Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

7. Selātherīgāthā

Author: နိဿယ @ IAPT

(၃၅) သေလေ၊ သေလာ။ လောကေ၊ ‌လောက၌။ နိဿရဏံ၊ ဝဋ်ဆင်းရဲမှထွက်မြောက်ရာဖြစ်သောနိဗ္ဗာန်သည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထိုကြောင့်။ ဝိဝေကေန၊ ကိုယ်၏ဆိတ်ငြိမ်ခြင်းဖြင့်။ တွံ၊ သင်သည်။ ကိံကာဟသိ၊ အဘယ်သို့ပြုလတ္တံ့နည်း။ ကာမရတိယော၊ ဝတ္ထုကာမကိလေသာကာမကိုမှီသောမွေ့လျော်ခြင်းတို့ကို။ ဘုဉ္ဇာဟိ၊ ခံစားဦးလော။ ပစ္ဆာနုတာပိနီ၊ နှလုံးမသာသည်။ မာအဟု၊ မဖြစ်စေလင့်။ ဣတိ၊ ဤသို့။ မာရော၊ မာရ်နတ်သားသည်။ အဘာသိ၊ ဆို၏။ ။
ပါပိမ၊ ယုတ်မာသောမာရ်နတ်သား။ ကာမာ၊ ကာမဂုဏ်တို့သည်။ သတ္တိသူလူပမာ၊ လှံသွားဥပမာရှိကုန်၏။ ခန္ဓာနံ၊ ဥပါဒါနက္ခန္ဓာတို့၏။ အဓိကုဋ္ဋနာ၊ တည်ရာဖြစ်ကုန်၏။ တွံ၊ သင်သည်။ ယံကာမရတိံ၊ အကြင်ကာမဂုဏ်၌မွေ့လျော်ခြင်းကို။ ဗြူသိ၊ ဆို၏။ သာ၊ ထိုကာမဂုဏ်၌မွေ့လျော်ခြင်းသည်။ ဒါနိ၊ ယခုအခါ၌။ မံမမ၊ ငါအား။ အရတိ၊ ‌‌မမွေ့လျော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ။
မယှံ၊ ငါသည်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအာရုံတို့၌။ နန္ဒီ၊ နှစ်သက်ခြင်းတဏှာကို။ ဝိဟတာ၊ ဖျောက်အပ်ပြီ။ တမောခန္ဓော၊ မောဟအစုကို။ ပဒါလိတော၊ ဖေါက်ခွဲအပ်၏။ ပါပိမ၊ မာရ်နတ်ယုတ်။ ဧဝံ၊ ဤသို့တဏှာအဝိဇ္ဇာကိုပယ်သောသူဟူ၍။ မံ၊ ငါကို။ ဇာနာဟိ၊ သိလော။ အန္တက၊ ဟဲ့မာရ်ယုတ်။ တွံ၊ သင်မာရ်ယုတ်သည်။ နိဟတော၊ ငါမှရှုံးခြင်းသို့ရောက်သည်။ အသိ၊ ဖြစ်၏။ ။
သေလာ၊ သေလာမည်သောထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ ။