ဝဏ္ဏနိဘာ၊ အဆင်းအရောင်ကို၎င်း။ သဏ္ဌာနဉ္စ၊ အရှည်အတို အစရှိသော ပုံသဏ္ဌာန်ကို၎င်း။ ဝဏ္ဏောတိ၊ ဝဏ္ဏောဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိ၊ ထို့ကြောင့်။ သဒိသရူပသဏ္ဌာနာတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊
[ဝဏ္ဏာဧဝ နီလာဒိသေန နိဘာတီတိ ဝဏ္ဏနိဘာ။ ဝဏ္ဏာယတနန္တိ အတ္ထော။ သဏ္ဌာနံ ဒိဃာဒိ။ အနု။]
**၁။ အာကာသေန ။ပေ။ ဣဒ္ဓိမာ ပိယ**။ ။ယခုစာအုပ်တို့၌ ပထဝန္တရဌာနာနိ ဟု တွေ့ရ၏။ အနဋီကာ၌ ထိုပါဌ်ကို မဖွင့်။ အန္တရဋ္ဌာနာနီတိ အန္တရိကဌာနာနိ၊ အခြား အကွယ်ရှိသောအရပ်တို့ကို”ဟု၎င်း။ နိုဝါရကဋ္ဌာနာနိ ဘိန္ဒိတွာ စ အာကာသေန စ ဂမနတော”ဟု၎င်း ဖွင့်၏။ ထိုအလို “အာကာသေန”ဟူသော ပုဒ်သည် ဘိဒ္ဓိတွာ၏ နောက်မှ ရှိသင့်၏။ သို့သော် ယခုပါဌ်ရှိအတိုင်း ပေးပါမည်။ “ပထဝန္တရဋ္ဌာနာနိ”ကို ရှေးပါဌ်ဟောင်းဟု ယူလိုလျှင် "မြေကြီးသည် ခြားကွယ် အပ်သော အရပ်တို့ကို”ဟု ပေးပါ။၅၀၇။ ကာမဘဝါဒီသု၊ ကာမဘဝ အစရှိသည်တို့တွင်။ တတ္ထ တတ္ထေဝ၊ ထိုထို ဘဝ, ထိုထို ဂတိ အစရှိသည်တို့၌။ ပုနပ္ပုနံ၊ ထပ်ခါ ထပ်ခါ။ စဝိတွာ၊ စုတေ၍။ ဥပပတ္တိဝသေန၊ ပဋိသန္ဓေနေခြင်း၏ အစွမ်းအားဖြင့်။ စုတိပဋိသန္ဓိပရမ္ပရာ၊ စုတိ ပဋိသန္ဓေ အဆက်ဆက်သည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဧဝံ၊ ဤအတူ။ တံ၊ ထိုစုတိပဋိသန္ဓေ အဆက်ဆက်ကို။ တတ္ထ၊ ထိုအန္တရာဘဝ၌။ န ဣစ္ဆတိ၊ အလိုမရှိ။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊ ပြ၏။
[ဤ ဝါကျ၌ ဒဿေတိ၏ ကရိုဏ်းမပါ။ ထို့ကြောင့် "ယထာ ကာမဘဝါဒီသူတိ"ဟု ရှိလျှင် ကောင်း၏။ "ယထာ ကာမဘဝါဒီသု အစရှိသော ပါဌ်ဖြင့်"ဟု ကရိုဏ်းအနက်ပေးရသောကြောင့် ဒဿေတိ၏ ကရိုဏ်းရနိုင်၏။]
**၁။ အန္တရာဘဝံ ခန္ဓာတိ**။ ။စာအုပ်တို့၌ "အန္တရာဘဝံ ခန္ဓာတိ"ဟုရှိသော်လည်း အနူဋီကာ၌ "ခန္ဓာတိ"၏အစပ်ကို မဖွင့်။ ဇာတီတိ နဣစ္ဆတီတိသမ္ဗန္ဓော"ဟုဇာတီတိ၏အစပ်ကိုသာ ဖွင့်၏။ အန္တရာဘဝအတွက် ဇာတိကိုသော်မှအလိုမရှိလျှင် ခန္ဓာရှိခြင်းကို အဘယ်မှာ အလိုရှိတော့အံ့နည်း။ ထို့ကြောင့် ခန္ဓာတိသည်ပါဌ်ပိုသာ ဖြစ်ဟန်တူ၏။ ထို့ကြောင့် အနက်မပေးတော့။ ရှေးနိဿယ၌ကား"ခန္ဓာဒီ-ခန္ဓာအစရှိသည်တို့သည်"ဟုပေးလေ၏။
ဒဿိတော၊ ပြတော်မူအပ်ပြီ။
ကမနဋ္ဌေန၊ လိုလားတောင့်တတတ်သည်၏ အဖြစ်ကြောင့်။
ကာမဘဝဘာဝေါ၊ ကာမဘဝ၏ အဖြစ်ကို။
န (ဒဿိတော)၊ ပြတော်မမူအပ်။ရူပဓာတုကထာယံ၊ ရူပဓာတုကထာ၌။ ရူပဓာတူတိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ ရူပီဓမ္မေဟေဝ၊ ဖောက်ပြန်ခြင်း သဘောရှိသော တရားတို့သည်။ ရူပဓာတုယာ၊ ရူပဓာတ်သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။ ဣတိ၊ ဤသို့။ လဒ္ဓိ၊ ပရဝါဒီ၏ အယူကို။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။
[ထို့ကြောင့် "ရူပိနော ဓမ္မာ ရူပဓာတု"ဟု သကဝါဒီကမေးသောအခါ"အာမန္တာ"ဟု ဝန်ခံသည်။]
ဟန္ဒဟီတိ၊ ဟူသော။ ဧတံ၊ ဤစကားသည်။ ပရဝါဒိဿေဝ၊ ပရဝါဒီ၏သာ။ သမ္ပဋိစ္ဆနဝစနံ၊ ဝန်ခံခြင်း စကားတည်း။
[အနုဋီကာ၌ "သမ္ပဋိစ္ဆာပနဝစနံ၊ ဝန်ခံစေကြောင်း စကားတည်း"ဟုရှိ၏။ နောက်စကားနှင့်လိုက်အောင် ဖွင့်ထားဟန် တူသည်။ ဋီကာဆရာ၏ အလိုမဟုတ်။] ဣတိ၊ ထို့ကြောင့်။ သမ္ပဋိစ္ဆာပေတုန္တိ၊ ဟူ၍။ ဝတ္ထုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ပန၊ အနွယကား။ ကတမဿ ကမ္မဿ ဟေတူတိ၊ ဟူ၍။ သကဝါဒီ၊ သကဝါဒီသည်။ တံ၊ ထိုပရဝါဒီကို။ သမ္ပဋိစ္ဆာပေတုံ၊ ဝန်ခံစေခြင်းငှာ။ ဝဒတိ၊ ဆို၏။ ဣတိ၊ ဤအနက်သည်။ ယုဇ္ဇေယျ၊ သင့်ရာ၏။ ပန၊ စင်စစ်ကား။ သမ္ပဋိစ္ဆာပေတုန္တိ၊ ဟူသောပုဒ်၏။ (အတ္ထံ အတ္ထော၊ တို့၌စပ်။) ပက္ခံ၊ ရဟန္တာပုဂ္ဂိုလ်သည် ရဟန္တာကို စွပ်စွဲခဲ့ဘူး၍ အရဟတ္တဖိုလ်မှ ယုတ်လျော့၏ ဟူသော အနက်အဖို့ကို။ ပဋိဇာနာပေတုံ၊ ဝန်ခံစေခြင်းငှာ။ ဣတိ၊ ဤသို့။ အတ္ထံ၊ အနက်ကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ ပရဝါဒိ၊ ပရဝါဒီပုဂ္ဂိုလ်သည်။ အတ္တနော၊ မိမိ၏။ လဒ္ဓိံ၊ အယူကို။ သကဝါဒိံ၊ သကဝါဒီကို။ ဂါဟာပေတုံ၊ ယူစေခြင်းငှာ။ (ဝဒတိ၊ ဆို၏၌စပ်။) ဣတိ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။
အဋ္ဌမဝဂ္ဂဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊
၁။ သမ္ပဋိစ္ဆနဝဒနံ။ ။"ဟန္ဒဟိ"စသော စကားသည် ပရဝါဒီ၏ စကား တည်း။ ထို စကားကိုလည်း "ပရဝါဒီက အကြောင်းပြ၍ မိမိကိုယ်တိုင် ထို အယူကို ဝန်ခံဖို့ရန် ဆိုသောဝကားဖြစ်သည်" ဟု ဋီကာဆရာသည် ယူဆ၏။ ထိုသို့ မိမိ စကားကို မိမိဝန်ခံသော စကား ဖြစ်ရကား “သမ္မဋိစ္ဆာပေတုံ၊ သကဝါဒီကို ဝန်ခံ စေခြင်းငှါ”ဟု ဆိုခြင်းငှါ မတတ်ကောင်း-ဟု ဆိုသည်။
၂။ ကတမဿ ။ ပေ ။ ဝဒတိ။ ။"သမ္မဋိစ္ဆာပေတုံ"အတွက် သကဝါဒီက ပရဝါဒီကို ဝန်ခံစေဖို့ရန်"ကတမဿ ကမ္မဿ ဟေတု”ဟု ပါဠိတော်၌ ဆိုသည်ဟု ဆိုမှ သင့်သည်”ဟု ဋီကာဆရာက အဓိပ္ပါယ်တမျိုး ပြင်သည်။
၃။ လမ္ပဋိစ္ဆာပေတုန္တိ ပန။ ။ ဤ စကားသည် “သမ္ပဋိစ္ဆာပေတုံ” အတွက်"ပဋိဇာနာပေတုံ၊ ဝန်ခံစေခြင်းငှါ”ဟူသော အနက်ကို မယူပဲ “သက္ကဝါဒိံ ဂါဟာပေတုံ"ဟူသော အနက်ကို ယူလျှင် သင့်ကြောင်းကို တနည်းပြသော စကား တည်း။ ယူစေခြင်း ဟူသည်လည်း လက်ခံစေခြင်းတည်း။ [တံ တံ လဒ္ဓိ သမ္ပဋိစ္ဆာပနံ ဝါ ဂါတာပနန္တိ ဒဿေန္တော ပက္ခန္တိအာဒိ မာဟ-အနူ။] ဤနောက်အနက်သည် အာရုံကို လက်ခံသော ဝိတ်ကို "သမ္ပဋိစ္ဆနစိတ်”ဟု သုံးစွဲရိုးနှင့်လည်း လျော်သည်။