Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

18. Saṅghātherīgāthā

Author: နိဿယ @ IAPT

(၁၈) အဟံ၊ ငါသည်။ ဃရေဃရံ၊ အိမ်ကို။ ဟိတွာ၊ စွန့်၍။ ပိယံပိယေ၊ ချစ်ဖွယ်တပ်မက်မောဖွယ်ရှိကုန်သော။ ပုတ္တံပုတ္တေ၊ သားသမီးတို့ကိုလည်းကောင်း။ ပသုံပသူ၊ နွားကျွဲစသောတိရစ္ဆာန်သတ္တဝါတို့ကိုလည်းကောင်း။ ဟိတွာ၊ စွန့်၍။ ရာဂဉ္စ၊ တပ်ခြင်းသဘောရှိသောရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ အမျက်ထွက်ခြင်းသဘောရှိသောဒေါသကိုလည်းကောင်း။ ဟိတွာ၊ အရိယမဂ်ဖြင့်ပယ်ဖြတ်၍။ အဝိဇ္ဇဉ္စ၊ အဝိဇ္ဇာတရားတို့၏ရှေ့သွားဖြစ်သောမောဟကိုလည်း။ ဝိရာဇိယ၊ မဂ်ဖြင့်ဖြတ်၍။ သမူလံ၊ အဝိဇ္ဇာတည်းဟူသောဝဋ်မြစ်နှင့်တကွဖြစ်သော။ တဏှံ၊ တပ်ခြင်းတဏှာကို။ အဗ္ဗုယှ၊ နှုတ်၍။ ဥပသန္တာ၊ ကိလေသာငြိမ်းသည်။ နိဗ္ဗုတာ၊ ပရိနိဗ္ဗာန်ပြုရသည်။ အမှိ၊ ဖြစ်၏။ ။
ဧကိကာ၊ တစ်ယောက်တစ်ယောက်စီကုန်သော။ ထေရီယော၊ မထေရ်မတို့သည်။ သမတ္တာ၊ ပြီးကုန်ပြီ။ ။