၈၉၆။ ဘဝင်္ဂစိတ္တေတိ(ဧတ္ထ)၊ ဟူသောဤပါဌ်၌။ ဘဝင်္ဂပရိယောသာနတ္တာ၊ ဘဝင်၏ အဆုံး၏ အဖြစ်ကြောင့်။ ဝါ၊ ဘဝင်စိတ်တွင် အဆုံး၏ အဖြစ်ကြောင့်။ စုတိစိတ္တံ၊ စုတိစိတ်ကို။ ဘဝင်္ဂစိတ္တန္တိ၊ ဟူ၍။ (သင်္ဂဟကာရော)အာဟ၊ ဆိုပြီ။
[ဘူမိ, ဇာတိ, သမ္ပယုတ္တဓမ္မ, သင်္ခါရ, အာရုံအားဖြင့် အလုံးစုံတူသောကြောင့် စုံတိစိတ်ကိုပင် "ဘဝင်္ဂစိတ္တံ"ဟု ဆိုထားသည်။]
**၁။ အရဟတ္တပတ္တိပိ ဂဗ္ဘေယေဝ**။ ။သတ္တဝသိကာ ဟိ သောပါကသာမဏေ ရာဒယော အရဟတ္တံ ပတ္တာ၊ သတ္တဝဿိကောပိ ဂဗ္ဘော အတ္ထီတိ ပရဝါဒိနော အဓိပ္ပါယော။-အနု။[ ခုနစ်နှစ်အရွယ် သောပါကသာမဏေ စသူတို့ အရဟတ္တဖိုလ် ရောက်ပုံကို မြင်ရ၍၎င်း, အရှင်သီဝလိ၏ အလောင်းဖြစ်သော ကိုယ်ဝန်သူငယ်၏ မယ်တော်ဖြစ်သော သုပ္ပါဝါသာ၏ ဝမ်း၌ ခုနစ်နှစ်ကျော်ကျော် နေခဲ့ရပုံကို၎င်း သတိ ထား၍ ပရဝါဒီသည် အမိဝမ်း၌ပင် အရဟတ္တဖိုလ်သို့ ရောက်နိုင်၏”ဟု အယူရှိသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။
မညတိ၊ ပရဝါဒီ မှတ်ထင်၏။
အာကာသသုပိနံ၊ ကောင်းကင်သို့ သွားရ၏ဟု မြင်မက်သော အိပ်မက်ကို။
ဒိသွာ၊ မြင်ရ၍။
အာကာသဂမနာဒိအဘိညာဝိယ၊ ကောင်းကင်သို့ သွားကြောင်းအစရှိသော အဘိညာဉ်ကိုကဲ့သို့။
ဓမ္မာဘိသမယော၊ သစ္စာ၄-ပါးကို ထိုးထွင်း၍ သိခြင်းသည်၎င်း။
အရဟတ္တပတ္တိစ၊ အရဟတ္တဖိုလ်သို့ ရောက်ခြင်းသည်၎င်း။
အတ္ထိ၊ ၏။
ဣတိ၊ သို့။
မညတိ၊ ပရဝါဒီမှတ်ထင်၏။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။အာသေဝနပစ္စယကထာဝဏ္ဏနာ နိဋ္ဌိတာ၊
၁။ အာကာသသုပိနံ
။အာကာသေန ဂစ္ဆန္တဿ ဝိယ သုပိနံ အာကာသ သုပိနံ၊ တံ အဘိညာနိမိတ္တံ မညတိ (ဈာန်အဘိညာဉ်ကြောင့် ဖြစ်သည်ဟု မှတ်ထင်၏။)
၂။ ယထာ ဗီဇံ ဝါ။ ။ခဏိကတ္တေပိ ဝါ-ရုပ် နာမ် တရားတို့၏ ခဏိက ဖြစ်ပါ သော်လည်း အစေတနေသုပိ အနိန္ဒြိယဗဒ္ဓရူပေသု(မျိုးစေ့ကဲ့သို့ ဣန္ဒြိယဗဒ္ဓ မဟုတ်သော ရုပ်တို့၌သော်မှလည်း) ဘာဝနာဝိသေသော (မိမိသတ္တိကို ထုံမွှမ်းခြင်း ဟူသော သတ္တိ အထူးကို) လဗ္ဘတိ (ရအပ် ရနိုင်တုံသေး၏) ကိမင်္ံ ပန သစေတနေသု (စေတနာနှင့် တကွဖြစ်သော ဇောတို့၌ အဘယ်မှာ မရနိုင်ဟု ဆိုဖွယ်ရှိအံ့နည်း။) ဣတိ ဒဿေတုံ ယထာ ဗီဇံ စတုမဓုရဘာဝံ န ဂဏှာတီတိ နိဒဿနံ ဒဠဗ္ဗံ။ ဤသို့ စာအုပ်တို့၌ န-သဒ္ဓါပါနေသော်လည်း ဋီကာဖွင့်ပုံမှာ န-သဒ္ဒါ မပါသကဲ့သို့ ထင်၏။ ဘာ့ကြောင့် နည်း မျိုးစေ့သည် မိမိ၏ ချို-သော သတ္တိကို ပင်စည်မှစ၍ အသီးတိုင်အောင် ထုံစေနိုင် သာကြောင့်တည်း။
ဟိ၊ မှန်။ ယေဟိ၊ အကြင် အနန္တရာဒိပစ္စည်းတို့ဖြင့်။ အရူပသန္တတိယာဝိယ၊ နာမ်တရားတို့၏ အစဉ်ကဲ့သို့။ ရူပသန္တတိယာ၊ ရုပ်တရားအစဉ်၏။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ရူပါနံ၊ ရုပ်တို့၏။ ဝါ၊ ရုပ်တို့မှ။ (တေ)အနန္တရာဒိပစ္စယာ၊ ထိုအနန္တရ အစရှိသော ပစ္စည်းတို့သည်။ [အာဒိဖြင့် သမနန္တရ, အနန္တရူပနိဿယ စသည်ကို ယူ။] နသန္တိ၊ မရှိကုန်။ ဣတိ၊ ထို့ကြောင့်။ စိတ္တေစိတ္တေ၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌။ မဟာပထဝီ၊ မဟာပထဝီရုပ်သည်။ သဏ္ဌာတိ၊ တည်သလော။ ဣတိအာဒိ၊ ဤသို့အစရှိသော စကားကို။ စောဒိတံ၊ စောဒနာအပ်ပြီ။
[ပါဠိတော်၌ "စိတ္တေမဟာပထဝီ သဏ္ဌာတိ"ဟု စိတ္တေ တပုဒ်သာ ရှိသော်လည်း ဝိစ္ဆာလောပကြံ၍ စိတ္တေ စိတ္တေဟ ဖွင့်ဟန် တူသည်။ အနုဋီကာ၌လည်း "စိတ္တက္ခဏေ စိတ္တက္ခဏေပထဝီအာဒိနံ ဥပ္ပါဒနိရောဓေဟိ ဘဝိဘဗ္ဗန္တိ"ဟုဝိစ္ဆာဖြင့် ဖွင့်သည်။]
**၁။ ဧဝံ ပတိဋ္ဌာနံ**။ ။ ခန္ဓာကိုယ်ကို သတိထားကြည့်ပါ။ ကမ္မဇကလာပ်စသော ရုပ်တို့၏ အစဉ်သည် တချို့က စိတ်၏ ဥပါဒ်၌ဖြစ်၍ တချို့က စိတ်၏ ဌီခဏ, ဘင်ခဏ တို့၌ ဖြစ်ကြ၏။ ဤသို့ အဖြစ်မတူသော ရုပ်တို့သည် အချုပ်လည်း မတူနိုင်ကြ။ တချို့ ရုပ်များ၏ ချုပ်ဆဲခဏ၌ တချို့ရုပ်တွေက ဥပါဒ်ဆဲဖြစ်၍ တချို့ရုပ်များက ခဏငယ် ၄၉-ချက်ခန့် တည်တံ့၍ နေကြသည်။ ထို့ကြောင့် ရုပ်အထည်ကိုယ်ကြီးသည် စိတ်များ ကဲ့သို့ ပြတ်၍ ပြတ်၍ မသွားပဲ တည်လျက် တည်လျက် ရှိသည်ကို တွေ့ရပေသည်။ ထို့ကြောင့် “ဧဝံ ပတိဋ္ဌာနံ ရူပသန္တိတိယာ”ဟု ဆိုသည်။