**၁။နေယျတ္ထံ**။ ။ဒုက္ခဝေဒနာသည် ဌီအခိုက်ဝယ် ဒုက္ခဖြစ်၏။ သုခ, ဥပေက္ခာ ဝေဒနာတို့သည် ဖောက်ပြန်သောအခါ ပျက်သောအခါတို့၌ ဝိပရိဏာမဒုက္ခ ဖြစ်ကြ၏။ ဤသို့ ဆောင်ပြအပ်သော အနက်အဓိပ္ပါယ်ရှိသောကြောင့် နေယျတ္ထဖြစ်သော သုတ်တည်း။ [ဝိပရိဏာမဒုက္ခတာဒိဝသေန နိဒွါရေတဗ္ဗတ္ထတ္တာ (ထုတ်ဆောင်ထိုက်သော အနက်အဓိပ္ပါယ်ရှိသည်၏ အဖြစ်ကြောင့်) နေယျတ္ထံ။ အနူ။] ဝိပရိဏာမာဒိ၌ အာဒိဖြင့် သင်္ခါရဒုက္ခ (အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသော ဒုက္ခ)ကို၎င်း ဒုက္ခ ဝေဒနာအတွက် ဒုက္ခ ဒုက္ခကို၎င်း ယူပါ။**သုညတာဒိ အတ္ထံ**။ ။သုည+တာ-အတ္တမှ ကင်းဆိတ်သည်၏အဖြစ်။ ဝါ အနတ္တ၊ အာဒိဖြင့် “အနိစ္စတာဒိံ သင်္ဂဏှာတိ”ဟု အနူဖွင့်၏။ ဤ အာဒိဖြင့် “ဒုက္ခတာ”ကို ယူပါ။ “အတ္ထိ ဧကစ္စော ပုဂ္ဂလော-အချို့ပုဂ္ဂိုလ်ရှိ၏”ဟူသော သဒ္ဒါ၏ အရိပ်အရောင်ဖြင့် “ပုဂ္ဂိုလ်ရှိသည်, သတ္တဝါရှိသည် အတ္တရှိသည်”ဟု ယူဆ၍ အနတ္တ, အနိစ္စ စသော သဏှသုခုမအနက်ကို ဖျက်ကြလေသည်။
အဝိဝါဒါနိ၊ ဝိဝါဒ မရှိကုန်သော။
ဆပ္ပကရဏာနိ၊ အဘိဓမ္မာ ၆-ကျမ်းတို့သည်။
ပဌိတဗ္ဗာနိ၊ ရွတ်ဆိုထိုက်ကုန်သည်။
သိယုံ၊ ဖြစ်ကုန်၏။
တာနိ၊ ထိုအဘိဓမ္မာ ၆-ကျမ်းတို့သည်။
န ပဝတ္တန္တိ၊ အဓမ္မဝါဒီတို့၏ နှုတ်၌မဖြစ်ကုန်။
ဣတိ၊ ဤအနက်ကို။
ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှါ။
ဆပ္ပကရဏန္တိ၊ ဟူ၍။
(ဒီပဝံသေ၊ ၌။)
ဝုတ္တံ၊ ပြီ။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ဝါ၊ တနည်း။ထေရော၊ အရှင် မဟာကဿပ အစရှိသောထေရ်တို့၏ရှိသောထေရ်တို့၏ဝါဒသည်။ ဝါဒါနံ၊ ဝါဒတို့တွင်။ ဥတ္တမော၊ အမြတ်ဆုံးတည်း။ ဣတိအယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤ"ထေရဝါဒနမုတ္တမော"ဟူသောပါဌ်၌။ အတ္ထော၊ တည်း။
**၁။သင်္ကန္တိ ။ပေ။ အတ္ထော**။ ။သင်္ကန္တိကဂိုဏ်းဟူသည် မိမိအလျင်ကွဲပြားပြီးသော ကဿပိကဂိုဏ်းမှ ကွဲလာသော ဂိုဏ်းတည်း။ ထို့ကြောင့် “ကဿပိတေန နိကာယေန ဝါဒေန ဝါ ဘိန္နာ"ဟု ဖွင့်သည်။ ဤ အဖွင့်အတိုင်း “ကဿပိကေန ဘိန္နာ”ဟု “ဘိန္နာ”ပုဒ်ကို ထည့်၍ သင်္ကန္တိ၏ ဝိသေသနအဖြစ်ဖြင့် စပ်ပါ။ “သင်္ကန္တိ” ဟု ဆိုသော်လည်း ဂါထာဖြစ်၍ က-အက္ခရာ မပါပဲ ဆိုထားသည်။ ဂိုဏ်း၏နာမည်မှာ “သင်္ကန္တိက"ဂိုဏ်းတည်း။ ထို့ကြောင့် သင်္ကန္တိကာတိ အတ္ထော”ဟု အဓိပ္ပါယတ္ထ ဖွင့်သည်။ ဤ အဓိပ္ပါယ်များနှင့် အညီ “သင်္ကန္တိနှင့် ကဿပိကေန”ကို တပုဒ်စီခွဲ၍"ဘိန္နာ"နောက်၌ ပိုဒ်ခတ်ပါ။
**၁။ ပရပ္ပဝါဒ, အာယတိလက္ခဏ**။ ။ တတိယ သင်္ဂါယနာ တင်ရာအခါ၌ဖြစ်ပြီးဖြစ်သောကြောင့် "ပရပ္ပဝါဒ"အရ "ဥပ္ပန္နေ ဝါဒေ"ဟုဖွင့်သည်။ ထို"ပရပ္ပဝါဒ"ကိုနှိမ်နင်းကြောင်းဖြစ်သောဤကထာဝတ္ထုကျမ်းသည် တတိယသံဂါယနာတင်ပြီးရာ ကာလမှစ၍ သာသနာတော်ကွယ်သည့်တိုင်အောင် ပရပ္ပဝါဒဖြစ်လာခဲ့သော် နှိုမ်နင်းကြောင်း အမှတ်အသားဖြစ်သောကြောင့် "အာယတိလက္ခဏ"ဟု ဆိုသည်။