Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

4. Aḍḍhakāsitherīgāthā

Author: နိဿယ @ IAPT

(၂၂) ကာသိဇနပဒေါ၊ ကာသိတိုင်း၌ဖြစ်သောအစွန်ဇနပုဒ်သည်။ ယာဝယတ္တကော၊ အကြင်တစ်ထောင်မျှလောက်အတိုင်းအရှည်ရှိသည်။ အသိ၊ ဖြစ်၏။ တတ္တကော၊ ထိုမျှလောက်အတိုင်းအရှည်ရှိသောအစွန်ဇနပုဒ်သည်။ မေ၊ ငါအဍ္ဎကာသိ၏။ သုင်္ကော၊ အခွန်သည်။ အဟု၊ ဖြစ်ပြီ။ တံ၊ ထိုငါးရာမျှလောက်သောဥစ္စာကို။ အဂ္ဃံကတွာ၊ အတိုးပြု၍။ နိဂမော၊ နိဂုံး၌နေ‌သောလူအပေါင်းသည်။ အဍ္ဎေန၊ ထက်ဝက်အားဖြင့်။ အဂ္ဃံ၊ မှီဝဲတိုးပေးရခြင်းတည်းဟူသောအကြောင်းကြောင့်။ မံ၊ ငါ့ကို။ ဌပေသိ၊ အဍ္ဎကာသိဟူသောအမည်၏အစွမ်းဖြင့်ထားပြီ။ ။
အထ၊ ထိုနောင်မှ။ အဟံ၊ ပြည့်တန်ဆာမဖြစ်သောငါသည်။ ရူပေ၊ အဆင်း၌။ နိဗ္ဗိန္ဒ၊ အနိစ္စဒုက္ခ အသုဘဟုရှု၍ငြီး‌ငွေ့ပြီ။ နိဗ္ဗိန္ဒဉ္စနိဗ္ဗိန္ဒန္ဒီ၊ ငြီးငွေ့သည်ဖြစ်၍လည်း။ အဟံ၊ ငါအဍ္ဎကာသိသည်။ ဝိရဇ္ဇိံ၊ တပ်ခြင်းကင်းပြီ။ ပုနဇာတိံ၊ တဖန်ပဋိသန္ဓေနေခြင်းရှိသော။ သံသာရံ၊ သံသရာ၌။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ မာသန္ဓာဝေယျံ၊ မကျင်လည်းရအံ့သတည်း။ မယာ၊ ငါအဍ္ဎကာသိသည်။ တိဿောဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးတို့ကို။ သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ လိုက်နာရပြီ။ ။
အဍ္ဎကာသိ၊ အဍ္ဎကာသိထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ ။