သုခါနုပ္ပဒါနကထာယံ၊ ၌။ ယံ ဧဝရူပန္တိ၊ ကား။ နေဝအတ္တနော၊ မိမိဥစ္စာလည်း မဟုတ်သော။ န ပရေသံ၊ သူတပါးတို့၏ ဥစ္စာလည်းမဟုတ်သော။ [မိမိလည်း မဟုတ်, ပေးရာသူလည်း မဟုတ်သူကို "ပရေသံ"ဟုဆိုသည်။] န တဿ၊ ထိုသူ၏ ဥစ္စာလည်း မဟုတ်သော။ ယံ၊ အကြင်သုခသည်။ (အတ္ထိ၊ ၏။) ဧဝရူပံနာမ၊ ဤသို့သဘောရှိသည်မည်သော သုခသည်။ အနုပ္ပဒိန္နံ၊ လျော်စွာပေးအပ်သည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ န အရဟတိ၊ မထိုက်။ (ကသ္မာ၊ နည်း။) အညဿ၊ ထို၃-ပါးမှတပါး, အခြားသော သုခ၏။ (ဘဝိတုံ၊ ဖြစ်ခြင်းငှာ။) အသက္ကုဏေယျတ္တာ၊ မတပ်ကောင်းသည်၏ အဖြစ်ကြောင့်လည်း။
[ဤနိဿယ၌ "အညဿ၊တပါးသောသူ၏။ ဝါ၊အား။ အသက္ကုဏေယျတ္တာ၊ ပေးခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့်တည်း"ဟု ပေးလေ၏။] ဣတိ၊ ကြောင့်။ လဒ္ဓိမတ္တေန၊ မိမိအယူဖြင့်။ (ပရဝါဒီ၊ သည်။) ပဋိဇာနာတိ၊ ဝန်ခံ၏။ ယုတ္တိယာ၊ အသင့်ယုတ္တိအားဖြင့်။ န (ပဋိဇာနာတိ)၊ ဝန်ခံသည် မဟုတ်။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။