာ၊ အပါယ်ဆင်းရဲစသောများသောအပြားရှိသောဆင်းရဲဖြင့် အဖန်တလဲလဲဖွဲ့တတ်ကုန်၏ ။ မဟာဝိသာ၊ လတ်တလောသေစေတတ်သောပြင်းသောအဆိပ်နှင့်တူကုန်၏ ။ အပ္ပဿာဒါ၊ ဓားသွားဖျား၌တည်သောပျားရည်ကဲ့သို့နည်းသောသာယာခြင်းရှိကုန်၏ ။ ရဏကရာ၊ ရာဂစသည်နှင့်စပ်သောငိုကြွေးကြောင်းစသောကိလေသာကို ပြုတတ်ကုန်၏။ ဒုက္ခပက္ခဝိသောသနာ၊ သတ္တဝါတို့၏အပြစ်မရှိဖြူစင်သောကုသိုလ်အဘို့ကို ခြောက်စေတတ်ကုန်၏ ။
သာအဟံ၊ ထိုကာမဂုဏ်တို့ကိုစွန့်၍ရဟန်းပြုပြီးသောငါသည်။ ကတွာဣတိ ကတွာဣမိနာ ကာရ‌ဏေန၊ ဤဆိုအပ်ခဲ့ပြီးသောအကြောင်းကြောင့်။ ဧတာဒိသံ၊ ထိုဆိုအပ်ခဲ့ပြီးသောသဘောရှိသော။ ကာမ‌ဟေတုကံ၊ ကာမဂုဏ်ချမ်းသာကို ခံစားခြင်းလျှင်အကြောင်းရှိသော။ ဗျသနံ၊ ပျက်စီးခြင်း၏အကြောင်းဖြစ်ထသော။ တံ၊ ထိုကာမဂုဏ်ကို။ သဒါ၊ အခါခပ်သိမ်း။ နိဗ္ဗာနာဘိရတာ၊ နိ‌ဗ္ဗာန်၌မွေ့လျော်သည်ဖြစ်၍။ နပစ္ဆာဂမိဿာမိ၊ နောင်တဖန်မခံစားအံ့။
အဟံ၊ ငါသည်။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ ရဏံ၊ အရိယမဂ်တည်းဟူသောစစ်ထိုးခြင်းကို။ ကရိတွာ၊ ပြု၍။ သီတိဘာဝါဘိသင်္ကခိနီ၊ ကိလေသာတည်းဟူသောပူပန်ခြင်း၏ ငြိမ်းကြောင်းဖြစ်သောအရဟတ္တဖိုလ်ကိုအလိုရှိသည်ဖြစ်၍။ သံယောဇနက္ခယေ၊ သံယောဇဉ်တို့၏ကုန်ရာဖြစ်သောနိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်သည်ဖြစ်၍။ အပ္ပမတ္တာ၊ မမေ့မလျော့။ ဝိဟရိဿာမိ၊ ‌နေတော့အံ့။
မဟေသိနော၊ သီလစသောကျေးဇူးကိုရှားတတ်ကုန်သောဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ယေနမဂ္ဂေန၊ အကြင်မဂ္ဂင်ရှစ်ပါးတည်းဟူသောခရီးဖြင့်။ တိဏ္ဏာ၊ သံသရာတည်းဟူသောကြီးစွာသောရေအယဉ်ကိုကူးကုန်၏ ။ အဟမ္ပိ၊ ငါသည်လည်း။ တေဟိ၊ ထိုဘုရားအစရှိသောသူတော်ကောင်းတို့သည်။ ဂတမဂ္ဂံ၊ သွားရာခရီးလည်းဖြစ်ထသော။ အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိထသော။ ဝိရဇံ၊ ကိလေသာတည်းဟူသောမြူလည်းမရှိထသော။ ခေမံ၊ ကြောင့်ကြခြင်းတည်းဟူသော ဘေးလည်းမရှိထသော။ အရိယံ၊ ဖြူစင်စွာထသော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။ ဥဇုံ၊ ဖြောင့်မတ်စွာထသော။ တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါးတည်းဟူသောခရီးသို့။ အနုဂစ္ဆာမိ၊ လိုက်ပေအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဓမ္မဋ္ဌံ၊ အရိယဖိုလ်တရား၌တည်ထသော။ ကမ္မာရဓီတရံ၊ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော။ သုဘံ၊ သုဘမည်သော။ ဣမံ၊ ဤရဟန်းမိန်းမကို။ ပဿထ၊ ရှုကုန်လော။ အယံ၊ ဤသုဘမည်သောရဟန်းမိန်းမသည်။ အနေဇံ၊ တဏှာကင်းပြီးသောအရဟတ္တဖိုလ်ကို။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။ ရုက္ခမူလမှိ၊ သစ်ပင်ရင်း၌။ ဈာယတိ၊ အရဟတ္တဖိုလ်ဈာန်ကိုဝင်စား၏ ။
သုဘာ၊ သုဘာမည်သောရဟန်းမိန်းမသည်။ ပဗ္ဗဇိတာ၊ ရဟန်းပြုသည်ဖြစ်၍။ အဇ္ဇ၊ ယနေ့။ အဋ္ဌမီ၊ ရဟန်းပြုသည်မှရှစ်ရက်မြောက်သောနေ့တည်း။ သဒ္ဓါ၊ သဒ္ဓါတရားနှင့်ပြည့်စုံစေ၏။ သဒ္ဓမ္မသောဘနာ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုရသဖြင့်သူတော်ကောင်းတို့၏တရားကို တင့်တယ်စေတတ်၏။ ဥပ္ပလဝဏ္ဏာယ၊ ဥပ္ပသဝဏ်ထေရီမသည်။ ဝိနီတာ၊ ဆုံးမအပ်၏ ။ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံ၏ ။ မစ္စုဟာယိနီ၊ သေးခြင်းတရားမှယုတ်၏ ။
သာအယံဘိက္ခုနီ၊ ထိုသုဘာရဟန်းမိန်းမသည်။ ဘုဇိဿာ၊ တော်လှန်ပြီးဖြစ်၍ ကိလေသာတည်းဟူသောအရှင်၏လက်မှလွတ်၏ ။ အနဏာ၊ ကိလေသာတည်းဟူသောကြွေမြီလည်းမရှိပြီ။ ဘာဝိတိန္ဒြိယာ၊ သဒ္ဓါစသောဣန္ဒြေငါးပါးကိုလည်းပွါးစေအပ်ပြီ။ သဗ္ဗယောဂဝိသံယုတ္တာ၊ အလုံးစုံသောယောဂလေးပါးတို့မှလည်းကင်းပြီ။ ကတကိစ္စာ၊ တစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကိုလည်းပြုအပ်ပြီ။ အနာသဝါ၊ အာသဝေါကင်းသောရဟန္တာမိန်းမတည်း။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ မိန့်တော်မူ၏ ။
ဘူတပတိ၊ လူ့ဘုံစာတုမဟာရာဇ်ဘုံ တာဝတိံသာဘုံတည်းဟူသောကာမသုဂတိဘုံ၌ ဖြစ်သောသတ္တဝါတို့၏အရှင်ဖြစ်သော။ သက္ကော၊ သိကြားနတ်မင်းသည်။ ဒေဝသံဃေန၊ တာဝတိံသာနတ်သားအပေါင်းနှင့်တကွ။ ကမ္မာရဓီတရံ၊ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော။ သုဘံ၊ သုဘာမည်သော။ တံ၊ ထိုရဟန္တာမသို့။ ဣဒ္ဓိယာ၊ မိမိနတ်တန်ခိုးဖြင့်။ ဥပသင်္ကမ္မ၊ ကပ်လေ၍။ နမဿတိ၊ ငါးပါးသောရှိခိုးခြင်းဖြင့်ရိုသေစွာရှိခိုး၏ ။ ကမ္မာရဓီတာ၊ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော။
သုဘာ၊ သုဘာမည်သောထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဝီသတိနိပါတော၊ ဝီသတိနိပါတ်သည်။ သမတ္တော၊ ပြီးပြီ။