၁၁. ဒွါဒသကနိပါတော
၁. ဥပ္ပလဝဏ္ဏာထေရီဂါထာ
(၆၄)
မာတာစ၊ အမိလည်းကောင်း။
ဓီတာစ၊ သမီးလည်းကောင်း။
ဥဘော၊ နှစ်ယောက်ကုန်သော။
မယံ၊ ငါတို့သည်။
သပတ္တိယော၊ ရန်သူမတို့သည်။
အာသုံ၊ ဖြစ်ကုန်၏ ။
တဿာမေ၊ ထိုငါ့အား။
အဗ္ဘုတော၊ မဖြစ်ဘူးမြဲထသော။
လောမဟံသနော၊ ကြက်သီးမွေးညှင်းထခြင်းကိုဖြစ်စေတတ်ထသော။
သံဝေဂေါ၊ ထိတ်လန့်ခြင်းသည်။
အဟု၊ ဖြစ်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။
ဓိရတ္ထု၊ စက်ဆုပ်ဖွယ်ရှိကုန်စွတကား။
အသုစိ၊ ကိလေသာတည်းဟူသောမစင်တို့ဖြင့်ယိုစီး၏ ။
ဒုဂ္ဂန္ဓာ၊ အဆိပ်နံ့လှိုင်သဖြင့်ပုပ်သောအနံ့ရှိကုန်၏ ။
ဗဟုကဏ္ဋကာ၊ ကိလေသာတည်းဟူသောများစွာသောဆူးငြောင့်ရှိကုန်၏ ။
ယတ္ထ၊ အကြင်ခံစားအပ်သောကာမဂုဏ်တို့၌။
မာတာစ၊ အမိလည်းကောင်း။
ဓီတာစ၊ သမီးလည်းကောင်း။
မယံ၊ ငါတို့နှစ်ယောက်တို့သည်။
သဘရိယာ၊ လင်တူမယားဖြစ်ကုန်သောရန်သူတို့သည်။
အဟု၊ ဖြစ်ဘူးကုန်ပြီ။
သာအဟံ၊ ထိုငါသည်။
ကာမေသု၊ ကာမဂုဏ်တို့၌။
အာဒီနဝံ၊ အပြစ်ကို။
ဒိသွာ၊ မြင်၍။
နိက္ခမ္မံ၊ ကာမဂုဏ်မှထွက်မြောက်ခြင်းကို။
ခေမတော၊ ဘေးမရှိသောအားဖြင့်။
ဒဋ္ဌုံဒိသွာ၊ မြင်၍။
ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။
အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ။
နိက္ခမိတွာ၊ ထွက်၍။
အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်း၏ဘောင်၌။
ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။
ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို။
ဇာနာမိ၊ သိ၏ ။
ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခုကို။
ဝိသောဓိတံ၊ သုတ်သင်နိုင်၏ ။
စေတောပရိစ္စညာဏဉ္စ၊ သူတစ်ပါးတို့၏စိတ်ကိုပိုင်းခြား၍သိနိုင်သောစေတောပရိယဉာဏ်ကိုလည်းကောင်း။
သောတဓာတုစ၊ ဒိဗ္ဗသောတအဘိဉာဉ်ကိုလည်းကောင်း။
ဝိသောဓိတာ၊ သုတ်သင်နိုင်၏ ။
မေမယာ၊ ငါသည်။
ဣဒ္ဓိပိ၊ ဣဒ္ဓိပိဓအသိညာဉ်ကိုလည်း။
သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ပြီ။
မေမယာ၊ ငါသည်။
အာသဝက္ခယော၊ အာသဝက္ခယဉာဏ်ကို။
ပတ္တော၊ ရအပ်ပြီ။
မေမယာ၊ ငါသည်။
ဆဠဘိညာ၊ ခြောက်ပါးသောအဘိဉာဉ်တို့ကို။
သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ လိုက်နာအပ်ပြီ။
အဟံ၊ ငါသည်။
စတုရဿံ၊ မြင်းလေးစီးတို့ဖြင့်ကအပ်သော။
ရထံ၊ ရထားကို။
ဣဒ္ဓိယာ၊ ငါ၏တန်ခိုးဖြင့်။
အဘိနိမ္မိတွာ၊ ဖန်ဆင်း၍။
လောကနာထဿ၊ လူသုံးပါးတို့၏ကိုးကွယ်ရာဖြစ်တော်မူထသော။
သိရိမတော၊ အလွန်သောဘုန်းကျက်သရေရှိတော်မူထသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
ပါဒေ၊ ခြေတော်တို့ကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
ယမကပါဋိဟာရိယကာလေ၊ မြတ်သောဘုရားသည်ကဏ္ဍမည်သောသရက်ဖြူပင်ရင်းတန်ခိုးပြာဋိယာပြကာနီးကာလ၌။
အဋ္ဌာသိံ၊ ရပ်ပြီ။
ဗာလေ၊ သူငယ်မ။
တုဝံ၊ သင်သည်။
သုပုပ္ဖိတဂ္ဂံ၊ အဖျားမှစ၍ ပင်လုံးကျွတ်ပွင့်သောပန်းပွင့်လည်းရှိထသော။
ပါဒပံ၊ အင်ကြင်းပင်ရင်းသို့။
ဥပဂမ္မ၊ ကပ်၍။
ရုက္ခမူလေ၊ အင်ကြင်းပင်ရင်း၌။
ဧကာ၊ တစ်ယောက်အထည်းတည်း။
တိဋ္ဌတိ၊ တည်၏ ။
တေ၊ သင်၏ ။
ဒုတိယော၊ အဖော်သည်။
ကောစိစာဝိ၊ တစ်စုံတစ်ယောက်မျှလည်း။
နအတ္ထိ၊ မရှိ။
ဗာလေ၊ သူငယ်မ။
တွံ၊ သင်သည်။
ဓုတ္တကာနံ၊ မိန်းမကြူးသောယောက်ျားတို့မှ။
နဘာယသိ၊ အဘယ်ကြောင့်မကြောက်ဘိသနည်း။
ဣတိ၊ ဤသို့။
မာရော၊ မာရ်နတ်သားသည်။
အာဟ၊ ဆို၏ ။
မာရ၊ မာရ်နတ်။
ဧဒိသကာ၊ ထိုသင်မာရ်နတ်ကဲ့သို့သဘောရှိကုန်သော။
သတသဟဿာနံပိ၊ အသိန်းမကသည်လည်းဖြစ်ကုန်သော။
ဓုတ္တကာနံဓုတ္တကာ၊ မိန်းမကြူးသောသူတို့သည်။
သမာဂတာ၊ ငါ့ကိုဖျက်ဆီးအံံသောငှါလာကုန်၏ ။
ဘဝေယျုံ၊ အကယ်၍ဖြစ်ကုန်ငြားအံံ့။
မေ၊ ငါ၏ ။
လောမံ၊ အမွေးတစ်ချောင်းသည်မျှလည်း။
နဣဉ္ဇေ၊ မလှုပ်ရာ။
နပိသမ္ပဝေဓေ၊ ပြင်းစွာမလှုပ်ရာ။
မာရ၊ မာရ်နတ်။
တုဝံ၊ သင်သည်။
ဧကော၊ တစ်ယောက်တည်းသာဖြစ်လျက်။
မေ၊ ငါ့အား။
ကိံ၊ အဘယ်သို့သောဖျက်ဆီးခြင်းကို။
ကရိဿတိ၊ ပြုနိုင်လတ္တံ့နည်း။
မာရ၊ မာရ်နတ်။
ဧသာအဟံ၊ ထိုငါသည်။
အန္တရဓာယာမိ၊ သင်ရှေ့တွင်တည်လျက်ပင်ကိုယ်ကိုကွယ်ပေအံ့။
တေ၊ သင်၏ ။
ကုစ္ဆိံ ဝါ၊ ဝမ်းသို့မူလည်း။
ပဝိသာမိ၊ ဝင်အံ့။
ဘမုကန္တရေ၊ သင်၏မျက်မှောက်ကြား၌မူလည်း။
တိဋ္ဌာမိ၊ ငါရပ်အံ့။
တိဋ္ဌန္တီံ၊ သင်မျက်မှောင်ကြား၌ရပ်သော။
မံ၊ ငါ့ကိုလည်း။
နဒက္ခသိ၊ သင်မမြင်ရလတ္တံ့။
ဟိ၊ ထိုစကားမှန်၏ ။
မာရ၊ မာရ်နတ်။
အဟံ၊ ငါသည်။
စိတ္တမှိ၊ ဈာန်သမာပတ်နှင့်ယှဉ်သောစိတ်၌။
ဝသိဘူတာ၊ လေ့လာသောအဖြစ်သို့ရောက်၏ ။
ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်း။
သုဘာဝိတာ၊ ကောင်းစွာပွါးစေအပ်ကုန်ပြီ။
မေ၊ ငါသည်။
ဆအဘိညာ၊ အဘိဉာဉ်ခြောက်ပါးတို့ကို။
သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ လိုက်နာအပ်ပြီ။
ကာမာ၊ ကာမဂုဏ်တို့သည်။
သတ္တိသူလူပမာ၊ လှံသွားဥပမာရှိကုန်၏ ။
ခန္ဓာနံ၊ ဥပါဒါနက္ခန္ဓာတို့၏ ။
အဓိကုဋ္ဋနာ၊ လှီးခုတ်ရာစဉ်းတီတုံးနှင့်တူကုန်၏ ။
တွံ၊ သင်မာရ်နတ်သည်။
ယံကာမရတိံ၊ အကြင်ကာမဂုဏ်၌မွေ့လျော်ခြင်းကို။
ဗြူသိ၊ ဆို၏ ။
သာ၊ ထိုကာမဂုဏ်၌မွေ့လျော်ခြင်းသည်။
မမ၊ ငါ့အား။
ဒါနိဣဒါနိ၊ ယခုအခါ၌။
အရတိ၊ မွေ့လျော်ခြင်းမှကင်းသည်။
ဟောတိ၊ ဖြစ်၏ ။
သဗ္ဗတ္ထ၊ အလုံးစုံသောအာရုံတို့၌။
နန္ဒိ၊ နှစ်သက်ခြင်းတဏှာကို။
ဝိဟတာ၊ ဖျောက်အပ်ပြီ။
တမောခန္ဓော၊ မောဟအစုကို။
ပဒါလိတော၊ ဖောက်ခွဲအပ်ပြီ။
ပါပိမ၊ မာရ်နတ်ယုတ်။
ဧဝံ၊ ဤသို့ဖြစ်သည်ကို။
တွံ၊ သင်သည်။
ဇာနာဟိ၊ သိလော။
အန္တက၊ ဟယ်မာရ်နတ်ယုတ်။
တွံ၊ သင်သည်။
နိဟတော၊ ရှုံးခြင်းသို့ရောက်သည်။
အသိ၊ ဖြစ်ပြီ။
ဥပ္ပလဝဏ္ဏာ၊ ဥပ္ပလဝဏ်ထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဒွါဒသကနိပါတော၊ ဒွါဒသကနိပါတ်သည်။
သမတ္တော၊ ပြီးပြီ။