Issues
เลือกเวอร์ชัน
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

၁၄. တိံသနိပါတော

ผู้แต่ง: နိဿယ @ IAPT

၁၄. တိံသနိပါတော

၁. သုဘာဇီဝကမ္ဗဝနိကာထေရီဂါထာ

(၇၁) ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဇီဝကမ္ဗဝနံ၊ အဘယမင်းသားသည်မွေးအပ်သောဇီဝက၏သရက်ဥယျာဉ်တောသို့။ ဂစ္ဆန္တိံ၊ နေခြင်းငှါသွားသော။ သုဘံ၊ သုဘမည်သော။ တံဘိက္ခုနိံ၊ ထိုရဟန်းမိန်းမကို။ ဓုတ္တကော၊ ရာဇဂြိုဟ်ပြည်၌ဖြစ်သော‌ရွှေပန်းထိမ်သည်သားမိန်းမကြူးယောက်ျားသည်။ နိဝါရေသိ၊ သွားခြင်းကိုမြစ်၏ ။ တမေနံ၊ ထိုမိန်းမကြူးသောယောက်ျားကို။ သုဘာ၊ သုဘာမည်သောရဟန်းမိန်းမသည်။ အဗြဝိ၊ ဆိုလေ၏။
အာဝုသော၊ အမောင်လုလင်။ တေ၊ အမောင်လုလင်အား။ မယာ၊ ငါသည်။ ကိံ၊ အဘယ်သို့။ အပရာဓိတံ၊ ပြစ်မှားမိလေသနည်း။ ယံယေနအပရာဓေန၊ အကြင်အပြစ်ကြောင့်။ မံ၊ ဥယျာဉ်သို့သွားပါသောငါ့ကို။ ဩဝရိယာန၊ ခရီးကိုပိတ်၍။ တိဋ္ဌသိ၊ သင်ရပ်ဘိ၏ ။ သော၊ ထိုအပြစ်သည်။ နတ္ထေဝ၊ ငါ၌မရှိသည်သာတည်း။ အာဝုသော၊ အမောင်ရွှေပန်းထိမ်သည်သား။ ပဗ္ဗဇိတာယ၊ ရဟန်းမိန်းမအား။ ပုရိသော၊ ယောက်ျားသည်။ သမ္ဖုသနာယ၊ ထိပါးခြင်းငှါ။ နကပ္ပတိ၊ မအပ်။
အာဝုသော၊ အမောင်ရွှေပန်းထိမ်သည်သား။ ကရု‌ကေ၊ ကျောက်ထီးကဲ့သို့အလေ့ပြုအပ်သော။ မမ၊ ငါ့၏ ။ သတ္ထုသာသနေ၊ ဆရာဖြစ်သောမြတ်စွာဘုရားသာသနာတော်၌။ ယာသိက္ခာ၊ အကြင်အကျင့်ဝတ်သိက္ခာပုဒ်ကို။ သုဂတေန၊ လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားသည်။ ဒေသိတာ၊ ရဟန်းမိန်းမတို့ကိုရည်၍ပညတ်အပ်၏ ။ တာဟိ၊ ထိုရဟန်းမိန်းမတို့သိက္ခာပုဒ်တို့ဖြင့်။ ပရိသုဒ္ဓပဒံ၊ စင်ကြယ်သောကုသိုလ်အစုရှိသော။ အနင်္ဂဏံ၊ ရာဂစသောကိလေသာလည်းမရှိပြီးထသော။ မံ၊ ငါသို့သောရဟန်းမိန်းမကို။ ကိံ၊ အဘယ်အကြောင်းကြောင့်။ ဩဝရိယာန၊ ခရီးကိုပိတ်၍။ တိဋ္ဌသိ၊ သင်ရပ်ဘိသနည်း။
အာဝိလစိတ္တော၊ စိတ်၏နောက်ကျုခြင်းကိုပြုတတ်သောကာမဝိတက်အစရှိသည်တို့၏အစွမ်းဖြင့်နောက်ကျုသောစိတ်ရှိသော။ သရဇော၊ ရာဂစသောကိလေသာတည်းဟူသောမြူရှိသော။ တွံ၊ သင်ရွှေပန်းထိမ်သည်သားသည်။ အနာဝိလံ၊ ကာမဝိတက်အစရှိသည်တို့၏အစွမ်းဖြင့်နောက်ကျုသောစိတ်မရှိပါသော။ ဝိဂတရဇံ၊ ရာဂစသောကိလေသာမြူလည်း ကင်းပြီးထသော။ သဗ္ဗတ္ထ၊ အလုံးစုံသောခန္ဓာငါးပါးအပေါင်း၌။ ဝိမုတ္တမာနသံ၊ အကြွင်းမဲ့ဖြစ်သောလွတ်ခြင်းဖြင့်ကိလေသာတို့မှလွတ်သောစိတ်ရှိထသော။ မံ၊ ငါ့ကို။ ကိံ၊ အဘယ်ကြောင့်။ ဩဝရိယာန၊ ခရီးကိုပိတ်၍။ တိဋ္ဌသိ၊ သင်ရပ်ဘိသနည်း။
ဘဂိနိ၊ နှမ။ တွံ၊ သင်သည်။ ဒဟရာစ၊ ပဌမအရွယ်၌တည်သည်ဖြစ်၍ငယ်လည်းငယ်သေး၏ ။ အပါပိကာစ၊ အဆင်းအားဖြင့်မယုတ်မာသည်သာလျှင်။ အသိ၊ ဖြစ်၏ ။ တေ၊ ပဌမအရွယ်၌တည်သည်ဖြစ်၍ကောင်းသောအဆင်းနှင့်ပြည့်စုံသောသင်အား။ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်သည်။ ကိံ ကရိဿတိ၊ အဘယ်မူစအံ့နည်း။ ကာသာယစီဝရံ၊ ဖန်ရည်ဖြင့်စွန်းသောသင်္ကန်းကို။ နိက္ခိပ၊ ချွတ်လော။ ဧဟိ၊ လာလှည့်လော။ သုပုပ္ဖိတေ၊ လှိုင်စွာပွင့်သောပန်းပင်ရှိသော။ ဝနေ၊ ဥယျာဉ်တော၌။ ရမာမ၊ ငါတို့မွေ့လျော်ပျော်ပါးကုန်အံ့။
ဒုမာ၊ သစ်ပင်တို့သည်။ ကုသုမရဇေန၊ မိမိတို့၏ပန်းဝတ်မှုံစုဖြင့်။ သမုဋ္ဌိတာ၊ တစ်ညီတစ်ညွတ်တည်ကုန်လျက်။ သဗ္ဗသော၊ ထက်ဝန်းကျင်မှ။ မဓုရဉ္စ၊ မွှေးကြိုင်ပျံ့စွာသောအနံ့ကိုလည်း။ ပသဝန္တိ၊ လှိုင်စေကုန်၏ ။ အယံ၊ ဤလဥတုသည်။ ပဌမဝဿန္တော၊ ရှေးဦးစွာသောမိုးလသည်။ ဥတု၊ ရှေးဦးစွာသောမိုးဥတုသည်။ ဟုတွာ၊ ဖြစ်၍။ သုခေါ၊ အလွန်သာယာ၏။ ဘဂိနိ၊ နှမ။ ဧဟိ၊ လာလှည့်။ သုပုပ္ဖိတေ၊ လှိုင်စွာပွင့်သောပန်းပွင့်ရှိထသော။ ဝနေ၊ ဥယျာဉ်တော၌။ မယံ၊ နှစ်ယောက်သောငါတို့သည်။ ရမာမ၊ မွေ့လျော်ပျော်ပါးကုန်အံ့။
ကုသုမိတသိခရာ၊ အဖျားတိုင်အောင်ကောင်းစွာပွင့်သောပန်းပွင့်ရှိကုန်သော။ ပါဒပါ၊ သစ်ပင်တို့သည်။ မာလုတေရိတာ၊ လေခတ်အပ်ကုန်သည်ဖြစ်၍။ အဘိဂဇ္ဇန္တိဝ၊ သောင်းသောင်းသဲသဲအသံရှိကုန်လျက် ချီးမွမ်းသကဲ့သို့မည်ကုန်၏။ တွံ၊ သင်အရှင်မသည်။ ဧကာဝ၊ တစ်ယောက်အထည်တည်းသာ။ ဝနံ၊ တောသို့။ ယဒိဩဂါဟိဿသိ၊ အကယ်၍သက်သည်ဖြစ်အံ့။ တတ္ထ၊ ထိုတော၌။ တုယှံ၊ သင်နှမအား။ ကာ၊ အဘယ်မည်သော။ ရတိ၊ မွေ့လျော်ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
ဝါဠမိဂသံဃသေဝိတံ၊ ခြင်္သေ့သစ်ကျားစသောသားရဲအ‌‌ပေါင်းတို့သည် မှီဝဲအပ်ထသော။ ကုဉ္ဇရမတ္တကရေဏုဠောလိတံ၊ အမုန်ယစ်သောဆင်ပေါက် ဆင်မတို့သည်ချိုးဖဲ့အပ်သောသစ်ရွက်သစ်ခက်သံတို့ဖြင့် ချောက်ချား‌နှောက်ယှက်အပ်သော အရပ်လည်းဖြစ်ထသော။ ရဟိတံ၊ လူမှလည်းကင်းထသော။ ဘီသနကံ၊ ကြောက်မက်ဖွယ်ရှိထသော။ မဟာဝနံ၊ ကြီးစွာသောတောအုပ်သို့။ အသဟာယာ၊ အဖော်အပါတစ်ယောက်တည်းသာလျှင်။ ဂန္တုံ၊ သွားခြင်းငှါ။ ဣစ္ဆသိ၊ သင်အလိုရှိဘိ၏ ။
တပနိယကတာ၊ နီစွာသောရွှေဖြင့် ထုလုပ်စီရင်အပ်သော။ ဓီတိကာဣဗဝ၊ ရွှေဆင်းထုကဲ့သို့။ စိတ္တလတေ၊ စိတ္တလတာမည်သောနတ်ဥယျာဉ်၌။ အစ္ဆရာဣဝ၊ နတ်သမီးတို့ကဲ့သို့။ ဝိစရသိ၊ အလွန်တင့်တယ်လျက်သွား၏ ။ အနူပပေ၊ နှိုင်းယှဉ်ရာမရနိုင်သောနှမ။ တွံ၊ သင်နှမသည်။ ဝဂ္ဂုဟိကာသိကသုခုမေဟိ၊ အလွန်ပြေပြစ်ချောမြေ့မွေ့ညက်ကုန်သော ကာသိကရာဇ်တိုင်း၌ဖြစ်သောသိမ်မွေ့ညံ့သက်သောအဝတ်တို့ဖြင့်။ သောဘသိ၊ နှိုင်းယှဉ်စရာမရအောင်တင့်တယ်လတ္တံ့။
ကိန္နရီမန္ဒလောစနေ၊ ကိန္နရီမကဲ့သို့ညှင်းညှင်းကြည့်သောရွဲရွဲရှုသာကြည်လင်စွာသော မျက်လုံးရှိသောနှမ။ မယံ၊ နှစ်ယောက်ကုန်သောငါတို့သည်။ ကာနနန္တရေ၊ တော၏အလယ်၌။ သဟ၊ တကွ။ ယဒိဝဟရေရ၊ အကယ်၍မွေ့ပျော်နေရကုန်ငြားအံ့။ အဟမ္ပိ၊ ငါသည်လည်း။ တဝ၊ သင်၏ ။ ဝသာနုဂေါ၊ အလိုသို့လိုက်သည်။ သိယံ၊ ဖြစ်ပါအံ့။ ဟိသစ္စံ၊ မှန်၏ ။ တယာ၊ သင်ထက်။ ပိယတ္တရော၊ သာလွန်၍ချစ်အပ်သော။ ပါဏော၊ တစ်စုံတစ်ယောက်သောသတ္တဝါသည်။ မေ၊ ငါ့အား။ နအတ္ထိ၊ မရှိ။
တွံ၊ သင်သည်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ ယဒိကရိဿသိ၊ အကယ်၍လိုက်နာအံ့။ ဧဟိ၊ လာလှည့်။ သုခိတာ၊ ချမ်းသာသည်ဖြစ်၍။ အဂါရံ၊ အိမ်ရာထောင်သောလူ၏ဘောင်၌။ အာဝသ၊ ချမ်းသာစွာနေလှည့်လော။ ပါသာဒနိဝါတဝါသိနီ၊ နတ်တို့၏ဗိမာန်နှင့်တူသော ပြာသာဒ်ဆောင်တို့၌နေသည်။ ဟောဟိ၊ ဖြစ်လော။ နာရိယော၊ ကျွန်မိန်းမတို့သည်။ တေ၊ အရှင်မ၏ ။ ပရိကမ္မန္တေ၊ အမှုကြီးငယ်ကို။ ကရောန္တု၊ ပြုစေကုန်။
တွံ၊ သင်နှမသည်။ ကာသိကသုခုမာနိ၊ အလွန်နူးညံ့သိမ်မွေ့သော ကာသိတိုင်း၌ဖြစ်သောပုဆိုးတို့ကို။ ဓာရယ၊ ဝတ်ဆင်လေလော။ မာလာဝဏ္ဏကံစ၊ ပန်းနံ့သာနံ့သာပျောင်းကိုလည်း။ အဘိရောပေဟိ၊ တန်ဆာဆင်ခြင်းအတင့်အတယ်ပြုခြင်းဖြင့်လည်းကိုယ်ကိုတပ်စေလော။ ကဉ္စနမဏိမုတ္တကံ၊ ရွှေအတိဖြစ်သောအသားနှိုက်ပတ္တမြားပုလဲတို့ဖြင့် ချယ်လယ်အပ်သော။ ဗဟုံ၊ လက်ကောက်ခြေကျင်းအစရှိသောအားဖြင့် များသောအပြားရှိသော။ ဝိဝိဓံ၊ အလုပ်ဆန်းကြယ်စွာသောအားဖြင့် အထူးထူးအပြားပြားရှိသော။ အာဘရဏံ၊ တန်ဆာကို။ တေ၊ သင်အား။ ကရောမိ၊ ပြုပေအံ့။
ဘဂိနိ၊ နှမ။ သုဓောတရဇပစ္ဆဒံ၊ စင်ကြယ်စွာပွတ်ပြီးသည်၏အဖြစ်ကြောင့်လွင့်ပြီးသောမြူရှိသောအထက်၌ ကျက်အပ်သောနီသောဗိတာန်လည်းရှိထသော။ သုဘံ၊ တင့်တယ်စွာထသော။ ဂေါနကတူလိကသန္ထတံ၊ ရှည်သောအမွေးရှိသော မည်းသောကော်ဇော်ဟင်္သာမွေးစသည်ဖြင့်ပြည့်သော လဲသွတ်သောအခင်းတို့ဖြင့် နှီးအပ်ခင်းအပ်ထသော။ နဝံ၊ အသစ်စက်စက်သော။ မဟာရဟံ၊ အဘိုးများစွာထိုက်ထသော။ စန္ဒနမဏ္ဍိတသာရဂန္ဓိကံ၊ ဂေါသိတစသောစန္ဒကူးနှစ် ဖြစ်ထုံအပ်သည်ဖြစ်၍အလွန်မွှေးကြိုင်သောအနံ့လည်းရှိထသော။ သယနံ၊ အိမ်ရာထက်သို့။ တွံ၊ သင်အရှင်မသည်။ အဘိရူဟ၊ တက်၍ချမ်းသာစွာအိပ်နေလှည့်လော။ ဘဂိနိ၊ နှမ။ ဥဒကာ၊ ‌ရေမှ။ သမုဂ္ဂတံ၊ တက်၍တည်သော။ အမနုဿသေဝိထံ၊ ဘီလူးရက္ခိုသ်တို့သည် စောင့်အပ်သော။ ဥပ္ပလံ၊ ကြာပွင့်သည်။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အပရိဘုတ္တံဧဝ၊ မသုံးဆောင်ရဘဲပျက်စီးသည်သာလျှင်။ ဘဝေယျယထာ၊ ဖြစ်ရာသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ တွံ၊ အရှင်မသည်။ ဗြဟ္မစာရိနီ၊ မြတ်သောရဟန်း၏အကျင့်ကိုကျင့်သည်ဖြစ်၍။ သကေသု၊ မိမိဥစ္စာဖြစ်ကုန်သော။ အင်္ဂေသု၊ တစ်စုံတစ်ယောက်သောသူသည် မသုံးဆောင်အပ်သောကိုယ်အင်္ဂါကြီးငယ်တို့၏။ ဇရံ၊ အိုခြင်းသို့။ ဂမိဿသိ၊ ‌‌ရောက်လတ္တံ့သတည်း။
ဣတိ၊ ဤသို့။ ဓုတ္တကော၊ မိန်းမကြူးသောယောက်ျားသည်။ အာဟ၊ ဆို၏ ။ အာဝုသော၊ အမောင်ရွှေပန်းထိမ်သည်သား။ ကုဏပပူရမှိ၊ ဆံစသောသုံးဆယ့်နှစ်ပါးသောအပုပ်တို့ဖြင့် ဖြည့်ပြည့်ထသော။ ဘေဒနဓမ္မေ၊ စင်စစ်အားဖြင့်ပျက်တတ်သောသဘောရှိထသော။ သုသာနဝဍ္ဎနေ၊ သင်္ချိုင်းရာမြေကြီးကိုပွါးစေတတ်ထသော။ ဣဓကဠေဝရေ၊ ဤမစင်အတိပြည့်သောအ‌ကောင်၌။ ကိံ၊ အဘယ်မည်သောဝတ္ထုကို။ တေတယာ၊ သင်လုလင်သည်။ သာရသမ္မတံ၊ မြတ်၏ဟုချီးမွမ်းအပ်သနည်း။ ယံ၊ အကြင်မတင့်တယ်စွာသောကိုယ်အင်္ဂါကို။ ဒိသွာ၊ မြင်၍။ ဝိမနော၊ တစ်ပါးသောအာရုံ၌ကင်းသော စိတ်အကြံရှိသည်ဖြစ်၍။ ဥဒိက္ခသိ၊ သင်ကြည့်၏ ။ တံ၊ ထိုသင်နှစ်သက်အပ်သောကိုယ်အင်္ဂါကို။ မယှံ၊ ငါ့အား။ ကထေဟိ၊ ဆိုစမ်းပါဘိလော။
ဘဂိနိ၊ နှမ။ တုရိယာ၊ သမင်မငယ်၏။ အက္ခီနိဣဝ၊ မျက်လုံးတို့ကဲ့သို့လည်းကောင်း။ ပဗ္ဗတန္တရေ၊ တောင်ဝှမ်း၌။ ကိန္နရီယာ၊ ကိန္နရီမ၏။ အက္ခီနိဣဝ၊ မျက်လုံးတို့ကဲ့သို့လည်းကောင်း။ သောဘိတာနိ၊ တင့်တယ်ကုန်သော။ တဝ၊ သင်၏ ။ နယနာနိ၊ မျက်စိတို့ကို။ ဒက္ခိယ၊ မြင်ရ၍။ ဘိယျော၊ အဆင့်အဆင့်။ မေ၊ ငါ၏ ။ ကာမရတိ၊ ကာမဂုဏ်၌မွေ့‌လျော်ခြင်းသည်။ ပဝဍ္ဎတိ၊ ပွါး၏ ။
ဘဂိနိ၊ နှမ။ ဝိမလေ၊ အညစ်အကြေးမရှိထသော။ ဟာဋကသန္နိဘေ၊ ရွှေရုပ်၏မျက်နှာနှင့်တူထသော။ တေ၊ သင်၏ ။ မုခေ၊ မျက်နှာပြင်၌။ ဥပ္ပလသိခရောပမာနိ၊ ကြာနီပွင့်ချပ်ဖျားနှင့်တူကုန်သော ရွှေရွှေဝင်းဝင်းဝါသောအဆင်းရှိကုန်သော။ တဝါ၊ သင်၏ ။ နယနာနိ၊ မျက်လုံးတို့ကို။ ဥက္ခိယ၊ မြင်ရ၍။ ဘိယျော၊ အဆင့်ဆင့်။ မေ၊ ငါ၏ ။ ကာမဂုဏော၊ ကာမဂုဏ်သည်။ ပဝဍ္ဎတိ၊ ပွါး၏ ။
ဘဂိနိ၊ နှမ။ တွံ၊ သင်သည်။ ဒူရဂတာ၊ ဝေးသောအရပ်သို့သွားလိမ့်သည်။ အသိ၊ ဖြစ်၏ ။ အာယတပမှေ၊ ရှည်သွယ်သောမျက်မှောင်တန်းအရေးရှိကုန်သော။ ဝိသုဒ္ဓိဒဿနေ၊ အညစ်အကြေးကင်းသည်ဖြစ်၍ သန့်ရှင်းစင်ကြယ်စွာသောမျက်လုံးတို့ကို။ မယံ၊ ငါတို့သည်။ သရမှသေ၊ တစ်ပါးသောအမှုကိုမကြံမူ၍ အောက်မေ့ကုန်အံ့။ ကိန္နရီမန္ဒလောစနေ၊ ကိန္နရီမကဲ့သို့ညှင်းညှင်းကြည့်သောမျက်စိရှိသောနှမ။ ဟိ၊ ထိုစကားမှန်၏ ။ တယာ တဝ၊ သင်၏ ။ နယနာ၊ မျက်လုံးထက်။ ပိယတ္တရော၊ သာလွန်၍ချစ်အပ်သောသူသည်။ မေ၊ ငါ့အား။ နအတ္ထိ၊ မရှိ။
အာဝုသော၊ ဒါယကာရွှေပန်းထိမ်သည်သား။ ယောတွံ၊ အကြင်သင်သည်။ ဗုဒ္ဓသုတံ၊ မြတ်စွာဘုရား၏ရင်၌ဖြစ်သောသမီးတော်ရဟန်းမိန်းမကို။ ပတ္ထယသိ၊ တောင့်တဘိ၏ ။ သောတွံ၊ ထိုသင်သည်။ အပထေန၊ ဆူးငြောင့်ဘေးရန်ရှိသောမှားသောခရီးဖြင့်။ ပယာတုံ၊ သွားခြင်းငှါ။ ဣစ္ဆသိ၊ အလိုရှိသည်မည်၏ ။ စန္ဒံ၊ လဝန်းဗိမာန်ကို။ ကီဠနကံ၊ ကစားဖွယ်ရာဟူ၍။ ဂဝေသသိ၊ ရှာသည်မည်၏။ မေရုံ၊ ယူဇနာရှစ်သောင်းလေးထောင်မြင့်သောမြင့်မိုရ်တောင်မင်းကို။ အင်္ဂေတံ၊ ခုံကျော်အံ့သောငှါ။ ဣစ္ဆသိ၊ အလိုရှိသည်မည်၏။
အာဝုသော၊ အမောင်ရွှေပန်းထိမ်သည်သား။ ယတ္ထ၊ အကြင်အာရုံ၌။ ဣဒါနိ၊ ယခု။ မေ၊ ငါ့အား။ ရာဂေါ၊ တပ်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏ ။ တံအာရမ္မဏံ၊ ထိုအာရုံသည်။ သဒေဝကေ၊ နတ်နှင့်တကွသော။ လောကေ၊ လောက၌။ နတ္ထိဟိနတ္ထိဧဝ၊ မရှိသည်သာတည်း။ နံရာဂံ၊ ထိုတပ်ခြင်းကို။ ကိရိသောပိ၊ အဘယ်သို့သဘောရှိ၏ဟူ၍လည်း။ နဇာနာမိ၊ ငါမသိ။ သမူလကော၊ မသင့်မတင့်သောအားဖြင့် နှလုံးသွင်းခြင်းတည်းဟူသောအမြစ်အရင်းနှင့်တကွသော တပ်ခြင်းကို။ မဂ္ဂေန၊ အရိယမဂ်ဖြင့်။ ဟတော၊ ငါသတ်အပ်ပြီ။
ဣင်္ဃဠာခုရာ၊ မီးကျီးတွင်း၌။ ဥဇ္ဈိတောဣဝ၊ ချအပ်သောလောင်စာကဲ့သို့လည်းကောင်း။ အဂ္ဃတော၊ အဆိတ်၏အစေးကိုမျှမကြွင်းစေသောအားဖြင့်။ ကတော၊ ဖျက်ဆီးခြင်းကိုပြုအပ်သော။ ဝိသပတ္တောဣဝ၊ အဆိပ်အိုးကဲ့သို့လည်းကောင်း။ နံရာဂံ၊ ထိုတပ်ခြင်းကို။ ကိရိသောပိ၊ အဘယ်သို့သဘောရှိ၏ဟူ၍လည်း။ နပဿာမိ၊ ငါမမြင်။ သမူလကော၊ မသင့်မတင့်သောအားဖြင့်နှလုံးသွင်းခြင်းတည်းဟူသောအမြစ်အရင်းနှင့်တကွဖြစ်ခြင်းကို။ မဂ္ဂေန၊ အရိယမဂ်ဖြင့်။ ဟတော၊ ငါသတ်အပ်ပြီ။
ယဿာဣတ္ထိယာ၊ အကြင်မိန်းမအား။ ဣဒံခန္ဓပဉ္စကံ၊ ဤခန္ဓာငါးပါးအပေါင်းကို။ အပစ္စဝေက္ခိတံ၊ မဆင်ခြင်အပ်သေးသည်။ သိယာ၊ ဖြစ်ရာ၏ ။ သတ္ထာဝါ၊ မြတ်စွာဘုရားသည်လည်း။ ယဿာဣတ္ထိယာ၊ အကြင်မိန်းမအား။ အနနုသာသိတော၊ မဆုံးမအပ်သေးသည်။ သိယာ၊ ဖြစ်ရာ၏ ။ တာဒိသိကံ၊ ထိုသို့သဘောရှိသောလောကုတ္တရာတရားကို မျက်မှောက်မပြုရသေးသောမိန်းမကို။ တွံ၊ သင်သည်။ ပလောဘယ၊ ကာမဂုဏ်တို့ဖြင့်ဖြားယောင်းလော။ သောတွံ၊ ထိုသင်သည်။ ဇာနန္တံ၊ ဖြစ်ခြင်း ပျက်ခြင်းကို မဖောက်မပြန်သိလေသာ။ ဣမံ၊ ဤသုဘာမည်သောရဟန်းမိန်းမကို။ အာဂမ္မ၊ စွဲ၍။ ဝိဟညသိ၊ ပင်ပန်းဘိ၏ ။
အာဝုသော၊ အမောင်ရွှေပန်းထိမ်သည်ကား။ မယှံ၊ ငါ့အား။ အက္ကုဋ္ဌဝန္ဒိတေ၊ ဆဲရေးခြင်းရှိခိုးခြင်း၌လည်းကောင်း။ သုခဒုက္စေစ၊ ချမ်းသာခြင်းဆင်းရဲခြင်း၌လည်းကောင်း။ သတိ၊ ဆင်ခြင်ခြင်းနှင့်ယှဉ်သောသတိသည်။ ဟိယသ္မာ၊ အကြင့်ကြောင့်။ ဥပဋ္ဌိတာ၊ အခါခပ်သိမ်းထင်၏။ သင်္ခတံ၊ တေဘုမ္မကသင်္ခါရကို။ အသုဘန္တိ၊ ကိလေသာတည်းဟူသောမစင်တို့ဖြင့်ယိုစီးသောကြောင့်မတင့်တယ်ယူ၍။ ဇာနိယ၊ သိ၍။ သဗ္ဗတ္ထေဝ၊ အလုံးစုံသောဘဝသုံးပါးလုံး၌ပင်လျှင်။ မနော၊ ငါ၏စိတ်သည်။ နလိမ္ပတိ၊ တဏှာတည်းဟူသောလိမ်းကျံခြင်းစသည်ဖြင့်မလိမ်းကျံ။
သာအဟံ၊ ထိုငါသည်။ သုဂတဿ၊ ကောင်းသောလာခြင်းရှိတော်မူသောမြတ်စွာဘုရား၏။ သာဝိကာ၊ တပည့်မတည်း။ မဂ္ဂဋ္ဌင်္ဂိကယာနယာယိနီ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောမဂ်တည်းဟူသော အရိယာပုဂ္ဂိုလ်တို့၏ယာဉ်ဖြင့်နိဗ္ဗာန်ပြည်သို့သွားလေ့ရှိ၏ ။ ဥဒ္ဓတသလ္လာ၊ နှုတ်အပ်ပြီးသောရာဂစသော ကိလေသာတည်းဟူသောငြောင့်ရှိ၏ ။ အနာသဝါ၊ အာသဝေါကင်း၏။ အဟံ၊ ငါသည်။ သုညာဂါရတော၊ ဆိတ်ငြိမ်ရာအရပ်သို့သွား၍။ ရမာမိ၊ တစ်ယောက်ထည်းတည်းမွေ့လျော်၏ ။
အာဝုသော၊ ဒါယကာရွှေပန်းထိမ်သည်သား။ သုစိတ္တိတာ၊ လက်ခြေမျက်နှာစသောအခြင်းအရာဖြင့် ဆန်းကြယ်စွာစီရင်ဖန်ဆင်း၍ လုပ်ကျွေးအပ်ကုန်သောကောင်းမွန်တင့်တယ်စွာသော အဆင်းသဏ္ဌာန်ရှိထသော။ တန္တူဟိစ၊ ကြိုးသွယ်တို့ဖြင့်လည်းကောင်း။ ခိလကေဟိစ၊ လက်ခြေကျောက်ကုန်းနားရွက်စသည်တို့ကိုသွယ်ခြင်းငှါတတ်အပ်သော သစ်သားလှံတံတို့ဖြင့်လည်းကောင်း။ ဝိနိဗန္ဓာ၊ လက်ဆစ်ခြေဆစ် ဦးခေါင်းလည်နားအစရှိသည်တို့ကို အသွယ်သွယ်ဖွဲ့အပ်သော။ နဝါ၊ လုပ်သစ်စက်စက်ဖြစ်သော။ ဒါရုကစိလ္လကာ၊ သစ်သားလှံတံစသည်တို့ဖြင့် ဆန်းကြယ်စွာစီရင်အပ်သောစက်ယန္တရားရုပ်ကို။ ဝိဝိဓံပနစ္စိတာဝိယ၊ ယန္တရားစက်ကြိုးစသည်တို့ဖြင့်ဆွဲငင်၍ သဘင်အစီအရင်ဖြင့် ထားအပ်ကစေအပ်သကဲ့သို့။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ ခန္ဓာကိုယ်၏အဖြစ်ကိုပညာမျက်စိဖြင့်မြင်အပ်ပြီ။
အာဝုသော၊ ဒါယကာရွှေပန်းထိမ်သည်သား။ တမှိတန္တခိလကေ၊ ထိုသစ်သားယန္တရားရုပ်ကိုဖွဲ့သော ကြိုးလက်ဆစ်ခြေဆစ် ခါးတစ် လည်ဆစ် ဦးခေါင်းနားစသည်တို့ကိုဖွဲ့သောကြိုးနှင့်တကွသောလှံတံကို။ ဥဒ္ဓတေ၊ ဖွဲ့မြဲထားတိုင်းသောအရာမှနှုတ်ပစ်အပ်သော်လည်းကောင်း။ ဝိဿဋ္ဌေဝိဿဋ္ဌေန၊ ထိုထိုသို့သောအရပ်၌ပစ်ချသဖြင့်။ ပရိကြိတေ၊ ဖရိုဖရဲကြဲအပ်သော်လည်းကောင်း။ ခဏ္ဍသော၊ ထိုသစ်ယန္တရားရုပ်အစိတ်၌အထုံးအထုံးအပိုင်းအပိုင်းရှိသောအားဖြင့်။ ကတေ၊ ပြုအပ်သော်လည်းကောင်း။ ပေါတ္ထကရူပန္တိ၊ ဤကြိုးကားယန္တရားရုပ် ဤလှံတံကားယန္တရားရုပ်ဟူ၍။ နဝိန္ဒေယျ၊ မှတ်ခြင်းကိုမရရာ။ ဧဝံသန္တေ၊ ဤသို့မကောင်းသည်ရှိသော်။ တတ္ထ၊ ထိုသစ်သား သစ်ယန္တရားရုပ်ဟုမကောင်းသောအစိတ်အစိတ်သော ကြိုးလှံတံတို့တွင်။ ကိမှိ၊ အဘယ်သောအစိတ်အစိတ်၌။ မနံ၊ ဉာဏ်နှင့်ယှဉ်သောစိတ်ကို။ နိဝေသယေ၊ သစ်စက်ယန္တရားရုပ်ဟူ၍ နှလုံးသွင်းရာအံ့နည်း။
အာဝုသော၊ ဒါယကာရွှေပန်းထိမ်သည်သား။ တထူပမံ၊ ထိုအစိတ်အစိတ်အဖြာဖြာရှိပြီးသော သစ်သားယန္တရားရုပ်နှင့်တူစွာ။ ဒေဟကာနိ၊ လက်ခြေမျက်နှာစသော ကိုယ်အင်္ဂါတို့သည်။ ဓံမမ၊ ငါ့အား။ ဥပဋ္ဌဟန္တိ၊ ထင်ကုန်၏ ။ တာနိ၊ ထိုကိုယ်အင်္ဂါတို့သည်။ တေဟိဓမ္မေဟိ၊ ထိုပထဝီဓာတ်အစရှိသော ပရမတ္ထတရားတို့နှင့်။ ဝိနာ၊ ကင်း၍။ နဝတ္တန္တိ၊ မဖြစ်ကုန်။ ဒေဟော၊ အတ္တဘောသည်။ အဝယဝေဟိ၊ လက်ခြေမျက်နှာအစရှိသောကိုယ်အင်္ဂါအစိတ်အစိတ်တို့နှင့်။ ဝိနာ၊ ကင်း၍။ နပဝတ္တတိဝိယ၊ အဖြစ်သကဲ့သို့။ တထာ၊ ထိုအတူ။ ဓမ္မေဟိ၊ အစိတ်အစိတ်သောတရားတို့နှင့်။ ဝိနာ၊ ကင်း၍။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ တတ္ထ၊ ထိုပထဝီဓာတ်စသောတရားအစိတ်တို့တွင်။ ကိမှိ၊ အဘယ်မည်သောတရားအစိတ်၌။ မနံ၊ ဉာဏ်နှင့်ယှဉ်သောစိတ်ကို။ နိဝေသယေ၊ ကိုယ်လက််ခြေမိန်းမယောက်ျားဟူ၍ နှလုံးသွင်းရာသနည်း။
အာဝုသော၊ ဒါယကာရွှေပန်းထိမ်သည်သား။ ဘိတ္တိယာ၊ တိုက်နံရံ၌။ ဟရိတာလေန၊ ဆေးဒါန်းဟင်းသပတားသင်တွဲစသည်ဖြင့်။ မက္ခိတံ၊ လိမ်းကျံပွတ်နယ်၍။ ကတံ၊ လိမ္မာစွာသောပန်းချီသမားသည်ပြုအပ်သော။ စိတ္တိကံ၊ မိန်းမရုပ်ကို။ အဒ္ဒသ၊ မြင်ရာ၏။ တတ္ထ၊ ထိုမိန်းမရုပ်၌။ မာနုသိကာ၊ လူမိန်းမပင်ဖြစ်သဘောဟူသော။ ယာသညာ၊ အကြင်အမှတ်သည်။ သိယာ၊ ဖြစ်ရာ၏။ သာသညာ၊ ထိုအမှတ်သည်။ နိရတ္ထကာ၊ လူ၏အဖြစ်ဟုဆိုအပ်သောကိုယ်၏မမှီသောကြောင့် အချည်းနှီဂအကျိုးမရှိသည်သာလျှင်တည်း။ တမှိ၊ ထိုပန်းချီမိန်းမရုပ်၌။ တေ၊ သင်လုလင်၏ ။ ယံဒဿနံ၊ အကြင်လူမိန်းမဟုရှုခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ တံဒဿနံ၊ ထိုမိန်းမရုပ်ကို လူမိန်းမရုပ်ဟုမှတ်၍ရှုခြင်းသည်။ ဝိပရီတဒဿနံ၊ ဖောက်ပြန်ချွတ်ယွင်းမှားသောအားဖြင့်ရှုခြင်းမည်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ဓမ္မပုဉ္ဇမတ္တေ၊ ခန္ဓာငါးပါးပရမတ္တတရား၏အပုံအစု၌။ ဣတ္ထိပုရိသာဒိဂဟဏမ္ပိ၊ မိန်းမယောက်ျားဟုမှတ်ယူ၍သိခြင်းသည်လည်း။ ဝိပရီဟဂတဏံ၊ ဖောက်ပြန်ချွတ်ယွင်းမှားသောယူခြင်းသည်။ ဟောတိ၊ ဖြစ်၏ ။
အာဝုသော၊ လုလင်ယောကျာ်းရွှေပန်းထိမ်သည်သား။ မာယာကာရေန၊ မျက်လှည့်သည်သည်။ မဂ္ဂတော၊ သူတကာတို့၏ရှေ့မှ။ ဥပဋ္ဌပိတံ၊ အနီး၌ထားအပ်သော။ မာယံ၊ မျက်လှည့်ပြခြင်းအမှုကို။ ကတံဝိယစ၊ ပြုအပ်သကဲ့သို့လည်းကောင်း။ သုပိနန္တေ၊ အိပ်မက်၌။ သုဝဏ္ဏပါဒပံ၊ ရွှေပင်ပေါက်သည်ကို။ ပဿန္တံဣဝ၊ မြင်မက်သကဲ့သို့လည်းကောင်း။ ဧဝံတထာ၊ ထိုအတူ။ အန္ဓရိတ္တကံ၊ အလွန်မိုက်စွာသောသူအား အချည်းနှီးသက်သက်အနှစ်မှကင်းသောအတ္တ‌ဘောသည်။ ဥပဋ္ဌာသိ၊ ငါ၏ကိုယ်ငါ၏ဥစ္စာစသောမှားသောနှလုံးသွင်းခြင်းရှိသောအားဖြင့်အနှစ်ရှိသကဲ့သို့ထင်ဘိ၏။ ဇနမဇ္ဈေ၊ သဘင်ပွဲသားလူများအလယ်၌။ ရူပရူပကံဣဝ၊ မျက်လှည့်သည်သည်ငွေရုပ်ရွှေရုပ်စသည်ကိုထင်စေ၍ပြုအပ်သောအရုပ်ကဲ့သို့။ အသာရဝန္တံ၊ ဤမိန်းမယောက်ျားဟုယူခြင်းမှတ်ခြင်းသည် အနှစ်မရှိအချည်းနီးသက်သက်သာဖြစ်ဘိ၏တကား။
အာဝုသော၊ လုလင်ယော်ကျားရွှေပန်းထိမ်သည်သား။ ကောဋရောဟိတာ၊ မျက်‌တောင်ထောင့်တို့၌တည်ကုန်သောမျက်လုံးစွန်းတို့သည်။ ဝဋနိဣဝ၊ ချိပ်လုံးနှင့်တူကုန်၏ ။ မဇ္ဈေ၊ မျက်ကွင်းရိုး၏အလယ်၌။ ဌိတာ၊ တည်စေကုန်လျက်။ ပုဗ္ဗုဠကာ၊ ရေမြှုပ်စိုင်ကဲ့သို့။ သအဿုကာ၊ မျက်ရည်တို့ဖြင့်လိမ်းကျံကုန်၏။ ဧတ္ထ၊ ဤမျက်လုံးမျက်လုံးစွန်းနှစ်ဘက်တို့၌။ ပီဠိကောပီဠီကာစ၊ မျက်ချေးသည်လည်း။ ဇာယတိ၊ အဆိပ်အနံ့ကိုလှိုင်စေလျက်ဖြစ်၏။ ဝိဝိဓာ၊ အဖြူအညိုစသောမျက်နက်ဝန်း အနီအရွှေစသော ခုနစ်ထပ်သောမျက်လွှာတို့၏အစွမ်းဖြင့်များသောအပြားရှိကုန်သော။ စက္ခုဝိဓာ၊ စက္ခုပသာဒအပြားတို့ကို။ ပိဏ္ဍိတာဣဝ၊ များစွာကထာပ်တို့ကိုယူခြင်းသဘောရှိသောကြောင့် တစ်ပေါင်းတည်းကဲ့သို့ဖြစ်ကုန်၏ ။
ဘောန္တောပရိသာ၊ အိုပရိသတ်တို့။ စာရုဒဿနာ၊ ရှုစဖွယ်သောတင့်တယ်ခြင်းရှိထသော။ အသင်္ဂမာနသာ၊ တစ်စုံတစ်ခုသောအာရုံ၌ မငြိတွယ်သောစိတ်ရှိထသော။ သုဘာ၊ သုဘာထေရီမသည်။ စက္ခုံ၊ မိမိမျက်လုံးကို။ ဥပ္ပာဋိယ၊ မျက်ကွင်းမှငင်ထုတ်၍။ အာဝုသော၊ ဒါယကာရွှေပန်းထိမ်သည်သား။ တေတယာ၊ သင်သည်။ စက္ခုံ၊ ဤငါ့မျက်လုံးကို။ ကာမိတံ၊ အလိုရှိအပ်၏ ။ တံ၊ ထိုငါ့မျက်လုံးကို။ ဟန္ဒ၊ ယူလော။ ဂဟေတွာ၊ ယူပြီး၍။ ဣစ္ဆိတဋ္ဌာနံ၊ အလိုရှိရာအရပ်သို့။ ဟရဿု၊ ဆောင်လေလော။ ဣတိ၊ ဤသို့။ တဿနရဿ၊ ထိုမိန်းမကြူးသောယောက်ျားအား။ တာဝဒေ၊ ထိုခဏ၌။ အဒါသိ၊ ပေးလေ၏။ သာ၊ ထိုသုဘာထေရီမသည်။ နစပဇ္ဇိတ္ထ၊ ထုတ်၍ပေးအပ်သောမျက်စိ၌ကပ်ငြိခြင်းသို့မရောက်။
တဿစ၊ ထိုမိန်းမကြူးသောယောက်ျားအားလည်း။ တာဝဒေ၊ ထိုခဏ၌။ တတ္ထ၊ ထိုထုတ်၍ပေးအပ်သောမျက်လုံး၌။ ရာဂေါ၊ တပ်စွမ်းငဲ့ကွက်ခြင်းသည်။ ဝိဂမာသိ၊ ကင်းလေ၏။ သော၊ ထိုမိန်းမကြူးသောယောက်ျားသည်။ နံ၊ ထိုသုဘထေရီမကို။ ခမာပယိစ၊ ကန်တော့လည်းကန်တော့၏ ။ ကထံ၊ အဘယ်သို့ကန်တော့သနည်း။ ဗြဟ္မစာရိနီ၊ မြတ်သောအကျင့်ရှိသောသခင်မ။ မယှံ၊ အကျွန်ုပ်အား။ သောတ္ထိ၊ အနာကင်းသဖြင့်ချမ်းသာခြင်းသည်။ သိယာ၊ ဖြစ်ပါ့စေသတည်း။ ပုနော၊ ဤမှနောင်တစ်ဖန်။ ဧဒိသကံ၊ ဤသို့မကောင်းသော ဒုစရိုက်အကျင့်ကိုကျင့်ခြင်းသည်။ နဘဝိဿတိ၊ မဖြစ်လတ္တံ့။
အဟံ၊ ငါသည်။ ဧဒိသံ၊ ဤသို့သဘောရှိသောခပ်သိမ်းသောအာရုံ၌ တပ်ခြင်းကင်းပြီးသော။ ဇနံ၊ အရှင်မသုဘာကို။ အာဟနိယ၊ ပြစ်မှားမိ၍။ ပဇ္ဇလိတံ၊ ထိန်ထိန်လောင်သော။ အဂ္ဂိံ၊ မီးပုံကြီးကို။ လိင်္ဂိယ၊ ဖက်၍။ ဝိဟရိဿံဣဝ၊ နေသကဲ့သို့လည်းကောင်း။ အာသီဝိသံ၊ အဆိပ်ထန်သောမြွေပွေးမြွေဟောက်ကို။ ဂဏှိယ၊ ဖမ်းကိုင်၍။ ဝိဟရာမိဝိယ၊ နေမှားမိသကဲ့သို့လည်းကောင်း။ အပရဇ္ဈံ၊ ပြစ်မှားမိ၏။ တုယှံ၊ အရှင်မအား။ အပိနု၊ စင်စစ်။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ သိယာ၊ ဖြစ်စေသတည်း။ နော၊ အကျွန်ုပ်တို့၏ ။ အပရာဓံ၊ အပြစ်ကို။ ခမေဟိ၊ သည်းခံတော်မူပါလော။ ဣတိ၊ ဤသို့။ နံ၊ ထိုသုဘာထေရီမကို။ ခမာပယိ၊ ကန်တော့၏ ။
သာဘိက္ခုနီစ၊ ထိုသုဘာမည်သောရဟန်းမိန်းမသည်လည်း။ တ‌တော၊ ထိုကာမကြူးသောယောက်ျားလက်မှ။ မုတ္တာ၊ လွတ်ပြီးသော်။ ဗုဒ္ဓဝရဿ၊ မြတ်စွာဘုရား၏။ သန္တိကံ၊ အထံတော်သို့။ အဂမိ၊ သွားလေ၏။ ဝရပုညလက္ခဏံ၊ မြတ်သောပါရမီတော်တို့ကြောင့်ပြည့်စုံသော လက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါးလက္ခဏာတော်ငယ်ရှစ်ဆယ်ကို။ ပဿိယ၊ ဖူးမြင်ရ၍။ ပူရဏကံယထာ၊ ရှေးမျက်စိအမြင်ကဲ့သို့။ စက္ခု၊ မျက်စိသည်။ အာသိ၊ အသစ်တစ်ဖန်ဖြစ်ပြန်၍ပြကတေ့ရှိ၏ ။
ဣတ္ထံ၊ ဤသို့။ ဇီဝကမ္ဗဝနိကာ၊ ဇီဝကသရက်ဥယျာဉ်တော၌နေသော။ သုဘာ၊ သုဘာထေရီမသည်။ ဣမာဂါထာယော၊ ဤသုံးဆယ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။
တိံသနိပါတော၊ တိံသနိပါတ်သည်။ သမတ္တော၊ ပြီးပြီ။