(၃၉) အဟံ၊ ငါသည်။
ဝဏ္ဏေနစ၊ ကျေးဇူးဖြင့်လည်းကောင်း။
ရူပေနစ၊ အဆင်း၏ပြည့်စုံခြင်းဖြင့်လည်းကောင်း။
သောဘဂ္ဂေနစ၊ တင့်တယ်ခြင်း၏ပြည့်စုံခြင်းဖြင့်လည်းကောင်း။
ယသေနစ၊ အခြံအရံ၏ပြည့်စုံခြင်းဖြင့်လည်းကောင်း။
မတ္တာ၊ မာန်ယစ်သည်။
ယောဗ္ဗနေနစ၊ အရွယ်၌မာန်ယစ်ခြင်းဖြင့်လည်း။
ဥပထ္ထဒ္ဓါ၊ ခက်ထန်သောစိတ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
အညာသံ၊ တပါးသောမိန်းမတို့အား။
အတိမညိံ၊ မထီမဲ့မြင်ပြုမိ၏။ ။
အဟံ၊ ငါသည်။
ဗာလလာပနံ၊ သူမိုက်တို့ကိုပလွှားပြောဆိုတတ်သော။
ဣမံကာယံ၊ ဤမစင်အတိပြီးသောငါ၏ကိုယ်ကို။
သုစိတ္တံ၊ အလွန်ဆန်းကြယ်စွာ။
ဝိဘူသေတွာ၊ တန်ဆာဆင်၍။
လုဒ္ဒေါ၊ မုဆိုးသည်။
ဩဋ္ဋိယ၊ ကျော့ကွင်းထောင်၍။
ပါသမှိ၊ ကျော့ကွင်းနား၌။
တိဋ္ဌတိဣဝ၊ ရပ်သကဲ့သို့။
ဝေသိဒွါရမှီ၊ ပြည်တန်ဆာမ၏အိမ်တံခါး၌။
ဩဋ္ဋိယ၊ ငါ့ကိုယ်တည်းဟူသောကျော့ကွင်းကိုငါထောင်၍။
အဋ္ဌာသိံ၊ ရပ်ပြီ။
ဂုယှံ၊ လျှို့ဝှက်အပ်သော။
ပကာသိကံ၊ ပြအပ်သောအင်္ဂါကိုလည်းကောင်း။
ဗဟုံ၊ များစွာသော။
ပိလန္ဓနံ၊ တန်ဆာကိုလည်းကောင်း။
ဝိဒံသေန္တီ၊ ပြလျက်။
ဗဟုံ၊ များစွာသော။
ဇနံ၊ လူမိုက်ကို။
ဝိပလမ္ပေတုံ၊ ရောင်ယမ်းတပ်မက်မောစိမ့်သောငှာ။
ဥဇ္ဇဂ္ဃန္တီ၊ ပြင်းစွာရယ်လျက်။
ဝိဝိဓံ၊ အထူးထူးအပြားပြားများသော။
မာယံ၊ လှည့်ပတ်ဖြားယောင်းခြင်းကို။
အကာသိ၊ ပြုပြီ။ ။
သောအဟံ၊ ထိုငါသည်။
အဇ္ဇ၊ ယခု။
ထေရဿ၊ အရှင်မောဂ္ဂလာန်မထေရ်၏။
ဩဝါဒေ၊ အဆုံးအမ၌။
ဌတွာ၊ တည်၍။
သာသနေ၊ သာသနာတော်၌။
မုဏ္ဍာ၊ ဦးပြည်းသောရဟန်းမိန်းမဖြစ်၍။
သင်္ဃာဋိပါရုတာ၊ ဒုကုဋ်ဖြင့်ရုံအပ်သောကိုယ်ရှိသည်ဖြစ်၍။
ပိဏ္ဍံ၊ ဆွမ်းအလို့ငှါ။
စရိတွာန၊ လှည့်လည်၍။
ရုက္ခမူလမှိ၊ သစ်ပင်ရင်း၌။
နိသိန္နာ၊ ထိုင်နေလျက်။
အဝိတက္ကဿ၊ ဝိတက်ကင်းသော ဒုတိယဈာန်လျှင်အခြေရှိသောအရဟတ္တဖိုလ်ကိုရခြင်းဖြင့်။
လာဘိနီ၊ ရပြီးသည်။
အမှိ၊ ဖြစ်၏။
ယေ၊ အကြင်ယောဂတို့သည်။
ဒိဗ္ဗာ၊ နတ်ပြည်၌အကျုံးဝင်ကုန်၏။
ယေစ၊ အကြင်ယောဂတို့သည်လည်း။
မနုသာ၊ လူပြည်၌ အကျုံးဝင်ကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေယောဂါ၊ ထိုယောဂတို့ကို။
သရစ္ဆိန္နာ၊ အကြွင်းမဲ့ဖြတ်အပ်ကုန်ပြီ။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
အာသဝေ၊ အာသဝေါတရားတို့ကို။
ခေပေတွာ၊ ကုန်စေ၍။
သီတိဘူတာ၊ ကိလေသာတည်းဟူသောပူပင်ခြင်းမှငြိမ်းသည်ဖြစ်၍။
နိဗ္ဗူတာ၊ ငြိမ်းသည်။
အမှိ၊ ဖြစ်၏။
ပုရာဏဂဏိကာ၊ ပြည်တန်ဆာမဖြစ်ဖူးသော။
ဝိမလာ၊ ဝိမလာထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။