Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

၁၅. စတ္တာလီသနိပါတော

Author: နိဿယ @ IAPT

၁၅. စတ္တာလီသနိပါတော

၁. ဣသိဒါသီထေရီဂါထာ

(၇၂) ပထဝီယာ၊ အလုံးစုံသောဇမ္ဗုဒီပါမြေအပြင်၏ ။ မဏ္ဍေ၊ တန်ဆာသဖွယ်ဖြစ်၍ဖြစ်သော။ ပါဋလိပုတ္တမှိ၊ ပါဋလိပုတ်မည်သော။ ကုသုမနာမေ၊ ကုသုမသဒ္ဒါဖြင့်ယူတတ်သော အမည်ရှိသော။ နဂရမှိ၊ မြို့၌။ သကျကုလကုလိနာယော၊ သာကီဝင်မင်းသားဖြစ်သောမြတ်စွာဘုရား၏ သာသနာတော်တည်းဟူသော အမျိုး၌အမျိုးကောင်းသမီးဖြစ်ကုန်သော။ ဂုဏဝတိယော၊ သီလစသောကျေးဇူးနှင့်ပြည့်စုံသော။ ဒွေဘိက္ခုနိယော၊ နှစ်ယောက်သောရဟန်းမိန်းမတို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏ ။
တတ္ထ၊ ထိုနှစ်ယောက်သောရဟန်းမိန်းမတို့တွင်။ ဧကာ၊ တစ်ယောက်ရဟန်းမိန်းမသည်။ ဣသိဒါသီ၊ ဣသိဒါသီမည်၏ ။ ဒုတိယာ၊ နှစ်ယောက်မြောက်သောရဟန်းမိန်းမသည်။ ဗောဓိထေရီ၊ ဗောဓိမည်သော ထေရီမတည်း။ တာ၊ ထိုရဟန်းမိန်းမနှစ်ယောက်တို့သည်။ သီလသမ္ပန္နာစ၊ စတုပါရိသုဒ္ဓိသီလနှင့်လည်းပြည့်စုံကုန်၏ ။ ဈာနဇ္ဈာယနရကာယော၊ လောကီလောကုတ္တရာဈာန်ကို ဝင်စားခြင်း၌မွေ့လျော်ကုန်၏ ။ ဗဟုဿုတာယော၊ ပရိယတ်အကြားအမြင်တည်းဟူသောများသောအကြားအမြင်လည်းရှိကုန်၏။ ဓုတကိလေသာယော၊ အရဟတ္တမဂ်ဖြင့်အကြွင်းမဲ့ခါအပ်ဖျက်ဆီးအပ်ပြီးသောကိလေသာရှိကုန်သော ရဟန္တာမိန်းမတို့ချည်းတည်း။
တာ၊ ထိုရဟန်းမိန်းမနှစ်ယောက်တို့သည်။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။ စရိတွာ၊ ပါဋလိပုတ်မြို့သို့သွားကုန်၍။ သတ္တတ္ထံ၊ ဆွမ်းစားခြင်းကိစ္စကို။ ကရိယ၊ ပြီးစေ၍။ ဓောတပတ္တာယော၊ သပိတ်ကိုဆေးကုန်ပြီးသည်ရှိသော်။ ရဟိတမှိ၊ လူကင်းသည်ဖြစ်၍ ဆိတ်ငြိမ်ရာဂင်္ဂါမြစ်ထဲစု၌။ သုခနိသိန္နာ၊ ရဟန်းချမ်းသာ ဆိတ်ငြိမ်ခြင်းချမ်းသာစွာနေကုန်လျက်။ ဣမာဂိရာ၊ ဤဆိုလတ္တံ့သောသီကုံးဖွဲ့ဆိုအပ်သောဂါထာတို့ကို။ အဗ္ဘုဒီရေသုံ၊ အမေးအဖြေ၏အစွမ်းဖြင့်ဆိုကုန်၏ ။
အယျေဣသိဒါသီ၊ အရှင်မဣသိဒါသီ။ တွံ၊ သင်သည်။ ပါသာဒိကာ၊ အဆင်း၏ပြည့်စုံခြင်းဖြင့်မြင််သောသူတို့၏ ကြည်ညိုခြင်းကိုဆောင်သည်။ အသိ၊ ပြစ်၏ ။ တေ၊ သင်အား။ ဝယောပိ၊ အရွယ်သည်လည်း။ အပရိဟီနော၊ ပဌမအရွယ်၌တည်သည်ဖြစ်၍မယုတ်ပါသေး။ ကိံ၊ အဘယ်သို့သော။ ဝလိကံ၊ အိမ်ရာထောင်ခြင်း၌ အပြစ်ကို။ တွံ၊ သင်သည်။ ဒိသွာန၊ မြင်၍။ နေက္ခမံ၊ ရဟန်းအဖြစ်ကို။ အနုယုတ္တာ၊ ယှဉ်သည်။ အသိ၊ ဖြစ်သနည်း။
ဧဝံ၊ ဤသို့။ အနုယုဉ္ဇမာနာ၊ ဗောဓိမည်သောထေရီမသည်မေးအပ်သော။ ရဟိတေ၊ ဆိတ်ငြိမ်ရာအရပ်၌။ ဓမ္မဒေသနာကျသလာ၊ တရားဟောခြင်း၌လိမ္မာသော။ ဣသိဒါသီ၊ ဣသိဒါသီအမည်ရှိသော။ သာ၊ ထိုရဟန်းမိန်းမသည်။ ဗောဓိ၊ အရှင်ဗောဓိထေရီမ။ အဟံ၊ ငါသည်။ ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်။ ပဗ္ဗဇိတာ၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏ ။ တံ၊ ထိုအခြင်းအရာကို။ သုဏ၊ သင်နားထောင်လော။ ဣတိဣဒံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုလေ၏ ။
ဗောဓိ၊ ဗောဓိမည်သောထေရီမ။ မယှံ၊ ငါ၏။ ပိတာ၊ အဘသည်။ ဥဇ္ဇေနိယာ၊ ဥဇ္ဇေနီအမည်ရှိသော။ ပုရဝရေ၊ အဝန္တိတိုင်း၌ဖြစ်သောမြတ်သောမြို့၌။ သီလသုသံဝုတော၊ သီလကိုကောင်းစွာစောင့်သုံးသော။ သေဋ္ဌိ၊ သူဋ္ဌေးသည်။ ဟောတိ၊ ဖြစ်၏ ။ အဟံ၊ ငါသည်။ တဿ၊ ထိုသူဋ္ဌေး၏ ။ ပိယာ၊ ချစ်မြတ်နိုးအပ်သော။ မနာပါ၊ သီလအကျင့်ကျေးဇူးဖြင့် နှလုံးကိုပွါးစေတတ်ထသော။ ဒယိတာစ၊ သနားအပ်သည်လည်းဖြစ်သော။ ဧကာဓီတာ၊ တစ်ယောက်တည်းသောသမီးသည်။ အမှိ၊ ဖြစ်၏ ။
အထ၊ ထိုနောင်အရွယ်သို့ရောက်သောအခါ၌။ သာကေတတော၊ သာကေတမြို့မှ။ မေ၊ ငါအား။ ဝရကော၊ ထိမ်းမြားလိုသော။ ဥတ္တမကုလိနော၊ မြတ်သောအမျိုး၌ဖြစ်သော။ ပဟုတရတ‌နော၊ များစွာဥစ္စာရတနာရှိသော။ သေဋ္ဌိ၊ သူဋ္ဌေးသည်။ အာဂစ္ဆိ၊ လာ၏ ။ တဿ၊ သာကေတပြည်သားထိုသူဋ္ဌေးအား။ သုဏှံ၊ ချွေးမကို။ ကတွာ၊ ပြု၍။ တာတော၊ ငါ၏ ဘခင်သူဋ္ဌေးသည်။ မံ၊ ငါ့ကို။ အဒါသိ၊ ပေး၏ ။
အဟံ၊ ငါသည်။ သဿုယာ၊ ယောက္ခမမိန်းမသူသို့လည်းကောင်း။ သဿု ရဿစ၊ ယောက္ခမယောက်ျားသူသို့လည်းကောင်း။ သာယံပါတံ၊ ညနံနက်။ ဥပဂမ္မ၊ ကပ်၍။ သိရသာ၊ ဦးဖြင့်။ ပဏာမံ၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြု၏ ။ တေသံ၊ ထိုယောက္ခမယောက်ျား သူမိန်းမသူတို့၏ ။ ပါဒေ၊ ခြေတို့ကို။ ဝန္ဒာမိ၊ ရှိခိုး၏ ။ ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်။ အနုသိဋ္ဌာ၊ ယောက္ခမတို့သည် ဆုံးမအပ်သည်။ အမှိ၊ ဖြစ်၏ ။ တထာ၊ ထိုဆုံးမတိုင်း။ အဟံ၊ ငါသည်။ ကရောမိ၊ လိုက်နာ၏ ။
မယှံ၊ ငါ၏။ သာမိကဿ၊ လင်၏ ။ ယာဘဂိနီ၊ အကြင်နှမသည်လည်းကောင်း။ ဘာတုနော၊ ငါလင်ညီအစ်ကို၏ ။ ယောပရိဇာနော၊ အကြင်အခြွေအရံဖြစ်သောသူသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏ ။ တံတာဒိသံ၊ ထိုသို့သောသူကို။ ဧကဝါရကမ္ပိ၊ တစ်ယောက်ယောက်ကိုမျှလည်း။ ဒိသွာ၊ မြင်၍။ ဥဗ္ဗဂ္ဂါ၊ ထိတ်လန့်တုန်လှုပ်သူဖြစ်၍။ အာသနံ၊ ထိုက်လျောက်သောနေရာကို။ ဒေမိ၊ ပေးခဲ့၏ ။
အန္နေန၊ ထမင်းဖြင့်လည်းကောင်း။ ပါနေနစ၊ အဖျော်ဖြင့်လည်းကောင်း။ ခဇ္ဇေန၊ ခဲဘွယ်ဖြင့်လည်းကောင်း။ ဥပဋ္ဌာမိ၊ လုပ်ကျွေး၏။ တတ္ထ၊ ထိုထမင်းကျွေးရာအရပ်၌။ သန္နိဟိတံ၊ စီရင်အပ်သည်ဖြစ်၍။ ယဉ္စ၊ အကြင်ထင်ရှားသောဝတ္ထုသည်လည်း။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုစီရင်၍ထားသောဝတ္ထုကို။ သာဒေမိ၊ သိုမှီးသင့်သောဝတ္ထုကိုသိုမှီး၏ ။ ဥပနိယာမိစ၊ သိုမှီးသောဝတ္ထုမှအလိုရှိသောဝတ္ထုကိုဆောင်၏ ။ ယံ၊ အကြင်ဝတ္ထုသည်။ ယဿ၊ အကြင်သူအား။ ပတိရူပံ၊ လျောက်ပတ်၏ ။ တံ၊ ထိုဝတ္ထုကို။ တဿ၊ ထိုသူအား။ ဒေမိစ၊ ပေးလည်းပေး၏ ။
အဟံ၊ ငါသည်။ ကာလေန၊ လုပ်ကျွေးသင့်သောကာလကို မလွန်စေသဖြင့်။ ဥဋ္ဌဟိတွာ၊ အိမ်ထောင်မှုကိစ္စကိုပြီးစေ၍။ ဃရံ၊ အိမ်ရှင်မဖြစ်သောယောက္ခမကို။ သမုပဂမိ၊ အရိုအသေပန်ကြား၏။ တတော၊ ထိုပန်ကြားပြီးသည်မှ။ ဥမ္မာရဓောတဟတ္ထပါဒါ၊ တံခါးခုံ၌ရပ်လျက်လက်ခြေတို့ကိုဆောင်ပြီးသော်။ ပဉ္ဇလိကာ၊ လက်အုပ်ချီလျက်။ သာမိကံ၊ လင်အထံသို့။ ဥပေဟိ၊ ဆည်းကပ်၏။
အဟံ၊ ငါသည်။ ကောစ္ဆံ၊ မုတ်ဆိတ်ဖြီးရာ ခေါင်းဖြီးရာဖြီးကိုလည်းကောင်း။ ပသာဒံ၊ ကက္ကုကမည်‌သောအမှုန့်စသောမျက်နှာချေရာလွင်မှုန့်ကိုလည်းကောင်း။ အဉ္ဇနိဉ္စ၊ မျက်စဉ်းကြည်ကိုလည်းကောင်း။ အာဒါသကဉ္စ၊ ကြေးမုံကိုလည်းကောင်း။ ဂဏှိတွာ၊ ကိုင်ယူ၍။ ပရိကမ္မကာရိကာဝိယ၊ အလုပ်အကျွေးကျွန်မကဲ့သို့။ သယမေဝ၊ ငါ့ကိုယ်တိုင်ပင်လျှင်။ ပတိံ၊ လင်ကို။ ပိတုသေမိ၊ တန်ဆာဆင်၏ ။
သယမေဝ၊ ငါ့ကိုယ်တိုင်ပင်လျှင်။ ဩဒနံ၊ ထမင်းကို။ သာဓယာမိ၊ ချက်၏ ။ သယမေဝ၊ ငါ့ကိုယ်တိုင်ပင်လျှင်။ ဘာဇနံ၊ စားခွက်လင်ဗန်းကို။ ဓောဝိံ၊ ဆေး၏ ။ မာတာ၊ အမိသည်။ ဧကပုတ္တကံ၊ တစ်ယောက်ထည်းသောသားကို။ ပရိစရတိဣဝ၊ လုပ်ကျွေးသကဲ့သို့။ တထာ၊ ထိုအတူ။ အဟံ၊ ငါသည်။ ဘတ္တာရံ၊ လင်ကို။ ပရိစရာမိ၊ ရိုသေစွာလုပ်ကျွေးခဲ့၏ ။
ဧဝံ၊ ဤသို့။ ဘတ္တိကတံ၊ ပြုအပ်သောလင်၌ခစားခြင်းရှိထသော။ အနုတ္တရံ၊ လင်သို့လိုက်၍ကျင့်တတ်ထသော။ ကာရိကံ၊ ထိုသို့သော ပြုဖွယ်ကိစ္စကိုပြုတတ်ထသော။ နိဟတမာနံ၊ မာန်ကိုလည်းနှိမ်ချထသော။ ဥဋ္ဌာယိကံ၊ ထကြွလုံ့လနှင့်ပြည့်စုံထသော။ အနလသံ၊ ပျင်းရိခြင်းလည်းမရှိထသော။ သီလပတိံ၊ သီလအကျင့်နှင့်ပြည့်စုံထသော။ တံမံ၊ ထိုငါ့ကို။ ဘတ္တာ၊ ငါ့လင်သည်။ ဒုဿတေ၊ အမျက်ထွက်၏ ။
သော၊ ထိုငါ့လင်သည်။ မာတရဉ္စ၊ အမိကိုလည်းကောင်း။ ပိတရဉ္စ၊ အဘကိုလည်းကောင်း။ ဘဏတိ၊ ဆိုလေ၏။ အဟံ၊ ငါသည်။ တုမှေ၊ သင်မိခင်ဘခင်တို့ကို။ အာပုစ္ဆ၊ ပန်၍။ ဂမိဿာမိ၊ တစ်စုံတစ်ခုသောအရပ်သို့သွား‌တော့အံ့။ ဣသိဒါသိယာ၊ ဣသိဒါသီနှင့်။ ဧကာဂါရေ၊ တစ်အိမ်တည်း၌။ အဟံ၊ ငါသည်။ သဟဝတ္ထုံ၊ တကွနေခြင်းကို။ နသဟဝစ္ဆံ၊ အတူမနေတော့အံ့။ ဣတိ၊ ဤသို့။ ဘဏတိ၊ ဆို၏ ။
ပုတ္တ၊ ချစ်သား။ ဧဝံ၊ ဤသို့။ မာအဝစ၊ မဆိုလင့်။ ဣသိဒါသီ၊ ဣသိဒါသီသည်။ ပဏ္ဍိတာ၊ ပညာရှိ၏ ။ ပရိဗျတ္တာ၊ လိမ္မာ၏ ။ ဥဋ္ဌာယိကာ၊ ထကြွလုံ့လနှင့်ပြည့်စုံ၏ ။ အနလသာ၊ ပျင်းလည်းမပျင်း။ ပုတ္တ၊ ချစ်သား။ တုယှံ၊ သင်ချစ်သားသည်။ ကိံ၊ အဘယ်ကြောင့်။ ဣသိဒါသိံ၊ ဣသိဒါသီကို။ နရောစတေ၊ မနှစ်သက်လေသနည်း။
ဘောန္တော၊ အိုအမိအဘတို့။ ဣသိဒါသီ၊ ဣသိဒါသီသည်။ မေ၊ ငါ့အား။ ကိဉ္စိ၊ တစ်စိုးတစ်စည်းမျှ။ နစဟိံ သတိ၊ မညှဉ်းဆဲပေ။ အဟံစ၊ အကျွန်ုပ်သည်လည်း။ ဣသိဒါသိံ၊ ဣသိဒါသီကို။ နဟိံ သာမိ၊ မညှဉ်းဆဲခဲ့။ ဣသိဒါသိယာ၊ ဣသိဒါသီနှင့်။ သဟ၊ တကွ။ နဝစ္ဆံ၊ မနေချင်တော့ပြီ။ မေမယာ၊ အကျွန်ုပ်သည်။ ဣသိဒါသိံ၊ ဣသိဒါသီကို။ ဒေဿာဝ၊ မုန်းလှသည်သာလျှင်တည်း။ မေ၊ အကျွန်ုပ်အား။ ဧတာယ၊ ထိုဣသိဒါသီဖြင့်။ အလံ၊ အလိုမရှိတော့ပြီ။ အဟံ၊ အကျွန်ုပ်သည်။ တုမှေ၊ သင်မိခင်ဘခင်တို့ကို။ အာပုစ္ဆ၊ ပန်၍။ ဂမိဿာမိ၊ သွားတော့အံ့။
တဿ၊ ထိုငါ့လင်၏ ။ ဝစနံ၊ စကားကို။ သုဏိတွာ၊ ကြားရ၍။ သဿုရာစ၊ ယောက္ခမတို့သည်လည်း။ မေ၊ ငါ့ကို။ အပုစ္ဆိံသု၊ မေးကုန်၏ ။ ဣသိဒါသိ၊ ဣသိဒါသီ။ အဿ၊ ထိုသင့်လင်အား။ တယာ၊ သင်သည်။ ကိံ၊ အဘယ်သို့သော။ အပရဒ္ဓံ၊ ပြစ်မှားခြင်းကို။ ကတံ၊ ပြုမိလေသနည်း။ ယထာဘူတံ၊ ဟုတ်မှန်တိုင်းကို။ ဝိသဋ္ဌာ၊ လွတ်လွတ်။ ဘဏ၊ သင်ပြောလော။
ဘောန္တော၊ အိုယောက္ခမတို့။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုအကျွန်ုပ်လင်အား။ ကိဉ္စိ၊ တစ်စိုးတစ်စိတ်မျှ။ နပိအပရဇ္ဈံ၊ မပြစ်မှားမိချေ။ နပိဟိံသေမိ၊ ညှဉ်းလည်းမညှဉ်းဆဲ။ ဒုဗ္ဗစနံ၊ မကောင်းသောစကားကိုလည်း။ နဘဏာမိ၊ မဆိုရချေ။ အယျေ၊ ယောက္ခမတို့။ မံ၊ အကျွန်ုပ်ကို။ ဘတ္တာ၊ အကျွန်ုပ်လင်သည်။ ယံယသ္မာ၊ အကြင်ကြောင့်။ ဝိဒေဿတေ၊ အကြောင်းမရှိဘဲပင်မုန်းခဲ့၏။ တသ္မာ၊ ထိုကြောင့်။ တာယမယာ၊ ထိုအကျွန်ုပ်သည်။ ကိံ၊ အဘယ်သို့။ ကာတုံ၊ ပြုခြင်းငှါ။ သက္ကာ၊ တတ်နိုင်ပါတော့အံ့နည်း။
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ဣသိဒါသီကဆိုအပ်သည်ရှိသော်။ တေ၊ ထိုယောက္ခမတို့သည်။ ဝိမနာ၊ နှစ်လုံးမသာကုန်သည်ဖြစ်၍။ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်။ အဓိဘူတာ၊ နှိပ်စက်ကုန်သည်ဖြစ်၍။ ပုတ္တံ၊ မိမိတို့သားကို။ အနုရက္ခတာ၊ စိတ်ကိုစောင့်ခြင်းဖြင့်စောင့်‌ရှောက်ကုန်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ သိရူပိနိလစ္ဆိံ၊ အကြင်ကျက်သရေနှင့်ပြည့်စုံသောနတ်ကဲ့သို့သောချွေးမကောင်းကိုရခြင်းမှ။ ဇိနပရိဟီနာ၊ ယုတ်ကုန်သည်။ အမှ၊ ဖြစ်ကုန်ခဲ့၏တကား။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ မံ၊ ငါ့ကို။ ပိတုဃရံ၊ မိဘအိမ်သို့။ ပဋိနယိံသု၊ တစ်ဖန်ပြန်ပို့ကုန်၏ ။
အထ၊ ထိုနောင်မှ။ တာတော၊ ငါ့ဘခင်သည်။ အဍ္ဎဿ၊ ကြွယ်ဝသော။ ဒုတိယကုလိကဿ၊ နှစ်ယောက်မြောက်သောအမျိုးသားလင်၏ ။ ဃရမှိ၊ အိမ်၌။ မံ၊ ငါ့ကို။ အဒါသိ၊ ပေးပြန်၏။ ဒေန္တောစ၊ ပေးသောငါ့ဘခင်သည်လည်းကောင်း။ ယေနသုင်္ကေန၊ အကြင်လက်ဆောင်ဖြင့်။ သေဋ္ဌိ၊ ရှေးဦးစွာသောသူဋ္ဌေးသည်။ မံ၊ ငါ့ကို။ ဝိန္ဒထ၊ ရ၏။ တတော၊ ထိုလက်ဆောင်အောက်။ ဥပဍ္ဎသုင်္ကေန၊ ထက်ဝက်ယုတ်သောလက်ဆောင်ဖြင့်။ အဒါသိ၊ ပေး၏။
တဿာပိ၊ ထိုနှစ်ယောက်မြောက်သောလင်၏လည်း။ ဃရမှိ၊ အိမ်၌။ မာသံ၊ တစ်လမျှ။ အဟံ၊ ငါသည်။ အဝသိံ၊ နေ၏။ အထ၊ ထိုအခါ၌။ သောပိ၊ ထိုနှစ်ယောက်မြောက်သောလင်သည်လည်း။ ဒါသီဝ၊ ကျွန်မကဲ့သို့။ ဥပဋ္ဌဟန္တိံ၊ လုပ်ကျွေးခစားပါလော။ အဒုသိကံ၊ အပြစ်မရှိသော။ သီလသမ္ပန္နံ၊ သီလနှင့်ပြည့်စုံသော။ မံ၊ ငါ့ကို။ ပဋိစ္ဆရာတိ၊ အိမ်မှငင်ထုတ်၏ ။
အထပစ္ဆာ၊ ထိုနောင်မှ။ ဒမကံ၊ သနားခြင်း၏တည််ရာ၏အဖြစ်ဖြင့်သူတစ်ပါးကိုစိတ်ကို ဆုံးမတတ်သော။ ဒန္တံ၊ မိမိ၏ကိုယ်နှုတ်ကိုငြိမ်သက်သည်ကို။ ကတွာ၊ ပြု၍။ ဘိက္ခာယ၊ ဆွမ်းခံအပ်သောငှါ။ ဝိစရန္တံ၊ သူတစ်ပါးစိတ်ကိုနှစ်သက်စေသဖြင့် သွားသောရဟန်းကို။ မေ၊ ငါ၏။ ပိတာ၊ အဘသည်။ ဘဏတိ၊ ဆို၏ ။ ကိံ ဘဏတိ၊ အဘယ်သို့ဆိုသနည်း။ ဘော၊ အိုရဟန်း။ တွံ၊ သင်သည်။ သောဟိ၊ နားထောင်လော။ မေ၊ ငါ၏ ။ ဇာမာတာ၊ သမက်သည်။ အသိ၊ ဖြစ်လော။ ပေါဋ္ဌိဉ္စ၊ သင်ဝတ်သောသင်္ကန်းနွမ်း သင်းပိုင်ကိုလည်းကောင်း။ ဃဋိကဉ္စ၊ ဆွမ်းခံသောသပိတ်ကိုလည်းကောင်း။ နိက္ခိပ၊ စွန့်ပစ်လော။ ဣတိ၊ ဤသို့။ ဘဏတိ၊ ဆို၏ ။
သောပိ၊ ထိုလူထွက်ယောကျာ်းသည်လည်း။ ပက္ခံ၊ လခွဲခံ့မျှ။ ဝသိတွာ၊ ငါနှင့်တကွနေပြီး၍။ အထ၊ ထိုလခွဲလွန်သောအခါ၌။ တာတံ၊ ငါအဘကို။ ဘဏတိ၊ ဆို၏ ။ ကိံ ဘဏတိ၊ အဘယ်သို့ဆိုသနည်း။ သေဋ္ဌိ၊ ရှင်သူဋ္ဌေး။ ပေါဋ္ဌိဉ္စ၊ ငါဝတ်သောသင်္ကန်းနွမ်းသင်းပိုင်ကိုလည်းကောင်း။ ဃဋိကဉ္စ၊ ဆွမ်းခံသောသပိတ်ကိုလည်းကောင်း။ ပတ္တကဉ္စ၊ ရေသောက်ခွက်ကိုလည်းကောင်း။ မေ၊ ငါ့အား။ ဒေဟိ၊ ပေးလော့။ ပုနပိ၊ တစ်ဖန်လည်း။ ဘိက္ခံဘိက္ခာယ၊ ဆွမ်းခံအံံ့သောငှါ။ အဟံ၊ ငါသည်။ စရိဿာမိ၊ သွားတော့အံ့။ ဣတိ၊ ဤသို့။ ဘဏတိ၊ ဆို၏ ။
အထ၊ ထိုနောင်မှ။ နံ၊ ထိုလူထွက်ယောက်ျားကို။ မံ၊ ငါ၏ ။ တာတော၊ အဘသည်လည်းကောင်း။ အမ္မာ၊ အမိသည်လည်းကောင်း။ သဗ္ဗော၊ အလုံးစုံသော။ ဉာတိဂဏာ ဉာတိဂဏော၊ ဆွေမျိုးအပေါင်းသည်လည်းကောင်း။ ဝဂ္ဂေါ၊ ပေါင်းစည်းစုဝေးသည်ဖြစ်၍။ ဘဏတိ၊ ဆို၏ ။ ဣဓ၊ ဤပြည့်စုံကြွယ်ဝသောအိမ်၌။ တေ၊ သင်၏ ။ ကိံ၊ အဘယ့်ကြောင့်။ နကိရတိ၊ မပျော်မွေ့သနည်း။ တွံ၊ သင်သည်။ ဘဏ၊ ပျော်မွေ့သောအကြောင်းကိုဆိုလော့။ ခိပ္ပံ၊ လျှင်စွာ။ အယံ၊ ဤဣသိဒါသီသည်။ တေ၊ သင်၏ ။ ဆန္ဒံ၊ အလိုကို။ ကရိဟိတိ၊ ပြုလတ္တံ့။ ဣတိ၊ ဤသို့။ ဘဏိတိ၊ ဆို၏ ။
ဧဝံ၊ ဤသို့ဆွေမျိုးအပေါင်းစုဝေး၍ဆိုသည်ရှိသော်။ ဘဏိတော၊ ဆိုအပ်သောရဟန်းလူထွက်သည်။ ဘဏတိ ဆို၏ ။ မေ၊ ငါ့အား။ အတ္တာ၊ မိမိနှင့်စပ်သော။ သက္ကော၊ တော်လှန်ခြင်းသည်။ ယဒိဟောတိ၊ အကယ်၍ဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်။ မယှံ၊ ငါ့အား။ ဣသိဒါသိယာ၊ ဣသိဒါသီဖြင့်။ အလံ၊ အကျိုးမရှိ။ အဟံ၊ ငါသည်။ ဣသိဒါသိယာ၊ ဣသိဒါသီနှင့်။ ဧကဃရေ၊ တစ်အိမ်တည်း၌။ သဟဝတ္ထုံ၊ တကွနေခြင်းကို။ နဝစ္ဆံ၊ မနေအံ့။ ဣတိ၊ ဤသို့။ ဘဏတိ၊ ဆို၏ ။
သော၊ ထိုရဟန်းလူထွက်သည်။ ဝိဿဇ္ဇိတော၊ ငါ့အဘလွှတ်လိုက်သည်ရှိသော်။ ဂတော၊ အလိုရှိရာသွားလေ၏ ။ အဟမ္ပိ၊ ငါသည်လည်း။ ဧကာကိနီ၊ တစ်ယောက်ထည်းတည်း သာလျှင်ဖြစ်၍။ ဝိစိန္တေမိ၊ ကြံ၏ ။ ကိံဝိစိန္တေမိ၊ အဘယ်သို့ကြံသနည်း။ အဟံ၊ ငါသည်။ အာပုစ္ဆိတုန၊ ငါ့အဘကို ပန်၍။ မရိတုယေဝါ၊ သေအံ့သောငှါမူလည်း။ ဂစ္ဆိဿံ၊ သွားအံ့။ ပဗ္ဗဇ္ဇာယဝါ၊ ရဟန်းပြုခြင်းငှါမူလည်း။ ဂစ္ဆိဿံ၊ သွားအံ့။ ဣတိ၊ ဤသို့။ ဝိစိန္တေမိ၊ ကြံ၏။
အထ၊ ထိုအခါ၌။ ဝိနယဓရီ၊ ဝိနည်းကိုဆောင်သော။ ဗဟုဿုဘာ၊ များသောအကြားအမြင်ရှိသော။ သီလသမ္ပန္နံ၊ သီလနှင့်ပြည့်စုံသော။ အယျာဇိနဒတ္တာ၊ အရှင်မဇိနဒတ္တာသည်။ ဂေါစရာယ၊ ဆွမ်းခံအံ့သောငှါ။ စရမာနာ၊ သွားသည်ဖြစ်၍။ တာတကုလံ၊ ငါ့အဘ၏အိမ်သို့။ အာဂစ္ဆိ၊ လာ၏ ။
အမှာကံ၊ ငါတို့၏ ။ ကုလံ၊ အိမ်သို့။ အာဂတံ၊ ရောက်လာသော။ တံ၊ ထိုဇိနဒတ္တာထေရီမကို။ ဒိသွာန၊ မြင်ရ၍။ အဟံ၊ ငါသည်။ ဥဋ္ဌာယ၊ နေရာမှထ၍။ အဿာ၊ ထိုဇိနဒတ္တာထေရီမအား။ အာသနံ၊ နေရာကို။ ပညာပယိံ၊ ခင်းပြီ။ နိသိန္နာယစ၊ နေရာ၌ထိုင်နေပြီးသောဇိနဒတ္တာထေရီမ၏လည်း။ ပါဒေ၊ ခြေတို့ကို။ ဝန္ဒိတွာ၊ ရှိခိုး၍။ ဘောဇနံ၊ ဘောဇဉ်ကို။ အဒါသိံ၊ ပေးလှူ၏ ။
အန္နေနစ၊ ထမင်းဖြင့်လည်းကောင်း။ ပါနေနစ၊ အဖျော်ဖြင့်လည်းကောင်း။ ခဇ္ဇေနစ၊ ခဲဖွယ်ဖြင့်လည်းကောင်း။ အဒါသိံ၊ ပေးလှူ၏ ။ တတ္ထ၊ ထိုဆွမ်းကျွေးရာအရပ်၌။ ယဉ္စ၊ အကြင်ဝတ္ထုသည်လည်း။ သန္နိဟိတံ၊ စီရင်အပ်သည်ဖြစ်၍ရှိ၏ ။ တေနစ၊ ထိုဝတ္ထုဖြင့်လည်းကောင်း။ တံ၊ ထိုဇိနဒတ္တာထေရီမကို။ သန္တပ္ပယိတွာ၊ ကောင်းစွာ‌ရောင့်ရဲစေပြီး၍။ ဧဝံ၊ ဤသို့။ အဝစံ၊ ဆို၏ ။ ကိံ အဝစံ၊ အဘယ်သို့ဆိုသနည်း။ အယျေ၊ အရှင်မ။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတုံ၊ ရဟန်းပြုအံ့သောငှါ။ ဣစ္ဆာမိ၊ အလိုရှိ၏ ။ ဣတိဧဝံ၊ ဤသို့။ အဝစံ၊ ဆို၏ ။
အထ၊ ထိုအခါ၌။ တာတော၊ ငါ၏အဘသည်။ မံ၊ ငါ့ကို။ ဘဏတိ၊ ဆို၏။ ကိံ ဘဏတိ၊ အဘယ်သို့ဆိုသနည်း။ ပုတ္တိကေ၊ ချစ်သမီး။ ဣဓေဝ၊ ဤအိမ်၌ပင်လျှင်။ တံဓမ္မံ၊ ထိုရဟန်းအကျင့်စသော ရဟန်းတရားကို။ စရာဟိ၊ ကျင့်ဦးလော။ သမဏေ၊ ရဟန်းတို့ကိုလည်းကောင်း။ ဒွိဇဇာတိဉ္စ၊ ပုဏ္ဏားမျိုးကိုလည်းကောင်း၊ အန္နေနစ၊ ထမင်းဖြင့်လည်းကောင်း။ ပါနေနစ၊ အဖျော်ဖြင့်လည်းကောင်း။ တပ္ပယ၊ ရောင့်ရဲစေဦးလော။ ဣတိ၊ ဤသို့။ ဘဏတိ၊ ဆို၏ ။
အထ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ ရောဒန္တီ၊ ငိုလျက်။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဏာမေတွာ၊ ညွတ်စေ၍။ တာတံ၊ ဘခင်ကို။ ဘဏာမိ၊ ဆို၏ ။ တာတ၊ ဘခင်။ မယာ၊ အကျွန်ုပ်သည်။ ပါပံဟိ၊ မကောင်းကိုသာလျှင်။ ပကတံ၊ ပြုအပ်ချေ၏ ။ တံကမ္မံ၊ ထိုမကောင်းမှုကို။ နိဇ္ဇရေဿာမိ၊ ပျက်စီးစေအံ့။ ဣတိ၊ ဤသို့။ ဘဏာမိ၊ ဆို၏ ။
အထ၊ ထိုအခါ၌။ မံ၊ ငါ့ကို။ တာတော၊ ဘခင်သည်။ ဘဏတိ၊ ဆို၏ ။ ကိံ ဘဏတိ၊ အဘယ်သို့ဆိုသနည်း။ ပုတ္တိကေ၊ ချစ်သမီးငယ်။ ယံဓမ္မံ၊ အကြင်မဂ်ဖိုလ်နိဗ္ဗာန်ဟုဆိုအပ်သော လောကုတ္တရာတရားကိုးပါးကို။ ဒွိပဒသေဋ္ဌော၊ အခြေနှစ်ချောင်းရှိသောလူနတ်ဗြဟ္မာတို့ထက်မြတ်တော်မူသောမြတ်စွာဘုရားသည်။ သစ္ဆိကရိ၊ မျက်မှောက်ပြုတော်မူ၏ ။ တံတာဒိသံ၊ ထိုသို့သဘောရှိသော။ ဗောဓိဉ္စ၊ သစ္စာလေးပါးကိုသိသောမဂ်ဉာဏ်သို့လည်းကောင်း။ အဂ္ဂဓမ္မဉ္စ၊ မြတ်သောအရဟတ္တဖိုလ်တရားသို့လည်းကောင်း။ တွံ၊ သင်သည်။ ပါပုဏ၊ ရောက်လေလော။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်ကိုလည်း။ လဘဿု၊ ရလေလော။ ဣတိ၊ ဤသို့။ ဘဏတိ၊ ဆို၏ ။
အဟံ၊ ငါသည်။ မာတာပိတု၊ အမိအဘတို့ကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော။ ဉာတိဂဏဝဂ္ဂဉ္စ၊ ဆွေမျိုးအပေါင်းကိုလည်းကောင်း။ အဘိဝါဒယိတွာ၊ ရှိခိုးခဲ့၍။ ပဗ္ဗဇိတာ၊ ရဟန်းပြုသည်ဖြစ်၍။ သတ္တာဟံသတ္တာဟေန၊ ခုနစ်ရက်ဖြင့်။ တိဿောဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးတို့ကို။ အဖဿယိံ၊ မျက်မှောက်ပြုရပြီ။
အယျေ၊ အရှင်မဗောဓိထေရီမ။ အဟံ၊ ငါသည်။ အတ္တနော၊ မိမိ၏ ။ သတ္တဇာတိယော၊ ရှေးခုနစ်ဘဝတို့ကို။ ဇာနာမိ၊ သိ၏ ။ ယဿ၊ အကြင်မကောင်းမှုကံ၏ ။ အယံ၊ ဤသင်မနှစ်သက်သောအဖြစ်ဟုဆိုအပ်သော။ ဖလဝိပါကော၊ အကျိုးစက်ဖြစ်သောအကျိုးသည်။ ဟောတိ၊ ဖြစ်၏ ။ တံ၊ ထိုမကောင်းမှုကို။ တဝ၊ သင်ဗောဓိထေရီမအား။ အာစိက္ခိဿံ၊ ကြားပေအံ့။ တံ၊ ထိုငါကြားလတ္တံ့သောမကောင်းမှုကံကို။ ဧကမနာ၊ တည်ကြည်သောစိတ်ရှိသည်ဖြစ်၍။ နိသာမေဟိ၊ နားထောင်လော။
အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေးခုနစ်ဘဝ၌။ ဧရကကစ္ဆေ၊ ဧရကကစ္ဆအမည်ရှိသော။ နဂရမှိ၊ မြို့၌။ ပဟုတဓနော၊ များသောဥစ္စာရှိသော။ သုဝဏ္ဏကာရော၊ ရွှေပန်းထိမ်သည်သည်။ အဟောသိံ၊ ဖြစ်ခဲ့ဖူး၏ ။ သောအဟံ၊ ထို‌ရွှေပန်းထိမ်သည်ဖြစ်သောအကျွန်ုပ်သည်။ ယောဗ္ဗနမဒေန၊ အရွယ်မာန်ယစ်ခြင်းဖြင့်။ မတ္တော၊ ယစ်မေ့သည်ဖြစ်၍။ ပရဒါရံ၊ သူတစ်ပါးမယားကို။ အာသေဝိဿံ၊ မှီဝဲခဲ့ဘူး၏ ။
သောအဟံ၊ ထိုအကျွန်ုပ်သည်။ တတော၊ ရွှေပန်းထိမ်သည်အဖြစ်မှ။ စဝိတွာ၊ စုတေခဲ့၍။ အဝီစိယံ၊ အဝီစိအမည်ရှိသော။ နိရယမှိ၊ ငရဲကြီး၌။ စိရံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ပက္ကော၊ ငရဲမီးဖြင့်လောင်၏ ။ တတောစ၊ ထိုအစဝီစိငရဲမှလည်း။ ဥဋ္ဌဟိတွာ၊ ထ၍။ မက္ကဋိယာ၊ မျောက်မ၏ ။ ကုစ္ဆိံ၊ ဝမ်းသို့။ ဩက္ကမိ၊ ဝင်၏ ။
သတ္တာဟဇာတကံ၊ ဖွား၍ခုနစ်ရက်မြောက်ပြီးသော။ မံ၊ ငါ့ကို။ ယူထပေါ၊ မျောက်အပေါင်း၏အရှင်ဖြစ်သော။ မဟာကပိ၊ မျောက်မင်းသည်။ နိလစ္ဆေသိ၊ ဝှေးစေ့ကိုကိုက်ထုတ်၏ ။ အဟံ၊ ငါသည်။ ယထာပိယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း။ ပရဒါရံ၊ သူတစ်ပါးမယားကို။ ဂန္တွာန၊ လွန်ကျူး၍။ အစရိံ၊ ကျင့်ခဲ့ဘူး၏ ။ တဿမယှံ၊ ထိုငါ့အား။ ဧတံ၊ ဤမျောက်မင်းဝှေးစေ့ကိုအထုတ်ခံရခြင်း၏အကြောင်းသည်။ ကမ္မဖလံ၊ ‌ရှေးလွန်ပြီးသောခုနစ်ဘဝအဖြစ်၌ပြုအပ်သော ပရဒါရကံ၏အကျိုးတည်း။
သောအဟံ၊ ထိုငါသည်။ တတော၊ ထိုမျောက်အဖြစ်မှ။ စဝိတွာ၊ စုတေခဲ့၍။ ကာလင်္ကရိတွာ၊ သေခဲ့၍။ သိန္ဓဝေ၊ သိန္ဓဝတိုင်း၌။ အရညေ၊ တောအရပ်၌။ ကာဏာယစ၊ ကန်းလည်းကန်းထသော။ ခဉ္ဇာယစ၊ ခြေလည်းခွင်သော။ ဧဠကိယာ၊ ဆိတ်မ၏ ။ ကုစ္ဆိံ၊ ဝမ်း၌။ ဩက္ကမိံ၊ ပဋိသန္ဓေနေ၏ ။
အဟံ၊ ငါသည်။ ဒွါဒသဝဿာနိ၊ တစ်ဆယ့်နှစ်နှစ်တို့တိုင်တိုင်။ နိလစ္ဆိတော၊ ထုတ်အပ်သောဝှေးစေ့ရှိသည်ဖြစ်၍။ ဒါရကေ၊ ကျောက်ကုန်း၌တက်၍စီးကုန်သောသူငယ်တို့ကို။ ပရိဝဟိတွာ၊ ချီပိုးရွက်ဆောင်၍။ ကီမိနာဝ၊ ပခုံးကျောက်ဆစ်တို့၌လောက်အထိတက်လျက်။ အဋ္ဋော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အကလ္လော၊ နာသည်။ အဟောသိံ၊ ဖြစ်၏ ။ တံ၊ ထိုဝှေးစေ့ထုတ်သောဆိတ်အဖြစ်၌ဆင်းရဲခံရခြင်းသည်။ ယထာပိ၊ အဘယ်မကောင်းမှုကံကြောင့်ခံရသနည်း။ ပရဒါရံ၊ သူတစ်ပါးမယားကို။ ဂန္တွာန၊ လွန်ကျူးသွားလာမိသောကြောင့်။ အဟောသိံ၊ ဖြစ်၏ ။
သောအဟံ၊ ထိုငါသည်။ တတော၊ ထိုဆိတ်အဖြစ်မှ။ စဝိတွာ၊ စုတေခဲ့၍။ ဂေါဝါဏိဇကဿ၊ နွားကုန်သည်၏ ။ ဂါဝိယာ၊ နွားမဝမ်း၌။ ဇာတော၊ ဖြစ်၏ ။ သောအဟံ၊ ထိုငါသည်။ လာခါတမ္ဗော၊ ချိပ်ရည်ဖြင့်ဆိုးသကဲ့သို့နီသောအမွေးရှိသော။ ဝစ္ဆော၊ နွားသားငယ်သည်။ ဟုတွာ၊ ဖြစ်၍။ ဒွါဒသမာသေ၊ တစ်ဆယ့်နှစ်လရောက်သောအခါ၌။ နိလစ္ဆိ‌တော၊ ထုတ်အပ်သောဝှေးစေ့ရှိသည်ဖြစ်၍။
အဟံ၊ ငါသည်။ နင်္ဂလံ၊ ထမ်းပိုးကိုလည်းကောင်း။ သကဋံ၊ လှည်းကိုလည်းကောင်း။ ဓာရယိတွာန၊ ရုန်း၍။ အဋ္ဌာရသမှိ၊ တစ်ဆယ့်ရှစ်နှစ်မြောက်သောအခါ၌။ အန္ဓောဝ၊ ကန်းသည်ဖြစ်၍သာလျှင်။ အဋ္ဋော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အကလ္လော၊ နာသည်။ အဟောသိံ၊ ဖြစ်၏ ။ ဧတံ၊ ဤသို့ဝှေးစေ့ထုတ်ခံရခြင်းသည်။ ယထာပိ၊ အဘယ်မကောင်းမှုကံကြောင့်နည်း။ ပရဒါရံ၊ သူတစ်ပါးမယားသို့။ ဂန္တွာန၊ သွားလာဘူးသောမကောင်းမှုကံကြောင့်တည်း။
သောအဟံ၊ ထိုငါသည်။ တတော၊ ထိုနွားအဖြစ်မှ။ စဝိတွာ၊ စုတေခဲ့၍။ ဝီထိယာ၊ မြို့လမ်းခရီး၌။ ဃရေဒါသိယာ၊ အိမ်ပေါက်ကျွန်မ၏ ။ ကုစ္ဆိယံ၊ ဝမ်း၌။ ဇာတော၊ ဖြစ်၏။ မဟိဠာ၊ မိန်းမသည်။ နေဝဟောတိ၊ မဖြစ်။ ပုရိသော၊ ယောက်ျားသည်။ နဟောတိ၊ မဖြစ်။ ဇာတိနပုံသကော၊ ပဋိသန္ဓေအားဖြင့်နပုံးဖြစ်၏ ။ တံ၊ ထိုသို့နပုံးဖြစ်ရခြင်းသည်။ ယထာပိ၊ အဘယ်မကောင်းမှုကံကြောင့်ဖြစ်သနည်း။ ပရဒါရံ၊ သူတစ်ပါးမယားကို။ ဂန္တွာန၊ လွန်ကျူးသွားလာမိသောကြောင့်။ ဇာတိနပုံသကော၊ ပဋိသန္ဓေအားဖြင့်နပုံးသည်။ အဟောသိံ၊ ဖြစ်၏ ။
တိံ သတိဝဿမှိ၊ အနှစ်သုံးဆယ်မြောက်သောအခါ၌။ မတော၊ သေခဲ့သည်ဖြစ်၍။ ကပဏမှိ၊ ဆင်းရဲစွာသော။ အပ္ပဘောဂေန၊ နည်းသောဥစ္စာစည်းစိမ်ရှိသော။ ဓနိတပုရိသပါတဗဟုလမှိ၊ မြီရှင်ယော်ကျားတို့၏နှိပ်စက်ခြင်းများသော။ သာကဋိကကုလမှိ၊ သေနကမည်သောအမျိုးအိမ်၌။ ဒါရိကာ၊ မိန်းမငယ်ဖြစ်၍။ ဇာတာ၊ ဖြစ်၏ ။
သတ္ထဝါဟော၊ လှည်းကုန်သည်သူကြွယ်ဘဦးသည်။ ကမ္မန္တတော၊ လှည်းအလုပ်အမှုအားဖြင့်လည်းကောင်း။ ဥဿန္နာယ၊ ပြောသော။ ဝိပုလာယ၊ များသော။ ဝုဍ္ဎိယာ၊ ကြွေးမြီ၏ပွါးခြင်းဖြင့်လည်းကောင်း။ ကုလဃရသ္မာ၊ ငါဖွားသောအိမ်မှ။ အစ္ဆိန္ဒိတွာ၊ လုယက်၍။ ဝိလပန္တိံ၊ ငိုမြည်တမ်းစဉ်။ မံ၊ ငါ့ကို။ ဩကဍ္ဎတိ၊ ငင်ယူ၍ကျွန်မပြုလေ၏ ။
အထ၊ ထိုနောင်မှ။ သောဠသမေဝဿေ၊ တစ်ဆယ့်ခြောက်နှစ်မြောက်သောအခါ၌။ နာမေန၊ အမည်အားဖြင့်။ ဂိရိဒါသောနာမ၊ ဂိရိဒါသမည်သော။ အဿ၊ ထိုလှည်းကုန်သည်၏။ ပုတ္တော၊ သားသည်။ ပတ္တယောဗ္ဗနံ၊ အရွယ်သို့ရောက်သော။ ကညံ၊ သတို့သမီးငယ်ဖြစ်သော။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်၍။ ဩရုဒ္ဓတိ၊ မယားပြု၏ ။
တဿပိ၊ ထိုဂိရိဒါသမည်သောလင်အားလည်း။ အညာ၊ ငါမှတစ်ပါးသော။ သီလဝတီ၊ သီလနှင့်ပြည့်စုံသော။ ဂုဏဝတီ၊ ကျေးဇူးနှင့်ပြည့်စုံသော။ ယသဝတီစ၊ အခြွေအရံနျင့်လည်းပြည့်စုံသော။ ဘတ္တာရံ၊ လင်အလိုသို့။ အနုဝတ္တာ၊ လိုက်ပေတတ်သော။ ဘရိယာ၊ မယားသည်။ အတ္ထိ၊ ရှိ၏ ။ အဟံ၊ ငါသည်။ တဿ၊ ထိုလင်အား။ ဝိဒေသနံ၊ မယား၌မုန်းခြင်းအမှုကို။ အကာသိံ၊ ပြု၏ ။
ဒါသီဝ၊ ကျွန်မကဲ့သို့။ ဥပဋ္ဌဟန္တိံ၊ လင်ကိုလုပ်ကျွေးသော။ ယံမံ၊ အကြင်ငါ့ကို။ ပတိနော၊ လင်တို့သည်။ အပကိရိတုန၊ စွန့်ပစ်၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ ဧတံ၊ ဤသို့လင်တို့စွန့်ပစ်၍သွားခြင်းသည်။ တဿမယှံ၊ ထိုငါ၏ ။ ကမ္မဖလံ၊ သူတစ်ပါးမယားကိုလွန်ကြူးသောမကောင်းမှု မုန်းအောင်ပြုသောမကောင်းမှုကံ၏အကျိုးစက်တည်း။ တဿပိ၊ ထိုမကောင်းမှု၏လည်း။ အန္တော၊ အဆုံးကို။ မယာ၊ ငါသည်။ ကတော၊ အရဟတ္ထမဂ်ရသဖြင့် ပြုအပ်ပြီ။ ဣတိ၊ ဤသို့။ ဂဏှာဟိ၊ သင်မှတ်ယူလေလော့။
ဣသိဒါသီ၊ ဣသိဒွသီထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
စတ္တာလီသနိပါတော၊ စတ္တာလီသနိပါတ်သည်။ သမတ္တော၊ ပြီးပြီ။