ပတိရူပကထာဝဏ္ဏနာ နိဋ္ဌိတာ၊
၁။ ရာဂမေဝ ဂဏှာတိ။ ။ မေတ္တာ စသည်ကို ဥပမာပြု၍ ရိုးရာ ရာဂလည်း မဟုတ်ပဲ ရာဂအတု ရှိသေး၏ ယူရာ၌ ထိုအတု ဟူသည် မေတ္တာ စသည်ကို ကြဉ်ဖယ် လိုက်လျှင် ရာဂပင် ဖြစ်၏။ ထို့ ကြောင့် "ရာဂမေဝ ဂဏှာတိ”ဟု ဋီကာ၌ ကောက်ချက် ချသည်။
အနုဋိကာ။ ။အညစိတ္တဿ (မေတ္တာ စသည်နှင့် ယှဉ်သောစိတ်မှတပါး အခြား စိတ်တမျိုး၏) သိနိယနာကာရော (ချစ်ခြင်း အခြင်းအရာသည်)ရာဂဿေဝ ပဝတ္တိ အာကာရောတိ - အတ္တော၊ တေနေဝါဟရာဂမေဝ ဂဏှာတီတိ၊ ဇဝံ ဒေါသေပီတိ ဧတ္ထ ဣဿာဒယော ဝိယ န ဒေါသော၊ ဒေါသပဋိရူပကော ကောစိ အတ္ထီတိ ဒေါသမေဝ ဂဏှာတီတိ ယောဓဇတဗ္ဗံ။
ဟိ (ယသ္မာ)၊ ကြောင့်။
စက္ခာယတနာဒီနိ၊ စက္ခာယတန အစရှိသော တရားတို့သည်။
အနုပါဒိန္နာနိ၊ ဒုက္ခသစ္စာတွင် မပါဝင်သည့် အနုပါဒိန္န တရားတို့သည်၎င်း။
လောကုတ္တရာနိဝါ၊ မဂ္ဂသစ္စာ, နိရောဓသစ္စာဖြစ်သော လောကုတ္တရာတရားတို့သည်၎င်း။
န ဟောန္တိ၊ ကုန်။
(တသ္မာ န ဝတ္တဗ္ဗံ သိယာ)၊
၁။ ဧဝံ သတိ။ပေ။ န ဝတ္တဗ္ဗံ သိယာ။ ။ "ဒုက္ခညေဝ" အရ ဒုက္ခသစ္စာ တရပ်လုံးကို ယူ၍ “ပရိနိပ္ဖန္နလော”ဟု မေးရာဝယ် “အာမန္တာ”ဟု ဝန်ခံပြီးဖြစ်သော ပရဝါဒီကို "စက္ခာယတနံ ပရိနိပ္ဖန္နံ-လော”ဟု စသော ပြဿနာကို မမေးထိုက်။ ဘာ့ကြောင့်နည်း– စက္ခာယတနသည် "ဒုက္ခညေ၀”အရ၌ ပါဝင်ပြီးဖြစ်၍ "ပရိနိပ္ဖန္န ” ဟု ဝန်ခံပြီးဖြစ်သည့်အတွက် ဒုက္ခသစ္စာတွင် ပါဝင်သော စက္ခာယတနကို "အပရိ နိပ္ဖနလော”ဟု မေးခွင့် မရှိသောကြောင့်၎င်း၊ ပရဝါဒီကလည်း "အာမန္တာ”ဟု ဝန်ခံသည့်အတွက် ရှေ့နောက် ဆန့်ကျင်သောကြောင့်၎င်းတည်း။
မှတ်ချက်။ ။ဤသို့ ရှေ့နောက် ဆန့်ကျပါလျက် ဆိုခြင်းကို အဋီကာ၌ ပရဝါဒီ၏ ဝါဒအတွက် ရှေ့နောက်နှီးနှော၍ မရခြင်းမှာ ထုံးစံသဘောပင် ဖြစ်၏”ဟု ဆို၍"တထာဟိ သော ဝိညူဟိ ပဋိက္ခိတ္တော၊တထာ စေဝ တံ အမှေဟိ တတ္ထ တတ္ထ ဝိဘာဝိတံ”ဟု မိန့်သည်။
၂။ န ဟိ ။ ပေ ။ လောကုတ္တရာနိ ဝါ။ ။ဤစကားဖြင့် စက္ခာယတန၏ ဒုက္ခသစ္စာတွင် ပါဝင်ကြောင်းကို ခိုင်မြဲစေသည်။ စက္ခာယတနာဒီနိ၌ အာဒိဖြင့် ပါဠိ တော်၌လာသော သောတာယတန စသည်တို့ကို ယူပါ။ ထို စက္ခာယတန အစရှိသည် တို့သည် အနုပါဒိန္န(အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်သော တရားများ) မဟုတ်ကြ၊ ဥပါဒိန္န ကမ္မဇရုပ် တရားများ ဖြစ်ကြ၏။ [ဥပါဒိန္နတရားတို့သည်သာ တဏှာကြောင့် ဖြစ်ရသော ဒုက္ခသစ္စာ အစစ်တည်း။ ဥပါဒိန္န မဟုတ်သော အနူပါဒိန္နတရားတို့ကား"ယဒနိစ္စံ တံ ဒုက္ခံ" အရ ဒုက္ခသစ္စာတွင် ပရိယာယ်အားဖြင့် ပါဝင်ကြသည်။] ထို့ကြောင့် စက္ခာယတန စသောတရားတို့သည် စင်စစ်အားဖြင့် ဒုက္ခသစ္စာတွင် ပါဝင်ကြသည်။ ထို စက္ခာယတန စသော တရားတို့သည် န လောကုတ္တရာနိ ဝါ-လောကုတ္တရာတရားများလည်း မဟုတ်ကြ။ ထို့ကြောင့် မဂ္ဂသစ္စာ နိရောဓသစ္စာတို့၌ မပါဝင်ကြ၊ ဒုက္ခသစ္စာ၌သာ ပါဝင်ကြသည် ဟူလို။ [န ဟိ အပါဒိန္နာနီတိ ဣမိနာ စက္ခာယတနံဒီနံ သမုဒယသစ္စေန သင်္ဂဟာ ဘာဝမာဟ (သမုဒယသစ္စာဖြင့် သိမ်းယူမှု၏ မရှိခြင်းကို ဆိုသည်။) န လောကုတ္တရာ နီတိ ဣမိနာ နိရောဓမဂ္ဂသစ္စေဟိ (သင်္ဂဟာဘာဝမာဟ။)-အနု။]
**၁။ တန္တိ။ ပေ။ ဧတံ**။ ။အဋ္ဌကထာ၌ တံ-ဟုသာ ရှိ၏။ ထိုတံ-ကို "ဒုက္ခညေဝ ပရိနိပ္ဖန္နံ၊ နပန ရူပန္တိ ဧတံ" ဟုဋီကာဆရာက သရုပ်ဖော်သည်။ ထိုသို့သရုပ်ဖော်ရာ၌ ပါဠိတော်ဝယ် "ရူပံ အပရိနိပ္ဖန္နံ၊ ဒုက္ခညေဝ ပရိနိပ္ဖန္နံ"ဟူသော ပါဠိတော်ကို ယူထားသော်လည်း "ရူပံ အပရိနိပ္ဖန္နံ"ကို ချုံး၍ "န ပန ရူပံ"ဟု သရုပ်ဖော်သည်။[အနုဋီကာ၌ကား ဧတံ-ဖြင့် အဋ္ဌကထာရှိတိုင်း ထို၂-ဝါကျကို ခွဲဖို့ရန် ပြသည်။]