၁၀. ဧကာဒသကနိပါတ်
၁. ကိသာဂေါတမီထေရီဂါထာ
(၆၃)
မုနိနာ၊ မြတ်စွာဘုရားသည်။
ကလျာဏမိတ္တတာ၊ ကောင်းသောအဆွေခင်ပွန်းရှိသောသူ၏အဖြစ်ကို။
လောကံ၊ သတ္တလောကကို။
အာဒိဿ၊ ရည်၍။
ဝဏ္ဏိတာ၊ ခြီးမွမ်းအပ်၏ ။
ကလျာဏမိတ္တေ၊ အဆွေခင်ပွန်းကောင်းတို့ကို။
ဘဇမာနော၊ မှီဝဲဆီးကပ်ရသောပုဂ္ဂိုလ်သည်။
ဗာလောအပိ၊ ရှေးကပင်မိုက်သော်လည်း။
ပဏ္ဍိတော၊ ပညာရှိပြန်သည်။
အဿ၊ ဖြစ်ရာ၏ ။
တသ္မာ၊ ထိုကြောင့်။
သပ္ပုရိသာ၊ ဘုရားအစရှိသောသူတော်ကောင်းတို့ကို။
ဘဇိတဗ္ဗာ၊ အခါခပ်သိမ်းမှီဝဲဆည်းကပ်အပ်ကုန်၏ ။
တထာ၊ ထိုငါဆိုတိုင်းမှန်၏ ။
ဘဇန္တာနံ၊ သူတော်ကောင်းတို့ကို။
ဘဇိတဗ္ဗာ၊ အခါခပ်သိမ်းမှီဝဲဆည်းကပ်အပ်ကုန်၏ ။
တထာ၊ ထိုငါဆိုတိုင်းမှန်၏ ။
ဘဇန္တာနံ၊ သူတော်ကောင်းတို့သို့ ဆည်းကပ်ကုန်သောသူတို့အား။
ပညာ၊ ပညာသည်။
ပဝဍ္ဎတိ၊ ပွားများ၏ ။
သပ္ပုရိသေ၊ ဘုရားအစရှိသောသူတော််ကောင်းတို့ကို။
ဘဇမာနော၊ မှီဝဲဆည်းကပ်ရသော ပုဂ္ဂိုလ်သည်။
သဗ္ဗေဟိပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ဒုက္ခေဟိ၊ ပဋိသန္ဓေနေခြင်း စသောဝဋ်ဆင်းရဲတို့မှ။
မုစ္စေယျ၊ လွတ်လေရာ၏ ။
ဒုက္ခဉ္စ၊ ဝဋ်ဆင်းရဲဟုဆိုအပ်သော ဒုက္ခသစ္စာကိုလည်းကောင်း။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏ ။
သမုဒယဉ္စ၊ ဖြစ်ခြင်း၏အကြောင်းဖြစ်သော တဏှာဟုဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း။
နိရောဓဉ္စ၊ ဝဋ်ဆင်းရဲ၏ချုပ်ရာနိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။
မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကိုလည်းကောင်း။
ဣတိ၊ ဤသို့။
စတ္တာရိ၊ လေးပါးကုန်သော။
အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။
ဝိဇာနေယျ၊ သိရာ၏ ။
ဣတ္ထိဘာဝေါ၊ မိန်းမဖြစ်ရခြင်းကိုလည်း။
ဒုက္ခော၊ လျှပ်ပေါ်ခြင်းကိုယ်ဝန်ဆောင်ခြင်းသူတစ်ပါးတို့နှင့်စပ်၍ ဖြစ်ခြင်းစသောအပြစ်တို့ဖြင့်ဆင်းရဲ၏ဟူ၍။
ပုရိသဒမ္မသာရထိနာ၊ ယောက်ျားတကာတို့ကိုဆုံးမတတ်သည်ဖြစ်၍ ရထားမှူးနှင့်တူသောမြတ်စွာဘုရားသည်။
အက္ခာတော၊ ဟောတော်မူအပ်၏။
သပတ္တိကမ္ပိ၊ ရန်သူနှင့်ပေါင်းဖော်၍နေရခြင်းသည်။
ဒုက္ခံ၊ ဆင်းရဲ၏ ။
အပ္ပေကစ္စာ၊ အချို့မိန်းမတို့သည်။
သကိံ ဝိဇာတာယော၊ တစ်ကြိမ်သားဖွားရကုန်သည်ရှိသော်။
ဒုက္ခံ၊ ရှေးဦးစွာသားဖွားခြင်းကြောင့်ဖြစ်သောဆင်းရဲကို။
အသဟန္တိယော၊ သည်းမခံနိုင်ကုန်သည်ဖြစ်၍။
ဂလေ၊ မိမိလည်တို့ကို။
အပကန္တန္တိ၊ ဖြတ်ကုန်၏ ။
သုခုမာလိနိယော၊ သိမ်မွေ့သောကိုယ်ရှိသောမိန်းမမျိုးတို့သည်။
ဝိသာနိ၊ အဆိပ်တို့ကို။
ခါဒန္တိ၊ ပင်ပန်းခြင်းကိုသည်းမခံနိုင်သည်ဖြစ်၍စားကုန်၏ ။
ဇနမာရကမဇ္ဈဂတာ၊ တွေဝေသဖြင့် ပဋိသန္ဓေနေသောသူငယ်တို့ကို ကိုယ်ဝန်ဆောင်ရသည်ဖြစ်၍။
ဥဘောပိ၊ သားအမိနှစ်ယောက်တို့သည်။
ဗျာသနာနိ၊ သေခြင်းလျှင်အဆုံးရှိသောပျက်စီးခြင်းတို့သို့။
အနုဘောန္တိ ပါပဏန္တိ၊ ရောက်ကုန်၏ ။
ဥပဝိဇညာ၊ သားဖွားကာနီးသောကာလ၌။
ဂစ္ဆန္တီ၊ ခရီးသွားသော။
အဟံ၊ ငါပဋစာရာသည်။
သကံဂေဟံ၊ မိမိအိမ်သို့။
အပတ္တာ၊ မရောက်မှီ။
ပန္ထေ၊ ခရီး၌။
ဝိဇာယိတွာန၊ သားဖွား၍။
ပတိမတံ၊ မြွေကိုက်၍သေသောလင်ကို။
အဒ္ဒသံ၊ မြင်ရပြီ။
မေ၊ ငါ၏ ။
ဒွေစပုတ္တာ၊ သားငယ်နှစ်ယောက်တို့သည်လည်း။
ကာလကတာ၊ သေခဲ့ကုန်၏ ။
ပတိစ၊ လင်သည်လည်း။
ပန္ထေ၊ ခရီး၌။
မထော၊ သေခဲ့၏ ။
ပကဏိကာယ၊ လင်သားသေသည်ဖြစ်၍ အထီးကျန်သော။
မေ၊ ငါ၏ ။
မာတာပိတာစ၊ အမိအဘတို့သည်လည်းကောင်း။
ဘာတာစ၊ မောင်တို့သည်လည်းကောင်း။
ဧကစိတကာယံ၊ တစ်ခုတည်းသောထင်းပုံ၌။
ဍယှန္တိ၊ မီးလောင်ခဲ့ကုန်၏ ။
ခီဏကုလိနေ၊ စည်းစိမ်ဥစ္စာစသည်တို့ဖြင့် ပျက်စီးခြင်းကုန်ခမ်းခြင်းသို့ရောက်သောအမျိုးရှိသော။
ကပဏေ၊ သူတစ်ပါးတို့သည် မထီမဲ့မြင်ပြုအပ်သောအဖြစ်သို့ရောက်သောကိလေသာဂေါတမီ။
တေတယာ၊ သင်သည်။
အပရိမာဏံ၊ အတိုင်းမသိသော။
ဒုက္ခံ၊ ဆင်းရဲခြင်းကို။
အနုဘူတံ၊ ခံစားရဖူးလေပြီ။
ဗဟူနိဇာတိသဟဿာနိ၊ များစွာသောဘဝအထောင်တို့ပတ်လုံး။
တေ၊ သင်၏ ။
အဿုစ၊ မျက်ရည်သည်လည်း။
ပဝတ္တံ၊ ယိုစီးလှဘူးလေပြီ။
အထောပိ၊ ထိုမှတစ်ပါးလည်း။
သုသာနမဇ္ဈေ၊ သာသာန်အလယ်၌။
ပုတ္တမံသာနိ၊ သား၏အသားတို့ကို။
ခါဒိတာနိ၊ စားဘူးသည်တို့ကို။
ပဿိတံ၊ မြင်ရလေပြီ။
ဟတကုလိကာ၊ ပျက်စီးသောအမျိုးအနွယ်ရှိသည်။
သဗ္ဗဂရဟိတာ၊ သူခပ်သိမ်းတို့ကဲ့ရဲ့အပ်သောအဖြစ်သို့ရောက်သည်။
မတပတိကာ၊ လင်သေမုဆိုးမသည်။
ဟုတွာ၊ ဖြစ်လျက်။
ကလျာဏမိတ္တသေဝါယ၊ အဆွေခင်ပွန်းကောင်းကိုမှီဝဲသဖြင့်။
အမတံ၊ သေခြင်းကင်းသောနိဗ္ဗာန်ကို။
အဓိဂစ္ဆိံ၊ ရပြီ။
မေမယာ၊ ငါသည်။
အရိယော၊ ကိလေသာတည်းဟူသောအပြစ်မရှိထသော။
အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံထသော။
အမထဂါမီ၊ သေခြင်းကင်းသောနိဗ္ဗာန်သို့ရောက်စေတတ်ထသော။
မဂ္ဂေါ၊ မဂ်ကို။
ဘာဝိတော၊ ပွါးစေအပ်ပြီ။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ပြီ။
ဓမ္မာဒါသံ၊ တရားဖြင့်ပြီးသောကြေးမုံကို။
အဟံ၊ ငါသည်။
ကန္တသလ္လာ၊ အရိယာမဂ်ဖြင့်ဖြတ်အပ်သောရာဂစသောငြောင့်ရှိသည်။
ဩဟိတဘာရာ၊ ချအပ်ပြီးသောကိလေသာအဘိသင်္ခါရတည်းဟူသောဝန်ရှိသည်။
အမှိ၊ ဖြစ်၏ ။
မေ၊ ငါသည်။
ကရဏီယံ၊ ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်းအစရှိသောတစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကို။
ကတံ၊ ပြုအပ်ပြီ။
ကိသဂေါတမီ၊ ကိသဂေါတမီမည်သောထေရီမသည်။
သုဝိမုတ္တစိတ္တာ၊ အချင်းခပ်သိမ်းကိလေသာတို့မှ လွတ်သောစိတ်ရှိသည်ဖြစ်၍။
ဣမံအတ္ထံ၊ ဤသို့အနက်ကို။
ဘဏိ၊ ဆိုပြီ။
ကိသဂေါတမီ၊ ကိသဂေါထမီထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဧကဒသကနိပါတော၊ ဧကာဒသကနိပါတ်သည်။
သမတ္တော၊ ပြီးပြီ။