Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

၁၆. မဟာနိပါတ်

Author: နိဿယ @ IAPT

၁၆. မဟာနိပါတ်

၁. သုမေဓါထေရီဂါထာ

(၇၃) မန္တာဝတိယာ၊ မန္တာဝတီအမည်ရှိသော။ နဂရေ၊ မြို့၌။ ကောဉ္စဿ၊ ကောဉ္စအမည်ရှိသော။ ရညော၊ မင်း၏ ။ မဂ္ဂမဟေသိယာ၊ မိဖုရားကြီး၏ ။ ကုစ္ဆိမှိ၊ ဝမ်း၌။ ဇာတာ၊ ဖြစ်သော။ သုမေဓာ၊ သုမေဓာမည်သော။ ဓီတာ၊ သမီးသည်။ အသိ၊ ဖြစ်၏ ။ သာသနံ၊ မြတ်စွာဘုရားအဆုံးအမတော်ကို။ ကရေဟိ၊ ပြုကုန်သောရဟန္တာပုဂ္ဂိုလ်တို့သည်။ ပသာဒိတာ၊ တရားဟောသဖြင့် သာသနာတော်၌ ကြည်ညိုစေအပ်၏ ။
သာ၊ ထိုသုမေဓာမင်းသမီးသည်။ သီလဝတီ၊ အကျင့်သီလနှင့်ပြည့်စုံ၏ ။ စိတ္တကထိကာ၊ ဆန်းကြယ်သောတရားစကားကိုပြောဆိုတတ်၏ ။ ဗဟုဿုတာ၊ များသောအကြားအမြင်ရှိ၏ ။ ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရားတို့၏ သာသနာတော်၌။ ဝိနီတာ၊ ဆုံးမတော်မူအပ်ပြီးသောကိုယ်နှုတ်ရှိ၏ ။ သာ၊ ထိုသုမေဓာမင်းသမီးသည်။ ဥဘယော၊ သင်တို့ အမိအဘနှစ်ယောက်တို့သည်။ နိသာမေထ၊ နားထောင်ကုန်လော။ ဣတိ၊ ဤသို့။ မာတာဝိတရော၊ အမိအဘတို့သည်။ ဥပဂမ္မ၊ ကပ်၍။ ဘဏတိ၊ ဆို၏ ။
ဘောန္တော၊ အိုအမိအဘတို့သည်။ အဟံ၊ ငါသည်။ နိဗ္ဗာနဘိရတာ၊ နိဗ္ဗာန်ချမ်းသာ၌မွေ့လျော်၏ ။ ဘဂဝတံ၊ ဘဝသုံးပါး၌အကျုံးဝင်သော တေဘူမကသင်္ခါရမည်သည်ကား။ ယဒိပိဒိဗ္ဗံ၊ နတ်ပြည်၌အကျုံးဝင်သည်ဖြစ်စေကာမူ။ သဗ္ဗံ၊ အလုံးစုံသည်။ အသဿတံ၊ အမြဲမရှိ။ ကာမာပန၊ လူ့ပြည်၌ဖြစ်သောကာမဂုဏ်တို့သည်ကား။ ကိံမင်္ဂံ၊ အဘယ်ဆိုဘွယ်ရာရှိအံ့နည်း။ တုစ္ဆာ၊ အနှစ်မရှိသည်ဖြစ်၍အချည်းနှီးသာတည်း။ အပ္ပဿာဒါ၊ လှံသွား၌ပျားရည်ပေါက်ကဲ့သို့ဖြစ်၍ သာယာဘွယ်မရှိကုန်။ ဗဟုဝိဃာတာ၊ ပစ္စုပ္ပန်တမလွန်၌များသောဆင်းရဲခြင်းရှိကုန်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။ ကဋုကာ၊ ခါးစပ်ကုန်၏ ။ အာသီဝိသူပမာ၊ ဘေးရန်နှင့်တကွဖြစ်၍လျှင်သောအဆိပ်ရှိသောမြွေဟောက်နှင့်တူကုန်၏ ။ ယေသု၊ အကြင်ကာမဂုဏ်တို့၌။ ဗာလာ၊ သူမိုက်တို့သည်။ သုမုစ္ဆိတာ၊ အလွန်တွေဝေမိန်းမောကုန်၏ ။ တေ၊ ထိုသူမိုက်တို့ကို။ ဒီဃရတ္တံ၊ ရှည်စွာသောကာလပတ်လုံး။ နိရယေ၊ ငရဲ၌။ လမပ္ပိတာ၊ မိမိတို့မကောင်းမှုကံသည်ပစ်ချအပ်ကုန်သည်ဖြစ်၍။ ဒုက္ခိတာ၊ ဆင်းရဲသောကိုယ်စိတ်ရှိသည်ဖြစ်၍။ ဟညန္တိ၊ နှိပ်စက်အပ်ကုန်၏ ။
ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယစ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ၊ စိတ်ဖြင့်လည်းကောင်း။ အသံဝုတာ၊ သီလကိုမစောင့်ကုန်သော။ ပါပဗုဒ္ဓိနော၊ ယုတ်မာသောပညာရှိကုန်သော။ ဗာလာ၊ သူမိုက်တို့သည်။ ပါပကမ္မာပါပကမ္မေန၊ မိမိတို့မကောင်းမှုကံကြောင့်။ ဝိနိပါတေ၊ အပါယ်လေးဘုံ၌။ သဒါ၊ အခါခပ်သိမ်း။ သောစန္တိ၊ ဆင်းရဲကိုခံစားရသည်ဖြစ်၍စိုးရိမ်ကုန်၏ ။
ဒုပ္ပညာ၊ ပညာမရှိကုန်သော။ အစေတနာ၊ မိမိ၏အစီးအပွါးကိုဆောင်တတ်သောစိတ်မရှိကုန်သော။ တေဗာလာ၊ ထိုသူမိုက်တို့သည်။ ဒုက္ခသမုဒယောရုဒ္ဒါ၊ အာရုံ၌တပ်မက်မောခြင်းတဏှာလျှင်အကြောင်းရှိသော သံသရာဝဋ်ဆင်းရဲ၌နစ်မွန်းကုန်သည်ဖြစ်၍။ ဒေသေန္တေဒေသိယမာ‌နေ၊ သစ္စာလေးပါးတရားကိုဟောတော်မူအပ်သည်ရှိသော်။ အဇာနန္တာ၊ အနက်ကိုမသိကုန်သည်ဖြစ်၍။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ နဗုဇ္ဈရေ၊ ထိုးထွင်း၍မသိကုန်။
အမ္မ၊ အမိချစ်။ ယေဗာလာ၊ အကြင်သူမိုက်တို့သည်။ ဘဝဂတံ၊ ဘဝသုံးပါး၌တည်သောဝဋ်ဆင်းရဲကို။ အဘိနန္ဒန္တိ၊ နှစ်သက်ကုန်၏ ။ ဒေဝေသု၊ နတ်ပြည်တို့၌။ ဥပပတ္တိ၊ ဖြစ်ခြင်းကို။ ပိဟန္တိ၊ တောင့်တကုန်၏ ။ တေဗာလာ၊ ထိုသူမိုက်တို့သည်။ ဗုဒ္ဓဝရဒေသိတာနိ၊ မြတ်စွာဘုရားတို့သည်ဟောတော်မူအပ်ကုန်သော။ သစ္စာနိ၊ သစ္စာလေးပါးတို့ကို။ အဇာနန္တာ၊ မသိနိုင်ကုန်။ တေယေဝစ၊ ထိုသစ္စာလေးပါးကိုမသိသောသူမိုက်တို့သည်လည်း။ ဗဟုတရာ၊ ဤလောက၌ များခဲ့ကုန်၏ ။
ဘဂဝတေ၊ ဘုံသုံးပါးသည်။ အနိစ္စမှိ၊ မမြဲသည်ရှိသော်။ ဒေဝေသု၊ နတ်ပြည်တို့၌။ ဥပပတ္တိပိ၊ ဖြစ်ခြင်းသည်လည်း။ အသဿတာ၊ မမြဲသည်သာတည်း။ ဧဝံပိ၊ ဤသို့မမြဲသော်လည်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဇာယိတဗ္ဗဿ၊ ဖြစ်လတ္တံ့သည်မှ။ ဗာလာ၊ သူမိုက်တို့သည်။ နစသန္တသန္တိ၊ မထိတ်လန့်ကုန်။
စတ္တာရော၊ ငရဲတိရစ္ဆာန် ပြိတ္တာအသုရကာယ်ဟူသော အပါယ်လေးဘုံတို့သည်။ ဝိနိပါယာ၊ ချမ်းသာအစုမှရွေ့လျှောသည်ဖြစ်၍ ဆင်းရဲစွာသောဂတိတို့တည်း။ ဒွေစဂတိယော၊ လူဘုံနတ်ဘုံဟူသော ဂတိနှစ်ပါးတို့ကိုလည်း။ ကထဉ္စိ၊ ကောင်းမှုကံ၏ပြုနိုင်ခဲသည်၏အဖြစ်ကြောင့် ငြိုငြင်စွာပြုအပ်သောကုသိုလ်ဖြင့်။ လဗ္ဘန္တိ၊ ရအပ်ကုန်၏ ။ ဝိနိပါတဂတာ၊ အပါယ်ဘုံ၌ဖြစ်သောသတ္တဝါတို့အား။ နိရယေသု၊ ချမ်းသာကင်းရာဖြစ်သောအပါယ်လေးဘုံတို့၌။ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်သည်။ နစအတ္ထိ၊ မရှိသည်သာတည်း။
ဥဘယော၊ နှစ်ပါးစုံသောအမိအဘတို့။ တုမှေ၊ သင်တို့သည်။ မံ၊ အကျွန်ုပ်ကို။ ဒသဗလဿ၊ အားဆယ်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏ ။ ပါဝစနေ၊ သာသနာတော်၌။ ပဗ္ဗဇိတုံ၊ ရဟန်းပြုစိမ့်သောငှါ။ အနုဇာနာထ၊ ခွင့်ပြုကြပါကုန်လော။ အဟံ၊ ငါသည်။ အပ္ပေါဿုက္ကာ၊ တစ်ပါးသောအမှုတို့၌အားထုတ်ခြင်းကင်းသည်ဖြစ်၍။ ဇာတိမရဏပဟာနာယ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသေခြင်းကိုပယ်အံ့သောငှါ။ ဃဋိဿံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌လုံ့လပြုပေအံ့။
ကာယကလိနာ၊ ခန္ဓာကိုယ်ကိုဆင်းရဲစေတတ်ထသော။ အသာရေန၊ အနှစ်မရှိထသော။ ဘဝဂတေန၊ ဘုံသုံးပါး၌ဖြစ်သောဝဋ်ဆင်းရဲကို။ အဘိနန္ဒိတေန၊ နှစ်သက်သဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဘဝဂဏှာယ၊ ဘုံသုံးပါး၌တပ်တတ်သောတဏှာ၏ ။ နိရောဓာ၊ ချုပ်ခြင်းကြောင့်။ တုမှေ၊ သင်တို့သည်။ အနုဇာနာထ၊ ခွင့်ပြုကုန်လော။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။
အမှေဟိ၊ အကျွန်ုပ်တို့သည်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏ ။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းကို။ လဒ္ဓေါ၊ ရအပ်ပြီ။ အက္ခဏော၊ ငရဲ၌ဖြစ်ခြင်းစသော ရှစ်ပါးသောကုသိုလ်ဖြစ်ရာ မဟုတ်သောအရပ်ဖြစ်သောခဏကို။ ဝိဝဇ္ဇိတော၊ ကြဉ်အပ်ပြီ။ ခဏော၊ ကုသိုလ်ဖြစ်ရာဖြစ်သောကိုးခုမြောက်သောဗုဒ္ဓုပ္ပါဒခဏကို။ လဒ္ဓေါ၊ ရအပ်ပေပြီ။ သီလာနိ၊ ပါတိမောက္ခသံဝရစသော သီလလေးပါးတို့ကိုလည်းကောင်း။ ဗြဟ္မစာရိယံ၊ သာသနာတော်တည်းဟူသောမြတ်သောအကျင့်ကိုလည်းကောင်း။ ယာဝဇီဝံ၊ အသက်ထက်ဆုံး။ နဒူသေယျံ၊ မဖျက်ဆီးအံ့။
အဟံ၊ အကျွန်ုပ်သည်။ ဂဟဋ္ဌာ၊ လူသည်။ ဟုတွာ၊ ဖြစ်၍။ တာဝ၊ ထိုမျှလောက်လူဖြစ်သမျှကာလပတ်လုံး။ အာဟာရံ၊ အစာကို။ နအာဟရိဿံ၊ မသုံးဆောင်အံ့။ မရဏဝသံဝ၊ သေမင်းနိုင်ငံသို့သာလျှင်။ ဂတာ၊ ရောက်သည်။ ဟေဿာမိ၊ ဖြစ်တော့အံ့။ ဧဝံ၊ ဤသို့။ သုမေဓာ၊ သုမေဓာသတို့သမီးသည်။ မာတာပိတ‌ရော၊ အမိအဘတို့ကို။ ဘဏတိ၊ ဆို၏ ။
အထ၊ ထိုအခါ၌။ အဿာ၊ ထိုသုမေဓာတို့သမီး၏ ။ မာတာ၊ မယ်တော်သည်။ ဒုက္ခိတာ၊ ဆင်းရဲခြင်းသို့ရောက်သည်ဖြစ်၍။ ရောဒတိ၊ ငို၏ ။ ပိတာစ၊ ခမည်းတော်သည်လည်း။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ သမဘိသဟတော၊ ပျက်စီးသောချမ်းသာခြင်းရှိသည်ဖြစ်၍။ ရောဒတိ၊ ငို၏ ။ တေ၊ ထိုအမိအဘနှစ်ယောက်တို့သည်။ ပါဿဒတလေ၊ ပြာသာဒ်အပြင်၌။ ဆမာပတိတံ၊ ‌ မြေ၌လည်းသောသုမေဓာသတို့သမီးကို။ သညာပေတုံ၊ လူ၏အဖြစ်ကိုမှတ်စေခြင်းငှါ။ ဃဋေန္တိ၊ လုံ့လပြုကုန်၏ ။
ပုတ္တိကေ၊ ချစ်သမီးသုမေဓာ။ ဥဋ္ဌေဟိ၊ ထဦးလော့။ သောစိတေန၊ ရဟန်းမပြုဟုစိုးရိမ်သဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တွံ၊ သင်ကို။ ဝါရဏဝတိမှိ၊ ဝါရဏဝတိအမည်ရှိသောမြို့၌။ ဒိန္နာ၊ ပေးအပ်သည်။ အသိ၊ ဖြစ်၏ ။ အဏိကဂုတ္တော၊ အဏိကဂုတ္တအမည်ရှိသော။ ရာဇာ၊ မင်းသည်။ အဘိရူပေါ၊ အလွန်အဆင်းလှ၏ ။ တဿ၊ ထိုအနိကဂုတ္တမင်းအား။ တွံ၊ သင်ကို။ ဒိန္နာ၊ ပေးအပ်၏ ။
တွံ၊ သင်ချစ်သမီးသည်။ အဏိကဂုတ္တဿ၊ အဏိကဂုတ္တမည်သော။ ရာဇိနော၊ မင်း၏ ။ ဘရိယာ၊ မယားဖြစ်သော။ အဂ္ဂမဟေသီ၊ မိဖုယားကြီးသည်။ ဘဝိဿသိ၊ ဖြစ်လတ္တံ့။ ပုတ္တိကေ၊ ချစ်သမီးသုမေဓာ။ သီသာနိ၊ ပါတိမောက္ခသံဝရစသောသီလလေးပါးတို့သည်လည်းကောင်း။ ဗြဟ္မစရိယံ၊ သာသနာတော်သည်လည်းကောင်း။ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်သည်လည်းကောင်း။ ဒုက္ကရာ၊ ပြုခက်ကျင့် ခက်စွာကုန်၏ ။
ရဇ္ဇေ၊ အဏိကဂုတ္တမင်း၏ပြည်၌။ အာဏာ၊ သင်၏ အာဏာနှံ့ခြင်းသည်လည်းကောင်း။ ဓနံ၊ ဤငါတို့အိမ်၌ဖြစ်သောဥစ္စာ လင်အိမ်၌ဖြစ်သောဥစ္စာကိုလည်းကောင်း။ ဣဿရိယံ၊ အစိုးရခြင်းလည်းကောင်း။ သုခါ၊ အလွန်နှစ်သက်အပ်ကုန်သော။ ဘောဂါ၊ စည်းစိမ်တို့လည်းကောင်း။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသည်။ တုယှံ၊ သင်၏ ။ ဟတ္ထဂတံ၊ ထက်သို့ရောက်၏ ။ တွံ၊ သင်သည်။ ဒဟရိကာပိ၊ အရွယ်လည်းပျိုနုစွာသေး၏ ။ တသ္မာ၊ ထိုကြောင့်။ ကာမဘောဂေ၊ ကာမဂုဏ်စည်းစိမ်တို့ကို။ ဘုဉ္ဇာဟိ၊ ခံစားဦးလော့။ ပုတ္တိ၊ ချစ်သမီး။ တေန၊ ထိုကြောင့်။ တေ၊ သင်အား။ ဝါရေယျုံ၊ ဤနေ့ ဤလထိမ်းမြားအံ့ဟုချိန်းချက်သည်လည်း။ ဟောတု၊ ဖြစ်စေလော။
အထ၊ ထိုအခါ၌။ နေ၊ ထိုအမိအဘတို့ကို။ သုမေဓာ၊ သုမေဓာသတို့သမီးသည်။ ဘဏတိ၊ ဆို၏ ။ ကိံ ဘဏတိ၊ အဘယ်သို့ဆိုသနည်း။ မေ၊ ငါ့အား။ ဧဒိသိကာနိ၊ ဤသို့သဘောရှိကုန်သောအဏိကဂုတ္တမင်း၏ပြည်၌အာဏာနှံ့ခြင်းစသည်တို့သည်။ မာဘဝန္တု၊ မဖြစ်ပါစေကုန်လင့်။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ ဘဝဂတံ၊ ဘုံသုံးပါး၌ဖြစ်သောဝဋ်ဆင်းရဲသည်။ အသာရံ၊ အနှစ်မရှိ။ တသ္မာ၊ ထိုကြောင့်တည်း။ မေ၊ အကျွန်ုပ်အား။ ပဗ္ဗဇ္ဇာဝါ၊ ရဟန်းအဖြစ်သည်လည်းကောင်း။ မရဏံဝါ၊ သေခြင်းသည်လည်းကောင်း။ ဟေဟိတိ၊ မချွတ်ဖြစ်လတ္တံ့။ တေန၊ ထိုအဏိကဂုတ္တမင်းနှင့်။ ဝါရေယျံ၊ ထိမ်းမြားအံ့ဟုချိန်ချက်ခြင်းသည်။ နစေဝဟေဟိတိ၊ မဖြစ်လတ္တံ့။
ကိံ၊ အဘယ်သို့အနှစ်မရှိသနည်း။ သဝနဂန္ဓံ၊ ထွက်သောအနံ့လည်းရှိထသော။ ဘယာနကံ၊ ရာဂမကင်းသေးသောသူတို့အားကြောက်ခြင်းကိုဆောင်တတ်ထသော။ ကုဏပသ္တံဣဝ၊ မြွေကောင်ပုပ် ခွေးကောင်ပုပ်တို့ဖြင့်ပြည့်သောသားရေအိမ်ကဲ့သို့။ အသုစိပုဏ္ဏံ၊ အထူးထူးအပြားပြားသောမစင်တို့ဖြင့် ပြည့်သည်ဖြစ်၍။ သကိံ ပဂ္ဃရိတံ၊ တစ်ကြိမ်ကဲ့သို့ အခါခပ်သိမ်းယိုစီးသော။ ဣမံဂတ္တံ၊ ဤငါ၏ကိုယ်ကို။ ပူတိကာယံ၊ အကောင်ပုပ်ဟူ၍။ အသုစိံ၊ မစင်ကြယ်သောကိုယ်ဟူ၍။ အဘိသံဝိသေယျံ၊ နှလုံးသွင်းပေအံ့။ ဝိကုလကံ၊ အလွန်စက်ဆုပ်ဖွယ်ရှိထသော။
မံသသောဏိတပလိတ္တံ၊ မစင်ကြယ်စွာသောအသားအသွေးတို့ဖြင့် လိမ်းကျံထသော။ ကိမိကုလာလယံ၊ များစွာသောပိုးမျိုးရှစ်ဆယ်တို့၏တည်ရာအိမ်သဖွယ်လည်းဖြစ်ထသော။ သကုဏဘတ္တံ၊ ကျီး လင်းတစသောငှက်တို့၏အစာလည်းဖြစ်ထသော။ တံကဠေဝရံ၊ ထိုအကောင်ပုပ်တို့။ အဟံ၊ ငါသည်။ ဇာနန္တီ၊ သိသည်ဖြစ်၍။ ဌိတာ၊ တည်၏ ။ တံမံ၊ ထိုငါ့ကို။ ကိဿ၊ အဘယ့်ကြောင့်။ ဒိယျတီတိ၊ အိမ်ရာထောင်ခြင်း၏အစွမ်းဖြင့်ရှုအပ်၏ဟူ၍။ ဒဿေတိ၊ ပြဘိသနည်း။ တဉ္စ၊ ထိုပြခြင်းသည်လည်း။ ကိမိဝ၊ အဘယ်ကဲ့သို့။ ဟောတိ၊ ဖြစ်သနည်း။
ကာယော၊ ဤခန္ဓာကိုယ်ကို။ အစိရံ၊ မကြာမြင့်ခင်။ အပေတဝိညာဏော၊ သေသည်ဖြစ်၍ဝိညာဉ်ကင်းသည်ရှိသော်။ သုသာနံ၊ သုသာန်သို့။ နိဗ္ဗုယှတိ၊ ဆောင်အပ်၏ ။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ ဇာဂုစ္ဆမာနေဟိ၊ စက်ဆုပ်ကုန်သည်ဖြစ်၍။ ကဠိင်္ကရံဝိယ၊ အနှစ်မရှိသောထင်းတုံးတို့ကဲ့သို့။ ဆုဋ္ဌော၊ စွန့်ပစ်အပ်၏ ။
နိယကာ၊ မိမိကိုဖြစ်စေတတ်ကုန်သော။ မာတာပိတရော၊ အမိအဘတို့သည်လည်း။ ပရဘတ္တံ၊ တစ်ပါးသောမြေခွေးစသည်တို့၏အစာဖြစ်ထသော။ နံ၊ ထိုအကောင်ပုပ်ကို။ သုသာနေ၊ သုသာန်၌။ ဆုဋ္ဌုန၊ စွန့်ပစ်ခဲ့၍။ ဇိဂုစ္ဆန္တာ၊ ဤအကောင်ပုပ်၏နောက်မှလိုက်ရသည်ဟု စက်ဆုပ်ကုန်သည်ဖြစ်၍။ နှာယန္တိ၊ ဦးခေါင်းနှင့်တကွငုတ်၍ရေချိုးကုန်၏ ။ သာဓာရဏာ၊ မိမိနှင့်ဆွေမျိုးဆက်ဆံကာမျှသာဖြစ်ကုန်သော။ နေတာ၊ သုသာန်သို့ဆောင်တတ်သောမိဘမှတစ်ပါးသော တစ်ပါးသောသူတို့သည်ကား။ ကိံ ပန၊ အဘယ်မာစက်ဆုပ်ဘွယ်မရှိချေတုံအံ့နည်း။
ဗာလာ၊ သူမိုက်တို့သည်။ အသာရေ၊ မြဲခြင်းစသောအနှစ်မရှိထသော။ အဋ္ဌိနှာရုသင်္ဃာတေ၊ အရိုးစုအကြောစုသာဖြစ်ထသော။ ခေဠပုဉ္ဇပဿာဝပရိပုဏ္ဏေ၊ တံတွေးစု ကျင်ငယ်စုတို့ဖြင့် ပြည့်ထသော။ ပူတိကာယမှိ၊ အပုပ်အစုဖြစ်သော။ ကဠေဝရေ၊ ဤခန္ဓာကိုယ်၌။ အဇ္ဈောသိကာ၊ တဏှာ၏အစွမ်းဖြင့်လွှမ်းမိုးဘိစီး၍ တည်ကုန်၏ ။
ယော၊ အကြင်သူသည်။ နံကဠေဝရံ၊ ထိုအကောင်ကို။ ဝိနိဗ္ဘုဇ္ဈိတွာ၊ ဉာဏ်ဖြင့်ခွဲခြမ်းဝေဖန်ခြင်းကိုပြု၏ ။ အဿ ကာယဿ၊ ထိုအကောင်ပုပ်၏။ အဗ္ဘန္တရံ၊ အတွင်းအင်္ဂါကို။ ဗာဟီရံ၊ အပ၌။ ကယိရာ၊ အကယ်၍ပြုငြားအံ့။ အဿကာယဿ၊ ထိုအကောင်ပုပ်၏။ ဂန္ဓံ၊ ပုပ်သိုးသောအနံ့ကို။ အသဟမာနာ၊ သည်းမခံနိုင်သည်ဖြစ်၍။ သကာပိမာတာ၊ မိမိအမိပင်ဖြစ်သော်လည်း။ ဇိဂုစ္ဆေယျ၊ စက်ဆုပ်လေရာ၏။
ခန္ဓဓာတုအာယတနံ၊ ခန္ဓာဓာတ်အာယတနဆိုအပ်သောရုပ်နာမ်တရားအပေါင်းကို။ သင်္ခတံ၊ ကံစိတ်ဥတုအာဟာရတည်းဟူသောအကြောင်းတရားတို့သည်ကပ်၍ပြုပြင်အပ်၏။ တယိဒံ၊ ထိုသင်္ခါရတရားဟုဆိုအပ်သော။ ဒုက္ခံ၊ ထိုဘဝ၌ဖြစ်သောဆင်းရဲသည်။ ဇာတိမူလကံ၊ ပဋိသန္ဓေနေခြင်းလျှင်အကြောင်းရှိ၏။ ဣတိ၊ ဤသို့။ ယောနိသော၊ အသင့်အားဖြင့်။ အနုဝိစိနန္တီ၊ ကြံဆင်ခြင်လေ့ရှိသောငါသည်။ ဝါရေယျံ၊ အိမ်ထိမ်းမြားခြင်းကို။ ကိဿ၊ အဘယ်ကြောင့်။ ဣစ္ဆိဿံ၊ အလိုရှိတော့အံ့နည်း။
ဒိပသေဒိဝသေ၊ နေ့တိုင်းနေ့တိုင်း။ နဝနဝါနိ၊ ထိုခဏ၌သွေးအပ်သောအဖြစ်ဖြင့် အသစ်အသစ်ဖြစ်ကုန်သော။ တိသတ္တိသတာနိ၊ သုံးရာသောလှံတို့သည်။ ကာယမှိ၊ ငါ၏ကိုယ်၌။ နိပါတေယျုံ၊ ကျကုန်ရာ၏။ ဧဝံ၊ ဤသို့ကျသဖြင့်။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ ခယော၊ ကုန်ခြင်းသည်။ စေဘဝေယျ၊ အကယ်၍ဖြစ်ငြားအံ့။ ဝဿသတံပိစ၊ အနှစ်တစ်ရာပတ်လုံးလည်း။ ပတမာနော၊ ကျသော။ ဃာတော၊ ဆိုအပ်ခဲ့ပြီးသောလှံဖြင့်ထိုးမိခြင်းသည်။ သေယျော၊ မြတ်၏ ။
ယော၊ အကြင်သူသည်။ ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ သတ္ထုနော၊ မြတ်စွာဘုရား၏ ။ ဝစနံ၊ အစမထင်သောသံသရာ အတိုင်းမသိသောဝဋ်ဆင်းရဲကိုပြတတ်သောစကားတော်ကို။ ဝိညူ၊ သိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တေန၊ ထိုလှံထိုးမိခြင်းဖြင့်။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏ ။ ခယော၊ ကုန်ခြင်းသည်။ စေသိယာ၊ အကယ်၍ဖြစ်ငြားအံ့။ ဃာတံ၊ လှံထိုးမိသောဆင်းရဲကို။ အဇ္ဈုပဂစ္ဆေ၊ သည်းခံရာ၏ ။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဟညမာနာနံ၊ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်းစသောဆင်းရဲတို့ဖြင့် နှိပ်စက်အပ်ကုန်သော။ တေသံဝ၊ ထိုသူမိုက်တို့အားသာလျှင်။ သံသာရော၊ သံသရာသည်။ ဒီဃော၊ ရှည်၏ ။
ဒေဝေသုစ၊ နတ်ပြည်တို့၌လည်းကောင်း။ မနုဿေသုစ၊ လူ့ပြည်တို့၌လည်းကောင်း။ တိရစ္ဆာနယောနိယာ၊ တိရစ္ဆာန်အမျိုး၌လည်းကောင်း။ အသုရကာယေ၊ ကာလကဉ္စိကစ‌သော ပြိတ္တာအသုရကာယ်ဘုံ၌လည်းကောင်း။ ပေတေသုစ၊ နိဇ္ဈာမတဏှိကစသော ပြိတ္တာဘုံ၌လည်းကောင်း။ နိရယေသုစ၊ ငရဲဘုံတို့၌လည်းကောင်း။ အပရိမိတာ၊ မနှိုင်းယှဉ်နိုင်အပ်ကုန်သော။ ဃာတာ၊ ကိုယ်စိတ်ကိုညှဉ်းဆဲတတ်ကုန်သောဆင်းရဲတို့သည်။ ဒိယတေ၊ ထင်ကုန်၏ ။
ဝိနိပါတဂတဿ၊ အပါယ်သို့လားသည်ဖြစ်၍။ ကိလိဿမာနဿ၊ ထိုးခြင်း ခုတ်ခြင်းအစရှိသည်တို့ဖြင့်ဆင်းရဲသောသတ္တဝါအား။ နိရယေသု၊ အပါယ်လေးဘုံတို့၌။ ဗဟူ၊ များစွာကုန်သော။ ဃာတာ၊ ကိုယ်စိတ်၏ဆင်းရဲခြင်းတို့သည်။ ဒိယတေ၊ ထင်ကုန်၏ ။ ဒေဝေသုပိ၊ နတ်ပြည်တို့၌လည်း။ အတာဏံ၊ ရာဂပူပန်ခြင်းစသည်ဖြင့်ဆင်းရဲခြင်းရှိသည်ဖြစ်၍ ကိုးကွယ်ရာမရှိ။ နိဗ္ဗာနသုခါ၊ နိဗ္ဗာန်ချမ်းသာထက်။ ပရံ၊ လွန်မြတ်သောတစ်ပါးသောချမ်းသာသည်။ နတ္ထိ၊ မရှိ။
ဒသဗလဿ၊ မြတ်စွာဘုရား၏ ။ ပါဝစနေ၊ သာသနာတော်၌။ ယုတ္တာ၊ လုံ့လအားထုတ်ကုန်သော။ ယေ၊ အကြင်သူတော်ကောင်းတို့သည်။ ဇာတိမရဏပဟာနာယ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသေခြင်းကို ပယ်အံ့သောငှါ။ အပ္ပေါဿုက္ကာာ၊ တစ်ပါးသောအမှုတို့၌အားထုတ်ခြင်းကင်းကုန်သည်ဖြစ်၍။ ဃဋေန္တိ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌လုံ့လပြုကုန်၏ ။ တေ၊ ထိုသူတော်ကောင်းတို့သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တာ၊ ရောက်သည်မည်ကုန်၏ ။
တာတာ၊ မယ်တော်ခမည်းတော်တို့။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အဘိနိက္ခမိဿံ၊ တောထွက်၍ရဟန်းပြုတော့အံံ့။ အသာရေဟိ၊ အနှစ်မရှိကုန်သော။ ဘောဂေဟိ၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ မေမယာ၊ အကျွန်ုပ်သည်။ ကာမာ၊ ကာမဂုဏ်တို့ကို။ နိဗ္ဗိဏ္ဏာ၊ ငြီးငွေ့အပ်ကုန်ပြီ။ ဝန္တသမာ၊ ထွေးအန်သည်နှင့်အတူအန်ခြင်းတို့ကို။ ကတာ၊ ပြုအပ်ကုန်ပြီ။ တာလဝတ္ထုကတာ၊ ထန်းပင်ငုတ်ကဲ့သို့တစ်ဖန်မပေါက်မရောက်သည်တို့ကိုပြုအပ်ကုန်ပြီ။
သာစ၊ ထိုသုမေဓာမင်းသမီးသည်လည်း။ ဝိတရံ၊ မယ်တော်ခမည်းတော်ကို။ ဧဝံ၊ ဤသို့အ်ိမ်ရာထောင်ခြင်း၌အလိုမရှိ ရဟန်းအဖြစ်ကိုအလိုရှိသောအခြင်းအရာဖြင့်။ ဘဏတိ၊ ဆို၏ ။ ဧဝံဝုတ္တေ၊ ဤသို့သုမေဓာသမီးတော်ကဆိုသည်ရှိသော်။ အမ္မ၊ ချစ်သမီး။ တရုဏာ၊ သင်အားပျိုရွယ်နုငယ်သေး၏ရဟန်းပြုခါမရောက်သေးဟု။ အဏိကဂုတ္တေစ အဏိကဂုတ္တဿ၊ အဏိကဂုတ္တအမည်ရှိသော။ ယဿ၊ အကြင်မင်းသားအား။ ဥဘယ ဥဘယေဟိ၊ နှစ်ယောက်သောငါတို့သည်။ ဒိန္နေဒိန္နာ၊ သင်သမီးချစ်ကိုပေးအပ်ပြီ။ ဝါရေယျံဝတ၊ စင်စစ်လျှင်သင်ကို အဏိကဂုတ္တမင်းသားနှင့်ထိမ်းမြားအံ့။ ကာလေ၊ ထိမ်းမြားအံ့သောကာလသည်။ ဥပဋ္ဌိတေ၊ ယခုအဏိကဂုတ္တမင်းသားအား အပ်နှင်းပြီးဖြစ်၍နီးချေပြီ။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ မယ်တော်ခမည်းတော်တို့ဆိုအပ်သည်ရှိသော်။
မထ၊ ထိုမယ်တော် ခမည်းတော်တို့နှင့် စကားပြောပြီးနောင်မှ။ သုမေဓာ၊ သုမေဓာမင်းသမီးသည်။ အသိတနိစိတမုဒုကေ၊ ပတ္တမြားညို ပိတုန်းတောင်နှင့်တူသည်ဖြစ်၍ တစ်ခဲနက်တူကုန်သော လက်ပန်လဲနှင့်အတူ နူးညံ့သောအတွေ့ရှိကုန်သော။ ကေသေ၊ မိမိဆံတို့ကို။ ခဂ္ဂေန၊ ထက်စွာသောသန်လျက်ဖြင့်။ ဆိန္ဒိယ၊ ဖြတ်၍။ ပါသာဒဉ္စ၊ နေရာပြာသာဒ် ကျက်သရေတိုက်ကိုလည်း။ ပိဒဟိတွာ၊ ပိတ်၍။ ပဌမဇ္ဈာနံ၊ မိမိထံ၌ ကမ္မဋ္ဌာန်းစီးဖြန်း၍ရသော ပဌမဈာန်ကို။ သမာပဇ္ဇိ၊ ဝင်စား၏ ။
သာစ၊ ထိုသုမေဓာမင်းသမီးသည်လည်း။ တဟိံ၊ ထိုပြာသာဒ်၌။ သမာပန္နာ၊ ဈာန်ဝင်စားသည်။ ဟောတိ၊ ဖြစ်၏ ။ အဏိကဂုတ္တောစ၊ အဏိကဂုတ္တမင်းသည်လည်း။ နဂရံ၊ မန္တာဝတီမြို့သို့။ အာဂတော၊ ရောက်လာ၏။ သုမေဓာ၊ သုမေဓာမင်းသမီးသည်။ ပါသာဒေဝ၊ ပြာသာဒ်၌ပင်လျှင်။ အနိစ္စသညံ၊ အနိစ္စသညာကို။ သုဘာဝေတိ၊ ကောင်းစွာပွါး၏ ။
သာစ၊ ထိုသုမေဓာမင်းသမီးသည်လည်း။ မနသိကရောတိ၊ ကမ္မဋ္ဌာန်းကိုနှလုံးသွင်း၏ ။ အဏိကဂုတ္တောစ၊ အဏိကဂုတ္တမင်းသည်လည်း။ မဏိကနကဘူသိတင်္ဂေါ၊ ပတ္တမြားဖြင့်ဆန်းကြယ်သော ရွှေဝန်းတန်ဆာတို့ဖြင့် ဆင်အပ်သောကိုယ်ရှိသည်ဖြစ်၍။ တုရိတံ၊ အဆောတလျှင်။ အာရုဟိ၊ ပြာသာဒ်ထက်သို့တက်၏ ။ ကတဉ္ဇလီ၊ လက်အုပ်ချီလျက်။ သုမေဓံ၊ သုမေဓာမင်းသမီးကို။ ယာစတိ၊ တောင်းပန်၏ ။ ကိံ ယာစတိ၊ အဘယ်သို့တောင်းပန်သနည်း။
ရဇ္ဇေ၊ ငါ၏ပြည်၌။ အာဏာ၊ အစိုးရခြင်းသည်လည်းကောင်း။ ဓနံ၊ ဥစ္စာသည်လည်းကောင်း။ ဣဿရိယံ၊ အခြွေအရံစည်းစိမ်၏ပြည့်စုံခြင်းသည်လည်းကောင်း။ သုခါ၊ နှစ်လိုဘွယ်ရှိကုန်သော။ ဘောဂါ၊ ကာမဂုဏ်ချမ်းသာကိုခံစားခြင်းတို့သည်လည်းကောင်း။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသည်။ တုယှံ၊ သင်၏ ။ ဟတ္ထဂတံ၊ လက်သို့ရောက်၏ ။ တွံ၊ သင်သုမေဓာမင်းသမီးသည်။ ဒဟရိကာ၊ ငယ်သေးသည်။ အသိ၊ ဖြစ်၏ ။ ကာမဘောဂေ၊ ကာမဂုဏ်စည်းစိမ်တို့ကို။ ဘုဉ္ဇာဟိ၊ ခံစားဦးလော့။ လောကေ၊ လောက၌။ ကာမသုခါ၊ ကာမဂုဏ်ချမ်းသာတို့ကို။ သုဒုလ္လဘာ၊ အလွန်ရခဲကုန်၏ ။
တေ၊ သင်အား။ ရဇ္ဇံ၊ သုံးယူဇနာရှိသောငါ၏ပြည်ကို။ နိဿဋ္ဌံ၊ ငါစွန့်အပ်၏။ တေဘောဂေ၊ ထိုကာမဂုဏ်စည်းစိမ်တို့ကို။ ဘုဉ္ဇဿု၊ ခံစားဦးလော့။ ဒါနာနံ၊ များစွာသောအလှူဝတ္ထုတို့ကို။ ဒေဟိ၊ ပေးလှူဦးလော့။ ဒုမ္မနာ၊ နှလုံးမသာသည်။ မာအဟောသိ၊ မဖြစ်လင့်။ တေ၊ သင်၏ ။ မာတာပိတရော၊ အမိအဘတို့သည်။ ဒုက္ခိတာ၊ စိတ်ဆင်းရဲခြင်းသို့ရောက်ကုန်၏ ။ ဣတိ၊ ဤသို့။ ယာစတိ၊ တောင်းပန်၏ ။
တံ၊ ထိုအဏိကဂုတ္တမင်းကို။ သုမေဓာ၊ သုမေဓာမင်းသမီးသည်။ ဘဏတိ၊ ဆို၏ ။ အဏိကဂုတ္တ၊ အဏိကဂုတ္တမင်း။ အဟံ၊ ငါသည်။ ကာမေဟိစ၊ ကာမဂုဏ်တို့ဖြင့်လည်း။ အနတ္ထိကာ၊ အလိုမရှိ။ ဝိဂတမောဟာ၊ တွေဝေခြင်းကင်း၏ ။ တွံ၊ သင်သည်။ ကာမေ၊ ကာမဂုဏ်တို့ကို။ မာအဘိနန္ဒိ၊ မနှစ်သက်လင့်။ ကာမေသု၊ ကာမဂုဏ်တို့၌။ အာဒီနဝံ၊ အပြစ်ကို။ ပဿ၊ ဉာဏ်မျက်စိဖြင့်ရှုလော။
စတုဒီပေါ၊ လေးကျွန်းလုံးကိုအစိုးရသော။ ကာမဘောဂီနံ၊ ကာမဂုဏ်စည်းစိမ်ကိုခံစားသောသူတို့ထက်။ အဂ္ဂေါ၊ မြတ်သော။ မန္ဓာတာ၊ မန္ဓာတုအမည်ရှိသော။ ရာဇာ၊ စကြာဝတေးမင်းသည်။ အာသိ၊ ရှေးအခါ၌ဖြစ်ဘူး၏ ။ သော၊ ထိုမန္ဓာတ်စကြာဝတေးမင်းသည်။ အတိတ္တော၊ ရှည်စွာသောကာလပတ်လုံးမန္ဓာတ်မင်းစည်းစိမ်စတုမဟာရာဇ် တာဝတိံသာနတ်ပြည်၌ဖြစ်သောစည်းစိမ်ကို ခံစားရလျက်ကာမဂုဏ်တို့ဖြင့်မရောင့်ရဲသည်ဖြစ်၍သာလျှင်။ ကာလင်္ကတော၊ သေလေ၏ ။ အဿ၊ ထိုမန္ဓာတ်စကြာဝတေးမင်းအား။ ဣစ္ဆာ၊ ကာမဂုဏ်တို့၌အလိုသည်။ နစပရိပူရိတာ၊ ပြည့်လည်း မပြည့်လေသေး။
ဝုဋ္ဌိမာ၊ မိုးသည်။ ဒသဒိသာ၊ အရပ်ဆယ်မျက်နှာတို့ကို။ ဗျာပေတွာ၊ နှံ့စေ၍။ သမန္တေန၊ ထက်ဝန်းကျင်မှ။ သတ္တရတနာနိ၊ ရတနာခုနစ်ပါးတို့ကို။ ဝဿေယျ၊ မန္ဓာတ်မင်းလက်ထက်ကဲ့သို့ရွာငြားအံ့။ ဧဝံပိ၊ ဤသို့ရွာသော်လည်း။ ကာမာနံ၊ ကာမဂုဏ်တို့ဖြင့်။ တိတ္တိ၊ ရောင့်ရဲခြင်းသည်။ နစအတ္ထိ၊ မရှိ။ အတိတ္တာဝ၊ ကာမဂုဏ်ဖြင့်မရောင့်ရဲသည်ဖြစ်၍သာလျှင်။ နရာ၊ လူမိုက်တို့သည်။ မရန္တိ၊ သေရကုန်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။ အသိသုလူပမာ၊ ဆင်းရဲ၏တည်ရာဖြစ်သောကြောင့်သန်လျက်သွားနှင့်တူကုန်၏ ။ သပ္ပသိရူပမာ၊ ဘေးနှင့်တကွဖြစ်သောကြောင့် မြွေဦးခေါင်းနှင့်တူကုန်၏ ။ ဥက္ကောပမာ၊ မြက်မီးရှူးနှင့်တူကုန်သည်ဖြစ်၍။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏ ။ အဋ္ဌိကင်္ကလ သန္တိဘာ၊ သာယာဘွယ်မရှိသောကြောင့်အရိုးဆက်အရိုးနှင့်တူကုန်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ အဓုဝါ၊ အမှန်မရှိကုန်။ ဗဟုဒုက္ခာ၊ များစွာ‌သောဆင်းရဲခြင်းရှိကုန်၏ ။ မဟာဝိသာ၊ လတ်တလောသေစေတတ်သောအဆိပ်နှင့်တူကုန်၏ ။ အယောဂုဠောဝ၊ ပြောင်ပြောင်တောက်သော သံတွေကဲ့သို့။ သန္တတ္တော၊ ပူပန်၏ ။ အဃမူလာ၊ ဆင်းရဲခြင်းအကြောင်းဖြစ်ကုန်၏ ။ ဒုက္ခဖလာ၊ ဆင်းရဲခြင်းတည်းဟူသောအကျိုးရှိကုန်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။ ရုက္ခဖလူပမာ၊ အင်္ဂါကြီးငယ်တို့၏ သုံးဆောင်ရာဖြစ်သောအနက်ကြောင့်သစ်သီးနှင့်တူကုန်၏။ မံသပေသူပမာ၊ အမျိုးတို့၏ဆက်ဆံရာဖြစ်သောအနက်ကြောင်းသားတစ်နှင့်တူကုန်၏။ ယာစိတကူပမာ၊ တစ်သက်လျာဟူသောအနက်ကြောင့်ငှါး၍ သုံးဆောင်အပ်သောဥစ္စာနှင့်တူကုန်၏ ။ သုပိနောပမာ၊ အိပ်မက်နှင့်တူကုန်၏ ။ ဝဉ္စနိယာ၊ လှည့်ပတ်တတ်ကုန်၏ ။
ကာမာ၊ ကာမဂုဏ်တို့သည်။ သတ္တိသူလူပမာ၊ စူးဝင်တတ်သောအနက်ကြောင့်လှံသွားနှင့်ကုန်၏။ ရောဂေါ၊ ကျင်နာတတ်သောကြောင့်အနာမည်၏။ ဂဏ္ဍော၊ ကိလေသာတည်းဟူသောမစင်ကိုယိုစေတတ်သောကြောင့် အိုင်းအမာမည်၏ ။ အဃံ၊ ဘေးကိုဖြစ်စေတတ်သောကြောင့် ဆင်းရဲမဘ်၏ ။ နီဃံ၊ သေခြင်းသို့ရောက်စေတတ်သောကြောင့်သေခြင်းမည်၏ ။ အင်္ဂါရကာ ကာသုသဒိသာ၊ ပြင်းစွာပူပန်စေတတ်သောကြောင့် မီးကျီးတွင်းနှင့်တူကုန်၏ ။ အဃမူလံ၊ ဆင်းရဲခြင်း၏အကြောင်းဖြစ်၏ ။ ဘယံ၊ ကြောက်မက်ဘွယ်ရှိသောကြောင့် ဘေးမည်၏ ။ ဝဓော၊ သူသတ်နှင့်တူသည်၏အဖြစ်ကြောင့်သတ်တတ်သည်မည်၏ ။
ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဗဟုဒုက္ခာ၊ များသောဆင်းရဲခြင်းရှိကုန်၏ ။ အန္တရာယိကာ၊ မဂ်ဖိုလ်နိဗ္ဗာန်၏ အန္တရာယ်ကိုပြုတတ်ကုန်၏ဟူ၍။ အက္ခတာ၊ ဘုရားအစရှိသောသူတော်ကောင်းတို့သည် ဟော‌တော်မူအပ်ကုန်၏ ။ တုမှေ၊ သင်အဏိကဂုတ္တမင်းတို့သည်။ ဂစ္ဆထ၊ သွားလေကုန်လော။ မေ၊ ငါ့အား။ ဘဝဂတေ၊ ဘုံသုံးပါး၌။ အတ္တနော၊ ငါနှင့်။ ဝိဿာသော၊ အကျွမ်းဝင်သောသူသည်။ နအတ္ထိ၊ မရှိ။
အတ္တနော၊ ငါ၏ ။ သီသမှိ၊ ဦးခေါင်းကို။ ဒယှမာနမှိ၊ ရာဂစသော တစ်ဆယ့်တစ်ပါးသောမီးတို့ဖြင့်လောင်ခဲ့သည်ရှိသော်။ ဇရာမရဏေ၊ အိုခြင်း သေခြင်းသည်။ အနုဗန္ဓေ၊ အစဉ်လိုက်သည်ရှိသော်။ ပရော၊ ငါမှတစ်ပါးသောသူသည်။ မမ၊ ငါ့အား။ ကိံ၊ အဘယ်မည်သောအစီးအပွါးကို။ ကရိဿတိ၊ ပြုလတ္တံံ့နည်း။ တဿ၊ ထိုအိုခြင်းသေခြင်းဦးခေါင်းကိုမီးလောင်ခြင်းကို။ ဃာတာယ၊ ဖျက်ဆီးအံ့သောငှါ။ မယာ၊ ငါသည်။ ဃဋိတဗ္ဗံ၊ လုံ့လပြုအပ်၏ ။
အဟံ၊ ငါသုမေဓာသည်။ ဒွါရံ၊ တံခါးသို့။ အပါပုဏိတွာန၊ မရောက်မီ။ မာတာပိတ‌ရော၊ မယ်တော်ခမည်းတို့ကိုလည်းကောင်း။ အဏိကဂုတ္တဉ္စ၊ အဏိကဂုတ္တမင်းကိုလည်းကောင်း။ ဆမာ၊ မြေ၌။ နိသိန္နေ၊ ထိုင်နေကုန်သည်ဖြစ်၍။ ရောဒန္တေ၊ ငိုကုန်သည်တို့ကို။ ဒိသွာ၊ မြင်၍။ ဣဒံ၊ ဤဆိုလတ္တံ့သောစကားကို။ အဝေါစံ၊ ဆို၏ ။
အနမတဂ္ဂေ၊ အစမထင်သောသံသရာ၌။ ပိတု၊ အဘ၏ ။ မရဏေ၊ သေခြင်းကြောင့်လည်းကောင်း။ ဘာတု၊ မောင်ကို။ ဝဓေ၊ သတ်ခြင်းကြောင့်လည်းကောင်း။ အတ္တနော၊ မိမိကိုယ်ကို။ ဝဓေစ၊ သတ်ခြင်းကြောင့်လည်းကောင်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ရောဒတံရောဒန္တာနံ၊ စိုးရိမ်သည်ဖြစ်၍ ငိုကြွေးကုန်သော။ ဗာလာနံဝါ၊ ပိုင်းခြား၍မသိအပ်သောအကြောင်းရှိသော သူမိုက်တို့အားသာလျှင်။ သံသရော၊ ခန္ဓာအာယတန စသည်တို့၏မပြတ်ဖြစ်ခြင်းဟု ဆိုအပ်သောသံသရာသည်။ ဒီဃော၊ ရှည်၏ ။
သံသာရံ သံသာရဿ၊ ခန္ဓာအာယတန စသည်တို့၏မပြတ်ဖြစ်ခြင်းဟု ဆိုအပ်သောသံသရာ၏ ။ အနမတဂ္ဂတော အနမတဂ္ဂတ္တာ၊ အဖန်တလဲလဲသိအပ်သောအစမရှိသည်၏အဖြစ်ကြောင့်။ ဒီဃေန၊ ရှည်စွာသော။ အဓုနာ၊ ကာလဖြင့်။ သံသရတံသံသရန္တာနံ၊ ကျင်လည်ရကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏ ။ အဿု၊ ဆွေမျိုးတို့၏ပျက်စီးခြင်းစသည်ဖြင့်တွေ့သည်ဖြစ်၍ ငိုသောအခါ ထွက်သောမျက်ရည်ကိုလည်းကောင်း။ ထညံ၊ ငယ်သောအခါအမိနို့မှ စို့အပ်သောနို့ရည်ကိုလည်းကောင်း။ ရုဓိရံ၊ ရန်သူတို့သတ်သောအခါထွက်သောသွေးကိုလည်းကောင်း။ တုမှေ၊ သင်တို့သည်။ သရထ၊ အောက်မေ့ကုန်လော့။ အဋ္ဌီနံ၊ အရိုးတို့၏ ။ သန္နိယံ၊ အပုံအစုကိုလည်း။ သရထ၊ အောက်မေ့ကုန်လော့။
အဿုထညေ၊ တစ်ယောက်သောသူ၏ထွက်သောမျက်ရည်စို့သောနို့ရည်၌လည်းကောင်း။ ရုဓိရမှိ၊ ယိုစီးသောသွေး၌လည်းကောင်း။ ဥပနိတေ၊ ဥပမာ၏အစွမ်းဖြင့် ဘုရားတို့သည်ဆောင်၍ ဟောတော်မူအပ်ကုန်သော။ စတုရောဒဓိ၊ သမုဒ္ဒရာလေးစင်းရေတို့ကို။ သရ၊ အောက်မေ့လေလော့။ ဧကကပ္ပေ၊ တစ်ခုတည်းသောကမ္ဘာ၌။ အဋ္ဌီနံ၊ တစ်ယောက်သောသူ၏အရိုးတို့၏ ။ သဉ္စယံ၊ အစုအပုံကို။ ဝိပုလေန၊ တစ်ယူဇနာအစောက်မြင့်သော ဝေပုလတောင်နှင့်။ သမံ၊ အတူသမျှ။ ဥပနီတံ၊ ဥပမာဆောင်၍ဟောတော်မူသည်။ သရ၊ အောက်မေ့လေလော့။
ဇမ္ဗုဒီပံ၊ ဇမ္ဗူဒိပ်ကျွန်းဟုဆိုအပ်သော။ မဟိံ၊ အထုနှစ်သိန်းလေးသောင်းအပြောယူဇနာတစ်သောင်းရှိသောမြေကို။ ကောလဋ္ဌိမတ္တာ၊ အိမ်ဇီးသီးစေ့ခန့်ရှိကုန်သော။ ဂုဠိကာ၊ အလုံးတို့ကို။ ကတွာ၊ ပြု၍။ ဝိဘဇိယမာနေ၊ ဤအလုံးတစ်ခုသည် ငါ၏အမိ ဤအလုံးတစ်ခုသည် ငါ၏အဘွားစသည်ဖြင့်ခွဲဝေသည်ရှိသော်။ အနမတဂ္ဂေ၊ အဖန်တလဲလဲသိအပ်သော အစမရှိသောသံသရာ၌။ သံသာရတောသံသရန္တဿ၊ ကျင်လည်သောသတ္တဝါ၏ ။ မာတုပိတုသွေဝ၊ အမိအဘွားတို့၌ပင်လျှင်။
တံ၊ ထိုဇမ္ဗုဒီပါမြေကြီးကို ဥပမာဆောင်၍ဟောတော်မူသောစကားတော်ကိုလည်း။ မနသိကရောဟိ၊ နှလုံးသွင်းလော့။ တိဏကဋ္ဌသာခါပလာသံ၊ ဤဇမ္ဗူဒိပ်ကျွန်း၌ရှိသမျှသောမြက်သစ်သားသစ်ခက်သစ်ရွက်ကို။ စတုရင်္ဂုလိတာ၊ လက်လေးသစ်အတိုင်းအရှည်ရှိကုန်သော။ ဃဋိကာ၊ အထုံးအပိုင်းတို့ကို။ ကတွာ၊ ပြု၍။ ပိတူသု၊ အဘတို့ကို။ ဝိဘဇိယမာနေသု၊ ဤအထုံးသည် ငါ့အဘ ဤအထုံးသည်ငါအဘိုး စသည်ဖြင့်ခွဲဝေအပ်ကုန်သည်ရှိသော်။ တာဃဋိကာ၊ ထိုအထုံးအပိုင်းတို့သည်။ သံသာရဿ၊ သံသရာ၏ ။ အနမတဂ္ဂတော၊ အစမထင်သောကြောင့်။ ပိတုပိတူသွေဝ၊ အဘအဘိုးတို့၌ပင်လျှင်။ နပ္ပဟောန္တိ၊ မလောက်နိုင်ကုန်။
ဧဝံ၊ ဤသို့။ ဥပနီတံ၊ မြက်သစ်သားသစ်ခက်သစ်ရွက်ကိုဥပမာဆောင်၍ဟောတော်မူသည်ကို။ သရ၊ အောက်မေ့လျော့။ ကာဏကစ္ဆပံ၊ မျက်စိနှစ်ဖက်ကန်းသောလိပ်ကို။ မနုဿလာဘမှိ၊ လူ၏အဖြစ်ကိုရခြင်း၌။ ဩပမံ၊ ဥပမာကို။ ကတွာ၊ ပြု၍။ သရ၊ အောက်မေ့လေလော။ ကထံ၊ အဘယ်သို့သောအောက်မေ့ရာသနည်း။ ပုဗ္ဗေသမုဒ္ဒေ၊ အရှေ့သမုဒ္ဒရာ၌လည်းကောင်း။ အပရတောစ၊ အနောက်သမုဒ္ဒရာ မြောက်သမုဒ္ဒရာ တောင်သမုဒ္ဒရာ၌လည်းကောင်း။ ယုဂစ္ဆိဒ္ဒံ၊ လေ၏အစွမ်းဖြင့်မျောပါလေသောထမ်းပိုး၏ ။ တဿ၊ ထိုအနှစ်တစ်ရာ တစ်ရာလွန်မှတစ်ကြိမ်သာ လည်ကိုပေါ်သောလိပ်ကန်း၏ ။ သီရံ၊ ဦးခေါင်းကို။ ပဋိမုက္ကံစ၊ စွပ်မိခဲသောထက်အလူအဖြစ်ကိုရခဲ၏ဟုဟောတော်မူသည်ကိုလည်း။ သရ၊ အောက်မေ့လေလော့။
ဖေဏပိဏ္ဍောပမာယ၊ နှိပ်နှယ်ခြင်းငှါမခံ့သောကြောင့် ရေမြှုပ်စိုင်နှင့်တူသော။ အသာရဿ၊ မြဲခြင်းစသောအနှစ်မရှိသော။ ကာယကလိနော၊ များစွာသောအကျိုးစီးပွါးမဲ့တို့၏စုဝေးရာဖြစ်သောကြောင့်ကိုယ်ဟုဆိုအပ်သောအစု၏ ။ ရူပံ၊ စက်ဆုပ်ဖွယ်ရှိသည်၏အဖြစ်ကို။ သရ၊ အောက်မေ့လော။ ခန္ဓေ၊ ဥပါဒါန်တရားတို့သည်စွဲလမ်းအပ်ကုန်သော တေဘူမကခန္ဓာတို့ကို။ အနိစ္စေ၊ အမြဲမရှိသည်တို့ကို။ ပဿ၊ ဉာဏ်မျက်စိဖြင့်ရှုလေလော။ နိရယေ၊ ငရဲကြီးရှစ်ထပ်ဥဿဒ္ဒရက်ငရဲတစ်ဆယ့်ခြောက်ထပ်၌။ ဗဟုဝိဃာထော၊ များစွာသောဆင်းရဲခြင်းရှိသည်တို့ကို။ သရာဟိ၊ အောက်မေ့လေလော။
တာသုတာသုဇာတီသု၊ ထိုထိုသို့သောဘဝတို့၌။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ကဋသ္မိံ၊ သင်္ချိုင်းရာမြေကို။ ဝဍ္ဎေန္တေ၊ တစ်ပြောင်ပြန်ဖြစ်သဖြင့်ပွါးစေကုန်သောသတ္တဝါတို့ကို။ သရ၊ အောက်မေ့လေလော။ ကုမ္ဘိလဘယာနိစ၊ ဝမ်းစာကိုရှာမှီးသောအဖြစ်တည်းဟူသောဘေးတို့ကိုလည်း။ သရ၊ အောက်မေ့လေလော။ စတ္တာရိ၊ လေးပါးကုန်သော။ သစ္စာနိ၊ အရိယသစ္စာတို့ကိုလည်း။ သရာဟိ၊ အောက်မေ့လေလော။
အမတမှိ၊ မြတ်စွာဘုရားသည်အနီးသို့ဆောင်အပ်သောသူတော်ကောင်းတရားတည်းဟူသောအမြိုက်အရသာသည်။ ဝိဇ္ဇာမာနေ၊ ရှိလျက်။ တေ၊ သင်၏ ။ ပဉ္စကဋုကေန၊ ရှာမီးခြင်း သိမ်းဆည်းခြင်း စောင့်ရှောက်ခြင်း သုံးဆောင်ခြင်း ဝေဖန်ခြင်းတည်းဟူသော ငါးပါးသောအခါးအစပ်ရှိသောကာမဂုဏ်ငါးပါးအရသာကို။ ပီတေန၊ သောက်သဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏ ။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ကာမရတိယော၊ ကာမဂုဏ်ငါးပါးအရသာတို့သည်။ ပဉ္စကဋုကေန၊ ရှာမှီးခြင်းသိမ်းဆည်းခြင်း စောင့်ရှောက်ခြင်း သုံးဆောင်ခြင်း ဝေဖန်ခြင်းတည်းဟူသောငါးပါးသောအခါးအစပ်ဖြင့်။ ကဋုကတရာ၊ အလွန်ခါးစပ်စွာကုန်၏ ။
အမတမှိ၊ မြတ်စွာဘုရားသည် အနီးသို့ဆောင်အပ်သောသူတော်ကောင်းတရားတည်းဟူသော အမြိုက်အရသာသည်။ ဝိဇ္ဇမာနေ၊ ရှိလျက်။ ယေကာမာ၊ အကြင်ကာမဂုဏ်တို့သည်။ ပရိဠာဟာ၊ ပစ္စုပ္ပန်တမလွန်၌ ပူပန်ခြင်းပင်ပန်းခြင်းရှိကုန်၏ ။ တေဟိကာမေဟိ၊ ထိုကာမဂုဏ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဟိသစ္စံ၊ မှန်၏ ။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ကာမရတိယော၊ ကာမဂုဏ်အရသာတို့သည်။ ဇလိတာ၊ ရာဂစသောတစ်ဆယ့်တစ်ပါးသောမီးတို့ဖြင့် ပြောင်ပြောင်တောက်ကုန်သည်ဖြစ်၍။ ကုဓိတာ၊ ကြိုက်ကြိုက်ဆူကုန်သည်ဖြစ်၍။ တသိတာ၊ သတ္တဝါတို့ကို ထိတ်လန့်စေတတ်ကုန်၏ ။ သံကပ္ပိတာ၊ သတ္တဝါတို့ကိုပူပန်စေတတ်ကုန်၏ ။
အသပတ္တမှိ၊ ရန်သူငါးပါးမှကင်းသောရဟန်း၏အဖြစ်သည်။ သမာနေ၊ ရှိလျက်။ ယေ၊ အကြင်ကာမဂုဏ်တို့သည်။ ဗဟုသပတ္တာ၊ များသောရန်သူငါးပါးရှိကုန်၏။ တဝ၊ သင်၏။ တေဟိကာမေဟိ၊ ထိုများသောရန်သူရှိသောကာမဂုဏ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ကာမာ၊ ကာမဂုဏ်ငါးပါးတို့သည်။ ရာဇဂ္ဂိစောရဥဒကပ္ပိယေဟိ၊ မင်းမီးခိုးသူရေမချစ်နှစ်လိုသောရန်သူတို့နှင့်။ သာဓာရဏာ၊ ဆက်ဆံကုန်သည်ဖြစ်၍။ ဗဟုသပတ္တာ၊ များသောရန်သူငါးပါးရှိကုန်၏ ။
မောက္ခမှိ၊ ကိလေသာမှလွတ်ရာဖြစ်သောအရဟတ္တဖိုလ်နိဗ္ဗာန်သည်။ ဝိဇ္ဇမာနေ၊ ရှိလျက်။ ယေသု၊ အကြင်ကာမဂုဏ်တို့၌။ ဝဓဗန္ဓော၊ သတ်ခြင်းပုတ်ခတ်ခြင်း‌ နှောင်ဖွဲ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏ ။ တဝ၊ သင်၏ ။ တေဟိကာမေဟိ၊ ထိုကာမဂုဏ်ငါးပါးတို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဟိယသ္မာ၊ အကြင့်ကြောင့်။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဝဓဗန္ဓနာနိ၊ သတ်ခြင်းနှောင်ဖွဲ့ခြင်းအစရှိကုန်သော။ ဒုက္ခာနိ၊ ဆင်းရဲတို့ကို။ အနုဘောန္တိ၊ ခံစားရကုန်၏။ တသ္မာ၊ ထိုကြောင့်။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဝဓဗန္ဓော၊ သတ်ခြင်းနှောင်ဖွဲ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏ ။ ကာမာ၊ ကာမဂုဏ်တို့မည်သည်ကား။ အသာ၊ သူတော်ကောင်းမဟုတ်ကုန်။
အာဒီပိတာ၊ ပြောင်ပြောင်တောက်ကုန်သော။ တိဏုက္ကာ၊ မြက်ဖြင့်ပြုပြင်အပ်ကုန်သောမီးရှူးတို့သည်။ ဂဏှန္တံ၊ မိမိကိုတိုင်သောသူကို။ ဒဟန္တိ၊ လောင်ကုန်၏ ။ မုဉ္စန္တံ၊ လွှတ်သောသူကို။ နေဝဒဟန္တိ၊ မလောင်ကုန်။ ယေ၊ အကြင်သတ္တဝါတို့သည်။ တေ၊ ထိုကာမဂုဏ်တို့ကို။ နမုဉ္စန္တိ၊ မလွှတ်ကုန်။ တေ၊ ထိုသတ္တဝါတို့ကို။ ဒဟန္တိ၊ ပစ္စုပ္ပန်တမလွန်၌လောင်တတ်ကုန်သည်သာလျှင်တည်း။
အဟံ၊ ငါသည်။ အပ္ပကဿ၊ အနည်းငယ်သော။ ကာမသုခဿ၊ ကာမဂုဏ်ချမ်းသာ၏။ ဟေတု၊ အကြောင်းကြောင့်။ ဝိပုလံ၊ ပြန့်ပြောများမြတ်သောလောကုတ္တရာတရားချမ်းသာကို။ မာဇဟိ၊ မစွန့်ပြီ။ ဗဠိသံ၊ သံမျှားချိတ်ကို။ ဂိဠိတွာ၊ အစာ၌တပ်မက်မောသဖြင့်မျို၍။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပါပုဏန္တော၊ ရောက်သော။ ပုထုလောဣဝ၊ ငါးကဲ့သို့။ ကာမေ၊ ကာမဂုဏ်ချမ်းသာတို့ကို။ အပရိစ္စဇိတွာ၊ မစွန့်မူ၍။ ပစ္ဆာ၊ နောက်၌။ မာဝိဟညသိ၊ ပင်ပန်းခြင်းသို့မရောက်ပြီ။
သင်္ခါနုဗန္ဓော၊ လည်တောက်ကြိုးဖြင့်နှောင်ဖွဲ့အပ်သော။ သုနခေါ၊ ခွေးသည်။ အညတော၊ တစ်ပါးသောအရပ်သို့။ ဂန္တုံ၊ သွားခြင်းငှါ။ နသက္ကောတိဣဝ၊ မတတ်နိုင်သကဲ့သို့။ တွံ၊ သင်သည်။ ကာမတဏှာဗန္ဓော၊ ကာမတဏှာဖြင့်နှောင်ဖွဲ့အပ်၏။ ကာမံ၊ စင်စစ်။ ကာမေသု၊ ကာမဂုဏ်တို့၌။ တာဝဒမဿု၊ ဣ‌န္ဒြေကိုဆုံးမဦးလော့။ စဏ္ဍာလာ၊ ခွေးသားစားမျိုးဒွန်းစဏ္ဍားတို့သည်။ ဆာတာ၊ မွတ်သိပ်ကုန်သည်ဖြစ်၍။ သုနခံ၊ ခွေးကို။ အနယဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။ ပါပေန္တိဣဝ၊ ရောက်စေကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ ကာမာ၊ ကာမဂုဏ်တို့သည်။ တံ၊ သင့်ကို။ ကာဟိန္တိ၊ အကျိုးမဲ့ပျက်စီးခြင်းသို့ရောက်သည်ကိုပြုကုန်လတ္တံ့။
တွံ၊ သင်သည်။ ကာမယုတ္တော၊ ကာမဂုဏ်တို့နှင့်ယှဉ်သည်ဖြစ်၍။ အပရိမိထံ၊ နှိုင်းယှဉ်ခြင်းငှါမတတ်ကောင်းသော။ ဒုက္ခဉ္စ၊ ငရဲစသည်တို့၌ဖြစ်သောကိုယ်၏ဆင်းရဲခြင်းကိုလည်းကောင်း။ ဗဟူနိ၊ များစွာကုန်သော။ စိတ္တဒေါမနဿာနိစ၊ စိတ်၌ရအပ်သောနှလုံးမသာယာခြင်းတည်းဟူသော စိတ်၏ဆင်းရဲခြင်းတို့ကိုလည်းကောင်း။ အနုဘောဟိသိ၊ ခံစားရလတ္တံ့။ အဓုဝေအဓုဝေဟိ၊ မမြဲကုန်သော။ ကာမေကာမေဟိ၊ ကာမဂုဏ်တို့မှ။ ပဋိနိဿဇ၊ ဖဲလေလော့။
သဗ္ဗတ္ထ၊ အလုံးစုံကုန်သော။ ယေသုဘဝါ့ဒီသု၊ အကြင်ဘဝအစရှိသည်တို့၌။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဇာတိယော၊ ပဋိသန္ဓေနေခြင်းတို့သည်။ ယသ္မာ၊ အကြင်ကြောင့်။ ဇရာမရဏဗျာဓိဂဟိတာ၊ အိုခြင်းသေခြင်းနာခြင်းသည်စွဲလမ်းအပ်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ အဇရမှိ၊ မအိုရာဖြစ်သောနိဗ္ဗာန်သည်။ ဝိဇ္ဇာမာနေ၊ ရှိလျက်။ ကာမေဟိ၊ အိုခြင်းစသည်မှမလွတ်သောကာမဂုဏ်တို့ဖြင့်။ တဝ၊ သင်အား။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။
ဣဒံ၊ ဤနိဗ္ဗာန်တစ်ခုသည်သာလျှင်။ အဇရံ၊ အိုခြင်းမရှိ။ ဣဒံ၊ ဤနိဗ္ဗာန်တစ်ခုသည်သာလျှင်။ အမရံ၊ သေခြင်းမရှိ။ ဣဒံ၊ ဤနိဗ္ဗာန်တစ်ခုသည်သာလျှင်။ အဇရာမရံ၊ အိုခြင်းသေခြင်းနှစ်ပါးမရှိ။ ပဒံ၊ ဝဋ်ဆင်းရဲမှလွတ်လိုသောသူတို့သည်ကျင့်အပ်၏ ။ အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိ။ အသပတ္တံ၊ ရန်သူလည်းမရှိ။ အသမ္ဗာဓံ၊ ကိလေသာတည်းဟူသောကျဉ်းမြောင်းခြင်းလည်းမရှိ။ အခလိတံ၊ ဒုစရိုက်တည်းဟူသောချွတ်ယွင်းခြင်းလည်းမရှိ။ အဘယံ၊ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းစသောဘေးလည်းမရှိကုန်။ နိရုပတာပံ၊ ဆင်းရဲပူပန်ခြင်းလည်းမရှိ။
ဣဒံအမတံ၊ ဤသေခြင်းကင်းသောနိဗ္ဗာန်ကို။ ဗဟူဟိ၊ ဘုရားအစရှိသောများစွာသောပုဂ္ဂိုလ်တို့သည်။ အဓိဂတံ၊ မျက်မှောက်ပြု၍သိအပ်၏။ အဇ္ဇာပိစ၊ ယခုလည်း။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ယောနိသော၊ အသင့်အားဖြင့်။ ပယုဉ္ဇတိ၊ ကမ္မဋ္ဌာန်းစီးဖြန်းဖြင်းကိုအားထုတ်၏ ။ တေန၊ ထိုပုဂ္ဂိုလ်သည်။ ဣဒံ၊ ဤသေခြင်းကင်းသောနိဗ္ဗာန်ကို။ လဗ္ဘနီယံ၊ ရခြင်းငှါတတ်‌ကောင်း၏ ။ အဃဋမာနေန၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌အားမထုတ်သောပုဂ္ဂိုလ်သည်။ လဒ္ဓုံ၊ ရခြင်းငှါ။ နသက္ကာ၊ မတတ်ကောင်း။
ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီ‌းသောအပြားဖြင့်။ သုမေဓာ၊ သုမေဓာမင်းသမီးသည်။ ဓမ္မကထံ၊ တရားစကားကို။ ဘဏတိ၊ ဟော၏ ။ သုမေဓာ၊ မင်းသမီးသည်။ သင်္ခါရဂတေ၊ သင်္ခါရအပေါင်း၌။ ရတိံ၊ မွေ့လျော်ခြင်းကို။ အလဘမာနာ၊ မရသည်ဖြစ်၍။ အဏိကဂုတ္တံ၊ အဏိကဂုတ္တမင်းကို။ အနုနေန္တီ၊ သီစေလိုသည်ဖြစ်၍။ ကေသေဝ၊ သန်လျက်ဖြင့်ဖြတ်ပြီးသော မိမိဆံတို့ကိုသာလျှင်။ ဆမံ၊ မြေကြီး၌။ ဆုဘိ၊ ပြာသာဒ်ထက်မှပစ်ချလိုက်၏ ။
သောအဏိကဂုတ္တော၊ ထိုအဏိကဂုတ္တမင်းသည်။ ဥဋ္ဌာယ၊ နေရာမှထ၍။ အဉ္ဇလိကော၊ လက်အုပ်ချီလျက်။ တဿာ၊ ထိုမင်းသမီး၏ ။ ပိတရံ၊ အဘဖြစ်သောကောဉ္စမင်းကြီးကို။ ယာစိ၊ တောင်းပန်၏ ။ ကထံယာစိ၊ အဘယ်သို့တောင်းပန်သနည်း။ သုမေဓံ၊ သုမေဓာမင်းသမီးကို။ ပဗ္ဗဇိတုံ၊ ရဟန်းပြုစိမ့်သောငှါ။ ဝိဿဇ္ဇေထ၊ ခွင့်လွှတ်ပါကုန်လော့။ သာ၊ ထိုသုမေဓာမင်းသမီးသည်။ ဝိမောက္ခသစ္စာ၊ မဖောက်မပြန်သောနိဗ္ဗာန်ကိုမြင်သည်။ အဿ၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ ယာစိ၊ တောင်းပန်၏ ။
သုမေဓာ၊ သုမေဓာမင်းသမီးသည်။ မာတာပိတူဟိ၊ အမိအဘတို့သည်။ ဝိဿဇ္ဇိတာ၊ ခွင့်လွှတ်အပ်သည်ဖြစ်၍။ သောကဘယဘီတာ၊ စိုးရိမ်ခြင်းသံသရာဘေးမှကြောက်လန့်သောဉာဏ်ရှိသည်ဖြစ်၍။ ပဗ္ဗဇိ၊ ရဟန်းပြု၏ ။ တာယ၊ ထိုသုမေဓာမင်းသမီးသည်။ သိက္ခမာနာယ၊ သိက္ခမာန်ဖြစ်စဉ်။ ဆအဘိညာ၊ အဘိညာဉ်ခြောက်ပါးတို့ကို။ သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ အဂ္ဂဖလဉ္စ၊ အရဟတ္တဖိုလ်ကိုလည်း။ သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ပြီ။
ရာဇကညာယ၊ သုမေဓာမင်းသမီး၏ ။ တံနိဗ္ဗာနံ၊ ထိုကိလေသာတို့မှငြိမ်းခြင်းသည်။ အစ္ဆရိယံ၊ အံ့ဘွယ်သရဲရှိသည်။ အဗ္ဘုတံ၊ မဖြစ်ဖူးမြဲဖြစ်သည်။ အာသိ၊ ဖြစ်၏ ။ ပစ္ဆိမေ၊ အဆုံးစွန်ဖြစ်သော။ ကာလေ၊ ပရိနိဗ္ဗာန်လွန်ကာနီးကာလ၌။ ပုဗ္ဗေနိဝါသစရိတံ၊ ရှေးနေခဲ့ဖူးသောခန္ဓာ၌ အကျုံးဝင်သောအကျင့်ကို။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ သာ၊ ထိုသုမေဓာမင်းသမီးသည်။ ဗျာကရိ၊ ကြား၏ ။ တထာ၊ ထိုအခြင်းအရာဖြင့်။ ဇာနိတဗ္ဗံ၊ သိအပ်၏ ။
ကောဏာဂမနေ၊ ကောဏာဂုံအမည်တော်ရှိသော။ ဘဂဝတိ၊ မြတ်စွာဘုရားသည်။ ဥပ္ပန္နေ၊ လောက၌ထင်ရှားဖြစ်တော်မူသည်ရှိသော်။ နဝနိဝေသမှိ၊ သံဃာကိုရည်၍ဆောက်အပ်သောအရံ၌။ သခိယော၊ အဆွေခင်ပွန်းမဖြစ်ကုန်သော။ တီဏိတိဿော၊ ဓနဉ္စာနိခမာ၊ သုမေဓာဟူသောသုံးယောက်ကုန်သော။ ဇနိယော၊ မိန်းမဖြစ်ကုန်သော။ မယံ၊ ငါတို့သည်။ ဝိဟာရဒါနံ၊ ကျောင်းအလှူကို။ အဒါသိမှာ၊ လှူခဲ့ဘူးကုန်၏ ။
တဿ၊ ထိုကျောင်းအလှူ၏ ။ အနုဘာဝေန၊ အာနုဘော်ကြောင့်။ ဒသသက္ခတ္တုံ၊ ဆယ်ကြိမ်လည်းကောင်း။ သတက္ခတ္တုံ၊ အကြိမ််တစ်ရာလည်းကောင်း။ ဒသသတက္ခတ္တုံ၊ အကြိမ်တစ်ထောင်လည်းကောင်း။ ဒသသဟဿက္ခတ္တုံ၊ အကြိမ်တစ်သောင်းလည်းကောင်း။ ဒေဝေသု၊ နတ်ပြည်တို့၌။ မယံ၊ ငါတို့သုံးယောက်တို့သည်။ ဥပပဇ္ဇိမှာ၊ ဖြစ်ဖူးကုန်၏ ။
မနုဿေသု၊ လူ့ပြည်၌ဖြစ်သောအကြိမ်တို့၌။ ကောပနဝါဒေါ၊ အဘယ်ဆိုဘွယ်ရာရှိအံ့နည်း။ ဒေဝေသု၊ နတ်ပြည်တို့၌။ ဥပ္ပန္နကာလေ၊ ဖြစ်သောအခါ၌။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိသော နတ်တို့သည်။ အဟုမှာ၊ ဖြစ်ဘူးကုန်၏ ။ မာနုသိကာမှိ၊ လူ့ပြည်၌ဖြစ်၍ တန်ခိုးကြီးသောအဖြစ်၌။ ကောဝါဒေါ၊ အဘယ်ဆိုဘွယ်ရာရှိအံ့နည်း။ အဟံ၊ ငါသည်။ သတ္တရတနဿ၊ ရတနာခုနစ်ပါးနှင့်ပြည့်စုံသောစကြာဝတေမင်း၏။ မဟေသီ၊ မိဖုရားကြီးဖြစ်သော။ ဣတ္ထိရတနံ၊ မိန်းမရတနာသည်။ အာသိံ၊ ဖြစ်ဘူးပြီ။
သော၊ ထိုကောဏာဂုံမြတ်စွာဘုရားလက်ထက်သံဃာအား ကျောင်းကိုလှူခြင်းတည်းဟူသောအကြောင်းသည်။ ယထာဝုတ္တဒိဗ္ဗသမ္ပိတ္တိယာ၊ အကြင်အကြင်ဆိုအပ်ခဲ့ပြီးသောနတ်စည်းစိမ်၏။ ဟေတု၊ အကြောင်းတည်း။ သော၊ ထိုကောဏာဂုံမြတ်စွာလက်ထက်သံဃာအား ကျောင်းကိုလှူခြင်းတည်းဟူသောအမွန်သည်။ ယထာဝုတ္တဒိဗ္ဗသမ္ပိတ္တိယာ၊ အကြင်အကြင်ဆိုအပ်ခဲ့ပြီးသောနတ်စည်းစိမ်၏။ ပဘဝေါ၊ အမွန်တည်း။ တံ၊ ထိုကောဏာဂုံမြတ်စွာဘုရားလက်ထက်တော်၌ သံဃာအားကျောင်းကိုလှူခြင်းတည်းဟူသောအရင်းသည်။ ယထာဝုတ္တဒိဗ္ဗသမ္ပိတ္တိယာ၊ အကြင်အကြင်ဆိုအပ်ခဲ့ပြီးသောနတ်စည်းစိမ်၏။ မူလံ၊ အရင်းတည်း။ သာစေတနာ၊ ထိုစေတနာသည်။ သတ္ထုသာသနေ၊ အရှင်ဂေါတမမြတ်စွာဘုရားသာသနာတော်၌။ ခန္တီ၊ ရှုမြင်ခဲနိုင်သော ဝိပဿနာပညာသည်။ ဟောတိ၊ ဖြစ်၏ ။ တံကမ္မံ၊ ထိုကံသည်။ ပဌမံ၊ ရှေးဦးစွာ။ သမောဓာနံ၊ ပေါင်းခြင်းသို့။ ဂတံ၊ ရောက်၏။ တံကမ္မံ၊ ထိုကံသည်။ ဓမ္မရတာယ၊ ကျင့်ဝတ်တရား၌ မွေ့လျော်ခြင်းကြောင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏ ။
ယေ၊ အကြင်သူတော်ကောင်းတို့သည်။ အနောမပညဿ၊ မယုတ်မမာမြတ်လှစွာသောပညာရှိတော်မူသောမြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်ကို။ သဒ္ဓဟန္တိ၊ ယုံကြည်ကုန်၏။ တေ၊ ထိုပညာရှိသောသူတော်ကောင်းတို့သည်။ ဧဝံ၊ ဤသို့ဟောတော်မူတိုင်း။ ကရောန္တိ၊ ကျင့်ကုန်၏ ။ ကရောန္တာ၊ ကျင့်ကုန်သောသူတို့သည်။ ဘဝဂတေ၊ ဘဝသုံးပါး၌ဖြစ်သောသံသရာဝဋ်၌။ နိဗ္ဗိန္ဒန္တိ၊ ငြီးငွေ့ကုန်၏ ။ ဝိရဇ္ဇန္တိ၊ ဘဝ၌တပ်ခြင်းကင်းကုန်၏။ ဝိရဇ္ဇိတွာ၊ တပ်ခြင်းကင်းကုန်၍။ ဝိမုစ္စန္တိ၊ ဘဝတို့မှလွတ်ကုန်၏ ။
သုမေဓာ၊ သုမေဓာထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုန်သောအပ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
မဟာနိပါတော၊ မဟာနိပါတ်သည်။ သမတ္တော၊ ပြီးပြီ။
ထေရီဂါထာယော၊ ထေရီမတို့၏ဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့သည်။ သမတ္တာ၊ ပြီးကုန်ပြီ။
အာသဝက္ခယာ၊ ကုန်ပြီးသောအာသဝေါရှိကုန်သော။ ဧကုတ္တရသတာ၊ တစ်ယောက်ဖြင့်လွန်သော တစ်ရာအတိုင်းအရှည်ရှိကုန်သော။ ယာထေရီယော၊ အကြင်ထေရီမတို့သည်။ သန္တိ၊ ရှိကုန်၏ ။ သဗ္ဗာ၊ အလုံးစုံကုန်သော။ တာ၊ ထိုထေရီမတို့သည်။ သတာနိစတ္တာရိ၊ လေးရာအတိုင်းအရှည်ရှိကုန်သော။ ဂါထာယော၊ ဂါထာတို့ကိုလည်းကောင်း။ အသီတိ၊ ရှစ်ဆယ်အတိုင်းအရှည်ရှိကုန်သော။ ဂါထာယော၊ ဂါထာတို့ကိုလည်းကောင်း။ ပုန၊ တစ်ဖန်။ စုဒ္ဒသဂါထာ၊ တစ်ဆယ့်လေးဂါထာတို့ကိုလည်းကောင်း။ ဘာသန္တိ၊ ဆိုကုန်၏ ။
ထေရီယော၊ ထေရီမတို့၏ဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့သည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ကုန်၏ ။